အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
အခန်း (၁၂၃) အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ခြေမွှဖျက်ဆီးပစ်ခြင်း... မင်းတို့ကို မျက်နှာသာ အရမ်းပေးထားမိတယ်
လူတိုင်း၏ မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားကြပြီး သူတို့၏ မျက်လုံးအကြည့်များသည် ဟင်းလင်းပြင်၏ အထက်ရှိ ပုံရိပ် ဆယ့်ရှစ်ခုထံသို့ ထိတ်လန့်တုန်လှုပ်စွာ ရောက်ရှိသွားကြ၏။
ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျင့်ကြံသူများကို သူတို့၏ ကောင်းကင်ဘုံတာအိုနယ်မြေ တွင် အားအကောင်းဆုံး တည်ရှိမှုအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။
သို့သော် ယခုအချိန်၌ နတ်ဘုရားသားတော် ခုံးဝူတောက်နှင့်တခြားသူများကို တိတ်တဆိတ် ကာကွယ်ပေးရန် တာဝန်ယူထားသော ဤအဆင့်ရှိ ကျွမ်းကျင်သူဆယ့်ရှစ်ဦး အမှန်တကယ် ရှိနေခဲ့သည်။
အလွန် ဝေးကွာသော နေရာမှပင်...
ထိုလူဆယ့်ရှစ်ယောက်ထဲမှ မည်သူတစ်ဦးတစ်ယောက်ထံမှမဆို ထွက်ပေါ်လာသော အရှိန်အဝါသည် သူတို့၏ နားလည်နိုင်စွမ်းထက် များစွာ သာလွန်နေခဲ့သည်။
သူတို့ တစ်ယောက်ချင်းစီသည် လူတစ်ရာကို တိုက်ခိုက်နိုင်စွမ်း ရှိသည့်အလားပင်။
သတိပြန်ဝင်လာသော သူတစ်ယောက်သည် အံ့အားတသင့် ရေရွတ်လိုက်၏။
"ငါ မှတ်မိတာ မမှားဘူးဆိုရင် ကောင်းကင်ဘုံ တာအိုနယ်မြေ ရဲ့ အထူးဥပဒေသ ကန့်သတ်ချက်တွေ အရ...အင်အားစုတစ်စုချင်းစီက နတ်ဘုရားဘုရင် ဆယ်ယောက် ဒါမှမဟုတ် ခြေလှမ်းတစ်ဝက် သူတော်စင်ဆယ်ယောက်ကိုပဲ ဒီနေရာကို ဆင်းသက်လာဖို့ အများဆုံး စေလွှတ်နိုင်တာလေ..."
"အချိန်လေဟာနယ် တားမြစ်နယ်မြေ က ဘာလို့ ဒီကန့်သတ်ချက်ကို ကျော်လွန်ပြီး တာအိုအစောင့်အရှောက် ဆယ့်ရှစ်ယောက်ကို တိုက်ရိုက် စေလွှတ်ခဲ့တာလဲ..."
ကောင်းကင်ဘုံ တာအိုနယ်မြေသည် ပြင်ပကမ္ဘာသို့ လမ်းဖွင့်ထားသော်လည်း တခြားတာအိုနယ်မြေများမှ ကျင့်ကြံသူ အများအပြား ဤနေရာသို့ ဆင်းသက်လာပြီး လောကအပေါ် ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်စေမည်ကို ရှောင်ရှားရန်....
ဤနေရာရှိ မဟာတာအို ဥပဒေသသည် ထိုကဲ့သို့ အထူးကန့်သတ်ချက်အခြေအနေများကို ချမှတ်ထားခဲ့သည်။
အချိန်လေဟာနယ် တားမြစ်နယ်မြေသည် မည်သည့်အတွက်ကြောင့် ဤအရာကို လုံးလုံးလျားလျား လျစ်လျူရှုနိုင်ရသနည်း။
ဤအထူးကန့်သတ်ချက် အခြေအနေများသည် အချိန်လေဟာနယ် တားမြစ်နယ်မြေအပေါ် အကျိုးသက်ရောက်မှု မရှိသလော...
နတ်ဘုရားသားတော် ခုံးဝူတောက်၏နောက်တွင် တာအိုအစောင့်အရှောက် ဆယ့်ရှစ်ယောက် ဆင်းသက်လာသည်ကို မြင်လိုက်ရသောအခါ ရွှေကျီးကန်းနတ်ဘုရားတောင်မှ တာအိုအစောင့်အရှောက် ခုနစ်ယောက်၏ မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားကြ၏။
အထူးသဖြင့် အစောပိုင်းက ဦးဆောင်လာသော တာအိုအစောင့်အရှောက်ဖြစ်ပြီး ကြီးမားသော အေးစက်သည့် ချွေးပေါက်များ သူ၏နဖူးမှ စိမ့်ထွက်လာခဲ့သည်။
သူက အတင်းအကြပ်အားယူ၍ ပြုံးပြလိုက်သည်။
"နတ်ဘုရားသားတော် ဝူတောက်... အရင်က ငါတို့ အရမ်းရိုင်းစိုင်းခဲ့မိပါတယ်..တကယ်လို့ နတ်ဘုရားသားတော် ဝူတောက်က ငါတို့ရဲ့ လျော်ကြေးကို မကျေနပ်ဘူးဆိုရင် ငါတို့ ထပ်ပြီးပေါင်းထည့်ပေးလို့ ရပါတယ်..."
ရွှေကျီးကန်းနတ်ဘုရားတောင်မှ လူများသည် အေးစက်သော ချောက်ကမ်းပါးတစ်ခုထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့သည် ကြောက်ရွံ့မှုများဖြင့် လုံးလုံးလျားလျား လွှမ်းခြုံခံလိုက်ရကာ အသနားခံရန် သူတို့ကိုယ်သူတို့ အလျင်အမြန် ထပ်မံ၍ နှိမ့်ချလိုက်ကြ၏။
သို့သော် နတ်ဘုရားသားတော် ခုံးဝူတောက် သည် လုံးဝစိတ်မဝင်စားဘဲ အေးစက်တင်းမာစွာ အမိန့်ပေးလိုက်၏။
"သူတို့ကို သတ်လိုက်..."
ဝုန်း...
ရုတ်ချည်းဆိုသလိုပင် နတ်ဘုရားသားတော် ခုံးဝူတောက်၏နောက်ရှိ တာအိုအစောင့်အရှောက် ဆယ့်ရှစ်ယောက်သည် သူတို့၏ အရှိန်အဝါများကို ပေါက်ကွဲထွက်လာစေပြီး တိုက်ခိုက်လိုက်ကြသည်။
မိုးကောင်းကင်ကို ဖုံးကွယ်သွားစေမည့် ဧရာမ လက်ဝါးပုံရိပ်ယောင်ကြီးသည် ကျဆင်းလာသော ကြယ်ပျံတစ်စင်းအလား တန်ချိန်သန်းရာနှင့်ချီသော ဖျက်ဆီးခြင်းစွမ်းအားများကို သယ်ဆောင်လာခဲ့သည်။
"သေစမ်း... အတူတူ တိုက်ကြ..."
နတ်ဘုရားသားတော် ခုံးဝူတောက်သည် သူတို့ကို သတ်ရန် ဆုံးဖြတ်ထားကြောင်း ရွှေကျီးကန်းနတ်ဘုရားတောင်မှ တာအိုအစောင့်အရှောက် ခုနစ်ယောက်လုံး သိလိုက်ကြသည်။
သူတို့သည် နောက်ဆုတ်နေခြင်းကို ချက်ချင်း ရပ်တန့်လိုက်ပြီး တန်ပြန်တိုက်ခိုက်ရန် သူတို့၏ နတ်ဆိုးစွမ်းအားများကို အပြည့်အဝထုတ်လွှတ်လိုက်ကြတော့သည်။
ဝုန်း...
နောက်တခဏတွင် ဆူပွက်ပြီး လျှံကျနေသော ဥပဒေသမြစ်နှင့် ကြောက်မက်ဖွယ်ကောင်းသော မီးမုန်တိုင်းကြီးတို့ ရုတ်တရက် တိုက်မိသွားလေ၏။
ကြမ်းတမ်းသော စွမ်းအင်လှိုင်းလုံးများသည် အဆက်မပြတ် ပျံ့နှံ့သွားပြီး ဟင်းလင်းပြင်နယ်ပယ်၏ ကျယ်ပြန့်သော ဧရိယာများသည် ဗလာဟင်းလင်းအဖြစ်သို့ ပြိုကျပျက်စီးသွားတော့သည်။
"နတ်ဘုရားသားတော် ယန်ရန်... ဒီနေရာကနေ မြန်မြန် ထွက်သွားကြရအောင်..."
ရွှေကျီးကန်းနတ်ဘုရားတောင်မှ လူငယ်ပါရမီရှင်များသည် ပြင်းထန်စွာ ဒဏ်ရာရနေသော နတ်ဘုရားသားတော်ယန်ရန်ကို ချက်ချင်းထူမပေးလိုက်ပြီး ဖရိုဖရဲအခြေအနေကြားမှ ထွက်ခွာသွားရန် ပြင်ဆင်လိုက်၏။
"နှုတ်တောင် မဆက်ဘဲ ထွက်သွားမလို့လား..."
ဤအချိန်အခိုက်အတန့်တွင် နတ်ဘုရားသားတော် ခုံးဝူတောက် ၏ အေးစက်ပြီး ကျီစယ်နောက်ပြောင်လိုသော အသံသည် လူတိုင်း၏ နားထဲတွင် သရဲတစ္ဆေတစ်ကောင်ကဲ့သို့ ပဲ့တင်ထပ်သွားတော့သည်။
"မင်းတို့ကို ငါ လိုက်ပို့ပေးရမလား..."
ဝုန်း...
ရွှေကျီးကန်းနတ်ဘုရားတောင်မှ ပါရမီရှင်ကို တုံ့ပြန်ရန် အချိန်ပင် မပေးလိုက်ဘဲ..
နတ်ဘုရားသားတော် ခုံးဝူတောက်သည် သူ၏ လက်ကို မြှောက်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေပြီ။
အရာအားလုံးကို မှောက်လှန်ပစ်နိုင်စွမ်းရှိသော ဥပဒေသလှိုင်းလုံးကြီးက အနောက်သို့ ပြေးဝင်လာခဲ့သည်။
ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပထမဆုံး ခံစားလိုက်ရသည့် ရွှေကျီးကန်းနတ်ဘုရားတောင်မှ ပါရမီရှင်သည် ချက်ချင်းပင် အမှုန်အမွှားများအဖြစ် ခြေမွှဖျက်ဆီးခြင်း ခံလိုက်ရသည်။
တခြားသူများမှာ စုတ်ပြဲနေသော အဝတ်စများအလား အနောက်သို့ လွင့်ထွက်သွားကြသည်။
"အနိုင်ကျင့်လွန်းအားကြီးတယ်..."
"ခုံးဝူတောက်... ငါ မင်းနဲ့ သူသေကိုယ်သေ တိုက်ခိုက်မယ်..."
ရွှေကျီးကန်းနတ်ဘုရားတောင်မှ ဧကရာဇ်သားတော်တစ်ပါးသည် ဟိန်းဟောက်လိုက်၏။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် တောက်လောင်နေသော မီးတောက်များ ဖုံးလွှမ်းနေပြီး သူသည် နတ်ဘုရားသားတော် ခုံးဝူတောက်ထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားတော့သည်။
သို့သော် သူ တစ်ဖက်လူအနီးသို့ လုံးလုံးလျားလျား မရောက်မီမှာပင်...
ဝုန်း...
ဥပဒေသ စွမ်းအားဖြင့် ဖွဲ့စည်းထားသော ပုံရိပ်ယောင် နဂါးတစ်ကောင်သည် ဟိန်းဟောက်ကာ ကောင်းကင်မှ ဆင်းသက်လာပြီး ထိုဧကရာဇ်သားတော်ကို အပျက်အစီးများထဲသို့ ချက်ချင်း ပြင်းထန်စွာ ရိုက်ချလိုက်၏။
"အရေးမပါတဲ့ ကောင်တစ်စုက နတ်ဘုရားသားတော်ဝူတောက်ကို တိုက်ခိုက်ရဲတယ်ပေါ့လေ..."
ခုံးကျန်ယွဲ့နှင့် တခြားဧကရာဇ်သားတော်များ သမီးတော်များသည် နတ်ဘုရားသားတော် ခုံးဝူတောက်၏နံဘေးတွင် ချက်ချင်းထွက်ပေါ်လာသည်။
နတ်ဘုရားသားတော် ခုံးဝူတောက်၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် သူတို့သည် ရွှေကျီးကန်းနတ်ဘုရားတောင်မှ ကျန်ရှိနေသော ဧကရာဇ်သားတော်နှင့်သမီးတော် ခြောက်ယောက်ထံသို့ တိုက်ရိုက်ပြေးဝင်သွားကြတော့သည်။
"သူတို့ကို သတ်လိုက်..."
"သူတို့က ငါတို့အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော်ကို စော်ကားရဲမှတော့... သူတို့ကို အရှင်လတ်လတ် ထွက်သွားခွင့် ပြုလို့ မဖြစ်ဘူး..."
အချိန်လေဟာနယ် တားမြစ်နယ်မြေမှ တခြား ပါရမီရှင်များကလည်း ပြေးဝင်လာကြ၏။
သူတို့သည် ရွှေကျီးကန်းနတ်ဘုရားတောင်မှ ကျန်ရှိနေသော ပါရမီရှင်များနှင့် ချက်ချင်းဆိုသလိုပင် ဖရိုဖရဲတိုက်ပွဲတစ်ခုကို ဆင်နွှဲလိုက်ကြတော့သည်။
အချိန်အတော်ကြာသည်အထိ လောကကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားခဲ့သည်။
ဥပဒေသများ တုန်ခါနေပြီး နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေလေ၏။
မရေမတွက်နိုင်သော နတ်ဘုရားစွမ်းရည်များ၏ တိုက်ခိုက်မှုများသည် မြေကြီးကို အလွှာလိုက် အလွှာလိုက် ပြိုကျပျက်စီးသွားစေပြီး ကြောက်မက်ဖွယ်ကောင်းသော လောကပျက်သုဥ်းမည့် မြင်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
မိုးကြိုးများ ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး တုန်ခါသံများ အဆက်မပြတ် မြည်ဟီးနေသည်။
ကြီးမြတ်သော အင်အားစုနှစ်ခု၏ တာအိုအစောင့်အရှောက်များသည် ခမ်းနားကြီးကျယ်သော နတ်ဘုရားစွမ်းရည်များဖြင့် တိုက်ခိုက်နေကြ၏။
"မလုပ်နဲ့..."
ရွှေကျီးကန်းနတ်ဘုရားတောင်မှ ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးက မျှော်လင့်ချက်မဲ့စွာဖြင့် ညည်းတွားလိုက်သည်။
သူသည် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ကျွမ်းကျင်သူတစ်ဦး၏ ထက်ပိုင်းဖြတ်တောက်ခြင်းကို ခံလိုက်ရပြီး ကောင်းကင်ယံတစ်ခွင်တွင် သွေးများ ချက်ချင်းလွင့်စင်သွားတော့သည်။
စွမ်းအားအရဆိုလျှင် ရွှေကျီးကန်းနတ်ဘုရားတောင်၏ တာအိုအစောင့်အရှောက်များ သည် အစကတည်းက အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ပြိုင်ဘက်များ မဟုတ်ခဲ့ကြချေ။
ထို့ပြင် သူတို့၏ အရေအတွက်မှာလည်း တစ်ဖက်လူထက် များစွာနိမ့်ကျနေသည်။
တိုက်ပွဲသည် စတင်သည်မှာ အချိန်တခဏသာ ရှိသေးသော်လည်း လူများသည် တစ်ယောက်ပြီးတစ်ယောက် သေဆုံးစပြုနေလေပြီ။
ရွှေကျီးကန်းနတ်ဘုရားတောင်မှ တခြားပါရမီရှင်များအတွက်မူ သူတို့သည်လည်း အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူများအတွက် ပြိုင်ဘက် မဟုတ်ခဲ့ကြပေ။
လူအမြောက်အများသည် အပြန်အလှန် တိုက်ခိုက်မှု အနည်းငယ်အပြီးတွင် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ပါရမီရှင်များ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး မကျေမချမ်းဖြင့် သေဆုံးသွားကြသည်။
စောင့်ကြည့်နေကြသော ကျင့်ကြံသူ အများအပြားကမူ တိုက်ပွဲ စတင်ဖြစ်ပွားသည်နှင့် တပြိုင်နက် သူတို့သည် မိုင်ရာနှင့်ချီအဝေးသို့ အလျင်အမြန် ဆုတ်ခွာသွားခဲ့သည်။
လုံးလုံးလျားလျား ဖရိုဖရဲဖြစ်ကာ တွန့်လိမ်နေသော လေဟာနယ်ကို ကြည့်ရင်း ကျင့်ကြံသူ အမြောက်အများသည် တုန်လှုပ်သွားကြပြီး အဆက်မပြတ် လေကို ပြင်းပြင်းရှူသွင်းလိုက်ကြ၏။
"ရှီး... အချိန်လေဟာနယ် တားမြစ်နယ်မြေ ရဲ့ နတ်ဘုရားသားတော် ဝူတောက်က လုံလောက်အောင် အားကောင်းနေပြီလို့ ငါ ထင်ခဲ့တာ... ဒါပေမယ့် အချိန်လေဟာနယ် တားမြစ်နယ်မြေ ရဲ့ တခြားပါရမီရှင်တွေကလည်း မယုံနိုင်လောက်အောင် အားကောင်းလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး..."
"အထူးသဖြင့် အချိန်လေဟာနယ် တားမြစ်နယ်မြေက အဲ့ဒီ ဧကရာဇ်သားတော်တွေနဲ့ သမီးတော်တွေပဲ... သူတို့က လူနည်းနေတာ ရှင်းနေပေမယ့် ရွှေကျီးကန်းနတ်ဘုရားတောင်က ဧကရာဇ်သားတော်နဲ့ သမီးတော်တွေကို ခြေမွှဖျက်ဆီးနိုင်ခဲ့တယ်... သူတို့က တကယ့်ကို အားကောင်းလွန်းတယ်..."
"အချိန်လေဟာနယ် တားမြစ်နယ်မြေက ကောင်းကင်ဘုံတွေအားလုံးမှာ အားအကောင်းဆုံး တာအိုအမွေအနှစ်မြေတွေထဲက တစ်ခုပဲလေ... ဒါကြောင့် သူတို့ရဲ့ ပါရမီရှင် ဆက်ခံသူ တွေက သဘာဝကျကျ အားကောင်းတာပေါ့..."
"နတ်ဘုရားသားတော် ဝူတောက်က အရမ်း တောက်ပလွန်းနေတော့ သူတို့ရဲ့ ထူးကဲနေပြီဖြစ်တဲ့ တောက်ပမှုက နည်းနည်းမှေးမှိန်သွားသလို ဖြစ်သွားတာပဲ ရှိတာ..."
".........."
ပတ်ဝန်းကျင်နေရာတဝိုက်လုံး ဖရိုဖရဲ ဖြစ်နေ၏။
မကျေမချမ်း ညည်းတွားသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။
ပြင်းထန်စွာ ဒဏ်ရာရနေသော နတ်ဘုရားသားတော် ယန်ရန်တွင် တိုက်ခိုက်ရန်အတွက် စွမ်းအား အနည်းငယ်သာ ကျန်ရှိတော့သည်။
နတ်ဘုရားသားတော် ခုံးဝူတောက်၏ လွှမ်းမိုးနိုင်သော နည်းလမ်းကို ထိပ်တိုက်ရင်ဆိုင်၍ အနိုင်ယူခံလိုက်ရခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ....
သူ၏ ပြိုင်ဘက်ကင်း တာအိုနှလုံးသားသည် သက်ရောက်မှု ခံလိုက်ရရုံသာမက သူ့အတွက် နတ်ဘုရားသားတော် ခုံးဝူတောက်သည် စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းတစ်ခုလည်း ဖြစ်ပေါ်လာခဲ့သည်။
"ငါ ဒီနေရာကနေ ထွက်သွားချင်တယ်... ငါ ဒီနေရာကနေ အသက်ရှင်ရက် ထွက်သွားရမယ်..."
ဖရိုဖရဲ အခြေအနေကို အခွင့်ကောင်းယူကာ နတ်ဘုရားသားတော် ယန်ရန်သည် သူ၏ကျန်ရှိနေသော စွမ်းအားများကို အသက်သွင်းလိုက်ပြီး လေထဲသို့ ပျံသန်းကာ ကောင်းကင်ဘုံ တာအိုနယ်မြေ၏ ထွက်ပေါက်ဆီသို့ အလျင်အမြန် ထွက်ပြေးသွားလေ၏။
သူ အလွန်အမင်း ကြောက်ရွံ့နေခြင်းကြောင့် ဖြစ်နိုင်ပြီး ဤအချိန်အခိုက်အတန့်တွင် သူ၏အမြန်နှုန်းမှာ အလွန်မြန်ဆန်နေသည်။
မျက်စိတစ်မှိတ်အတွင်း သူသည် မိုင်ထောင်နှင့်ချီ အဝေးသို့ ပြေးထွက်သွားခဲ့လေပြီ။
အဝေးရှိ ပုံရိပ်ယောင် တံခါးပေါက်ကို သူ မြင်လိုက်ရသောအခါ....
နတ်ဘုရားသားတော် ယန်ရန်၏ မျက်လုံးများတွင် နောက်ဆုံး၌ ဝမ်းသာပျော်ရွှင်မှုများ ထင်ဟပ်လာခဲ့သည်။
သူသည် ကောင်းကင်ဘုံ တာအိုနယ်မြေမှ အောင်မြင်စွာ ထွက်ခွာသွားနိုင်သရွေ့....
အပြင်ဘက်တွင် သူ့ကို ကြိုဆိုရန် စောင့်ဆိုင်းနေမည့် သူ၏ရွှေကျီးကန်းနတ်ဘုရားတောင်မှ ထိပ်သီးကျင့်ကြံသူများ ရှိနေပေမည်။
နတ်ဘုရားသားတော် ခုံးဝူတောက်သည် မည်သို့မျှ သတ်နိုင်မည် မဟုတ်ဘဲ သူ နောက်တစ်ကြိမ် ပြန်လည်ထမြောက်ရန် အခွင့်အရေး ရရှိပေလိမ့်မည်။
ဝှစ်...
သို့သော် ထိုအချိန်တွင်ပင် နတ်ဘုရားသားတော် ယန်ရန်သည် သူ၏မျက်လုံးများ ဝေဝါးသွားသည်ကို ခံစားလိုက်ရသည်။
ထို့နောက် နှင်းကဲ့သို့ ဖြူဖွေးသော ပုံရိပ်တစ်ခု သူ၏အမြင်အာရုံထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ပေ၏။
ဤသည်က နတ်ဘုရားသားတော် ခုံးဝူတောက်မှလွဲ၍ မည်သူ ဖြစ်နိုင်ဦးမည်နည်း။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
နတ်ဘုရားသားတော် ယန်ရန်၏စိတ်အခြေအနေ လုံးလုံးလျားလျား ပြိုလဲပျက်စီးသွားသည်။
သူ၏ အမြန်နှုန်းသည် ယခုကဲ့သို့ မည်သည့်အခါမျှ မမြန်ဆန်ခဲ့ဖူးချေ။
သဘောတရားအရ တွေးတောကြည့်မည်ဆိုလျှင် နတ်ဘုရားသားတော် ခုံးဝူတောက်သည် သူ၏နောက်တွင် အဝေးကြီး ကျန်ရစ်နေသင့်သည် မဟုတ်လော....
အဘယ်ကြောင့် ခုံးဝူတောက်သည် သူ၏ရှေ့၌ ရုတ်တရက် ပေါ်လာရသနည်း...
နတ်ဘုရားသားတော် ခုံးဝူတောက်၏ နှုတ်ခမ်းများတွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ရှိနေပြီး သူက နတ်ဘုရားသားတော် ယန်ရန်ကို သရော်တော်တော်အကြည့်ဖြင့် ငုံ့ကြည့်နေလေ၏။
"မင်းရဲ့ ခြေထောက်တိုလေးနှစ်ချောင်းက တကယ့်ကို ပြေးနိုင်တာပဲ..."
"ခုံးဝူတောက်... ငါ မင်းနဲ့ သူသေကိုယ်သေ တိုက်ခိုက်မယ်..."
နတ်ဘုရားသားတော် ယန်ရန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် သူ၏မူလသွေးအဆီအနှစ်များကို နောက်တစ်ကြိမ် လောင်ကျွမ်းလိုက်ကာ နတ်ဘုရားသားတော် ခုံးဝူတောက်နှင့် သူသေကိုယ်သေ တိုက်ခိုက်ချင်ခဲ့သည်။
ဖြန်း...
သို့သော် သူ မတုံ့ပြန်နိုင်မီတွင်ပင်...
နတ်ဘုရားသားတော် ခုံးဝူတောက်သည် သူ၏ရှေ့တွင် ချက်ချင်းရိပ်ခနဲလှုပ်ရှားသွားပြီး သူ့ကို ပါးရိုက်ကာ လွင့်ထွက်သွားစေသည်။
"ဝုန်း" ခနဲ အသံနှင့်အတူ သူသည် အမြောက်ဆံတစ်ခုအလား ဧရာမတောင်ကြီးတစ်လုံးကို ပြင်းထန်စွာ ဝင်တိုက်မိသွားလေ၏။
"မင်းကို ငါ မျက်နှာသာ အရမ်းပေးထားမိပြီ..."
"မင်းက ငါ့ရှေ့မှာ ဒီလိုမျိုး ခုန်ပေါက်နေရဲသေးတယ်ပေါ့..."
အခန်း (၁၂၄) နတ်ဘုရားသားတော်ယန်ရန် သေဆုံးခြင်း.... ရှေးဟောင်းဖီးနစ်မျိုးနွယ်စု၏ မူလအစ ရတနာ
ရွှေကျီးကန်းနတ်ဘုရားတောင်မှ ထိုငှက်ကတုံးကောင်များတွင် ဦးနှောက်မရှိဟု သူ အမှန်တကယ်ကို ခံစားလိုက်ရသည်။
ယန်ရန်၏ အထွတ်အထိပ် အခြေအနေတွင်ပင် သူ့အတွက် ပြိုင်ဘက် မဟုတ်ခဲ့ချေ။
ယခုအချိန်၌ သူသည် သူ၏အသက်တစ်ဝက်ကို ဆုံးရှုံးထားခဲ့ပြီး ဖြစ်ပေ၏။
သူ့အား တိုက်ခိုက်ရန် မည်သို့သော ယုံကြည်မှုနှင့် သတ္တိမျိုး ရှိနေသနည်း...
"ဖူး..."
နတ်ဘုရားသားတော် ယန်ရန်သည် လတ်ဆတ်သော သွေးများကို အန်ထုတ်ကာ အပျက်အစီးများထဲမှ ခက်ခက်ခဲခဲ တွားသွား၍ မတ်တတ်ထရပ်လိုက်သည်။
နတ်ဘုရားသားတော် ခုံးဝူတောက်၏ ပါးရိုက်ချက်သည် အလွန်အားပါလွန်းသဖြင့် သူ၏ ပါးပြင်ကို နက်ရှိုင်းစွာ ချိုင့်ဝင်သွားစေခဲ့သည်။
"ခုံးဝူတောက်... မင်းက အရူးကောင်ပဲ..."
နတ်ဘုရားသားတော် ယန်ရန်သည် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် နတ်ဘုရားသားတော် ခုံးဝူတောက်ကို စူးစိုက်ကြည့်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
"ကန္တာရနယ်မြေက အောက်တန်းကျတဲ့ လူတစ်ယောက်အတွက် ငါတို့ ရွှေကျီးကန်းနတ်ဘုရားတောင်က လူတွေကို ရန်စစော်ကားခဲ့တယ်..."
"ဒီနေ့ မင်း ငါ့ကို သတ်ရင်တောင်မှ ဘာဖြစ်လဲ..."
"ငါတို့ သေဆုံးသွားတာကို ရွှေကျီးကန်းနတ်ဘုရားတောင်က ဘိုးဘေး သိသွားတဲ့အချိန်ကျရင်... သူက မင်းကို လုံးဝအလွတ်ပေးမှာ မဟုတ်ဘူး..."
နတ်ဘုရားသားတော် ခုံးဝူတောက်သည် သူ့ကို လုံးလုံးလျားလျား အလွတ်ပေးမည် မဟုတ်ကြောင်း နတ်ဘုရားသားတော်ယန်ရန်က ယခင်ကတည်းက သိရှိထားပြီးဖြစ်သည်။
အလွန်အမင်း မုန်းတီးမှုအောက်တွင် သူသည် သူ၏ကြောက်ရွံ့မှုကိုပင် ယာယီ မေ့လျော့သွားပြီး နတ်ဘုရားသားတော် ခုံးဝူတောက်ကို မည်သည့် ချုပ်တည်းမှုမျှ မရှိဘဲ ကျိန်ဆဲလိုက်တော့၏။
သို့ရာတွင် နတ်ဘုရားသားတော် ခုံးဝူတောက် သည် ထိုအရာကို လုံးလုံးလျားလျား လျစ်လျူရှုကာ အဓိပ္ပာယ်မရှိသော စကားများအဖြစ် သတ်မှတ်ထားလိုက်သည်။
သူသည် နတ်ဘုရားသားတော် ယန်ရန်ထံသို့ တည့်မတ်စွာ လျှောက်လှမ်းသွားပြီး သူ၏ချီစွမ်းအားဖြင့် ဖိနှိပ်၍ တစ်ဖက်လူ၏ လည်ပင်းကို ဆုပ်ကိုင်ကာ အပေါ်သို့ မြှောက်တင်လိုက်၏။
ထို့နောက် အတွေးတစ်ချက်ဖြင့် ကောင်းကင်ဝါးမျို နတ်မိစ္ဆာသွေး ချက်ချင်းအသက်ဝင်လာပြီး အနက်နှင့်အဖြူ ချီစွမ်းအားသည် နတ်ဘုရားသားတော်ယန်ရန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
နတ်မိစ္ဆာ ၏ ဝါးမျိုခြင်းစွမ်းအားသည် သူ၏ ချွေးပေါက်များမှတစ်ဆင့် သူ၏ခြေလက်များနှင့် အရိုးများထဲသို့ စိမ့်ဝင်သွားပြီး သူ၏ အတွင်းကလီစာများထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ကာ နတ်ဘုရားသားတော် ယန်ရန် ၏ ရွှေကျီးကန်းသွေးမျိုးဆက်ကို လောဘတကြီး စုပ်ယူလိုက်သည်။
"ခုံးဝူတောက်... မင်း တကယ်ကြီး လုပ်ရဲတယ်ပေါ့..."
နတ်ဘုရားသားတော် ခုံးဝူတောက်၏ လည်ပင်းညှစ်ခြင်းကို ခံထားရသော နတ်ဘုရားသားတော် ယန်ရန်သည် သူ၏ ခြေထောက်များကို ရူးသွပ်စွာ ကန်ကျောက်နေသည်။
သူ၏မျက်လုံးများတွင် စုစည်းနေသော လွှမ်းခြုံလာသည့် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများသည် မည်သည့်အချိန်ကမှန်း မသိရဘဲ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့လေပြီ။
ထိုနေရာတွင် အဆုံးမဲ့ ကြောက်ရွံ့မှုများက အစားထိုး ဝင်ရောက်လာပေ၏။
နတ်ဘုရားသားတော် ခုံးဝူတောက်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရွှေကျီးကန်း သွေးမျိုးဆက် အားလုံးကို အမှန်တကယ် စုပ်ယူချင်နေခြင်းပင်။
လူငယ်မျိုးဆက်သစ် တပည့်များကြားတွင် ရွှေကျီးကန်းနတ်ဘုရားတောင်၏ နံပါတ်တစ် ပါရမီရှင် ဖြစ်လာခြင်းမှာ သူသည် အသန့်စင်ဆုံး ရွှေကျီးကန်း သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားခြင်းကြောင့်ပင်။
ဤသည်မှာ သူ အလွန်ဂုဏ်ယူရဆုံး အရာလည်း ဖြစ်ပေ၏။
မည်သို့ပင်ဆိုစေကာမူ ရွှေကျီးကန်းနတ်ဘုရားတောင်တွင် မရေမတွက်နိုင်သော နှစ်များတလျှောက်၌ အဆုံးမဲ့ တာအိုဆက်ခံသူများ ရှိနေသည်။
သို့ရာတွင် သူသည် ဤမျှထိ ကြွယ်ဝသော ရွှေကျီးကန်း သွေးမျိုးဆက်ရှိသည့် တစ်ဦးတည်းသော မျိုးဆက်သစ်လူငယ် တည်ရှိမှုကြီး ဖြစ်နေဆဲပင်။
ဤအရာသည် နတ်ဘုရားသားတော် ယန်ရန်ကို အချိန်တိုင်းတွင် သူသည် ကောင်းကင်ဘုံမှ ရွေးချယ်ထားသူတစ်ဦးဖြစ်သည်ဟု ခံစားရစေခဲ့သည်။
သို့သော် ယခုအချိန်၌ သူ ဂုဏ်ယူရသော သွေးမျိုးဆက် စုပ်ယူခံနေရသည်ကို ကြည့်နေရခြင်းသည် သူ့အတွက် သေရသည်ထက် ပို၍နာကျင်သော ဝေဒနာကို ခံစားရစေသည်။
အချိန်တခဏအကြာတွင် နတ်ဘုရားသားတော် ယန်ရန်ထံမှ ရွှေကျီးကန်းသွေးမျိုးဆက်၏ နောက်ဆုံးတစ်စိတ်တစ်ပိုင်းကို ထုတ်ယူပြီးနောက် ခုံးဝူတောက်သည် သူ့ကို အမှိုက်တစအလား မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။
စနစ်၏အသံကလည်း တစ်ချိန်တည်းမှာပင် ထွက်ပေါ်လာခဲ့သည်။
[ဒင်... ကျိုလီနတ်ဘုရားမီးတောက်မျိုးစေ့က ရွှေကျီးကန်း သွေးမျိုးဆက်ကို စုပ်ယူပြီး အောင်မြင်စွာ အသက်ဝင်သွားပါပြီ... သခင်က အခုအချိန်မှာ ကျိုလီနတ်ဘုရားမီးတောက်မျိုးစေ့ရဲ့စွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်ပါပြီ...]
[ကျိုလီနတ်ဘုရားမီးတောက်မျိုးစေ့ တရားဝင် အသက်ဝင်လာပြီးနောက် သခင်က မီးနတ်ဘုရားစွမ်းရည်တွေအပေါ် ငါးဆယ်ရာခိုင်နှုန်း ခံနိုင်ရည် ရှိလာမှာဖြစ်ပြီးတော့ ကောင်းကင်နှင့်မြေကြီးမှ မီးတောက်တွေကိုလည်း စုပ်ယူနိုင်ပြီး အဲ့ဒီအရာတွေကို သခင်ရဲ့ကိုယ်ပိုင် စွမ်းအားအဖြစ် အသွင်ပြောင်းနိုင်မှာပါ...]
ဤအရာကို ကြားလိုက်ရသောအခါ နတ်ဘုရားသားတော် ခုံးဝူတောက်၏ နှုတ်ခမ်းများသည် အနည်းငယ် ကွေးတက်သွား၏။
ကျိုလီနတ်ဘုရားမီးတောက်မျိုးစေ့ကို အသက်သွင်းခြင်းသည် မထင်မှတ်ထားသော အကျိုးအမြတ်များကို သူ့အတွက် ယူဆောင်လာပေးခဲ့သည်။
ဤငှက်ကတုံးကောင်၏ ခန္ဓာကိုယ်မှ ရွှေကျီးကန်း သွေးမျိုးဆက်ကို စုပ်ယူရန် သူ ဤမျှထိ ကြိုးစားအားထုတ်ခဲ့ရခြင်းသည် အလဟဿ မဖြစ်ခဲ့ချေ။
နတ်ဘုရားသားတော် ခုံးဝူတောက်၏ အတွေးတစ်ချက် လှုပ်ရှားလိုက်သည်နှင့်အမျှ သူ၏လက်ဝါးပေါ်တွင် မီးတောက်တစ်ခုက ချက်ချင်းထွက်ပေါ်လာခဲ့သည်။
ဤမီးတောက်သည် ယေဘုယျအားဖြင့် သိကြသောအရာများနှင့် အနည်းငယ် ကွာခြားပြီး ခရမ်းရောင်ရင့်ရင့်အဖြစ် ထွက်ပေါ်လာသည်။
ထိုအရာသည် အလွန်သေးငယ်သော မီးတောက်အစုအဝေးတစ်ခု ဖြစ်သော်လည်း ရွှေကျီးကန်း မီးတောက်ထက်ပင် ပို၍ပူပြင်းသော အပူချိန်တစ်ခုကို ထုတ်လွှတ်နေပေ၏။
မီးတောက်၏နံဘေးပတ်လည်ရှိ ဟင်းလင်းပြင်ပင်လျှင် အနည်းငယ်တွန့်လိမ်နေပြီး ပြိုလဲပျက်စီးတော့မည့် အရိပ်အယောင်များ ဝိုးတဝါးရှိနေသည်။
"ငါ့ကို သတ်လိုက်ပါ..."
"ခုံးဝူတောက်... ငါ့ကို မြန်မြန် သတ်လိုက်ပါ..."
ဤအခိုက်အတန့်တွင် မြေပြင်ပေါ်တွင် လဲကျနေသော နတ်ဘုရားသားတော် ယန်ရန်က ကြောင်စီစီဖြင့် တီးတိုးရေရွတ်လိုက်သည်။
ယခင်အားကောင်းသော အသွင်အပြင်နှင့် နှိုင်းယှဉ်ပါက နတ်ဘုရားသားတော် ယန်ရန် သည် ယခုအချိန်၌ အခက်အခဲများစွာကို ဖြတ်သန်းခဲ့ရသော သူတောင်းစားတစ်ဦးနှင့် တူညီနေသည်။
သူ အလွန်ဂုဏ်ယူရဆုံး သွေးမျိုးဆက်သည် လုံးလုံးလျားလျား ထုတ်ယူခြင်း ခံလိုက်ရလေပြီ။
ယခုအချိန်၌ သူသည် သူ တစ်ချိန်က အလွန် အထင်သေးခဲ့သော ပုရွက်ဆိတ်များနှင့် အခြေခံအားဖြင့် မည်သို့မျှ မကွာခြားတော့ချေ။
ဤအရှက်ရဖွယ် ကွာဟချက်သည် သူ၏တာအိုနှလုံးသားကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်ပြီး သူ့ကို ဆက်လက်အသက်ရှင်လိုစိတ် မရှိစေတော့ချေ။
"မင်းရဲ့ဆန္ဒအတိုင်းပဲ..."
နတ်ဘုရားသားတော် ခုံးဝူတောက်သည် နောက်သို့လှည့်ကာ သူ၏နောက်ရှိ ဟင်းလင်းပြင်မှ နေရာတစ်ခုကိုကြည့်ပြီး ပြောဆိုလိုက်၏။
"ထွက်လာခဲ့တော့... ဒီကောင်ကို ကိုင်တွယ်ဖြေရှင်းဖို့ မင်း တာဝန်ယူလိုက်..."
ဟင်းလင်းပြင်သည် အနည်းငယ် တွန့်လိမ်သွားပြီး မုချင်းလီ၏ပုံရိပ်သည် ထိုအရာထဲမှ ထွက်ပေါ်လာခဲ့သည်။
သူမသည် ပထမဆုံး နတ်ဘုရားသားတော် ခုံးဝူတောက်ကို ရိုသေလေးစားစွာ ဦးညွှတ်လိုက်ပြီးနောက် သူမ၏ အကြည့်များသည် ရေခဲကဲ့သို့ အေးစက်သွားကာ နတ်ဘုရားသားတော် ယန်ရန် ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလိုက်သည်။
"မင်းက..."
မြေပြင်ပေါ်တွင် ဖရိုဖရဲ လဲကျနေသော နတ်ဘုရားသားတော် ယန်ရန်သည် မုချင်းလီကို မြင်လိုက်ရချိန်၌ သူ၏မျက်လုံးသူငယ်အိမ်များသည် အပ်တစ်ချောင်းအလား ချက်ချင်း ကျဉ်းမြောင်းသွားကာ သူ၏စိတ်များ ဗလာဟင်းလင်းဖြစ်သွားတော့၏။
နတ်ဘုရားသားတော် ခုံးဝူတောက် ပြောသည့် စကားများ၏ အဓိပ္ပာယ်ကို သူ မည်သို့ နားမလည်ဘဲ နေမည်နည်း။
တစ်ဖက်လူသည် မုချင်းလီကို သူ့အား ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခိုင်းချင်နေသည် မဟုတ်လော....
"ယန်ရန်... အစကတည်းက ငါက နင်နဲ့ ဘာရန်ငြိုးမှ မရှိခဲ့ပေမယ့် နင်က ငါ့ရဲ့ ခန္ဓာကိုယ်ထဲက ရှေးဟောင်း ဗာမီလီယန်ငှက် သွေးမျိုးဆက် အားလုံးကို ထုတ်ယူဖို့ ကြိုးစားပြီးတော့ ငါ့ကို ကျင့်ကြံခြင်း မီးပြင်းဖိုရုပ်ခန္ဓာကိုယ်အဖြစ် ဖမ်းဆီးဖို့ ဇွတ်လုပ်ခဲ့တယ်..."
"နောက်ဆုံးမှာ နင်က ဒီအတွက်ကြောင့် ငါ့ရဲ့ ကောင်းကင်မီးတောက် သူတော်စင်နန်းတော်ကိုတောင် ဖျက်ဆီးခဲ့တယ်... ငါ့ရဲ့ သူတော်စင်နန်းတော်က လူသောင်းနဲ့ချီကို သတ်ဖြတ်ခဲ့တယ်..."
"ဒီလောက် နက်ရှိုင်းတဲ့ အမုန်းတရားကို... ဒီနေ့ နင် ပြန်ဆပ်ရမယ်..."
ဤစကားများကို ကြားလိုက်ရသောအခါ နတ်ဘုရားသားတော်ယန်ရန်၏မျက်နှာ ချက်ချင်း ဖြူရော်သွားပြီး သူ၏ မျက်နှာအသွင်အပြင်များတွင် အလွန်အမင်း ထိတ်လန့်မှုများ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားတော့သည်။
အကယ်၍ သူသည် နတ်ဘုရားသားတော် ခုံးဝူတောက်၏ ဘယ်သောအခါမှ ပြန်လည်ဝင်စား၍ မရနိုင်သော အဆုံးမဲ့ ချောက်ကမ်းပါးထဲသို့ ပစ်ချခံရမည်ဆိုလျှင်ပင် သူသည် ကြောက်ရွံ့မှုကို အနည်းငယ်မျှပင် ခံစားရမည် မဟုတ်ချေ။
သို့သော် သူ၏အမြင်အရ မုချင်းလီသည် ကန္တာရနယ်မြေတစ်ခုမှ အောက်တန်းကျသော ပုရွက်ဆိတ်တစ်ကောင်ပင်။
ရွှံ့နွံထဲတွင် အမြဲတစေ နေထိုင်ခဲ့သော ထိုကဲ့သို့ ပုရွက်ဆိတ် တစ်ကောင်သည် သူကဲ့သို့ တည်ရှိမှုမျိုးကို ကွပ်မျက်ရန် မည်သည့် အခွင့်အရေး ရှိသနည်း။
"ခုံးဝူတောက်... မင်းက ယောက်ျားဆိုရင် ငါ့ကို မင်းကိုယ်တိုင် သတ်စမ်း..."
"မင်းက ဒီလို အောက်တန်းကျတဲ့ လူတစ်ယောက်ကို မင်းကိုယ်စား လှုပ်ရှားခိုင်းပြီး ငါ့ကို တမင်တကာ အရှက်ခွဲနေတာလား..."
"ဟုတ်တယ်..."
သူ၏ရင်ဘတ်ရှေ့တွင် လက်ပိုက်ကာ ပြပွဲကောင်းကို ကြည့်နေသော ခုံးဝူတောက်သည် ခေါင်းညိတ်ပြပြီး ပြုံးလိုက်၏။
"မင်း..."
နတ်ဘုရားသားတော် ယန်ရန်သည် ဒေါသကြောင့် သတိလစ်လုနီးပါး ဖြစ်သွားတော့သည်။
သူသည် နတ်ဘုရားသားတော် ခုံးဝူတောက်ကို တမင်သက်သက် ရန်စရန် ရည်ရွယ်ခဲ့ပြီး သူ့ကို ဒေါသထွက်ကာ သူ့ကို တိုက်ရိုက်တိုက်ခိုက်လာစေရန်ပင်။
သို့သော် နတ်ဘုရားသားတော် ခုံးဝူတောက် သည် ဤမျှ ပုံမှန်မဟုတ်သော စည်းမျဉ်းများဖြင့် ကစားလိမ့်မည်ဟု သူ လုံးလုံးလျားလျား မျှော်လင့်မထားခဲ့ချေ။
"ငါယိုးမသား..."
"မင်းမှာ သတ္တိရှိရင် မင်းကိုယ်တိုင် လုပ်စမ်း...ခွေးမသား..."
နတ်ဘုရားသားတော် ယန်ရန်သည် ရိုင်းစိုင်းသော စကားများကို အဆက်မပြတ် ဆဲဆိုနေလေ၏။
သို့သော် နတ်ဘုရားသားတော် ခုံးဝူတောက် သည် အသံလုံသော ဝင်္ကပါတစ်ခုကို အသက်သွင်းထားပြီးဖြစ်ကာ စကားတစ်ခွန်းမျှ မကြားနိုင်ချေ။
နတ်ဘုရားသားတော် ယန်ရန်၏ လက်ရှိ ဖရိုဖရဲ ရူးသွပ်မှုနှင့် နှိုင်းယှဉ်ပါက သူသည် တစ်ဖက်လူ၏ ယခင်က ချုပ်တည်းမှုရှိသော ဟန်ပန်ကို ပို၍သဘောကျကြောင်း ဝန်ခံရပေမည်။
ဝှစ်.....
ရုတ်တရက် နတ်ဘုရားသားတော် ယန်ရန်၏ ဒေါသတကြီး ကျိန်ဆဲသံများ ရုတ်တရက် ရပ်တန့်သွားသည်။
မုချင်းလီသည် သူမ၏ဓားကို လွှဲချလိုက်ပြီး တစ်ဖက်လူ၏ခေါင်းကို တိုက်ရိုက်ဖြတ်တောက်လိုက်၏။
"သေသင့်တဲ့ကောင်... သူက နတ်ဘုရားသားတော်အရှင်ကို ဒီလောက်တောင် စော်ကားရဲတယ်ပေါ့..."
မုချင်းလီသည် နတ်ဘုရားသားတော် ယန်ရန်၏ အလောင်းကို ဒေါသတကြီးဖြင့် အကြိမ်အနည်းငယ် ဓားဖြင့်ခုတ်ပိုင်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့သည်။
မူလက မုချင်းလီသည် နတ်ဘုရားသားတော် ယန်ရန်ကို အလွယ်တကူ သေခွင့်ပြုရန် မရည်ရွယ်ခဲ့ချေ။
သူမသည် ဤကာလအတွင်း သူမ၏ အဆုံးမဲ့ ဝမ်းနည်းပူဆွေးမှုနှင့် နာကြည်းမှုများကို တစ်ဖက်လူ ခံစားရစေရန် အထူးနည်းလမ်းများကို အသုံးပြုချင်ခဲ့သည်။
သို့သော် နတ်ဘုရားသားတော် ယန်ရန်သည် နတ်ဘုရားသားတော် ခုံးဝူတောက်ကို ထိုသို့ စော်ကားနေသည်အား ကြားလိုက်ရသောအခါ သူမ စိတ်မထိန်းနိုင်တော့ဘဲ သူမ၏ဓားဖြင့် ချက်ချင်းတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားသားတော် ခုံးဝူတောက်သည် ယခုအချိန်၌ သူမအတွက် အမြင့်မြတ်ဆုံး ကောင်းကင် နတ်ဘုရား ဖြစ်နေလေပြီ။
သူမသည် ယခုအချိန်၌ ပုရွက်ဆိတ် တစ်ကောင်နှင့် မကွာခြားလျှင်ပင် နတ်ဘုရားသားတော် ခုံးဝူတောက်အတွက် ထက်ရှသော ဓားတစ်လက် ဖြစ်လာစေရန် သူမ ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို ပေးဆပ်ရန် ဆန္ဒရှိသည်။
"ကောင်းပြီ... မင်းကို ငါ ကတိပေးထားတဲ့အတိုင်း ငါ လုပ်ပြီးသွားပြီ..."
"ဒီနေ့ကစပြီး အတိတ်က အရာအားလုံးက မင်းနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး... မင်းက အနာဂတ်မှာ ငါ့ရဲ့အချိန်လေဟာနယ် တားမြစ်နယ်မြေ အတွက် စိတ်နှစ်ထားရမယ်... နားလည်လား..."
"ဟုတ်ကဲ့... ချင်းလီက အနာဂတ်မှာ နတ်ဘုရားသားတော်အရှင်နဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေ အတွက် အရာအားလုံးကို... ကျွန်မရဲ့ အသက်ကိုတောင် မြှုပ်နှံဖို့ ဆန္ဒရှိပါတယ်..."
မုချင်းလီက ရိုသေလေးစားစွာ ဖြေကြားလိုက်သည်။
အစောပိုင်းက နတ်ဘုရားသားတော် ခုံးဝူတောက် ၏ ခြယ်လှယ်မှု အကြိမ်အနည်းငယ်အပြီးတွင် စနစ်၏ ယဉ်ပါးအောင် သွေးဆောင်ခြင်း ရွေးချယ်မှု မပါဘဲနှင့်ပင် သူမသည် နတ်ဘုရားသားတော် ခုံးဝူတောက် အပေါ် အလွန်အမင်း ကျိုးနွံနေခဲ့လေပြီ။
သို့သော် နတ်ဘုရားသားတော် ခုံးဝူတောက် သည် မုချင်းလီကို ယဉ်ပါးအောင် သွေးဆောင်ခြင်းမှာ သူမ၏ ကောင်းကင်ကံကြမ္မာအမှတ် များကို ရိတ်သိမ်းရန်သာမက သူ၏ အနာဂတ် အကြံအစည် တစ်ခုအတွက်လည်း ဖြစ်နေသည်။
ယောင်မျိုးနွယ်သည် ကောင်းကင်ဘုံများ၏ မရေမတွက်နိုင်သော မျိုးနွယ်စုများ အကြားရှိ ကြီးမြတ်သော မျိုးနွယ်စုများထဲမှ တစ်ခုအနေဖြင့် ထူးကဲသော ခွန်အားကို ပိုင်ဆိုင်ထားသည်။
သူ၏ မှတ်ဉာဏ်အရ ရွှေကျီးကန်းနတ်ဘုရားတောင်ထက်ပင် ပိုမို အားကောင်းသော ရှေးဟောင်းဖီးနစ်မျိုးနွယ်စုဟုခေါ်သည့် ယောင်မျိုးနွယ်တစ်ခု ရှိနေသည်။
ရှေးဟောင်းဖီးနစ်မျိုးနွယ်စုသည် သေမျိုးကင်းလွတ် ဖီးနစ်၊ တောက်ပနေမင်း ဖီးနစ်၊ ရေခဲ ဖီးနစ်စသည့် မရေမတွက်နိုင်သော ဖီးနစ် မျိုးနွယ်စုများဖြင့် ဖွဲ့စည်းထားပေ၏။
ရှေးဟောင်းဖီးနစ်မျိုးနွယ်စုသည် ဖီးနစ်မျိုးနွယ်စု၏ မူလအစနှင့် သက်ဆိုင်သော ရှေးဟောင်း လျှို့ဝှက်ရတနာတစ်ခုကိုလည်း စောင့်ကြပ်ထားသည်ဟု ဆိုကြသည်။
ဤ ဖီးနစ် မျိုးနွယ်စု မူလအစ လျှို့ဝှက် ရတနာ သည် ဖီးနစ်နီဗားနားနှင့် ဆင်တူသော လုပ်ဆောင်ချက် တစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်ဟု ကြားသိရသည်။
ဤအရာသည် ပျက်စီးခြင်းခေတ်တွင် ရှိနေခဲ့သော ခုံးဝူတောက် အနည်းငယ် စိတ်ဝင်စားသွားစေခဲ့သည်။
ကံမကောင်းစွာဖြင့် သူသည် သင့်တော်သော နည်းလမ်းတစ်ခုကို ဘယ်သောအခါမှ ရှာမတွေ့ခဲ့ချေ။
ယခုအချိန်၌ မုချင်းလီ ပိုင်ဆိုင်ထားသော ရှေးဟောင်း ဗာမီလီယန်ငှက် သွေးမျိုးဆက် သည် ဖီးနစ်မျိုးနွယ်စုနှင့် ကြီးမားသော ဆက်စပ်မှုတစ်ခု အမှန်တကယ် ရှိနေသည်။
အကယ်၍ သူမကို ရှေးဟောင်းဖီးနစ်မျိုးနွယ်စု ထဲသို့ စိမ့်ဝင်သွားစေရန် နည်းလမ်းတစ်ခုကို သူ ရှာတွေ့နိုင်မည်ဆိုပါက ရှေးဟောင်းဖီးနစ်မျိုးနွယ်စု ၏ မူလအစလျှို့ဝှက်ရတနာကို ကြံစည်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ချေ။