← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇) နဂါးဘုရင်ရဲ့ ပြဇာတ်လား... ကောင်းကင်ဆေးဂိုဏ်း... တခြားလူတွေရဲ့ အခွင့်အရေးတွေက ပိုကောင်းတယ်

"ဟမ့်... ဒီအရှင်က မင်းတို့အားလုံးကို လှည့်စားဖို့ ဒီလိုနည်းလမ်းတွေ သုံးရတာကို အထင်သေးတယ်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်က သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။

သူ၏ရှေ့တွင် လွင့်မျောနေသော ရှေးဟောင်း ပုံစံသည် မရေမတွက်နိုင်သော အလင်းစက်လေးများအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့သည်။

"အနာဂတ်မှာ ရှောင်ယောင် မဟာမိတ်အဖွဲ့ ရဲ့ ဂုဏ်ကျက်သရေကို ငါ သေချာပေါက် ပြန်ပြီးထူထောင်မယ်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်၏ လေသံတွင် မောက်မာထောင်လွှားမှုများ ပြည့်နှက်နေ၏။

"ငါ့ရဲ့နောက်ကို လိုက်နိုင်တာက မင်းတို့ရဲ့ ကြီးမားတဲ့ ကံကောင်းမှုပဲ..."

"ဒါက သဘာဝကျပါတယ်...အရှင့်ရဲ့နောက်ကို လိုက်ရတာက ကျွန်တော်တို့ရဲ့ ဂုဏ်ကျက်သရေပါပဲ..."

ပေယန်မြို့စားနှင့် ကျွမ်းကျင်သူတစ်စုက ဝမ်းသာအားရ တုံ့ပြန်လိုက်ကြသည်။

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် သတိထားရန်အတွက် သူ၏ အစစ်အမှန်အမည်ကို မဖော်ပြခဲ့ပေ။ သို့သော် သူ ဖန်တီးခဲ့သော ရှောင်ယောင်မဟာမိတ်အဖွဲ့ ၏ ဆက်ခံသူဆိုသည့် သူ၏အဆင့်အတန်းသည် မရေမတွက်နိုင်သော လူများ၏စိတ်အားထက်သန်မှုကို နှိုးဆွရန် လုံလောက်နေသည်။

မည်သို့ပင်ဆိုစေကာမူ ရှောင်ယောင် မဟာမိတ်အဖွဲ့ကို ဖန်တီးခဲ့သော တည်ရှိမှုသည် သူတို့၏ ကောင်းကင်ဘုံ တာအိုနယ်မြေ ၏ ထာဝရ ဒဏ္ဍာရီဖြစ်သော အလင်းကိုးဖြာ မဟာဧကရာဇ် ပင်။

သူသည် ကောင်းကင်ဘုံ တာအိုနယ်မြေတွင် မရေမတွက်နိုင်သော နှစ်များတလျှောက် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ၌ ကောင်းကင်ကံကြမ္မာကို ရရှိခဲ့သည့် တစ်ဦးတည်းသော ကြောက်မက်ဖွယ် တည်ရှိမှုလည်း ဖြစ်သည်။

သူတို့၏အမြင်အရ ထိုကဲ့သို့ တည်ရှိမှုမျိုး၏အမွေအနှစ်ကို ရရှိနိုင်သော တုန်လှုပ်ချောက်ချားအင်မော်တယ်သည် အနာဂတ်တွင် သေချာပေါက် ထူးကဲသောအရာများကို အောင်မြင်ပြီးမြောက်နိုင်ပေမည်။

အောက်ဘက်ရှိ လူများ၏ အံ့အားသင့်ပြီး စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာများကို ကြည့်လိုက်ရာ အမြင့်ဆုံးနေရာတွင် ထိုင်နေသော တုန်လှုပ်ချောက်ချားအင်မော်တယ်သည် သူ၏မေးစေ့ကို အနည်းငယ်ပင့်လိုက်ပြီး သူ အလွန်နှစ်ခြိုက်သဘောကျနေပုံရသည်။

အရှက်ခွဲခံရခြင်း သို့မဟုတ် နောက်ခံအဖြစ် အသုံးပြုခံရခြင်းနှင့် နှိုင်းယှဉ်ပါက တခြားသူများ၏ မော့ကြည့်ခြင်းကို ခံရသည့် ခံစားချက်က သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်နှစ်ခုလုံးအတွက် အမှန်တကယ်ကို ပို၍သာယာစေသည်။

"ကောင်းပြီ... နောက်တစ်ဆင့်အနေနဲ့ မင်းတို့ကို ငါ့ရဲ့ အဆင့်အတန်း အမှတ်အသား ပေးမယ်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်က နောက်တစ်ကြိမ် ပြောဆိုလိုက်၏။

"မင်းတို့က ဒီအရာကို သုံးပြီး ရှောင်ယောင် မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတွေနဲ့ ဆက်သွယ်ဖို့ နည်းလမ်းရှာနိုင်တယ်..."

ထို့နောက် ချက်ချင်းပင် တုန်လှုပ်ချောက်ချား အင်မော်တယ်က သူ၏ လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။

မရေမတွက်နိုင်သော အက္ခရာများ ထွင်းထုထားသည့် ကျောက်စိမ်းပြားတစ်ခုသည် ပေယန် မြို့စား၏ရှေ့သို့ ကျဆင်းလာခဲ့သည်။

"ဒီကျောက်စိမ်းပြားမှာ မှတ်တမ်းတင်ထားတဲ့ စိတ်ဝိညာဉ်ပစ္စည်းတွေနဲ့ ရတနာတွေအားလုံးကို စုဆောင်းဖို့ မင်းတို့ကို သုံးရက်အချိန်ပေးမယ်..."

"ပြီးတော့ ငါ့အတွက် ပြီးပြည့်စုံတဲ့ ကောင်းကင်ဘုံယဇ်ပလ္လင်တစ်ခုကို ပြင်ဆင်ထားစမ်း..."

"ကောင်းကင်ဘုံ ယဇ်ပလ္လင်လား..."

ပေယန် မြို့စားသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားပေ၏။

ကောင်းကင်ဘုံ ယဇ်ပလ္လင်သည် ကောင်းကင်တာအိုနှင့် ဆက်သွယ်ရန် အသုံးပြုသော အထူး ရတနာတစ်ခုပင်။ တုန်လှုပ်ချောက်ချား အင်မော်တယ်သည် မည်သည့်အတွက်ကြောင့် ဤအရာကို သူ့အား ပြင်ဆင်ခိုင်းမှန်း သူ မသိသော်လည်း ထိုအရာသည် တစ်ဖက်လူ အလိုရှိသောအရာ ဖြစ်သောကြောင့် သူက နောက်ထပ် မေးခွန်းများ မေးတော့မည် မဟုတ်ချေ။

သူ၏ ထူးကဲသော အဆင့်အတန်းကို သေချာစွာ သက်သေပြပြီးနောက် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ တက်လမ်းသည် အလွန် လျင်မြန်စွာ မြင့်တက်လာနေသည်ဟု ဆိုနိုင်သည်။

နောက်ရက်များတွင် ကျင့်ကြံခြင်းအပြင် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ကြွားဝါခြင်းနှင့် ပါးရိုက်ခြင်းများ ပြုလုပ်ကာ နဂါးဘုရင်တစ်ပါး ပြန်လည်ရောက်ရှိလာသည့် ပြဇာတ်တစ်ခုကို ကပြနေခဲ့သည်။

ထိုအရာသည် ဟောင်းနွမ်းနေသော ဇာတ်အိမ်တစ်ခု ဖြစ်သော်လည်း အကျိုးသက်ရောက်မှုမှာ သိသိသာသာ ကြီးမားလှသည်။ တုန်လှုပ်ချောက်ချား အင်မော်တယ်သည် သူ၏ အလုပ်များကို လုပ်ဆောင်ပေးမည့် သစ္စာရှိ နောက်လိုက် အများအပြားကို အောင်မြင်စွာ ရရှိခဲ့၏။

သူ၏ အဓိကနောက်လိုက်ဖြစ်သော ပေယန် မြို့စား၏အကူအညီဖြင့် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ရှောင်ယောင် မဟာမိတ်အဖွဲ့၏ ဆက်ခံသူဆိုသည့် သူ၏အဆင့်အတန်းကို အသုံးပြု၍ တစ်ချိန်က ရှောင်ယောင် မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခဲ့ဖူးသော စွမ်းအားကြီးမားသည့် အင်အားစုအများအပြားကိုလည်း စုစည်းနိုင်ခဲ့သည်။

သူတို့ထဲတွင် ကောင်းကင်ဘုံတာအိုနယ်မြေ၌ ရာထူးကြီးများ ရယူထားသော ကျွမ်းကျင်သူအများအပြားသည် အစပိုင်းတွင် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ အဆင့်အတန်းနှင့် ပတ်သက်၍ သံသယများကို ဖော်ပြခဲ့ကြသည်။

သို့သော် ပါးဖြတ်ရိုက်ခံရပြီး အခြေအနေ ပြောင်းလဲသွားသည့် အကြိမ်အနည်းငယ်နှင့် တုန်လှုပ်ချောက်ချား အင်မော်တယ်က သူတို့ကိုပင် အံ့အားသင့်စေသော နည်းဗျူဟာတချို့ကို အသုံးပြုပြီးနောက် လူတိုင်းသည် လုံးလုံးလျားလျား ယုံကြည်သွားကြပြီး သူ့အပေါ် အလွန်အမင်း ရိုသေလေးစားသွားကြတော့သည်။

သူတို့၏အမြင်အရ တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ရှောင်ယောင် မဟာမိတ်အဖွဲ့၏ အနာဂတ် ခေါင်းဆောင်သစ် သေချာပေါက် ဖြစ်ပေသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်၏ နောက်သို့ လိုက်ပါခြင်းဖြင့် သူတို့၏တာအိုလမ်းစဉ်သည် လုံးလုံးလျားလျား အမြင့်သို့ တက်လှမ်းသွားပေမည်။

ယနေ့တွင် ခမ်းနားကြီးကျယ်သော ခန်းမကြီး အတွင်း၌....

"အင်မော်တယ် သခင်... ကျွန်တော်တို့က မကြာသေးခင်က ရှောင်ယောင်မဟာမိတ်အဖွဲ့မှာ ဒုတိယခေါင်းဆောင်အဖြစ် အမှုထမ်းခဲ့ဖူးတဲ့ ကောင်းကင်ဆေးဂိုဏ်းက ကောင်းကင်အရှင်ရဲ့ ဆက်ခံသူကို ရှာတွေ့ခဲ့ပါတယ်..."

အောက်ဘက်ရှိ ကျွမ်းကျင်သူတစ်ဦးက ရိုသေလေးစားစွာ လက်ပူးဆုပ်ပြီး ပြောဆိုလိုက်၏။

"ဒါပေမယ့် သူတို့က အင်မော်တယ်သခင်ရဲ့ အဆင့်အတန်းအပေါ် သံသယတွေ ရှိနေတာကြောင့် အမှန်တရားကို အတည်ပြုဖို့ သူတို့ရဲ့ ကောင်းကင်ဆေးဂိုဏ်းဆီကို အင်မော်တယ် သခင်ကိုယ်တိုင် လာရောက်စေချင်နေပါတယ်..."

"ကောင်းကင်ဆေးဂိုဏ်းက ကောင်းကင်အရှင် ရဲ့ ဆက်ခံသူလား..."

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် သူ၏ မျက်လုံးများကို ဖွင့်ကာ မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်၏။

သူ မှတ်မိသည်မှာ မမှားယွင်းခဲ့ပါက ကောင်းကင်ဆေးဂိုဏ်းသည် ကောင်းကင်ဘုံ တာအိုနယ်မြေတွင် ဆေးပညာကျွမ်းကျင်သော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပုံရသည်။

ကောင်းကင်ဆေးဂိုဏ်းကို တည်ထောင်ခဲ့သော ကောင်းကင်အရှင်အနေဖြင့် လွန်ခဲ့သော အချိန်ကြာမြင့်စွာက သူသည် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများရှိ ထိပ်တန်းဆေးပညာ ဂိုဏ်းတစ်ဂိုဏ်း၏ အဓိကဆက်ခံသူ ဖြစ်ခဲ့သည်။

သူသည် ဂိုဏ်း၏တားမြစ်ချက်ကို ချိုးဖောက်ခဲ့သောကြောင့် ဂိုဏ်းမှစေလွှတ်လိုက်သော လူများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရလေ၏။

နောက်ဆုံးတွင် သူသည် ပြန်လည်တည်ထောင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကောင်းကင်ဘုံ တာအိုနယ်မြေသို့ ပုန်းအောင်းရန် ဖိအားပေးခံခဲ့ရသည်။

နောက်ပိုင်းတွင် သူသည် ယခင်ဘဝက တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်နှာသာပေးမှုကို ခံခဲ့ရပြီး သူ၏ရှောင်ယောင်မဟာမိတ်အဖွဲ့ သို့ ခေါ်ယူခြင်းခံခဲ့ရ၏။

သူ၏ ထူးချွန်သောဆေးပညာပါရမီက တုန်လှုပ်ချောက်ချား အင်မော်တယ်၏ အဆုံးမဲ့ချီးကျူးမှုများကို ရရှိခဲ့သည်။ ထို့ထက်ပို၍ အရေးကြီးသည်မှာ ကောင်းကင်ဆေးဂိုဏ်းသည် စိတ်ဝိညာဉ်ပစ္စည်းများနှင့် အဖိုးတန်ဆေးဝါးများကို ပြုစုပျိုးထောင်ရာတွင် အလွန်ကျွမ်းကျင်ကြခြင်းပင်။

ထိုဂိုဏ်း၏ အထွတ်အထိပ်အချိန်တွင် ကောင်းကင်ဘုံ တာအိုနယ်မြေရှိ စိတ်ဝိညာဉ် ဆေးပင်များနှင့် အဖိုးတန်ဆေးဝါးများ၏ ကိုးဆယ်ရာခိုင်နှုန်းကို ကောင်းကင်ဆေးဂိုဏ်းက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ ထိုလူသာ ကောင်းကင်အရှင်၏ဆက်ခံသူဖြစ်ပါက သူ သွားရောက်ရန် သဘောတူနိုင်သည်။

"ဆေးပညာ ပါရမီအကြောင်း ပြောရရင်... မဟာယင် သူတော်စင်ရုပ်ခန္ဓာကိုယ်ရှိတဲ့ ငါ့ရဲ့စေ့စပ်ထားသူကို သတိရစေတယ်... သူက ကျင့်ကြံခြင်း မီးပြင်းဖိုရုပ်ခန္ဓာကိုယ် ဖြစ်ရုံတင်မကဘူး အရမ်းကောင်းမွန်တဲ့ ဆေးပညာရုပ်ခန္ဓာကိုယ် တစ်ခုလည်း ဖြစ်တယ်..."

"တကယ်လို့ သူသာ ငါ့ဘေးမှာ လိမ္မာရေးခြားရှိရှိ နေပြီး ငါ့အပေါ် သစ္စာရှိခဲ့မယ်ဆိုရင် ငါက သူကို ရှေးဟောင်း ဆေးညွှန်းတချို့ကိုတောင် ချီးမြှင့်နိုင်ခဲ့မှာပဲ..."

တုန်လှုပ်ချောက်ချား အင်မော်တယ်က သူ၏ စိတ်နှလုံးသားထဲတွင် လှောင်ပြောင်လိုက်၏။

"ကံမကောင်းစွာနဲ့ ဒီခွေးမက အဲ့ဒီကောင် ခုံးဝူတောက်နဲ့ သွားပြီးပတ်သက်နေခဲ့တယ်..."

"အခုဆိုရင် ငါ့ရဲ့ တက်လမ်းက တားဆီးလို့ မရတော့ဘူး..."

"နောက်ကျရင် မင်းရဲ့ နောင်တရနေတဲ့ မျက်နှာအမူအရာကို မြင်ရဖို့ ငါ မျှော်လင့်နေတယ်..."

သူ၏နှလုံးသားထဲတွင် အေးစက်စွာ လှောင်ပြောင်ပြီးနောက် တုန်လှုပ်ချောက်ချား အင်မော်တယ်က အောက်ဘက်ရှိ လူကို ထပ်မံ၍ ညွှန်ကြားလိုက်၏။

"ငါ့အတွက် သင်္ဘောပျံတစ်စင်း ပြင်ဆင်ထား... နောက်ရက်နည်းနည်းလောက်နေရင် ကောင်းကင်ဆေးဂိုဏ်းဆီကို ငါ သွားမယ်..."

"ဟုတ်ကဲ့ပါ... အရှင့်အတွက် အဲ့ဒါကို ပြင်ဆင်ဖို့ လူတစ်ယောက်ကို ချက်ချင်းစီစဉ်ပေးပါ့မယ်..."

ပေယန်မြို့စားက လက်ပူးဆုပ်ကာ ထပ်ပြောလိုက်၏။

"အော်... စကားမစပ်... အင်မော်တယ်သခင်... အရှင်က အရင်က တခြားတာအိုနယ်မြေတွေက ပါရမီရှင်တချို့နဲ့ ဆက်သွယ်ဖို့ ကျွန်တော်တို့ကို ညွှန်ကြားခဲ့တယ်လေ..."

"အရှင်ရဲ့လက်အောက်ငယ်သားက အချိန်လေဟာနယ် တားမြစ်နယ်မြေက နတ်ဘုရားသားတော် ခုံးဝူတောက်က အရမ်းကောင်းမွန်တဲ့ ကိုယ်စားလှယ်လောင်းတစ်ယောက်လို့ ကျွန်တော် ယုံကြည်တယ်..."

"အသင်္ချေသူတော်စင်မြို့က ကြီးမားတဲ့ တိုက်ပွဲမှာ နတ်ဘုရားသားတော် ခုံးဝူတောက်က နတ်ဘုရားသားတော် ယန်ရန်ကို လွှမ်းမိုးနိုင်တဲ့ ဟန်ပန်နဲ့ တိုက်ရိုက်အနိုင်ယူခဲ့တယ်..... နတ်ဘုရားသားတော် ယန်ရန်က သူ့ရဲ့လက်ထဲမှာ တိုက်ခိုက်မှုတစ်ခုကိုတောင် တောင့်မခံနိုင်ခဲ့ဘူးလို့ ကျွန်တော် ကြားတယ်..."

ပေယန် မြို့စားက စိတ်ခံစားမှုအပြည့်ဖြင့် ပြောလိုက်၏။

"ဒီနတ်ဘုရားသားတော်ရဲ့ခွန်အားက အရမ်း အားကောင်းလွန်းပြီးတော့ သူနဲ့ သက်တူရွယ်တူတွေထက် အများကြီး သာလွန်တယ်လို့ လူတွေက ပြောနေကြတယ်..."

"တကယ်လို့ ကျွန်တော်တို့က သူနဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို ရရှိနိုင်မယ်ဆိုရင် အဲ့ဒါက သေချာပေါက်..."

သို့သော် သူ၏ စကားများကို ရုတ်တရက် ဒေါသတကြီး အော်ဟစ်သံတစ်ခုက ကြားဖြတ်လိုက်၏။

"မင်း ဘယ်လောက်တောင် ရဲတင်းလိုက်လဲ..."

"ငါ့ရဲ့ရှောင်ယောင် မဟာမိတ်အဖွဲ့က ရှင်သန်ဖို့အတွက် ခုံးဝူတောက်ကို အားကိုးဖို့ လိုအပ်တယ်လို့ မင်း ဆိုလိုချင်တာလား..."

ပေယန် မြို့စား၏မျက်နှာ အလွန်အမင်း ​ပျက်ယွင်းသွားသည်။ အမြင့်ဆုံးနေရာတွင် ထိုင်နေသော တုန်လှုပ်ချောက်ချားအင်မော်တယ် သည် မည်သည့်အချိန်ကမှန်း မသိဘဲ မှောင်မိုက်သော တိမ်တိုက်တစ်ခုကဲ့သို့ မှုန်ကုပ်သွားကြောင်း သူ ရုတ်တရက် သတိပြုမိလိုက်၏။

"အင်မော်တယ် သခင်... ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပါ..." ပေယန် မြို့စားက အလျင်အမြန် ဦးညွှတ်ကာ အသနားခံလိုက်သည်။

မည်သည့်အရာ ဖြစ်ပျက်ခဲ့မှန်း သူ မသိသော်လည်း သူ၏အမြင်အရ တုန်လှုပ်ချောက်ချား အင်မော်တယ် သည် သူ့ကို နက်ရှိုင်းပြီး နားလည်ရခက်သော ခံစားချက်တစ်ခု အမြဲတမ်း ပေးစွမ်းခဲ့သည်။ ထိုကြောင့် သူ၏ သီးခြားစိတ်ခံစားမှုများကို ခန့်မှန်းရန် ခက်ခဲလှသည်။ သို့ရာတွင် အကြောင်းပြချက် တစ်ခုခုကြောင့် သူ ခုံးဝူတောက်အကြောင်းကို ပြောပြီးနောက် တစ်ဖက်လူက ဤမျှထိ ပြင်းထန်စွာ တုံ့ပြန်လာခဲ့သည်။

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် သူ၏ နှလုံးသားထဲရှိ စိတ်ခံစားမှုများကို ဖိနှိပ်ထားသော်လည်း သူ၏မျက်လုံးများတွင် တလိမ့်လိမ့်ထနေသောဒေါသနှင့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် လှိုင်းထနေဆဲပင်။

ခုံးဝူတောက်က နတ်ဘုရားသားတော်ယန်ရန်ကို သတ်ဖြတ်ခဲ့ပြီး ရွှေကျီးကန်းနတ်ဘုရားတောင် မှ လူအားလုံးကို အမြစ်ပြတ်သတ်ပစ်ခဲ့ခြင်း အကြောင်းကို သူ သဘာဝကျကျ သိထားသည်။ ရလဒ်သည် သူ ခန့်မှန်းထားသကဲ့သို့ပင် ဖြစ်သော်လည်း ခုံးဝူတောက်သည် နောက်ဆုံး အောင်ပွဲကို ရရှိခဲ့ပေ၏။

သို့ရာတွင် ကိစ္စ၏ ဖြစ်စဉ်သည် သူ၏ မျှော်လင့်ချက်များထက် များစွာသာလွန်နေခဲ့သည်။ သူသည် ခုံးဝူတောက်ကို အထင်ကြီးလွန်းနေသည်ဟု မူလက သူ တွေးထင်ခဲ့သည်။

သို့သော် ယခု ကြည့်ရသည်မှာ သူ၏ ဆိုလိုရင်းဖြစ်သော အထင်ကြီးလွန်းခြင်း ဆိုသည်မှာ ခုံးဝူတောက်ကို ကြီးမားစွာ အထင်သေးခြင်းသာ ဖြစ်နေဆဲပင်။ ဤအရာက တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ကြောက်ရွံ့မှုနှင့် ကြီးမားသော ဖိအား နှစ်ခုလုံးကို ခံစားရစေခဲ့သည်။

ထို့ကြောင့် အကယ်၍ သူက နောက်တစ်ကြိမ် တက်လှမ်းချင်ပြီး ကောင်းကင်ဘုံတာအိုနယ်မြေ တွင်သာမက ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများအားလုံးတွင်လည်း ကောင်းကင်ကံကြမ္မာ ဒဏ္ဍာရီ တစ်ခု ဖြစ်လာချင်မည်ဆိုပါက ပထမဆုံးနှင့် အရေးအကြီးဆုံးအနေဖြင့် ဤအတားအဆီး ဖြစ်သော ခုံးဝူတောက်ကို သူ ဖယ်ရှားရပေမည်။

"ခုံးဝူတောက်က ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုပဲ... ငါ ဆက်ပြီး အချိန်ဆွဲလို့ မရတော့ဘူး..."

"ကောင်းကင်လမ်းကြောင်း အစ်မနဲ့ ငါ အမြန်ဆုံး အောင်အောင်မြင်မြင် ဆက်သွယ်နိုင်မှ ဖြစ်မယ်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်လုံးများ တောက်ပသွားပေ၏။ ခုံးဝူတောက်ကို ယှဉ်ပြိုင်ရန်အတွက် ရှောင်ယောင်မဟာမိတ်အဖွဲ့ကိုသာ အားကိုးခြင်းက သေချာပေါက် လုံလောက်မည် မဟုတ်ချေ။ ကောင်းကင်ဘုံ တာအိုနယ်မြေ၏ ကောင်းကင်တာအို၏ အကူအညီကို သူ ရယူရပေမည်။

..........

တခြားတစ်ဖက်တွင်....

ခုံးဝူတောက်က သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ သူ့မျက်လုံးသူငယ်အိမ်များ၏ အနက်ရှိုင်းဆုံးနေရာမှ နတ်ဘုရားအလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

"ကောင်းကင်ဆေးဂိုဏ်းလား..."

ခုံးဝူတောက်က သူ၏မေးစေ့ကို ပွတ်သပ်လိုက်ပြီး သူ၏ မျက်လုံးများတွင် ကျီစယ်ဆော့ကစားလိုသည့် အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

"ဒါက သေချာပေါက် အမှိုက် ဂိုဏ်းတစ်ခု ဖြစ်ပေမယ့်လည်း အပေါ်ယံမှာ မြင်နေရသလိုမျိုး ရိုးရှင်းနေမှာတော့ မဟုတ်ဘူး..."

မည်သို့ပင်ဆိုစေကာမူ ဤရက်အနည်းငယ်အတွင်း တုန်လှုပ်ချောက်ချား အင်မော်တယ်၏ "နဂါးဘုရင် ဘဝ" ကို သူ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

သူ သွားလေရာတိုင်းတွင် အခြေအနေများ ပြောင်းလဲသွားပြီး ပါးရိုက်ခံရသည့် မြင်ကွင်းများသာ ဖြစ်ပေ၏။

လှပသော အမျိုးသမီးများသည် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မောင်းမဆောင်အဖွဲ့ဝင်များ ဖြစ်လာကြ၏။

ရှေးဟောင်း အင်အားစုများမှာ တုန်လှုပ်ချောက်ချားအင်မော်တယ်၏ ကျောထောက်နောက်ခံများ ဖြစ်လာသည်။

တုန်လှုပ်ချောက်ချား အင်မော်တယ်၏ အဆင့်အတန်းကို သိသော မည်သူမဆို သူတို့၏ စိတ်များ လွတ်သွားသကဲ့သို့ ပြုမူကြပြီး သူ့ထံသို့ အညံ့ခံလိုက်ကြသည်။

ဤကောင်းကင်ဆေးဂိုဏ်းသည် အမှန်တကယ်ကို လေကောင်းလေသန့်တစ်ရှိုက်ကဲ့သို့ တွေးထင်ရပေ၏။ ဤသည်က "နဂါးဘုရင်" တုန်လှုပ်ချောက်ချား အင်မော်တယ်ကို သူကိုယ်တိုင်ကိုယ်ကျ သွားရောက်စေခဲ့သည် မဟုတ်လော။ တစ်ဖက်လူ၏ အဆင့်အတန်းကို ထပ်မံ၍ အတည်ပြုပြီးနောက်မှသာ သူတို့က အညံ့ခံပေမည်။

ထို့ထက်ပို၍အရေးကြီးသည်မှာ နဂါးဘုရင် ဝင်ပူးထားသကဲ့သို့ ဖြစ်နေသော တုန်လှုပ်ချောက်ချား အင်မော်တယ်က အမှန်တကယ် သဘောတူခဲ့ခြင်းပင်။ ဤအရာက ခုံးဝူတောက်၏ စိတ်ဝင်စားမှုကို အနည်းငယ် နှိုးဆွသွားစေခဲ့သည်။

ဤသည်က အခွင့်အရေးတစ်ခုဟုတ်သည် ဖြစ်စေ မဖြစ်စေ အရေးမကြီးချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် တခြားသူများ၏ အခွင့်အရေး များကို လုယူခြင်း... မဟုတ်သေး... ရယူခြင်းကို နှစ်သက်သည် မဟုတ်လော။

အခန်း (၁၂၈) အထူးဆုလာဘ်တွေလား... အထူး ခံစားချက်တွေ ရှိနေတာက ရှက်စရာ မဟုတ်ဘူး

"အချိန်ကိုက်ပဲ... ကျန်ယွဲ့နဲ့ တခြားသူတွေအကြောင်း သတင်းအချက်အလက်တွေကို အများကြီး စုဆောင်းပြီးပြီ..."

"နောက်တစ်ဆင့်အနေနဲ့ လာမယ့် အစီအစဉ်တွေအတွက် ပြင်ဆင်ဖို့ အချိန်ကျပြီ..."

မည်သို့ပင်ဆိုစေကာမူ တခြားတာအိုနယ်မြေ များမှ ပါရမီရှင်အများအပြားသည် ကောင်းကင်ဘုံ တာအိုနယ်မြေ သို့ ဝင်ရောက်လာခဲ့ကြလေပြီ။ ရွှေကျီးကန်းနတ်ဘုရားတောင်ထက် မနိမ့်ကျသော အင်မော်တယ် တာအိုအမွေအနှစ်မြေများလည်း အများအပြား ရှိနေပေ၏။

သူလည်း သွားကြည့်ရန် လိုအပ်သည်။ ထိုလူများအကြားတွင် ကောင်းကင်ကံကြမ္မာပိုင်ရှင် သို့မဟုတ် ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး တစ်ယောက်များ ပုန်းအောင်းနေခြင်းရှိမရှိကို သူ တွေးတောနေမိသည်။

ဆုံးဖြတ်ချက်ချပြီးနောက် ခုံးဝူတောက်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ အုပ်စုကို ဦးဆောင်ကာ အသင်္ချေသူတော်စင်မြို့သို့ ထွက်ခွာရန် ဟန်ပြင်လိုက်၏။ သူက နာလန်ချိုးရန်ကိုလည်း ခေါ်ဆောင်လာခဲ့သည်။

သူမ၏ပါရမီသည် လက်ခံနိုင်စရာ ရှိနေဆဲဖြစ်ပြီး နာလန်မိသားစုတွင်လည်း သူ၏အချိန်လေဟာနယ် တားမြစ်နယ်မြေနှင့် အဆက်အသွယ်တချို့ ရှိနေသည်။ ဤအခွင့်အရေးကိုယူကာ ဤမိသားစုအပေါ် မျက်နှာသာ အနည်းငယ် ပေးရမည်ကို သူ စိတ်မပူခဲ့ချေ။

အရေးအကြီးဆုံး အကြောင်းရင်းမှာ နာလန်ချိုးရန်သည် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ စေ့စပ်ထားသူ ဖြစ်နေခြင်းပင်။ သူမကို ခေါ်ဆောင်လာခြင်းက နောက်ပိုင်းတွင် တုန်လှုပ်ချောက်ချား အင်မော်တယ် ထံမှ 'သိုးမွေးများ ပို၍ညှပ်ယူရန်' လည်း သူ့ကို ခွင့်ပြုပေးပေမည်။

........

အသင်္ချေသူတော်စင်မြို့၏ အပြင်ဘက်၌....

ပေတစ်ရာနီးပါး အရွယ်အစားရှိပြီး သေသပ်လှပစွာ ဖန်တီးထားကာ မျက်နှာပြင်ပေါ်တွင် အလင်းတန်းများ စီးဆင်းကာ တလက်လက် တောက်ပနေသည့် ခမ်းနားကြီးကျယ်သော အင်မော်တယ်သင်္ဘောတစ်စင်းသည် အပြင်ဘက်တွင် လွင့်မျောနေပေ၏။

ထိုအင်မော်တယ် သင်္ဘောသည် အလွန်ကြီးမားလှပြီး နန်းတော်များနှင့်ခန်းမဆောင်များ မရေမတွက်နိုင်အောင် ထွင်းထုထားရုံသာမက စိတ်ဝိညာဉ်အပင်များနှင့် အဖိုးတန်ဆေးပင်များ အမြောက်အများကိုလည်း စိုက်ပျိုးထားသည်။ တစ်ချက်ကြည့်လိုက်လျှင် ထိုအရာသည် လွင့်မျောနေသော ဧရာမ အိပ်ဆောင်နန်းတော်တစ်ခုနှင့် တူညီနေသည်။

ဤခမ်းနားကြီးကျယ်သော အင်မော်တယ် သင်္ဘောသည် ယခင်က နတ်ဘုရားသားတော် ယန်ရန်၏ စီးတော်ယာဉ် ဖြစ်ခဲ့သည်။ နတ်ဘုရားသားတော် ယန်ရန်ကို ဖိနှိပ်သတ်ဖြတ်ပြီးနောက် ဤအရာသည် သဘာဝကျကျပင် ခုံးဝူတောက်၏ လက်ထဲသို့ ကျရောက်သွားခဲ့၏။

သို့သော် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းမှာပင် ထိုအရာကို ပြန်လည်သန့်စင်ခဲ့ပြီးနောက် အင်မော်တယ်သင်္ဘောပေါ်ရှိ ယောင်မျိုးနွယ် အရှိန်အဝါသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့လေပြီ။

ဝုန်း...

ခုံးဝူတောက်တို့အားလုံး အင်မော်တယ် သင်္ဘောပေါ်သို့ တက်ရောက်သွားပြီးနောက် ဧရာမအင်မော်တယ်သင်္ဘောသည် တုန်ခါသွားပြီး တောက်ပသော နတ်ဘုရားအလင်းတန်း များကို ထုတ်လွှတ်ကာ လေထုကို အလျင်အမြန် ထိုးဖောက်သွားပြီး မိုးကုတ်စက်ဝိုင်းဆီသို့ ဦးတည်သွားတော့သည်။

အင်မော်တယ် သင်္ဘောသည် လူတိုင်း၏အမြင်အာရုံမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်အထိ အစစ်အမှန်ပုဂ္ဂိုလ်ထျန်ယွီက အင်မော်တယ်သင်္ဘောရှိရာအရပ်ဆီသို့ ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် လေးစားအားကျမှုများဖြင့် ပြည့်နှက်နေသည်။

"မင်းတို့ရဲ့ နာလန်မိသားစုက ပြန်ပြီးတိုးတက်လာတော့မယ်..."

"နတ်ဘုရားသားတော် ခုံးဝူတောက်က နာလန်ချိုးရန်ကို သင်ပြပေးဖို့ ရည်ရွယ်ထားတာ ငါ မြင်တယ်..."

"မုဟောက်လို သားရဲတစ်ကောင်ကို မွေးထုတ်ပေးခဲ့တဲ့ ငါ့ရဲ့ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်နဲ့တော့ မတူဘူး..."

ဤအကြောင်းကို ပြောရမည်ဆိုလျှင် အစစ်အမှန်ပုဂ္ဂိုလ်ထျန်ယွီသည်လည်း အလွန်အမင်း ဒေါသထွက်နေပေ၏။ သူ အမှန်တကယ်ကို နားမလည်နိုင်ခဲ့ချေ။ သူတို့၏ ကျောင်းတော်တွင် အမြဲတစေ အောက်ဆုံးအဆင့်တွင် ရှိနေသော အသုံးမကျသည့်သူ တစ်ယောက်က သူ၏ ခွန်အားကို မည်သည်ကြောင့် ရုတ်တရက် ဤမျှအထိ မြှင့်တင်နိုင်ခဲ့သနည်း။

သူတို့ကို ပို၍ပင် စိတ်ရှုပ်ထွေးသွားစေခဲ့သည့်အရာမှာ ဤရက်အနည်းငယ်အတွင်း မုဟောက်၏ တည်နေရာကို သူတို့ ရှာဖွေနေခဲ့သော်လည်း မည်သည့်အရာကိုမျှ လုံးလုံးလျားလျား မတွေ့ခဲ့ရခြင်းပင်။

"ဒီကိစ္စက နတ်ဘုရားသားတော် ခုံးဝူတောက်ရဲ့ ကြီးမားတဲ့ ကရုဏာကြောင့်ပါ..."

နာလန်မိသားစု ဘိုးဘေးက သူ၏မုတ်ဆိတ်ကို ပွတ်သပ်ကာ ပြုံးလိုက်၏။

"နတ်ဘုရားသားတော် ခုံးဝူတောက်နဲ့ တွေ့ခွင့်ရတာက ဒီဘိုးဘေးနဲ့ ငါ့ရဲ့ နာလန်မိသားစု အတွက် အကြီးမားဆုံး ကံကောင်းမှုပဲ..."

နာလန်မိသားစုဘိုးဘေးကလည်း အစောပိုင်းက အလွန်ပျာယာခတ်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ မုဟောက်နှင့် နာလန်ချိုးရန်တို့သည် စေ့စပ်ထားသူများ ဖြစ်ကြ၏။ ဤသည်က မုဟောက်သည် သူတို့၏ နာလန်မိသားစုနှင့် သွယ်ဝိုက်သော နည်းလမ်းဖြင့် ဆက်စပ်နေသည်ဟု ယူဆရသည်။

ကံကောင်းထောက်မစွာဖြင့် နတ်ဘုရားသားတော် ခုံးဝူတောက်သည် သဘောထားကြီးပြီး မုဟောက်အပေါ် သူ၏ဒေါသကို သူတို့အပေါ် မပုံချခဲ့ချေ။ သူတို့၏ နာလန်မိသားစုသည်လည်း မကြာသေးမီက မုဟောက်၏ တည်နေရာကို စတင်စုံစမ်းစစ်ဆေးနေလေပြီ။ သူတို့၏ နတ်ဘုရားသားတော်ကို စော်ကားရဲခြင်းက သေဒဏ်ခံယူထိုက်သော ရာဇဝတ်မှုတစ်ခုပင်။

.........

အင်မော်တယ် သင်္ဘောပေါ်တွင်...

ခုံးဝူတောက်သည် ပင်မခန်းမကြီး၏ ခေါင်းဆောင်နေရာတွင် ထိုင်နေလေ၏။ ဝူထျန်၊ မုချင်းလီနှင့် အခြား အစေခံများသည် အောက်ဘက်တွင် ရိုသေလေးစားစွာ စောင့်ဆိုင်းနေကြသည်။

"နတ်ဘုရားသားတော်အရှင်... ဒီရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ကို ပေးအပ်ထားတဲ့ တာဝန်တွေအားလုံး ပြီးစီးပါပြီ..."

လူအနည်းငယ်က သိုလှောင်လက်စွပ်တချို့ကို ရိုသေလေးစားစွာ ထုတ်ယူကာ ခုံးဝူတောက်ထံ ဆက်သလိုက်ကြသည်။

"ဒါက ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ သတ်ခဲ့တဲ့ တာအိုနန်းတော်နယ်ပယ် အဆင့်ကိုး ယောင်သားရဲ ဆယ်ကောင်ပါ... ကျေးဇူးပြုပြီး စစ်ဆေးပေးပါ နတ်ဘုရားသားတော်အရှင်..."

ဤလူများသည် အချိန်လေဟာနယ် တားမြစ်နယ်မြေ အတွက် ခုံးဝူတောက် ရှာတွေ့ခဲ့သော ပို၍ကောင်းမွန်သည့် ကိုယ်စားလှယ်လောင်းတချို့ပင်။ သူတို့၏ ခွန်အားကို ပိုမိုကောင်းမွန်စွာ မြှင့်တင်ရန်အလို့ငှာ ခုံးဝူတောက်သည် သူတို့ကို သင့်တော်သော ကျင့်စဉ်များ ချီးမြှင့်နေစဉ် သူတို့၏နယ်ပယ်ထက် ကျော်လွန်သော ယောင်သားရဲများကို သတ်ဖြတ်ရန် တာဝန်ကိုလည်း ပေးအပ်ခဲ့သည်။

သူ၏ နတ်ဘုရားစိတ်အာရုံ ဖြင့် သေချာစွာ စစ်ဆေးပြီးနောက် ခုံးဝူတောက်က ခေါင်းညိတ်ပြလိုက်၏။

"ကောင်းကောင်း လုပ်နိုင်ခဲ့တယ်..."

"အရင်က ရွှေကျီးကန်းနတ်ဘုရားတောင်က လူတွေနဲ့ တိုက်ခိုက်တဲ့အချိန်မှာ မင်းတို့လည်း ပါဝင်ကူညီခဲ့တယ်..."

"ဒီအရာတွေက မင်းတို့ရဲ့ ဆုလာဘ်တွေပဲ..."

ခုံးဝူတောက်က သူ၏လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ သိုလှောင်အိတ်တချို့က သူတို့၏ လက်ထဲသို့ ကျဆင်းလာခဲ့သည်။

သိုလှောင်အိတ်များမှ ထွက်ပေါ်လာသော ကြွယ်ဝသည့် စိတ်ဝိညာဉ်ချီများကို ခံစားလိုက်ရသောအခါ သူတို့အားလုံး အလွန် ဝမ်းသာသွားကြ၏။ သူတို့သည် ယခင်က ကောင်းကင်ဘုံ တာအိုနယ်မြေရှိ ထိပ်တန်းအင်အားစုများ၏ ဆက်ခံသူများ ဖြစ်ခဲ့ကြသော်လည်း သူတို့၏ တသက်တာလုံးတွင် ဤမျှထိများပြားပြီး တန်ဖိုးကြီးသော ကျင့်ကြံခြင်း အရင်းအမြစ်များကို သူတို့ မြင်ဖူးခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင်။

သူတို့သည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အစေခံများ ဖြစ်လာခဲ့သည်မှာ အချိန်အနည်းငယ်သာ ရှိသေးသော်လည်း ဤမျှများပြားသော အကျိုးကျေးဇူးများကို ရရှိနေကြလေပြီ။ ဤအရာက သူတို့ကို ပျော်ရွှင်စေပြီး တစ်ချိန်တည်းမှာပင် အချိန်လေဟာနယ် တားမြစ်နယ်မြေနှင့် ခုံးဝူတောက်အပေါ် သူတို့၏သစ္စာရှိမှုကို ပိုမိုနက်ရှိုင်းလာစေခဲ့သည်။

"ကောင်းပြီ... အခု မင်းတို့ ဆက်ပြီး ကျင့်ကြံလို့ ရပြီ..."

"နာလန်ချိုးရန်... မင်း နေခဲ့... ဒီနတ်ဘုရားသားတော်က မင်းနဲ့ ကိစ္စတစ်ခုအကြောင်း သီးသန့် စကားပြောချင်တယ်..."

"ဟုတ်ကဲ့ပါ..."

လူအများက ကျေးဇူးတင်စကားပြောဆိုကာ ဦးညွှတ်ပြီး ပင်မခန်းမကြီးထဲမှ အသီးသီး ထွက်ခွာသွားကြတော့သည်။

နန်းတော် တံခါးများ ပိတ်သွားပြီးနောက် ဝူထျန်က တံခါးနှင့် မဝေးလှသော နေရာတွင် ရပ်နေပြီး ထွက်သွားရန် ဝန်လေးနေသော မုချင်းလီကို ကြည့်ကာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသလို မခံစားဘဲ မနေနိုင်တော့ချေ။

"မုချင်းလီ... မင်း အခန်းထဲ မပြန်ဘူးလား... ဘာလို့ ဒီမှာ ရပ်နေတာလဲ..."

မုချင်းလီက ပြန်မဖြေဘဲ မတရားခံရသော သားရဲလေးတစ်ကောင်ကဲ့သို့ ဖြစ်နေပေ၏။

"ဘာလို့ နတ်ဘုရားသားတော်အရှင်က နာလန်ချိုးရန်ကိုပဲ ထားခဲ့တာလဲ... အရှင်က သူ့ကို အထူးဆုလာဘ်တစ်ခု ပေးမလို့လား..."

"ဒါပေမယ့် ငါက တာအိုနန်းတော်နယ်ပယ် အဆင့်ကိုး ယောင်သားရဲဆယ်ကောင်ကို အမဲလိုက်ခဲ့ရုံတင်မကဘူး...ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ယောင်သားရဲ လေးကောင်ကိုလည်း အမဲလိုက်ခဲ့တာလေ..."

"ဘာလို့ နတ်ဘုရားသားတော်အရှင်က ငါ့ကို ခေါ်မထားခဲ့တာလဲ... ဘာလို့ ငါ့ကို အထူးဆုလာဘ် တစ်ခု မပေးတာလဲ... ငါ လုပ်တာ မလုံလောက်သေးလို့လား..."

"မုချင်းလီ... မင်း..."

ဝူထျန်သည်လည်း သူမ၏ စွဲလမ်းနေသော အသွင်အပြင်ကြောင့် အံ့အားသင့်သွားပေ၏။

သူ၏အမြင်အရ မုချင်းလီသည် အမြဲတစေ အေးစက်ပြီး ကျော့ရှင်းသော အမျိုးအစားရှိသည့် အမျိုးသမီးတစ်ဦးပင်။ မည်သည်ကြောင့် ယခုချိန်၌ သူမသည် သူ့ကို ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်မျိုး ပေးနေရသနည်း။ သို့သော် ထိုသို့ဖြစ်သည့်တိုင် သူသည် မုချင်းလီအပေါ် စာနာစိတ်တစ်ခုကို ခံစားလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အစေခံတစ်ဦး ဖြစ်လာကတည်းက ဝူထျန်သည် သူ၏ယခင် ခါးသီးသော ကျင့်ကြံခြင်းထက် အကျိုးကျေးဇူးများ ပို၍ရရှိခဲ့သည်ဟု ခံစားမိပေ၏။

ရက်အနည်းငယ်လေး အတွင်းမှာပင် သူ၏ ခွန်အားသည် သိသိသာသာ တိုးတက်လာခဲ့ရုံသာမက သူ၏တာအိုနန်းတော်နယ်ပယ် ကျင့်ကြံခြင်းဖြင့် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ယောင်သားရဲတချို့ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။ ထိုကဲ့သို့ အောင်မြင်မှုများဖြင့် သူသည် ကောင်းကင်ဘုံတာအိုနယ်မြေတွင် အနည်းငယ် နာမည်ကြီးလာခဲ့လေပြီ။

သူ့ကို အဆုံးမရှိသော အလားအလာများ ရှိသည်ဟု မရေမတွက်နိုင်သော လူများကပင် ခေါ်ဆိုကြပြီး အနာဂတ်တွင် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ၌ မဟာကျွမ်းကျင်သူတစ်ဦး သေချာပေါက် ဖြစ်လာလိမ့်မည်ဟု ဆိုကြ၏။

သူ၏ဖခင်ကပင် မိသားစု ဆွေစဉ်မျိုးဆက် စာအုပ်၏ ပထမဆုံးစာမျက်နှာတွင် သူ၏ နာမည်ကို ရေးထည့်လိုကြောင်း ကိုယ်တိုင်ကိုယ်ကျ အကြောင်းကြားခဲ့သည် မဟုတ်လော။

ဤအရာက ဝူထျန်ကို အရူးအမူး ဝမ်းသာပျော်ရွှင်စေခဲ့ပြီး တစ်ချိန်တည်းမှာပင် ခုံးဝူတောက်ကို ပို၍ပင် ကျေးဇူးတင်မိခဲ့သည်။ အကယ်၍ ခုံးဝူတောက်ကသာ သူ့ကို ဤကဲ့သို့ အခွင့်အရေးမျိုး မပေးခဲ့လျှင် ဤအရာကို သူ အမှန်တကယ် စိတ်ကူးယဉ်ရဲမည်ပင် မဟုတ်ချေ။

ဤသည်က အတိတ်က အရာတစ်ခု ဖြစ်နေလေပြီ။

ယခုအချိန်၌ သူသည် ခုံးဝူတောက်၏လူအဖြစ် အသက်ရှင်ပြီး ခုံးဝူတောက်၏သရဲတစ္ဆေ အဖြစ် သေဆုံးပေမည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ခုံးဝူတောက်ကို လုံးဝစွန့်ခွာမည် မဟုတ်ချေ။

ဝူထျန်က ရှေ့သို့လျှောက်လှမ်းသွားပြီး မုချင်းလီ၏ပခုံးကို ပုတ်လိုက်သည်။ သူက စာနာတတ်သောလေသံဖြင့် ပြောဆိုလိုက်၏။

"မင်း ဘယ်လို ခံစားနေရလဲဆိုတာ ငါ သိတယ်..."

"ဘယ်လိုပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ငါလည်း တာဝန်တွေကို အလွန်အကျွံ လုပ်ဆောင်ခဲ့ပြီးတော့ နတ်ဘုရားသားတော် ခုံးဝူတောက်ဆီကနေ ချီးကျူးမှုတွေ ပိုရဖို့ အစက လိုချင်ခဲ့တာ..."

"ငါ သိတယ်... မင်းနဲ့ ငါက လူအမျိုးအစားတစ်မျိုးတည်းပဲ... ငါတို့နှစ်ယောက်လုံးက နတ်ဘုရားသားတော်ကို ကျေးဇူးတင်ရုံတင်မကဘူး သူ့အပေါ် အထူးခံစားချက်တွေလည်း ရှိနေကြတယ်..."

"ဒါပေမယ့် အနာဂတ်မှာ ငါတို့အတွက် အခွင့်အရေးတွေ အများကြီး ရှိလာအုံးမှာပါ... ပြီးတော့..."

သို့သော် ဝူထျန်သည် သူ၏စကားများကို ပြောဆို၍ မဆုံးမီမှာပင် ပြတ်သားသော ပါးရိုက်ချက်တစ်ခုက သူ၏မျက်နှာပေါ်သို့ ကျရောက်လာသည်။

"ဟမ့်... နတ်ဘုရားသားတော် ခုံးဝူတောက် အပေါ် ငါ့ရဲ့လေးစားအားကျမှုကို နင်က ထပ်ပြီး ရွံရှာအောင်မလုပ်ဖို့ ငါ အကြံပေးချင်တယ်..."

ထိုသို့ပြောပြီးနောက် မုချင်းလီက ဒေါသတကြီး ခြေဆောင့်ကာ ထွက်ခွာသွားတော့သည်။

သူမ၏စိတ်နှလုံးသားသားထဲတွင် ဆုံးဖြတ်ချက် တစ်ခုကို သူမ ချမှတ်ပြီးဖြစ်သည်။

သူမ၏ စွမ်းဆောင်ရည်က နတ်ဘုရားသားတော် ခုံးဝူတောက်ကို မကျေနပ်စေသောကြောင့် ဖြစ်ပေမည်။ ထို့ကြောင့် သူမသည် ထို "အထူးဆုလာဘ်" ကို မရခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သူမ ပို၍ကြိုးစားရမည်ဖြစ်ပြီး နတ်ဘုရားသားတော် ခုံးဝူတောက်ထံမှ အသိအမှတ်ပြုမှုများ ပိုရလာအောင် ကြိုးစားရပေမည်။

ဝူထျန်က သူ၏ပါးပြင်ကို အုပ်ကာ ဒေါသတကြီး ထွက်သွားသော မုချင်းလီ၏ကျောပြင်ကို ကြက်သေသေစွာ ကြည့်နေခဲ့သည်။

ဒီအမျိုးသမီး ရူးနေတာလား...

နတ်ဘုရားသားတော်အပေါ် အထူးခံစားချက်များ ရှိနေသည်ဟု ရဲရဲဝံ့ဝံ့ ဝန်ခံရခြင်းက ဤမျှထိ ရှက်စရာ ကောင်းနေပါလော....

ယောကျ်ားကြီးတစ်ယောက်ဖြစ်သော သူပင်လျှင် မရှက်ခဲ့ပေ။

All Chapters