← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

Chapter 141+142

~

အခန်း ၁၄၁+၁၄၂ : ထွက်ခွာခြင်းနှင့် စွန့်အသွားစေသော ရမှတ်

~

​ဝုန်း....

​တောင်တန်းတစ်ခုလုံး တုန်ခါသွားသည့် ပြင်းထန်သော မြေလှုပ်ခတ်မှုကြီးက နှင်းတောင်ဒေသကို ကြီးမားသော လက်ဝါးကြီးဖြင့် အားကုန်ရမ်းခါလိုက်သကဲ့သို့ ခံစားလိုက်ရသည် ။

​တစ်ခဏချင်းမှာပင် ကောင်းကင်ကြီး ပြိုကျကာ မြေကြီး အက်ကွဲသွားသည့်အလား နှင်းတောင်ဒေသရှိ ဖြေဆိုသူအားလုံးမှာ ထိုရုတ်တရက် တုန်ခါမှုကြောင့် ဟန်ချက်ပျက်ကာ ယိုင်ထိုးကုန်ကြ၏ ။ မိမိတို့ ခြေထောက်အောက်ရှိ မြေပြင်မှာ သောင်းကျန်းနေသော ဒီရေလှိုင်းများကြားမှ လှေငယ်တစ်စင်းကဲ့သို့ နိမ့်ချည်မြင့်ချည် ဖြစ်နေသဖြင့် သူတို့၏ ခန္ဓာကိုယ်များမှာလည်း မထိန်းချုပ်နိုင်ဘဲ ယိုင်နဲ့လဲပြိုကုန်ကြတော့သည် ။

​" ဘာ..ဘာဖြစ်တာလဲ.. ငလျင်လှုပ်တာလား.. "

​" မဖြစ်နိုင်တာ.. လျှို့ဝှက်နယ်မြေထဲမှာ ငလျင်လှုပ်တယ်လို့ ရှိလို့လား.. ရူပဗေဒ ကျွမ်းကျင်တဲ့သူရှိရင် ရှင်းပြပေးကြပါဦး.. "

​" ရှင်းပြနေဖို့ အချိန်မရှိတော့ဘူး.. ဒါ နှင်းတောင်ပြိုတာဟ.. "

​" အမလေး.. သွားပြီ သွားပြီ.. "

​နှင်းတောင်တန်းများ ဆက်တိုက်ဆိုသလို ပြင်းထန်စွာ တုန်ခါလာသည်နှင့်အမျှ တောင်ထိပ်ပေါ်ရှိ ထူထပ်လှသော နှင်းထုကြီးမှာ လန့်ဖျန့်သွားသော သိုးအုပ်ကြီးအလား ဟန်ချက်ပျက်ကာ တောင်စောင်းများအတိုင်း အရှိန်အဟုန်ဖြင့် လျှောဆင်းလာတော့သည် ။ တစ်ခဏချင်းမှာပင် တောင်ပြိုသကဲ့သို့ ပြင်းထန်သော နှင်းလှိုင်းလုံးကြီးများမှာ တောင်ခြေသို့ ဦးတည်ပြေးဝင်လာပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဝါးမြိုဖုံးလွှမ်းသွားသည် ။

​ဖြေဆိုသူ အုပ်စုအများအပြားမှာ နှင်းများအောက်တွင် နစ်မြုပ်သွားကြပြီး အချို့မှာမူ နှင်းများ မဖုံးလွှမ်းမီ နှင်းတောင်ဒေသမှ လွတ်အောင် ပြေးကြသည် ။ တချို့လူများမှာမူ ကြောက်လန့်တကြားနှင့် လျှို့ဝှက်နယ်မြေထဲမှ ချက်ချင်း ထွက်သွားကြပေ၏ ။

​မြေအောက်ထဲမှ နီရဲသော အလင်းတန်းများမှာလည်း တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး သတ်မှတ်ထားသော အရပ်မျက်နှာတစ်ခုသို့ ရူးသွပ်စွာ စုပြုံတိုးဝင်သွားကြသည် ။

​ဂျိန်း...

​နှင်းတောင်ဒေသ၏ ကောင်းကင်ယံထက်တွင် မိုးကြိုးများ ရုတ်တရက် ပစ်ချလာပြီး မည်းမှောင်နေသော တိမ်တိုက်ကြီးများက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည် ။ အနက်ရောင် လေစီးကြောင်းပေါင်းများစွာမှာ ကောင်းကင်ယံမှ ကျဆင်းလာပြီး နေရာတစ်ခုသို့ အရှိန်အဟုန်ဖြင့် စုပြုံသွားကြပြန်သည် ။

​နှင်းတောင်ဒေသ အစွန်းတွင် ရှိနေသူများ သို့မဟုတ် ထိုဒေသနှင့် နီးကပ်သော နေရာရှိ ဖြေဆိုသူများသည် ဤရုတ်တရက် ဖြစ်ရပ်ကြီးကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြလေသည် ။ မြေကြီး ပြိုကျခြင်းနှင့် ကောင်းကင်တွင် ထူထပ်သော တိမ်တိုက်များ ဖုံးလွှမ်းခြင်း ။

'ဒါ.. ဒါဟာ ကောင်းကင်နှင့် မြေကြီး၏ ထူးခြားသော နိမိတ်လက္ခဏာများလား '

​'ဒါတွေက ဘာတွေလဲ ။ သိုင်းစာမေးပွဲတစ်ခုမှာ ဒီလို ကောင်းကင်နဲ့ မြေကြီး နိမိတ်လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်လို့လား ..'

ထို့အပြင် ဤနိမိတ်လက္ခဏာများမှာ သာမန်မဟုတ်ချေ ။ ကိုးထပ်သော ကောင်းကင်ယံမှသည် မြေကမ္ဘာအထိ ပျံ့နှံ့နေသော တောက်ပသည့် အလင်းရောင်များမှာ ကြည့်နေသူကိုပင် မျက်လုံးများပြာဝေသွားလောက်အောင် ပြင်းထန်လှသည် ။

​ထိုအချိန်တွင် နှင်းတောင်ဒေသအတွင်းရှိ ဂူတစ်ခုအတွင်း၌ ။

​အနီ ၊ အဖြူ နှင့် အနက် ရောင်စုံ စွမ်းအင်စီးကြောင်း သုံးမျိုးမှာ အရပ်မျက်နှာအနှံ့မှ ဒီရေလှိုင်းများအလား တိုးဝင်လာကြသည် ။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု လိမ်ယှက်ကာ ထူးဆန်းပြီး တောက်ပသော စွမ်းအင်နယ်ပယ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဂူချန်ကို အလယ်တွင် ထည့်ကာ တင်းကျပ်စွာ ဝန်းရံထားသည် ။

​ဂူချန်သည် သူ၏ ညာလက်ကို ဆန့်ထုတ်ကာ ထိုစွမ်းအင်စီးကြောင်း သုံးမျိုးကို ထိတွေ့လိုက်ရာ ဝိညာဉ်ကို ထိုးဖောက်သွားလောက်သည့် အေးစက်မှုကို ခံစားလိုက်ရ၏ ။ ထို့နောက် ထိုစီးကြောင်း သုံးမျိုးမှာ ရူးသွပ်သွားသည့်အလား သူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားကြတော့သည် ။

​ဂူချန်၏ မျက်လုံးများမှာ တောက်ပလာပြီး သူ၏ အရှိန်အဝါမှာလည်း ထိုးတက်လာသည် ။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အရိုးများနှင့် သွေးကြောများမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပုံရပြီး ထူးဆန်းသည့် စည်းချက်ညီညီ အသံများကို ထုတ်လွှတ်နေသည် ။

​ဝုန်း ...

အသံနှင့်အတူ ဂူချန်ကို ဗဟိုပြု၍ အနီ ၊ အဖြူ ၊ အနက် ရောင်စုံ လှိုင်းတစ်ခုမှာ အပြင်ဘက်သို့ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များကို အလွယ်တကူ ရှင်းထုတ်ပစ်လိုက်သည် ။ ပြိုလဲသွားသော သစ်ပင်များ ၊ အက်ကွဲသွားသော မြေပြင် ၊ သွေးစွန်းနေသော နှင်းများနှင့် ကျိုးပဲ့နေသော ကျောက်တုံးကြီးများမှာ ယခုအခါတွင်မူ ဘာမှမဖြစ်ခဲ့သည့်အလား အံ့ဩဖွယ်ကောင်းလောက်အောင် မူလအတိုင်း ပြန်လည် ကောင်းမွန်သွားကြသည် ။

​ဝုန်း ..ဝုန်း ..ဝုန်း...

​ထိုအချိန်မှာပင် နှင်းတောင်ပြိုကျမှုမှ ရောက်ရှိလာသော နှင်းလှိုင်းကြီးများမှာ ဂူချန်ရှိရာ နေရာသို့ ရောက်ရှိလာပြီး ပိကျသွားသဖြင့် သူ တွင်းထဲတွင် နစ်မြုပ်သွား၏ ။

​သို့သော်လည်း.. ရောင်စုံ အလင်းတန်း သုံးမျိုးမှာ တောက်ပနေဆဲဖြစ်ပြီး ဂူချန်ကို အလယ်တွင် ကာကွယ်ထားသည် ။ စီးဆင်းလာသော နှင်းလှိုင်းကြီးများမှာ မျိုးအောင်ပြီးသား မျိုးဥနှင့် တွေ့ဆုံလိုက်ရသော သုက်ပိုးများအလား သူ့ကို ရှောင်ကွင်း၍ ဘေးဘက်သို့ စီးဆင်းသွားကြသည် ။

​" ... "

​ဤထိတ်လန့်ဖွယ် ကောင်းကင်နှင့် မြေကြီး နိမိတ်လက္ခဏာကြီးကို ရင်ဆိုင်နေရသော်လည်း ဂူချန်ကမူ သာမန်အတိုင်းသာ သဘောထားသည် ။ သူ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ အလင်းတန်းပေါင်း ထောင်ချီမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားသည် ။

​ထို့နောက် သူသည် ခြေနှစ်ဖက်ဖြင့် ကန်ကာ နှင်းထုကြီးကို ဖောက်ထွက်ပြီး ပျံတက်လိုက်သည် ။ သူ၏ တစ်ကိုယ်လုံးတွင် လိမ္မော်ရောင် ပူပြင်းသည့်စွမ်းအင်များက ဒုံးပျံအင်ဂျင်တစ်ခုအလား တောက်လောင်နေပြီး ဂူချန်ကို နှင်းတောင်ပြိုသည့် နေရာမှ ဝေးရာသို့ ခေါ်ဆောင်သွားတော့သည် ။

​အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သိုင်းစာမေးပွဲအတွင်း ယှဉ်ပြိုင်မှုများမှာ ပိုမို ပြင်းထန်လာသည် ။ ဖြေဆိုသူ အချင်းချင်း တိုက်ခိုက်ခြင်းနှင့် ဖြေဆိုသူနှင့် ထူးဆန်းသော သားရဲများ တိုက်ခိုက်ခြင်းများကို နေရာအနှံ့တွင် တွေ့မြင်နိုင်သည်။ သဘာဝအတိုင်းပင် ဖြေဆိုသူ အများအပြားမှာ လျှို့ဝှက်နယ်မြေအတွင်းမှ ထွက်သွားရန် အတင်းအဓမ္မ စေခိုင်းခြင်း ခံရသည် ။

​အဆင့်မြင့် အသိဉာဏ်တုဖြစ်သော ဦးနှောက် သည် ဖြေဆိုသူ တစ်ဦးချင်းစီ၏ ရမှတ်များကို ဆုံးဖြတ်ရန်အတွက် လူတိုင်း၏ လှုပ်ရှားမှုများကို စက္ကန့်တိုင်း စစ်ဆေးနေသည် ။

​" သိုင်းစာမေးပွဲ ပြီးဆုံးပါပြီ.. "

​" ဖြေဆိုသူများအနေဖြင့် တယ်လီပို့လက်ပတ်ကို အသုံးပြု၍ လျှို့ဝှက်နယ်မြေမှ ချက်ချင်း ထွက်ခွာနိုင်သည် သို့မဟုတ် မိနစ်အနည်းငယ် စောင့်ဆိုင်းပြီး အလိုအလျောက် စနစ်မှ ထုတ်ပေးသည်ကို စောင့်ဆိုင်းနိုင်သည်.. "

​လျှို့ဝှက်နယ်မြေအတွင်းတွင် စက်ရုပ်ဆန်သော အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာပြီး ယခုနှစ် သိုင်းစာမေးပွဲ အချိန်ကုန်ဆုံးပြီ ဖြစ်ကြောင်း ကြေညာလိုက်သည် ။

ဦးနှောက်( ဉာဏ်ရည်တု) သည်လည်း အချက်အလက်များကို ချက်ချင်း တွက်ချက်တော့သည် ။ အစပိုင်းတွင် အရာအားလုံး ပုံမှန်အတိုင်း ဖြစ်နေသော်လည်း ဂူချန်အမည်ရှိသော ဖြေဆိုသူ၏ ရမှတ်ကို တွက်ချက်သည့် နေရာသို့ ရောက်သောအခါ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စနစ်မှာ ရပ်တန့်သွားသည် ။ ဒစ်ဂျစ်တယ် လောကအတွင်းတွင် ဦးနှောက်၏ ပုံရိပ်ယောင် မျက်နှာတွင် တစ်စုံတစ်ခုကို နားမလည်နိုင်သည့်အလား ဇဝေဇဝါ ဖြစ်နေသော အမူအရာ ပေါ်လာသည် ။

​စနစ် ရပ်တန့်သွားခြင်းမှာ အမှားအယွင်း ကြောင့် မဟုတ်ဘဲ ဂူချန်၏ လုပ်ဆောင်ချက် အများအပြားမှာ မှတ်တမ်းများတွင် တစ်ခါမျှ မရှိခဲ့ဖူးသောကြောင့် ဖြစ်သည် ။ ဦးနှောက် တွင် နှိုင်းယှဉ်စရာ နမူနာ မရှိသဖြင့် ရမှတ်သတ်မှတ်ချက် အသစ်တစ်ခုကို ပြန်လည် တည်ဆောက်ရန် လိုအပ်နေသည် ။

​ထိုအချိန်တွင် အချက်အလက်များကို စောင့်ကြည့်နေသော စာစစ်သူမှာမူ လျှို့ဝှက်နယ်မြေ အချိန်ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း ဦးနှောက် က ရမှတ်များကို ချက်ချင်း မထုတ်ပေးသဖြင့် ထူးဆန်းနေသည် ။ ပုံမှန်အားဖြင့် အချက်အလက်များကို မျက်စိတစ်မှိတ်အတွင်း ရရှိရမည် ဖြစ်သည် ။ သို့သော် သူလည်း သိပ်အများကြီး မစဉ်းစားဘဲ စိတ်ရှည်စွာသာ ဆက်စောင့်နေလိုက်သည် ။

​တူ.. တူ.. တူ..

​စူးရှသော အသိပေးသံ တစ်ခု ထွက်ပေါ်လာသဖြင့် စာစစ်သူသည် အချက်အလက် မျက်နှာပြင်ကို ချက်ချင်း ကြည့်လိုက်သည် ။ ယခုနှစ်တွင် SSS-အဆင့် သိုင်းပါရမီရှိသော ပါရမီရှင်များ အပါအဝင် အထူးအကြံပြုချက်ဖြင့် လာသော ကျောင်းသားများစွာ ပါဝင်သည်ဟု သူ ကြားထားသဖြင့် သူတို့၏ စွမ်းဆောင်ရည်ကို မြင်တွေ့ရန် စိတ်အားထက်သန်နေသည် ။

​[ပထမနေရာ - ဂူချန် ၊ ကျန်းနန်ပြည်နယ် ၊ ချင်းဟဲ အမှတ် ၁ အထက်တန်းကျောင်း ( ရမှတ် - ၇,၅၈၄,၃၆၇ ) ]

​[ဒုတိယနေရာ - ယန်ကျန့် ၊ လင်းဟိုင်ပြည်နယ် ၊ တာ့ချန်းမြို့ ( ရမှတ် - ၆၄,၇၇၃ ) ]

​ပထမနေရာမှ ဂဏန်းအရှည်ကြီးကို မြင်လိုက်ရသောအခါ စာစစ်သူမှာ တစ်စက္ကန့်လောက် တောင့်ခဲသွားပြီးနောက် သူ၏ လက်ချောင်းများဖြင့် မယုံကြည်နိုင်စွာ ရေတွက်ကြည့်လိုက်သည် ။

​ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း.. ဆယ်.. ခုနစ်သန်းကျော်..

​" နေပါဦး.. ငါ့ကို သောက်ခွက်လာပြောင်နေတာလား.. "

​သူ စာစစ်လာသည့် သက်တမ်းတစ်လျှောက်မှာ ဦးနှောက် ၏ အချက်အလက်တွေကို ပထမဆုံးအကြိမ် သံသယဝင်မိခြင်း ဖြစ်လေ၏ ။ ရမှတ် ခုနစ်သန်းကျော်ဆိုသည်က အမှန်တကယ် ဖြစ်နိုင်ပါမည်လော ။ ဒုတိယရရှိသူမှာ ခြောင်းသောင်းကျော်သာရှိရာ ပထမလူ၏ ရမှတ်ဖြင့် ယှဉ်ရင် အစွန်းအထွက်လောက်ပင် မရှိချေ ။

​စာစစ်သူသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး သူ၏ ဘဝကိုပင် သံသယဝင်ရင်း စာစစ်မှူးချုပ်ထံသို့ ဖုန်းဆက်လိုက်သည် ။

​" ဟယ်လို.. ကျုပ်လည်း ခင်ဗျားကို ဆက်မလို့ပဲ.. ပထမရတဲ့သူက ဂူချန် ဆိုတဲ့ တစ်ယောက်လား.. "

​" ဟုတ်ပါတယ်.. ဒါပေမဲ့.. "

စာစစ်သူသည် အချက်အလက် မျက်နှာပြင်မှ ဂဏန်းများကို ကြည့်ရင်း တွန့်ဆုတ်နေသည် ။

​" ဒါပေမဲ့ ဘာဖြစ်လို့လဲ.. ဂူချန်ရဲ့ ရမှတ်က အရမ်းမြင့်နေလို့လို့ ပြောမလို့လား.. ရပါတယ်.. သူက အဖိုးကြီးလင်ရဲ့ တပည့်သစ်လေ.. SSS-အဆင့် ပါရမီရှင်ဆိုတော့ ဒီလောက်တော့.. "

​" သူ့ရမှတ်က ခုနစ်သန်းကျော်ဗျ.. "

စာစစ်သူက အတိုချုံး ပြောလိုက်သည် ။

​ဖုန်းအခြားတစ်ဖက်မှ အသံမှာ တိတ်ဆိတ်သွားသည် ။ ခဏအကြာမှ အသံ ပြန်ထွက်လာသည် ။

​" ရှောင်လျို.. ဒီနှစ် ဦးနှောက်က အဆင့်ပိုမြှင့်ထားလို့ ရမှတ် သတ်မှတ်ချက်တွေ ပြောင်းသွားလို့လား.. "

​" ဒုတိယရတဲ့သူက ခြောက်သောင်းကျော်ပဲ ရှိတယ်ဗျ.. "

စာစစ်သူက ဆက်ပြောလိုက်သည် ။

​ဖုန်းအခြားတစ်ဖက်မှာ ထပ်မံ တိတ်ဆိတ်သွားပြန်သည် ။ လေထုမှာ မိနစ်အနည်းငယ်မျှ ရပ်တန့်နေပြီးနောက် ဖုန်းထဲမှ စိတ်ပျက်အားလျော့နေသော အသံတစ်ခု ထွက်ပေါ်လာသည် ။

​" အဲ့သောက်အဘိုးကြီး လင်းယဲ့က သူ့တပည့်သူ ဘယ်လို ခိုးချရမလဲ သင်ပေးလိုက်တာလား မသိဘူး.. "

All Chapters