← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

Chapter 143+144

~

အခန်း ၁၄၃+၁၄၄ : နောက်ဆုံးစစ်ဆေးမှု

~

​လျှို့ဝှက်နယ်မြေအတွင်း၌ ။

​နေရောင်ခြည်က သစ်ပင်များပေါ်သို့ ဖြာကျနေပြီး ရွှေရောင်အဆင်း သန်းနေသည် ။

​ဂူချန် မြေမြှုပ်ပစ်ခဲ့သော ဖြေဆိုသူများကို ထည့်မတွက်လျှင်တော့ ယခုနှစ် သိုင်းစာမေးပွဲသည် အရင်နှစ်ထက် တိုးတက်လာခဲ့ကြ၏ ။

​" သိုင်းစာမေးပွဲ ပြီးဆုံးပါပြီ.. "

​ထိုစကားသံ ပဲ့တင်ထပ်သွားပြီးနောက် သုံးမိနစ် စောင့်ဆိုင်းချိန် ကုန်ဆုံးသွားကာ လျှို့ဝှက်နယ်မြေအတွင်းရှိ ကောင်းကင်ယံ ပြင်ပတွင် အလင်းတန်းပေါင်းများစွာ ပေါ်ထွက်လာသည် ။

​ထို့နောက် အနားယူနေသူများ ၊ ဂူငယ်လေးများထဲတွင် ပုန်းနေသူများ ၊ တခြားသော ကိစ္စရပ်များ လုပ်ဆောင်နေသူများ သို့မဟုတ် တိုက်ပွဲပြင်းထန်နေသူများ အားလုံးမှာ တယ်လီပို့စက်ကွင်းများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး လျှို့ဝှက်နယ်မြေအတွင်းမှ ပျောက်ကွယ်သွားကြသည် ။

​ဂူချန်သည်လည်း ထိုနည်းတူပင် အလင်းတန်းတစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည် ။

​ ရီဝေဝေဖြစ်သွားစေသည့် လည်ပတ်မှုကြီးအပြီးတွင် သူ၏ ရှေ့မှ မြင်ကွင်းက တဖြည်းဖြည်း ကြည်လင်လာသည် ။ သူ၏ ခြေထောက်အောက်တွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသည့်အလား ချောမွေ့လှသော ကျောက်ပြားကြီးတစ်ခု ရှိနေသည် ။

​ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဟင်းလင်း ပြင်ကြီးဖြစ်ပြီး သူ၏ ရှေ့တွင်တော့ အလွန်ပင် ကြည်လင်လှသော မြစ်တစ်စင်း စီးဆင်းနေသည် ။ မြစ်ရေပြင်မှာ လှိုင်းလေးများ ထလျက် ဖြည်းညှင်းစွာ စီးဆင်းနေ၏ ။ ရေစီးသံသဲ့သဲ့မှာ သူ၏ နားထဲသို့ အဆက်မပြတ် ရောက်ရှိလာပြီး စိတ်ကို ထူးဆန်းစွာ ကြည်လင်လန်းဆန်းသွားစေသည် ။

​" ဒါက နောက်ဆုံးစစ်ဆေးမှုအတွက် စမ်းသပ်တဲ့ လျှို့ဝှက်နယ်မြေ ဖြစ်ရမယ်.. "

​ဂူချန်က ခေါင်းအသာညိတ်ရင်း စိတ်ထဲမှ နားလည်လိုက်သည် ။ ချင်းဟဲ အမှတ် ၁ အထက်တန်းကျောင်းမှ အတန်းပိုင်ဆရာ ပြောခဲ့သည်ကို သူ မှတ်မိနေ၏ ။ ခုနစ်ရက်ကြာ သိုင်းစာမေးပွဲ ပြီးဆုံးပြီးနောက် အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် မဟာမိတ်လေးခုမှ ထိပ်တန်း အယောက်တစ်ရာစီမှာ စစ်ဆေးမှုတစ်ခု ခံယူရမည် ဖြစ်သည် ။ ထိုစစ်ဆေးမှုကို အောင်မြင်မှသာ နတ်ဘုရားလမ်းစဉ် နန်းဆောင် သို့ ဝင်ရောက်ခွင့် ရရှိမည် ဖြစ်သည် ။

​ဤစစ်ဆေးမှု၏ အသေးစိတ် အချက်အလက်များကိုတော့ မူလခန္ဓာကိုယ် ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် အများကြီး မရှိချေ ။ သိုင်းစာမေးပွဲအပြီးတွင် ဖြစ်ပေါ်မည်ဟူ၍သာ သိထားသည် ။ အမှန်အတိုင်း ပြောရလျှင် သိုင်းစာမေးပွဲ စတင်ကတည်းက မူလမှတ်ဉာဏ်များသည် သူ၏ အထောက်အထားကို သက်သေပြရန်နှင့် လူမိမခံရစေရန်အတွက်သာ အသုံးဝင်တော့သည် ။

​ မူလပိုင်ရှင်၏ ဖခင် ချမှတ်ထားသော စီမံကိန်းအရ သူ့သားမှာ ချမ်းချမ်းသာသာနှင့် အေးအေးဆေးဆေး နေရမည့်သူသာ ဖြစ်သည် ။ သိုင်းစာမေးပွဲဆိုသည်မှာ အလုပ်သဘော အခမ်းအနားတစ်ခုသာ ဖြစ်ပြီး တက္ကသိုလ် ဆရာများမှာ ဂူမိသားစု၏ အစောင့်အရှောက်များလောက်ပင် တော်ချင်မှ တော်ပေလိမ့်မည် ။ နောက်ပိုင်းတွင် သူသည် ဂူမိသားစု၏ လုပ်ငန်းများကို အေးအေးဆေးဆေး ဆက်ခံကာ မိသားစုအမွေကို ထိန်းသိမ်းသွားရုံသာ ဖြစ်သည် ။

​သို့သော် ယခု ဂူချန်အတွက်တော့ ဘာမှ မထူးခြားချေ ။ ဂူချန်၏ မူဝါဒအရ အရာအားလုံးကို တည့်တည့်တိုးကာ ဖောက်ထွက်သွားရုံသာ ဖြစ်သည် ။

​ဝှီး..ဝှီး..ဝှီးး..ဝှီးးးး...

​မကြာမီမှာပင် လျှို့ဝှက်နယ်မြေအတွင်း၌ မြင့်မြတ်သောအလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည် ။ ကျောက်ပြားကြီးပေါ်တွင် တခြားသော ဖြေဆိုသူများ၏ ပုံရိပ်များ ဆက်တိုက် ပေါ်လာတော့သည် ။ ကျောက်ပြားပေါ်တွင် လူပေါင်း လေးရာ ပြည့်သွားမှသာ အလင်းတန်းများမှာ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည် ။

​အမျိုးသားရော အမျိုးသမီးပါ ပါဝင်ပြီး သူတို့၏ အမူအရာများမှာလည်း အမျိုးမျိုး ဖြစ်နေကြသည် ။ အများစု၏ မျက်နှာပေါ်တွင်တော့ စူးစမ်းလိုစိတ်များ ရှိနေကြသည် ။ မဟာမိတ်အဖွဲ့၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည့်အတိုင်း အချင်းချင်း သိကျွမ်းနေသူများလည်း ပါဝင်သည် ။ ရင်းနှီးသော မျက်နှာများကို မြင်လိုက်ရသောအခါ သူတို့မှာ စကားစမြည် ပြောဆိုကုန်ကြသည် ။

​" ဟာ.. မုန့်တယ် လည်း ပါလာတာပဲ.. မတွေ့တာ ကြာပြီနော်.. "

​" အစ်ကိုကြီး.. "

​" ညီလေး.. "

​" အစ်ကိုကြီး.. "

​" ဒုတိယညီလေး.. "

​" နေပါဦး.. ဒီလျှို့ဝှက်နယ်မြေက သိပ်မကျဉ်းလွန်းဘူးလား.. ရှေ့မှာလည်း မြစ်တစ်စင်းပဲ ရှိတယ်.. ဘယ်လို စစ်ဆေးမှာလဲ.. "

​" ငါ ကြားဖူးတဲ့ ကောလာဟလအရဆိုရင် ဒီစစ်ဆေးမှုက ခွန်အားကို စမ်းသပ်တာ မဟုတ်ဘူးတဲ့.. စိတ်ဓာတ် ၊ ပါရမီ နဲ့ အရည်အချင်း လိုမျိုး ထူးဆန်းပြီး သိရခက်တဲ့ အရာတွေကို စမ်းသပ်မှာတဲ့.. "

​" အဲဒါဆိုရင်တော့ ဒီပွဲက ငါ့ပွဲပဲ.. ငါ့ရဲ့ နတ်သမီးလေးနောက်ကို လိုက်နေတာ ဆယ်နှစ်ရှိပြီ.. သူ့မှာ ရည်းစား ခုနစ်ယောက် ပြောင်းသွားပေမဲ့ ငါကတော့ အခုထိ လိုက်နေတုန်းပဲ.. ဒီလို ဇွဲလုံ့လမျိုးနဲ့ဆိုရင် ငါ့ရဲ့ စိတ်ဓာတ်ကို ဘယ်သူယှဉ်နိုင်မှာလဲ.. "

​" ... "

​ဂျိန်း...

​လူတိုင်း စကားဖောင်ဖွဲ့နေစဉ်မှာပင် သူတို့၏ ခြေထောက်အောက်ရှိ ကျောက်ပြားကြီးက ရုတ်တရက် တုန်ခါလာပြီး စိမ်းဖန့်ဖန့် အလင်းရောင်များ ထွက်ပေါ်လာသည် ။ ထိုအလင်းရောင်က သူတို့၏ ခန္ဓာကိုယ်များကို ဖြတ်သန်းသွားသောအခါ ဒဏ်ရာများနှင့် သွေးစွန်းမှုအားလုံး ပျောက်ကွယ်သွားပြီး လူတိုင်းမှာ အားဆေး ထိုးလိုက်ရသည့်အလား ချက်ချင်း လန်းဆန်းတက်ကြွလာကြသည် ။

​ဤအံ့ဩဖွယ် မြင်ကွင်းကို လူတိုင်း နားမလည်နိုင်သေးခင်မှာပင် ကောင်းကင်ယံထက် ဟင်းလင်းပြင်မှ ခေါင်းလောင်းသံကြီးကဲ့သို့ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာသည် ။

​" တစ်ခဲ့ (၁၅ မိနစ်ခန့်) အတွင်းမှာ ရေဆန်မြစ် ကို ဖြတ်ပြီး ခြေလှမ်း ငါးဆယ် ရှေ့ကို လှမ်းနိုင်သူတိုင်း နတ်ဘုရားလမ်းစဉ် နန်းဆောင်ထဲကို ဝင်ခွင့်ရမယ်.. "

​" မြစ်ထဲကို ဝင်လိုက်တာနဲ့ မင်းတို့ရဲ့ ကျင့်စဉ်အားလုံးကို ပိတ်ပင်ထားမှာဖြစ်ပြီး ခန္ဓာကိုယ်က သာမန်လူတစ်ယောက် အဆင့်ကို ရောက်သွားလိမ့်မယ်.. ရတနာ ပစ္စည်းတွေအားလုံးလည်း သုံးလို့ရမှာ မဟုတ်ဘူး.. "

​" ကဲ.. စစ်ဆေးမှု စတင်ပြီ.. "

​ကောင်းကင်ယံတွင် ကြီးမားလှသော နာရီပုံရိပ်ကြီးတစ်ခု ပေါ်လာပြီး လက်တံများက ဖြည်းညှင်းစွာ လည်ပတ်လာသည် ။ တချက်ချက် မြည်နေသော လက်တံသံများက ဖြေဆိုသူတိုင်းကို အချိန်ကုန်ဆုံးနေသည်ကို ရှင်းရှင်းလင်းလင်း သိရှိစေသည် ။

​" ဟာ.. ဒီလိုကြီး စလိုက်တာလား.. "

​" ညီအစ်ကိုတို့ရေ.. ငါ အရင်သွားပြီနော်.. "

​" ဟားဟား.. ကောင်းကင်ကြီးက ငါ လျိုရှအာဟွေး ကို မွေးမပေးခဲ့ရင် သိုင်းလမ်းစဉ်ဟာ ထာဝရ မှောင်မိုက်နေဦးမှာပဲ.. ဒီနေ့တော့ တကယ့် ပါရမီရှင်ဆိုတာ ဘာလဲဆိုတာ မင်းတို့ကို ပြလိုက်မယ်.. "

​ကျောက်ပြားပေါ်ရှိ ဖြေဆိုသူများမှာ တစ်ယောက်ပြီးတစ်ယောက် ရေဆန်မြစ်ထဲသို့ ဆင်းသွားကြသည် ။ သို့သော် သူတို့ စိတ်လှုပ်ရှားစွာနှင့် ခြေလှမ်းလှမ်းလိုက်သည့် ခဏမှာပင် မျက်နှာပေါ်ရှိ ပျော်ရွှင်မှုများမှာ တောင့်ခဲသွားသည် ။ လူတိုင်း၏ ပြုံးရွှင်နေသော မျက်နှာများမှာ မမြင်နိုင်သော အားတစ်ခုဖြင့် ဖယ်ရှားခံလိုက်ရသည့်အလား ဝက်အသည်းရောင်ကဲ့သို့ ညိုမည်းသွားကြ၏ ။

​ရေဆန်မြစ်အတွင်း၌ လူတိုင်းမှာ ရှေ့သို့ တိုးမရအောင် တားဆီးထားသည့် မမြင်နိုင်သော ခုခံမှုကို ခံစားနေကြရသည် ။ မြစ်ရေပြင်မှာ ဖြည်းညင်းစွာ စီးဆင်းနေသော်လည်း ခြေထောက်တစ်ဖက် မလိုက်ခြင်း ၊ ရှေ့သို့ လှမ်းလိုက်ခြင်းနှင့် ပြန်ချလိုက်ခြင်း စသည့် သာမန် လှုပ်ရှားမှုလေးများမှာပင် အလွန်ပင် ပင်ပန်းခက်ခဲလှချေသည် ။

​အနည်းငယ်သော သူမျာမှလွဲ၍ ကျန်ဖြေဆိုသူ အများစုမှာ ဘက်ထရီကုန်နေသော စက်ရုပ်များအလား တစ်လှမ်းချင်းစီကို ခက်ခဲစွာ လှမ်းနေကြရသည် ။

​" စိတ်ဝင်စားဖို့ ကောင်းသားပဲ.. "

​လူတိုင်း၏ စွမ်းဆောင်ရည်ကို အကဲခတ်ပြီးနောက် ဂူချန်သည် တွန့်ဆုတ်မနေတော့ဘဲ ရေဆန်မြစ်ထဲသို့ ခြေလှမ်းလိုက်သည် ။ တခြားသူများကဲ့သို့ပင် မြစ်ထဲသို့ ရောက်သည်နှင့် သူ၏ ကျင့်စဉ်အဆင့်များ ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်မှာလည်း သာမန်လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည် ။

​သို့သော် တခြားသူများနှင့် မတူသည်မှာ သူသည် ရေဆန်မြစ်အတွင်း၌ ကြီးမားသော ခုခံမှုကို မခံစားရချေ ။ ထို့ကြောင့် ဘေးပတ်ဝန်းကျင်မှ မယုံကြည်နိုင်သော အကြည့်များကြားတွင် ဂူချန်သည် ဘာမှမဖြစ်သည့်အလား ခပ်မှန်မှန် လျှောက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လူအတော်များများကို ကျော်တက်သွားသည် ။

​၎င်းမှာ သာမန် လမ်းလျှောက်ခြင်းသာ ဖြစ်သော်လည်း တခြားသူများ၏ ခရုသွားနှုန်းနှင့် ယှဉ်လိုက်သောအခါ ယန်နှင့်လိပ်လို ဖြစ်နေသည် ။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဆယ်ဆလောက် နှေးကွေးနေသည့်အလား ဖြစ်နေသော်လည်း ဂူချန်ကမူ လုံးဝ သက်ရောက်မှု မရှိချေ ။ သူ၏ အမူအရာက တည်ငြိမ်နေပြီး ခြေလှမ်းများကလည်း ခိုင်မာလွန်းလှသည် ။

​" ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ.. သူက ဘာလို့ ဘာမှမဖြစ်နေတာလဲ.. "

ဖြေဆိုသူ တစ်ဦးက ရုတ်တရက် မေးလိုက်သည် ။

​" ရေဆန်မြစ်က စိတ်ဓာတ်နဲ့ ပါရမီကို စမ်းသပ်တာလေ.. ဒီကောင်က နှစ်ခုလုံး ရှိနေတဲ့ ကံကြမ္မာသားတော်များလား.. "

တစ်စုံတစ်ယောက်က ထိတ်လန့်တကြား ပြောလိုက်သည် ။

​" ငါ သူ့ကို မှတ်မိတယ်.. သူက တောင်ပိုင်းမဟာမိတ်ရဲ့ ကျန်းနန်ပြည်နယ် သိုင်းစာမေးပွဲ အစမ်းဖြေမှာ စံချိန်ချိုးခဲ့တဲ့လူပဲ.. လူကြီးတစ်ယောက်ကတောင် သူ့ကို တပည့်အဖြစ် ကြိုပြိုး လက်ခံထားတယ်လို့ ကြားတယ်.. သူ တကယ်ပဲ သိုင်းစာမေးပွဲ လာဖြေလိမ့်မယ်လို့ မထင်ထားဘူး.. "

တစ်စုံတစ်ယောက်က ဂူချန်ကို မှတ်မိသွားပြီး ဇဝေဇဝါ ဖြစ်နေသော လေသံဖြင့် ပြောလိုက်သည် ။

​" ဟာ.. ဒါဆို ဂူချန်ပေါ့.. ဒီလူက စိတ်နှလုံး ကောင်းမွန်ပြီး တခြားသူတွေကို ကူညီတတ်တဲ့ ကျန်းနန်ပြည်နယ်က နာမည်ကြီး လူတော်လူကောင်းတစ်ယောက်လို့ အွန်လိုင်းမှာ ဖတ်ဖူးတယ်.. "

နာမည်ကို ကြားလိုက်ရသည်နှင့် တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည် ။

​လူတိုင်း၏ မျက်လုံးများမှာ တောက်ပလာသည် ။

'ဒါဟာ တကယ့် ပါရမီရှင်လား ။ စိတ်ဓာတ်ရော ပါရမီပါ ရှိရုံတင်မကဘဲ စရိုက်ကလည်း တစ်သောင်းမှာ တစ်ယောက် ရှိခဲတဲ့ လူကောင်းတစ်ယောက်တဲ့လား ..'

​ထိုပြောဆိုချက်များကို ကြားသော်လည်း ဂူချန်မှာ ဘာတုံ့ပြန်မှုမှ မပြဘဲ ရှေ့သို့သာ ဆက်လျှောက်နေသည် ။ သို့သော် နှစ်ဆယ့်ခြောက်လှမ်းမြောက်သို့ ရောက်သောအခါ သူ ရုတ်တရက် ရပ်တန့်သွားသည် ။

​လူတိုင်း လှည့်ကြည့်လိုက်ကြသည် ။ ဂူချန်၏ ရှေ့ နှစ်ဆယ့်ခုနစ်လှမ်းမြောက် နေရာတွင် ဖြေဆိုသူ တစ်ဦးက လမ်းပိတ်နေခြင်း ဖြစ်သည် ။ ထိုဖြေဆိုသူ၏ မျက်နှာမှာ တင်းမာနေပြီး မျက်ခုံးနှစ်ဖက်မှာလည်း တွန့်ကွေးနေသည် ။ ဝမ်းချုပ်နေသူတစ်ယောက်အလား အလွန်ပင် ပင်ပန်းဆင်းရဲနေပုံရပေ၏ ။ သူသည် ခြေထောက်ကို မရန် အကြိမ်ကြိမ် ကြိုးစားနေသော်လည်း အနည်းငယ်သာ မြောက်တက်လာနိုင်ပြီး အလွန် ခက်ခဲနေပုံရသည် ။

​တစ်ချိန်တည်းမှာပင် သူသည် မာန်သွင်းကာ အော်ဟစ်နေလေ၏ ။

" အား.. "

​၎င်းမှာ ရေဆန်မြစ်၏ သဘာဝပင် ဖြစ်သည် ။ ရှေ့သို့ ရောက်လေလေ ပို၍ ခက်ခဲလေလေပင် ။ ခြေလှမ်း ငါးဆယ်အထိ ရောက်နိုင်သူများမှာ ထူးကဲသော စိတ်ဓာတ်နှင့် ပါရမီ ရှိသူများ ဖြစ်ရုံတင်မကဘဲ အခက်အခဲကို ရင်ဆိုင်ကျော်ဖြတ်နိုင်သည့် ဇွဲလုံ့လလည်း ရှိရမည် ဖြစ်သည် ။ ညမ်သို့ပင် ဆိုစေကာမူ နတ်ဘုရားလမ်းစဉ် ၏ အသိအမှတ်ပြုမှုကို ရရန်အတွက် ဤသည်က အခြေခံ လိုအပ်ချက်များ ဖြစ်သည် ။

​ဤမြင်ကွင်းကို ကြည့်ပြီး လူတိုင်းက စိတ်ထဲမှ တွေးနေကြပေသည် ။

​'ဒီ ဂူချန်က ရေဆန်မြစ်ထဲမှာ ဒီလောက် အေးအေးဆေးဆေး လျှောက်နိုင်တာ စိတ်ဓာတ်က တော်တော်ကြံ့ခိုင်တာပဲ.. သူ့ရဲ့ စရိုက်ကလည်း ကောလာဟလတွေအတိုင်း ဖြစ်မှာ.. '

​ပုံမှန်အားဖြင့် ဤကဲ့သို့ အခြေအနေမျိုးတွင် လူအများစုက ဘေးက ရှောင်ထွက်သွားဖို့ပဲ ရွေးချယ်ကြမှာ သေချာလှပေ၏ ။ သို့သော် ဤဂူချန်မှာ ကျန်းနန်ပြည်နယ်တွင် နာမည်ကြီး လူကောင်းဖြစ်သည့်အတွက် ဤဖြေဆိုသူကို ကူညီကောင်း ကူညီလိမ့်မည် ။ ထိုသို့ တွေးတောရင်း သူတို့ကိုယ်တိုင် ခက်ခဲစွာ ရှေ့တိုးနေကြသော်လည်း ဂူချန်ကိုတော့ မျှော်လင့်တကြီး ကြည့်နေကြသည် ။ ဘာပဲဖြစ်ဖြစ် သူကသာ အရင်စပြီး ကူညီခဲ့ရင် သူတို့လည်း နောက်ပိုင်းမှာ အကူအညီ ရနိုင်သည် မဟုတ်လော ။

​သို့သော် နောက်တစ်စက္ကန့်မှာပင် သူတို့အားလုံး ဆွံ့အမှင်တက်သွားကြရသည် ။

​ဂူချန်သည် ရှေ့မှ ဖြေဆိုသူကို မြင်လိုက်ရသောအခါ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် ဘာမှ တွန့်ဆုတ်မနေဘဲ ခြေထောက်ကို မြှောက်ကာ လမ်းပိတ်နေသော ဖြေဆိုသူကို ကန်ထုတ်ပစ်လိုက်သည် ။ ထို့နောက် ထိုလူ၏ ခန္ဓာကိုယ်ကို ကျော်ခွကာ ဘာမှမဖြစ်သည့်အလား အေးအေးဆေးဆေး ရှေ့သို့ ဆက်လျှောက်သွားသည် ။ လှောင်ပြောင်သည့် စကားတစ်ခွန်း ပြောသွားဖို့လည်း မမေ့ခဲ့ချေ ။

​" သောက်သုံးမကျတဲ့ကောင်.. မသွားနိုင်ရင် လမ်းမပိတ်နဲ့.. "

​ဝုန်း...

​ထိုအခါမှသာ တခြားသော ဖြေဆိုသူများ၏ စိတ်ထဲမှ တုနှိုင်းမရသော ပါရမီရှင် လူတော်လူ​ကောင်းကြီး ဆိုသည့် ပုံရိပ်မှာ အပိုင်းပိုင်းအစစ ပြိုကွဲသွားပေတော့သည် ။

All Chapters