← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

Chapter 147+148

~

အခန်း ၁၄၇+၁၄၈ : မူလအစမှ ကောင်းကင်နှင့် ကမ္ဘာမြေကြီး ဖွေးဖွားလာပြီး.. လမ်းစဥ်များ ဖြစ်တည်လာသည်

~

​အချိန်က တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားသည် ။ မြစ်ရေပြင်၏ လှိုင်းထသံများမှာလည်း အဆုံးမရှိ ပဲ့တင်ထပ်နေဆဲပင် ။

​လူအများစုအတွက် ပထမဆုံး နှစ်ဆယ့်ခုနစ်လှမ်းကို ဖြတ်ကျော်ရန်မှာ အလွန်ပင် ခက်ခဲလှသည် ။ နာရီလက်တံမှာ တစ်ဝက်ခန့် လည်ပတ်သွားပြီ ဖြစ်သော်လည်း လူအနည်းငယ်သာ နှစ်ဆယ့်ခုနစ်လှမ်း အကွာအဝေးကို ကျော်ဖြတ်နိုင်သေးသည် ။

​သို့သော် နှစ်ဆယ့်ခုနစ်လှမ်းမြောက် နေရာမှာပင် အတားအဆီးတစ်ခု ဖြစ်နေဆဲပင် ။ ရေဆန်မြစ်၏ ရေစီးမှာ ပိုမို ကြမ်းတမ်းလာပြီး ကျန်ရှိနေသူများ၏ တစ်ဝက်ခန့်မှာ ထိုနေရာတွင်ပင် ပိတ်မိနေကြသည် ။

​နောက်ဆုံးတွင်တော့ လူခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ခန့်သာ နှစ်ဆယ့်ခုနစ်လှမ်းကို ကျော်ဖြတ်နိုင်ခဲ့ကြပြီး ရှေ့တွင် ရှိနေသော အဆုံးမရှိသည့် မြစ်ပြင်ကျယ်ကြီးဆီသို့ တစ်လှမ်းချင်းစီ ရပ်နားကာ ခက်ခဲစွာ ရှေ့တိုးနေကြသည် ။

​မကြာမီမှာပင်..

​ဒင်.. ဒင်.. ဒင်..

​ကြီးမားလှသော နာရီသံကြီး ထွက်ပေါ်လာသည် ။ ရေဆန်မြစ်ထက်တွင် ခြေလှမ်း ငါးဆယ် မပြည့်သေးသူတိုင်းမှာ ခန္ဓာကိုယ်များ တောင့်ခဲသွားပြီးနောက် အလင်းတန်းများအဖြစ် ပြောင်းလဲကာ လျှို့ဝှက်နယ်မြေအတွင်းမှ ပျောက်ကွယ်သွားကြသည် ။

​မြစ်၏ တစ်ဖက်ကမ်းကို ကြည့်လိုက်သောအခါ ဂူချန်အပြင် တခြားသော ဖြေဆိုသူ ၃၄ ဦးမှာလည်း စစ်ဆေးမှုကို အောင်မြင်သွားကြလေသည် ။

​နားထဲတွင် ကျယ်လောင်လှသော အသံကို ကြားလိုက်ရသည့်အခါ လူတိုင်းမှာ ခဏမျှ မှင်တက်သွားပြီးနောက် စိတ်လှုပ်ရှား ဝမ်းသာမှုကြောင့် မျက်နှာများ နီမြန်းလာကြ၏ ။

​" .. ငါ..ငါ တကယ် အောင်သွားပြီ.. အောင်ပြီဟ.. ဟားဟား.. ငါ အောင်ပြီကွ.. "

​" ထင်တဲ့အတိုင်းပဲ.. ဆယ်နှစ်လုံးလုံး နွားလုပ်ခဲ့တဲ့ ငါ့ရဲ့ ဇွဲနဲ့ဆိုရင် ရေဆန်မြစ် ခြေလှမ်း ငါးဆယ်လောက်ကတော့ အေးဆေးပေါ့.. "

​" လျိုရုယန် ၊ လီရှောက်ကျဲ.. မင်းတို့ စောင့်နေလိုက်ကြ.. ငါ နတ်ဘုရားလမ်းစဉ် ကို ရပြီ.. သုံးနှစ်အတွင်းမှာ မင်းတို့ကို ငါ သေချာပေါက် နှိမ်နင်းပြမယ်.. "

​" ... "

​လူတိုင်း စိတ်လှုပ်ရှားနေစဉ်မှာပင် ကောင်းကင်ယံမှ ရွှေရောင်စာတန်းများ လွင့်ပျံကျလာပြီး သူတို့၏ ခေါင်းပေါ်တွင် ဝဲနေသည် ။

​[စစ်ဆေးမှု အောင်မြင်သည့်အတွက် ဂုဏ်ပြုပါသည် ။ သင်တို့၏ ဝိညာဉ်အမှတ်အသားများကို ကျွန်ုပ်တို့၏ နတ်ဘုရားလမ်းစဉ် မှတ်တမ်း တွင် ရေးထိုးမည် ဖြစ်သည် ။]

​[ သင်တို့အနေဖြင့် နတ်ဘုရားလမ်းစဉ် နန်းဆောင်သို့ ယခုပင် ဝင်ရောက်ရန် ရွေးချယ်နိုင်သည် သို့မဟုတ် ယခုနေရာမှ ထွက်ခွာပြီးနောက် မိမိတို့ဒေသရှိ အုပ်ချုပ်ရေးဌာနများတွင် အစီရင်ခံကာ နောက်မှ ဝင်ရောက်ရန်လည်း ရွေးချယ်နိုင်သည် ။ ]

​[ နတ်ဘုရားလမ်းစဉ် နန်းဆောင်သို့ ချက်ချင်းဝင်လိုသူများ ရှေ့တွင် ရှိသော မျဉ်းဖြူကို ကျော်၍ ရပ်ပေးပါ ။ ကျန်ရှိသူများမှာ မိမိတို့နေရာတွင်ပင် ဆက်လက် ရပ်နေပါ ။ ]

​တောက်ပလှသော ရွှေရောင်အလင်းတန်းများက လူတိုင်း၏ အကြည့်ကို ဆွဲဆောင်သွားပြီးနောက် သူတို့မှာ အလျင်အမြန်ပင် နေရာယူလိုက်ကြသည် ။ အုပ်စုခွဲခြင်း ပြီးဆုံးသွားသည့်အခါ ကောင်းကင်ယံမှ ရွှေရောင်အလင်းတန်း နှစ်ခု ထပ်မံ ထွက်ပေါ်လာပြီး အုပ်စုနှစ်ခုလုံးကို မတူညီသော နေရာများသို့ ပို့ဆောင်ပေးလိုက်တော့သည် ။

​" ဒါက နတ်ဘုရားလမ်းစဉ် နန်းဆောင်လား.. "

​ရွှေရောင်အလင်းတန်းဖြင့် ပို့ဆောင်ခံလိုက်ရပြီးနောက် ဂူချန်၏ မျက်စိရှေ့တွင် အလွန်ကျယ်ပြောလှသော နန်းဆောင်ကြီးတစ်ခု ပေါ်လာသည် ။ နန်းဆောင်အတွင်း၌ လမ်းကြောင်းများမှာ အရပ်မျက်နှာအနှံ့သို့ ဦးတည်နေသည် ။ အဆောက်အဦး တည်ဆောက်ပုံမှာ ရှုပ်ထွေးလှပြီး မည်သည့် ပုံစံမျိုးဟု သတ်မှတ်၍ မရချေ ။

​မြင့်မားလှသော ဘုရားကျောင်းဆောင်ကြီးများမှာ ယိုင်နဲ့နဲ့ ဖြစ်နေပြီး ပြိုကျတော့မည့်အလား ထင်ရသော်လည်း ဘယ်တော့မှ ပြိုမကျဘဲ ရူပဗေဒ နိယာမများကို ဆန့်ကျင်နေသည့်အလား ရှိနေသည် ။

'အင်း.. ငါ့ရဲ့ အရင်ဘဝက အန်နီမေးထဲမှာပါတဲ့ အနန္တ ရဲတိုက် နဲ့ နည်းနည်းခပ်ဆင်ဆင်ပဲ ..'

​ကွာခြားသည်မှာ ထိုအဆောက်အဦးများကြားတွင် လူဦးခေါင်းခန့်ရှိသော အလင်းလုံးလေးများ ရောနှောနေခြင်းပင် ဖြစ်သည် ။ တစ်ခုစီမှာ အရောင်မတူကြသော်လည်း အလွန်ပင် ရှုပ်ထွေးလှသော စွမ်းအင်များကို ထုတ်လွှတ်နေကြသည် ။

​ထိုအချိန်မှာပင် ကောင်းကင်ယံမှ ရွှေရောင်စာတန်း သုံးကြောင်း ထပ်မံ ကျဆင်းလာပြန်သည် ။

​" အလင်းလုံးလေးများသည် နတ်ဘုရားလမ်းစဉ် တစ်ခုကို နားလည်သဘောပေါက်နိုင်မည့် အခွင့်အရေးများ ဖြစ်သည် ။ တစ်ခုကို ထိတွေ့လိုက်ရုံဖြင့် ထိုလမ်းစဉ်အတွက် စစ်ဆေးမှုသို့ ဝင်ရောက်နိုင်မည် ဖြစ်သည် ။ စစ်ဆေးမှု အောင်မြင်ပါက ထိုလမ်းစဉ်၏ အနှစ်သာရ ကို ရရှိမည် ဖြစ်သည် ။ "

​" အလင်းလုံးကို ထိတွေ့သည့်အခါ တိုက်ရိုက် ကန်ထုတ်ခံရခြင်းလည်း ရှိနိုင်သည် ။ ၎င်းမှာ သင်သည် ထိုလမ်းစဉ်၏ အသိအမှတ်ပြုမှုကို မရရှိခြင်းပင် ဖြစ်သည် ။ "

​" သင်တို့တွင် အချိန်တစ်ရက် ရှိသည် ။ နတ်ဘုရားလမ်းစဉ် တစ်ခုကို ရရှိနိုင်ခြင်း ရှိမရှိ ဆိုသည်မှာ သင်တို့အပေါ်တွင်သာ မူတည်သည် ။ "

​ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ ဝင်ရောက်လာကြသော ကျောင်းသား ဆယ်ဂဏန်းခန့်မှာလည်း အလျင်အမြန် လှုပ်ရှားကြကာ မိမိတို့နှင့် သင့်တော်မည့် လမ်းစဉ်ကို လိုက်ရှာကြတော့သည် ။ မြင်ကွင်းက လှပသော်လည်း သူတို့ အောင်မြင်မလား ဆိုသည်ကတော့ ကြိုးစားပြီးမှသာ သိနိုင်ပေမည် ။

​နန်းဆောင်အတွင်းရှိ များပြားလှသော အလင်းလုံးများကို ကြည့်ရင်း ဂူချန်က တည်ငြိမ်စွာပင် ခြေလှမ်းလှမ်း၍ အတွင်းသို့ ဝင်လာခဲ့သည် ။

​သူ၏ စဉ်းစားချက်အရ သူ၏ လက်ရှိ အခြေအနေနှင့် အသင့်တော်ဆုံး လမ်းစဉ် နှစ်ခုရှိသည် ။ ၎င်းတို့မှာ လှည့်စားခြင်း တာအို နှင့် ဝိညာဉ်ပြုပြင်ခြင်း လမ်းစဉ် တို့ ဖြစ်သည် ။

​သူ၏ SSS-အဆင့် ပါရမီဖြစ်သော မျက်လုံးနှစ်ထပ် နှင့် သေမင်း၏လက တို့မှာ လှည့်စားခြင်း နည်းပညာများအတွက် အခြေခံကောင်းများ ရှိသည် ။ ထို့ပြင် သူ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ကာကွယ်ပေးနိုင်သည့် ပါရမီများလည်း ရှိနေသဖြင့် လှည့်စားခြင်း တာအိုတွင် သူသည် ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ ဖြစ်နေပေလိမ့်မည် ။

​ဝိညာဉ်ပြုပြင်ခြင်း လမ်းစဉ် အတွက်မူ သေမင်း၏လက်ကို ပိုင်ဆိုင်ထားသူတစ်ဦးအဖို့ ကျားပေါ် အတောင်ပံ တပ်ပေးလိုက်သည့်အလား ဖြစ်ပြီး ဝိညာဉ်များကို စုပ်ယူခြင်းနှင့် သန့်စင်ခြင်း ကိစ္စရပ်များတွင် အမြင့်ဆုံး စွမ်းဆောင်ရည်ကို ရရှိစေမည် ဖြစ်သည် ။

​ထို့ကြောင့် ဂူချန်၏ ယခုတစ်ခေါက် ပန်းတိုင်မှာ ထိုလမ်းစဉ် နှစ်ခုကို ရှာဖွေပြီး စစ်ဆေးမှုများကို အောင်မြင်ရန်ပင် ဖြစ်သည် ။

​စဉ်းစားရမည့် တစ်ခုတည်းသော အချက်မှာ ထိုလမ်းစဉ် နှစ်ခုကို မည်သို့ ရှာရမည်နည်း ဆိုသည်ပင် ။ သူ အောင်မြင်မလား ဆိုသည်ကိုတော့ ထည့်ပင် မစဉ်းစားချေ ။ အလွန်ဆုံး ရှိမှတော့ သူ၏ စေတနာ တန်ဖိုးအချို့ကို အသုံးပြလိုက်ရုံသာ ရှိသည် ။

​သို့သော် ဂူချန်၏ ခြေထောက်က နတ်ဘုရားလမ်းစဉ် နန်းဆောင်အတွင်းသို့ လှမ်းဝင်လိုက်သည့် ခဏမှာပင် စူးရှလှသော အော်ဟစ်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည် ။

​နန်းဆောင်တစ်ခုလုံးတွင် ဝဲပျံနေသော များပြားလှသည့် အလင်းလုံးလေးများမှာ ရုတ်တရက် တုန်ခါသွားပြီးနောက် သွေးနံ့ရသည့် ငါးမန်းများအလား နန်းဆောင်ဝင်ပေါက်ဆီသို့ ဝုန်းခနဲ ပြေးဝင်လာကြတော့သည် ။

​နန်းဆောင်၏ မည်သည့် ထောင့်စွန်းမှာပင် ရှိနေပါစေ ၊ သူတို့မှာ သူတို့၏ မြင့်မြတ်သော ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်တော့ဘဲ အလင်းတန်းများအဖြစ် အလျင်အမြန် ပြောင်းလဲကာ ပြေးဝင်လာကြခြင်း ဖြစ်သည် ။ အချိန်ကုန် သက်သာစေရန်အတွက် သူတို့မှာ လမ်းတွင် ပိတ်နေသော အဆောက်အဦးများကိုပင် တိုက်ဖြတ်ကာ ပြေးဝင်လာကြ၏ ။

​စစ်ဆေးမှု ပြုလုပ်နေပြီးသား ဖြစ်သော အလင်းလုံးများပင်လျှင် ရုတ်တရက် ရပ်တန့်သွားကြပြီး ဖြေဆိုသူကို အပြင်သို့ ကန်ထုတ်ကာ ဝင်ပေါက်ဆီသို့ အပြေးအလွှား သွားကြသည် ။

​နန်းဆောင်အတွင်း ဝင်ရောက်လာကြသော တခြားသော ဖြေဆိုသူ ဆယ်ဂဏန်းခန့်ကိုတော့ ထိုအလင်းလုံးများက တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ သူတို့၏ ဘေးမှ ဝှေ့ခနဲ ဖြတ်ကျော်သွားကြသည် ။

​" ဟာ.. ဒါ ဘာတွေ ဖြစ်နေတာလဲ.. "

​" ဘာတွေလဲဟ.. စောက်သုံးမကျတဲ့ နတ်ဘုရားလမ်းစဉ်.. ငါ ခုမှ ဝင်ရသေးတယ် ၊ ကန်ထုတ်လိုက်ပြီ.. "

​" လမ်းစဉ်တွေ အများကြီးပဲ.. ဘာလို့ အဝင်ဝဆီကိုပဲ အကုန် ပျံသွားကြတာလဲ.. "

​လူတိုင်း လှည့်ကြည့်လိုက်ကြသည် ။ ကောင်းကင်ယံတွင် အလင်းလုံးများမှာ အဝင်ဝဆီသို့ စုပြုံတိုးဝှေ့နေကြသဖြင့် မြင်ကွင်းတစ်ခုလုံးကိုပင် ပိတ်ဆို့နေတော့သည် ။

​အလင်းလုံးများကြားမှ ဟာကွက်လေးများမှတစ်ဆင့် မလှမ်းမကမ်းရှိ နတ်ဘုရားလမ်းစဉ် နန်းဆောင် အဝင်ဝတွင် ရပ်နေသော အနက်ရောင် ဝတ်စုံနှင့် ပုံရိပ်တစ်ခုကို သူတို့ ဝေဝေဝါးဝါး မြင်လိုက်ရသည် ။

​'သူပါလား..'

​'သူပဲ..'

​'တကယ်ကြီး သူပါလား..'

'​တခြားသူတွေကို ကန်ထုတ်ခဲ့တဲ့ စေတနာရှင်ကြီး ဂူချန်ပဲ..'

​လူတိုင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားကြပြီး ထိုလူကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည် ။

​နတ်ဘုရားလမ်းစဉ် အားလုံးသည် ထိုလူ့ဆီကို ကိုယ်တိုင် သွားရှာနေကြသည်လော။

​သူတို့သည်တော့ လမ်းစဉ်တစ်ခုမှ ရွေးချယ်ခံရဖို့ရန် ကြိုးစားနေရချိန်မှာ ဂူချန်ထံသို့ ထိုအလင်းလုံးများက အလုအယက် ပြေးဝင်နေကြ၏ ။

'ဒါ.. ဒါ..'

​'ကွာခြားချက်က ဒီလောက်တောင် ကြီးမားနေရသလား ..'

​ဝုန်းးးး...

​လေထုကို ထိုးခွဲသံများ ထွက်ပေါ်နေသည် ။ ဤကြီးမားလှသော လှုပ်ခတ်မှုကြီးက အခြားတစ်ဖက်မှ အဘိုးကြီး ခုနစ်ယောက်၏ အာရုံကိုပင် ဆွဲဆောင်သွားသည် ။ သူတို့အားလုံးမှာ နန်းဆောင်အတွင်း ပေါ်လာကြပြီး ဤမြင်ကွင်းကို ကြည့်ကာ မှင်တက်နေကြ၏ ။

​စီမံခန့်ခွဲသူများ ဖြစ်သည့်အတိုင်း ယခုအချိန်တွင် နတ်ဘုရားလမ်းစဉ် နန်းဆောင်အတွင်းရှိ အလင်းလုံးအားလုံးမှာ အဝင်ဝရှိ ဂူချန်ဆီသို့ စုပြုံတိုးဝင်နေကြသည်ကို သူတို့ ခံစားမိကြသည် ။

​ဤမြင်ကွင်းမျိုးကို တခြားဖြေဆိုသူများ မပြောနှင့် ၊ နှစ်ပေါင်း ရာနှင့်ချီ နေထိုင်လာခဲ့သည့် သူတို့ ခုနစ်ယောက်ပင်လျှင် တစ်ခါမျှ မတွေ့မြင်ခဲ့ဖူးချေ ။

​' ဒီကလေးရဲ့ ပါရမီက ဘယ်လောက်တောင် ကောင်းကင်ကို ဆန့်ကျင်နေလို့ နတ်ဘုရားလမ်းစဉ် တွေက သူ့ကို ရဖို့အတွက် ဒီလောက်အထိ ရူးသွပ်နေကြတာလဲ ..'

​ထိပ်ပြောင်အဘိုးကြီးက တည်ငြိမ်သော လေသံဖြင့် ...

" ဒီကိစ္စကို မဟာမိတ်ဌာနချုပ်ကို သတင်းပို့ရမယ်.. ဒီကောင်လေး ဂူချန်ရဲ့ ပါရမီက ငါတို့ ထင်ထားတာထက် အများကြီး ပိုတယ်.. "

​ကျန်သော အဘိုးကြီး ခြောက်ယောက်ကလည်း ထိုစကားကို ကြားလျှင် မငြင်းဆန်ဘဲ ခေါင်းညိတ်လိုက်ကြသည် ။ သူတို့အားလုံးမှာ သူ့ကို တပည့်အဖြစ် လက်ခံချင်သည့် စိတ်ကူးများကို စွန့်လွှတ်လိုက်ကြတော့၏ ။ သမိုင်းတစ်လျှောက် အဆင့် ၉ သိုင်းနတ်ဘုရား ဖြစ်ခဲ့သူ ပင်လျှင် နတ်ဘုရားလမ်းစဉ် နန်းဆောင်ကို ပထမဆုံး ဝင်ရောက်စဉ်က ဤမျှအထိ လှုပ်ခတ်မှု မဖြစ်စေခဲ့ချေ ။

​ယခုတော့ ဂူချန်၏ ပါရမီက အနှိုင်းမဲ့နေချေပြီ ။ ဤကဲ့သို့ ပါရမီရှင်မျိုးကို သင်ကြားပေးဖို့ရန် သူတို့တွင်အရည်အချင်း မရှိချေ ။

​ယခုအခါတွင်တော့ ဝန်းရံထားသော များပြားလှသည့် အလင်းလုံးများကြောင့် မြင်ကွင်းများ ပိတ်ဆို့နေသော်လည်း ဂူချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည် ။ သူ ရှာနေသော လမ်းစဉ်နှစ်ခုကို သတ်မှတ်ထားသော အချိန်အတွင်း မတွေ့မှာ စိုးရိမ်နေခဲ့သေးသော်လည်း သူ အစိုးရိမ်လွန်ခဲ့ခြင်းသာ ဖြစ်နေ၏ ။

All Chapters