← Chapters

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

အခန်း (၂၂၃) - ဝံပုလွေအသိုက်၏ မူဝါဒအသစ် (၂)

“အစောင့်အရှောက်တွေရဲ့ အကာအကွယ်က ထိုးဖောက်လို့မရအောင် ဖြစ်လာမယ်၊ ကင်းလှည့်အမဲလိုက်တပ်ရင်းကလည်း စစ်မှန်တဲ့ တစ္ဆေတပ်ဖွဲ့တစ်ခု ဖြစ်လာလိမ့်မယ်”

“ငါတို့ ဝံပုလွေအသိုက်ရဲ့ အလုံးစုံ တိုက်ခိုက်ရေးစွမ်းအားက အဘက်ဘက်နေ တိုးတက်လာမှာ၊ ပိုပြီးပြည့်စုံလာပြီး အစွမ်းထက်လာလိမ့်မယ်”

ထိုစဉ် ဝံပုလွေအသိုက်၏ အပြင်ဘက် ကင်းစခန်းဘက်မှ ထူထဲပြီး ပြင်းထန်သော အငွေ့အသက်များကို သယ်ဆောင်လာသည့် အနီနှင့်အဖြူ ရောယှက်နေသော ပုံရိပ်တစ်ခုသည် လေးမှလွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ပြေးဝင်လာသည်။

၎င်းသည် သွေးနံ့ပါသော လေပွေတစ်ပွေကို သယ်ဆောင်လာပြီး မိခင်သစ်ပင်အောက်တွင် တည်ငြိမ်စွာ ရပ်တန့်သွားလေ၏။ ထိုပုံရိပ်မှာ သွေးမိစ္ဆာပင်ဖြစ်သည်။

ဤအချိန်တွင် သွေးမိစ္ဆာ၏ အရမ်မှာ တစ်မီတာခွဲနီးပါး ရှိနေပြီဖြစ်သည်။ သွယ်လျကျစ်လစ်သော ကြွက်သားများမှာ ရုပ်တရက် ပေါက်ကွဲနိုင်သော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

ဖြူဖျော့သော အမွေးများအောက်ရှိ ထိုသွေးရောင်ပုံစံလိုင်းများသည် အရေပြားအောက်တွင် ချော်ရည်များ စီးဆင်းနေသကဲ့သို့ ပိုမိုနက်ရှိုင်းပြီး ထင်ရှားလာသည်။

သွေးမိစ္ဆာတွင် လတ်ဆတ်သော ဒဏ်ရာအချို့ရှိနေပြီး ပါးစပ်ထောင့်များတွင် တိုက်ပွဲ၏ အကြွင်းအကျန် သွေများ ပေကျန်နေသေးသော်ငြား သူ၏ စိတ်ဓာတ်မှာ အလွန်တက်ကြွနေပြီး မျက်လုံးများမှာ သေချာသွေးထားသော ဓားသွားများကဲ့သို့ ထက်ရှနေသည်။

“ဘုရင်ကြီး” သွေးမိစ္ဆာသည် ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး ပါးစပ်ထဲတွင် ကိုက်ချီလာခဲ့သော ရွှံ့များနှင့် သွေးများ ပေကျံနေသည့် သလင်းကျောက်အမြုတေ အချို့ကို လင်းထျန်းလုံရှေ့တွင် ချထားလိုက်သည်။

“အရှေ့မြောက်ဘက် သုံးမိုင်အကွာမှာရှိတဲ့ ‘ကျောက်သားအရေပြား တောကြောင်’ တွေ နေတဲ့ ဂူတစ်ခုကို ရှင်းလင်းခဲ့ပါတယ်။ စုစုပေါင်း ဆယ့်နှစ်ကောင်ပါ။ ဒါတွေက သူတို့ရဲ့ ခေါင်းဆောင်နဲ့ အထက်တန်းအဆင့် နှစ်ကောင်ဆီက ရလာတဲ့ သလင်းကျောက်အမြုတေတွေပါ”

လင်းထျန်းလုံ၏ ငွေပြာဘုရင်မျက်ဝန်းက တိတ်ဆိတ်စွာ အလုပ်လုပ်နေပြီး သွေးမိစ္ဆာကို စစ်ဆေးကြည့်လိုက်သည်။

[စနစ်အသိပေးချက်]။ ။

[အမည်: သွေးမိစ္ဆာ]

[မျိုးနွယ်စု: နှင်းဝံပုလွေ (မိုးပြာနက်နဲရေခဲ ဝံပုလွေသွေးမျိုးဆက် · သွေးမိစ္ဆာ မျိုးဗီဇပြောင်းလဲမှု)]

[အဆင့်: အဆင့် ၁၉ (ခြေလှမ်း၀က်ပါရမီရှင်)]

[ပင်ကိုဝိသေသလက္ခဏာရပ်: သွေးမိစ္ဆာတိုက်ပွဲဝင်ခန္ဓာ (ခရမ်းရောင် အဆင့်မြင့်)]

[ကျွမ်းကျင်မှုစွမ်းရည်များ: သွေးလက်သည်း (အစိမ်းရောင်)၊ သွေးဆာလိုက်လံသတ်ဖြတ်မှု (အစိမ်းရောင်)]

“ဒီကြီးထွားနှုန်းက အရမ်းကို မြန်လွန်းတယ်၊ အဆင့် ၂ ကနေ အဆင့် ၁၉ ကို ရောက်ဖို့ ရက်အနည်းငယ်ပဲ ကြာတယ်တဲ့လား၊ သွေးမိစ္ဆာတိုက်ပွဲဝင်ခန္ဓာနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ပေါင်းစပ်လိုက်တာက ချိစ်ကုဒ်တွေ ရလိုက်သလိုပဲ”

လင်းထျန်းလုံသည် ဤကြောက်မက်ဖွယ်ကောင်းသော အဆင့်တက်နှုန်းကြောင့် အမှန်တကယ် အံ့သြသွားသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်နေသည်။

သွေးမိစ္ဆာ၏ အသစ်နိုးထလာသော ကျွမ်းကျင်မှုစွမ်းရည် နှစ်ခုကို သူ ဂရုတစိုက် လေ့လာလိုက်သည်။ သွေးလက်သည်းသည် တိုက်ခိုက်မှုများတွင် သွေးမိစ္ဆာစွမ်းအားများ ပါဝင်စေပြီး စဉ်ဆက်မပြတ် တိုက်စားပျက်စီးမှုကို ဖြစ်စေသည်။

သွေးဆာလိုက်လံသတ်ဖြတ်မှုမှာ ပို၍ပင် အစွမ်းထက်ပြီး ရန်သူကို ဒဏ်ရာရစေပြီးနောက် မိမိ၏ရွေ့လျားမှုအမြန်နှုန်းကို အချိန်တိုအတွင်း အတော်များများ တိုးမြှင့်ပေးနိုင်သည်။

ဤကျွမ်းကျင်မှုစွမ်းရည် နှစ်ခုသည် တိုက်လေတိုက်လေ ပိုရဲရင့်လာလေဖြစ်ပြီး မိမိကိုယ်ကို အဆင့်မြှင့်တင်ပေးနိုင်သော သွေးမိစ္ဆာတိုက်ပွဲဝင်ခန္ဓာ၏ ဝိသေသလက္ခဏာရပ်နှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေသည်။

“ကောင်းတယ်” လင်းထျန်းလုံ၏ အသံထဲတွင် ရှင်းလင်းသော ချီးကျူးဂုဏ်ပြုမှုများ ပါဝင်နေသည်။

“မင်းရဲ့ လမ်းကြောင်းကို အဆက်မပြတ် တိုက်ပွဲဝင်ပြီး သတ်ဖြတ်ခြင်းကနေ ဖောက်လုပ်ထားတာပဲ၊ ဒီအရှိန်အဟုန်ကို ဆက်ထိန်းထားပါ၊ ပါရမီရှင်အဆင့်ကို တက်လှမ်းဖို့ဆိုတာ မင်းအတွက် လက်လှမ်းမီတဲ့ နေရာမှာ ရှိနေပါပြီ”

သွေးမိစ္ဆာ၏ မျက်လုံးများထဲတွင် ဘယ်သောအခါမှ ငြိမ်းသွားမည် မဟုတ်သကဲ့သို့ တောက်လောင်နေသော တိုက်ပွဲမီးတောက်သည် ပို၍ပင် ပြင်းထန်လာတော့၏။

၎င်းက အစွမ်းကုန်အားယူကာ ခေါင်းကို လေးနက်စွာ ညိတ်ပြလိုက်လေ၏။

“ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုး နားလည်ပါတယ်၊ ဘုရင်ကြီးရဲ့ ယုံကြည်မှုကို ဘယ်တော့မှ အလဟဿမဖြစ်စေရပါဘူး”

သွေးမိစ္ဆာ ဆုတ်ခွာသွားချိန်တွင် သူ၏ အကြည့်များသည် ယင်းဖုန်း၏ လမ်းညွှန်မှုအောက်တွင် ပြင်းထန်စွာ လေ့ကျင့်နေကြသော နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်များအပေါ် ဖြတ်ပြေးသွားသည်။

‌သွေးမိစ္ဆာ၏ မျက်လုံးများထဲတွင် အားကျမှု သို့မဟုတ် တုံ့ဆိုင်းမှု အရိပ်အယောင်မျိုး လုံးဝမရှိဘဲ ပိုမိုခိုင်မာသော ယုံကြည်ချက်များဖြင့်သာ ပြည့်နှက်နေလေသည်။

သူသည် လုံးဝ ကွာခြားသော လမ်းကြောင်းတစ်ခု၊ ပိုမိုတိုက်ရိုက်ကျပြီး၊ ပိုမိုရက်စက်ကြမ်းကြုတ်သော်လည်း သူ၏ သဘာဝနှင့် ပိုမိုကိုက်ညီသော လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းနေရကြောင်း သူ ကောင်းကောင်းကြီး နားလည်ထားသည်။

သွေးမိစ္ဆာ ဆုတ်ခွာသွားသည့် အချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် အနောက်မြောက်ဘက် အဝေးရှိ ဝိညာဉ်နက်တောင်ကြော၏ အနက်ရှိုင်းဆုံးနေရာမှ ကြောက်မက်ဖွယ်ကောင်းသော အရိုးဂူကြီးထဲတွင်...

ဧရာမ အရိုးပလ္လင်ကြီးပေါ်တွင် ထိုင်နေသော မျက်လုံးသုံးလုံးဝံပုလွေဘုရင်၏ နဖူးအလယ်ရှိ နက်ရွှေရောင် ဒေါင်လိုက်မျက်လုံးသည် ရုတ်တရက် ပွင့်လာပြီး အံ့သြမှုနှင့် ဒေါသအရိပ်အယောင်များ လင်းလက်သွားလေသည်။

ယခုလေးတင် အရိုးမိစ္ဆာဝံပုလွေ၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာတွင် မျက်လုံးသုံးလုံးဝံပုလွေဘုရင် ချန်ထားခဲ့သော သက်စောင့်အမှတ်အသား အနည်းငယ်သည် လုံးဝ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။

“နောက်တစ်ကောင် သေပြန်ပြီလား...” မျက်လုံးသုံးလုံးဝံပုလွေဘုရင်၏ နက်ရှိုင်းသော ဟိန်းဟောက်သံသည် ဂူထဲတွင် ပဲ့တင်ထပ်သွားပြီး သူ၏ အရိုးလက်သည်းများသည် ဒေါသကြောင့် ပလ္လင်လက်ရန်းများထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားလေ၏။

“ဟို အသုံးမကျတဲ့ ချော်ရည်ကောင်သေသွားတာက ထားပါတော့၊ အခု အရိုးကောင်ကတောင် အဲဒီမှာကျဆုံးသွားပြီ၊ ဟို ငွေဖြူရောင်ဝံပုလွေဘုရင်က ဘယ်လိုနောက်ခံမျိုး ရှိနေတာလဲ”

မျက်လုံးသုံးလုံးဝံပုလွေဘုရင်သည် စိတ်တိုတိုဖြင့် မတ်တတ်ထရပ်လိုက်ပြီး ဟာလာဟင်းလင်းဖြစ်နေသော ဂူထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေလေသည်။

ရုတ်တရက် သူသည် ဂူ၏ အနက်ရှိုင်းဆုံးနေရာရှိ အထူထပ်ဆုံးသော အမှောင်ထုထဲသို့ လှည့်ကြည့်လိုက်ရာ၊ ထိုနေရာတွင် ဧရာမ ရှေးဟောင်းအရိုးစုကြီးတစ်ခု တိတ်ဆိတ်စွာ တည်ရှိနေပြီး ၎င်း၏မျက်နှာပြင်ပေါ်တွင် နက်ရွှေရောင် စွမ်းအင်ပုံစံလိုင်းများ စီးဆင်းနေသည်။

၎င်းမှာ ရှေးဟောင်းဝံပုလွေဘိုးဘေး၏ အရိုးစုအကြွင်းအကျန်ပင် ဖြစ်သည်။ ထိုအရိုးစုကြီးထံမှ ရင်တုန်ဖွယ်ရာ ဖိအားများ ထုတ်လွှင့်နေပြီး ထိုစွမ်းအားမှာ ပင်လယ်ကြီးကဲ့သို့ ကျယ်ပြောလွန်းသော်ငြား အရိုင်းဆန်လွန်းကာ ကြမ်းတမ်းလွန်းသဖြင့် ထိန်းချုပ်ရန် ခက်ခဲလှသည်။

“နောက်ထပ် ခုနစ်ရက်လောက်ပဲအချိန်ပေး... မဟုတ်ဘူး၊ ငါးရက်ဆို ရလောက်ပြီ”

မျက်လုံးသုံးလုံး ဝံပုလွေဘုရင်သည် အရိုးစုအကြွင်းအကျန်ကို စူးစိုက်ကြည့်နေပြီး သူ၏ နက်ရွှေရောင် ဒေါင်လိုက်မျက်၀န်းထဲတွင် လောဘနှင့် အလောတကြီးဖြစ်မှုများ ပြည့်နှက်နေသည်။

“ငါ ဒီအမွေအနှစ်ရဲ့ နောက်ဆုံးအပိုင်းကို လုံးဝ စုပ်ယူနိုင်တော့မယ်၊ ပြီးရင် ဒီအကြွင်းအကျန်ရဲ့ စွမ်းအားကို အပြည့်အဝထိန်းချုပ်နိုင်လိမ့်မယ်၊ အဲဒီအချိန်ကျရင် ငါ့အဆင့်က အနည်းဆုံး အဆင့် ၄၈ အထိ တက်သွားလိမ့်မယ်၊ အဆင့် ၄၉ ရဲ့ တံခါးဝကိုတောင် ထိတွေ့နိုင်ကောင်း ထိတွေ့နိုင်လိမ့်မယ်”

အရိုးစုအကြွင်းအကျန်အတွင်း ပါဝင်သော ကြောက်မက်ဖွယ်စွမ်းအားများသည် မျက်လုံးသုံးလုံးဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း ပေါင်းစပ်ဝင်ရောက်လာနေလေ၏။

ဤလုပ်ငန်းစဉ်သည် စွမ်းအားကို လျင်မြန်စွာ တိုးတက်လာစေသော်ငြား အန္တရာယ်လည်း အလွန်အမင်း များလှသည်။

အနည်းငယ် မှားယွင်းသွားပါက တွေးတော၍ပင်မရနိုင်သော ဆိုးကျိုးများနှင့်အတူ စွမ်းအင်တန်ပြန်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေနိုင်သည်။

ဤနယ်မြေကို လွှမ်းမိုးရုံသာမက သားရဲများအားလုံး၏အထွတ်အထိပ်သို့ ရောက်အောင် သွားမည်ဟူသော ခိုင်မာသည့် ရည်မှန်းချက်က မျက်လုံးသုံးလုံးဝံပုလွေဘုရင်ကို ထိုသို့လုပ်ရန် တွန်းအားပေးနေခဲ့သည်။

“ဒါပေမယ့် ငါ တစ်ရက်တောင် ဆက်မစောင့်နိုင်တော့ဘူး” သူ၏ သွေးနီရောင် ပင်မမျက်လုံးများထဲတွင် ရက်စက်ပြတ်သားသော အလင်းရောင်တစ်ခု လင်းလက်သွား၏။

“ဟို ဝံပုလွေအသိုက်က ဝံပုလွေဘုရင်ရဲ့ ကြီးထွားနှုန်းက အရမ်းကို မြန်လွန်းနေတယ်၊ ပုံမှန်မဟုတ်ဘူး၊ ငါ့ရဲ့ အမွေအနှစ် ပြီးပြည့်စုံမယ့် နောက်ဆုံးအချိန်လေးမှာ သူတို့ လာပြီးပြဿနာရှာတာကို လုံးဝ အဖြစ်ခံလို့မရဘူး”

အရိုးစုအကြွင်းအကျန်၏ နောက်ဆုံးအရင်းအမြစ်စွမ်းအားကို စုပ်ယူမည့် အရေးကြီးဆုံးအချိန်တွင် အနှောင့်အယှက်ခံရပါက သူ၏ ယခင် ကြိုးပမ်းအားထုတ်မှုများအားလုံး သဲထဲရေသွန် ဖြစ်သွားမည်ဖြစ်ပြီး အကြွင်းအကျန်အတွင်းရှိ ရှေးဟောင်းစိတ်ဆန္ဒ၏ ဝါးမြိုခြင်းကိုပင် ခံရနိုင်ကြောင်း မျက်လုံးသုံးလုံးဝံပုလွေဘုရင်က ကောင်းကောင်း သိထားသည်။

“အမိန့်ပေးလိုက်” ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို သယ်ဆောင်လာသည့် သူ၏ အတွေးလှိုင်းများသည် ဝိညာဉ်နက်တောင်ကြော တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားတော့၏။

“တိုက်ခိုက်ရေ တပ်ဖွဲ့အားလုံး လှုပ်ရှားမှုအားလုံးကို ချက်ချင်းရပ်တန့်ပြီး အရိုးချိုင့်ဝှမ်းမှာ စုဝေးကြ၊ မင်းတို့ကို သုံးရက်အချိန်ပေးမယ်၊ တွားသွားလာရမယ်ဆိုရင်တောင် အချိန်မီရောက်အောင်လာခဲ့ကြ”

မျက်လုံးသုံးလုံးဝံပုလွေဘုရင်က ခေါင်းကို ရုတ်တရက် လှည့်လိုက်ပြီး မျက်လုံးသုံးလုံးက ဝံပုလွေအသိုက်ရှိရာသို့ စူးစိုက်ကြည့်နေကာ ထူထပ်လွန်းသော လူသတ်ချင်စိတ်များမှာ အကောင်အထည် ပေါ်လာလုနီးပါး ဖြစ်နေလေသည်။

“ဒီတစ်ခါတော့ ဒီဘုရင်ကိုယ်တိုင် စစ်ချီမယ်၊ အရိုးစုအကြွင်းအကျန်ကို လုံးဝမထိန်းချုပ်နိုင်ခင်၊ အနိုင်ယူလို့မရတဲ့စွမ်းအားကို မရခင်မှာ မြေပုံပေါ်က မျက်စိစူးစရာကောင်းလွန်းတဲ့ ဒီဆူးငြောင့်ခလုတ်ကို အရင်ဆုံး လုံးဝနုတ်ပစ်ရမယ်”

ဝံပုလွေအသိုက်ရှိ မိခင်သစ်ပင်အောက်တွင်...

လင်းထျန်းလုံသည် သွေးမိစ္ဆာကို လမ်းညွှန်မှုပေးပြီးနောက် ဝံပုလွေအသိုက်ရှိ အခြားနေရာများ၏ တည်ဆောက်ရေး လုပ်ငန်းများကို စစ်ဆေးရန် ပြင်ဆင်နေစဉ် သူ၏ရင်ထဲတွင် သတိပေးခြင်းမရှိဘဲ ရုတ်တရက် တစ်ချက် ခုန်သွားလေသည်။

သူက ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး ထက်ရှသော သူ၏ ရေခဲပြာရောင် မျက်လုံးများက မြားတစ်စင်းကဲ့သို့ ဟင်းလင်းပြင်ကို ဖောက်ထွင်းကာ အနောက်မြောက်ဘက်သို့ တည့်တည့် လှမ်းကြည့်လိုက်သည်။

ယခင်ကထက် များစွာ ပိုမိုကြီးမား၊ ခိုင်ခံ့ပြီး ရူးသွပ်နေသော မနာလိုမှုလှိုင်းလုံးကြီးတစ်ခု ထိုအရပ်မျက်နှာတွင် လျင်မြန်စွာ စုစည်းလာနေပြီး စွမ်းအင်များ အဆက်မပြတ် စုဆောင်းနေသည့် မီးတောင်တစ်ခုကဲ့သို့ ကြီးထွားလာကာ အသက်ရှူကြပ်လောက်သော ဖိအားများကို ထုတ်လွှင့်နေကြောင်း သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။

“နောက်ဆုံးမုန်တိုင်းကြီး ရောက်လာတော့မယ်နဲ့ တူတယ်”

အခန်း (၂၂၄) - အရှေ့တောင်ဘက်မှ ထူးဆန်းသော ရှေးဟောင်းခေါ်သံ (၁)

ဝံပုလွေအသိုက်၏ အရှေ့ဘက် ချဲ့ထွင်တည်ဆောက်ရေး လုပ်ငန်းခွင်တွင် ရန့်မြဲ့သည် အသစ်ထပ်မံ ခိုင်ခံ့စေထားသော ရေခဲတံတိုင်းရှေ့၌ မတ်မတ်ရပ်ကာ တံတိုင်းကို ဂရုတစိုက်စစ်ဆေးနေသည်။

မဟာနှင်းအစောင့်အရှောက် ခြောက်ကောင်က ရေခဲပင်မသလင်းကျောက် အတုံးများကို တံတိုင်းပေါ်ရှိ အချိုင့်များထဲသို့ သွတ်သွင်းနေကြသည်။

ထွင်းထုထားသော ပုံစံလိုင်းများတစ်လျှောက် အပြာနုရောင် စွမ်းအင်များ စီးဆင်းသွားပြီး တံတိုင်းတစ်ခုလုံးကို သက်ဝင်လှုပ်ရှားနေသည့်အလား ထင်မှတ်ရစေ၏။

“ဒီနေရာကို ထပ်ပြီး ခိုင်ခံ့အောင်လုပ်ရမယ်” ရန့်မြဲ့က ဘေးရှိ ရေပြာကြေးခွံအစောင့်အရှောက်များကို သူ၏ အတွေးလှိုင်းမှတစ်ဆင့် ညွှန်ကြားလိုက်သည်။

“ဂိုဒေါင်ကိုသွားပြီး ရေခဲပင်မသလင်းကျောက် အတုံးသုံးဆယ် ထပ်ယူခဲ့။ အထူးသဖြင့် အရှေ့တောင်ဘက်က ဟိုထောင့်ကို ပိုပြီး ခိုင်ခံ့အောင်လုပ်ဖို့ လိုတယ်”

စစ်ရေးစွမ်းဆောင်ရည် မှတ်တမ်းကို တည်ထောင်လိုက်ကတည်းက ဝံပုလွေအသိုက်တစ်ခုလုံး၏ တည်ဆောက်ရေးအရှိန်အဟုန်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။

ရေပြာကြေးခွံအစောင့်အရှောက် ငါးကောင်သည် ချက်ချင်းလှည့်ကာ ဂိုဒေါင်ရှိရာသို့ ပြေးသွားကြပြီး သူတို့၏ ခြေလှမ်းများမှာ မြန်ဆန်၍ တည်ငြိမ်နေခဲ့၏။

တောင်ဘက် ရှေးဟောင်းတောအုပ်ကြီးထဲမှ ပြင်းထန်သော ရိုက်ခတ်သံများနှင့် နှင်းဝံပုလွေများ၏ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။

ထျန်းပင်းသည် လုပ်ကြံသတ်ဖြတ်သူ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ တိုက်ခိုက်ရေး လေ့ကျင့်ခန်းများ ပြုလုပ်နေခြင်းဖြစ်သည်။

သူ၏ ရွှေရောင်ရင့်ရင့် ပုံရိပ်သည် တောအုပ်ထဲတွင် လျင်မြန်စွာပြေးလွှားနေပြီး သူ၏အမွေးအမျှင်များက နေရောင်အောက်တွင် သတ္တုရောင်များဖြင့် လင်းလက်တောက်ပနေသည်။

“မင်းတို့အားလုံး ထမင်းမစားထားကြဘူးလား... ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ကြစမ်း” ထျန်းပင်းသည် သူ့ရှေ့မှ ပိတ်ဆို့နေသော ကျောက်တုံးကြီးတစ်ခုကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်ချိုးလိုက်ပြီး လေ့ကျင့်ရေး ကျောက်သားဂိုလမ်ကို ဝိုင်းဝန်းတိုက်ခိုက်နေကြသော လက်အောက်ငယ်သားများအား အော်ဟစ်လိုက်သည်။

“မီးသုံးတဲ့ ဟိုလူသားတွေကို ခံစစ်မျဉ်းကနေ ဖောက်ထွက်ခွင့်ပေးလိုက်ရင် မင်းတို့အားလုံးကို ဂိုဒေါင်စောင့်ဖို့ ပို့ပစ်မယ်ဆိုတာမှတ်ထား”

လေ့ကျင့်ရေးကွင်း အစွန်အဖျားရှိ အရိပ်များထဲမှ ယင်းဖုန်းသည် တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့၏။ “မင်း အသံကြီးက ကျယ်လွန်းတော့ တပ်သားသစ်တွေ လန့်သေကုန်တော့မယ်”

“အခု လန့်သွားတာက စစ်မြေပြင်မှာ အသက်ပါ သေသွားတာထက်တော့ ပိုကောင်းသေးတယ်ကွ” ထျန်းပင်းက နောက်သို့ လှည့်မကြည့်ဘဲ လေ့ကျင့်ရေးကွင်းရှိ အခြေအနေကိုသာ စူးစိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။

ယင်းဖုန်းက ဆက်မပြောတော့ဘဲ သူ၏ ငွေဖြူရောင်မျက်လုံးများက အနောက်မြောက်ဘက်သို့သာ လှမ်းကြည့်နေသည်။

သူသည် နယ်စပ်ကင်းလှည့်ရာမှ ယခုလေးတင် ပြန်ရောက်လာခြင်းဖြစ်ပြီး ထိုအရပ်မျက်နှာမှ လာသော စွမ်းအင်အတက်အကျများက သူ့ကို စိတ်မအေးဖြစ်စေသည်။

ဝိညာဉ်နက်တောင်ကြောဘက်မှ တပ်ဖွဲ့များ စုစည်းနေသည့် အမြန်နှုန်းမှာ သူတို့ ခန့်မှန်းထားသည်ထက် များစွာ ပိုမိုမြန်ဆန်နေသည်။

သစ်ပင်အိမ်လေးထဲတွင် လင်းထျန်းလုံသည် မိခင်သစ်ပင်၏ အမြစ်များဖြင့် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ကုန်းမြင့်တစ်ခုပေါ်တွင် လှဲလျောင်းနေပြီး စိတ်ချင်းဆက်သွယ်ခြင်းမှတစ်ဆင့် ဝံပုလွေအသိုက်တစ်ခုလုံး၏ အခြေအနေကို စောင့်ကြည့်နေသည်။

ကလေးမလေးနှစ်ယောက်မှာတော့ သူ၏ဘေးတွင် တိတ်တဆိတ် ကစားနေကြသည်။ ရှောင်လန်က ပြန့်ကျဲနေသော ငွေဖြူရောင် ဝံပုလွေအမွေးအချို့ကို ကျစ်ဆံမြီးကျစ်ရန် ကြိုးစားနေပြီး၊ ရှောင်ယင်းကတော့ သူတို့၏အသိုက်လေးကို သပ်ရပ်အောင် ရှင်းလင်းနေသည်။

ရုတ်တရက် လင်းထျန်းလုံသည် သူ၏သွေးမျိုးဆက်အတွင်းမှ ဂနာမငြိမ် လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရပြီး၊ သာမန်ထက် များစွာ ပိုမိုသန့်စင်သော ရေခဲဝံပုလွေအငွေ့အသက်များ ထိန်းချုပ်၍မရအောင် ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိ လေထုအပူချိန်သည်ပင် ရုတ်တရက် ထိုးကျသွားပြီး မြေပြင်ပေါ်တွင် သိမ်မွေ့သော ရေခဲပုံဆောင်ခဲလေးများ စုစည်းဖြစ်ပေါ်လာ၏။

“ဖေဖေ့အမွေးတွေက ပိုလင်းလာသလိုပဲ” ရှောင်လန်သည် သူမ လုပ်နေသည်ကို ရပ်လိုက်ပြီး လင်းထျန်းလုံ၏ ရှေ့လက်ဖဝါးပေါ်ရှိ အမွေးများကို စူးစမ်းလိုစိတ်ဖြင့် လှမ်းကိုင်လိုက်သည်။

ရှောင်ယင်းကလည်း ခေါင်းမော့လာပြီး ပတ်ဝန်းကျင်ရှိ အငွေ့အသက်အပြောင်းအလဲကို ဂရုတစိုက် အာရုံခံလိုက်သည်။ “အင်း... ပိုပြီးနွေးလာသလိုပဲဟ”

“ဝံပုလွေဖေဖေရဲ့ အငွေ့အသက်တွေက ထပ်ပြီး အားကောင်းလာပြန်ပြီလား”

“အရင်ကထက် ပိုပြီး... ရှေးကျတဲ့ခံစားချက်မျိုး ပေးနေတယ်၊ ဒါပေမယ့် ဘာတွေ ပြောင်းလဲသွားလဲဆိုတာကိုတော့ သေချာမပြောတတ်ဘူး”

“ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့လက္ခဏာပဲ၊ အရင်တိုက်ပွဲတွေကနေ ဖေဖေ အကျိုးအမြတ်အများကြီး ရလာပုံပဲ”

ထိုစဉ် လင်းထျန်းလုံ၏စိတ်ထဲသို့ အရေးတကြီး အတွေးလှိုင်းတစ်ခု ဝင်ရောက်လာသည်။

၎င်းမှာ ဝိညာဉ်နက်တောင်ကြောဘက်ကို စောင့်ကြည့်ရန် တာဝန်ယူထားသော နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက် တစ်ဦးထံမှ ပေးပို့လိုက်ခြင်းဖြစ်သည်။

“ဘုရင်ကြီး... အနောက်မြောက်ဘက်မှာ အခြေအနေထူးနေတယ်၊ ဝိညာဉ်နက်တောင်ကြောဘက်က စွမ်းအင်အတက်အကျတွေက ရုတ်တရက် အရမ်းပြင်းထန်လာတယ်”

လင်းထျန်းလုံ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အနောက်မြောက်ဘက်သို့ အကြည့်ရွှေ့လိုက်သည်။ စကားတစ်ခွန်းမှ ပြောရန်မလိုဘဲ လေ့ကျင့်ရေးကွင်းဘေးရှိ အရိပ်များထဲမှ ယင်းဖုန်း၏ ပုံရိပ် ထွက်ပေါ်လာသည်။

သူတို့၏ ငွေဖြူရောင်မျက်လုံးများ ဆုံတွေ့လိုက်သည့် အခိုက်အတန့်တွင် သတင်းအချက်အလက်အားလုံးသည် မမြင်ရသော ချိတ်ဆက်မှုတစ်ခုမှတစ်ဆင့် ကူးပြောင်းသွားတော့၏။

“စွမ်းအင်အဆင့်က အဆက်မပြတ် တက်နေတယ်၊ အရင်တစ်ခေါက်ကထက် အဆပေါင်းများစွာ ပိုပြင်းထန်တယ်” ယင်းဖုန်း၏အသံက လင်းထျန်းလုံ၏အသိစိတ်ထဲတွင် တိုက်ရိုက် မြည်ဟည်းသွားသည်။

“ဒီတစ်ခါ ခံစားရတာက အရမ်းကို ကွာခြားနေတယ်”

တစ်ချိန်တည်းမှာပင် အနောက်မြောက်ဘက်ရှိ ဝိညာဉ်နက်တောင်ကြော၏ အနက်ရှိုင်းဆုံးနေရာ၊ မရေမတွက်နိုင်သော သားရဲအရိုးများ စုပုံနေသည့် ဂူတစ်ခုထဲတွင် မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ နဖူးပေါ်ရှိ နက်ရွှေရောင် ဒေါင်လိုက်မျက်၀န်းသည် ဆိုးရွားသည့် အလင်းရောင်များဖြင့် တဖျတ်ဖျတ် လင်းလက်နေသည်။

၎င်း၏ ခြေထောက်အောက်ရှိ ရှေးဟောင်းဝံပုလွေဘိုးဘေး အရိုးစုအကြွင်းအကျန်၏ မျက်နှာပြင်ပေါ်မှ နက်ရွှေရောင် ပုံစံလိုင်းများသည် သက်ရှိများကဲ့သို့ တွန့်လိမ်လှုပ်ရှားနေပြီး ကြီးမြတ်သော စွမ်းအားများ ၎င်း၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်နေသည်။

“နှေးနေသေးတယ်...” မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ သွေးနီရောင် ပင်မမျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ဝံပုလွေအသိုက်မှ ငွေဖြူရောင်အငွေ့အသက်များ ပိုမိုအားကောင်းလာသည်ကို သူခံစားနေရသည်။ ထိုဝံပုလွေဘုရင် အဆင့်တက်ခြင်း မပြီးဆုံးခင် ဤခြိမ်းခြောက်မှုကို လုံးဝ ချေမှုန်းပစ်ရပေမည်။

ဂူအပြင်ဘက်တွင် ဝိညာဉ်နက်တောင်ကြောမှ မိစ္ဆာသားရဲအမျိုးမျိုးသည် ရူးသွပ်စွာစုစည်းနေကြသည်။

အရိပ်လက်သည်းကျားသစ်များက ကျောက်နံရံများကြားတွင် ခုန်ကူးနေကြပြီး ကျောက်သားအကြေးခွံ အိမ်မြှောင်များက စစ်ကြောင်းများ ဖွဲ့စည်းထားကာ သွေးတောင်ပံလင်းနို့အုပ်စုများက လေထဲတွင် ဝဲပျံနေကြသည်။

ချိုင့်ဝှမ်းတစ်ခုလုံးသည် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး မိစ္ဆာသားရဲများအားလုံးက သူတို့ဘုရင်၏အမိန့်ကို စောင့်ဆိုင်းနေကြသည်။

မျက်လုံးသုံးလုံး ဝံပုလွေဘုရင်သည် ၎င်း၏ ခန္ဓာကိုယ်အတွင်းမှ တဟုန်ထိုး တက်လာသော စွမ်းအားများကို ခံစားလိုက်ပြီး ၎င်း၏ နက်ရွှေရောင် ဒေါင်လိုက်မျက်၀န်းသည် ဝံပုလွေအသိုက်ရှိရာသို့ ခိုင်မာစွာ စူးစိုက်ကျရောက်သွားသည်။

“မနက်ဖြန်... နောက်ဆုံးထားပြီး မနက်ဖြန် နေမဝင်ခင်...”

သစ်ပင်အိမ်လေးထဲတွင် လင်းထျန်းလုံသည် ပြတင်းပေါက်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်ပြီး သူ၏ ရေခဲပြာရောင် မျက်လုံးများက အနောက်မြောက်ဘက်ကို စူးစိုက်ကြည့်နေသည်။

မိုင်ပေါင်းများစွာ ကွာဝေးသော်လည်း ချဉ်းကပ်လာနေသော မုန်တိုင်းကြီးတစ်ခု၏ နိမိတ်လက္ခဏာကဲ့သို့ အဆက်မပြတ် စုစည်းလာနေသည့် ထိုမနာလိုမှုများကို သူ ရှင်းလင်းစွာ ခံစားနေရသည်။

ဤနယ်မြေကို လွှမ်းမိုးကာ အရှင်သခင်ဖြစ်လာမည့် သူ၏ ကြီးမားသော ရည်မှန်းချက်အတွက် ဤမုန်တိုင်းကို မဖြစ်မနေ ဖြတ်ကျော်ရမည်ဖြစ်သည်။

“ဖေဖေ” ရှောင်လန်က ဝံပုလွေအမွေးများကို ချထားခဲ့ပြီး ပြတင်းပေါက်ဆီသို့ ပြေးလာကာ ခြေဖျားထောက်ရပ်လိုက်သည်။

“အပြင်ဘက်မှာ ဘာတွေဖြစ်နေတာလဲ”

ရှောင်ယင်းကလည်း အခြားတစ်ဖက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူမ၏ လက်သေးသေးလေးက လင်းထျန်းလုံ၏ ခြေထောက်ပေါ်ရှိ အမွေးများကို ညင်သာစွာ ဆုပ်ကိုင်ထားသည်။

“ဘာမှမဖြစ်ပါဘူး” လင်းထျန်းလုံက ခေါင်းငုံ့ကာ သူ၏နှာခေါင်းဖြင့် ကလေးနှစ်ယောက်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

“ဖေဖေ ရာသီဥတုကို ကြည့်နေတာပါ”

သူ ခေါင်းမော့လိုက်ပြီး သူ၏အကြည့်များက ဝံပုလွေအသိုက်တစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။ အရှေ့ဘက် တည်ဆောက်ရေးလုပ်ငန်းခွင်တွင် ရန့်မြဲ့က ကာကွယ်ရေးတံတိုင်းများကို ခိုင်ခံ့စေရန် ညွှန်ကြားနေဆဲပင်။

တောင်ဘက် တောအုပ်ထဲတွင် ထျန်းပင်း၏ လေ့ကျင့်ရေးအော်ဟစ်သံများကို ခပ်သဲ့သဲ့ကြားနေရသည်။ ယင်းဖုန်း၏ ပုံရိပ်ကတော့ အရိပ်များထဲသို့ ပြန်လည်ပေါင်းစပ်ဝင်ရောက်သွားပြီး သူ၏ကင်းလှည့်တာဝန်ကို ဆက်လက် ထမ်းဆောင်နေသည်။

ဝံပုလွေအသိုက်တစ်ခုလုံးသည် စနစ်ကျစွာ လည်ပတ်နေသော်လည်း အဖွဲ့ဝင်တိုင်း တင်းမာနေကြသည်ကို လင်းထျန်းလုံ ခံစားမိသည်။

ဝိညာဉ်နက်တောင်ကြော၏ ခြိမ်းခြောက်မှုသည် ခေါင်းပေါ်တွင် တွဲလွဲဆွဲထားသော ဓားတစ်လက်ကဲ့သို့ပင်။ နောက်ဆုံး တိုက်ပွဲကြီး နီးကပ်လာပြီဆိုတာကို အားလုံးသိနေကြသည်။

“သွားကစားကြလေ” လင်းထျန်းလုံက ကလေးမလေးနှစ်ယောက်ကို ညင်သာစွာ တွန်းပေးလိုက်သည်။

“ဖေဖေ အလုပ်လုပ်ရဦးမယ်”

ကလေးနှစ်ယောက်က သူတို့၏ ကစားစရာပုံလေးဆီသို့ ပြန်သွားပြီးနောက် လင်းထျန်းလုံသည် သစ်ပင်အိမ်လေးထဲမှ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။ အရေးကြီးသော ကာကွယ်ရေးနေရာ အချို့၏ ပြင်ဆင်မှုများကို သူကိုယ်တိုင် စစ်ဆေးရန်လိုအပ်၏။

ပြီးတော့ ပိုအရေးကြီးသည်က... အစွမ်းထက်သော ရန်သူမတိုက်ခိုက်လာခင် ထိုအရေးကြီးသည့် ရှေးဟောင်းသားရဲအနှစ်သာရဝိညာဉ်အား ဘယ်လိုရှာရမလဲဆိုသည်ကို သူ စဉ်းစားရမည်ဖြစ်သည်။

လင်းထျန်းလုံသည် အရှေ့ဘက် ခံစစ်မျဉ်းဆီသို့ တည်ငြိမ်သော ခြေလှမ်းများဖြင့် လျှောက်သွားလိုက်သည်။

သူ ဖြတ်သန်းသွားရာ နေရာတိုင်းရှိ အလုပ်များနေသော နှင်းဝံပုလွေများသည် သူတို့၏ အလုပ်များကို ရပ်တန့်ကာ သူ့ကို ရိုသေလေးစားသော အကြည့်များဖြင့် ကြည့်ကြသည်။

ဝံပုလွေအုပ်စုအတွင်း ဆူပွက်နေသော တင်းမာမှုနှင့် မျှော်လင့်ချက်များကို သူ ခံစားနိုင်သည်။ ပြင်းထန်သော တိုက်ပွဲများ ဆက်တိုက်ဆင်နွှဲပြီးနောက် ဤဝံပုလွေအုပ်စုသည် ပင်ကိုယ်ဗီဇအတိုင်းသာ လှုပ်ရှားတတ်သော သားရဲများ မဟုတ်တော့ပေ။

“ဘုရင်ကြီး” ရန့်မြဲ့ ရှေ့သို့ တိုးလာပြီး သူ၏ အေးစက်သော အတွေးလှိုင်းများတွင် လေးနက်မှု အနည်းငယ် ပါဝင်နေသည်။

“လက်ရှိ တိုးတက်မှုအရဆိုရင် အဓိက ကာကွယ်ရေးနေရာ အားလုံးရဲ့ အားဖြည့်မှုတွေကို အမှောင်မကျခင် အပြီးသတ်နိုင်ပါတယ်၊ ဒါပေမယ့်...”

“ပြောစမ်းပါ”

“တကယ်လို့ ဝိညာဉ်နက်တောင်ကြောက အင်အားအပြည့်နဲ့ ထွက်လာမယ်ဆိုရင် ကာကွယ်ရေး ခံတပ်တွေချည်းသက်သက်နဲ့တော့ အချိန်အကြာကြီး တောင့်ခံထားနိုင်မှာ မဟုတ်ဘူး”

ရန့်မြဲ့၏ ရေခဲရောင် မျက်လုံးများက အလုပ်များနေသော မဟာနှင်းအစောင့်အရှောက်များကို ဝေ့ကြည့်လိုက်သည်။

“ကျွန်တော်တို့ ပိုပြီးထိရောက်တဲ့ သတ်ဖြတ်နိုင်မယ့် နည်းလမ်းတွေ လိုအပ်တယ်”

လင်းထျန်းလုံက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူ ဤအရာကို ဘယ်လိုလုပ်မသိဘဲ နေမည်နည်း။ သို့သော် ရှေးဟောင်းကန္တာရတိုက်ပွဲခန္ဓာကို ပေါင်းစပ်ရန် အရေးအကြီးဆုံး ပစ္စည်းတစ်ခု လိုအပ်နေသေးသည်။

သူ၏အသိစိတ်သည် စနစ်နေရာလွတ်ထဲသို့ နစ်မြုပ်သွားပြီး သူ၏အကြည့်က ထာဝရတိုက်ပွဲဝင်လိုစိတ်ကို ထုတ်လွှင့်နေသည့် ရွှေရောင် ဝိသေသလက္ခဏာရပ်ပေါ်သို့ နောက်တစ်ဖန် ကျရောက်သွားသည်။

“ခံတပ်တွေကို ဆက်ပြီးအားဖြည့်ထား” လင်းထျန်းလုံက သူ၏ အမိန့်ကို ချမှတ်လိုက်သည်။

“နောက်ပြီးတော့ ပုန်းအောင်းရာမှာ အကျွမ်းကျင်ဆုံး အမဲလိုက်သမား အယောက်နှစ်ဆယ်ကို ရွေးထုတ်ပြီး သူတို့ကို ရေခဲပေါက်ကွဲမှု ထောင်ချောက်တွေ အသုံးပြုတတ်အောင် မင်းကိုယ်တိုင် လေ့ကျင့်ပေးလိုက်”

“နားလည်ပါပြီ”

အရှေ့ဘက်ခံစစ်မျဉ်းမှ ထွက်ခွာလာပြီးနောက် လင်းထျန်းလုံသည် တောင်ဘက်လေ့ကျင့်ရေးကွင်းဆီသို့ လှည့်ထွက်လာခဲ့သည်။ အနားမရောက်ခင်မှာပင် ထျန်းပင်း၏ ကြမ်းတမ်းသောဟိန်းဟောက်သံကို သူကြားလိုက်ရသည်။

“မြန်မြန်... မြန်မြန်လုပ်ကြ၊ ဒီအမြန်နှုန်းနဲ့ဆို ခြေမသန်တဲ့ ကျောက်သားယုန်ကိုတောင် မိမှာမဟုတ်ဘူး”

လေ့ကျင့်ရေးကွင်းတွင် ထျန်းပင်းသည် ရှေ့သို့ အဟုန်ပြင်းပြင်းဖြင့် ဝင်တိုက်သည့် နည်းလမ်းများကို ကိုယ်တိုင်သရုပ်ပြနေသည်။

သူ၏ ရွှေရောင်ရင့်ရင့် ပုံရိပ်သည် အမြောက်ဆံတစ်ခုကဲ့သို့ ပစ်ထွက်သွားပြီး သူဖြတ်သန်းသွားရာ နေရာတိုင်းတွင် အရိပ်များ ကျန်ရစ်ခဲ့သည်။

သူ၏နောက်ရှိ လုပ်ကြံသတ်ဖြတ်သူများမှာ အမီလိုက်ရန် အသည်းအသန် ကြိုးစားနေကြသော်လည်း အမြဲတမ်း နောက်ကောက်ကျန်နေခဲ့သည်။

“ဘုရင်ကြီး” လင်းထျန်းလုံရောက်လာသည်ကို မြင်သောအခါ ထျန်းပင်းက ချက်ချင်း ရပ်လိုက်သည်။ “အတော်ပဲ... ဒီကလေးတွေကို စစ်မှန်တဲ့ ဝင်ဆောင့်ခြင်းက ဘယ်လိုမျိုးလဲဆိုတာ မျက်မြင်ကိုယ်တွေ့ ပြပေးဖို့ လိုနေတာ”

All Chapters