အခန်း (၁၉၆)
Vol. 17 Ch. 196
လုယန်က ဖခင်ချစ်ခြင်းမေတ္တာကို ဖော်ပြရန်အတွက် ကလေးနှစ်ယောက်အတွက် "ကြက်ဟင်းခါးသီးပုစွန်အစာသိပ်" တစ်ပိုင်းစီ ထည့်ပေးလိုက်၏။
"သားတို့က ဒီမနက် မားမားကို မုန်လာဥတွေ ကူဆွဲနှုတ်ပေးထားတာဆိုတော့ ဒါက ပါးပါးဆီက ဆုလာဘ်ပဲ"
ချင်းရို့က နံဘေးကနေ "ပါးပါးကို ကျေးဇူးတင်တယ်လို့ ပြောလိုက်လေ"
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေး: "..."
ကျိုးကျိုးအသွင်ယူထားတဲ့ ဖက်ထုပ်လေးက ဦးစွာပြောလာခဲ့သည်။ "ကျေးဇူးပါ ပါးပါး"
ဖက်ထုပ်လေး: "... ကျေးဇူးတင်ပါတယ် ပါးပါး"
ဤသည်ကို မြင်လိုက်ရသဖြင့် ကျောက်ကျန်းဟုန်က ကျိုးဝေကို မျက်စိတစ်ဖက်မှိတ်ပြကာ အချက်ပြလိုက်၏။ 'သားအဖတွေရဲ့ အချစ်မြင်ကွင်းကို ကြည့်လိုက်စမ်း'
ဘယ်လောက်တောင် မနာလိုစရာကောင်းလိုက်သလဲ!
ကျိုးဝေ: "…"
ဝမ်နျန်နျန်လည်း သူ့မားမား ရွှယ်ရှောင်ဟွေ့ရဲ့ ရင်ခွင်ထဲမှာ ထိုင်လျက် နူးနူးညံ့ညံ့အသံလေးဖြင့် "မီးမီးလည်း မားမားကို မုန်လာဥနီ ဆွဲနှုတ်ဖို့ ကူညီပေးချင်တယ်"
ရွှယ်ရှောင်ဟွေ့ ပြုံးလျက် "ဒါပေမယ့် မားမားတို့မိသားစုက မုန်လာဥမစိုက်ထားဘူးလေ"
ချင်းရို့က အစပြုကာ "နင့်ခြံထဲမှာ စိုက်ဖို့ မုန်လာဥပျိုးပင်တချို့ ပေးလိုက်မယ်လေ"
"ကောင်းတာပေါ့၊ ကျေးဇူးပါနော် ရှောင်ချင်းရေ" ရွှယ်ရှောင်ဟွေ့ ပြုံး၍ သူမရင်ခွင်ထဲက ဝမ်နျန်နျန်ကို ကြည့်ပြီး "လိမ္မာတယ်နော်၊ ဒေါ်လေးချင်းကို ကျေးဇူးတင်စကားပြောလိုက်ဦး"
ဝမ်နျန်နျန်: "ကျေးဇူးတင်ပါတယ် ဒေါ်လေးချင်း"
"မလိုပါဘူးနော်၊ နောက်ကျ ငါတို့အိမ်မှာ မုန်လာဥမရှိတဲ့အချိန်ဆို နင်တို့ဆီမှာ လာလဲလိုက်မယ်လေ"
ဘာပဲဖြစ်ဖြစ် ရဲဘော်ရှောင်ချင်းကတော့ ဘေးအိမ်မှာ မုန်လာဥ သွားလဲဖို့အစီအစဉ်မရှိတော့ပါဘူးကွယ်။
ကျိုးကျိုးလေး နှင့် ဖက်ထုပ်လေး: "…"
"မားမားတို့မိသားစုမှာ မုန်လာဥစိုက်တဲ့အခါကျ နျန်နျန်လေးက မားမားကို မုန်လာဥဆွဲနှုတ်ဖို့ ကူညီပေးရမယ်နော်"
ဝမ်နျန်နျန် ခေါင်းညိတ်လျက် "ဟုတ် မီးမီး မားမားကို မုန်လာဥဆွဲနှုတ်ဖို့ ကူညီပေးမှာ"
နံဘေးရှိ ဝမ်ယွမ်ကျန်းက သားအမိနှစ်ယောက်ကြားက အပြန်အလှန်ဆက်ဆံရေးကို ကြည့်ရင်း ပြုံးပျော်နေလျက်။
ကျောက်ကျန်းဟုန် ထိုအခြင်းအရာကို မြင်တဲ့အခါ ကျိုးဝေကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြန်သည်။ 'သားအမိနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာတွေကို ကြည့်လိုက်စမ်း'
ကျိုးဝေ: "…"
ကျိုးဝေလည်း လုယန်နှင့် သူ့ဇနီး အနားမှာ ထိုင်နေကြတဲ့ ကောင်လေးနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ ကောင်ငယ်လေးနှစ်ယောက်မှာ မျက်လုံးကြီးကြီးလေးတစ်စုံ၊ ပန်းသွေးရောင်နှုတ်ခမ်းလေးနှင့် ပါးဖောင်းဖောင်းပြည့်ပြည့်လေးတွေရှိကာ တစ်ပုံစံတည်းတူညီနေကြလျက်။ သူတို့လေးတွေကို ကြည့်ရတာ အထူးတလည် ချစ်စရာကောင်းနေသလို လိမ္မာရေးခြားရှိနေကြ၏။ ကလေးလေးတွေ စကားပြောသောအခါမှာလည်း ချစ်စဖွယ် ကလေးအသံလေးရှိရာ သူ့တူလေးထက်စာရင် အတော်လေး လှပချောမော၍ နာခံမှုရှိနေပေသည်။
သို့သော်လည်း…….
"လုယန်ရေ မင်းရဲ့သားနှစ်ယောက်က ဘာလို့ မင်းနဲ့ မတူရတာလဲ?"
လုယန်: "?"
"ငါ့သားတွေက ငါနဲ့ မတူဘူး? မင်းမျက်စိကိုတော့ ဆေးရုံသွားပြရတော့မယ်ကွာ"
လုယန်က သူ့သားနှစ်ယောက်ကို တစ်ယောက်ပြီးတစ်ယောက် ကောက်ပွေ့လိုက်ရာ သားအဖတွေရဲ့ မျက်နှာတွေကို တစ်ညီတည်းထားလိုက်သဖြင့် လွန်စွာ သိသာသွားချေပြီ။
သူတို့တွေအားလုံးက မိုလ်တစ်ခုထဲက ထွက်လာတဲ့အတိုင်းပဲဟ...
ကလေးမလေး ဝမ်နျန်နျန်က သူတို့သုံးယောက်ကို စိုက်ကြည့်ပြီး အသံချိုချိုလေးဖြင့် "ကြိုက်၊ ကြိုက်!"
"မားမား မှန်!"
ဝမ်ယွမ်ကျန်းလည်း အရမ်းအံ့အားသင့်သွားရလျက်။
"ကောင်လေးနှစ်ယောက်က အရမ်းတူလွန်းလို့ မှန်ကြည့်နေရသလိုမျိုးပဲလို့ ကိုယ်တို့သမီးလေးက ပြောနေတာပဲ။ ရှောင်ဟွေ့ရေ ကိုယ်တို့ရဲ့ သမီးလေး ဘယ်လောက်ဥာဏ်ကောင်းလိုက်သလဲ ကြည့်ပါဦးကွာ။ ကိုယ်တို့သမီးလေးက ဉာဏ်အကောင်းဆုံးပဲဆိုတာ ကိုယ်သိနေပြီးသားပဲ"
ရွှယ်ရှောင်ဟွေ့: "... ရှင့်သမီး ဘာလုပ်လုပ်၊ သူမလေးက ဉာဏ်အကောင်းဆုံးလို့ ရှင်ထင်နေကြပဲလေ"
ဘေးနားက ကျောက်ကျန်းဟုန်ရဲ့ နှလုံးသားမှာ ပျော့ပျောင်းသွားရကာ "အနာဂတ်ကျ ငါ့မှာ သမီးလေးတစ်ယောက်ရှိလာခဲ့ရင် မင်းရဲ့နျန်နျန်လေးလို ဖြစ်လာဖို့ ငါမျှော်လင့်ပါတယ်ကွာ"
ယခုတော့ သူက တခြားမိသားစုရှိ ကလေးမလေးကို ငမ်းငမ်းတက်လိုချင်နေချေပြီ။ အနှီကလေးမလေးကို ကြည့်လိုက်ပါဦး၊ ဖြူဖွေးနူးညံ့နေလိုက်တာကွာ။ သူမရဲ့ နို့သံလေးဖြင့် ပါးပါးလို့ ခေါ်လိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် သူမမားမားရဲ့ လက်မောင်းထဲ တိုးဝင်သွားတော့တာပါပဲ...
ကျောက်ကျန်းဟုန်က အနာဂတ်တွင် ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတာကို သူ့အရှေ့မှ ဖခင်နှစ်ဦးနှင့် လေးလေးနက်နက် စကားပြောနေသဖြင့် ကျိုးဝေရဲ့ သွားတွေ ချဉ်နေပါတော့သည်။ သူက ကြက်ဟင်းခါးသီးကို တစ်ခုပြီးတစ်ခု စားနေခဲ့ရင်း လုမိသားစုချက်ထားတဲ့ ကြက်ဟင်းခါးသီးဟင်းလျာတွေဟာ အရမ်းအရသာရှိကြောင်းတွေ့ရှိလိုက်ရသည်။
"မင်းတို့ရဲ့ ကြက်ဟင်းခါးသီးက တော်တော်လေး အရသာရှိတာပဲ"
ထမင်းစားပွဲ၌ ကျိုးဝေဟာ ကြက်ဟင်းခါးသီးကို အစားများဆုံးသူဖြစ်ပြီး ယနေ့ညရဲ့ အဓိကပံ့ပိုးသူပင်။
လုယန်နှင့် ချင်းရို့တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ချင်းရို့က "ဘေးအိမ်က ခေါင်းဆောင်ကျန်း စိုက်ထားတဲ့ ကြက်ဟင်းခါးသီးတွေလေ။ အရမ်းကောင်းတယ်နော်။ ရှင်ကြိုက်ရင် နည်းနည်းလောက်ပြန်ယူသွားလေ"
ကျိုးဝေ: "..." တကယ်လား?
ကျောက်ကျန်းဟုန် နားထောင်ပြီး ပြောလိုက်၏။
"ငါလည်း ကြက်ဟင်းခါးသီးကို ကြိုက်တယ်။ ဟိုဘက်အိမ်ကလူ စိုက်ထားတာတဲ့လား? အရင်တစ်ခေါက် ငါလာတုန်းက အဲဒီလူ အနှီးတွေလျှော်နေတာကို တွေ့ခဲ့သေးတယ်။ ဘေးအိမ်ကလူဟာ တကယ့်ကို ရှားရှားပါးပါး ထောက်ထားညှာတာတတ်တဲ့ လူတစ်ယောက်ပဲ"
"လုယန် မင်းရော ဘာလို့ တစ်ခုခုစိုက်ပျိုးဖို့ မလေ့လာတာလဲ?"
လုယန် သာမန်ကာလျှံကာဖြင့် "ငါက ငါ့မိန်းမပန်းစိုက်တာကို ကူညီပေးမလို့လေ"
ချင်းရို့ စိတ်ထဲကနေ တိတ်တဆိတ် ဆဲဆိုလိုက်၏။ - ရှင်က ကျွန်မရဲ့ ပန်းတွေကို ဖျက်စီးမယ့်သူလေ။
"မိသားစုရဲ့ ခြံဝင်းထဲက ခြံဝင်းက ဂရုစိုက်ရတာ လွယ်လား? ငါ မင်းကို သတင်းတချို့ တိတ်တိတ်လေး ပြောပြပါရစေဦး၊ ညီအကိုရေ ငါလဲ ဒီကိုပြောင်းလာတော့မှာ"
"မင်းမိဘတွေကို အရင်သွားတွေ့ကြဖို့ မွေးရပ်မြေကို ပြန်သွားချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား?"
"ငါ့မိသားစုကလည်း ငါ့ကို အမြန်ဆုံးလက်ထပ်စေချင်ကြတာကွ" ကျောက်မိသားစုက ကျောက်ကျန်းဟုန် လက်ထပ်မှာကို စိတ်လောနေလေ၏။ သူသာ ရွာကို ပြန်ရောက်လာခဲ့ရင် အခွင့်အရေး လွတ်သွားမှာကို စိုးရိမ်နေကြသည်။ သူ ပြန်ရောက်လာလို့ ထန်ရို့နှင့် ထပ်ပတ်သက်မိရင် သူတို့ ဘယ်ဆီဘယ်ဝယ်မှာ သွားငိုရတော့မတုန်းနော်...
ထို့ကြောင့် ယဲ့မင်ရှို့၏ မိသားစုအခြေအနေ မည်သို့ပင်ရှိစေကာမူ သူတို့သားက လက်ထပ်ဖို့ဆန္ဒရှိနေသရွေ့ သူတို့နှစ်ဦးကို အမြန်ဆုံး လက်ထပ်စေချင်ကြသည်လေ။
ယဲ့မင်ရှို့လည်း မူလက သူမရဲ့ပါတနာနှင့် အချိန်ခဏလောက် ဆွေးနွေးကြဖို့ စီစဥ်ထားသော်လည်း ချင်းရို့ရဲ့ "အတွေ့အကြုံမျှဝေခြင်း" နှင့် ကျောက်ကျန်းဟုန်ရဲ့ "သင်္ချာအိမ်စာစာလွှာတွေ"ကို တွေ့ရပြီးနောက်တွင် သူမက လက်တွဲဖော်တွေကြားထဲမှာ စာရေးခြင်းဖြင့် ဆက်သွယ်နေခြင်းဟာ "ထူးကဲလွန်း"နေတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။ လက်ထပ်ပြီးမှပဲ မျက်နှာချင်းဆိုင် စကားပြောကြရအောင်လေနော်။
"ရှို့ရှို့ရဲ့ မိသားစုကလည်း သဘောတူကြောင်း စာပြန်ပို့လာတယ်လေ။ အခုချိန်ကစပြီးတော့ ငါတို့တွေ တူညီတဲ့ မိသားစုခြံဝင်းထဲမှာ ညီအစ်ကိုကောင်းတွေဖြစ်လာကြတော့မှာပါကွာ" ကျောက်ကျန်းဟုန်က အနှီပေါက်ကွဲစေတဲ့သတင်းကို ပြောပြပြီးတဲ့နောက် ဘာဆက်ပြောရမှန်း မသိတော့လောက်အောင် အလွန်ပျော်ရွှင်နေလေသည်။
"ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ်..." လုယန်၊ ဝမ်ယွမ်ကျန်း နှင့် တခြားသူတွေလည်း ဂုဏ်ပြုလာကြရာ မိသားစုခြံဝင်းမှာ တစ်ဖန် ပြန်လည်တက်ကြွလာပုံရ၏။
ကျိုးဝေက ဘေးနားမှာ အရက်သောက်နေလျက်။ "မင်းတို့အားလုံးက မိသားစုခြံဝင်းထဲမှာ မိတ်ဆွေကောင်းတွေ ဖြစ်ကြပြီပေါ့၊ ငါ ဘယ်သူလဲ?"
ဒီသုံးယောက် အတူတူရှိနေချိန်မှာ အရမ်းမျက်စိကျိန်းစေတယ်လို့ သူ ဘာလို့များ ထင်မိနေရတာလဲကွာ?
"မင်းက ဒီတိုင်းဖြတ်သွားဖြတ်လာလေးပါပဲကွာ။ မင်းရဲ့ တာဝန်ကျနေရာကို ပြန်သွားဖို့ ရက်နည်းနည်းလောက်စောင့်ဦး။ နောက်တခါကျ ငါ မင်းအတွက် တစ်ယောက်ယောက်နဲ့ မင်္ဂလာသကြားလုံး ထည့်ပေးလိုက်မယ်ကွာ"
"နောင်ကျ ငါ့မှာ သားတွေသမီးတွေရှိလာရင် မင်းကို ဦးလေးကျိုးလို့ ခေါ်ခိုင်းမယ်..."
ကျိုးဝေ: "…"
မင်းက ငါ့ကို ခေါင်းကိုင်အဖေအဖြစ် ပေးဖို့တောင် တွန့်ဆုတ်နေပြီလားကွ?
xxx