အခန်း (၂၀၁)
Vol. 17 Ch. 201
ကျောက်ကျန်းဟုန်က ယဲ့မင်ရှို့ကိုရှာဖွေရန် ပညာတတ်လူငယ်နေထိုင်ရာသို့သွားခဲ့ပြီး လုယန်နှင့် ချင်းရို့တို့က အေးခဲလိုင်ချီးသီးတွေကိုချထားခဲ့ပြီးနောက် ကလေးနှစ်ယောက်နှင့်အတူ တောင်ပေါ်မှာ ဆော့ကစားဖို့ ခေါ်သွားခဲ့ကြသည်။
ချင်းရို့က သူ့လက်မောင်းကိုကိုင်ထားလျက် တောင်ပေါ်ရှိ သဘာဝရှုခင်းများကိုရှုစားရင်း မိသားစုလိုက်အလည်ထွက်ရသည်မှာ ရှားပါးလှတဲ့အခွင့်အရေးတစ်ခုဖြစ်ကြောင်း တွေးနေမိလျက်။
"ကလေးတွေကပြောတယ် သူတို့ မျောက်တွေကို သွားတွေ့ချင်တယ်၊ ငှက်ပျောသီးတွေ ယူလာခဲ့တယ်တဲ့..."
အဖေအိုကြီးလုယန်က ကလေးနှစ်ယောက် ယူလာပေးဖို့ တောင်းဆိုထားတဲ့ငှက်ပျောသီးတွေကို ယူကာ မိသားစုလိုက် တောင်ပေါ်သို့ လျှောက်သွားကြ၏။ ချင်းရို့က ကင်မရာ ယူလာပြီး တောင်ပေါ်မှာလမ်းလျှောက်နေရင်း ဓာတ်ပုံများစွာရိုက်ခဲ့သည်။
မျောက်တွေအများကြီးကိုလည်း တွေ့ခဲ့ကြပါသေးသည်။
ချင်းရို့: "…"
သူတို့ရဲ့ အမွေးအရောင်မှာ ရွှေရောင်ဖျော့ဖျော့ဖြစ်ပြီး အညိုရောင်အနည်းငယ်သန်းနေကာ ဝမ်းဗိုက်ကတော့ ဖြူဖွေးနေလေရဲ့။ မျောက်လေးဟာ တခြားမျောက်တွေနှင့် နှိုင်းယှဥ်ပါက အလွန်သေးငယ်လှသည်။
မျောက်လေးက လူတွေကို ကြောက်တတ်ပုံမရပေ။ သူက ကျောက်တုံးကြီးတစ်တုံးပေါ်မှာ ပျင်းရိစွာလဲလျောင်းနေလျက်။ ချင်းရို့တို့မိသာစု လျှောက်လာတာကိုတွေ့တဲ့အခါ သူ့အမြှီးကို မဖို့တောင် စိတ်မဝင်စားဘဲ သူ့လက်လေးကို မြှောက်ကာ နှာခေါင်းကိုထိလိုက်ပြီး သက်တောင့်သက်သာဟန်ရှိနေလေသည်။
ချင်းရို့: "..."
ဒီခေတ်ရဲ့မျောက်တွေက အရမ်းကိုအေးအေးလူလူရှိလွန်းနေတာ မဟုတ်လား ? ! ! !
မျောက်ကလေးတစ်ကောင်ကို မြင်လိုက်ရတဲ့အခါ ကလေးလေးနှစ်ယောက်ဟာ အလန့်တကြားနှင့် သူတို့ပါးပါးရဲ့ ခြေထောက်အနောက်ရောက်သွားကြကာ မျောက်ကိုကြည့်ဖို့ ခေါင်းလေးထွက်ပြူလာခဲ့ကြ၏။
အနှီငါးဆားနယ်မျောက်လေးကတော့ ကျောက်တုံးပေါ်တွင် လှန်လိုက်ကာ သူ့ရဲ့နှင်းဖြူရောင်ဝမ်းဗိုက်ကြီးကို သူတို့အား ထုတ်ဖော်ပြသလာခဲ့သည်။
မျောက်လေးရဲ့ဝမ်းဗိုက်ကလည်း နူးညံ့ပျော့ပျောင်းနေပုံရလေ၏။
ချင်းရို့: " ? ? ? ! ! ! "
သူမ အမှန်တကယ်ပင် ထိုမျောက်လေးကူ ထိကိုင်ကြည့်ချင်မိပါရဲ့။
"လုယန် ကျွန်မရှေ့တက်ပြီး သူ့ဗိုက်ပေါ်က အမွေးတွေကိုပွတ်လိုက်ရင် ကျွန်မကို ကုတ်လိုက်မှာလားဟင်?"
လုယန် ဆွံ့အသွားရကာ "အမေတစ်ယောက်အနေနဲ့ မင်းက သားသမီးတွေအတွက် စံနမူနာကောင်းဖြစ်ပေးနိုင်မလား?"
မင်းက တောင်ပေါ်မှာ မျောက်တွေကို စနောက်နေမယ်ဆိုရင် မင်းရဲ့သားတွေလည်း မင်းလိုလိုက်လုပ်ကြမှာမဟုတ်ဘူးလား?
"ဒီမျောက်ကလေးက တကယ်ချစ်ဖို့ကောင်းတယ်လေ သားတို့ရော အဲ့လိုမထင်ကြဘူးလား?" အဓိကအချက်မှာ မျောက်လေးရဲ့ ပြားပြားလေးလဲလျောင်းနေပုံဟာ သဘောကောင်းပုံပေါ်နေတယ်လေ။
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးလည်း ခေါင်းညိတ်လိုက်ကြသည်။
ချင်းရို့က သူတို့အား လူသိများတဲ့ဗဟုသုတတချို့ကို ပြောပြခဲ့ပါ၏။ - "ဒီလိုတစ်ကောင်တည်းရှိနေတဲ့မျောက်တွေဟာ အများအားဖြင့် မျောက်အထီးတွေပဲလို့ ရွာထဲကအဒေါ်တွေ ပြောပြဖူးတယ်။ မျောက်ဘုရင်အတွက် ရွေးချယ်တာကျရှုံးခဲ့ရင် မျောက်ထီးတွေဟာ လှည့်လည်သွားလာဖို့ နှင်ထုတ်ခံရလိမ့်မယ်တဲ့..."
မျောက်အထီးက အလုပ်မကြိုးစားရင်၊ သူတို့ရှေ့မှာ ငါးဆားနယ်လို လဲလျောင်းနေတဲ့ မျောက်ကလေးက အဖွဲ့ထဲမှကန်ထုတ်ခံရတဲ့မျောက်ထီးပဲပေါ့။
မျောက်ဘုရင်အတွက် ရွေးချယ်တင်မြှောက်ခြင်းမှာ မအောင်မြင်ခဲ့ဘဲ၊ အုပ်စုထဲက မျောက်အထီးတွေ မောင်းထုတ်ခံခဲ့ရပြီး မျောက်မတွေအားလုံးက မျောက်ဘုရင်ရဲ့ ပါတနာအဖြစ် ရပ်တည်ခဲ့ကြလေသည်။
စိတ်လှုပ်ရှားစရာကောင်းပုံပေါ်တယ်မဟုတ်လား? မလိုအပ်ဘူးနော်၊ ဘာလို့လဲဆိုတော့ မျောက်မတွေက မျောက်ဘုရင်မသိအောင် အပြင်မှာလှည့်လည်လျှောက်သွားနေတဲ့ မျောက်ထီးတွေကို တိတ်တဆိတ်ဆက်သွယ်ကြမှာလေ။
"လျှောက်သွားနေတဲ့မျောက်လား?"
"မားမား သူတို့က သနားဖို့ကောင်းလိုက်တာနော်။ သူတို့မှာအိမ်မရှိကြဘူး"
"ငှက်ပျောသီးတစ်လုံးပေးလိုက်မယ်နော်"
ချင်းရို့က ကလေးနှစ်ယောက်ကို ခေါ်ထားလိုက်ပြီး လုယန်အား မျောက်ကျွေးဖို့ ငှက်ပျောသီးကို ရှေ့တိုးပေးခိုင်းလိုက်၏။ "လုကောက ပိုတော်တဲ့သူဆိုတော့ သူ့ဗိုက်ကိုထိဖို့ ဒီအခွင့်အရေးကို ယူချင်သလားနော်?"
ထိရတာဘယ်လိုခံစားချက်ရှိမလဲဆိုတာ သူမသိချင်မိပါရဲ့။
လုယန်: "…"
လုယန် ငှက်ပျောသီးကို မျောက်လေးအား ကမ်းပေးလိုက်သည်။ မျောက်လေးက လူသားကမ်းပေးလာတဲ့ငှက်ပျောသီးကို ပျင်းရိစွာယူကာ ငှက်ပျောသီးကို အခွံနွှာပြီး စတင်ကိုက်စားလိုက်သည်။ လုယန်လည်း မျောက်ဗိုက်လေးကို ပွတ်သပ်ရန် အခွင့်အရေးယူလိုက်ပါသည်။
ချင်းရို့ ကင်မရာကို ကလစ်နှိပ်ကာ ဓာတ်ပုံရိုက်လိုက်သည်
ငါ တကယ်ကြီး မျောက်တစ်ကောင်ကို ဖမ်းမိလိုက်တယ် ! ! !
လုယန်: "…"
ဒါဘာကောင်းလို့လဲ?
မျောက်ကလေးက "ကျိ ကျိ အင်း အင်း"လို့ အသံထွက်လာကာ လုယန်ကို သူ့မေးစေ့ကိုကုတ်ပေးဖို့ အမူအရာပြလာခဲ့သည်။
လုယန်: "..."
လုယန်လည်း လက်ကိုဆန့်၍ မျောက်ရဲ့မေးစေ့ကို ကုတ်ပေးလိုက်ရာ မျောက်လေးဟာ အလွန်သက်တောင့်သက်သာရှိစွာ အသံပြုလျက် သူ့ဗိုက်သူ ခြေထောက်ဖြင့်ကုတ်လိုက်ပြီး အလွန်ပျော်ရွှင်နေပုံပြသနေခဲ့သည်။
ချင်းရို့ ကျယ်လောင်စွာ မပြောဝံ့သော်ငြား အသံတိုးဖျော့ဖျော့လေးဖြင့် "လုကော ရှင်လည်း ရှင့်အစ်ကိုလိုမျိုး တိရိစ္ဆာန်တွေနဲ့ ရင်းနှီးမှုရှိသားနော်"
"မားမား သားလည်း မျောက်ကိုထိချင်တယ်လို့"
"သားတို့ပါးပါးက မိသားစုကိုယ်စားလှယ်အနေနဲ့ မစ္စတာမျောက်နဲ့ နီးနီးကပ်ကပ် အဆက်အသွယ်ရှိနေပြီပဲလေ။ သားတို့က ငယ်သေးတာကြောင့် မျောက်တွေနဲ့ ဆော့လို့မရသေးဘူးနော်"
ချင်းရို့သည် လုမျိုးရိုးအမည်ရှိလူတွေဟာ တိရိစ္ဆာန်တွေနှင့် ရင်းနှီးမှုရှိနေမှာကို ကြောက်ရွံ့နေမိပါရဲ့။ မျောက်လေးက ရှဉ့်လေးလိုမျိုး အိမ်ကို အတင်းအကြပ်လိုက်လာကြရင်ကော ? ? ! !
မိသားစုခြံဝင်းထဲမှာ မျောက်တွေကို မထားချင်ပါဘူးလို့...
အိမ်မှာ စွင်းဝူခုန်းအစစ်နဲ့အတုနှစ်ကောင်ရှိတာ မလုံလောက်သေးဘူးလား? ! ! !
"ကျီး ကျီး ကျေး ကျေး..."
ကံကောင်းထောက်မစွာဖြင့် မျောက်လေးဟာ လုံလုံလောက်လောက်ဇိမ်ခံပြီးနောက် စားပြီးသွားတဲ့ငှက်ပျောခွံကို ပစ်ချလိုက်ပြီး အမြီးကိုဝှေ့ယမ်းကာ ထွက်သွားပါတော့သည်။
"ကျွန်မတို့ ဒီကနေ မြန်မြန်ထွက်သွားကြရင်ရော။ ဒီမျောက်လေးက စစ်ကူတွေခေါ်လာရင် ဘယ်လိုလုပ်ကြမလဲ?"
လုယန် ပြုံးလျက် "မင်း အနောက်ဘက်သို့ခရီးသွားခြင်းကို လျှော့ဖတ်သင့်တယ်နော်"
"အင်းပါ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့ရေ... ဒီနေ့ မျောက်လေးနဲ့ လုံလုံလောက်လောက်တွေ့ပြီးပြီဆိုတော့ ပြန်ကြစို့နော်"
ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးက တွန့်ဆုတ်စွာ ခေါင်းညိတ်လိုက်ကြ၏။ ထိုအခိုက်၌ ချင်းရို့က မျောက်လေးလဲလျောင်းနေတဲ့နေရာနှင့် မနီးမဝေးရှိ သစ်ပင်တစ်ပင်ကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။ ထိုသစ်ပင်တစ်ဝိုက်တွင် ရစ်ပတ်နေသော စပျစ်နွယ်ပင်တစ်ပင်ရှိနေကာ အသီးလည်းသီးနေလေရဲ့။
သေချာကြည့်လိုက်တဲ့အခါ... ဒီအသီးသေးသေးလေးတွေက... စူကာသီးတွေလား?
ချင်းရို့က သစ်သီးတစ်လုံးကို ကောက်ယူကာ ဖွင့်ကြည့်ဖို့ ကြိုးစားလိုက်ရာ အမှန်တကယ်ပင် စူကာသီးဖြစ်ကြောင်း တွေ့ရှိခဲ့ပေသည်။
အတွင်းပိုင်းမှာ အဝါဖျော့ဖျော့ဖြစ်ပြီး အနက်ရောင်အစေ့များရှိနေ၏။ ဖွင့်လိုက်သည်နှင့် ထူးထူးခြားခြားချဉ်စူးနေတဲ့အနံ့ကို ရလိုက်တဲ့အခါ သိပ်စဥ်းစားစရာပင်မလိုဘဲ စူကာသီးမှန်း သိနိုင်လေသည်။
"မားမား အနံ့အရမ်းကောင်းတာပဲ"
"အရမ်းချဉ်"
အခြေခံအားဖြင့် ဒီအသီးကို မြည်းစမ်းကြည့်ဖို့ပင် မလိုအပ်ပါပေ။ အနံ့ခံလိုက်ရုံနှင့် ပြင်းထန်တဲ့ အချဉ်အရသာကို ခံစားနိုင်ပေသည်။
စူကာသီးမှာ အလွန်ချဉ်သော်လည်း ရေနှင့်သကြားဖြင့် ဖျော်ထားတဲ့ စူကားသီးဖျော်ရည်ကတော့ အင်မတန်အရသာရှိလှသလို စူကာသီးယိုဆိုရင်တော့ ပြောစရာပင်မလိုပါချေ။
- ဒါ တောရိုင်းစူကာသီးပဲ ! !
ငါ တောင်ပေါ်မှာ ရတနာတစ်ခု ရှာတွေ့လိုက်ပြီဟေ့။
ချင်းရို့ အနှီစူကာသီးပျိုးပင်ကိုတူးပြီး အိမ်မှာစိုက်ရန် ချက်ချင်းဆုံးဖြတ်လိုက်သည်။ ဘေးနားတွင် စူကာသီးအပင်များစွာရှိနေသလို ပျိုးပင်ပေါက်တချို့ကိုလည်း တွေ့လိုက်ရ၍ သူမ အားလုံးကို တူးပစ်လိုက်သည်။
လုယန် မျက်ခုံးပင့်ကာ "မင်း အိမ်မှာပြန်စိုက်ချင်လို့လား? ဒီတောရိုင်းသီးကိုလေ?"
"အနံ့မွှေးတယ် မထင်ဘူးလား?"
လုယန်: "မင်း စိုက်ချင်ရင် ကြိုက်သလောက် စိုက်လို့ရတယ်။ တောင်ပေါ်မှာ ဘာမှလျှောက်မစားရဘူး။ အဆိပ်သင့်မှာကိုတော့ သတိထားရမယ်။ တောင်ပေါ်ကဆင်းရင် ရွာကလူတွေကို မေးကြည့်ဦးနော်"
ချင်းရို့နှင့်လုယန်လည်း ကလေးနှစ်ယောက်ကိုခေါ်ကာ တောင်ပေါ်မှဆင်းခဲ့ကြသည်။ သူတို့ တောင်ပေါ်ဆင်းချိန်မှာတော့ ကလေးနှစ်ယောက်မှာ အိပ်ပျော်သွားချေပြီ။ လုယန်က လက်တစ်ဖက်စီမှာ ကလေးတစ်ယောက်သီချီထားကာ သူ့လက်မောင်းထဲမှာ အိပ်စေလိုက်၏။
ချင်းရို့ကတော့ သူမရဲ့ စူကာသီးပျိုးပင်တွေကို ကိုင်ထားရင်း သူ့အား မေးလိုက်သည်။
"ပင်ပန်းနေပြီလား? ကျွန်မ ရှင့်အတွက် ကလေးတစ်ယောက်ချီပေးထားရမလား?"
"မပင်ပန်းပါဘူးကွာ၊ မင်းရဲ့ တောရိုင်းသီးတွေကိုပဲကိုင်လာခဲ့နော်"
တာ့ကျောင်းရွာကို ပြန်ရောက်တဲ့အခါ ချင်းရို့က စိတ်အားထက်သန်သူ အဒေါ်ဖူယွိလန်ကို ရှာကာ "အဒေါ်ဖူရေ ဒီအသီးကိုသိလားဟင်?"
အဒေါ်ဖူက သူမကိုင်ထားတဲ့ စူကာသီးကိုတွေ့လိုက်သည်နှင့် ချက်ချင်းပင် ပြန်ဖြေလာခဲ့သည်။
"ငါတွေ့ဖူးတာပေါ့၊ နင် ဘာလို့ဒီလောက်အများကြီးယူလာတာတုန်း? ဒီဟာက အရမ်းချဉ်ပြီးတော့ အရသာလည်းမရှိဘူးလေ"
ချင်းရို့ ပြုံးလျက် "ကျွန်မအတွက် အသီးရဲ့ အနံ့က အရမ်းမွှေးလို့ အိမ်မှာစိုက်ချင်တယ်။ အသီးကတော်တော်ကောင်းတဲ့ပုံပဲနော်"
"ဟင်းချက်တဲ့အခါ ချိုချိုချဥ်ချဉ်ဖြစ်တယ်မလား မှန်တယ်ဟုတ်? အဒေါ်ဖူရော မြည်းကြည့်ဖူးလား?"
"နင်တို့မိန်းမငယ်လေးတွေကတော့လေ... လှတာမြင်ရင် ကြိုက်ကြတာပဲနော်။ ငါငယ်ငယ်တုန်းကလည်း နင့်လိုပါပဲကွယ်။ တောင်ပေါ်က လှတပတအပင်တချို့ တူးပြီး ပြန်လာတတ်တယ်လေ။ ငါ့ဝက်ခြံရှေ့မှာပဲ အခုထိစိုက်ထားတုန်းပဲ... မိန်းကလေးရေ အတည်ပြောမယ်နော်၊ ဒါတွေကိုမစားပါနဲ့။ ဒီအသီးက အရမ်းချဉ်တယ်လေ။ နင်ဘယ်လိုပဲစိုက်စိုက် ချဥ်မှာပဲ။ ဝက်တွေတောင် မစားကြဘူးဟယ်"
"ငါ့ဝက်ခြံဘေးမှာ အများကြီးပေါက်နေတယ်။ ငါ ပျိုးပင်နည်းနည်းလောက် နင့်ကိုပေးလိုက်ရမလား?"
ချင်းရို့: "...ကောင်းပါပြီ၊ ကောင်းပါပြီရှင်။ ဒါပေမယ့် ကျွန်မစမ်းကြည့်ချင်သေးလို့။ အဒေါ်တို့မိသားစုမှာ အသီးရောသီးသေးလား?"
"အသီးသီးတာလား? ဒါပေမဲ့ အဒေါ် နင့်ကို မစားဖို့တော့ အကြံပေးလိုက်မယ်နော်။ ဝက်တွေတောင်မစားကြဘူး"
အဒေါ်ဖူက ချင်းရို့အား ထူးဆန်းတဲ့အကြည့်ဖြင့် ကြည့်ကာ ဒီမိန်းကလေးဟာ ဘယ်လိုတောင်ခေါင်းမာနိုင်ရသလဲလို့ တွေးနေမိလျက်။ ဝက်တွေတောင် စားရတာမကြိုက်တဲ့အသီးကို မြည်းစမ်းကြည့်ချင်နေသေးတာတဲ့လား?
ချင်းရို့: "…"
သူမရှာဖွေတွေ့ရှိခဲ့တဲ့ စူကားသီးဟာ ဝက်ခြံဘေးမှာ စိုက်ထားတာကြာလှပြီဆိုပေမယ့်လို့ ဝက်တွေက မကြိုက်ကြဘူးဆိုပဲ။
- အရမ်းချဉ်လွန်းတာကိုး...
ဝက်တွေကိုမပြောနဲ့၊ တောင်ပေါ်တက်ကစားကြတဲ့ ကလေးတွေတောင်မှ အဲဒီတောရိုင်းအသီးတွေကို မကောက်ကြပါပေ။ ကလေးတွေက တောရိုင်းအသီးချိုချိုလေးတွေကိုပဲ ကြိုက်ကြသည်ပင်။ ဒီလိုအချဉ်သီးတွေကတော့ သူတို့ရဲ့ နာမည်ပျက်စာရင်းမှာ ပါနေတာပေါ့ကွယ်။
"ငါ့အိမ်မှာစိုက်ထားတဲ့အပင်က အသီးတွေအများကြီးသီးနေပြီးသားလေ။ နင်ကြိုက်ရင် ငါအားလုံးခူးပေးလိုက်မယ်နော်..."
ချင်းရို့လည်း စိတ်အားထက်သန်လှတဲ့ အဒေါ်ဖူဆီကနေ စူကာသီးများစွာရခဲ့သည်။ ဝက်ခြံဘေးမှာ ပေါက်နေတဲ့ စူကာသီးတွေဟာ တောင်ပေါ်ရှိ တောရိုင်းစူကာသီးများထက် ပိုကြီးပြီး အရည်ပိုရွှမ်းတာကိုတော့ သူမဝန်ခံရပေမည်။
သူမ စူကာသီးဖျော်ရည်လုပ်ဖို့ ပြန်ယူသွားချင်တယ်!!
စူကာသီးကို ဖျော်ရည်အဖြစ်၊ ယိုအဖြစ် စားကြတဲ့နည်းလမ်းဟာ ဒီခေတ်မှာ အခုထိမဖွံ့ဖြိုးသေးပါချေ။
ဤကျွန်း၌ အနာဂတ်မှာ စီးပွားရေးအခွင့်အလမ်းဖွင့်တဲ့အခါ သစ်သီးလက်ဖက်ရည်ရောင်းရင်တော့ ပိုကောင်းမှာပဲ။
xxx