အခန်း (၂၀၃)
Vol. 17 Ch. 203
သူတစ်ခုခုကောင်းတာတွေ့ရင် အဲဒါကို တက်တက်ကြွကြွမြှင့်တင်ပေးပြီးတော့ လူတိုင်းကို မျှဝေသင့်တယ်လေ။
ဒါပေမယ့်လည်း....
ဒီအချိန်မှာတော့ သူ့စကားတွေကို ဘယ်သူကမှမယုံကြည်ခဲ့ကြပေ။ သူ့ဦးလေးလုယန်က ငါးကြော်ကိုသာ ဆက်တိုက်စားနေပြီး နတ်ဆိုးလိုင်ချီးသီးတွေကို မထိဖို့စိတ်ပိုင်းဖြတ်ထားပုံရသည်။
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့ ကလေးနှစ်ယောက်ကတော့ ထမင်းကြော်လေးကိုသာ ရိုးရိုးသားသားစားနေကြပြီး နာနတ်သီးထမင်းကြော်ထဲက မုန်လာဥနီတွေကို လျစ်လျူရှုထားကြလျက်။ ဒီထမင်းကြော်က ချိူချိုချဥ်ချဉ်လေးနဲ့ အရမ်းအရသာရှိနေရောပဲ ! ! !
ကျိုးကျိုးက ထမင်းကြော်ကို တစ်ဇွန်းပြီးတစ်ဇွန်းစားနေစဥ် ဖက်ထုပ်လေးကတော့ မုန်လာဥနီတွေကိုဘေးဖယ်နေရင်း ထမင်းကြော်ကိုခပ်လိုက်ပြီး မုန်လာဥနီတွေကိုသာ ချန်ထားခဲ့ကာ "မားမား သားစားလို့ပြီးပြီ!"
ချင်းရိူ့က သူ့လက်ထဲက ပန်းကန်လုံးကိုယူကာ ဘေးဖယ်ထားတဲ့မုန်လာဥနီအားလုံးကိုခပ်၍ သူ့ပါးစပ်ဆီသို့ လှမ်းခွံ့ပေးလိုက်သည်။
ဖက်ထုပ်လေးက သူမအား သနားစရာကောင်းအောင်ကြည့်နေပေမယ့် နောက်ဆုံးမှာတော့ မျက်ရည်စက်လက်ဖြင့် စားလိုက်ရလေသည်။
ချင်းရို့က သူ့ကိုပွေ့ဖက်ပြီး ပါးလေးကိုနမ်းလိုက်ရင်း "မားမားရဲ့ သားအလိမ္မာလေး"
ကျိုးကျိုး: "မားမား သားလည်း အနမ်းလိုချင်တယ်"
ချင်းရို့က သူ့ကိုအနမ်းပေးလိုက်သည်။
ချင်းရို့က သူတို့နှစ်ယောက်သောက်ဖို့ စူကာသီးဖျော်ရည်ကို ပေးလိုက်ရာ ညီအကိုနှစ်ယောက်က တစ်ငုံလောက်သောက်ကြည့်ပြီးတဲ့နောက် အံ့အားသင့်စွာဖြင့် "မားမား ဒါက ချိုတယ်!!"
"အချိုရည်ပဲ"
ရှမင်ရှီးလည်း အနှီစူကာသီးဖျော်ရည်ဟာ အရမ်းအရသာရှိကြောင်း တွေ့ရှိခဲ့သည်။
နောက်ဆုံးတွင်မူ လုယန် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားကာ လိုင်ချီးသီးနဲ့ပုဇွန်ကို စတင်စားကြည့်လိုက်ပေမယ့် သူတွေးထားသလောက်ဆိုးရွားပုံမပေါ်ပါချေ...
လိုင်ချီးသီးနဲ့ပုဇွန်ကြော်က ထူးဆန်းနေပေမယ့် အံသြစရာကောင်းလောက်အောင် အရသာရှိနေသလို ဒီနာနတ်သီးထမင်းကြော်သည်လည်း တော်တော်လေးအရသာရှိနေလျက်။
ချင်းရို့ သူ့အား မျက်ခုံးပင့်၍ ကြည့်လိုက်ကာ "အရသာမဆိုးပါဘူး ဟုတ်တယ်မလား?"
"တခါတလေစားတာတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် နေ့တိုင်းတော့မချက်ပါနဲ့ကွာ" လုယန်မှာ လက်သင့်မခံနိုင်သေးကြောင်း ပြောပြခဲ့သည်။
ချင်းရို့: "..."
ဖက်ထုပ်လေးက ရုတ်တရက် ကြောက်လန့်တကြားအသံဖြင့် "မားမား သားတခုခုကိုမျိုချလိုက်မိပြီ!!"
ကျိုးကျိုး: "အဲဒါက အမြစ်တွယ်ပြီး မင်းဗိုက်ထဲမှာ အညှောက်ပေါက်တော့မှာ"
"မားမား..."
"သားကြီးရေ ညီလေးကို မခြောက်နဲ့လေကွယ်။ အဆင်ပြေတယ်နော်၊ အဲဒါတွေက အသီးရဲ့အစေ့လေးတွေပဲမို့ သားစားလို့ရတယ်နော်"
"လုယန် ရှင် ဒီဖျော်ရည်ကိုမြည်းကြည့်ဦးလေ၊ ကောင်းတယ်မလား?"
လုယန်က အနက်ရောင်အစေ့တွေပေါလောပေါ်နေတဲ့ ဝါဖျော့ဖျော့ဖျော်ရည်ကို ကြည့်ပြီး မျက်နှာပေါ်မှာ ငြင်းဆိုဟန်အပြည့်ဖြင့် " ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားကို ဖမ်းဆုပ်ထားနိုင်ဖို့ဆိုရင် သူ့ရဲ့အစာအိမ်ကို ဆုပ်ကိုင်ထားရမယ်လို့ ပြောစမှတ်ရှိကြတာလေ။ မိန်းမရေ မင်းယောက်ျားရဲ့ နှလုံးသားကို လွှင့်ပစ်တာကို ရပ်ပေးနိုင်မလားနော်?"
သူ့ဇနီးလေးဟာ သူတို့အိမ်နီးချင်းတွေလိုမျိုး မာပိုတို့ဟူးနဲ့ ဝက်သားပြုတ်တို့ကို မချက်နိုင်သော်ငြား သူမက ထူးထူးဆန်းဆန်းအစားအစာတွေလုပ်နိုင်တယ်ဆိုတာကို လုယန်တွေ့ရှိခဲ့ရသည်။
သူမက ဒီနေ့ လိုင်ချီးသီးနဲ့ပုဇွန်ကြော်၊ နာနတ်သီးထမင်းကြော်လုပ်ထားတယ်။ နောက်တစ်ခေါက်ဆို သရက်သီးထမင်းကြော်၊ လိုင်ချီးသီးနဲ့ဝက်လက်စတူး၊ သရက်သီး ပြည်ကြီးငါး ကမာကြာဇံစွပ်ပြုတ်...စသဖြင့် ချက်လာလိမ့်မယ်။ သူမရဲ့ဒီအကျင့်ဆိုးကို လွှတ်ထားလို့မရတော့ဘူးပဲ။
ချင်းရို့ ရယ်မောရင်း "ဒါက အရမ်းအရသာရှိမှန်း သိသာပေမယ့် ရှင်က တကယ်ပဲ လွီတုန်ပင်းကို ကိုက်တဲ့ခွေးလိုမျိုး လူကောင်းတစ်ယောက်ရဲ့ စိတ်နှလုံးကောင်းကို မသိဘူးပဲ"
"ဒေါ်လေး ဒီဖျော်ရည်က အရသာရှိပြီး အနံ့လည်း အရမ်းကောင်း! မနက်ဖြန် ကျင်းရိသောက်ဖို့ ယူသွားပေးလိုက်မယ်နော်"
"မနက်ဖြန် ဒေါ်လေး လတ်လတ်ဆတ်ဆတ်ဖျော်ပြီး ကျင်းရိသောက်ဖို့ယူလာပေးမယ်လေ။ အိမ်မှာ စူကာသီးတွေစိုက်ထားပြီးပြီဆိုတော့ နောင်ကျ သောက်ချင်တဲ့အချိန်တိုင်း ဒေါ်လေးလုပ်ပေးမယ်နော်"
…
မစားသောက်ချင်သူ ကပ္ပတိန်လုယန်က နောက်ဆုံးတော့လည်း မိသားစုရဲ့ကျောရိုးအဖြစ် သူ့ဇနီးလေး ချက်ပြုတ်ထားတဲ့ထူးထူးဆန်းဆန်းဟင်းလျာတွေကို အပြတ်ဖြတ်ပေးခဲ့ရရှာသည်။
သူက ပန်းကန်ဆေးဖို့သွားတဲ့အခါ ချင်းရို့မေးလိုက်သည်။
"ကျွန်မအမျိုးသားလေးရဲ့စိတ်က ပြန်ရောက်လာပြီလား?"
"နောက်တခါမဖြစ်တော့ပါဘူးကွာ" လုယန် သူမအား ပြုံးပြုံးလေးကြည့်လိုက်သည်။
"ရှင် နောက် တစ် ခါစားချင်သေးလားလို့ ပြောပါဦး"
"စားပါ့မယ်"
"ရဲဘော်ရှောင်ချင်း ဆွေးနွေးရအောင်လေကွာ၊ ကျေးဇူးပြုပြီးတော့ နောက်တစ်ခါ အရမ်းစိတ်ကူးယဉ်မဆန်ဘဲမနေနိုင်ဘူးလား..."
လုယန် သူ့ဇနီးလေးပုခုံးကို ဖက်ထားရင်း ဆွေးနွေးနေလိုက်သည်။
ချင်းရို့က ခေါင်းလေးငဲ့စောင်းကာ မျက်ခုံးပင့်၍ သူ့ကိုကြည့်လာတဲ့အခါ သူမရဲ့လခြမ်းကွေးလေးလို မျက်လုံးလှလှလေးတွေအား ပေါ်လွင်စေနေလျက်။
"ရှင်ဘာကိုဆိုလိုချင်တာလဲ?"
လုယန် အံကြိတ်ကာ ပြောလိုက်သည်။
"အနာဂတ်မှာ ကိုယ်တို့ထမင်းစားပွဲပေါ်မှာ သရက်သီးနဲ့ဝက်လက်စတူး၊ လိုင်ချီးကမာစွပ်ပြုတ်၊ ငှက်ပျောသီးကြက်ဟင်းခါးသီးကြော်လိုမျိုး ထူးဆန်းတဲ့အရာတွေ မစားချင်ဘူးကွာ..."
သရက်သီးဝက်လက်စတူး? လိုင်ချီးကမာစွပ်ပြုတ်? ငှက်ပျောသီးကြက်ဟင်းခါးသီးကြော်?
ချင်းရို့: "…"
ဒီလုကောကတော့လေ...စဥ်းလည်းစဥ်းစားတတ်ပါပေ့...
ချင်းရို့ မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အပြုံးလေးနှင့် လုယန်ရဲ့ ရင်ခွင်ထဲတိုးဝင်ကာ "လုကောရေ ကျွန်မတို့မိသားစုထဲမှာ စိတ်ကူးယဥ်ဆန်သူကို ပြောပါဆိုရင်တော့ ရှင်ပါပဲနော်။ ကျွန်မတို့ တကယ်ပဲ ငှက်ပျောသီးနဲ့ ကြက်ဟင်းခါးသီးကို မွှေကြော်ကြည့်ကြမလား? စိတ်လှုပ်ရှားစရာကောင်းမယ့်ပုံပဲနော်"
လုယန် သူမနားရွက်လေးကို ဒဏ်ပေးဟန်ဖြင့်ကိုက်လိုက်ကာ အပြုံးလေးဖြင့် "မဆိုးနဲ့"
"ကလေးက ပိပိပုစွန်လို့ မင်းပြောခဲ့ပေမယ့် ကိုယ်တို့မိသားစုထဲမှာ အကြီးဆုံးပိပိပုဇွန်ကတော့ မင်းပါပဲကွာ"
ချင်းရို့ ပြုံးလျက် သူ့ကိုနမ်းလိုက်ပြီး "ကျွန်မတို့ အိမ်ထောင်ကျတာဖြင့် နှစ်တွေကြာနေပြီကိုနော်။ ရှင် ကျွန်မရဲ့ ဟင်းချက်စကေးကို မယုံသေးဘူးပေါ့၊ ကျွန်မ စိတ်ထိခိုက်သွားရပြီလို့..."
လုယန် သူမကိုချီလိုက်ကာ "မင်းကို ဆေးကုပေးဖို့ အခန်းထဲ ပြန်ခေါ်သွားပေးမယ်"
"ကူညီကြပါဦး၊ မိသားစုထဲက မျောက်လေးနှစ်ကောင် ဘယ်ရောက်နေတုန်း? မာစတာကြီးကို မှင်စာက ဖမ်းခေါ်သွားတော့မယ်လို့"
" အော်မနေနဲ့တော့၊ မင်းရဲ့သားတွေက သူတို့ရဲ့ဝမ်းကွဲနဲ့ ကစားနေကြပြီလေ"
ရှမင်ရှီးက သူ့မားမားလုရွှမ်ဆီ ဖုန်းဆက်ကာ "မားမား! သား ဦးလေးနဲ့ ဒီမှာနေရတာ ပျော်စရာကြီးလို့။ မကြာသေးမီက တောင်ပေါ်မှာ လိုင်ချီးတွေအများကြီးရှိတော့ သားစားတာများသွားလို့ နှာခေါင်းသွေးလျှံသွားသေးတယ်။ မားမား လိုင်ချီးသီးတွေ ဘယ်လောက်တောင်အရသာရှိလိုက်သလဲ သိရဲ့လား? ဒီကလိုင်ချီးသီးတွေက အရမ်းကြီးပြီး လတ်ဆတ်နေရောပဲ။ အတွင်းသားကလဲ ပျော့အိအိနဲ့ချိုမြနေရော၊ အရည်ရွှမ်းလွန်းလို့ စားပြီးသွားရင် သား ကိုယ့်လက်ချောင်းကိုယ်တောင် လျှက်လိုက်မိသေး..."
"ဒေါ်လေးက အရမ်းအရသာရှိတဲ့ နာနတ်သီးထမင်းကြော်နဲ့ လိုင်ချီးသီးပုဇွန်တွေ ချက်ပေးသေးတယ်။ ဘယ်လောက်အရသာရှိလိုက်သလဲ မားမားသိရဲ့လား? နှမ်းစေ့တွေဖြူးထားတဲ့ လိုင်ချီးပုဇွန်ကြော်လည်းရှိသေးတယ်။ သား တစ်ခါစားပြီးသွားတော့ ထပ်စားချင်ပေမယ့် ဒေါ်လေးက ထပ်မလုပ်ဖြစ်သေးဘူး..."
"အခုတလော ရာသီဥတုကပူလာပြီဆိုတော့ ဒေါ်လေးကလည်း ဖျော်ရည်အေးအေးလေးလည်း လုပ်ပေးသေးတာ။ ဒီမှာက ထူးထူးဆန်းဆန်းအသီးတစ်မျိုးရှိတယ်။ အနံ့မွှေးမွှေးလေးနဲ့ ချိုချိုချဥ်ချဉ်လေး၊ သူ့အနံ့က သွားရည်ယိုရလောက်အောင်ပဲ..."
…
လုစန်းကျဲကတော့ ဖုန်းတစ်ဖက်မှ သူမသားပြောတာတွေကို နားထောင်နေရင်း မျက်နှာမှာ မှုန်မှိုင်းနေလျက်။ ကံကောင်းစွာပင် ဒီတစ်ခါတော့ သူက ကြက်သွန်မြိတ်သေတ္တာ၊ ဝက်ခြေထောက်နှပ်၊ ခရမ်းသီးစတူး... စတဲ့ ဟင်းလျာတွေပြောမလာလို့ပေါ့။
လိုင်ချီးသီးနဲ့ပုဇွန်ကြော်၊ နားထောင်ကြည့်ရတာတော့ စားလို့မကောင်းတဲ့ပုံပါပဲနော်...
ဟီးဟီး...
ဒီကောင်ကလေးက သူ့ဦးလေးအိမ်မှာ အရသာရှိတာတွေစားနေရတာပဲ။ သူ့မေမေကို ဖုန်းခေါ်တိုင်း မကြာသေးခင်က သူစားခဲ့တဲ့အရသာရှိသမျှအစားအစာတွေကို ဖုန်းနဲ့သတင်းပို့တတ်သည်။ သူ့ဒေါ်လေးချက်တဲ့ဟင်းလျာတွေ ဘယ်လောက်အရသာရှိကြောင်း၊ ဒေါ်လေးချင်းမျန့်လုပ်ကျွေးတဲ့ ဝက်သားကြာဇံစတူးက ဘယ်လောက်မွှေးကြောင်း...
ပေသုံးထောင်အကွာကနေတောင် သူမ သွားရည်ကျမိရတယ်လို့...
မွေးမိခင်လုရွှမ်ဟာ အင်မတန်မှနာကျင်ရလေပြီ။ သူမက နေ့တိုင်းစားနေခဲ့ရတဲ့ ကန်တင်းက တို့ဟူးနဲ့ကြက်သွန်မြိတ်တွေကို တွေးမိသွားရလျက်။ နောက်ပြီးတော့ သူတို့ဆီက ဟင်းပွဲအရသာတွေဟာ ကန်တင်းစားဖိုမှူးရဲ့စိတ်အခြေအနေပေါ်မူတည်နေပြီး တခါတလေ ဟင်းအိုးတူးသွားတတ်သေးတယ် ! !
သူမသားလေးက ဘာတွေစားနေရတာ?!
သူက ဒီအမေ့ကို ဒေါသထွက်ပြီးသေအောင်လုပ်ချင်နေတာပဲ၊ ဒီသားကို မလိုချင်တော့ဘူးဟေ့!!
ကံကောင်းထောက်မစွာဖြင့် ဒီတစ်ခါမှာတော့ နာနတ်သီးထမင်းကြော်နှင့် လိုင်ချီးသီးပုဇွန်အကြောင်းပြောပြခဲ့ပေမယ့် သူမအား စားချင်စိတ်မဖြစ်စေခဲ့ပါပေ။
"နောက်တစ်ခါ သားဒေါ်လေးကို လိုင်ချီးသီးနဲ့ ပုဇွန်၊ သရက်သီးနဲ့ခရမ်းသီးကြော်၊ ငှက်ပျောသီးနှပ်နဲ့ တခြားဟင်းလျာတွေကို များများချက်ခိုင်းလိုက်လေ" ဖုန်းရဲ့တစ်ဖက်ခြမ်းမှ လုရွှမ် အားပေးအားမြောက်ပြုခဲ့သည်။
ရှမင်ရှီး: "…"
အတန်းဖော်ရှီးရှီးလေးဟာ သူ တကယ်ပဲ ပထွေးတစ်ယောက်ကိုရှာချင်ရင် ထိုပထွေးက ဟင်းချက်ရာတွင် ပိုကောင်းသူဖြစ်ပြီး သူ့အမေကိုတာဝန်မယူခိုင်းရင် အကောင်းဆုံးပဲလို့ တွေးနေမိလျက်။
သရက်သီးနဲ့ခရမ်းသီးကြော် ?
ဒီလိုစားချင်စဖွယ်မရှိတဲ့ပေါင်းစပ်မှုမျိုးကို စားလို့ရောရသေးရဲ့လား? ဦးလေးလွီက သူ့အဖေမဖြစ်ချင်တာ ဝမ်းနည်းစရာပါပဲ။
မော်နီတာကောင်းတစ်ယောက်အနေဖြင့် ရှမင်ရှီးလေးက ဖုန်းကနေတစ်ဆင့် သူ့အမေကိုတိုက်တွန်းလိုက်တော့သည်။ "မားမားရေ မား ယောက်ျားတစ်ယောက်ရှာမယ်ဆိုရင် သားရဲ့အဒေါ်လို ချက်ပြုတ်နိုင်တဲ့ယောက်ျားကို ရှာရမယ်နော်"
"စိတ်မပူပါနဲ့ ရှောင်မင်ရယ်၊ မင်းမားမားက မင်းထက် အများကြီးပိုဉာဏ်ကောင်းပါတယ်နော်"
ယခုအခါ သူမတို့မိသားစုတွင် လုယန်လိုမျိုး အောင်မြင်ထားတဲ့ အတွေ့အကြုံရှိသူတစ်ဦးကို ရရှိထားသောကြောင့် လုစန်းကျဲက ချက်ပြုတ်နိုင်တဲ့ပါတနာတစ်ဦးကို ရှာရန် သေချာပေါက် သတိရနေဆဲပင်။
အချက်အပြုတ်တော်တဲ့သူကို ရှာမယ်၊ ရှာမတွေ့ရင်တော့ မေ့လိုက်တော့...
"မားမား သားကို ရှောင်မင်လို့ မခေါ်လို့ရမလား? ကျောင်းစာအုပ်ထဲက ရှောင်မင်က လူဆိုးလူမိုက်ပဲ။ သား သူ့ကို နေ့တိုင်း သူဝယ်ခဲ့တဲ့ စာရေးကိရိယာကုန်ကျငွေတွေကို ကူတွက်ပေးစေမိလောက်အောင်ပဲဗျာ"
"သားနာမည်က ရှမင်ရှီးဆိုတော့ မားမား သားကို ရှောင်ရှ၊ ရှောင်ရှီး၊ ရှီးရှီးလို့ ခေါ်လို့ရတယ်လေနော်။ အဲဒါတွေက ရှောင်မင်ထက် ပိုကောင်းတယ်လို့... ရှောင်မင်က တစ်နေ့ကုန်ဘာမှမလုပ်ဘဲ ကျောင်းသားတွေအတွက်သာ ပြဿနာဖြစ်စေလိမ့်မှာ"
လုရွှမ်: "ဒါပေမယ့် မားမားက ရှောင်မင်ဆိုတာ ကြင်နာတတ်တယ်လို့ တွေးထားတာလေ၊ သားက မားမားရဲ့ရှောင်မင်လေးပဲ"
တယ်လီဖုန်းနှင့် ညှိုနှိုင်းရာတွင် သဘောတူညီမှုမရကြတဲ့အခါ သားအမိနှစ်ယောက် ဖုန်းချလိုက်ကြသည်။
xxx