← Chapters

အခန်း (၂၀၅)

Vol. 17 Ch. 205

အခန်း (၂၀၅)

Vol. 17 Ch. 205

ယဲ့မင်ရှို့ ဒီစကားတွေကို ထုတ်ပြောဖို့အတွက် သူမရဲ့သတ္တိအားလုံးနီးပါးကို အသုံးပြုခဲ့ရသည်။ သူမမျက်နှာလေးက နီမြန်းနေကာ နေဝင်ဆည်းဆာနေရောင်က သူမမျက်နှာပေါ်ထင်ဟပ်လာတဲ့အခါ သွေးတွေရွှဲလုနီးပါးဖြစ်နေဟန်တူနေသည်။

ကျောက်ကျန်းဟုန်က သူ့စိတ်ထဲမှာ တုန်လှုပ်သွားပြီး "မင်းဘာပြောလိုက်တာ?"

ထိုအချိန်တွင် လုယန်က သူ့ကို လှည့်ကြည့်လာခဲ့သည်။ သူ့မျက်နှာမှာ ဘာအမူအရာမှမရှိသော်လည်း သူ့ရဲ့ရင့်ကျက်ပြီးချောမောတဲ့ မျက်နှာဟာ နေဝင်ဆည်းဆာရောင်အောက်တွင် ရွှေရောင်အလွှာဖြင့် ဖုံးလွှမ်းနေပြီး နေဝင်ဆည်းဆာအောက်၌ 'ငါ့ရဲ့ဒီနေ့ဟာ မင်းရဲ့မနက်ဖြန်ပဲ' လို့ သူ့အား ပြောနေသည့်နှယ်။

ယောက်ျားလေးနှစ်ယောက်... 
မင်း ဒီကောင်းချီးကို ရလိုက်ပြီးပြီ!

အံအားသင့်ဖွယ်မထင်မှတ်စရာပင်။

"ရှင်နားမလည်ရင်လည်း ထားလိုက်တော့" ယဲ့မင်ရှို့ သူမခေါင်းကိုလှည့်လိုက်ကာ သူ့ကိုထပ်မကြည့်တော့ပေ။

ကျောက်ကျန်းဟုန် သူ့တံတွေးကို မျိုချလိုက်ပြီး နေဝင်ချိန်၌ သူ့ရဲ့ ကြေကွဲဖွယ်ရာအနာဂတ်ကို ရုတ်တရက် မြင်လိုက်ရသည့်အလား။ သူ့ရဲ့ဘယ်လက်မှာ ကလေးတစ်ယောက်၊ ညာလက်မှာ ကလေးတစ်ယောက်ကို ချီထားရမယ်၊ ကလေးလေးနှစ်ယောက်လုံးက လုယန်ရဲ့ မထီမဲ့မြင်ပြီးလှောင်ပြောင်တတ်တဲ့အပြုံးဖြင့် သူ့ဗိုက်ကို တမင်တကာ အားကြီးနဲ့ ကန်ကျောက်နေကြမယ်။

- ဒီကောင်းချီးက မင်းအတွက်ပဲ၊ မင်းလိုချင်လား...

ကျောက်ကျန်းဟုန်ရဲ့ စိတ်မှာ ခဏကြာအလွန်ရှုပ်ထွေးသွားရ၏။ သူက အိမ်ထောင်ကျခါစဖြစ်သော်လည်း အနာဂတ်သားသားမီးမီးတွေကို ပြုစုပျိုးထောင်ရမယ့် ကြေကွဲဖွယ်ရာဘဝအကြောင်းကို တွေးနေမိသည်။ ကောင်လေးနှစ်ယောက် တစ်ပြိုင်နက် ရောက်လာခဲ့ရင်ရော... သူတို့လေးတွေက တအားဆူညံလွန်းနေရင်ရော...

ဘယ်လောက်ပဲကြေကွဲနေပါစေ ဘဝကတော့ ရှေ့ဆက်သွားနေစမြဲပင်။ ထို့ကြောင့် ကျောက်ကျန်းဟုန်လည်း ကြိုတင်လေ့လာသင်ယူထားချင်ခဲ့သည်။

သူက လုယန်တို့သားအဖရှိရာသို့ လျှောက်သွားခဲ့ပြီး "ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးကို ဦးဦး ပွေ့ဖက်လို့ရနိုင်မလား? ဦးဦးမှာ အနာဂတ်ကလေးလေးရှိလာခဲ့ရင် ကျင့်သားရအောင်ပေါ့ကွာ"

"မင်းကိုပေးချီမယ်" လုယန်က ကလေးနှစ်ယောက်ကို သူ့ဆီ လွှဲပြောင်းပေးလိုက်သည်။

ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က ယခုအခါ ပိုမိုရိုးရိုးသားသားဖြစ်လာကြကာ ကျောက်ကျန်းဟုန်ရဲ့ လက်မောင်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြတော့သည်။

နှစ်နှစ်၊ သုံးနှစ်အရွယ်ကလေးတွေက အရပ်ရှည်သလို သန်စွမ်းကြသဖြင့် လက်တစ်ဖက်စီရဲ့ အလေးချိန်မှာလည်း မနည်းလှပေ။

"တော်တော်လေးတာပဲကွာ လုယန် မင်း ဒီကလေးနှစ်ယောက်ကို တချိန်လုံးချီထားရာတ မင်းလက်တွေမညောင်းဘူးလား?"

"မညောင်းဘူး"

"ဘာလို့ ငါကျ ခဏလေးချီထားရတာနဲ့ ညောင်းနေရတာလဲ..."

"အဲဒါ မင်းက ပျော့ညံ့လွန်းတာကြောင့်ပေါ့"

ကျောက်ကျန်းဟုန်: "…"

ကလေးနှစ်ယောက်ကို ချီထားရတာ ဘယ်လိုခံစားရသလဲ? အလေးချိန်မှာ သဲအိတ်သေးသေးနှစ်ခုသယ်ထားရသည့်အလား။ သို့သော် ကလေးချီထားရတာဟာ သဲအိတ်သယ်ထားရသလောက်မလွယ်ကူပါပေ၊ ကလေးတွေက လှုပ်ရှားနိုင်တာကြောင့်ပါပဲ။ ကလေးတွေက လှုပ်ရှားနိုင်ရုံသာမက မင်းရဲ့လက်မောင်းထဲမှာလည်း ကခုန်နိုင်သေးတယ်လေ။

"မချီနဲ့တော့ မချီနဲ့တော့..."

"မားမားကိုလိုချင်တယ်"

ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့လည်း ကျောက်ကျန်းဟုန်ချီထားပုံမှာ သူတို့ကို မသက်မသာခံစားစေသောကြောင့် ကျောက်ကျန်းဟုန်ရင်ခွင်ထဲမှာ ရုန်းကန်နေကြသဖြင့် ကျောက်ကျန်းဟုန်လည်း သူတို့နှစ်ယောက်လုံးကို မြေပြင်ပေါ် ချပေးလိုက်ရသည်။

အမြွှာလေးနှစ်ယောက်ဟာ သူတို့မားမားရဲ့ခြေထောက်နားဆီ ပြေးသွားကြတော့သည်။

ညနေခင်းရဲ့ အေးမြ မြပင်လယ်လေညင်းလေးဟာ သူ့မျက်နှာသို့ တိုက်ခတ်လာသဖြင့် ကျောက်ကျန်းဟုန် သက်ပြင်းတစ်ချက်ချလိုက်သည်။ ကလေးလေးတွေက ငါးလေးတွေလိုပဲ၊ အနာဂတ်မှာ သူ့ဆီကို တစ်ယောက်ချင်းစီပဲ လာဖို့ ဆုတောင်းလိုက်ပါတယ်။

ဒီကောင်းချီးတွေကို လုယန်ဆီ ပြန်ပေးလိုက်သည့်သဘောဖြင့် သူ လုယန်အား နှစ်ကြိမ် ပုတ်လိုက်သည်။

လုယန်က သူ့ကို နှစ်ကြိမ်ကန်လိုက်ပြီး "ဘာလုပ်နေတာလဲ ဒီကောင်ကတော့"

ကျောက်ကျန်းဟုန်: "..." ချီးပဲ၊ ကံတရားက သူ့ဆီ ပြန်ရောက်လာတာများလား...

ကျွန်းပေါ်တွင် နှစ်အနည်းငယ်ကြာနေထိုင်ပြီးနောက် ချင်းရို့၏ လှိုင်းမူးခြင်းဟာ ဟိုးအရင်တုန်းကလောက် မပြင်းထန်တော့။ သူမ အနည်းငယ် အဆင်မပြေဖြစ်နေသေးသော်လည်း တုံ့ပြန်မှုသိပ်မများတော့ပေ။ လှိုင်းမူးခြင်းဟာ ရွှေ့လျားတဲ့အခါမူးမောခြင်း(motion sickness)နှင့် ဆင်တူပါ၏။ တခြားလူတွေက လှိုင်းမူးခြင်းရှိမရှိကို သူမ မသိပေမယ့် လှိုင်းမူးတာကို ရှောင်ချင်ရင်တော့ ဗိုက်ထဲမှာ အစာတွေအများကြီးမရှိရဘူး၊ အော့အန်တာကို ရှောင်ရှားဖို့ အရည်လျှော့သောက်ရမယ်ဆိုတာကို သူမသိပေသည်။

ထို့ကြောင့် သူမက လှေပေါ်မတက်ခင် ရဲဘော်လုယန်လုပ်ပေးထားတဲ့ ဘန်းမုန့်ပေါင်းကိုသာ စားထားခဲ့သည်။ လှေပေါ်တွင်လည်း ဘန်းမုန့်ပေါင်းတွေကိုသာ နွှေးပြီးစားခဲ့ကာ ရေကိုလည်း အလုတ်ကြီးကြီးမသောက်ရဲဘဲ ပါးစပ်စိုရုံလေး နည်းနည်းချင်းသာ သောက်ခဲ့သည်။

နောက်တစ်နေ့ ရွက်လွှင့်နေစဥ် လုယန်၊ တူလေးနဲ့ ကလေးလေးနှစ်ယောက်တို့နှင့်အတူတူ ဓာတ်ပုံရိုက်နိုင်ခဲ့သည်။

ဓါတ်ပုံရိုက်တာကလွဲပြီးတော့ လှေပေါ်မှာ နေရတာ ပျင်းဖို့ကောင်းလွန်းလှသည်။ ပင်လယ်ပြင်ကြီးဟာ ဦးတည်ရာမရှိ အဆုံးမဲ့နေသလို ထင်ရ၏။ ရံဖန်ရံခါ ရေထဲမှာ ပျံသန်းနေတဲ့ဗျိုင်းတွေနှင့် ကူးခတ်နေတဲ့ငါးတွေကို တွေ့နိုင်ပေသည်။

နောက်တစ်နေ့ နေ့ခင်းဘက်တွင်မူ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့ဟာ မပျော်မရွှင်ဖြစ်လာကြပြီး လှေပေါ်ကဆင်းချင်နေကြလေပြီ။

ချင်းရို့က သူတို့နှစ်ယောက်ကို ချော့မော့အိပ်ခိုင်းလိုက်ပြီးနောက် လူကြီးတွေကတော့ အတူတူ စကားစမြည်ပြောခဲ့ကြသည်။

သူမက လုယန်ရဲ့ပခုံးမှီထားရင်း တစ်ခုခုကို တွေးမိသွားလျက် ရုတ်တရက်စိတ်လှုပ်ရှားသွားခဲ့သည်။

"ကျောင်းသောင်ကိုရောက်ရင်ပင်လယ်စာတွေ မြည်းစမ်းကြည့်ရမယ်!"

သူမပြောတာကိုကြားတော့ ကျောက်ကျန်းဟုန်က လုယန်နှင့် အရွှန်းဖောက်စွာဖြင့် "မင်းမိန်းမကိုကြည့်ပါဦး။ သူမ မင်းကိုလက်ထပ်နိုင်တာ မဆန်းတော့ဘူးကွာ။ အခုထိ သူမက ပင်လယ်စာတွေ စားချင်နေတုန်းပဲ။ သူမ ကျွန်းပေါ်မှာအကြာကြီးနေခဲ့ရတာတောင်မှ ပင်လယ်စာတွေကို စားရတာ မမုန်းသေးဘူးလား?"

"တောင်ပိုင်းကပင်လယ်စာတွေနဲ့ မြောက်ပိုင်းကဟာတွေက မတူကြဘူးလေ။ နင်တို့ မြည်းကြည့်ကြပေါ့"

ချုံကျိုးကျွန်းသည် ကျွန်းတစ်ကျွန်းဖြစ်သော်လည်း တောင်ဘက်အစွန်ဆုံးပိုင်းတွင်ဖြစ်သည်။ ကျွန်းပေါ်မှာ ရှားပါးအဖိုးတန်လှတဲ့ ပါဝင်ပစ္စည်းတွေ မရေမတွက်နိုင်အောင်ရှိ၏။ ပင်လယ်စာတွေက စာရင်းထဲမှာတောင် မပါရှိသော်ငြား အသီးအနှံတွေက ပိုကောင်းနေလေသည်။

ပထဝီဝင်လေ့လာဖူးသူတိုင်းက မြောက်ဘက်သို့ပိုသွားလေလေ၊ လတ္တီတွဒ်ပိုမြင့်လေလေ၊ ပင်လယ်ရေအေးအေးမှာ မွေးမြူထားတဲ့ ပင်လယ်စာတွေက ပို၍အရသာရှိကြောင်း သိကြပေသည်။ သို့သော်လည်း အဏ္ဏဝါမျိုးစိတ် အနည်းငယ်သာကျန်ရှိပါတော့သည်။ ချုံကျိုးကျွန်းသည် ပထဝီမြေပြင်အရ လတ္တီတွဒ်နိမ့်ပြီး အဏ္ဏဝါမျိုးစိတ်အမျိုးမျိုးရှိပေမယ့် အရသာရှိတဲ့ပင်လယ်စာတွေနဲ့ပတ်သက်ပါက တခြားနေရာတွေလောက်တော့ မကောင်းပါပေ။

"စောင့်ဦးနော်၊ မင်းဖြည်းဖြည်းပဲစား။ မင်းနဲ့ကလေးတွေ ကမာကောက်ဖို့လည်း ကိုယ်ခေါ်သွားပေးမယ်နော်"

ပင်လယ်မုတ်ကောင်သည်လည်း ကမာကောင်များပင်။

ချင်းရို့ ပြုံးလိုက်ပြီး "ဒါဆို ကျွန်မတို့ ခရုနဲ့ ပြည်ကြီးမျှော့တွေ သွားကောက်ကြမယ်နော်"

ကျောက်ကျန်းဟုန် သက်ပြင်းချလိုက်ပြီး "မင်းရဲ့မိန်းမက အရမ်းကိုစိတ်အားထက်သန်တာပဲကွာ"

ပင်လယ်ကမ်းစပ်မှာ နေတာကြာပြီဖြစ်တဲ့ လူတွေက ပင်လယ်စာတွေကို မစားချင်ကြတော့ဘူးလေ။ သူ့မွေးရပ်မြေကဲ့သို့ပင်၊ လူတွေကို ညစာစားဖို့ဖိတ်ခေါ်ပြီး ခရုနဲ့ပြည်ကြီးမျှော့တွေကိုသာ ဧည့်ခံခဲ့ရင် ဒါဟာ ဧည့်သည်တွေကို မလေးမစားလုပ်တာပါပဲ။

ယဲ့မင်ရှို့ အပြုံးလေးနဲ့ပြောလိုက်သည်။ "ငါလည်း မြည်းစမ်းကြည့်ချင်တယ်"

ဒါဟာ သူမခင်ပွန်းသည်ရဲ့မိဘတွေနဲ့တွေ့ဆုံဖို့ မြောက်ပိုင်းကိုလာရတဲ့ ယဲ့မင်ရှို့ရဲ့ ပထမဆုံးခရီးပင်။ သူမ အတော်လေးစိတ်ပူပန်နေရပြီး တစ်ချိန်တည်းမှာ မျှော်လင့်နေမိသလို ထိတ်လည်းထိတ်လန့်နေခဲ့သည်။

"ကိုယ် မင်းကို ကမ်းခြေလိုက်ပို့မယ်နော်"

နောက်ဆုံးတွင်မူ ညနေ၈နာရီ၊ ၉နာရီခန့်တွင် ကွမ်ချန်ရှိဆိပ်ခံသို့ ရောက်ရှိခဲ့ကြသည်။ တစ်ဖွဲ့လုံး သင်္ဘောပေါ်မှဆင်းခဲ့ကြပြီး တည်းခိုခန်းသို့ စာရင်းသွင်းခဲ့ကြသည်။

နောက်တစ်နေ့၌ ချင်းရို့ မူလကတော့ ထမင်းလိပ်ကို တတ်နိုင်သမျှ ခပ်စောစောစားချင်ခဲ့သော်လည်း သူမ အိပ်ပျော်သွားတာနဲ့ နောက်နေ့မွန်းတည့်ချိန်အထိ အိပ်မောကျသွားလိမ့်မယ်လို့ ဘယ်သူသိမလဲလေ။ သူမတင်မဟုတ်၊ ယဲ့မင်ရှို့ရော၊ ကလေးနှစ်ယောက်ပါ အရမ်းပင်ပန်းသွားကြတဲ့အတွက် အိပ်ပျော်သွားခဲ့ကြသည်။

လုယန်နဲ့ ကျောက်ကျန်းဟုန်တို့နှစ်ယောက်သာ စောစောစီးစီးနိုးနေကြပြီး အချင်းချင်းအဖော်ပြုပေးနေကြရုံကလွဲလို့ ရွေးချယ်စရာမရှိတော့ပေ။ သူတို့နှစ်ယောက် မျက်လုံးထဲတွင် တစ်ယောက်ကိုတစ်ယောက် ရွံရှာနေဟန်အကြည့်တို့ဖြင့် ကြည့်နေကြကာ စိတ်ထဲမှာ တွေးနေမိသည်မှာ - ငါက ငါ့မိန်းမနဲ့ပဲနေချင်တာလေ၊ မင်းကိုဘယ်စိုက်ကြည့်ချင်နေပါ့မလဲကွ။

တစ်ယောက်နဲ့တစ်ယောက် မကြိုက်ရင်တောင်မှ သူတို့မိန်းမတွေ အိပ်ရာထလာဖို့ပဲ စောင့်ဆိုင်းနိုင်ကြရုံသာ။

ကျောက်ကျန်းဟုန်က သူ့ကို စပ်စုစွာ မေးမြန်းလာခဲ့၏။ "မင်းတို့ ပထမဆုံးကိုယ်ဝန်ရတုန်းက မင်းနဲ့ မင်းမိန်းမ ဘယ်လိုတုံ့ပြန်ကြတာလဲ?"

"မင်းက ဘာလို့ ကလေးယူဖို့ အရမ်းကြောင့်ကြနေရတာလဲ?"

"မင်း အဲ့တုန်းက အိမ်ထောင်ကျခါစလေးမှာပဲ ကလေးနှစ်ယောက်ရခဲ့တာ ဟုတ်တယ်မလား?"

"မင်း ဘာလို့ တစ်နှစ်လောက်မစောင့်လိုက်တာလဲ? မင်ရှို့နဲ့ ငါက အခုအချိန်မှာ ဆက်ဆံရေးကောင်းနေတော့ ငါတို့နှစ်ယောက်တည်း အိမ်ထောင်သည်ဘဝကို ဖြတ်သန်းချင်သေးတယ်။ တကယ်ကြီးကလေးမလိုချင်သေးပါဘူးကွာ။ လုယန် မင်းကရော? မင်းမိန်းမနဲ့ နှစ်ယောက်တည်း အတူတူမနေချင်ဘူးလားကွ?"

လုယန် ချောမောတဲ့မျက်နှာထားဖြင့် "မင်း ထပ်မေးနေမယ်ဆိုရင် ငါမင်းကို သေအောင်ရိုက်ပစ်မယ်"

မည်သည့်အိုးအဖုံးကို မဖွင့်သင့်ပါသလဲ?

လုယန်က ကျောက်ကျန်းဟုန်ရဲ့ပုခုံးပေါ် လက်တင်ကာ "ညီအစ်ကိုရေ နောက်နှစ်ကျရင် မင်းဆီမှာ ကလေးနှစ်ယောက်ရဖို့ ငါ ဆုတောင်းပေးလိုက်ပါတယ်ကွာ"

"*ဖေး ဖေး ဖေး" အမှိုက်ညီအစ်ကိုဆီက ဘယ်လိုအမှိုက်ကောင်းချီးမျိုးလဲဟေ။ 
(*မီယန်မာလိုဆို ဖတ် ဖတ် ဖတ် လွဲပါစေ ဖယ်ပါစေ ပြောတာပါပေါ့)

ချင်းရို့နှင့်ယဲ့မင်ရှို့တို့ နိုးလာချိန်မှာ မွန်းတည့်နေပြီဖြစ်၏။ သူမတို့ မနက်စာမစားရသေးသောကြောင့် သူတို့အားလုံး နေ့လည်စာစားရန် အစိုးရပိုင်စားသောက်ဆိုင်သို့ သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

"ဦးလေးလွီရဲ့ အစိုးရပိုင်စားသောက်ဆိုင်ကို သွားကြမယ်လေ" ရှမင်ရှီး အကြံပြုလိုက်သည်။

ဦးလေးလွီက သူ့ပထွေးဖြစ်မလာခဲ့သော်လည်း သူ့မေမေနဲ့ အဆင်ပြေတဲ့ကလောင်ဖော်တွေဖြစ်ကြပြီး စားသောက်ဆိုင်မှာ သွားစားကြတဲ့အခါ သူ့ကိုစောင့်ရှောက်ပေးလိမ့်မည်ဖြစ်ကြောင်း သူ့မေမေပြောပြထားခဲ့သည်။

"ကဲ သွားကြတာပေါ့" ချင်းရို့လည်း သူမရဲ့တတိယခဲအိုဖြစ်လာလုနီးပါးဖြစ်တဲ့ ထိုလူကို တွေ့ချင်မိသည်။

လုစန်းကျဲရဲ့ နှလုံးသားကို အသက်ဝင်သွားစေတဲ့အချစ်လေး...

xxx

All Chapters