← Chapters

အခန်း (၂၀၇)

Vol. 18 Ch. 207

အခန်း (၂၀၇)

Vol. 18 Ch. 207

ထိုအချိန်တွင် ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးက "ရှီးရှီးကောကောကို အနိုင်ကျင့်မခံရအောင် ကာကွယ်ပေးမှာ"

ရှမင်ရှီး ရုတ်တရက် အလွန်စိတ်လှုပ်ရှားသွားရ၏။ "ဦးလေးကျောက် ကြည့်ပါဦး သားမှာ အရမ်းကောင်းတဲ့ညီလေးတွေရှိတယ်လေ"

ကျောက်ကျန်းဟုန်: "…"

ဒီညီအစ်ကိုဇာတ်ဝင်ခန်းကတော့ အနည်းငယ်မိန်းမောစရာပင်။

"ကောကလည်း မင်းတို့ကိုကာကွယ်ပေးမယ်"

"ရှီးရှီးကော​ကော မင်းက အရမ်းကောင်းတဲ့ကောကောပဲ"

ကျောက်ကျန်းဟုန် ပျင်းလာ၍ သာမန်ကာလျှံကာမေးလိုက်သည်။

"မင်းတို့က ရှီးရှီးကောကောကို အစ်ကိုကောင်းလို့ ဘာကြောင့်ပြောကြတာလဲ"

ဖက်ထုပ်လေး: "ကောကောက ကြက်ဟင်းခါးသီးစားပေးတယ်၊ တိတိက အသားစားတယ်"

ရှမင်ရှီး: "…"

အတန်းဖော်ရှောင်မင်သည် သူကတော့ ကြက်ဟင်းခါးသီးစားပေးရတဲ့ အစ်ကိုကောင်းတစ်ယောက် မဖြစ်ချင်ပါဘူးလို့ တွေးနေမိသည်။

ကျောက်ကျန်းဟုန်: "...ဒီလိုလည်းရှိသေးတာလား?"

သူက လှည့်ကာ ယဲ့မင်ရှို့အား ပြောလိုက်၏။ "နောင်မှာ ကိုယ်တို့ကလေးတွေကိုလည်း ဒီလိုပဲ သင်ပေးကြမယ်နော်။ ကြည့်စမ်းပါဦး၊ ဒီညီအစ်ကိုတွေ ဘယ်လောက်လေးစားစရာကောင်းလိုက်သလဲ"

"အကိုကြီးက ညီလေးတွေကို ချစ်ခင်သလို ကာကွယ်စောင့်ရှောက်ပေးတယ်။ ညီလေးတွေကလည်း အကိုကြီးကို ကာကွယ်ပေးချင်နေကြတာ"

ယဲ့မင်ရှို့: "…"

"ကျွန်မလည်း ငယ်ငယ်က ကြက်ဟင်းခါးသီးကို မကြိုက်ပါဘူးနော်။ ကျွန်မအစ်မက အတင်းစားခိုင်းတာပဲ"

ရှမင်ရှီးလေးက သူလည်း ကြက်ဟင်းခါးသီးကိုမကြိုက်ပါဘူးလို့ တွေးနေခဲ့ပါသည်။

ရှမင်ရှီးတို့အဖွဲ့ တည်းခိုခန်းကို ပြန်သွားကြတဲ့အခါ လွီချင်းရဲ့နှလုံးသားထဲကို စိမ့်စမ်းရေတွေ ထွက်သွားသလိုပင်။ သူက လုရွှမ်ရောက်အလာကို မျှော်လင့်နေမိမှန်း သူ့ကိုယ်သူသိလိုက်ရတဲ့အခါ အံ့အားသင့်သွားရလေပြီ။

သူမရောက်မလာမှန်းသိလိုက်ရပြီးနောက် စိတ်ပျက်အားငယ်မှုက သူ့ကို တစ်နေ့လုံး ခြောက်လှန့်နေခဲ့သည်။

လွီချင်းက လုရွှမ်ကို သတ္တိရှိရှိဖုန်းခေါ်ရန်အစပြုခဲ့၏။ ယနေ့ ရှောင်မင်နှင့် သူ့ဦးလေးမိသားစုတို့ ညစာစားရန် စားသောက်ဆိုင်သို့ လာသွားကြောင်း ပြောပြလိုက်ပြီး သူတို့စားခဲ့ကြတဲ့ ဟင်းပွဲတွေအကြောင်းကို အသေးစိတ် မိတ်ဆက်ပေးခဲ့သည်။

- စာတွေရေးသားတဲ့အခါမှာ ပေါ်ပေါက်လာတဲ့ သူ့အကျင့်တစ်ခုပင်။

ဖုန်းရဲ့အခြားတစ်ဖက်တွင်မူ လုရွှမ်မှာ နားထောက်နေရင်း ချဥ်စူးလာခဲ့လေပြီ။ ဒီလူတွေကတော့၊ အသေးလေးရော အကြီးကပါ သူမကို ဖုန်းနဲ့ ညှဉ်းပန်းနှိပ်စက်နေကြတာပဲလို့ လုရွှမ်တွေးတောနေမိသည်။ အိမ်က ရဲဘော်လောင်လုလည်း ပါတာပဲ၊ မေလနဲ့ဇွန်လတုန်းက သူတို့ မက်ကရယ်ငါးဖက်ထုပ်တွေစားကြတဲ့အခါ ဘယ်လောက်အရသာရှိကြောင်း သူမအား ဖုန်းဆက်ပြောပြခဲ့ပါသေးရဲ့။ အဲဒါတွေက သူများသားမက်က ယောက္ခမဆီကို ယူပေးခဲ့တဲ့ငါးတွေဖြစ်ကြောင်း၊ သူမကိုလည်း ဘယ်အချိန်သားမက်ခေါ်လာပေးမလဲလို့ မေးမြန်းခဲ့ပါသည်။

ယခု လုရွှမ်ရဲ့စိတ်အစဥ်မှာ ရှုပ်ထွေးလွန်းနေခဲ့ပြီ။ ဖုန်း၏အခြားတစ်ဖက်မှ ကြက်သား၊ ဘဲသားနှင့် ပျားရည်ဆော့စ်အသားကင်အကြောင်းပြောပြနေတာတွေကို လုရွှမ်ကြားလိုက်ရတဲ့အခါ၊ အထူးသဖြင့် ပျားရည်ဆော့စ်အသားကင်ပင်။ လွီချင်းက အသံသြသြဖြင့်ပြောပြလာခဲ့သည်။ "ပျားရည်ဆော့စ်အသားကင်က ကျွန်တော်လုပ်ထားတာလေ။ မင်းကြိုက်တယ်လို့ နောက်ဆုံးတစ်ခါကပြောခဲ့တာကို ကျွန်တော်မှတ်မိတယ်။ ဖြစ်ချင်တော့ ဒီနေ့ မနက်အစောကြီး ရှောင်ဟေးက ဝက်ဗိုက်သားလာပို့သွားတာဆိုတော့ အကောင်းဆုံးအပိုင်းကို သိမ်းထားပြီး နှစ်နာရီကြာအောင် နှပ်ထားခဲ့တာ..."

မီးဖိုပေါ်မှာဘယ်လိုကင်ကြောင်း... ပျားရည်ဆော့စ်ဘယ်လိုစမ်းကြောင်း...

လုရွှမ်က တစ်ဖက်ကနေ ဖုန်းချပစ်ချင်သွားရချေပြီ။ ဒီလူက စာထဲမှာရေးရတာ အားမရတော့လို့ အခု ငါ့ဆီ ဖုန်းဆက်ပြီးပြောပြနေ​ပြီပေါ့လေ။ ငါလည်း စားချင်တယ်လို့...

ဆာလောင်မွတ်သိပ်နေရှာတဲ့လုရွှမ်က အကြောင်းအရာပြောင်းပစ်ကာ "ကျွန်မမောင်နဲ့ ရှောင်မင်ရော ဘယ်လိုလဲ?" လို့ မေးလိုက်သည်။

လွီချင်း ခဏတုံ့ဆိုင်းသွားရ၏။ သူ့စိတ်ထဲတွင် ဟင်းချက်နည်းမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးတတ်ပါပေ။ သို့သော် စားသောက်ဆိုင်ရှိ စားပွဲထိုးမလေးတွေ ပြောနေကြတာကိုတော့ ကြားလိုက်ရသည်။ သူက သူမနဲ့ အဆင်ပြေပြေနေချင်တယ်ဆိုရင်တော့ သူမရှေ့မှာ သူမရဲ့ဆွေမျိုးသားချင်းတွေကို ပိုချီးကျူးရမှာပဲပေါ့။

ရှောင်မင်ကို ချီးကျူးရင် နည်းနည်းလေးမရေမရာဖြစ်နိုင်တယ်လေ။ လွီချင်းဟာ အရွယ်ရောက်လူကြီးတစ်ယောက်ဖြစ်နေပြီဆိုသော်လည်း တခြားသူရဲ့ ညီငယ်ညီမငယ်လေးတွေအကြောင်း ဘယ်လိုပြောရမှန်းမသိပါချေ။ သူအမှားမလုပ်ချင်ဘူးလေ။

လွီချင်း ချက်ချင်း​ပြန်ဖြေလိုက်၏။ "မင်းရဲ့မောင်လေးက လူကောင်းတစ်ယောက်ပဲ၊ ကျွန်တော်... ကျွန်တော် သူလောက်ကောင်းတဲ့လူနဲ့ တစ်ခါမှမတွေ့ဖူးသေးဘူး..." (🤣)

လုရွှမ်: "... ? ? ? ! ! "

ငါ့မောင်လုယန်က လူကောင်းတဲ့လားဟ ? ! ! !

လုယန်က ဘယ်လိုလူကောင်းတစ်ယောက်ဖြစ်ကြောင်း နှစ်ယောက်သား အချိန်အကြာကြီး ဖုန်းပြောနေခဲ့ကြသည်။

ဖုန်းချလိုက်ပြီးနောက် လုရွှမ်က သူမနဖူးကိုထိ၍ ဒီနေ့ တစ်ခုခုမှားနေပြီပဲလို့ ခံစားလိုက်ရ၏။

သူမရဲ့မောင်လေးတောင်မှ သူများတွေကို အကြံဥာဏ်ပေးတတ်လာပြီး ချစ်ခင်ကြင်နာတတ်၊ စာနာတတ်တဲ့ လူကောင်းတစ်ယောက်ဖြစ်လာပြီပဲလို့ အတွေးဝင်နေမိလျက်... ခွဲခွာပြီး သုံးရက်အကြာမှာ ငါတို့တွေ အချင်းချင်း လေးလေးစားစား ဆက်ဆံသင့်တယ်ဆိုတာ အမှန်ပဲလား?

ဒါပေမယ့် ဖုန်းထဲမှာ လွီချင်းက ဟင်းချက်နည်းအကြောင်းနဲ့ သူမမောင်အကြောင်းပဲ ဘာကြောင့်ပြောချင်နေရတာလဲနော်?

လုရွှမ်: "…"

ဖြစ်နိုင်တာက ငါ့မောင်လေးက လွီချင်းရှေ့မှာ သူမကောင်းကြောင်းတွေအများကြီးပြောထားလို့များလား?

မဟုတ်ရင် လွီချင်းက သူမမောင်လေးကို ဘာလို့များ ထူးထူးခြားခြားချီးမွမ်းနေရတာလဲလို့? ဖြစ်နိုင်တာက လုယန်က သူမတို့နှစ်ယောက်ပေါင်းစည်းနိုင်ဖို့အတွက် နည်းလမ်းရှာနေတုန်းပဲလား?

လွီချင်းရှေ့မှာ လုယန်က ဘာတွေပြောထားမှန်း သူမလည်းမသိသေးပေ။ လွီချင်းက စိတ်ပြောင်းသွားပြီး သူမဆီ ဖုန်းတောင်အရင်စခေါ်လာသေးတယ်။ သူ့ဆီက ဖုန်းလက်ခံရရှိလိုက်တဲ့အခါ အရင်က သူ့စာတွေကို လက်ခံရရှိချိန်နှင့် လုံးဝမတူဘူးလို့ ခံစားခဲ့ရလေရဲ့။

လုရွှမ်က သူမလက်ကိုမြှောက်ကာ မျက်နှာကို သုတ်လိုက်၏။ သူမရဲ့ပါးပြင်တွေ အနည်းငယ်နီမြန်းနေပြီး ကောင်းကင်ယံက တိမ်ဖြူဖြူလေးတွေကို မော့ကြည့်ရင်း တိတ်တဆိတ် သက်ပြင်းချလိုက်သည် -

— ဒီကံမကောင်းတဲ့မောင်လေးဟာ တခါတလေတော့ အတော်လေးအသုံးဝင်သားပဲဟ။

သူ့အစ်မကို ဘာတွေချီးကျူးလိုက်သလဲတော့ သူမလည်းမသိပါဘူး...

လုရွှမ် ပြန်လှည့်ပြီး ရဲဘော်လောင်လုကို ဖုန်းခေါ်လိုက်သည်။ လုကျုံးရီ ဖုန်းလက်ခံရရှိလိုက်တဲ့အခါ အလွန်အံ့အားသင့်သွားရလျက် "ဘာကိစ္စရှိလို့လဲ?"

"မောင်လေးက အိမ်ထောင်ပြုပြီးနောက်ပိုင်း တကယ်ပဲမတူတော့ဘူးလို့ သမီးခံစားရတယ်"

ရဲဘော်လောင်လုက သမ်းဝေရင်း "ဘာကွာခြားသွားလို့တုန်း? သူတို့အားလုံးက အိမ်ထောင်သက်ကြာသွားတဲ့ ယောက်ျားတွေပဲလေ။ ဒီတော့ ပိုရင့်ကျက်ပြီး ပိုလက်တွေ့ကျရတော့မယ့်အချိန်ပဲပေါ့"

"စိတ်မပူပါနဲ့၊ သူ့ကိုတွေ့တဲ့အခါ ပါးသိလာမှာပါ။ မောင်လေးတို့ ကလေးတွေနဲ့အတူတူ နှစ်ရက်အတွင်း ရောက်လာလိမ့်မယ်"

"ငါသိတယ်၊ ငါသိပါတယ်။ ငါ့မြေးလေးသုံးယောက်ကို အရမ်းတွေ့ချင်နေပြီဟ" လုကျုံးရီက လက်ကိုပွတ်သပ်ကာဖြင့် မကြာခင်မှာ သူ့မြေးတွေနှင့်တွေ့ရတော့မှာကိုတွေးနေမိရင်း တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားနေမိသလို စိုးရိမ်နေသလိုလည်း ခံစားနေခဲ့ရသည်။

"မင့်မောင်နဲ့ ယောင်းမလေးအ​ကြောင်း ပြောနေမှတော့ သူတို့ဆက်ဆံရေးကိုဘယ်လိုရှိကြလဲ? သူတို့ရန်ဖြစ်မှာကို ငါတကယ်ကြောက်လို့။ လောင်ရွှီမိသားစုမှာ သူ့သားနဲ့ချွေးမတို့ ကွာရှင်းလိုက်ကြတော့ ကလေးနှစ်ယောက်က သနားစရာပဲ…"

"သူတို့လက်ထပ်ခါစက အရမ်းဆက်ဆံရေးကောင်းကြတာပဲ။ ရွှီမိသားစုရဲ့သားက သူ့မိန်းမကို အရမ်းချစ်ပြီးတော့ ခွဲလို့တောင်ရတာမဟုတ်ဘူးလေ။ မထင်မှတ်စွာပဲ ၂နှစ် ၃နှစ်လောက်ပဲရှိသေး၊ ကိစ္စတွေက ဒီလိုဖြစ်လာခဲ့တာ။ သူတို့ကလေးတစ်ယောက်မွေးပြီးကတည်းက သူတို့လင်မယားနှစ်ယောက်က နှစ်ရက်လောက် ရန်ပွဲသေးသေးလေးတွေဖြစ်၊ သုံးရက်လောက်နေရင် ရန်ပွဲအကြီးစားဖြစ်ကြပြီး လက်ပါလုနီးနီးပဲကွာ"

"မင်းအမေနဲ့ ငါလည်း အကြိမ်ကြိမ်စည်းရုံးဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်သူကမှစကားနားမထောင်ကြဘူးလေ။ သူတို့ကို စည်းရုံးလို့တောင်မရတော့ဘူး။ သူတို့နှစ်ဦးက ဇနီးမောင်နှံကောင်းတွေဖြစ်ခဲ့ကြပေမယ့် အခုတော့ ကွာရှင်းကြတော့မှာ"

"မင်းအမေက ငါ့မှာ ခေတ်မမီတဲ့အယူအဆတွေရှိနေတယ်လို့ ပြောသေးတာ။ လူနှစ်ဦးက အတူတူမနေနိုင်တော့ဘူးဆိုရင် ကွာရှင်းသင့်တာပေါ့တဲ့... ဟင်း... အငယ်ဆုံးလေး လက်ထပ်ပြီးကတည်းက ငါ သူ့ကို အမြဲစိတ်ပူနေခဲ့ရတာလေ။ သူ့ဒေါသနဲ့ဆို... ရှောင်ချင်းနဲ့ သူရန်ဖြစ်ကြရင် ပြဿနာတက်မှာပဲ။ ဘယ်လိုဖြစ်နေမလဲ..."

လုရွှမ် အေးအေးဆေးဆေးပြောလာခဲ့သည်။ "ရဲဘော်လောင်လုရေ အသက်တွေကြီးလာလို့ ဘာမှလုပ်စရာမရှိတော့ဘူးပေါ့။ တစ်နေ့တစ်နေ့လုပ်စရာဘာမှမရှိရင်လည်း ဦးလေးဝမ်နဲ့အတူတူ ငါးသွားမျှားတာတို့၊ စွန်သွားလွှတ်တာတို့ သွားလုပ်ဖို့ သမီးအကြံပေးလိုက်တယ်နော်"

လောင်လု: "…"

"အခု ငါ ဘာတွေကိုများစိတ်ပူစရာရှိသေးလဲ? မင်းတို့အားလုံး အိမ်ထောင်ကျပြီးပြီ၊ စီးပွားရေးလည်းစလုပ်နေကြပြီ။ မင်း ရှီးရှီးနဲ့ပဲနေပြီး တခြားသူမရှာချင်ဘူးဆိုလည်း ငါအတင်းတွန်းအားမပေးတော့ပါဘူး။ အခု ငါ-လောင်လုက မိသားစုမှာ အရာအားလုံးအဆင်ပြေစေဖို့ပဲ မျှော်လင့်နေတော့တယ်"

"အိမ်မှာချိတ်ထားဖို့ ငါတို့မိသားစုအကြောင်း ပန်းချီဆွဲပေးဖို့အတွက် လောင်ရှဲ့ကို ငါအကူအညီသွားတောင်းလိုက်ဦးမယ်"

လုရွှမ် အစမ်းသဘောမေးမြန်းလိုက်၏။

"သမီးက ပါးဆီ ငါးတွေပို့ပေးဖို့ သားမက်လေးခေါ်လာပေးမယ်ဆိုရင်ရောဘယ်လိုလဲ?"

ရဲဘော်လောင်လု လှောင်ပြောင်ဟန်ဖြင့် သူ့မျက်ခုံးကိုတောင်မပင့်လိုက်ပေ။ သူ တစ်ကိုယ်တတည်းတွေးနေသည်မှာ - ဒီသမီးစုတ်လေးက... ဘာတွေလာပြောနေတာလဲ? ငါတစ်ပြားသားမှ မယုံကြည်ဘူးဟေ့။

ဒင်းကို ဘလိုင်းဒိတ်သွားတွေ့ဖို့ပြောတိုင်း ဒင်းက ဒီအဖေကို လှည့်စားလိုက်သေးတာ။ သူ့ကိုများ ယုံကြည်လိမ့်မယ်ထင်နေတယ်ပေါ့လေ?

"မင်း နှုတ်​ဆက်​လိုက်တာပဲ ပို​ကောင်းမယ်​ကွာ။ မင်းပါးပါး -ငါသေချာတွေးကြည့်ပြီးပြီ၊ ငါတို့မိသားစုလေး ဒီတိုင်းပဲရှိနေပါစေတော့၊ အိမ်မှာအစစအရာရာ အဆင်ပြေနေတာ၊ ဆူဆူညံညံ​တွေမလုပ်​ပဲ ငြိမ်းငြိမ်းချမ်းချမ်း​လေး နေကြရအောင်လေ။ မင်းမားနဲ့ပါးလည်း ကျေနပ်နေပါပြီ။ လူဆိုတာ တင်းတိမ်ရောင့်ရဲအောင်နေတတ်ရမယ်၊ ဘဝမှာရှိနေတဲ့ ကောင်းမွန်တဲ့နေ့ရက်တွေကို မြတ်နိုးတတ်ရမှာပေါ့၊ မင်း ဒီပါးပါးကို ပြဿနာတွေထပ်မပေးတာပဲ ပိုကောင်းမွနော်"

လောင်လုက ယခုအချိန်မှာ သားမက်တစ်ဦးရဖို့အတွက် လက်လျော့လိုက်ပြီဖြစ်သလို မြေးမလေးတွေရှိလာဖို့လည်း မမျှော်လင့်ထားတော့ပေ။ သူဟာ သူ့မှာရှိတာကိုပဲ အမြဲတမ်းကျေနပ်နေတတ်ပြီး ပစ္စုပ္ပန်ကို မြတ်နိုးတတ်သူပင်။

ဘာမှလုပ်စရာမရှိရင် ငါးသွားမျှားတာကကောင်းတယ်လေ...

ငါ့မိသားစုအတွက် အစစအရာရာအဆင်ပြေချောမွေ့ဖို့ပဲ မျှော်လင့်ပါတယ်...

လုရွှမ်: "…"

ကောင်းပြီလေ... လုစန်းကျဲက ဘာမှပြန်မပြောတော့ဘဲ အဖေနဲ့သမီးနှစ်ယောက်သား ဖုန်းချလိုက်ကြတော့သည်။

xxx

All Chapters