← Chapters

အခန်း (၂၁၄)

Vol. 18 Ch. 214

အခန်း (၂၁၄)

Vol. 18 Ch. 214

မော့ကျီးရှန်ရဲ့ မျက်နှာမှာ အလွန်တောက်ပဖော်ရွေတဲ့အပြုံးရှိနေသော်ငြား သူမစိတ်ထဲတွင်တော့ တွက်ချက်မှုကောင်းကောင်းရှိနေလေ၏။

အိမ်ပြန်ယူလာပြီး ကိုယ့်ဘာကိုယ်ပန်းထိုးမယ်ဆိုရင် ဘယ်လောက်တောင်ဒုက္ခများလိုက်သလဲ...

ဒီလိုလူငယ်လေးတွေဟာ အရေပါး၍ မျက်နှာရလိုပြီး ဘယ်လိုငြင်းဆန်ရမလဲဆိုတာမသိမှန်း သူမသိသည်လေ။ သက်ကြီးရွယ်အိုတစ်ယောက်အနေနဲ့ သူမကို ချီးမွမ်းစကားတွေများများပြောပေးလိုက်မယ်၊ အဲလိုမိုက်မဲတဲ့လူငယ်လေးတွေက ချီးမွမ်းစကားတွေကြားတဲ့အခါ ချက်ချင်း ပျော်သွားမှာပဲမဟုတ်လား....

သူမကို စကားအနည်းငယ်ဖြင့် လှည့်စားလိုက်ရင် သူမက နာနာခံခံလေး ပြုမူလာမှာပဲပေါ့။

ဤသည်မှာ အလုပ်ဌာနရှိ ဝါရင့်သဘာရင့်တွေဆီက မော့ကျီးရှန် သင်ယူခဲ့သောနည်းလမ်းပင်။ အလုပ်ဌာနသို့ လူငယ်လေးတွေဝင်ရောက်လာတဲ့အခါ ခက်ခဲကြမ်းတမ်းတဲ့အလုပ်တွေကို လူငယ်လေးတွေဆီ ဘယ်လိုတွန်းပို့ကြမလဲ...

ဤနည်းလမ်းကို အသုံးပြုဖို့ လိုအပ်ပါသည်။ ပထမဦးဆုံး လူတစ်ယောက်ကို ငယ်ရွယ်ပြီးအလားအလာကောင်းကြောင်း ချီးမွမ်းပေးမယ်၊ ထိုလူငယ်လေးကို လှည့်စား၍ ဒီအလုပ်တွေကို မင်းတစ်ယောက်သာလုပ်ကိုင်နိုင်ကြောင်းပြောဆိုပြီးတော့ ခက်ခက်ခဲခဲအလုပ်တွေအားလုံး သူ့ဆီ တွန်းပို့လိုက်မယ်လေ။ ဒါတွေဟာ မင်းကို လေ့ကျင့်ပေးတယ်ဆိုပြီးတော့ပေါ့...

ထိုအခါ ထိုလူငယ်လေးက အလုပ်ဌာနရှိလူဟောင်းတွေရဲ့ တန်ဖိုးထားမှုကိုခံရကြောင်း ချက်ခြင်းခံစားလိုက်ရပြီး ခက်ခဲကြမ်းတမ်းတဲ့အလုပ်တွေအားလုံးကို တာဝန်ယူလိုက်မယ်၊ ပြီးရင် သူ့ကိုယ်သူ "ငယ်ရွယ်ပြီး အလားအလာရှိတယ်" "လူဟောင်းတွေထက် ပိုစမတ်ကျတယ်" "ဒီလူအိုကြီးတွေက တုံးအကြပြီး အသစ်တွေကို မလေ့လာနိုင်ဘူးကွ၊ ငါ့လိုလူငယ်လေးကပဲ သင်ယူနိုင်တယ်" လို့တွေးနေမှာပေါ့ ...

ဘယ်သူက တုံးအတာလဲ...

ခက်ခဲကြမ်းတမ်းတဲ့အလုပ်ကိုလုပ်တဲ့သူမည်သူမဆို တကယ်တုံးအသူတွေပဲပေါ့!

မော့ကျီးရှန်က သူမချွေးမဖြစ်သူ ရန်ယွဲ့အား မျက်စောင်းထိုးကာ ဤချွေးမဟာ မိုက်မဲရုံတင်မက ဥာဏ်လည်းမထက်ကြောင်း တွေးနေမိလျက်။ ချွေးမဖြစ်သူဟာ သူမရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို နည်းနည်းလေးမှ မသင်ယူနိုင်ဘူးပဲ။

နင် ဒါကို အခွင့်ကောင်းမယူရင် လူမိုက်ဖြစ်မှာပေါ့ဟဲ့၊ ဘာလို့ကိုယ်တိုင်လုပ်ရမှာလဲ?

"အဒေါ်မော့ရေ တောင်းပန်ပါတယ်၊ ရှင့်အိမ်အတွက် ပုံစံတစ်ခုဆွဲပေးလိုက်မယ်။ ပြန်သွားပြီး ကိုယ့်ဖာသာထိုးကြည့်လို့ရတယ်နော်၊ မခက်ပါဘူး"

ချင်းရို့ ချက်ချင်းငြင်းဆိုလိုက်၏။ သူမက ပထမမိသားစုကို ပန်းထိုးဖို့ ကူညီပေးခဲ့မယ်ဆိုရင် ဒုတိယမိသားစုကိုရော ကူညီရမှာလား? တတိယမိသားစုကိုရော...

သူမသည် ဆွေမျိုးများထံ လာလည်တာဟာ အကူအလုပ်သမားဖြစ်ဖို့မဟုတ်ဘူးလေ။

အရမ်းဒုက္ခပေးတာပဲ... ကိုယ့်အတွက်ကိုယ် မယူသင့်တဲ့ ဒီလိုဒုက္ခတွေကို ဘယ်တော့မှမယူသင့်ဘူးလေ။ ဒီယောက္ခမက သူ့မြေးကို ဘယ်လိုဆက်ဆံသလဲကြည့်လိုက်လေ၊ အခုသူမပြောနေတဲ့စကားကောင်းတွေကို ကြည့်မနေနဲ့နော်၊ မင်းသာ သူမကို တကယ်ကူညီခဲ့ရင်တောင်မှ အပြစ်တွေအများကြီး​ရှာလာဦးမှာ၊ ဟိုနေရာဒီနေရာ ပြဿနာတွေရှိနေတယ်လို့ ပြောပြီးတော့ ပြင်ခိုင်းဦးမယ်။

သူမရဲ့မြေးက မကြိုက်ရင် ပိုဆိုးဦးမှာလေ၊ သူမပြန်လာပြီး သူမရဲ့အထည်တွေကို ဖျက်စီးပစ်တယ်လို့ ပြောပြီးတော့ မင်းကို နှောက်ယှက်မယ်၊ အလျော်ပြန်တောင်းဦးမယ်။

- ဒီကမ္ဘာကြီးမှာ ဒီလိုလူမျိုးတွေရှိတယ်လေ။

ထိုသို့သောလူများနှင့် ကြုံတွေ့ရခြင်းကို ရှောင်ရှားနိုင်ရန်အလို့ငှာ ကျိုးကြောင်းဆီလျော်စွာ ငြင်းဆန်တတ်ရန်၊ ကူညီသင့်သူများကို ကူညီရန်နှင့် မကူညီသင့်သူများကို လက်ကမ်းမပေးရန် မင်း သင်ယူထားရမည်ဖြစ်သည်။

"ဟေး!" မော့ကျီးရှန် မျက်မှောင်ကြုတ်ကာ "ဒါက ကိစ္စကြီးကြီးမားမားမှမဟုတ်ပဲ၊ ငါတို့မိသားစုကို ပန်းထိုးဖို့ ကူညီပေးရုံလေးပဲလေ"

"တောင်းပန်ပါတယ် အဒေါ်မော့၊ ကျွန်မမှာ အချိန်တွေအများကြီးမရှိဘူး၊ ရှင်ကိုယ်တိုင်လုပ်လို့ရပါတယ်"

ချင်းရို့ လက်မလျော့တမ်း ငြင်းဆန်နေရင်း "နောက်ပြီးတော့ ဒီအစ်မကလည်း သူမဘာသာ အိမ်မှာပန်းထိုးသင်ယူနိုင်တယ်လို့ အခုပဲပြောလိုက်တယ်လေ"

"လုမိသားစုရဲ့ချွေးမ နင်ဘာဖြစ်နေတာလဲ? နင်က ဒီလိုအသေးအဖွဲကိစ္စလေးကိုတောင် ကူညီဖို့ ဆန္ဒမရှိဘူးလား?"

သူမ တကယ့်ကို အထောက်အကူမဖြစ်တာကိုမြင်တော့ မော့ကျီးရှန်က ချက်ချင်းပင် အသံမြှင့်လိုက်ကာ ချင်းရို့အပေါ်ဖိအားပေးဖို့အတွက် လုမိသားစုဝင်တွေကို ခေါ်ရန်ကြိုးစားလိုက်သည်။

နင် ဒီလိုအသေးအမွှားကိစ္စလေးကို မကူညီဘူးဆိုရင် တစ်စုံတစ်ယောက်ရဲ့ချွေးမ ဘယ်လိုဖြစ်နိုင်မှာလဲ...

ထိုအချိန်တွင် ကျန်းဖျင်နှင့် လုယန်တို့လည်း ထွက်လာကြရာ မော့ကျီးရှန်နှင့် ရန်ယွဲ့တို့က ဤသားအမိပေါ်မှာ ချက်ချင်းအာရုံစိုက်လိုက်ကြပြီး မော့ကျီးရှန်က ကျန်းဖျင်အား ပြောဆိုချေသည်။

"လောင်လုမိသားစု၊ နင်တို့ရဲ့ ဒီချွေးမလေးက အမူအကျင့်ကောင်းမရှိဘူးပဲ။ ငါက သူမကို ကိစ္စသေးသေးလေး ကူညီခိုင်းချင်တာကို သူမက ဒေါသထွက်ပြီး ငြင်းဆန်နေတာ"

လက်ဖက်ရည်သောက်၍ ဖရဲစေ့ကိုစားနေသူ ကျိုးချွေးရှန်းက ဤမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါ ချက်ချင်းပင် တက်ကြွလာလေပြီ။

— ဒီလုမိသားစုမှာ ကြည့်စရာပွဲတွေတော်တော်များတာပဲဟေ့။

လုယန်ကြားဖြတ်ပြောလိုက်၏။ "ခင်ဗျား သူမကို ဘာအကူအညီတောင်းတာလဲ?"

"ကိစ္စကြီးမဟုတ်ပါဘူး၊ ငါ့မြေးအတွက် ဝတ်စုံတစ်စုံ ကူချုပ်ခိုင်းတာလေ။ အင်း အဲဒါက ငါးပုံစံကွက်သေးသေးလေးပါပဲ။ သူမက ကူညီဖို့ ငြင်းနေတုန်းပဲ၊ လုမိသားစုကလူငယ်လေးရေ မင်းမှာ ဒီလိုမျိုးဇီဇာကြောင်တဲ့မိန်းမရှိနေတာပဲကွယ်" မော့ကျီးရှန်က ဒီစကားတွေပြောပြီး ကျန်းဖျင်ကို အပြုံးလေးနဲ့ ကြည့်လိုက်သည်။

တကယ်လို့ သူမဟာ သာမန်မိသားစုရဲ့ချွေးမဆိုရင်တော့ ဒီပျင်းရိတဲ့ချွေးမဟာ အသေးအဖွဲကိစ္စလေးတောင်မကူညီပေးနိုင်လို့ သင်ခန်းစာအပေးခံရမှာ အသေအချာပဲပေါ့။

လုယန်ရဲ့ ပါးစပ်ထောင့်မှာ အနည်းငယ်တွန့်သွားကာ ဘာစကားမှမပြောဘဲ သူ့ဇနီးလေးကို အရင်ကြည့်လိုက်၏။

ကျန်းဖျင်: "ဒါက အသေးအဖွဲကိစ္စလေးပဲဆိုတော့... ဒါဆိုလည်း လောင်မော့ရေ နင့်ဘာနင်ပဲ ပြန်သွားပြီးလုပ်လို့ရတာပေါ့။ ကျွန်းကပြန်လာကြတဲ့ ငါ့သားနဲ့ချွေးမအတွက်လည်း မလွယ်ကူဘူး။ သူတို့ အခုအိမ်မှာ ကောင်းကောင်းအနားယူဖို့လိုတယ်လေ"

"ဟေး၊ ဒီလူငယ်လေးတွေက ဘာအနားယူစရာရှိလို့လဲ? နင်ပြောတာကိုကြည့်ဦး"

မော့ကျီးရှန်က ဂုဏ်ဖော်ဟန်ဖြင့် "ကျန်းဖျင် ယောက္ခမဖြစ်တဲ့နင်က ကိုယ့်ချွေးမကိုယ် မထိန်းနိုင်ဘူးလား။ ငါ့သားရဲ့မိန်းမ ရန်ယွဲ့ဆို အိမ်မှာအကုန်လုပ်ရပေမယ့် သူမက ဘယ်တော့မှမပင်ပန်းဘူးနော်။ သူမက အရမ်းလုံ့လဝီရိယရှိပြီးတော့ ငါ့သားကိုလဲ ဘိုးဘေးတွေလို ဆက်ဆံတာလေ"

"ဒါကမှ ချွေးမလို့ခေါ်သင့်တာပေါ့။ အနှစ်တစ်သောင်းကြာတဲ့ချွေးမဟာ ယောက္ခမဖြစ်လာမယ်လို့ ပြောစမှတ်ရှိကြတယ်လေ။ ဘယ်သူကများ ချွေးမအဖြစ်က မစတင်ခဲ့ရလို့လဲ"

"လူဆိုတာ ကျောက်တုံးလိုပါပဲ၊ သူတို့တွေကို အရောင်တင်ပေးဖို့လိုတယ်။ နင့်ချွေးမက ဒီလိုအသေးအဖွဲကိစ္စတွေကို မလုပ်တတ်ဘူးဆိုရင် အနာဂတ်ကျ အိမ်မှာ နင့်သားကို သူမဘယ်လိုပြုစုယုယနိုင်မှာတုန်း။ သူမက အမြွှာမြေးလေးနှစ်ယောက်မွေးပေးထားမှန်း ငါသိပါတယ်၊ ဒါပေမဲ့ နင် သူမကို လွှတ်ထားပေးလို့မရဘူးလေဟယ်"

လုယန်က သူ့ဇနီးလေးဆီ လျှောက်သွားကာ ဘေးမှာထိုင်လိုက်ပြီး ဇနီးမောင်နှံနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြ၏။ လုယန်က ချင်းရို့ပုခုံးလေးကိုဖက်ကာ နူးနူးညံ့ညံ့လေးပြောလာခဲ့သည်။

"ကျွန်တော့်မိန်းမက ကျွန်တော့်ကို ပြုစုပေးစရာမလိုပါဘူး။ ကျွန်တော်အိမ်မှာရှိနေသရွေ့ သူမကို ဘာဒုက္ခမှခံစားခိုင်းမှာမဟုတ်ဘူး။ ကျွန်တော်ပဲ အိမ်မှာအဝတ်လျှော်မယ်၊ တံမြက်စည်းလှဲမယ်။ ကျွန်တော် လုပ်နိုင်သမျှအလုပ်တွေကို သူမကို လုပ်ခွင့်မပေးနိုင်ပါဘူး"

သူက ချင်းရို့လက်ကို ကိုင်လိုက်ပြီး ညင်ညင်သာသာလေးထိလိုက်ရင်း "မူလက ကျွန်တော် သူမကို ဒီအဝတ်အစားတွေ ချုပ်ခွင့်မပေးခဲ့ဘူး။ ဒါပေမဲ့ သူမက ကျွန်တော့်အတွက် အဝတ်အစားတွေလုပ်ပေးချင်လို့တဲ့။ ကျွန်တော်တို့ အိမ်ထောင်ကျပြီးချိန်တုန်းက အပ်ချုပ်စက်တောင် ဝယ်မပေးချင်ခဲ့တာ၊ အပ်တွေ ချည်တွေက သူမမျက်လုံးတွေကို ထိခိုက်စေတယ်လေ"

"ခွီး--" သူ့ချစ်ခြင်းမေတ္တာကြောင့် ချင်းရို့ ပျော်မြူးသွားရ၏။ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးမှာ ဒရာမာအငွေ့အသက်တွေပါနေတာ... ဘယ်ကဆင်းသက်လာသလဲလို့? လတ်စသတ်တော့ သူတို့အဖေဆီက သင်ယူထားကြတာကိုး...

ချင်းရို့လည်း "လုယန် ရှင်တို့မိသားစုထဲ လက်ထပ်လိုက်ရတာဟာ အကောင်းဆုံးပါပဲရှင်" လို့​ စိတ်ရင်းမှန်ဖြင့်ပြောလိုက်သည်။

အဒေါ်မော့လို ယောက္ခမမျိုးနဲ့တွေ့ရင်တော့ နေ့တိုင်း ယောက္ခမနဲ့ချွေးမကြား ရန်ဖြစ်နေရလိမ့်မှာပဲ။

ဒီလိုယောက္ခမမျိုးဟာ ည၈နာရီမှာလာတဲ့ ကလေးနဲ့မိခင်ဆက်ဆံရေးကို ခွဲထုတ်ပစ်တဲ့ ချွေးမယောက္ခမဒရာမာလိုဖြစ်နေမှာ။

ကျိုးချွေးရှန်း: "…"

ကျိုးချွေးရှန်းသည် ယင်းမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ သူမစိတ်ကူးထားတဲ့ စိတ်လှုပ်ရှားမှုနဲ့ ဘယ်လောက်ကွာခြားသလဲဆိုတာ သိရှိလိုက်ချေပြီ။

လုမိသားစုရဲ့ ယောက္ခမနဲ့ချွေးမရေ နင်တို့ ရန်ဖြစ်ကြလေဟဲ့။ လုယန်နဲ့ချင်းရို့တို့လို လူငယ်စုံတွဲက... ဒိုင်းနမိုက်နဲ့ ငရုတ်သီးလို့ ပြောနေကြတာမဟုတ်ဘူးလား။ ဒီလိုနွေးထွေးပြီး ချစ်ခြင်းမေတ္တာတွေနဲ့ဆို ဒါက ငရုတ်သီးတွေထဲမှာ ဒိုင်းနမိုက်တွေပေါက်ကွဲသွားလို့ ငရုတ်သီးဆော့စ်အဖြစ်ပြောင်းသွားတာလားဟေ့။ ဘယ်လိုတောင်ကပ်စေးနေရတာတုန်းလို့?

"ကျန်းဖျင် နင့်သားနဲ့ချွေးမက ဘာဖြစ်နေတာလဲ ကြည့်ဦး" မော့ကျီးရှန်ရဲ့ မျက်နှာက သိပ်မကောင်းတော့ပေ။

လုမိသားစုထဲလက်ထပ်လိုက်တာ ကောင်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ သူတို့မာမိသားစုထဲ လက်ထပ်ဝင်တာကမှ ပိုကောင်းတယ်မဟုတ်ဘူးလား?

"မိသားစုတိုင်းမှာ သူတို့ကိုယ်ပိုင်အရေးတွေရှိပြီးတော့ တစ်မိသားစုနဲ့ တစ်မိသားစုက မတူကြဘူးလေ။ လောင်မာမိသားစု နင့်ချွေးမကိုခေါ်ပြီး မြန်မြန်ပြန်လိုက်တော့"

ကျန်းဖျင် နှင်ထုတ်ချေပြီ။ သူမဟာ လူကြီးတွေက အသက်အရွယ်ကိုအားကိုးပြီး သူတို့ချွေးမကို ကြိုးကိုင်ချယ်လှယ်နေတဲ့ ယောက္ခမျိုးဖြစ်ရမှာကို စိတ်မဝင်စားပါချေ။

"မိသားစုတစ်ခုနဲ့တစ်ခု အခြေအနေက ဘယ်လိုမတူရမှာတုန်း။ တခြားမိသားစုတွေလဲ ဒီလိုပဲမဟုတ်ဘူးလားဟဲ့"

"အဲဒါက ငါတို့နဲ့ဘာမှမဆိုင်ဘူးလေ။ ငါတို့မိသားစုကတော့ အဲသလိုမဟုတ်ဘူး"

"နင်က နင့်သားကို နင့်ချွေးမအပေါ် အလိုလိုက်ခွင့်ပေးထားတယ်ပေါ့လေ? နောင်မှာ နင့်ခေါင်းပေါ်တက်မစီးဖို့ သတိထားနေလိုက်။ အခုကစပြီး သူမက ဥပဒေမဲ့ဖြစ်လာလိမ့်မှာ"

"ဘယ်လိုကြောင့် ဥပဒေမဲ့ဖြစ်ရမှာလဲ? ဥပဒေမဲ့ဖြစ်လာမယ်လို့ ဘယ်သူပြောတာလဲကွ?"

လုကျုံးရီသည် သူ့လက်တစ်ဖက်စီတွင် မြေးတစ်ဦးစီကို ပွေ့ချီထားကာ အပြုံးကြီးကြီးနဲ့ လျှောက်ဝင်လာခဲ့သည်။

အိမ်ထဲမှာ သားဖြစ်သူလုယန်ကိုတွေ့လိုက်သည်နဲ့ အပြုံးတွေရပ်တန့်သွားချေပြီ။

သူက သူ့မြေးနှစ်ယောက်ဖြစ်တဲ့ ကျိုးကျိုးလေးနဲ့ဖက်ထုပ်လေးကို ငုံ့ကြည့်လိုက်သည်။ ဒီကောင်လေးနှစ်ယောက်ဟာ အဲဒီနံစော်နေတဲ့ ကောင်စုတ်လေးနဲ့ တူနေသော်လည်း ဒီကောင်ငယ်လေးနှစ်ယောက်ကတော့ အရမ်းချစ်ဖို့ကောင်းနေပေသည်။ ဒီကလေးတွေ သူ့အဖေလိုမျိုး စိတ်ရှုပ်စရာကောင်းတဲ့သူတွေ ဖြစ်မလာပါစေနဲ့ကွာ။

"လောင်လုရေ နင် ရောက်လာတဲ့အချိန်က ကွက်တိပဲဟယ်။ လာနားထောင်ကြည့်စမ်းပါဦး၊ ငါ့အထင်တော့ နင့်သားက သူ့မိန်းမအပေါ် တအားချစ်ခင်လွန်းနေတယ်နော်"

လုကျုံးရီမှာ ခုနကအဖြစ်အပျက်တွေကို မသိသေးသဖြင့် သူက သာမန်ကာလျှံကာပြောလိုက်လေ၏။

"သူ့မိန်းမကို သူအလိုလိုက်တာ ကောင်းတယ်မဟုတ်ဘူးလား? ဒါက ငါတို့လုမိသားစုရဲ့ အစဥ်အလာပဲလေ၊ ကိုယ့်မိန်းမအပေါ်ကိုယ် တန်ဖိုးထားချစ်ခင်ရမယ်။ ငါ့ရဲ့ ဒီနံစော်နေတဲ့သားက ဘယ်နေရာမှာများမကောင်းလို့လဲ။ သူက ငါနဲ့တူတယ်လေ"

လုကျုံးရီတစ်ယောက် သူ့ကိုယ်သူဂုဏ်ဖော်ကာ ပျော်ပျော်ကြီးပြောလိုက်ပြီး ကျန်းဖျင်အား လှမ်းကြည့်၍ "ရဲဘော်ကျန်းရေ ဟုတ်မဟုတ်ကို မင်းပြောကြည့်လေ"

ကျန်းဖျင်: "…"

သူမပြောသင့်လားမပြောသင့်လား မသိတဲ့ စကားတစ်ခွန်းရှိပါရဲ့။

"ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးရေ၊ မင်းတို့ဖိုးဖိုးဆီကနေ သင်ယူရမယ်နော်။ မင်းတို့ဇနီးကို အလိုလိုက်မှသာ ဇနီးကောင်းတစ်ယောက်ကို လက်ထပ်နိုင်မှာကွ"

ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးလည်း နားလည်သမှုဖြင့် ခေါင်းညိတ်လိုက်သည်။

မော့ကျီးရှန် လုကျုံးရီကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိလျက် - "…"

နောက်ဆုံးတော့ သူမနားလည်သွားပါပြီ။ အပေါ်ရေစီးက ဖြောင့်ဖြောင့်မသွားမှတော့ အောက်ရေစီးကလဲ ကောက်သွားတာပဲပေါ့။ မိသားစုတစ်စုလုံးက လူကြီးရော လူငယ်ပါ ဒီလိုမျိုးဖြစ်နေခဲ့ကြတာပဲ...

ကျိုးချွေးရှန်း: "…"

ဒီနေ့ရဲ့ ပျော်စရာတွေဟာ အလကားပဲလို့ သူမ ခံစားမိသွားရ၏။

မော့ကျီးရှန်သည် သူ့ချွေးမရန်ယွဲ့နှင့်အတူ လုမိသားစုမှ ထွက်သွားခဲ့ပြီး ကျိုးချွေးရှန်းလည်း သူတို့နောက်မှ လိုက်သွားခဲ့သည်။

xxx

All Chapters