အခန်း (၂၁၅)
Vol. 18 Ch. 215
မော့ကျီးရှန်က သူ့ချွေးမရန်ယွဲ့နှင့်အတူ လုမိသားစုမှ ထွက်သွားခဲ့ပြီး ကျိုးချွေးရှန်းလည်း သူတို့နောက်မှ လိုက်သွားခဲ့သည်။
မော့ကျီးရှန်က ရန်ယွဲ့ကို အလျင်စလိုပြောလိုက်၏။ "နင် လုမိသားစုဆီက သင်ယူလို့မရဘူးနော်။ ဒီလုမိသားစုရဲ့ အပေါ်ရေစီးကြောင်းက ဖြောင့်ဖြောင့်မသွားတော့ အောက်ပိုင်းလဲ ကောက်ကွေ့သွားတာလေ။ ငါတို့မြေးတွေ နောင်အနာဂတ်မှာ ဒါတွေကို သင်ယူခိုင်းလို့မရဘူးဟေ့။ အမျိုးသမီးတွေဆိုတာ အမျိုးသားတွေကို ပြုစုပေးဖို့အတွက် မွေးဖွားလာခဲ့ကြတာပဲ။ ဘယ်လိုလုပ်ပြီး ယောက်ျားတွေကို အိမ်မှုကိစ္စလုပ်ခိုင်းရမှာလဲ၊ မိန်းမလျာတွေမှမဟုတ်ဘဲ၊ ယောက်ျားပီသမှုမရှိလိုက်တာနော်"
"အဲဒီမိန်းမကောင်းကရော မိန်းမလျာတစ်ယောက်နဲ့ လက်ထပ်ဖို့ ဆန္ဒရှိမတဲ့လား? ဟိုးခေတ်ကဆို မိန်းမစိုးပဲပေါ့"
ရန်ယွဲ့သည် လုမိသားစုဆီမှ ထွက်လာကတည်းက သူမရဲ့နှလုံးသားထဲတွင် အနည်းငယ်မွန်းကျပ်သလိုသာ ခံစားခဲ့ရသော်လည်း ယခု သူမယောက္ခမရဲ့စကားတွေကို ကြားလိုက်ရတဲ့အခါ သူမနှလုံးသားကို ဓားဖြင့် ထိုးစိုက်နေသည့်အလား။
- မိန်းမလျာတဲ့လား?
- မိန်းမစိုးတဲ့လား?
ရန်ယွဲ့လည်း သူမလက်ထပ်ထားတဲ့ခင်ပွန်းအကြောင်း တွေးမိသွားရ၏။ သူ့အသက်မွေးဝမ်းကြောင်းမှာ မအောင်မြင်ခဲ့ဘဲ အိမ်မှာလည်း ဘာအကြံဥာဏ်မှမရှိသူပင်။ သူ့အမေစကားကို နားထောင်ရုံသာ။ သူ့အမေက သူ့ကို အရှေ့သွားခိုင်းရင် သူအရှေ့ကိုသွားလိမ့်မယ်၊ သူ့အမေက သူ့ကို အနောက်သွားခိုင်းရင် သူ အနောက်ကိုသွားလိမ့်မယ်။ သူတို့လင်မယား အတူတူနေမဲ့ကိစ္စကိုတောင်မှ သူ့အမေကို သွားမေးသေးတာ...
သူမ သူ့မိသားစုထဲဝင်လာတဲ့အခါ သူက သူမအား စိတ်ရင်းမှန်ဖြင့် ဂရုစိုက်မည်ဖြစ်ကြောင်း ဆက်တိုက်ပြောနေခဲ့သော်လည်း သူ့အမေက သူမအပေါ် အပြစ်ရှာဖို့ကြိုးစားတဲ့အခါ သူ ဘာစကားတစ်ခွန်းမှတောင် မပြောဝံ့သလို သူ့မိန်းမအတွက်လည်း အကာအကွယ် မပေးခဲ့ပေ။ သူ့အမေစကားကိုသာ နာခံသင့်ကြောင်း ဆိုခဲ့သည်။
သူမယောကျ်ားက ရပ်တည်မပေးနိုင်တာကြောင့် ရန်ယွဲ့လည်း အကြိမ်ကြိမ်အလျှော့ပေးခဲ့ရတော့သည်။
- မိန်းမစိုးက ဘယ်သူလဲ၊ သူမ အိမ်ထောင်ပြုခဲ့တဲ့တစ်ယောက်ပဲ မဟုတ်ဘူးလား...
ဘာကျောထောက်နောက်ခံမှမပေးဘူး...
ကျိုးချွေးရှန်းက ဘေးနားမှာ ရယ်နေပြီး " လုမိသားစုရဲ့ ဒီကောင်လေးက ဆူးပဲနော်။ သူ ငယ်ငယ်တုန်းက အရမ်းကြမ်းတမ်းတာလေ၊ သူ့အဖေနဲ့ကို နေ့တိုင်းရန်ဖြစ်နေတာ"
"လောင်မာ နင့်သားကတော့ ပိုနာခံတတ်တယ်။ သူက အမေဖြစ်သူပြောသမျှကို နာခံတတ်တယ်နော်"
"အမှန်ပဲ" မော့ကျီးရှန် ဂုဏ်ယူစွာဖြင့် "ငါ သူ့ကို ကောင်းကောင်းပျိုးထောင်ခဲ့တာပဲလေ။ ငါ့သားက နာခံတတ်တာပေါ့"
ကျိုးချွေးရှန်း အပြုံးနဲ့ ထွက်သွားရင်း ဒီနေ့ ပွဲကောင်းတစ်ခု ကြည့်ခဲ့ရတယ်လို့ တွေးနေမိလျက်။
ရန်ယွဲ့မျက်နှာမှာ နီမြန်းသွားကာ ကျိုးချွေးရှန်းရဲ့ စကားတွေကြောင့် သူမ မြေတွင်းတူးပြီးပုန်းချင်သွားရသည်။ သူမမျက်နှာ ပူလောင်နေလျက်။ အခုအချိန်မှာတော့ သူမ တကယ်လက်ထပ်ခဲ့သူဟာ မိန်းမစိုး၊ မိန်းမလျာဖြစ်ကြောင်း ခြံဝင်းရှိတခြားလူတွေ သိနေပြီမှန်း သူမ သဘောပေါက်သွားချေပြီ။
သူမ မျက်နှာကို အုပ်ကာ ပြန်ပြေးလာခဲ့သည်။
"ရန်ယွဲ့ ရန်ယွဲ့ နင်ဘာကိုပြေးနေတာလဲ?!"
ကျိုးချွေးရှန်း အိမ်ပြန်ရောက်သည့်နောက် အကြိမ်ပေါင်းများစွာ သက်ပြင်းချလိုက်၏။
သူမခင်ပွန်းဖြစ်သူ ကျန့်ကွမ်းက မြေပဲခွံခွာနေရင်း ကျိုးချွေးရှန်းရဲ့အသံကို ကြားလိုက်တဲ့အခါ သူ ချက်ချင်းခေါင်းလှည့်လာကာ "ဘာလဲ?! မင်း ပွဲကြည့်ဖို့ လုမိသားစုဆီ သွားခဲ့တာမလား?" လို့မေးလိုက်သည်။
ကျိုးချွေးရှန်းရဲ့ အမူအရာမှာ အလွန်လျှို့ဝှက်ဆန်းကြယ်နေလျက် "လုမိသားစုအိမ်မှာ ကျုပ်ဘာတွေ့ခဲ့သလဲ ရှင်သိရဲ့လား?"
ကျန့်ကွမ်း: "မင်းရဲ့အမူအရာအရဆိုရင်တော့ သရဲတစ်ကောင်နဲ့တွေ့ခဲ့သလိုပဲ"
"သရဲမြင်ရတာထက် ပိုထူးဆန်းတယ်တော်! လုမိသားစုရဲ့သားထွေးက သူ့မိန်းမအပေါ် အရမ်းကြင်နာလိုက်တာများ..."
"မင်းပြောတော့ ငရုတ်သီးစည်ပိုင်းနဲ့ ငရုတ်သီးတွေဆို?"
ကျိုးချွေးရှန်း ပြုံးလိုက်ပြီး "ဒါဆို ငရုတ်သီးတွေကို အမှုန့်ထောင်းပြီး ဒယ်အိုးထဲထည့်ကြော်လိုက်ရင် ဘာဖြစ်မလဲရော ရှင်သိလား"
"ဘာဖြစ်မှာလဲ? ဆေးရုံတက်စရာတော့မလိုလောက်ပါဘူး"
"ငရုတ်ဆော့စ်ဖြစ်သွားတော့ စေးကပ်နေတာပေါ့"
ကျန့်ကွမ်း: "မင်းဘာတွေပြောနေတာလဲကွာ? လုအိမ်မှာ မင်းဘာတွေတွေ့ခဲ့ရလို့လဲ?"
"ဒီနေ့ လုအိမ်ကို ကျုပ်သွားတော့ မာမိသားစုရဲ့ ယောက္ခမချွေးမအတွဲနဲ့ ဆုံခဲ့တာ။ ကျုပ်လဲ ပြန်မလာချင်သေးဘူးလေ၊ တစ်ခုခုဖြစ်မယ်မှန်း ကြိုသိနေလို့..." ကျိုးချွေးရှန်းက အဖြစ်အပျက်ကို ကျန့်ကွမ်းအား ပြန်လည်ဖောက်သည်ချတော့သည်။
"ရှင် မတွေ့လိုက်လို့၊ အဲဒီချွေးမလေးက ထွက်ပြေးသွားရောလေ"
"သူမက ယောက္ခမဖြစ်ပြီး တကယ်ကိုယုတ်မာတဲ့သူပဲ"
ကျန့်ကွမ်း: "မိသားစုတိုင်းက ဒီလိုရှုပ်ထွေးနေကြပဲလေ။ သည်းခံလိုက်ရင် ပြီးသွားကြမှာပဲ။ လောင်မာရဲ့ ချွေးမက တော်တော်လေးသည်းခံနိုင်သူပဲ"
"ပြောတာလဲမှန်တာပါပဲ"
သို့သော် သူတို့မမျှော်လင့်ထားမိသည်မှာ လောင်မာမိသားစုမှာ ညသန်းခေါင်ကြီး ရန်ဖြစ်ကြကာ ချွေးမဖြစ်သူရန်ယွဲ့က အထုပ်သိမ်းပြီး သူမမိဘအိမ်ဆီ ပြန်သွားခဲ့သည်။ "မိန်းမစိုးနဲ့လက်မထပ်ဖြစ်ခဲ့ရင် မိန်းမစိုးရဲ့မိန်းမဖြစ်လာမှာမဟုတ်ဘူး" လို့ သူမကပြောခဲ့ပါသေးရဲ့။
ထို့ကြောင့် ရန်ဖြစ်တာကို တားဆီးပေးဖို့ကြိုးစားနေကြတဲ့ ပတ်ဝန်းကျင်ရှိလူတွေလည်း... ဘာပြောရမှန်းမသိဖြစ်သွားကြရလျက်။
လောင်မာမိသားစုရဲ့ ဒီသားက သူရဲဘောကြောင်တာပဲ၊ တကယ်ငကြောက်လေးပဲဟ။
တစ်ယောက်ယောက်က သူမအား ဖျောင်းဖျဖို့ ကြိုးစားပါသေးသည်။
"ရှောင်ရန်ရယ် နင်ကအရမ်းစိတ်ဆိုးနေတာကြောင့် ပေါက်ကရတွေမပြောပါနဲ့။ နင်လက်ထပ်ခဲ့တာ မိန်းမလျာတစ်ယောက်ဘာလို့ဖြစ်ရမှာလဲဟယ်။ ဘယ်လိုလုပ်ပြီး သူက မိန်းမစိုးဖြစ်မှာတုန်း။ မိန်းမစိုးဆိုရင် နင်တို့မှာ ကလေးရပါ့မလားဟဲ့။ နင့်မှာ ဝဝကစ်ကစ်သားလေးတစ်ယောက်လည်း ရှိနေတာကို"
"သူက ငကြောက်ကောင်ပဲ၊ အိမ်မှာလဲ ဘာမှအသုံးမဝင်ဘူးလေ၊ အဲဒါက မိန်းမလျာလို့မခေါ်ဘူးလား၊ မိန်းမစိုးမဟုတ်ဘူးလား။ လင်မယားဆိုတာ..." ရန်ယွဲ့ ဒေါသထွက်ထွက်နဲ့ တရစပ်ထုတ်ဖော်ပြောနေလေပြီ။
နားထောင်နေကြတဲ့ အခြားသူများ: "…"
ဒါ... ဒါ... ဒါက... ဒီလင်မယား နေထိုင်ခဲ့ပုံဟာ တော်တော်လေးကောင်းလွန်းလို့ သူတို့ဘယ်လိုဖျောင်းဖျရမလဲတောင် မသိတော့ပါဘူးဟေ။
ယောက္ခမ မော့ကျီးရှန်က ဒါတွေကိုကြားတော့ ပိုလို့တောင် ဒေါသဖြစ်သွားလေပြီ။ "နင်ဘာတွေပြောနေတာလဲ? နင် ကိစ္စတွေကို ပြောင်းပြန်လှန်ပစ်ချင်နေတာလားဟဲ့"
"ဖေး... ရှင်က ငကြောက်ကောင်၊ မိန်းမလျာ၊ မိန်းမစိုးတွေကို ပျိုးထောင်ရမှာ အထူးတော်နေတာပဲလေ။ ကျွန်မ မုဆိုးမဖြစ်သွားရင်တောင် သူ့လိုမိန်းမစိုးနဲ့ သေတာတောင်အတူမနေဘူး" သည်းခံတတ်တဲ့သူတစ်ယောက်ရဲ့ အတိုင်းအတာ ကျိုးပျက်သွားပြီဆိုသည်နဲ့ သူတို့ရဲ့ခွန်အားတွေဟာ ဒေါသကြီးသူတစ်ယောက်ထက်ပင် ပို၍ပြင်းထန်သွားချေပြီ။ သူတို့က တော်ရုံမတိုက်ခိုက်ကြပေမဲ့ စတင်တိုက်ခိုက်ပြီဆိုရင်တော့ အပြတ်သားဆုံးအဆင့်မှာရှိသွားပြီလေ။
နှစ်ပေါင်းများစွာ မကျေနပ်မှုတွေဟာ ယနေ့တိုင်သည်အထိ စုစည်းလာခဲ့သည်။ ရန်ယွဲ့က ဒီအယုတ်တမာမိန်းမစိုးကောင်နဲ့ မဆက်ဆံလိုတော့ပေ။ မူလက သူမမှာ အလုပ်ရှိပေမဲ့ သူမယောက္ခမကြောင့် အလုပ်ထွက်ခဲ့ရပြီး အိမ်မှာပဲ အိမ်အလုပ်တွေကိုလုပ်စေကာ ကလေးထိန်းရန် ဖိအားပေးခြင်းခံခဲ့ရသည်ပင်။ သည့်အပြင် သူမရဲ့အလုပ်ကိုလည်း ထိုလူရဲ့တူဆီ ပေးခဲ့ရပြီး သူမကောင်းဖို့အတွက်၊ သူမအပြင်မှာ ပင်ပင်ပန်းပန်းမလုပ်ရဖို့အတွက် လုပ်ပေးတာဖြစ်ကြောင်း ပြောခဲ့ပါသေးရဲ့။
ဒီရက်ပိုင်းမှာတော့ ရန်ယွဲ့လည်း လုံလုံလောက်လောက်ခံစားပြီးသွားလေပြီ။ အရင်က သူမသည်းခံနိုင်သည်မှာ သူမယောကျ်ားက သူမအပေါ် ရိုးသားတယ်လို့ ခံစားမိတာကြောင့်ပင်။ ဒါပေမဲ့ သူက သူ့အမေကို ခုခံဖို့ ပျော့ညံ့လွန်းနေသူပါပဲ။
သို့ပေတည့် ယခုအခါ "အာဏာရှိသူတွေက ရှုပ်ထွေးနေကြပေမဲ့ ဘေးလူတွေကတော့ ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်" ဆိုတဲ့ အဓိပ္ပါယ်ကို သူမ နားလည်လာခဲ့ပါပြီ။
သူမရဲ့ခင်ပွန်းသည်က ပျော့ညံ့သူလား? သူမကိုကြိုက်နှစ်သက်ရဲ့လား? သူ့အမေရဲ့ ခွန်အားကြောင့် သူမကို ခံစားစေခဲ့တာပေါ့လေ?
အဓိပ္ပါယ်မရှိတာတွေ!
ဒီသားအမိက အယုတ်တမာတွေပဲ! အစမှအဆုံး သူမကို အရူးတစ်ယောက်လို ဆက်ဆံနေခဲ့ကြတာပဲမလား...
သူသာ သူမကို တကယ်ချစ်ပြီး တန်ဖိုးထားတယ်ဆိုရင် သူ့အမေကို သူမအား ဒီလိုအနိုင်ကျင့်ခွင့်ပေးမှာတဲ့လား?
ဒီသားအမိနှစ်ယောက်ဆီမှ နှစ်အတော်ကြာအောင် အနိုင်ကျင့်ခံခဲ့ရပြီးနောက် သူမလည်း ထပ်ပြီး အရူးတစ်ယောက်မဖြစ်လိုတော့သလို ဒီမိသားစုရဲ့ မျက်နှာအစစ်အမှန်ကို မြန်မြန်တွေ့ချင်နေလေပြီ။
"မင်းက ဒီလိုမိန်းမမျိုးလား? မင်းရူးနေပြီလားကွ?"
မာမိသားစုရဲ့ သားဖြစ်သူ မာပေါင်ရှို့က ယောက္ခမချွေးမအတွဲကို မယုံနိုင်စွာ ကြည့်နေခဲ့သည်။ ရန်ယွဲ့ ရူးသွပ်သွားရအောင် ဒီနေ့ဘာတွေဖြစ်ခဲ့သလဲဆိုတာ သူမသိပါချေ။
"စောက်မိန်းမစိုးကောင်!!" ရန်ယွဲ့က ဒီအရှုံးသမားကောင်ကို နှစ်အတော်ကြာပြုစုစောင့်ရှောက်ပေးခဲ့ရတာကြောင့် ယနေ့မှာတော့ သူမဒေါသပေါက်ကွဲချေပြီ။
မာပေါင်ရှို့ရဲ့ မျက်နှာမှာ ဒေါသကြောင့် ဖြူဖျော့သွားခဲ့သည်။ မူလက သူ့အရပ်မှာ ၁.၈မီတာရှည်သောကြောင့် ဘလိုင်းဒိတ်တွင် ရန်ယွဲ့အား အံ့အားသင့်စေခဲ့သည်။ သူ့ကိုလက်ထပ်ပြီးတဲ့နောက်မှာ ဒီလူက အိမ်မှာ ဘာမှမလုပ်တတ်တဲ့ အရှုံးသမားလူလိုမျိုး ငကြောက်ကောင်ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲလေ။ သူက ဘာအလုပ်မှမလုပ်ဘဲ သူ့အဖေရဲ့ ပင်စင်ကို ထိုင်စားနေတာတဲ့။
"ရှင့်လိုအရပ်ရှည်ရှည်လူကောင်ကြီးက နေ့တိုင်း ဘာမှလေးလေးနက်နက် မလုပ်တတ်ဘဲ ရှင့်အမေပြောသမျှကိုပဲ နားထောင်တတ်တာမလား။ ရှင့်အောက်ကဟာကို ရှင့်အမေဖြတ်ထားပစ်ခဲ့တာ ကြာပြီပဲ! ထတောင်မထနိုင်ဘဲနဲ့များ! သူရဲဘောကြောင်တဲ့ကောင်!!"
"နင် ဘာပဲလုပ်လုပ် မိုက်မဲတဲ့မိန်းမတော့မဖြစ်စေနဲ့ပေါ့။ မိုက်မဲတဲ့မိန်းမတွေကပဲ မိန်းမစိုးနဲ့ လက်ထပ်မှာလေ"
"မော့ကျီးရှန်း! ဒါကို ရှင်ကိုယ်တိုင်ပြောတာနော်"
"ရှင်က ယောကျ်ားတစ်ယောက်ရဲ့ *ကျိကျိကို ဖြတ်တိုင်း တိကျနေလိုက်တာများ၊ ကျွန်မသားရဲ့ ကျိကျိကိုတော့ ရှင့်ဆီကနေ အဖြတ်မခံနိုင်ဘူး..." (*ကျိကျိ means penis)
"သားလေး မင်းမှာ ကျောထောက်နောက်ခံရှိဖို့ဆိုရင် မင်းမားမားနဲ့ လိုက်ခဲ့သင့်တယ်။ မဟုတ်လို့ မင်းမှာ ကျိကျိလေးမရှိတော့ဘူးဆိုရင်တော့ မားမားလဲ ဒီလိုမျိုးမိန်းမစိုးသားတစ်ယောက်ကို မလိုချင်ဘူးနော်!"
မော့ကျီးရှန် ဒေါသတကြီး မျက်လုံးလှိမ့်နေလေသည်။
ရန်ပွဲကိုတားဖို့ရောက်နေတဲ့ ဘေးနားကလူတွေ : "??!!!"
…
ရန်ယွဲ့သည် ကိစ္စများစွာကို ဖော်ထုတ်ခဲ့ရာ အငြိမ်းစားခြံဝင်းတစ်ခုလုံး အံ့အားသင့်သွားခဲ့ရ၏။ ဤနေရာတွင် နေ့တိုင်း အသစ်အဆန်းတွေ အများကြီးဖြစ်ပျက်နေလေရဲ့။
"သူတို့ ယောက္ခမနဲ့ ချွေးမအတွဲက ခေါင်းကြီးကြီးငါးလေးကိုချုပ်နည်းသင်ဖို့အတွက် လုမိသားစုဆီ သွားခဲ့ရုံလေးပဲမဟုတ်ဘူးလား? ဘယ်လိုကြောင့် ပြန်လာကြတော့ ဒီလိုရန်ပွဲကြီးနဲ့ အဆုံးသတ်သွားရတာလဲဟေ"
"လုမိသားစုမှာ ဘာဖြစ်ခဲ့လို့လဲ"
ကျိုးချွေးရှန်းက အတွင်းလူဖြစ်သလို နာမည်ကြီးလေပွားသူဖြစ်တာကြောင့် သူမက တခြားသူတွေကို အလျင်အမြန် မျှဝေခဲ့လေ၏။ "အဲဒါက လုမိသားစုနဲ့တော့မဆိုင်ပါဘူးဟယ်။ ဖြစ်ပုံက သူတို့ လုမိသားစုအိမ်က ပြန်လာတဲ့အချိန်မှာ သူမရဲ့ယောက္ခမ ပြောလိုက်တဲ့စကားတစ်ခွန်းက သူမကို စိတ်ဆိုးသွားစေတာလေ"
"သူမက ဘာပြောလိုက်လို့လဲ"
"လောင်လုက သူတို့မိသားစုအစဥ်အလာကိုက သူတို့ဇနီးသည်ကို အလိုလိုက်ကြတယ်လို့ ပြောခဲ့တာလေ။ အဲတော့ မော့ကျီးရှန်က အမျိုးသမီးဆိုတာ သူတို့ယောကျ်ားကို ပြုစုယုယပေးရမှာလို့ ပြောပါလေရော။ တကယ်လို့ မင်းသာ မင်းမိန်းမကို အလိုလိုက်နေတဲ့သူဆိုရင် ယောကျ်ားမဟုတ်တဲ့သူ၊ ဟောကျ်ားမပီသတဲ့သူ မိန်းမလျာ မိန်းမစိုးပဲတဲ့လေ"
"ရူးမိုက်တဲ့မိန်းမတွေကသာ မိန်းမစိုးကို လက်ထပ်လိမ့်မှာလို့ ပြောလိုက်သေးတယ်ဟဲ့"
"မာမိသားစုရဲ့ချွေးမလည်း သူမအကြောင်းသူမတွေးကြည့်မိတဲ့အခါ ချဥ်စူးသလို၊ မတရားသလို ခံစားလိုက်ရရှာမှာပေါ့"
"သူမကဘာဖြစ်နေလို့လဲ?"
"အိုး!" ကျိုးချွေးရှန်းက ရုတ်ချည်း သူမလက်ကို ခါယမ်းလိုက်ရင်း "နင် ဒါကိုမမြင်နိုင်ဘူးလားဟယ်?"
"ဘာလို့လဲဆိုတော့ သူမက မိုက်မဲတဲ့မိန်းမမှန်းသိသွားလို့ပေါ့"
"သူမ ဘယ်လောက်တောင် ဒေါသထွက်နေသလဲ နင်မမြင်ဘူးလားဟယ်"
"ဒါက ထပ်ပြီးတော့သည်းမခံနိုင်တော့တာပဲပေါ့"
xxx