← Chapters

အခန်း (၂၁၇)

Vol. 18 Ch. 217

အခန်း (၂၁၇)

Vol. 18 Ch. 217

ထန်ရွေ့ပိုင်က ချန်လုနှင့် ခဏစကားပြောနေရင်း ကျောက်ကျန်းဟုန်နှင့် ထန်ရို့၊ လုယန်နှင့် ထန်ရို့၊ ကျောက်ကျန်းဟုန်နှင့် ယဲ့မင်ရှို့တို့အကြောင်းကို အများကြီးသိလိုက်ရသည်။

"ငါပြောလိုက်တာက နားလည်မှုလွဲနေတာပဲပေါ့"

ထန်ရွေ့ပိုင်သည် လုယန်က "ထန်ရို့"ကြောင့် သူမကို လက်ထပ်ခဲ့တာ​ဖြစ်မယ်လို့ ချင်းရို့အား ပြောခဲ့ဖူးတယ်လေ။ အဲတုန်းက သူမ ချန်လုဆီက ကောလဟလတွေကြားထားမိလို့ပေါ့။

အမှန်တကယ်မူ ထန်ရွေ့ပိုင်ကိုယ်၌ကလည်း မယုံကြည်ပါပေ။ ဘယ်လိုပဲဖြစ်ဖြစ် နာမည်လောက်ပဲတူပြီး ပုံပန်းသဏ္ဍာန်မတူတဲ့ အစားထိုးတစ်ယောက်ကို ဘယ်သူကရှာမတဲ့လဲနော်။

ရှေးခေတ်ဝတ္ထုတွေမှာဆို ကိုယ်လုံးကိုယ်ပေါက်အရွယ်အစားတူတဲ့၊ မျက်နှာတူတဲ့လူကို ရှာဖွေတတ်ကြတာလေ။ နာမည်တူတဲ့သူရှာတယ်ဆိုတာက မရယ်ရဘူးလားလို့။

သူမရဲ့ ဒီဝမ်းကွဲအစ်မပဲ ထူးထူးဆန်းဆန်းအရာတွေကို ယုံနေတာလေ။

"ချင်းရို့က အမြွှာယောက်ျားလေးတစ်စုံကို မွေးဖွားခဲ့တာလား? သူတို့ပုံစံလေးတွေက တစ်ပုံစံတည်းပေါ့လေ? သူ့ခင်ပွန်းက တပ်ရင်းမှူးတဲ့လား? အိုး ဒါဆိုရင်တော့ သူမ အိမ်ထောင်ပြုပြီးတဲ့နောက်ပိုင်း ကောင်းကောင်းနေနေရတာပဲ"

ချန်လုသည်လည်း ထန်ရို့နဲ့ ချင်းရို့အကြောင်း တော်တော်များများကြားထားခဲ့ရပြီး ချင်းရို့ဟာ ဘယ်လိုလူမျိုးလဲလို့ သိချင်နေမိလျက်။

" ကျိုးဝေ့ဆီက ငါကြားထားရတဲ့ချင်းရို့က နင်ပြောခဲ့တဲ့ချင်းရို့နဲ့ မတူဘူးဟဲ့။ သူမက ငရုတ်သီးလေးလို့ နင်ပြောခဲ့တာဟုတ်?"

"နင်ကြိုက်တဲ့လူရှေ့မှာဆိုရင်တော့ တစ်မျိုးပေါ့ဟယ်"

သူမတို့စကားပြောပြီးကြတဲ့အခါ ထန်ရွေ့ပိုင်က ချင်းရို့အများကြီးပြောင်းလဲသွားပြီမှန်း နားလည်လိုက်ပါသည်။ ယခု သူမလည်း တစ်ယောက်ယောက်နဲ့ ချိန်းတွေ့နေပြီဖြစ်ကာ ထိုလူအရှေ့မှာရှိတဲ့အချိန်နဲ့ တခြားသူတွေအရှေ့မှာရှိတဲ့အချိန်ဆို မတူတော့ဘူးလေ။

"ချန်လုကျဲရေ နင် လူတစ်ယောက်နဲ့တွေ့ဆုံတဲ့အခါ နင့်ရဲ့ကြမ်းတမ်းတဲ့ပုံစံကိုရပ်ပြီးတော့ ထိန်းထားရမယ်နော်၊ မဟုတ်ရင် နင် ဒုက္ခရောက်လိမ့်မယ်ဟယ်"

ချန်လု မယုတ်မလွန် တခစ်ခစ်ရယ်မောလျက် "နင့်အစ်မက ဒီလိုပုံစံပဲဟာ။ လူတိုင်းရှေ့မှာလဲ ဒီလိုမျိုးပဲလေ"

"ကျစ် ကျစ် နင် အဲဒီလူနဲ့တွေ့ဆုံဖြစ်ရင် တူမှာမဟုတ်တော့ပါဘူးနော်"

ပါတီပွဲနေ့တွင် ထန်ရွေ့ပိုင်နှင့် ချန်လုတို့က စားသောက်ဆိုင်သို့ စောစောရောက်လာခဲ့ကြသည်။ စားပွဲထိုးရဲ့ လမ်းပြပေးမှုအောက်တွင် လူအများအပြားဟာ စားပွဲဝိုင်းကြီးတစ်ခုတွင် ထိုင်နှင့်နေကြပြီဖြစ်သည်။ ချန်လုလည်း သူမသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလိုက်၏။

ချန်လုမှလွဲ၍ ကျန်လူများအားလုံးမှာ အမျိုးသားများဖြစ်ကြပြီး မျက်စိအဖမ်းစားဆုံးသူမှာ ထန်ရွေ့ပိုင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အမျိုးသားပင်။ သူ့အသွင်အပြင်အရ အသက်သုံးဆယ်အရွယ် ထူးချွန်ပြောင်မြောက်သည့်ပုံစံရှိနေ၏။ အခြားသူများ၏ မျက်နှာပေါ်ရှိအသားတွေဟာ စတင်ယိုယွင်းလာနေပေမယ့် ဖြောင့်မတ်စွာ ထိုင်နေသော သူ့ရဲ့ကိုယ်ဟန်အနေအထားမှာ အလွန်ကောင်းမွန်လှသည်။

သူမဝမ်းကွဲ မိတ်ဆက်ပေးပုံအရ ထိုလူနာမည်မှာ ကုချန်ဖြစ်ပြီး အသက် ၂၈နှစ်အရွယ် ရေတပ်ဒုလက်ထောက်ဖြစ်လေသည်။

"ဒီတစ်ခါ နင်ဒီကိုလာမယ်လို့ ငါမမျှော်လင့်ထားဘူး ကုချန်ရေ"

ကုချန်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်ပြီး သူ့ပတ်ဝန်းကျင်ကလူတွေကို စကားသိပ်မပြောပေ။ သူ ဒီနေ့ လုယန်ကိုလာတွေ့ခြင်းဖြစ်သည်။ သူနှင့် လုယန်တို့ဟာ ငယ်စဉ်ကတည်းက ပြိုင်ဖက်တွေဖြစ်ခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် မနေနိုင်မထိုင်နိုင် ပြိုင်ဆိုင်လေ့ရှိသည်ပင်။ ဟုတ်ပါတယ်၊ အကြိမ်ပေါင်းများစွာကတော့ ကုချန်တစ်ယောက်တည်း တစ်ဖက်သတ်ပြိုင်ဆိုင်နေတာပါပဲ။

သူနဲ့လုယန်က အသက်အရွယ်အတူတူနီးပါးဆိုပေမယ့် စိတ်မကောင်းစွာပင် သူက အမှန်ပဲ လုယန်ထက် ငယ်ပေသည်။ ကစားကွင်းရှိ ကလေးတွေကြားထဲ၌ လုယန်က သူ့အရှေ့မှာရပ်၍ ကွန့်ဖီးဒန့်ရှိစွာဖြင့် သူ့အား "ကော"လို့ ခေါ်ခိုင်းလေရဲ့။

"မင်းက တိတိလေးပါပဲကွာ"

"ငါ့ကို လုကောလို့ခေါ်"

…

ကုချန်နဲ့ လုယန်တို့ဟာ ရန်သူဟောင်းတွေဖြစ်ကြပြီး ကုချန်က အမြဲတမ်း သူ့ကို အနိုင်ယူချင်ခဲ့သည်။ သူတို့နှစ်ယောက်လုံး ရေတပ်အကယ်ဒမီတက်ခဲ့ကြသလို ဘွဲ့ရပြီးနောက် ရေတပ်ထဲဝင်ခဲ့ကြသည်။ ကုချန်က သူ့အလုပ်အတွက်သာ မြှုပ်နှံခဲ့ပြီး အသင်းကို လေးလေးနက်နက် ဦးဆောင်လေ့ကျင့်ပေးခဲ့၏။ သို့မှသာ သူက လုယန်အား ရာထူးမြင့်မြင့်နေရာမှ ငုံကြည့်ကာ "မင်းကမှ ညီငယ်လေးပဲ"လို့ ​တစ်နေ့မှာ ပြောဖို့ အခွင့်အရေးရလိမ့်မယ်လေ။

သူတို့အသက် ၂၄၊ ၂၅အရွယ်တွင် သူတို့နှစ်ဦးစလုံး လက်ထပ်ဖို့ပါတနာတစ်ဦးရှာရန်အတွက် မိသားစုဆီမှ ဘလိုင်းဒိတ် အတင်းအကျပ်စီစဥ်ပေးခံခဲ့ရသည်။ ကုချန်ကမူ သူ၏အသက်မွေးဝမ်းကြောင်းအလုပ်ကိုသာ အာရုံစိုက်ခဲ့ပြီး အိမ်ထောင်ပြုစေလိုသည့် မိသားစု၏တိုက်တွန်းမှုကို ဆန့်ကျင်ခဲ့သည်။

သို့သော် ဒီပျော့ညံ့တဲ့ကောင် လုယန်ကတော့ အသက်၂၅နှစ်ပဲရှိသေးတာကို၊ သူ့မိသားစုရဲ့ ဖိအားကို မတွန်းလှန်တော့ဘဲ အိမ်ထောင်ပြုသွားခဲ့တယ်။ ထို့အတွက်ကြောင့် ကုချန် သူ့နောက်ကွယ်မှာ ဘယ်လောက်တောင်ရယ်မောခဲ့လိုက်ရသလဲ...

အိမ်ထောင်ပြုပြီးသားအမျိုးသားတွေဟာ ခက်ခဲတဲ့အချိန်တွေရှိကြတယ်ဆိုပဲ၊ အထူးသဖြင့် ရေတပ်အဖွဲ့ဝင်တွေပေါ့။ သူတို့က အိမ်ပြန်ဖို့ အချိန်သိပ်မရှိကြဘူးလေ။ သူတို့မှာ ဇနီးနဲ့သားသမီးတွေရှိလာပြီးနောက်ပိုင်း ဆူပူကြိမ်းမောင်းခံရတတ်တယ်။ ယောက္ခမ၊ ချွေးမ၊ ခယ်မတွေက အိမ်မှာ ပြဿနာတတ်လေ့ရှိကြသလို နှာရည်တရွှဲရွှဲကလေးတွေလည်းရှိနေမှာပဲ…

ကုချန်သည် ခေါင်းဆောင်ဟောင်းများစွာရဲ့ အိမ်ကို ရောက်ဖူးတာကြောင့် အိမ်ထောင်ပြုဖို့ကို လုံးဝစိတ်မဝင်စားတော့ပါချေ။

ယောကျ်ားတစ်ယောက်ဟာ သူ့၏အသက်မွေးဝမ်းကြောင်းကို ဦးစားပေးရမည်ပင်။ ကုချန်က လုယန်ထက် သာလွန်ဖို့ပဲ တွေးတောနေလျက် အလုပ်ကိုသာ ကြိုးစားပမ်းစားလုပ်နေခဲ့၏။ ကုချန်သည် လုယန်က သူ့မိသားစုကြောင့် အလုပ်အကိုင်နှောင့်နှေးသွားပြီး တိုးတက်မှုမရှိနိုင်တော့ဘူးလို့ ထင်ခဲ့ပေမယ့် အဲဒီကျွန်းစုတ်ကလေးမှာ ဒီကောင် အမြတ်ထုတ်နိုင်ရလောက်အောင် ကံကောင်းလိမ့်မယ်လို့ သူမမျှော်လင့်ထားမိခဲ့ပေ။

မနှစ်တုန်းက တောင်တရုတ်ပင်လယ်စစ်ပွဲ ပြီးဆုံးချိန်တွင် လူအများအပြား ရာထူးတိုးခံရပြီး ရာထူးတော်တော်များများ လစ်လပ်သွားခဲ့သည်။ လုယန်လည်း တရားဝင် တပ်ရင်းမှူးအဖြစ် တိုက်ရိုက်ရာထူးတိုးမြှင့်ခံခဲ့ရသည်။ ကုချန်ရာထူးမတိုးခင်မှာပင် ဒီလူက သူ့ကို တကယ်ပဲကျော်တက်သွားခဲ့သော်လည်း သူဒေါသမထွက်တော့ပါပေ။

ကုချန်မိသားစုက သူ့ကို ပညာပေးဖို့ ဒီအချက်ကို အသုံးပြုခဲ့ကြ၏။ "လုယန် ဘာကြောင့် ရာထူးတိုးမြန်သလဲ နင်သိလား။ သူက ဇနီးကောင်းတစ်ယောက်နဲ့ အိမ်ထောင်ကျသွားလို့ပဲဟဲ့!"

"နင့်ကိုနင်ကြည့်စမ်း၊ ဘာလို့ အခုထိအိမ်ထောင်မကျသေးတာလဲ?"

"လုယန်က ငရုတ်သီးလေးနဲ့ အိမ်ထောင်ကျတယ်လို့ ငါကြားမိတယ်။ ငါ နင့်အတွက်ငရုတ်သီးလေးရှာကြည့်ပေးထားမယ်၊ ငရုတ်သီးဆိုတာ ပိုနီရဲလေ ပိုကောင်းလေပဲပေါ့။ ဒီနှစ်တရုတ်နှစ်ကူးတော့ အိမ်တံခါးမှာ ငရုတ်သီးအတွဲလိုက် ချိတ်ဆွဲထားရမယ်ဟယ်..."

ကုချန်: "…%¥#¥@#"

တောင်တရုတ်ပင်လယ်မှာ ခုခံကာကွယ်ရေး အားကောင်းဖို့ လိုအပ်ပေသည်။ ယင်းမှာ အခွင့်အရေးတစ်ခုလည်းဖြစ်၍ ကုချန်က တောင်တရုတ်ပင်လယ်ကို ပြောင်းဖို့ လျှောက်ထားခဲ့၏။ သို့မှသာ လုယန်ဘဝ ဘယ်လောက်အဆင်ပြေနေသလဲဆိုတာ သူ့မျက်စိနဲ့တပ်အပ်မြင်နိုင်မှာလေ။

သို့ပေတည့် သူ မပြောင်းရွှေ့ရသေးခင်မှာပဲ ကျောက်ကျန်းဟုန်က လက်ထပ်တော့မှာဖြစ်လို့ သူငယ်ချင်းဟောင်းများကို ဖိတ်ကာ တွေ့ဆုံပွဲလေးတစ်ခု ပြုလုပ်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲလေ။ ဒါက သူငယ်ချင်းဟောင်းတွေ့ဆုံပွဲအသေးစားလေးပါပဲ။ ပထမတော့ ကုချန် မလာချင်ပေမယ့် လုယန်လာမယ်လို့ သတင်းကြားတဲ့အခါ သူလည်း သဘောတူခဲ့လေ၏။

သူရောက်လာပြီးနောက် သူမှလွဲ၍ ကျန်သူငယ်ချင်းဟောင်းများအားလုံး အိမ်ထောင်ပြုပြီးပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

ဟုတ်တာပေါ့ ဒါက အမျိုးသားတွေပါပဲ။ အိမ်ထောင်မပြုရသေးတဲ့ ချန်လုဆိုတဲ့ အမျိုးသမီးလည်းရှိပါသေးတယ်လေ။

စားပွဲရှိတစ်စုံတစ်ယောက်က စတောင်စနောက်နေပါသေးသည်။ "မင်းတို့လဲ အခုတစ်ယောက်တည်းဖြစ်နေကြတာဆိုတော့ မင်းတို့နှစ်ယောက် တွဲလိုက်ကြရင်ရော?"

ကုချန်ရော ချန်လုပါ သူတို့စနောက်နေကြတာကို လျစ်လျူရှုထားခဲ့ကြသည်။

"လုယန်လာပြီဟေ့"

"သူ့ကလေးနှစ်ယောက်ကိုပါ ခေါ်လာတယ်ကွ၊ သူ့သားတွေက ဒီလောက်တောင်ကြီးနေပြီလားဟေ?"

"အိုး ဒီကလေးနှစ်ယောက်လုံး သူနဲ့တူကြတာပဲကွ"

ထန်ရွေ့ပိုင် နောက်လှည့်ကြည့်လိုက်တဲ့အခါ မိသားစုလေးယောက် သူတို့စားပွဲဆီ လျှောက်လာနေတာကို တွေ့လိုက်ရသည်။ သူမ ပထမဆုံး သတိပြုမိသည်မှာ အခြားလူများမဟုတ်ဘဲ သူမရဲ့ အခန်းဖော်ဟောင်း ချင်းရို့ကိုသာ။

သူမတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်တာ နှစ်အတော်ကြာသွားခဲ့ပြီဆိုသော်လည်း တစ်ဖက်လူက ဘာမှပြောင်းလဲသွားပုံမရဘဲ အရင်ထက်တောင် ပိုလှနေပါသေးသည်။ သူမအသားအရေမှာ တောက်ပဖြူဖွေးနေသလို မျက်လုံးလေးတွေကလည်း လှပလင်းလက်နေလေသည်။ စားပွဲပေါ်ရှိ လူတိုင်းနီးပါးအကြည့်က သူမအပေါ်ရောက်နေလေရဲ့။

လုယန်တို့အဖွဲ့ ရောက်လာသည်နဲ့ တစ်စုံတစ်ယောက်က ချက်ချင်းဆိုသလို ပြောလာလေ၏။ "လုယန် မင်းရှာထားတဲ့ဇနီးက အရမ်းလှတာပဲဟေ့"

လုယန် ပြုံး၍ ထိုင်ခုံတစ်ခုရှာကာ သူ့ဇနီးလေးအတွက် ခုံကိုဆွဲထုတ်ပေးလိုက်ရင်း "မင်းတို့လုကောက အမြင်ကောင်းရှိတယ်လေကွာ"

"အနုပညာအဖွဲ့ရဲ့ ပင်တိုင်ထက် ပိုတောင်ကြည့်ကောင်းတယ်ကွ"

ထန်ရွေ့ပိုင်က "သူမလည်း အရင်က ငါတို့ရဲ့ အနုပညာအဖွဲ့ဖြစ်ခဲ့ဖူးပါတယ်နော်"လို့ ထုတ်ပြောလာခဲ့သည်။

ချင်းရို့က လုယန်နောက်မှလိုက်လာကာ စားပွဲရှိ လူတွေကို နှုတ်ဆက်ခဲ့သည်။ ထိုအချိန်တွင် စားပွဲရှိလူအားလုံးက သူမကိုကြည့်နေရုံသာမက ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးကိုပါ အာရုံစိုက်နေကြလေ၏။

"ဒီကလေးနှစ်ယောက်က တကယ်တူလိုက်တာကွာ"

"ဘယ်သူအကြီးလဲ ဘယ်သူကအငယ်လဲဟေ့"

…

လုယန်က သူ့ရင်ခွင်ထဲမှာ ကလေးနှစ်ယောက်ကို ချီထားလျက် ဒီအိမ်ထောင်ရှင်အမျိုးသားအုပ်စုနှင့် ကလေးတွေအကြောင်း စကားစမြည်ပြောနေကြသည်။ ကုချန်က သူတို့ပြောတာကို နားထောင်နေရင်း သူတို့စကားဝိုင်းထဲ မဝင်နိုင်ခဲ့ပေ။

သူလည်း လုယန်၏ရင်ခွင်ထဲက ကလေးလေးတွေကိုသာ ကြည့်နေလိုက်သည်။ ကောင်လေးနှစ်ယောက်ဟာ လုယန်နဲ့ တော်တော်ဆင်တူကြပြီး တယောက်က ပေါတောတောရယ်နေရင်း သူ့ကို 'ဦးဦးကု'လို့ ခေါ်လာလေ၏။

လုယန်နဲ့တူလွန်းတဲ့ ကလေးတစ်ယောက်ဆီက ဦးလေးလို့ အခေါ်ခံလိုက်ရ၍ ကုချန်မှာ နားမလည်နိုင်စွာပင် သက်တောင့်သက်သာဖြစ်သလို ခံစားလိုက်ရသည်။

သူက ကလေးလေးကို မစနောက်ဘဲ မနေနိုင်တော့ပေ။ "ငါ့ကို ဦးဦးလို့ ထပ်ခေါ်ပါဦး"

"ကုချန် မင်းလည်း ကလေးတွေကို စနောက်နေတတ်တယ်လား"

…

ချင်းရို့လည်း ထန်ရွေ့ပိုင်နဲ့ စကားပြောနေလိုက်သည်။ ထန်ရွေ့ပိုင်က သူမကိုတွေ့ရတာ အရမ်းစိတ်လှုပ်ရှားနေလျက်။ "ချင်းရို့ရေ နင့်ကိုတွေ့ဖို့ ငါမမျှော်လင့်ထားဘူးဟယ်။ နင့်ကလေးတွေတောင် ကြီးနေပြီနော်၊ နင့်မှာ အမြွှာတွေရှိတာ အရမ်းကံကောင်းတာပဲ"

"နင်ရော ဘယ်လိုလဲ၊ ဒီနှစ်တွေထဲမှာ အဆင်ပြေတယ်မလား"

လေးနှစ်တာကုန်ဆုံးခဲ့ပြီလေ... အတိတ်က ခံစားချက်တွေ၊ အမှတ်တရတွေ ဆုတ်ယုတ်လာခဲ့ပြီး အတိတ်၏ အကောင်းအဆိုးတွေကိုလည်း မှတ်ဉာဏ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွန့်ပစ်ထားခဲ့ပြီ။

မိတ်ဆွေဟောင်းများကို ပြန်တွေ့ရသည်မှာ အမြဲတမ်း စိတ်လှုပ်ရှားစရာကောင်းလှသည်။ 
"ငါအဆင်ပြေပါတယ်ဟာ၊ ချင်းရို့ရေ ငါလည်းလက်ထပ်တော့မှာ!"

"ဂုဏ်ပြုပါတယ်နော်..."

ထန်ရွေ့ပိုင်သည်လည်း ချင်းရို့အား တိတ်တဆိတ် မနာလိုဖြစ်ခဲ့ဖူးပါသည်။ သူမရဲ့အလှကို မနာလိုဖြစ်ခဲ့တယ်၊ သူမအသံကောင်းတာကိုလည်း မနာလိုဖြစ်ခဲ့တယ်၊ သူမ လူကောင်းတစ်ယောက်နဲ့ လက်ထပ်သွားခဲ့တာကိုတောင် မနာလိုဖြစ်ခဲ့ပါသေးရဲ့....

သို့သော် ထိုကိစ္စမှာ ကြာခဲ့ပြီလေ။

သူမ ချင်းရို့အား မနာလိုဖြစ်ခဲ့ဖူးကြောင်း မေ့တောင်မေ့သွားခဲ့ပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ်လေ နေ့ရောညပါအတူတူရှိနေကြတဲ့ လုပ်ဖော်ကိုင်ဖက်ကို နင်မနာလိုဖြစ်မှာနိုင်ပေမယ့် အဝေးရောက်သွားပြီဖြစ်တဲ့လူကိုတော့ မနာလိုမဖြစ်တော့ဘူးလေနော်။

"ဘယ်လိုလက်တွဲဖော်မျိုးကို နင်ရှာတွေ့ထားခဲ?" ချင်းရို့ သူမနှင့် စကားစမြည်ပြောနေရင်း သာမန်ကာလျှံကာမေးလိုက်၏။ အရင်တုန်းက အနုပညာအဖွဲ့ရှိလူတစ်ချို့ ဘာတွေလုပ်နေကြသလဲဆိုတာကိုလည်း ထန်ရွေ့ပိုင်နှုတ်ကနေ သိချင်မိပါသေးရဲ့။

xxx

All Chapters