← Chapters

မြောက်ပိုင်းမှ တစ္ဆေများနှင့် သတ္တဝါဆိုးများ

Vol. 24 Ch. 235

မြောက်ပိုင်းမှ တစ္ဆေများနှင့် သတ္တဝါဆိုးများ

Vol. 24 Ch. 235

လီချင်းချိုးက ရွှမ်ကျီဂိုဏ်း အတွင်း၌ တစ်နေ့တာ၏ အချိန်အများစုကို စောင့်ဆိုင်းနေခဲ့၏။အပ်စိုက် ကုသမှုကြောင့် ငရဲချီလင်၏ ဒဏ်ရာများ တဖြည်းဖြည်း သက်သာလာပြီး အနည်းဆုံးတော့ ခြေလက်များမှ ဒဏ်ရာများက မနာကျင်တော့ချေ။

ရွှေသူငယ်က လီချင်းချိုး၏ နောက်ကျောတွင် ဓားသိုင်းကို လေ့ကျင့်နေပြီး အချိန်တစ်ခဏကိုမျှ အလဟဿ မဖြစ်စေလိုဘဲ ရွှီနင်းနှင့် ကျောက်ကျိန်းတို့ထက်ပင် ပို၍ စွဲလမ်းနေပုံရသည်။

မွန်းလွဲပိုင်း အချိန်သို့ ရောက်သောအခါမှသာ လီချင်းချိုး ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ တောင်အောက်မှ ဆူညံသံများကို သူ ကြားလိုက်ရသောကြောင့်ပင်။

တစ်စုံတစ်ယောက် လာနေပြီ…ထို့ပြင် တစ်ယောက်တည်း မဟုတ်ချေ။

အတွေးတစ်ချက် တွေးလိုက်သည်နှင့် လင်းချွမ်က အခြေအနေကို စစ်ဆေးရန် မြေအောက်သို့ ချက်ချင်း ငုပ်လျှိုးသွားတော့သည်။ အချိန်အနည်းငယ် အကြာတွင် လင်းချွမ်က လီချင်းချိုး နောက်ကျောရှိ အမှောင်ထုထဲမှ ထွက်ပေါ်လာပြီး အခြေအနေကို စတင် အစီရင်ခံတင်ပြလေသည်။

တောင်ခြေမှနေ၍ ကြီးမားသော စစ်တပ်ကြီး တစ်တပ် တက်လာပြီး တောင်ကို လုံးဝ ဝိုင်းရံထားလိုက်သည်။ လင်းချွမ်က ဧရိယာကို စူးစမ်းကြည့်လိုက်တော့ ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသော စစ်သား အုပ်စုကြီးကို မြင်တွေ့လိုက်ရသည်။ အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်လျှင် အနည်းဆုံး စစ်သည် အင်အား တစ်သိန်းခန့် ရှိမည်ဖြစ်ပြီး အဝေးမှနေ၍လည်း စစ်သားများ ထပ်မံ ချီတက်လာနေဆဲ ဖြစ်သည်။

လင်းချွမ်၏ ဖော်ပြချက်အရ ဤစစ်တပ်ကြီးက မြောက်ပိုင်းလူရိုင်းတို့၏ စစ်တပ် ဖြစ်သင့်ပြီး ပို၍ တိကျစွာ ပြောရလျှင် မြောက်ပိုင်းနန်းတွင်းစစ်တပ် ပင် ဖြစ်၏။

မြောက်ပိုင်းနန်းတွင်းစစ်တပ်က ဘာကြောင့် ဤနေရာသို့ လာရသနည်း။

ဤသည်က တစ္ဆေဘုရင်ကျိမင် ထွက်ခွာသွားရသည့် အကြောင်းရင်းများလား။

လီချင်းချိုး မျက်မှောင်ကြုတ်သွားပြီး နောက်ထပ် အချိန်အနည်းငယ်ခန့် ထပ်စောင့်ရန် ဆုံးဖြတ်လိုက်သည်။အကယ်၍ မြောက်ပိုင်းနန်းတွင်းစစ်တပ် ရောက်လာချိန်အထိ တစ္ဆေဘုရင်ကျိမင် ပြန်မရောက်လာပါက သူလည်း ငရဲချီလင်နှင့်အတူ ထွက်ခွာသွားတော့မည် ဖြစ်သည်။

အချိန်များ ကုန်ဆုံးနေပြီး လီချင်းချိုး စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့သည်။ နာရီဝက်ခန့် အကြာတွင် တောင်ပေါ်သို့ တက်လာနေသော အစွမ်းထက်သည့် တစ္ဆေချီ တစ်ခုကို အာရုံခံမိလိုက်သဖြင့် မျက်မှောင် ထပ်မံ ကြုတ်သွားရပြန်သည်။

တစ္ဆေဘုရင်ကျိမင်ပင်တည်း…..

ဤတစ္ဆေချီက လီချင်းချိုးကို ဝိညာဉ်သန့်စင်အလံ အတွင်းရှိ တစ္ဆေဘုရင် အကြောင်း သတိရသွားစေသော်လည်း ၎င်းက အိပ်မောကျနေဆဲ ဖြစ်သော ထိုတစ္ဆေဘုရင်နှင့် အနည်းငယ် ကွာခြားနေဆဲ ဖြစ်သည်။ ဝိညာဉ်သန့်စင်အလံ အတွင်းရှိ တစ္ဆေဘုရင်တွင် ဖော်ပြ၍ မရနိုင်သော ထူးဆန်းသည့် ခံစားချက်မျိုး ရှိနေပြီး ဤတစ္ဆေချီကမူ သွေးထွက်သံယို ဖြစ်မှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် အင်အားကြီးမားမှုတို့ကို ခံစားရစေ၏။

လင်းချွမ်နှင့် နန်ကုန်းအာတို့က လီချင်းချိုး၏ နောက်တွင် ရပ်နေကြပြီး သူတို့၏ သဘာဝ ရန်သူနှင့် ကြုံတွေ့လိုက်ရသကဲ့သို့ တင်းမာနေကြပြီ ဖြစ်သည်။ ရွှေသူငယ်ကလည်း လီချင်းချိုး၏ ပခုံးပေါ်သို့ ခုန်တက်သွားသည်။

လီချင်းချိုးက ဝိညာဉ်အသိအာရုံကို ထပ်မံ ထုတ်လွှတ်လိုက်ပြီး သံလှောင်အိမ် အပြင်ဘက်ရှိ အဆောက်အအုံများကို လှမ်းကြည့်လိုက်သည်။ သူ့ အကြည့်အောက်တွင် အဝေးရှိ ရဲတိုက်ပေါ်၌ လက်တစ်ဖက် ပေါ်လာပြီးနောက် နောက်ထပ် လက်တစ်ဖက် ထပ်မံ ထွက်ပေါ်လာကာ ၎င်း၏ ခန္ဓာကိုယ်က အပေါ်သို့ တက်လာရင်း တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာတော့သည်။

ဤသည်မှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပါရှိသော လက်စားချေလိုသည့် တစ္ဆေကြီး တစ်ကောင် ဖြစ်သည်။ ၎င်းက အပေါ်ပိုင်း ဗလာကျင်းနေပြီး စုတ်ပြဲနေသော ဘောင်းဘီနက်ကို ဝတ်ဆင်ထားကာ မျက်နှာက အပြာရင့်ရောင် သန်းနေသည်။ပါးစပ်ထဲတွင် လေးလက်မခန့်စီ ရှည်လျားသော အစွယ်နှစ်ချောင်း ငေါထွက်နေပြီး သွေးကဲ့သို့ နီရဲနေသော ဆံပင်ရှည်ကြီးများ ရှိသည်။ သူ၏ လက်ခြောက်ဖက်က သစ်ပင် အမြစ်များကဲ့သို့ ကြွက်သားများ အဖုအထစ် ထနေပြီး မျက်နှာ သုံးခုတွင် မတူညီသော အမူအရာများ ရှိနေကာ အလယ်မျက်နှာက အကြမ်းတမ်းဆုံး ဖြစ်ပြီး လူတစ်ယောက်ဟုပင် မှတ်ယူ၍ မရနိုင်လောက်အောင် ပျက်ယွင်းနေသည်။

တစ္ဆေဘုရင်ကျိမင်က ရဲတိုက်ပေါ်တွင် မတ်တတ်ရပ်နေရင်း ရွှမ်ကျီဂိုဏ်းကို အကဲခတ် ကြည့်ရှုလိုက်သည်။ သားကောင်များ ထွက်မပြေးသွားကြောင်း မြင်သောအခါ တဖက်လှည့်၍ တောင်အောက်သို့ လှမ်းကြည့်လိုက်သည်။

လီချင်းချိုးက တစ္ဆေဘုရင်ကျိမင်ကို စောင့်ကြည့်ရန် ဝိညာဉ်အသိအာရုံကို အသုံးပြုလိုက်ပြီး ထိုတစ္ဆေ၏ စွမ်းအားကို စိတ်ထဲမှ အကဲဖြတ်လိုက်သည်။

ကျိမင်က အလွန် အစွမ်းထက်ပြီး စုရှင်းဘိုးဘေး ထက်ပင် ပို၍ အစွမ်းထက်နေသေး၏။

ဤမျှ စွမ်းအားကြီးမားသော သူတစ်ယောက်က လီစစ်ဖုန်းကို မည်သို့ ထွက်ပြေးခွင့် ပြုနိုင်မည်နည်း။ လီစစ်ဖုန်း ချင်းရှောင်တောင်သို့ ပြန်မလာခြင်း၏ အကြောင်းရင်းမှာ သူ ဖမ်းဆီးခံထားရခြင်းကြောင့်များ ဖြစ်နေမလား။

လီချင်းချိုး စိတ်ထဲမှ တွေးလိုက်ပြီး အလျင်စလို မလှုပ်ရှားသေးဘဲ မြောက်ပိုင်းနန်းတွင်းစစ်တပ်နှင့် တစ္ဆေဘုရင်ကျိမင်တို့ကြားက ဆက်ဆံရေးကို ကြည့်ရှုလိုသေးသည်။

နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် ရွှမ်ကျီဂိုဏ်း၏ တောင်တံခါးရှေ့တွင် စစ်သားများ ပေါ်လာတော့သည်။ သူတို့ကို ဦးဆောင်လာသူမှာ အမည်းရောင် သံချပ်ကာအင်္ကျီ အထူကြီးကို ဝတ်ဆင်ထားသော စစ်သူကြီး တစ်ဦး ဖြစ်သည်။ သူသည် ဝက်ဝံနက်ကြီး တစ်ကောင်ကဲ့သို့ အရပ်ရှည်ကာ တောင့်တင်းခိုင်မာပြီး ခါးတွင် ဓားကောက် တစ်လက်ကို ချိတ်ဆွဲထားကာ လက်ထဲတွင် အသွားကျယ်သောဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။

ထိုသူက နဂါးတစ်ကောင်၊ ကျားတစ်ကောင်ကဲ့သို့ ခြေလှမ်းကျဲကြီးများဖြင့် ရှေ့ဆုံးမှ လျှောက်လာပြီး သူ့တကိုယ်လုံး သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ လွှမ်းမိုးနေ၏။

လီချင်းချိုးက တစ်ဖက်လူမှာ လမ်းစဉ်သို့ ဝင်ရောက်ခြင်း အဆင့်သိုင်းသမား တစ်ဦး ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။

ဤခေတ် ဤအခါမျိုးတွင်ပင် လမ်းစဉ်သို့ ဝင်ရောက်ခြင်း အဆင့်များမှာ သိုင်းလောက၌ပင် ရှားပါးလှပြီး စစ်တပ်ထဲတွင် ဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

မြောက်ပိုင်းနန်းတွင်းက တောင်ဘက်သို့ ချီတက်ရန် ရဲတင်းနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ဤသည်က သူတို့၏ ရွှေခေတ်ပင် ဖြစ်နိုင်၏။

ရွှမ်ကျီဂိုဏ်း၏ တံခါးပေါက် အတွင်းသို့ ဝင်ရောက်လာသည်နှင့် မြောက်ပိုင်းနန်းတွင်းစစ်တပ်မှ စစ်သားများက လူစုခွဲလိုက်ကြသည်။ စစ်သူကြီးက ပင်မလမ်းမကြီး တစ်လျှောက် ချီတက်လာပြီး လမ်းတစ်ဖက်တစ်ချက်ရှိ အဆောက်အအုံများကို အေးစက်စွာ အကဲခတ်နေသည်။ သူက လမ်းတစ်လျှောက်ရှိ ကျိုးပဲ့နေသော အရိုးများကို နင်းမိသည့်တိုင် အနည်းငယ်မျှပင် တုန်လှုပ်သွားခြင်း မရှိချေ။

ဖန်ထျန်းရှုဟု အမည်ရသော ဤစစ်သူကြီးက မြောက်ပိုင်းနန်းတွင်းရှိ အကောင်းဆုံး စစ်သူကြီး သုံးဦး အနက်မှ တစ်ဦး ဖြစ်သည်။ သူက မရေမတွက်နိုင်သော စစ်ပွဲများကို ဖြတ်သန်းခဲ့ရသည့် ဝါရင့် စစ်သားကြီး တစ်ဦး ဖြစ်ပြီး ရန်သူတပ် အင်အား သိန်းနှင့်ချီ၍ ရင်ဆိုင်ရလျှင်ပင် နောက်တွန့်သွားမည့်သူ မဟုတ်ချေ။ သို့သော်လည်း ဤတာဝန်နှင့် ပတ်သက်၍မူ လွန်စွာ မသေချာ မရေရာ ဖြစ်နေပြီး တည်ငြိမ်ဟန်ဆောင်နေရန်သာ တတ်နိုင်တော့၏။

အဘယ်ကြောင့်ဆိုသော် သူတို့က ဒဏ္ဍာရီလာ တစ္ဆေများနှင့် သတ္တဝါဆိုးများကို ရင်ဆိုင်နေရသောကြောင့် ဖြစ်သည်။

မြောက်ပိုင်းတွင် တစ္ဆေများနှင့် သတ္တဝါဆိုးများ အကြောင်း ပုံပြင်များ အမြဲတမ်း ရှိနေခဲ့သည်။ ဤနယ်မြေတွင် ဘေးအန္တရာယ်များဖြင့် ဤမျှ ပြည့်နှက်နေရခြင်း၏ အကြောင်းရင်းမှာ မိစ္ဆာများနှင့် သတ္တဝါဆိုးများ စုဝေးရာ နေရာ ဖြစ်နေသောကြောင့် ဖြစ်သည်ဟု ဒဏ္ဍာရီများတွင် ဆိုကြ၏။ ဤသည်က မိစ္ဆာများ အမြဲတမ်း သောင်းကျန်းလေ့ရှိပြီး တစ္ဆေများက ကြောက်ရွံ့ထိတ်လန့်မှုများကို အမြဲ ဖြန့်ကျက်လေ့ရှိသည့် ကမ္ဘာမြေပေါ်ရှိ ငရဲကျင်း တစ်ခုပင်။

လွန်ခဲ့သော လအနည်းငယ်ခန့်က လူမျိုးစု အချို့မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။ အစပိုင်းတွင် မြောက်ပိုင်းနန်းတွင်းက သိပ်ပြီး ဂရုမစိုက်ခဲ့ဘဲ စုံစမ်းစစ်ဆေးရန် စစ်သားများကိုသာ စေလွှတ်ခဲ့သည်။ ရွှမ်ကျီဂိုဏ်း ဖျက်ဆီးခံလိုက်ရချိန်မှသာ တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်ကြောင်း သူတို့ သဘောပေါက်သွားခဲ့ကြသည်။

ထွက်ပြေးလွတ်မြောက်လာသော ရွှမ်ကျီဂိုဏ်းမှ တပည့်တစ်ဦးက မြောက်ပိုင်းနန်းတွင်း၏ ဧကရာဇ်နှင့် တွေ့ဆုံကာ တစ္ဆေများ ရှိနေကြောင်းကို အသိပေးခဲ့သဖြင့် နန်းတွင်း၌ ဆူပူအုံကြွမှုများ ဖြစ်ပေါ်သွားစေခဲ့၏။ ဆွေးနွေးတိုင်ပင်ပြီးနောက်တွင်တော့ ဖန်ထျန်းရှုကို စစ်တပ်နှင့်အတူ စေလွှတ်ရန် အဆုံးသတ် ဆုံးဖြတ်လိုက်ကြသည်။

ဖန်ထျန်းရှု အခုလို လက်ရွေးစင် စစ်သည် အင်အား တစ်သိန်းကို ခေါ်ဆောင်လာခဲ့ခြင်းက မြောက်ပိုင်းနန်းတွင်း၏ ဧကရာဇ်က ဤကိစ္စကို မည်မျှ အလေးအနက် ထားကြောင်း ပြသနေ၏။

ပိုမိုများပြားသော စစ်သားများ ရွှမ်ကျီဂိုဏ်း အတွင်းသို့ ဝင်ရောက်လာကြသည်။ သူတို့က အင်အားများပြားပြီး စွမ်းဆောင်ရည် မြင့်မားကြသော်လည်း မြောက်ပိုင်းနန်းတွင်းမှ စစ်သားများမှာ မသက်မသာ ဖြစ်နေကြ၏။ လမ်းများနှင့် လမ်းသွယ်များ အားလုံးတွင် အလောင်းများ ပြည့်နှက်နေပြီး အချို့သော အဆောက်အအုံများ၏ အမိုးစွန်းများပေါ်တွင်ပင် အသားများနှင့် သွေးများ ဖုံးလွှမ်းနေသဖြင့် လူလား၊ သားရဲလားဆိုသည်ကိုပင် ခွဲခြား၍ မရနိုင်လောက်အောင် ဖြစ်နေသည်။

တစ်စုံတစ်ခုက သူတို့ကို စောင့်ကြည့်နေသည်ဟုပင် သူတို့ ခံစားရပြီး နေ့ခင်းကြောင်တောင် ဖြစ်နေသည့်တိုင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားနေကြရ၏။

သူတို့ အမှန်တကယ်ပင် တစ္ဆေများ၏ စောင့်ကြည့်ခြင်းကို ခံနေရကြောင်း သူတို့ မသိခဲ့ကြပေ။

တစ္ဆေဘုရင်ကျိမင်က ရဲတိုက်ပေါ်တွင် လှဲလျောင်းနေရင်း အောက်ဘက်ရှိ စစ်သားများကို လှမ်းကြည့်နေ၏။ လောဘကြီးသော အပြုံးတစ်ခုက ဘယ်ဘက် ပါးပြင်ပေါ်တွင် ထွက်ပေါ်လာပြီး ညာဘက် ပါးပြင်တွင်မူ အမုန်းတရားများ ပြည့်နှက်နေသည်။ ကျောဘက်ရှိ လက်လေးဖက်က အောက်သို့ ဆင်း၍ တိုက်ခိုက်ရန် မစောင့်ဆိုင်းနိုင်တော့သည့် အလား ယိမ်းနွဲ့နေကြသည်။

တစ္ဆေဘုရင်ကျိမင်က မြောက်ပိုင်းနန်းတွင်းစစ်တပ် တောင်ပေါ်သို့ တက်လာမည့် အချိန်ကို အထူး ရည်ရွယ်၍ စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း လီချင်းချိုး သဘောပေါက်သွားသည်။

တစ္ဆေဘုရင်ကျိမင်က မြောက်ပိုင်းနန်းတွင်း၌လည်း ခွဲထွက်ဝိညာဉ် တစ်ခုကို ထည့်သွင်းထားပြီး တစ္ဆေများကို နှိမ်နင်းရန် စစ်တပ် စေလွှတ်ရန် မြောက်ပိုင်းနန်းတွင်း၏ ဧကရာဇ်ကို သွေးထိုးလှုံ့ဆော်ခဲ့ခြင်းများလား။

ထိုသို့ တွေးကြည့်သောအခါ အတော်လေး ဖြစ်နိုင်ခြေ ရှိကြောင်း သူ နားလည်သွားသည်။

"ဒီကောင်က မိစ္ဆာလား... ဒါမှမဟုတ် တစ္ဆေလား..."

လီချင်းချိုးမှာ ပို၍ပင် ဝေခွဲမရ ဖြစ်သွားရသည်။ တစ္ဆေများက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မရှိသောကြောင့် အများဆုံး လူများကို အန္တရာယ် ပြုရုံသာ ပြုလုပ်နိုင်ကြသည်။ လူသားများကို စားသောက်သည် ဆိုခြင်းမှာ သူတို့ကို မျိုချ၍ ညှဉ်းပန်းနှိပ်စက်ခြင်းသာ ဖြစ်သည်။

စစ်တပ် အင်အား တစ်သိန်းကို ဆွဲဆောင်ထားနိုင်ခြင်းက တစ္ဆေဘုရင်ကျိမင်၏ အစာစားချင်စိတ် လွန်စွာ ကြီးမားလွန်းနေပြီ ဖြစ်သည်။

ဤကောင်က အသွေးအသားကို ဝါးမျိုခြင်းဖြင့် ပို၍ အစွမ်းထက်လာနိုင်ခြင်းများလား။

လီချင်းချိူးက တစ္ဆေဘုရင်ကျိမင်ကို ရုတ်တရက် စိတ်ဝင်စားသွားပြီး တစ္ဆေဘုရင်ကျိမင်က သာမန် တစ္ဆေတစ်ကောင် မဟုတ်ကြောင်း အလိုအလျောက် သိစိတ်က ပြောပြနေ၏။

ဖန်ထျန်းရှုက စစ်သားများကို လေ့ကျင့်ရေးကွင်းဆီသို့ ဦးဆောင် ခေါ်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အရိုးတောင်ကြီးကို မြင်သောအခါ မည်သူကမျှ တည်ငြိမ်စွာ မနေနိုင်တော့ချေ။ ဖန်ထျန်းရှု၏ နဖူးပေါ်တွင်ပင် ချွေးစေးများ စတင် ထွက်ပေါ်လာတော့သည်။

ကြီးမားသော စစ်ပွဲကြီး အပြီးတွင် ပေါ်ထွက်လာလေ့ရှိသည့် အရိုးပုံကြီးများပင်လျှင် ဤအရိုးတောင်ကြီးလောက် ကြောက်မက်ဖွယ် မကောင်းချေ။ အဘယ်ကြောင့်ဆိုသော် အချို့သော အရိုးစုများတွင် အသားများနှင့် မျက်နှာများ ကပ်နေဆဲ ဖြစ်သောကြောင့်ပင်။

သံလှောင်အိမ်များ အတွင်းရှိ အသက်ရှင်နေဆဲ လူများက သူတို့ ရောက်ရှိလာမှုကို သတိပြုမိသွားကြပြီး စိတ်လှုပ်ရှားစွာဖြင့် လှောင်အိမ်၏ အစွန်းဆီသို့ တွားသွားလာကြ၏။ ကိုယ်လက်အင်္ဂါ ချို့တဲ့နေသော ခန္ဓာကိုယ်များဖြင့် အမှောင်ထုထဲမှ တွားသွားလာနေကြသည်ကို မြင်သောအခါ စစ်သားများမှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။ သူတို့ကို တစ်စုံတစ်ရာ မေးမြန်းရန် နေနေသာသာ သူတို့ အနီးသို့ပင် မကပ်ရဲကြချေ။

ဖန်ထျန်းရှုက သူတို့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သူတို့ အားလုံး အသုံးမဝင်တော့ကြောင်းနှင့် ကယ်တင်ရန် အကျိုးမရှိတော့ကြောင်း သိလိုက်သည်။

"သတိထားကြ... အိမ်တွေ အားလုံးကို မီးရှို့လိုက်... ခွင့်ပြုချက် မရှိဘဲ အထဲကို မဝင်ကြနဲ့..."

ဖန်ထျန်းရှုက အော်ဟစ်လိုက်သည်။ သာမန် နားလည်ထားမှုများအရ တစ္ဆေများနှင့် သတ္တဝါဆိုးများက မှောင်မိုက်သော နေရာများတွင်သာ ပုန်းအောင်းနေတတ်ကြသဖြင့် သူတို့တွေ နေ့ခင်းဘက်တွင် တောင်ပေါ်သို့ တက်လာခဲ့ကြခြင်း ဖြစ်သည်။

ထိုစကားကို ကြားသောအခါ စစ်သားများက မီးတုတ်များကို ထုတ်ယူကာ အနီးနားရှိ အဆောက်အအုံများဆီသို့ လူစုခွဲ သွားကြသည်။

ထိုအခိုက်၌ စူးရှသော အော်ဟစ်သံ တစ်သံက ရုတ်တရက် ထွက်ပေါ်လာသဖြင့် လူတိုင်းကို လန့်ဖြတ်သွားစေပြီး လှည့်ကြည့်လိုက်ကြ၏။ ဖန်ထျန်းရှု ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် မျက်လုံးများက ပြူးကျယ်သွားသည်။

စစ်သည်တစ်ဦးက မြေပြင်ပေါ်တွင် လဲကျနေပြီး ခါးမှနေ၍ ထက်ပိုင်းပြတ်နေသည်ကို သူ မြင်လိုက်ရ၏။ ထိုစစ်သည်မှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ခန္ဓာကိုယ် အောက်ပိုင်းကို ကြည့်၍ ထိတ်လန့် အံ့အားသင့်နေသည်။ အော်ဟစ်သံကမူ သူ့ရဲ့ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေကို မြင်တွေ့လိုက်ရသဖြင့် ကြောက်လန့်သွားသော သူ့ဘေးရှိ စစ်သားထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဖန်ထျန်းရှု စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ့ရှေ့ရှိ စစ်သည်တစ်ဦးလည်း ခါးမှနေ၍ ထက်ပိုင်းပြတ်သွားသည်ကို မြင်လိုက်ရပြီး ခန္ဓာကိုယ် အပေါ်ပိုင်းက လေထဲသို့ လွင့်စင်သွားကာ ခါးမှ သွေးများ ပန်းထွက်လာတော့သည်။ ဤမြင်ကွင်းများက သူ့ကို မကြုံစဖူးသော ထိတ်လန့်တုန်လှုပ်မှု တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး တုန်ယင်နေသည်။

ပြိုင်ဘက်ကင်း မြောက်ပိုင်းနန်းတွင်း စစ်သူကြီးမှာ လွန်စွာ ထိတ်လန့်သွားသဖြင့် နေရာ၌ပင် အေးခဲသွားပြီး လက်များနှင့် ခြေထောက်များ အေးစက်လာကာ ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေတော့သည်။

အခြားသော စစ်သားများက ထိတ်လန့်တကြား ထွက်ပြေးကြပြီး ခါးမှ ထက်ပိုင်းပြတ်သွားသော စစ်သားများ အုပ်စုနှင့် ခပ်ခွာခွာတွင် နေကြသည်။ သူတို့ခင်မျာ တစ္ဆေများကို မမြင်နိုင်ကြသဖြင့် သူတို့၏ ကြောက်ရွံ့မှုက အဆုံးစွန်ထိ မြင့်တက်လာတော့သည်။

"တကယ့်ကို တစ္ဆေ ရှိနေတာပဲ... တစ္ဆေ ရှိတယ်..."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အခုက နေ့ခင်းကြောင်တောင်ကြီးကို..."

"ပြေးကြ... ပြေးကြ..."

"မီးတုတ်ကို မြှောက်ထားလိုက်... ဒါဆိုရင်များ... အား..."

"သူ ဘယ်မှာလဲ... မိစ္ဆာဝိညာဉ် ဘယ်မှာလဲ..."

ရွှမ်ကျီဂိုဏ်းမှာ ပရမ်းပတာ အခြေအနေတွင် နစ်မွန်းသွားတော့သည်။ စူးရှစွာ အော်ဟစ်သံများ၊ ဟိန်းဟောက်သံများနှင့် ငိုကြွေးသံများက ရောနှောသွားပြီး ထိုနေရာကို အသက်ရှင်လျက် ငရဲကျင်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေ၏။

စည်းမျဉ်းစည်းကမ်းများလည်း ချက်ချင်းပင် ပြိုလဲသွားတော့သည်။

ဖန်ထျန်းရှုက စိတ်အခြေအနေကို ထိန်းညှိရန် ကြိုးစားလိုက်ပြီး လေထဲသို့ ခုန်တက်၍ အမိုးပေါ်သို့ ဆင်းသက်လိုက်သောအခါ ခြေချော်သွားပြီး ပြုတ်ကျသွားမလို ဖြစ်သွားသည်။ သူ ဂုဏ်ယူရသော လက်ရွေးစင် စစ်တပ်ကြီးက ထိတ်လန့်တကြား ထွက်ပြေးနေကြသည်ကို မြင်သောအခါ သူ၏ စိတ်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။ ဒေါသက ကြောက်ရွံ့မှုကို အစားထိုး ဝင်ရောက်လာပြီး ပုံမှန် ပြင်းထန်သော အသွင်သို့ ပြန်လည် ရောက်ရှိသွားစေသည်။

"ရပ်လိုက်ကြစမ်း... ဘယ်သူမှ ရုတ်တရက် မလှုပ်ရှားကြနဲ့... အဲဒီအရာရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ကြ..."

ဖန်ထျန်းရှုက အတွင်းအားများကို စုစည်း၍ ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ့အသံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။

ဖန်ထျန်းရှူ၏ သြဇာလွှမ်းမိုးမှုက ချက်ချင်း ပေါ်လွင်လာပြီး စစ်သားများက ရပ်တန့်ကာ လှည့်ကြည့်လာကြသည်။

စစ်သားများက တစ်ယောက်ပြီးတစ်ယောက် ခါးမှနေ၍ ထက်ပိုင်းပြတ်နေသည်ကို ကြည့်ရင်း တစ္ဆေဘုရင်ကျိမင်ကို မမြင်ရလျှင်ပင် တစ္ဆေဘုရင်ကျိမင်၏ လှုပ်ရှားမှုများကို အကြမ်းဖျင်း ခန့်မှန်းနိုင်ကြသည်။ အနီးအနားတွင် ရှိနေသော စစ်သားများက သူတို့၏ လက်နက်များကို မြှောက်၍ ရှေ့သို့ ဝှေ့ယမ်းလိုက်ကြသည်။

ဖန်ထျန်းရှုက ဓားတစ်လက်ကို ကိုင်ဆောင်၍ တောင်ပေါ်မှ ဆင်းလာသော ကျားတစ်ကောင်ကဲ့သို့ ရှေ့သို့ ပြေးထွက်သွားသည်။

ဤမြောက်ပိုင်းနန်းတွင်း စစ်သူကြီးက ကြောက်ရွံ့မှုကို လုံးဝ ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်ပြီး တစ္ဆေဘုရင်ကျိမင်နှင့်အသေအကျေ တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

အသက်ရှင်နေသူများ မမြင်တွေ့နိုင်သော တစ္ဆေဘုရင်ကျိမင်ကို လီချင်းချိုးကတော့ ရှင်းလင်းစွာ မြင်တွေ့နေရသည်။ တစ္ဆေဘုရင်ကျိမင် က ဖန်ထျန်းရှုကို ပစ်မှတ်ထားလိုက်ပြီး မျက်လုံး သုံးစုံစလုံးက သူ့အပေါ်သို့ စူးစိုက် ကြည့်ရှုနေသည်။

လီချင်းချိုးကမူ တစ္ဆေဘုရင်ကျိမင်က ဖန်ထျန်းရှုကြောင့် ဒေါသထွက်သွားခြင်း မဟုတ်ဘဲ ဖန်ထျန်းရှု၏ သွေးကြောင့် ဆွဲဆောင်ခံလိုက်ရခြင်း ဖြစ်သည်ဟု ယုံကြည်နေသည်။

ဖန်ထျန်းရှုက အောက်သို့ ဆင်းသက်လိုက်သည်နှင့် ဓားသိုင်းများကို ချက်ချင်း ထုတ်သုံးလိုက်သည်။ တိုက်ခိုက်မှုများက ပြင်းထန်သော မုန်တိုင်း တစ်ခုကဲ့သို့ ဖြစ်ပြီး တားဆီး၍ မရနိုင်ချေ။ တစ္ဆေဘုရင်ကျိမင် ကို မမြင်နိုင်သဖြင့် မှန်းဆ၍သာ တိုက်ခိုက်နိုင်ပေသည်။

ဘုန်း...

ဖန်ထျန်းရှုတယောက် နောက်မှ အသံကို ကြားလိုက်ရပြီး နှလုံးသားတခုလုံး တင်းကြပ်သွား၏။ သူ ထပ်၍ မစဉ်းစားနိုင်မီမှာပင် ဓားချီတစ်ခုက သူ့ နားရွက်ကို ပွတ်တိုက်သွားပြီး ပါးပြင်ကို စပ်ဖျဉ်းဖျဉ်း ဖြစ်သွားစေသည်။

ထိုဓားချီက လွင့်ထွက်သွားပြီး မဏ္ဍပ်တစ်ခုကို ရိုက်ခွဲပစ်လိုက်၏။

ဖန်ထျန်းရှုက အလိုအလျောက် နောက်သို့ လှည့်ကြည့်လိုက်ပြီး သူ တစ်ယောက်တည်းသာ မဟုတ်ဘဲ မြောက်ပိုင်းနန်းတွင်းမှ စစ်သားများကလည်း ထိုနည်းတူပင် ပြုလုပ်လိုက်ကြသည်။

ဧရာမ သံလှောင်အိမ်ကြီး တစ်ခု ပွင့်ထွက်သွားပြီး အတွင်း၌ ခြေလက်များ ပြတ်တောက်နေသော ချီလင် တစ်ကောင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။သူတို့ ရောက်ရှိလာချိန်တွင် ထိုချီလင်ဆီကြောင့် ဆွဲဆောင်ခံခဲ့ရသော်လည်း နေရာက အလွန် အန္တရာယ်များနေသဖြင့် သေချာစွာ အနီးကပ် မကြည့်ရဲခဲ့ကြချေ။

သူတို့၏ စောင့်ကြည့်နေသော မျက်လုံးများ အောက်တွင် ချီလင်၏ နောက်မှ အမျိုးသား တစ်ဦး ရုတ်တရက် ထွက်ပေါ်လာလေသည်။

ထိုအမျိုးသားက သိုင်းလောကသား တစ်ဦး၏ ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝါးခမောက်ကို ဆောင်းကာ ဓားရှည် တစ်လက်ကို ကိုင်ဆောင်ထားသည်။ မြောက်ပိုင်းနန်းတွင်းမှ စစ်သားများက သူ့ထံမှ ထွက်ပေါ်နေသော အစွမ်းထက်သည့် အရှိန်အဝါကို ပထမဆုံး အကြိမ် မြင်လိုက်ရုံဖြင့် အာရုံခံမိလိုက်ကြသည်။

တစ်ခဏမျှ ရွှမ်ကျီဂိုဏ်း တစ်ခုလုံး တိတ်ဆိတ်သွားပြီး အကြည့်များ အားလုံးက လီချင်းချိုး ထံသို့ ရောက်ရှိသွားကြသည်။

လီချင်းချိုးက သံလှောင်အိမ် အတွင်းမှ ထွက်လာပြီး ခေါင်းကို အနည်းငယ် မော့လိုက်တော့ ဝါးခမောက် အစွန်းကြောင့် သူ့မျက်နှာက အလွန် မှောင်မိုက်နေပုံ ရသည်။ အကြည့်များက မြောက်ပိုင်းနန်းတွင်းမှ စစ်သားများ အပေါ်သို့ ဖြတ်သန်းသွားပြီးနောက် အပျက်အစီးပုံများ အပေါ်တွင် ကျဆင်းနေသော တစ္ဆေဘုရင်ကျိမင် နှင့် ဆုံတွေ့သွားတော့သည်။

All Chapters