← Chapters

အခန်း (၁၅၄၉-၁၅၅၀)

Vol. 155 Ch. 1549-1550

အခန်း (၁၅၄၉-၁၅၅၀)

Vol. 155 Ch. 1549-1550

အခန်း (၁၅၄၉) - မင်းမသေရင် သူသေရမယ်

​"ဝိညာဥ်သုတ်သင်ခြင်းဌာနက စီရင်စုမှူးအသစ် လွှတ်လိုက်တာလား"

​ဖန့်ချန်၏ စိတ်အာရုံတို့ လှုပ်ခတ်သွားသည်။

​ပြန်စဉ်းစားကြည့်လျှင်လည်း ဒါက ဖြစ်သင့်သည့်ကိစ္စပင်။ အဆုံးစွန်၌ သူသည် ရာထူးမှ ထုတ်ပယ်ခြင်း ခံထားရသူဖြစ်ရာ မြေဝက်ဝံကြယ်ကဲ့သို့ နေရာမျိုးတွင် စီရင်စုမှူးအသစ် တစ်ယောက် အစားထိုးရန် သေချာပေါက် လိုအပ်ပေမည်။

​သို့သော် ဤကိစ္စကို ဖူယွမ်ကျူး သိ၊ မသိကိုမူ သူ မသေချာချေ။

​ဝုန်း

​ထိုစဉ် ရုတ်တရက်ဆိုသလို ကမ္ဘာမြေကြီးတစ်ခုလုံး တုန်ခါသွားပြီး တောင်များပါ ယိုင်နဲ့ကုန်သည်။

​အဘိုးရွှင်၏ မျက်နှာထားမှာ ချက်ချင်းပင် လေးနက်မှောင်မှောင်သွားကာ

"စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ ပြန်လာပြန်ပြီလား"

​"ဝိညာဥ်သုတ်သင်ခြင်းဌာနက လူလား"

​အဘိုးရွှင်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်ရင်း

"သူကလွဲရင် ဘယ်သူရှိဦးမှာလဲ။ အစွမ်းအစ နည်းနည်းရှိတာကို အားကိုးပြီး ဘဝင်မြင့်နေတာ။ အရင်က ဖူယွမ်ကျူးတောင် သူ့ထက် အဆပေါင်းများစွာ ပိုပြီး နှိမ့်ချတတ်သေးတယ်"

​တောရိုင်းကျောင်း၏ အပြင်ဘက်

​ကျင့်ကြံသူ အမြောက်အမြားမှာ ကောင်းကင်ယံကို ခွင်းလျက် ရောက်ရှိလာကြသည်။ ၎င်းတို့အားလုံးမှာ ဌာနခြောက်ခုမှ ကျင့်ကြံသူများ ဖြစ်ကြသည်။

​၎င်းတို့ထဲတွင် တာအိုပေါင်းစပ်ခြင်းအဆင့် ရှိသော ယန်ဆရာ များနှင့် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ရှိသော ရှင်းဆရာ များပင် ပါဝင်နေသည်။

​တောရိုင်းကျောင်း၏ တံခါးကြီးမှာ ပွင့်ဟသွားပြီး ပုံရိပ်တစ်ခုမှာ တံခါးအတွင်းသို့ တစ်ဟုန်ထိုး ဝင်ရောက်လာသည်။ ဘေးဘီဝဲယာတွင် ရှိနေသော ကျင့်ကြံသူများကို လူရှိသည်ဟုပင် မသတ်မှတ်ထားသည့်အလား မောက်မာလွန်းသော ထိုသူ၏ အမူအရာကြောင့် အားလုံးမှာ ဒေါသချောင်းချောင်း ထွက်နေကြသည်။

​ခုနက မြေငလျင်လှုပ်သကဲ့သို့ တုန်ခါသွားသည့် အသံမှာ ထိုသူက ကျောင်းတံခါးကို အတင်းအဓမ္မ ရိုက်ချိုးဖွင့်လိုက်သည့် အသံပင် ဖြစ်သည်။

​"အားလုံးပဲ... ကျုပ်တို့ ပြီးခဲ့တဲ့တစ်ခေါက်က တစ်ခါဆုံဖူးပြီးပြီပဲ။ စိတ်မပူကြပါနဲ့၊ ကျုပ်က ခင်ဗျားတို့ရဲ့ ရန်သူမဟုတ်ပါဘူး"

​လာရောက်သူက ခပ်ပြုံးပြုံး ဆိုလိုက်သည်။

"ကျုပ်က ခင်ဗျားတို့ ကျောင်းအုပ်ကြီးနဲ့ တွေ့ပြီး ဆွေးနွေးစရာ ကိစ္စလေး ရှိလို့ပါ"

​ထိုသူ၏ အသားအရေမှာ ဖြူဝင်းဥနေပြီး မျက်နှာမှာ ဖရုံစေ့ပုံသဏ္ဌာန် သွယ်လျကာ မျက်ဝန်းများမှာလည်း သိန်းငှက်မျက်ဝန်းကဲ့သို့ စူးရှပြီး အလွန်ပင် ချောမောခန့်ညားလှသည်။

​သို့သော် လူအများ၏ အာရုံမှာ သူ၏ ရုပ်ရည်ပေါ်တွင် မဟုတ်ဘဲ သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းပေါ်တွင်သာ ရှိနေသည်။ သူ လမ်းလျှောက်နေစဉ်အတွင်း သူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော မသေမျိုးစွမ်းအင် များမှာ အလွန်ပင် သိပ်သည်းလှပြီး လူတိုင်းကို ဖိအားပေးနေသည်။ လူတိုင်း၏ စိတ်ထဲတွင် ကျောင်းအုပ်ကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေသည်။

​"ဧည့်သည်ဆိုတာ ဧည့်သည်လို နေရတယ်ဆိုတဲ့ အသိတရား တကယ်ပဲ မရှိဘူး ထင်တယ်"

​"အိမ်ရှင်က တံခါးမဖွင့်ပေးသေးခင်မှာ ဧည့်သည်က ဘယ်လိုလုပ် တံခါးကို အတင်းဖွင့်ပြီး ကျူးကျော်ဝင်ရောက်လာရတာလဲ"

​အသံက အရင်ရောက်လာပြီးနောက် ပုံရိပ်တစ်ခုမှာ ကောင်းကင်ယံမှ ဆင်းသက်လာကာ လူတိုင်း၏ ရှေ့တွင် ရပ်တန့်လိုက်သည်။ ထိုသူမှာ တောင်ကြီးတစ်လုံးကဲ့သို့ ခိုင်ခံ့ထည်ဝါသော ကိုယ်ဟန်ရှိသည့် တိုက်ခိုက်ရေးဌာန မှ ဆရာလွီပင် ဖြစ်သည်။

​အနီးနားရှိ ဌာနခြောက်ခုမှ ကျင့်ကြံသူများသည် ဆရာလွီ ရောက်ရှိလာသည်ကို မြင်သောအခါမှ စိတ်သက်သာရာရသွားကြသည်။

​မကြာသေးမီနှစ်များအတွင်း ဆရာလွီသည် ကျင့်ကြံခြင်းတွင် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားပြီး မကြာမီ ဂုဏ်းချုပ်အဆင့် သို့ ရောက်ရှိတော့မည်ဟု သတင်းများ ထွက်ပေါ်နေသည်။ နောင်တစ်ချိန်တွင် တောရိုင်းကျောင်း၏ ကျောင်းအုပ်ရာထူးကို ဆရာလွီက ဆက်ခံရန် အလားအလာ အရှိဆုံး ဖြစ်သည်။

​"လွီလေး... မင်းက မသေမျိုးအဆင့်ကို မရောက်သေးဘူး၊ ငါ မင်းနဲ့ စကားမပြောချင်ဘူး။ ငါ့ကို မင်းတို့ ကျောင်းအုပ်ဆီပဲ ခေါ်သွားပေးပါ"

​လာရောက်သူသည် လမ်းဘေးရှိ ပန်းခင်းထဲမှ လှပသော ပန်းတစ်ပွင့်ကို ခူးယူလိုက်ပြီး အသာအယာ နမ်းရှိုက်ကာ သက်ပြင်းချလျက် ဆိုလိုက်သည်။

​"ပွင့်တုန်းခူးမှ ပန်းဦးရ၊ ပန်းပွင့်ချိန်လွန်မှ ကိုင်းဖျားမှာ ပန်းမဲ့ရရုံပဲ ရှိတော့မှာပေါ့"

​ဆရာလွီ၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် အဘိုးရွှင်ကို လှမ်းမခေါ်ဘဲ လေသံမာမာဖြင့် ဆိုလိုက်သည်။

​"ဒီပန်းကို ရှင်ယူသွားနိုင်ပါတယ်၊ ဒါပေမဲ့ ကျေးဇူးပြုပြီး အခုချက်ချင်း ထွက်သွားပေးပါ။ တောရိုင်းကျောင်းဆိုတာ ဒီလောကနဲ့ သီးခြားရပ်တည်နေတဲ့ နေရာဖြစ်တဲ့အတွက် တောရိုင်းကျောင်းက ကျင့်ကြံသူ မဟုတ်ရင် အတင်းဝင်လာခွင့် မရှိဘူး"

​"သီးခြားရပ်တည်တယ်၊ လောကီအညစ်အကြေး ကင်းစင်တယ်ဆိုတာ မြင့်မားတဲ့ နေရာတစ်ခုကို ရောက်နေလို့ပါ"

​လာသူက လေသံအေးအေးဖြင့် ဆက်ပြောသည်။

"မြေဝက်ဝံကြယ်မှာ ရှိတဲ့ အင်အားစုအားလုံးက ခင်ဗျားတို့ တောရိုင်းကျောင်းကို မယှဉ်နိုင်ကြဘူး၊ အဲဒါကြောင့် ခင်ဗျားတို့ရဲ့ အဆင့်အတန်းက အထွတ်အထိပ်မှာ ရှိနေတာ။ ဒါပေမဲ့ ဒီလို အဆင့်အတန်းမျိုး ရထားမှတော့ တာဝန်အချို့ကိုလည်း ထမ်းဆောင်သင့်တယ် မဟုတ်ဘူးလား"

​"အရင်က ဝိညာဥ်သုတ်သင်ခြင်းဌာနဟာ ဘယ်သူ့ကိုမှ အတင်းအကျပ် မလုပ်ခဲ့ဘူး"

​ဆရာလွီက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး

"ဘာဖြစ်လို့ ရှင် ရောက်လာမှပဲ ကျွန်မတို့ တောရိုင်းကျောင်းကို ရှင့်ရဲ့ ဝိညာဥ်သုတ်သင်ခြင်းဌာနအောက် ဝင်ဖို့ အတင်းအကျပ် ဖိအားပေးနေရတာလဲ"

​"အဲဒါက အရင်စီရင်စုမှူးက လုပ်ပုံလုပ်နည်း အရမ်းနူးညံ့လွန်းလို့လေ၊ အခုတော့ ကျုပ် ရောက်လာပြီ"

​လာရောက်သူက ခပ်ပြုံးပြုံး ဆိုလိုက်သော်လည်း သူ၏ အသံမှာ အေးစက်စက်ရှိလှသည်။

​"အရာအားလုံး ပြောင်းလဲရမယ်၊ ကျုပ်တို့လည်း ပြောင်းလဲရမယ်၊ ခင်ဗျားတို့လည်း ပြောင်းလဲရမယ်။ လမ်းစဉ်တူသူ အသက်ရှင်မယ်၊ လမ်းစဉ်ခြားသူ သေရမယ်။ ဒီစကားကို ပြီးခဲ့တဲ့တစ်ခေါက်က ခင်ဗျားတို့ ကျောင်းအုပ်ကို ကျုပ် ပြောခဲ့ပြီးသား"

​"ဒါပေမဲ့ သူက ဒေါသအရမ်းကြီးပြီး ကျုပ်ကို တိုက်ထုတ်လိုက်တယ်၊ အဖြေလည်း မပေးခဲ့ဘူး။ အဲဒါကြောင့် ဒီနေ့ ကျုပ် တစ်ခေါက် ပြန်လာတာ"

​လမ်းစဉ်မတူသူ သေရမယ်

​လူတိုင်း၏ မျက်နှာထားများမှာ ပိုမိုလေးနက် တင်းမာလာကြသည်။ ဤသည်မှာ လူသိရှင်ကြား ခြိမ်းခြောက်နေခြင်းပင် ဖြစ်သည်။ ဝိညာဥ်သုတ်သင်ခြင်းဌာနထဲ မဝင်လျှင် သေရမည်ဟု ဆိုလိုခြင်းလော။ လောကကြီးတွင် ထိုသို့သော တရားမျှတမှုမျိုး ဘယ်မှာရှိသနည်း။

​"ဒီနေရာမှာ ဝိညာဉ်နတ်ဘုရားဂိုဏ်းက လုံးဝ ရှုံးနိမ့်သွားပြီပဲ။ ရှင့်ရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းနဲ့တင် ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို ရှင်းလင်းလို့ ရနေတာပဲကို၊ ဘာလို့ ဒီလောက်အထိ အနိုင်ကျင့်နေရတာလဲ"

ဆရာလွီက အံကြိတ်ကာ ဆိုလိုက်သည်။

​ထိုအချိန်တွင် အခြားသော ဆရာများလည်း ရောက်ရှိလာကြသည်။

​ဆေးဌာနနှင့် ကျင့်စဉ်ဌာနတို့မှ ဆရာအသစ်များမှာ မကြာသေးမီကမှ ရာထူးတက်လာသူများ ဖြစ်သဖြင့် ကျန်သူများထက် ကျင့်ကြံခြင်း အားနည်းသော်လည်း မသေမျိုးဘုရင် အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။

​သို့သော်...တက်လှမ်းခြင်းအဆင့် နှင့် မသေမျိုးအဆင့်ကြားတွင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားချက် ရှိနေဆဲပင်။ ဆရာ ၆ ဦးလုံး စုံလင်သွားသော်လည်း လာရောက်သူ၏ တည်ငြိမ်မှုကို အနည်းငယ်မျှပင် မလှုပ်ခတ်နိုင်ချေ။

​"ကြီးကျယ်တဲ့ ကိစ္စတွေကို လုပ်မယ့်သူဟာ အခုလက်ရှိကိုပဲ ကြည့်လို့မရဘူး၊ အနာဂတ်ကိုပါ ကြည့်ရမယ်"

​လာသူက ရှင်းပြသည်။

"ကျုပ်က အနာဂတ်အတွက် စီစဉ်နေတာပါ။ ခင်ဗျားတို့အားလုံး ကျုပ်နဲ့အတူ လက်တွဲပြီး ဒီလောကက သတ္တဝါတွေအတွက် အင်အားစိုက်ထုတ်ပေးကြဖို့ မျှော်လင့်ပါတယ်"

​"ပြောတော့ အလွန်ကောင်းတာပဲ၊ တကယ်တော့ ရာထူးတက်ဖို့ စွမ်းဆောင်ရည်ပြချင်လို့ မဟုတ်လား။ ဒီလို ဝေးလံခေါင်သီတဲ့ အရပ်ကနေ အမြန်ဆုံး ထွက်ခွာချင်လို့ ဒီလိုတွေ လာလုပ်နေတာမလား"

​အဘိုးရွှင်သည် ဖန့်ချန်နှင့်အတူ ပျံသန်းရောက်ရှိလာပြီး လာသူ၏ ဟန်ဆောင်မျက်နှာဖုံးကို တိုက်ရိုက် ခွာချကာ လှောင်ပြောင်လိုက်သည်။

​"ကျောင်းအုပ်ကြီး"

လူတိုင်းက ချက်ချင်းပင် အရိုအသေ ပေးလိုက်ကြသည်။

​သို့သော် တစ်ချိန်တည်းမှာပင် ကျောင်းအုပ်ကြီး၏ နောက်ကွယ်မှ ပုံရိပ်ကိုလည်း သတိပြုမိသွားကြသည်။

​ဒါက...

​လူအများအပြားမှာ ဝေခွဲမရဖြစ်နေကြသော်လည်း အချို့မှာမူ ချက်ချင်းပင် တုံ့ပြန်မိသွားပြီး ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာသည်။

​ဆရာဖန့်

​ကျောင်းအုပ်ကြီး၏ ဘေးတွင် ရပ်နေနိုင်သူမှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သော ဆရာဖန့်မှလွဲ၍ အခြားသူ မဖြစ်နိုင်ပေ။

​ယခင်အတိုင်းပင် ဖန့်ချန်၏ မျက်နှာမှာ ဝေဝေဝါးဝါး ဖြစ်နေသဖြင့် အပြင်လူများမှာ သူ၏ ရုပ်သွင်အစစ်အမှန်ကို မမြင်နိုင်ကြချေ။ ဆရာလွီတို့ အနည်းငယ်သော သူများသာ ဆရာဖန့်၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို သိကြသည်။

​"ရွှင်မိတ်ဆွေ... ကျုပ်တို့ ပြန်ဆုံကြပြန်ပြီပေါ့"

လာသူက ခပ်ပြုံးပြုံး ဆိုလိုက်သည်။

​"ပြီးခဲ့တဲ့တစ်ခေါက်တုန်းကတော့ မင်း အရှက်တကွဲ ထွက်ပြေးသွားတာလေ၊ ဒီတစ်ခေါက်ကော ဘယ်လိုပုံစံနဲ့ ပြန်သွားဖို့ စိတ်ကူးထားလဲ"

​အဘိုးရွှင်က လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တတ်ရပ်ကာ အေးစက်စွာ ဆိုလိုက်သည်။

"ငါ အရင်က ပြောခဲ့ဖူးတယ်၊ မင်းသာ အကြောင်းမဲ့ ဒီကို ထပ်ပြီး ကျူးကျော်လာရင် ဒီတစ်ခေါက် လွယ်လွယ်နဲ့ ပြန်ရတော့မှာ မဟုတ်ဘူးလို့"

​"ဒီတစ်ခါတော့... ကျုပ် ဘယ်မှ မသွားတော့ဘူး"

​လာသူက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

"ပြီးခဲ့တဲ့တစ်ခေါက်က ပြင်ဆင်မှု မပြည့်စုံလို့ ရွှင်မိတ်ဆွေရဲ့ လက်ထဲမှာ အရှုံးနည်းနည်း ပေးခဲ့ရတာပါ။ ဒါပေမဲ့ ဒီနေ့တော့ မတူတော့ဘူး"

​စကားပြောနေရင်း သူသည် ကြေးပုလင်းငယ်တစ်ခုကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်ပြီး ခုနက ခူးယူလာသော ပန်းကို ထိုပုလင်းထဲသို့ ထည့်လိုက်သည်။ သာမန်အတိုင်း ညှိုးနွမ်းတော့မည့် ပန်းလေးမှာ ကြေးပုလင်းထဲ ရောက်သွားသည်နှင့် ဒုတိယအကြိမ် ပြန်လည် နုပျိုလာသကဲ့သို့ တဖွဲဖွဲ ဝေဆာပွင့်လန်းလာတော့သည်။

​"ဝိညာဉ်ရတနာ လား"

အဘိုးရွှင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

​ထိုကြေးပုလင်းငယ်မှ ဝိညာဉ်ရတနာ၏ အငွေ့အသက် အနည်းငယ်ကို သူ ခံစားလိုက်ရသည်။ ပြီးခဲ့သည့်တစ်ခေါက်က ဤလူကို သူ တိုက်ထုတ်နိုင်ခဲ့ခြင်းမှာ သူ၏လက်ထဲတွင် အနက်ရောင်ထျန်းရှန်းအလံ ရှိနေခြင်းကြောင့်လည်း ပါဝင်သည်။ ထိုသူက အချိန်တိုအတွင်း ဝိညာဉ်ရတနာတစ်ခု ရှာဖွေလာနိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့မိချေ။

​အဘိုးရွှင်၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ လာသူက ပုလင်းကို မြှောက်ပြလျက် ပြုံးလိုက်သည်။

​"ရွှင်မိတ်ဆွေ... ဒီတစ်ခေါက်တော့ ကျုပ်ရဲ့ အနာဂတ် ရည်မှန်းချက်တွေကို သေချာ နားထောင်ပေးမှာလား"

​"ငါက နားမထောင်ဘူးဆိုရင် မင်းက မပြန်တော့ဘူးပေါ့လေ"

အဘိုးရွှင်က အေးစက်စွာ မေးလိုက်သည်။

​"ဟုတ်ပါတယ်၊ မပြန်တော့ဘူး။ ဒါတင်မကသေးဘူး... ဒီနေရာကို မြေဝက်ဝံကြယ်မှာရှိတဲ့ ကျုပ်ရဲ့ အခြေစိုက်စခန်းအဖြစ် သတ်မှတ်မယ်။ ဒီနေရာကနေပြီးတော့ပဲ အရာအားလုံးကို ထိန်းချုပ်ပြီး တစ်လောကလုံးကို ငါ့လက်ခုပ်ထဲ ထည့်မှာပဲ"

​ထိုသူက ခေါင်းညိတ်ပြရင်း ပတ်ဝန်းကျင် အလှအပကို ကြည့်ကာ ကျေနပ်အားရသော မျက်ဝန်းများဖြင့် ဆိုလိုက်သည်။

​"ကြည့်ရတာ မင်း မျက်စိကျနေတာက ဒီနေရာကိုး"

​အဘိုးရွှင်က စကားအရှည်ကြီး မပြောတော့ဘဲ ပြတ်သားစွာ ဆိုလိုက်သည်။

"ဒါဆိုရင်လည်း တိုက်ကြတာပေါ့... တစ်ပွဲလောက် တိုက်လိုက်။ မင်းမသေရင် သူသေရမယ်"

​သူက ဖန့်ချန်ကို လက်ညှိုးထိုးပြလိုက်သည်။

​အားလုံးမှာ မှင်သက် အံ့သြသွားကြသည်။

​"သူလား" လာသူသည်လည်း အံ့သြတကြီးဖြင့် ဖန့်ချန်ကို ကြည့်လိုက်သည်။

​"ဒါပေါ့... သူက ငါ့ကိုယ်စား တိုက်ပေးမှာ။ သူက ငယ်သေးတယ်၊ ငါကတော့ အိုနေပြီ။ မင်းကို ကိုင်တွယ်ဖို့ သူ တစ်ယောက်တည်းနဲ့တင် လုံလောက်ပါတယ်၊ ငါ့ရဲ့ အရိုးအိုတွေကိုတော့ အနားပေးပါရစေဦး"

အဘိုးရွှင်က ခပ်ပြုံးပြုံး ဆိုလိုက်သည်။

​"ခုနကတော့ ကျုပ် သတိမထားမိလိုက်ဘူး။ မင်းကလည်း မသေမျိုးအဆင့်ပဲလား။ မင်းကို ဘယ်လို ခေါ်ရမလဲ"

​လာသူက မျက်မှောင်ကြုတ်လျက် ဖန့်ချန်ကို အသေအချာ အကဲခတ်ကြည့်လိုက်သည်။

သို့သော် ဖန့်ချန်ကို သူ ထိုးဖောက် မမြင်နိုင်သည်ကို သိလိုက်ရသောအခါ သူ၏ မျက်ဝန်းများထဲတွင် စိုးရိမ်တုန်လှုပ်မှု အနည်းငယ် ဝင်လာတော့သည်။

အခန်း (၁၅၅၀) - ငါက လူကြမ်းတစ်ယောက်ပဲ

​"တောရိုင်းကျောင်းက ဆရာဖန့်ပါ"

​ဖန့်ချန်က တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။

​"တကယ်ကြီး ဆရာဖန့်ပဲ"

​တောရိုင်းကျောင်းမှ ကျင့်ကြံသူများမှာ အံ့အားသင့်သွားကြပြီး နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သော ဆရာဖန့် ယနေ့တွင် ရုတ်တရက် ပြန်လည်ပေါ်လာလိမ့်မည်ဟု မထင်ထားကြချေ။

​သို့သော်လည်း... သူတို့၏ အမူအရာများမှာ အနည်းငယ် ထူးဆန်းနေကြသည်။

​တောရိုင်းကျောင်း၏ ဌာနခြောက်ခုမှ ဆရာများသည် မသေမျိုးဘုရင် အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြပြီး၊ ယခုရောက်ရှိနေသော မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်မှာမူ ဂိုဏ်းချုပ်အဆင့် ပုဂ္ဂိုလ်ဖြစ်နေသည်မှာ ထင်ရှားလှသည်။

​ပြီးခဲ့သည့်တစ်ခေါက်က ကျောင်းအုပ်ကြီး၏ တိုက်စစ်အောက်မှ လွတ်မြောက်သွားနိုင်ခဲ့ခြင်းကပင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို သက်သေပြနေပြီဖြစ်သည်။

​မသေမျိုးဘုရင် တစ်ယောက်က ဂိုဏ်းချုပ်အဆင့်ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။

​ဆေးဌာနနှင့် ကျင့်စဉ်ဌာနမှ ဆရာအသစ်များသည် ဖန့်ချန်ကို တစ်ခါမျှ မမြင်ဖူးသဖြင့် ယခုအခါတွင် စူးစမ်းလိုသော မျက်လုံးများဖြင့် အကဲခတ်ကြည့်နေကြသည်။

​"ဆရာ ဟုတ်လား"

​လာရောက်သူက မအောင့်နိုင်ဘဲ ရယ်မောလိုက်သည်။

"တောရိုင်းကျောင်းက ဆရာတွေက တက်လှမ်းခြင်းအဆင့် တွေချည်းပဲလေ၊ ဘာဖြစ်လို့ မင်းကတော့ မသေမျိုးအဆင့် ဖြစ်နေရတာလဲ "

​"တကယ်ကြီးပါလား"

​ဌာနခြောက်ခုမှ ဆရာများနှင့် တောရိုင်းကျောင်းသားများမှာ စိတ်နှလုံး တုန်လှုပ်သွားကြသည်။

​ဤဆရာဖန့်သည် မသေမျိုးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ကျောင်းအုပ်ကြီးက ဝိညာဥ်သုတ်သင်ခြင်းဌာနမှ လူနှင့် ယှဉ်ပြိုင်ရန် သူ့ကို ဘာကြောင့် ရှေ့တန်းတင်ခဲ့သည်ကို နားလည်သွားကြသည်။

​အထူးသဖြင့် ဆရာလွီတို့ အုပ်စုမှာမူ ဆရာဖန့်၏ ရုပ်မှန်ကို သိရှိထားကြသဖြင့် ရင်ထဲမှ အံ့ဩတုန်လှုပ်မှုမှာ ပြောမပြနိုင်လောက်အောင်ပင်။ ဒါက ဘယ်နှစ်နှစ်ပဲ ရှိသေးလို့လဲ ထိုစဉ်က မျိုးဆက်သစ်လူငယ်လေးမှာ ယနေ့တွင် ဤမျှမြင့်မားသော အဆင့်အတန်းအထိ တက်လှမ်းသွားနိုင်ပြီလား မသေမျိုးဘုရင် အဆင့်ရှိသော ကျင့်ကြံသူ အမြောက်အမြားသည် ထိုအဆင့်မှာပင် နှစ်ပေါင်းများစွာ ကြာအောင် ရပ်တန့်နေခဲ့ကြပြီး မသေမျိုးအဆင့်သို့ တစ်ခါမျှ မတက်လှမ်းနိုင်ကြချေ။

​"ဒါက ဘာဆန်းလို့လဲ ဆရာဖန့်က ဌာနခြောက်ခုက ဆရာတွေလို မဟုတ်ဘူးလေ။ မင်း စကားတွေ အရမ်းများနေပြီ၊ တိုက်မှာလား မတိုက်ဘူးလား "

​အဘိုးရွှင်က ခနဲ့သလို လှောင်ပြောင်လိုက်သည်။

​"တကယ်လို့ ကျုပ်က သူ့ကို နိုင်သွားရင် ရွှင်မိတ်ဆွေက ကျုပ်ရဲ့ အကြံပြုချက်ကို သေချာစဉ်းစားပေးမှာလား "

​လာသူက ခဏမျှ စဉ်းစားပြီး မေးလိုက်သည်။

​"ဟားဟားဟား"

​အဘိုးရွှင်က အကျယ်ကြီး ရယ်မောလိုက်ပြီး

"မင်းသာ သူ့ကို နိုင်ရင် နောင်ကို တောရိုင်းကျောင်းက မင်းကိုပဲ ခေါင်းဆောင်အဖြစ် သတ်မှတ်ပေးမယ်"

​"ကောင်းပြီ"

​လာရောက်သူက အားရပါးရ ရယ်မောလိုက်ပြီးနောက် သူ၏ ကိုယ်ပေါ်မှ မသေမျိုးစွမ်းအင်များမှာ ရူးသွပ်စွာ တိုးထွက်လာတော့သည်။

"ဘုံပုလင်းထဲက ရနံ့သာ၊ ပန်းအလှတွေ ဝေဆာလာစေ"

​ခဏချင်းမှာပင် တောရိုင်းကျောင်းအတွင်းရှိ ပန်းပွင့်များသည် ကိုင်းဖျားများမှ ကွာကျလာကာ ထိုကြေးပုလင်းငယ်အတွင်းသို့ အဆက်မပြတ် ဝင်ရောက်သွားကြသည်။

​ကြည်နူးဖွယ်ကောင်းသော ပန်းရနံ့တစ်ခုမှာ ပျံ့နှံ့သွားပြီး ထိုရနံ့ကို ရှူရှိုက်မိသူတိုင်းမှာ မိန်းမောတွေဝေသော အမူအရာများ ဖြစ်ပေါ်လာကြသည်။

​ဆရာလွီတို့မှာ ချက်ချင်းပင် မိမိတို့၏ ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ခုခံသော်လည်း မကြာမီမှာပင် ထိုရနံ့ထဲ၌ နစ်မျောသွားကာ မိမိကိုယ်ကိုယ်ပင် သတိမထားမိတော့ချေ။

​"အောက်တန်းကျတဲ့ နည်းလမ်းတွေပဲ"

​အဘိုးရွှင်က နှာခေါင်းရှုံ့လိုက်ပြီး လက်ကို အသာဝှေ့ယမ်းလိုက်ရာ ဘေးနားရှိ လူအားလုံးကို အဝေးသို့ ပို့ဆောင်ပေးလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် သူတို့ကိုယ်ပေါ်က ပန်းရနံ့တွေကို ဖယ်ရှားပေးလိုက်သည်။

​လူတိုင်း သတိပြန်ဝင်လာကြပြီး မျက်နှာများမှာ ကြောက်လန့်သွားကြသည်။ ခုနက သူတို့သည် ပန်းရနံ့တွေ ပြည့်နှက်နေသော နတ်ဘုံနတ်နန်းထဲသို့ ရောက်သွားသကဲ့သို့ ခံစားခဲ့ရပြီး ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ အကယ်၍ ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူတို့ကို တိုက်ခိုက်ခဲ့လျှင် သူတို့သည် ဘယ်လိုသေသွားသည်ကိုပင် သိလိုက်ကြမည် မဟုတ်ချေ။

​"စိတ်လှည့်စားတဲ့ ဝိညာဉ်ရတနာလား"

​ဖန့်ချန်က ထိုကြေးပုလင်းကို စိတ်ဝင်တစား အကဲခတ်နေပြီး ၎င်း၏ စွမ်းပကားကို ခံစားနေသည်။

​လာရောက်သူက ပုလင်းကို ကိုင်မြှောက်ထားရင်း ဖန့်ချန်ကို ပြုံးစစဖြင့် ကြည့်ကာ

"ဆရာဖန့်... မင်း တိုက်ရိုက်ပဲ အရှုံးပေးလိုက်တာ ပိုကောင်းလိမ့်မယ်။ ငါသာ ဒီရတနာကို အစွမ်းကုန် အသုံးချလိုက်ရင် နောက်ဆုံးမှာ မင်းဟာ ဒီပုလင်းထဲက ပန်းတစ်ပွင့် ဖြစ်သွားပြီး သူ့ရဲ့ အာဟာရပဲ ဖြစ်သွားလိမ့်မယ်"

​"မင်း အစွမ်းကုန် သုံးကြည့်ပါလား"

​ဖန့်ချန်က ပြန်ပြောလိုက်သည်။ လာသူက မျက်မှောင်ကြုတ်သွားပြီး ခေါင်းကို အသာခါလိုက်ကာ

"မြေပုံကို မမြင်သရွေ့တော့ မျက်ရည်မကျဘူးပေါ့လေ။ မင်းမှာ ဝိညာဉ်ရတနာ ရှိရင် အခုပဲ ထုတ်သုံးလိုက်တာ ပိုကောင်းမယ်၊ မဟုတ်ရင် မင်းအတွက် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး"

​စကားဆုံးသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးစွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ ထိုကြေးပုလင်းအတွင်းသို့ အဆက်မပြတ် စီးဝင်သွားတော့သည်။

​နောက်တစ်စက္ကန့်တွင် ဖန့်ချန်သည် ဟင်းလင်းပြင်မှတစ်ဆင့် ထူးခြားသော စွမ်းအားတစ်ခု ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။ သူ၏ ခြေဖမိုး၊ လည်ပင်းနှင့် လက်မောင်းတို့တွင် လှပသော ပန်းကလေးများ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်ထွက်လာသည်။

​ပန်းတစ်ပွင့်စီတိုင်းသည် တောင်ကြီးတစ်လုံးကဲ့သို့ လေးလံလှပြီး သူ့ခန္ဓာကိုယ်ကို ဖိထားသည်။ ထို့ပြင် သူ၏ မသေမျိုးစွမ်းအင်နှင့် ခန္ဓာကိုယ်ကိုလည်း တိုက်စားဝါးမြိုရန် အစဉ်တစိုက် ကြိုးစားနေသည်။

​လာသူက အနိုင်ရရှိတော့မည်ဟု ယုံကြည်ချက်အပြည့်ဖြင့် ပုလင်းထဲမှ ပန်းတစ်ပွင့်ကို ထုတ်ယူကာ နှာခေါင်းနားတွင် ထား၍ သာယာစွာ နမ်းရှိုက်နေသည်။

​"မွှေးလိုက်တာ၊ တကယ်ကို မွှေးတာပဲ။ လောကမှာ ဒီထက်လှတဲ့အရာ မရှိတော့ဘူး"

​"မင်းကတော့ တော်တော်လေး စိတ်ကူးယဉ်တတ်တာပဲ၊ ဒါပေမဲ့... ငါက လူကြမ်းတစ်ယောက်ပဲ၊ ဒါတွေကို ခံစားတတ်တဲ့ အသိဉာဏ် မရှိဘူး"

​ဖန့်ချန်၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး ပြင်းထန်စူးရှသော မသေမျိုးစွမ်းအင်များကြောင့် ပွင့်နေသော ပန်းများမှာ ချက်ချင်းပင် လွင့်စင်ပျက်စီးသွားတော့သည်။

​သူက လက်ကို ဝှေ့ယမ်းလိုက်ရာ

ကြောက်မက်ဖွယ်ကောင်းပြီး ထက်မြက်လှသော ဓားအရှိန်အဝါ သည် ကောင်းကင်နှင့် မြေကြီးကြားရှိ ပန်းရနံ့အားလုံးကို တစ်ခဏချင်းမှာပင် ခုတ်ပိုင်းဖျက်ဆီးပစ်လိုက်သည်။

​"ဒါက..."

​လာသူမှာ လန့်သွားပြီး သူ၏ ကြေးပုလင်းဖြင့် ထိုဓားအရှိန်အဝါကို အလိုအလျောက် ကာကွယ်လိုက်သည်။

​ဒုန်း

​သူ၏ ခြေထောက်နှစ်ဖက်မှာ မြေပြင်ပေါ်တွင် ပေရာချီအောင် ပွတ်တိုက်သွားပြီး မြောင်းကြီးနှစ်ခု ဖြစ်ပေါ်ကျန်ရစ်သည်။ သူ ကိုင်ထားသော ကြေးပုလင်းပေါ်တွင်မူ သေးငယ်သော အက်ကြောင်းတစ်ခု ပေါ်ပေါက်လာတော့သည်။

​"ခဏနေဦး"

​သူသည် ဤတိုက်ပွဲကို ရပ်တန့်ရန် အလိုအလျောက် အော်ဟစ်လိုက်သည်။ ဤသည်မှာ ဘယ်လိုနည်းလမ်းမျိုးလဲ တစ်ကွက်တည်းနှင့် သူ၏ ဝိညာဉ်ရတနာကို ထိခိုက်အောင် လုပ်နိုင်ခဲ့သည်လား။

​နှမြောစရာကောင်းသည်မှာ ဖန့်ချန်က ရပ်တန့်မပေးခဲ့ပေ။

​သူသည် လမ်းလျှောက်နေသည့်အလား အေးအေးဆေးဆေးဖြင့် ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါများကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်လိုက်သည်။

​ထိုဓားအရှိန်အဝါများအောက်တွင် လာရောက်သူသည် ပြန်လည်တိုက်ခိုက်ရန် အင်အားမရှိတော့ဘဲ ခုခံရုံသက်သက်သာ တတ်နိုင်တော့သည်။

​မည်မျှကြာသွားသည်မသိ၊ ကလောင် ခနဲ အသံကြီးနှင့်အတူ

သူ့လက်ထဲက ကြေးပုလင်းမှာ ဓားအရှိန်အဝါကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲအက်ကာ အမှုန့်ဖြစ်သွားတော့သည်။

​သို့သော်ငြားလည်း ဖန့်ချန်က လက်မနှေးခဲ့ပေ။

​ဓားအရှိန်အဝါများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက် ကျရောက်နေဆဲပင်။

​လာရောက်သူ၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်ကုန်သည်။

သူ၏ ဝတ်ရုံများမှာလည်း အစုတ်စုတ်အပြတ်ပြတ် ဖြစ်သွားသည်။

​အစမှအဆုံးတိုင် သူ၏ တိုက်စစ်များသည် ထိုဓားအရှိန်အဝါများရှေ့တွင် ကျားရှေ့ရောက်သော သိုးငယ်ကဲ့သို့ပင် မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိခဲ့ချေ။

​ဆရာလွီနှင့် အခြားသူများမှာ ဤမြင်ကွင်းကို ကြည့်ရင်း မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေကြသည်။

အဘိုးရွှင်ကမူ မုတ်ဆိတ်ကို သပ်ရင်း ခပ်ပြုံးပြုံးဖြင့်

​"ဓားကျင့်ကြံသူ ဆိုတာ အဆင့်တူတွေထဲမှာ ပြိုင်ဘက်ကင်းလို့ ခေါ်ကြတာ။ ဒီကောင်လေးကတော့ ပြိုင်ဘက်ကင်းတွေထဲမှာမှ ပြိုင်ဘက်ကင်းပဲ"

​"မတိုက်တော့ဘူး ကျုပ် အရှုံးပေးတယ်"

​လာသူသည် ဆံပင်ဖရိုဖရဲဖြင့် အတွင်းခံဘောင်းဘီတစ်ထည်သာ ကျန်တော့သည့်အထိ အခြေအနေ ဆိုးရွားနေပြီး မသေမျိုးစွမ်းအင်များကို ရပ်တန့်ကာ ပြတ်ပြတ်သားသား အရှုံးပေးလိုက်သည်။

​တစ်ဖက်လူသည် အစမှအဆုံးတိုင် သူ့ကို ကစားနေခြင်းသာဖြစ်ပြီး အစွမ်းကုန် ထုတ်မသုံးခဲ့သည်ကို သူ သတိထားမိသွားသည်။ ဤအသိကပင် သူ့ကို အဆုံးစွန်ထိ စိတ်ပျက်အားလျော့သွားစေသည်။

​သူသည် ဝိညာဉ်ရတနာတစ်ခုကို ကိုင်ဆောင်ပြီး လာခဲ့ခြင်းမှာ ပြီးခဲ့သည့်တစ်ခေါက်ကကဲ့သို့ တောရိုင်းကျောင်း အုပ်ကြီး၏ တိုက်ထုတ်ခြင်းကို မခံရစေရန် ဖြစ်သည်။

ယခုမူ သူသည် ကြောက်စရာကောင်းသော နတ်ဆိုးတစ်ယောက်နှင့် တိုးနေလိမ့်မည်ဟု ထင်မထားခဲ့မိချေ။ တစ်ဖက်လူ၏ နည်းလမ်းများသည် တောရိုင်းကျောင်းအုပ်ကြီးထက် များစွာ ပိုမိုမြင့်မားလှသည်။

လူတစ်ယောက်၏ စွမ်းအားဖြင့် ဝိညာဉ်ရတနာကို ဖျက်ဆီးနိုင်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။

​"တကယ်ကြီး မတိုက်တော့ဘူးလား"

​ဖန့်ချန်က သက်ပြင်းချလိုက်သည်။

"ငါ မင်းရဲ့ ဝိညာဉ်ရတနာကို ဖျက်ဆီးလိုက်ပြီဆိုတော့ ငါတို့ကြားမှာ ရန်ငြိုးကြီးကြီးမားမား ဖြစ်သွားပြီပေါ့"

​"မတိုက်တော့ပါဘူး၊ ဒီဝိညာဉ်ရတနာက ကျုပ်ဟာ မဟုတ်ပါဘူး၊ ငှားလာတာပါ"

​တစ်ဖက်လူက ခေါင်းခါပြသည်။

​"ဒါပေမဲ့..."

​ဖန့်ချန်က ပန်းတွေ မရှိတော့ဘဲ ကတုံးဖြစ်သွားသော တောင်ကုန်းများကို ကြည့်လိုက်သည်။

​"မင်း ဒီနေရာက ပန်းတွေ မြက်တွေကို ဖျက်ဆီးလိုက်တာ... ဒီအကြွေးကိုတော့ အသက်နဲ့ ပေးဆပ်ရမှာ မဟုတ်လား"

​"ဟင်"

​လာသူမှာ အသက်ရှူပင် မှားသွားသည်။

"ပန်းလေး နည်းနည်း ဖျက်ဆီးမိတာကို အသက်နဲ့ ပေးရမယ် ဟုတ်လား"

​သူသည် ချက်ချင်းပင် တုံ့ပြန်လိုက်ကာ

"ကျုပ် ဒီနေရာမှာ ပန်းတွေ အကုန်လုံး ပြန်စိုက်ပေးပါ့မယ်၊ အပြစ်ပေးတဲ့အနေနဲ့ပေါ့"

​ဖန့်ချန်က ဘာမှ ပြန်မပြောဘဲ "မင်းက ဟွမ် မျိုးရိုး မဟုတ်လား"

​ဟွမ်လုံချွဲမှာ အလန့်တကြား ဖြစ်သွားသည်။

"မင်း ဘယ်လိုသိတာလဲ... မင်းက ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူလား "

သူ၏ မျက်နှာထားမှာ အလွန်ပင် တင်းမာသွားသည်။

​"ဟွမ်ချင်းကျွဲက မင်းရဲ့ ဘာတော်လဲ"

ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။

​"မင်း ငါ့ဝမ်းကွဲအစ်ကိုကို သိတာလား"

ဟွမ်လုံချွဲမှာ ပို၍ပင် အံ့သြသွားသည်။

​"သိတာပေါ့၊ မင်းအစ်ကိုက တစ်ချိန်တုန်းက ရှဲ့ကျစ် ကို တည်ထောင်ခဲ့တဲ့သူပဲ။ သူက ရည်မှန်းချက် အလွန်ကြီးသလို မင်းလိုမျိုး အကြောင်းပြချက်မရှိဘဲ အနိုင်ကျင့်တတ်သူ မဟုတ်ဘူး။ လူမှုရေး ပေါင်းသင်းဆက်ဆံရေးမှာတော့ မင်းထက် အဆပေါင်း ရာနဲ့ချီ၊ ထောင်နဲ့ချီ သာလွန်တယ်"

​ဖန့်ချန်က အေးစက်စွာ ဆက်ပြောသည်။

"မင်း ဒီကို ရောက်လာတာ ဘာမှ မလုပ်ဘဲ နေရင်လည်း ရရဲ့သားနဲ့ ဘာလို့ ဒေသခံ အင်အားစုတွေကို လက်အောက်ခံဖြစ်ဖို့ အတင်းအကျပ် ဖိအားပေးနေရတာလဲ ဒီလုပ်ရပ်က ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေနဲ့ ဘာကွာလို့လဲ ဒါမှမဟုတ် ရှဲ့ကျစ် ပျက်ပြယ်သွားပြီးတဲ့နောက်မှာ မင်းတို့ ဝိညာဥ်သုတ်သင်ခြင်းဌာနက ကျင့်ကြံသူတွေဟာ ကိုယ်လုပ်ချင်တာကို လုပ်လို့ရပြီလို့ ထင်နေကြတာလား"

​"ရှဲ့ကျစ် ပျက်ပြယ်သွားတာကိုတောင် သိတယ်... မင်းက ရှဲ့ကျစ်ရဲ့ အဖွဲ့ဝင်ဟောင်းလား "

​ဟွမ်လုံချွဲ၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ရုတ်တရက် ဖြတ်ပြေးသွားသည်။

ဟွမ်ချင်းကျွဲ တည်ထောင်ခဲ့သော ရှဲ့ကျစ် အဖွဲ့ဝင်များ၏ စရိုက်ကို သူ ကောင်းကောင်း သိထားသည်။

ထိုသူများသည် တစ်ဖက်လူ၏ နောက်ခံကို ဂရုစိုက်မည် မဟုတ်ဘဲ ဘာကိုမှ မကြောက်မရွံ့ဘဲ မိမိတို့ ထင်ရာကို ဇွတ်လုပ်တတ်သည့် သူများသာ ဖြစ်ကြသည် မဟုတ်ပါလား။

All Chapters