← Chapters

အခန်း (၂၁၈)

Vol. 19 Ch. 218

အခန်း (၂၁၈)

Vol. 19 Ch. 218

"ဘယ်လိုလက်တွဲဖော်မျိုးကို နင်ရှာတွေ့ထားလဲ?"

ချင်းရို့ သူမနှင့် စကားစမြည်ပြောနေရင်း သာမန်ကာလျှံကာမေးလိုက်၏။ အရင်တုန်းက အနုပညာအဖွဲ့ရှိလူတစ်ချို့ ဘာတွေလုပ်နေကြသလဲဆိုတာကိုလည်း ထန်ရွေ့ပိုင်နှုတ်ကနေ သိချင်မိပါသေးရဲ့။

ထန်ရွေ့ပိုင် ရှက်ပြုံးလေးဖြင့် "သူက လင်းချန်ရန်ပဲ"

ချင်းရို့ အံ့အားသင့်သွားရလျက်။ "လင်းချန်ရန်လား။ သတင်းထောက်လင်းပေါ့?"

"ဟုတ်တယ်၊ သူပဲ" ချင်းရို့ရဲ့ အံ့အားသင့်နေတဲ့အမူအရာကို မြင်လိုက်ရသောအခါ ထန်ရွေ့ပိုင် အလွန်ဂုဏ်ယူသလိုခံစားခဲ့ရသည်။ သူမကိုယ်၌လည်း သတင်းထောက်လင်းနှင့်အတူရှိသွားလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ပေ။

ချင်းရို့: "…"

သူမအိမ်ထောင်ကျပြီး ထွက်သွားကတည်းက အနုပညာအဖွဲ့မှာ ဘာတွေဖြစ်သွားခဲ့တာလဲလို့? သူမက ချောမောလှပတဲ့ ညုတုတုအမြောက်စာအမျိုးသမီးဇာတ်ပို့ဖြစ်သော်ငြား ထိုဇာတ်ညွှန်းမှ ထွက်ပြေးလာခဲ့သည်လေ။ ရလဒ်အနေဖြင့် မူလအမျိုးသားဇာတ်လိုက် လင်းချန်ရန်နှင့် မူလအမျိုးသမီးဇာတ်ပို့ ထန်ရွေ့ပိုင်တို့က အတူတူရှိသွားခဲ့ကြတယ်ပေါ့။

- ဒါဆို ဇာတ်လိုက်မ ရွှယ်ထင်ထင်ကရော ဘယ်လိုဖြစ်သွားတာတုန်း?

ချင်းရို့က ရွှယ်ထင်ထင်အကြောင်း မတွေးခဲ့မိတာ တော်တော်ကြာခဲ့ပါပြီ။ ဘာပဲပြောပြော ကမ္ဘာခြားသွားခဲ့ပြီပဲလေ။ သူမရဲ့ ဇာတ်လိုက်မရောင်ဝါ ဘယ်လောက်ပဲအားကောင်းနေပါစေ၊ သူမကိုပြဿနာရှာဖို့ မြစ်တွေတောင်တွေထောင်ပေါင်းများစွာကို ဖြတ်ပြီး လာမှမလာနိုင်ဘဲဟာ။

ဒီလျောင်ထင်ထင်က လင်းမင်ဟွေ့ကို အရမ်းသဘောကျခဲ့ပြီးတော့ နှစ်ပေါင်းများစွာ စွဲလမ်းနေခဲ့တာဆို။ သူမက အချိန်ကူးပြောင်းလာပြီး သူမကိုယ်တိုင်ရေးထားတဲ့ဝတ္ထုရဲ့ ဇာတ်လိုက်မဖြစ်လာသေးတာ။ အမျိုးသားဇာတ်လိုက် လင်းချန်ရန်နှင့် ဘာကြောင့်အတူတူမရှိဖြစ်ခဲ့ကြတာလဲဟ?

ချင်းရို့က မမေးဘဲမနေနိုင်တော့သဖြင့် "ဒါဖြင့် ရွှယ်ထင်ထင်ကရော?"

"အစတုန်းက ရွှယ်ထင်ထင်နဲ့ သတင်းထောက်လင်းတို့ မရေမရာဆက်ဆံရေးရှိတယ်လို့ နင်လဲထင်တာပဲပေါ့? သူတို့မှာ တူညီတာတွေအများကြီးရှိခဲ့တယ်လေ။ အစကတော့ ငါလဲ သူတို့အတူတူရှိသွားကြလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် နောက်တော့..."

ထန်ရွေ့ပိုင်က စကားလုံးတွေစီကာ "သတင်းထောက်လင်းက သူနဲ့ ရွှယ်ထင်ထင်က မသင့်တော်ဘူးထင်တယ်လို့ပြောတယ်။ ရွှယ်ထင်ထင်ကလဲ အနာဂတ်မှာ သူငယ်ချင်းတွေအဖြစ်ပဲရှိကြမယ်လို့ ချန်ရန်ကိုပြောခဲ့တယ်။ ငါနဲ့ ချန်ရန်ကတော့... နင်ထွက်သွားပြီးနောက်မှပါဟယ်။ ချန်ရန်က နင့်အကြောင်း အရမ်းသိချင်နေပုံရတယ်ဟ။ ငါ့မှာ သတင်းအများကြီးရှိမှန်း သူသိတော့ ငါ့ဆီမှာ အခေါက်ခေါက်အခါခါ လာမေးမြန်းသေးတယ်၊ ဒီလိုနဲ့ အချင်းချင်းသိလာကြတယ်ဆိုပါတော့"

"ငါက သတင်းစုံတဲ့လူဆိုတာ နင်လဲသိတာပဲဟာ။ ဒီတော့ ငါလဲ သတင်းထောက်နဲ့ အသင့်တော်ဆုံးလို့ ငါထင်တယ်!! ချန်ရန်နဲ့ ငါ အချင်းချင်း ပံ့ပိုးပေးနိုင်တာပေါ့ဟယ်!"

ချင်းရို့: "…"

ရွှယ်ထင်ထင်က အစစ်အမှန်လင်းမင်ဟွေ့ကိုပဲ နက်နက်ရှိုင်းရှိုင်းချစ်တာကြောင့် အမျိုးသားဇာတ်လိုက် လင်းချန်ရန်ကို တကယ်စွန့်လွှတ်လိုက်တာလား? နောက်ဆုံးမှာ လင်းချန်ရန်ဟာ သူမတကယ်ကြိုက်တဲ့လင်းမင်ဟွေ့မဟုတ်ဘူးလို့ တွေးမိသွားလို့လား...

- ဒါကြီးက ဘယ်လိုခေါင်းမာတဲ့အချစ်ဇာတ်လမ်းမျိုးလဲဟေ။

လက်တွေ့ဘဝက သူမချစ်တဲ့ယောကျ်ားကို အမျိုးသားဇာတ်လိုက်အဖြစ် ရေးသားခဲ့တာလေ။ အခု စာအုပ်ထဲကူးပြောင်းလာတော့မှ စာအုပ်ထဲက အမျိုးသားဇာတ်လိုက်ဟာ တကယ့်လက်တွေ့ဘဝက သူမချစ်တဲ့အမျိုးသားမဟုတ်ကြောင်း တွေ့ရှိသွားလို့များလား။

နောက်ပြီးတော့ ထန်ရွေ့ပိုင်က ဖြတ်လျှောက် 
အမျိုးသမီးဇာတ်ပို့ဇာတ်ညွှန်းကနေ ပြောင်းလဲသွားခဲ့ပြီလား? သူမက စာအုပ်ထဲကအမျိုးသားဇာတ်လိုက်နှင့်အတူတူရှိနေပြီဆိုပဲ။

"ပြောရမယ်ဆိုရင်တော့ ချင်းရို့ရယ် နင့်ကို ကျေးဇူးတင်ရမှာပဲ။ နင်က ငါနဲ့ ချန်ရန်တို့အတွက် အောင်သွယ်သမားပဲဟဲ့!!"

အစပိုင်းတွင် လင်းချန်ရန်သည် ချင်းရို့အကြောင်း သူမအား မေးမြန်းဖို့ သူမဆီလာခဲ့သော်လည်း ထန်ရွေ့ပိုင် အလေးအနက်မထားခဲ့ပေ။ နောက်ပိုင်းတွင် နှစ်ယောက်အတူတူရှိခဲ့ကြပြီးနောက် သူမက ရွှယ်ထင်ထင်ကို မနာလိုဖြစ်နေခဲ့ရပြီး ချင်းရို့ကိုတော့မဖြစ်ခဲ့ဘဲ ထိုအစား ကျေးဇူးပင်တင်နေကာ ချင်းရို့ဟာ သူမနဲ့ ချန်ရန်တို့ကြားက အောင်သွယ်တော်လို့ပဲ ခံစားခဲ့ရလေသည်။

တကယ်တော့ လင်းချန်ရန်က ချင်းရို့ကို စကားနည်းနည်းတောင်မပြောဖူးဘူးလေ။ ချင်းရို့ အိမ်ထောင်ကျပြီး အစောကြီးထွက်သွားတဲ့ဟာ၊ သူမကို ဘယ်လိုလုပ်ပြီးမနာလိုဖြစ်ရမှာတုန်းလို့။

"ဒါကြောင့် ဒီနေ့ နင့်ကိုကျေးဇူးတင်ဖို့ ဒီကိုလာခဲ့တာလေ။ ကျေးဇူးတင်ပါတယ် ရဲဘော်ချင်းရို့ရေ ငါ အရင်က တောင်းပန်စရာကိစ္စလေးတွေရှိခဲ့တယ် ငါ့ကိုခွင့်လွှတ်ပေးနော်" ထန်ရွေ့ပိုင်က သူမအား ကျေးဇူးတင်နေခဲ့သည်။

ချင်းရို့: "…"

သူမတို့ဘေးမှာရှိနေသည့် ကျောက်ကျန်းဟုန်မှာ သူမတို့ပြောနေတာကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားရ၏။ သူက လုယန်ကို လှမ်းကြည့်လိုက်ရင်း သူ့အမူအရာမှာ အနည်းငယ် ထူးဆန်းနေလျက်။

သူက လုယန်ကို တိုးတိုးလေးပြောလိုက်၏။ "ငါ့ကိုပြောစမ်း၊ မင်းတို့လင်မယားကို သူတို့ ဖော်ပြဖို့ ဘာစကားလုံးသုံးကြသလဲလို့? မင်းတို့က အဲဒီ... ကျင်းထိုင်ပင်းရန်လား?"

ကျင်းထိုင်ပင်းရန်ဆိုသည်မှာ ရှေးယခင်က အောင်သွယ်တော်ကို ဆိုလိုခြင်းပင်။

လုယန်: "လစ်စမ်း!"

"လုကော ဒီမှာကလေးတွေရှိတယ်လေ၊ ယဥ်ယဥ်ကျေးကျေးပြောပါ"

ချင်းရို့နှင့် ထန်ရွေ့ပိုင်တို့ ဆက်လက်၍ စကားစမြည်ဆိုနေကြလျက်။ "နင်နဲ့ လင်းချန်ရန်တို့ လက်ထပ်တော့မှာလား?"

"အင်း" ထန်ရွေ့ပိုင် ခေါင်းညိတ်လိုက်သည်။

"ရွှယ်ထင်ထင်နဲ့ တခြားသူတွေ ဘယ်လိုလဲ?"

"တကယ်တော့ ငါ ရွှယ်ထင်ထင်အကြောင်း လုံးဝမပြောချင်ပါဘူးဟယ်။ ပထမတော့ သူမက လင်းချန်ရန်နဲ့ သူငယ်ချင်းပဲဖြစ်ချင်တယ်လို့ ပြောခဲ့ပြီးတော့ဟာ၊ နောက်ပိုင်း ငါ လင်းချန်ရန်နဲ့ ဒိတ်နေပြီလို့လည်းပြောရော သူမက ငါသူမလူကိုခိုးတယ်လို့ ပြောသေးတယ်။ ဟမ့် ... ကောင်းပြီ ထားလိုက်ပါတော့လေ၊ ငါ သူမကို အပြစ်မတင်တော့ပါဘူး၊ သူမလိုမိန်းမက နည်းနည်းတော့ထူးဆန်းတယ်ဟယ်..."

ထန်ရွေ့ပိုင်က ချင်းရို့အနားကပ်ပြီး တိုးတိုးလေးပြောပြလာခဲ့သည်။ "အဲဒါက နင်နဲ့နာမည်ဆင်တူတဲ့ ကျောက်ကျန်းဟုန်ရဲ့ ဇနီးဟောင်းလိုပဲပေါ့။ အစတုန်းက သူမပဲ ကျောက်ကျန်းဟုန်ကို အထင်သေးခဲ့တာမဟုတ်လား၊ အဲဒါကြောင့် ကွာရှင်းလိုက်ရတာလေဟယ်။ အခု သူက တခြားအမျိုးသမီးနဲ့လက်ထပ်မယ်ဆိုမှ သူမက ပြဿနာထပ်ရှာပြန်ရော"

"ကိုယ့်မှာရှိတုန်းက ဘယ်လိုမြတ်နိုးရမှန်းမသိဘဲ တခြားသူတွေကို အခွင့်အရေးပေးခဲ့တာပဲလေ။ ဒါကို ဘယ်သူ့ငွားအပြစ်တင်လို့ရမှာလဲနော်။ လူနှစ်ယောက်က ကံကြမ္မာရှိမှပဲ အတူတူရှိနိုင်မှာပဲလေ"

"ရွှယ်ထင်ထင်လဲ အရမ်းသနားဖို့ကောင်းပါတယ်လေ"

ချင်းရို့: "... ဘာလို့လဲ?"

"ချင်းရို့ရေ နင်မသိဘူးလားဟဲ့၊ ရွှယ်ထင်ထင်ရဲ့ မိသားစုမှာ ထူးဆန်းတဲ့ဆွေမျိုးတွေအများကြီးရှိတယ်လေ၊ သူ့မိသားစုမှာ ပုံမှန်လူတောင်မရှိကြသလိုပဲဟ၊ သူတို့က သူမဆီကိုလာပြီး မကြာခဏဒုက္ခပေးတတ်သေးတာ..."

ချင်းရို့: "…"

ထန်ရွေ့ပိုင် အသေးစိတ်ပြောဖို့ မလိုအပ်ပါပေ။ ချင်းရို့ သူမဘာသာ နားလည်သဘောပေါက်သွားခဲ့သည်။ အမှန်တော့ မူရင်းစာအုပ်ဟာ မျက်မှောက်ခေတ်ကို ခေတ်နောက်ပြန်ဆွဲနေခဲ့သည်လေ။ "စာရေးသူ"က ဇာတ်လိုက်မအနားမှာ နည်းလမ်းအမျိုးမျိုးဖြင့် ဂုတ်သွေးစုပ်လိုသော ဆွေမျိုးသားချင်းများကို စီစဥ်ထားခဲ့​မှန်း ခန့်မှန်းသိနိုင်သည်။ ဤထိပ်တန်းဆွေမျိုးသားချင်းများဟာ သူမကို စိတ်ကုန်သွားစေသည်အထိ တိုက်ခိုက်ကြပေလိမ့်မည်။

သူငယ်​ချင်း​ဟောင်းတစ်​​သိုက် ​သောက်​ကြစားကြ စကားများလိုက်ကြနဲ့ ညစာကို အေးအေးဆေးဆေး ပြီးဆုံးသွားခဲ့သည်။ သူတိူ့အားလုံးပြန်ကြတဲ့အခါ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့က အိပ်ပျော်သွားပြီဖြစ်၍ သူတို့ပါးပါးလုယန်က ချီပိုးကာ အိမ်ပြန်သယ်လာခဲ့သည်။

အားလပ်ရက်များဟာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး လုယန်နှင့် ချင်းရို့တို့လည်း ကလေးသုံးယောက်နှင့်အတူ ပြန်ရတော့မည်ပင်။

"ဖိုးဖိုးဖွားဖွားကို နှုတ်ဆက်လိုက်ပါဦး"

အပြန်လမ်းတွင် ရထားနှင့် သင်္ဘောကို တစ်လှည့်စီပြောင်းစီးနေရဆဲ။ စက်တင်ဘာလကုန်ခါနီးဖြစ်၍ မနက်ပိုင်းနှင့် ညနေပိုင်းများတွင် အနည်းငယ်အေးနေလေပြီ။ အပြန်လမ်းတွင် မတော်တဆမှုတစ်ခု ဖြစ်ခဲ့သည်။ ဖက်ထုပ်လေးက သင်္ဘောပေါ်မှာ အအေးမိသွားခဲ့ပြီး ကျွန်းကို ပြန်ရောက်သည်နဲ့ အဖျားစတင်တက်လာတော့သည်။

"မားမား... သားနေလို့မကောင်းဘူး"

သူတို့အိမ်မှမရှိတာ တစ်လကြာခဲ့လေပြီ။ လီချင့်ဟွားက ခြံဝင်းကို ကြည့်ရှုစောင့်ရှောက်ပေးထားခဲ့ရင်တောင်မှ လွန်ခဲ့တဲ့ရက်အနည်းငယ်က တိုင်ဖွန်းမုန်တိုင်းကြီး ဝင်ရောက်တိုက်ခတ်သွားခဲ့ရာ စပျစ်နွယ်အများအပြား ပြိုလဲသွားခဲ့ပြီး ယခုတော့ ရှုပ်ထွေးနေချေပြီ။

ချင်းရို့ သက်ပြင်းချလိုက်မိလျက်။ သူမ တခြားအရာတွေကို ဂရုမစိုက်နိုင်သေးပါပေ။ အရေးအကြီးဆုံးက ဖက်ထုပ်လေးကို ဂရုစိုက်ရမယ်လေ၊ လုယန်အား အကြီးလေးကျိုးကျိုးရဲ့ အခြေအနေကို ဂရုစိုက်ထားပေးဖို့ ပြောထားခဲ့သည်။ ကလေးနှစ်ယောက် အချင်းချင်းကူးစက်သွားမှာစိုးရတယ်လေနော်။

"ကျိုးကျိုးလေးကို ဖက်ထုပ်လေးဆီက မကူးစေနဲ့နော်"

ကလေးများဟာ ခုခံအားအမြင့်ဆုံးဖြစ်ပြီး အချင်းချင်း အပြန်အလှန်ကူးစက်​မှာကို အကြောက်ဆုံးပင်။

ကံကောင်းထောက်မစွာဖြင့် အငယ်လေးတစ်ဦးတည်းသာ အဖျားရှိခဲ့ပြီး အကြီးလေးက မကူးခဲ့ချေ။

ဖက်ထုပ်လေးရဲ့ မျက်နှာမှာ အဖျားကြောင့် နီရဲနေပြီး ချင်းရို့က သူ့ကို ငှာနဆေးရုံသို့ ခေါ်သွားတဲ့အခါ ဆရာဝန်က အဖျားလျော့ကျစေမဲ့ထိုးဆေးတစ်လုံး ညွှန်ကြားခဲ့သည်။ ဆရာဝန်က ဆေးထိုးပေးစဥ် ချင်းရို့လည်း ကလေးလေးကို အပ်မမြင်စေအောင်လို့ သူမရင်ခွင်ထဲ ပွေ့ဖက်ထားခဲ့သည်။

သို့သော် ဒီကလေးဟာ အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါ အလွန်သတိရှိသူပင်။ သူ့တင်ပါးမှာ အေးစက်သွားသလိုခံစားလိုက်ရသည်နဲ့ အပြင်းအထန် ရုန်းကန်ပါတော့သည်။ "အပ်မလိုချင်ဘူး... ဝူး...ဝူး... "

အဖိခံထားရပြီး ဆေးထိုးခံလိုက်ရတယ်။

"မားမားဆိုးတယ်..."

ကလေးလေး ငိုနေပါတော့သည်။

"လိမ္မာတဲ့ကလေးလေး မငိုနဲ့တော့နော်..." ချင်းရို့ သူ့ကို အချိန်အတော်ကြာချော့မြူပြီးတဲ့နောက် ဖက်ထုပ်လေးက ငိုညည်းနေရင်း နောက်ဆုံးတော့ သူ့အမေရဲ့ ရင်ခွင်ထဲမှာ အိပ်ပျော်သွားလေပြီ။

၂ရက် ၃ရက်ကြာတဲ့အခါ ဖက်ထုပ်လေးရဲ့အဖျားကျသွားခဲ့သလို ဖောင်းကစ်ကစ်ပါးလေးတွေတောင်မှ ပိန်သွားပုံရသည်။ ချင်းရို့လည်း ကိုယ်အလေးချိန်ကျသွားခဲ့ပါသေးရဲ့။

"တိတိလေး လိမ္မာတယ်နော်" ကျိုးကျိုးလေးက သူ့ညီလေးအနားသို့လာကာ ကျောကိုပုတ်ပေးရင်း ညင်ညင်သာသာလေးချော့လိုက်သည်။ အစ်ကိုကြီးရဲ့ လေသံဟာ အရမ်းကိုနူးညံ့ညင်သာနေလေ၏။ ယခုအချိန်တွင် ဖက်ထုပ်လေးက ချောင်းဆိုးနေဆဲ၊ နှာစေးနေဆဲဖြစ်ရာ ချင်းရို့ကတော့ ကလေးနှစ်ယောက်ကို မနီးကပ်စေလိုခဲ့ပေ။

သို့သော် ပုံမှန်ဆို ဆူညံနေတတ်တဲ့ ဒီကလေးနှစ်ယောက်ဟာ ယခုတော့ နက်ရှိုင်းလှတဲ့ညီအကိုဆက်ဆံရေးရှိနေကြကာ တစ်ယောက်နဲ့တစ်ယောက် မခွဲခွာချင်တော့ဘဲ ပူးကပ်ချင်နေကြသည်။

ဖက်ထုပ်လေးမှာ အဖျားတင်ပြီး မသက်မသာဖြစ်နေချိန်တွင် အကြီးလေးကျိုးကျိုးပါ နေမကောင်းသလိုခံစားရပေမဲ့ အဖျားတော့မရှိချေ။ ယင်းမှာ အမြွှာညီအကိုနှစ်​​ယောက်​ကြားက ဆက်နွယ်ခံစားမှုပင်။

ချင်းရို့လည်း အမြွှာအစ်မရှိတဲ့ ယဲ့မင်ရှို့အား မေးကြည့်လိုက်ရာ ယဲ့မင်ရှို့က "အမြွှာတွေက ဒီလိုတွေပါပဲ။ တစ်ယောက်က နာကျင်နေတဲ့အခါ နောက်တစ်ယောက်ကလဲ စိတ်ဓာတ်ကျလာလိမ့်မယ်။ တိုက်ဆိုင်တာလားတော့ ငါလဲ မပြောတတ်ပါဘူးဟာ…"

"နင်တို့ညီအစ်မကြားမှာရော အဲလိုမဖြစ်ဘူးလား?"

"ငါ့အစ်မနဲ့ ငါတော့ အဲလိုမဖြစ်ဖူးပါဘူး။ ဒါပေမယ့် တခြားညီအစ်မတွေမှာတော့ ဖြစ်တယ်လို့ ကြားဖူးလို့လေ။ ငါကျောင်းတက်တုန်းက အမြွှာညီအမနှစ်ယောက်နဲ့ ဆုံခဲ့သေးတယ်"

"အမြွှာတွေနဲ့တွေ့ဆုံဖို့ ဖြစ်နိုင်ခြေက တော်တော်များတာပဲနော်" ချင်းရို့ ငယ်ငယ်တုန်းက အိမ်နီးနားချင်းတွင် အမြွှာညီအစ်မနှစ်ယောက်ရှိပြီး မူလတန်းကျောင်းတက်တုန်းကလည်း အတန်းထဲမှာ အမြွှာညီအစ်မနှစ်ယောက်ရှိတာကို သူမမှတ်မိပေသည်...

သို့သော်လည်း အရမ်းထူးဆန်းလှသည်မှာ အမြွှာညီအစ်မတော်တော်များများကို တွေ့ဖူးပေမယ့် အမြွှာညီအကိုတွေကတော့ ရှားပါးလှပြီး သူမမှတ်ဥာဏ်ကို ရှာဖွေကြည့်ရင်တောင်မှ ရှာမတွေ့ခဲ့ပေ။

ယဲ့မင်ရှို့ အပြုံးလေးနှင့် "တူညီတဲ့အမြွှာတွေက သိပ်မများပါဘူးဟယ်။ ဒါပေမယ့် နင် တစ်ဦး၊ နှစ်ဦးတော့ တွေ့ပါလိမ့်မယ်"

xxx

All Chapters