အခန်း (၂၂၀)
Vol. 19 Ch. 220
၁၉၇၅ခုနှစ် အောက်တိုဘာလတွင် ကျောက်ကျန်းဟုန်နှင့် ယဲ့မင်ရှို့တို့ မိသားစုနေအိမ်ဆီသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ တစ်လအတွင်းမှာပင် ယဲ့မင်ရှို့မှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရ၏။ ဒီဇင်ဘာလ၌ သူမ ဆေးရုံမှာ သွားစစ်ဆေးခဲ့ရာ သူမဆီမှာ ကလေးတစ်ဦးသာရှိကြောင်း အာထရာဆောင်းမှာပေါ်လာခဲ့သည်။
ကျောက်ကျန်းဟုန်: "…"
လုမိသားစုရဲ့ကံကြမ္မာကို သူတကယ်ပဲရရှိသွားခဲ့တယ်လို့ တွေးမိကာ သက်ပြင်းချလိုက်မိ၏။
ယဲ့မင်ရှို့ ကိုယ်ဝန်ရှိလာပြီးနောက်တွင် အလုပ်မသွားတော့ဘဲ မိသားစုခြံဝင်းတွင် အခြေချနေထိုင်ရင်း ခြံကို ပြုစုစောင့်ရှောက်နေခဲ့သည်။ ချင်းရို့က သူမအား စာအုပ်များများဖတ်ရန် အကြံပြုပြီး "ဘာကြောင့်လဲမေးခွန်းရေတစ်သောင်း" စာအုပ်တစ်တွဲကို ဝယ်ဖို့ ပြောထားခဲ့သည်။
"ကလေးတွေက ကိစ္စတွေကို အရင်နားလည်လာကြတဲ့အခါ ဘာကြောင့်လဲလို့ မေးချင်ကြတယ်။ နင် များများကြိုဖတ်ထားပြီး နောက်ကျ ကလေးနဲ့ ဆက်ဆံလို့ရတာပေါ့"
ချင်းရို့သည် ယဲ့မင်ရှို့က ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေဆိုမလား မဖြေဆိုဘူးလားဆိုတာ မသိသေးသော်ငြား သူမအား စာအုပ်တချို့ကို အကြံပြုနေဆဲပင်။ အခု သူမလည်း ဖောင်ဒေးရှင်းကောင်းကောင်းကြိုရှိသင့်တယ်လေ။ ဒါဆို ကောလိပ်ဝင်ခွင့်စာမေးပွဲအကြောင်း သတင်းတွေထွက်လာတဲ့အခါ သူမလည်း ရူပဗေဒနှင့် ဓာတုဗေဒအခြေခံများကို ပြန်လည်သုံးသပ်ရန် လူအုပ်ကြီးအတိုင်းလိုက်လို့ရပြီပေါ့။ ဒီလိုဆို သူမ အမှတ်ကောင်းကောင်းရနိုင်လိမ့်မယ်။
"အိုကေ ငါသေချာကြည့်ထားလိုက်မယ်" ယဲ့မင်ရှို့က အနာဂတ်တွင် သူမကလေးတွေရဲ့ မေးခွန်းတွေကို ဖြေဆိုနိုင်လိမ့်မယ်လို့ တွေးတောနေလျက်၊ သူမ စာအုပ်များကို အလွန်အလေးအနက်ထားပြီး ဖတ်ရှုသလို နေ့တိုင်း စကားလုံးတချို့ရေးသားပြီး ကဗျာများနဲ့ အချစ်စာများကို ကူးယူနေတတ်၏။
သူမတို့လက်ထပ်ပြီးသည့်တိုင် သူမနှင့် ကျောက်ကျန်းဟုန်တို့က စာပေးစာယူအလေ့အထကို ထိန်းသိမ်းထားဆဲပင်။ ကျောက်ကျန်းဟုန် မကြာခဏ အိမ်ပြန်လာလေ့မရှိ၍ ယဲ့မင်ရှို့လည်း ပတ်ဝန်းကျင်ရှိ အမျိုးသမီးများနှင့်သာ အချိန်ပိုဖြုန်းဖြစ်ပေသည်။
၁၉၇၆ခုနှစ် ဇန်နဝါရီလတွင် ချုံကျိုးကျွန်း၏ ရာသီဥတုမှာ အေးလွန်းသည်မဟုတ်၊ ပူလွန်းသည်မဟုတ်ဘဲ အလွန်နေထိုင်လို့ကောင်းလှ၏။ အိမ်မှာ ချင်းရို့စိုက်ပျိုးထားတဲ့ မုန်လာဥနဲ့ အာလူးတွေဟာ အားပါးတရကြီးထွားလာကြကာ ဖေဖော်ဝါရီလ တရုတ်နှစ်သစ်ကူးမတိုင်မီတွင် တစ်သုတ်ကို အရင်ရိတ်သိမ်းလို့ရပေမည်။
စူကာသီးပင်သည်လည်း အထူးဗိုလ်ကျလွန်းလှ၏။ ၄င်းတို့ဟာ pergola ခြံစည်းရိုးပေါ်မှာ မဆင်မခြင်ကြီးထွား ပျံ့နှံ့နေလေပြီ။ ယခုအခါ ၄င်တို့ဟာ ပန်းပွင့်နေပြီဖြစ်ပြီး မကြာခင်မှာ အသီးများသီးတော့မည်ပင်။
ဒန်းဘေးမှာလည်း နှင်းဆီပန်းတွေ ပွင့်ဖူးနေကြလျက်။ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့က ဒန်းလေးပေါ်မှာ ကစားနေကြသည်။
"မားမား လှေကား..."
ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့ဟာ မူကြိုမှာ လျှောစီးရတာကို နှစ်သက်ကြပေမယ့် မူကြိုတွင် ဒန်းနဲ့လျှောတွေကို အပိုင်စီးထားတတ်တဲ့ ကလေးငယ်များစွာရှိ၏။ သူတို့တွေဟာ လျှောစီးဖို့ အလှည့်ကျလုပ်သင့်သော်လည်း ယုတ္တိမတန်တဲ့ကလေးတချို့က လျှောကိုမောင်ပိုင်စီးထားကာ လျှောပေါ်ကနေလုံးဝဆင်းမလာတတ်ကြချေ။
"မားမား သူတို့အရမ်းလွန်တာပဲ!"
"လျှောကိုယူထားကြတယ်"
သူတို့အိမ်ပြန်ရောက်တဲ့အခါ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးက သူတို့အမေကို တိုင်တောပါတော့သည်။
ကျောင်းတွင် အများသူငှာလျှောနှင့်ဒန်းတချို့ရှိပြီး ဆော့ကစားရန် ကိုယ့်အလှည့်ကျဖို့ အချိန်အတော်ကြာတတ်သည်။ လျှောကိုမောင်ပိုင်စီးထားတဲ့ကလေးတချို့နဲ့ဆုံရင် ကစားဖို့တောင် အခွင့်အရေးမရနိုင်တော့ချေ။
ချင်းရို့လည်း ကလေးနှစ်ယောက်အတွက် အိမ်တွင် ကျောင်းမှလျှောထက် ပိုတိုပြီး ဘေးကင်းရိုးရှင်းသော သစ်သားလျှောတစ်ခု ပြုလုပ်ပေးရန် တွေးနေမိလျက်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သူမနှင့် လုယန်တို့၏ လက်သမားအတတ်ကျွမ်းကျင်မှုဟာ လျင်မြန်စွာတိုးတက်လာခဲ့ပြီး ကလေးနှစ်ယောက်အတွက် ခေါက်ထားနိုင်သော လူလုပ်သစ်သားလျှောအရှင်တစ်ခုကို ပြုလုပ်ပေးခဲ့သည်။
လူကြီးတွေအိမ်မှာရှိချိန်တွင် မြက်ခင်းပြင်ပေါ်မှာ လျှောလေးကို ဖွင့်ပေးထားပြီး ကလေးနှစ်ယောက်ကို ဆော့ကစားစေခဲ့သည်။
သူတို့အိမ်မှာရှိတဲ့လျှောကို ကလေးတော်တော်များများ သဘောကျကြ၏။ ကျန်းမိသားစုရဲ့ ကျန်းသွင်းသွင်း၊ လျိုမိသားစုရဲ့ လျိုထျောင့်ထျောင့်နှင့် ဝမ်မိသားစုရဲ့ ဝမ်နျန်နျန်လေးတို့က လျှောကစားဖို့အတွက် သူတို့ရဲ့ခြံဝင်းဆီကို ရောက်လာတတ်ကြသည်။
ဤကလေးငါးယောက်ဟာ အသက်ကွာခြားချက်သိပ်မကြီးလှပေ။ အသက်အကြီးဆုံးက ကျိုးကျိုးဖြစ်ပြီး၊ အငယ်ဆုံးမှာ ဝမ်နျန်နျန်ဖြစ်၏။ ကျိုးကျိုးက နျန်နျန်လေးထက် တစ်နှစ်သာကြီးပါသည်။ ထို့ကြောင့်ပင် ယောက်ျားလေးသုံးယောက်နဲ့ မိန်းကလေးနှစ်ယောက်ဟာ ဆော့ဖော်ဆော့ဖက်ဖြစ်လာကြလေ၏။
ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးက အရပ်အတန်ငယ်မြင့်ကြ၏။ ထို့နောက်တွင်မှ ထျောင့်ထျောင့်၊ သွင်းသွင်းဖြစ်ပြီး အရပ်အပုဆုံးမှာ ဝမ်နျန်နျန်ပင်။
ချင်းရို့က ကလေးတွေကို နံပါတ်စဥ်ရေတွက်ဖို့ တန်းစီခိုင်းပြီး လျှောကိုတစ်လှည့်စီစီးခိုင်းလိုက်သည်။
"ကျိုးကျိုးကနေစပြီး နာမည်တွေပြောကြနော်"
"ကျွန်တော်က လုကျိုးကျိုးပါဗျ"
"လုကျောင်ကျစ်"
"ကျန်းသွင်းသွင်း"
"လျိုထျောင့်ထျောင့်"
"ဝမ်နျန်နျန်..."
နာမည်ကို သတင်းပို့ပြီးနောက်တွင် ဖက်ထုပ်လေးဟာ သူတစ်ယောက်တည်းသာ သူများတွေနဲ့ ကွဲထွက်နေကြောင်း တွေ့ရှိလိုက်ရ၍ သူ့ကိုယ်သူ လက်ညှိုးထိုးလျက် "မားမား သားက ဘာလို့ လုကျောင်ကျောင် မဟုတ်တာလဲဟင်?"
အခြားသူတွေနာမည်ရဲ့ abb formatနှင့် နှိုင်းယှဉ်ပါက သူက ထူးခြားလွန်းနေပြီး ဖက်ထုပ်လေးက သိပ်မကောင်းဘူးလို့ တွေးနေမိ၏။
"သား လုကျောင်ကျောင်ဖြစ်ချင်တယ်" ဖက်ထုပ်လေးက သူငယ်ချင်းတစ်စုနဲ့ ကစားတဲ့အခါ ကွဲထွက်နေမှာကို အကြောက်ဆုံးဖြစ်သောကြောင့် သူ့နာမည်ကိုပြောင်းဖို့ ဆုံးဖြတ်လိုက်သည်။
ကျိုးကျိုး ကျောင်ကျောင် သွင်းသွင်း ထျောင့်ထျောင့် နျန်နျန်... နားထောင်လို့ကောင်းနေရောပဲနော်။
လျိုထျောင့်ထျောင့် ပျော်မြူးစွာဖြင့် "ကျောင်ကျောင်(ဖက်ထုပ်)... ကျောင်ကျောင်(ခြေထောက်) ဟားဟား..." (Note: ကျောင်ကျောင် အသံထွက်တူပေမဲ့ စာလုံးပေါင်းကွဲပါတယ်၊ အဓိပ္ပါယ်လဲကွဲသွားပါတယ်)
သူမလေးက မြက်ခင်းလေးပေါ်မှာထိုင်ကာ ခြေထောက်ကိုပွတ်နေရင်း သူမရဲ့ လက်မဲလေးနဲ့ ညွှန်ပြလျက် "ဟားဟား... လုကျောင်ကျောင်"
"နင့်မှာ ခြေထောက်သေးသေးလေးတွေရှိတာပဲ"
ဖက်ထုပ်လေးက ဒီလိုမြင်ရတဲ့အခါ မပျော်မရွှင်ဖြစ်ပြန်ကာ "ငါက ကျောင်ကျစ် (ဖက်ထုပ်လေး)ပဲ!!"
"မားမား သား လုကျောင်ကျောင်မလုပ်ချင်တော့ဘူး၊ လုကျောင်ကျစ်ပဲနော်!"
ချင်းရို့: "…"
ကလေးများစွာသည် အတူတကွ ဆော့ကစားရန် စုရုံးနေတတ်ကြ၏။ လျိုထျောင့်ထျောင့်ဟာ အသွက်လက်ဆုံးနဲ့ စကားအများဆုံးပင်။ သူမက ကလေးတွေကို အစပြုပြောဆိုခဲ့သည်။
"ငါက ဟွားဟွားမားရဲ့ သမီး ဟွားသော်သော်ပါ။ ပန်းတွေက လှပပြီးနဲ့ ကျက်သရေရှိကြတယ်လေ"
ငယ်စဉ်ကပင် သူမလေးက အရောင်တောက်တောက် ပန်းပွင့်လှလှလေးများကဲ့သို့ သူမနာမည်ကို သဘောကျလေသည်။
တကယ်တော့ လျိုထျောင့်ထျောင့်၏အမည်ရင်းမှာ လျိုယောင်ယောင်ဖြစ်၏။ သူမအား ဇာတာခွင်ကို တွက်ချက်ကြည့်ပြီးနောက် သိပ်မကောင်းကြောင်းသိလိုက်ရတာကြောင့် လီချင့်ဟွားတို့လည်း ဆွေးနွေးတိုင်ပင်လိုက်၏။
"ငါ့ကို ဟွားသော်သော်လို့ခေါ်ကြနော်!"
ကောင်းပြီ၊ တခြားကလေးတွေက ဘာမှငြင်းဆန်ခြင်းမရှိဘဲ သူမလေးအား "ဟွားသော်သော်" လို့ပဲခေါ်ကြသည်။
ဝမ်နျန်နျန် အနည်းငယ်အားကျသလို ခံစားလိုက်ရပြီး "ငါ့ကိုလည်း ဟွားရန့်ရန့်လို့ ခေါ်စေချင်တယ်" လို့ ရှက်ရွံ့စွာ ပြောလိုက်၏။
ဝမ်နျန်နျန်လို ကလေးငယ်များဟာ တခြားကလေးများနှင့် မတူပါပေ။ သူမရဲ့ နာမည်ပြောင်မှာ သူမရဲ့ နာမည်ထဲကပဲဖြစ်ပြီး သူမအား ဝမ်နျန်နျန်လို့ပဲ ခေါ်ပေသည်။
ချင်းရို့: "…"
တစ်ယောက်က ဟွားသော်သော်၊ တစ်ယောက်က ဟွားရန့်ရန့်... ကလေးမလေးတွေရဲ့ ဆန္ဒဟာ အရမ်းရိုးရှင်းလှသည်။ သူတို့မိဘတွေ ရွေးချယ်ထားတဲ့ ကျီရွှင်း၊ ဇီရွှင်းတို့အစား သူတို့လေးတွေက သော်သော် ရန့်ရန့်လို့ ခေါ်ခံချင်နေကြတယ်...
ကလေးမလေးထျောင့်ထျောင့်ဟာ တစ်ယောက်ယောက်က နာမည်ပြောင်းလိုက်ကြောင်း သိလိုက်ရ၍ အလွန်ပျော်မြူးသွားကာ သူမလေးက ဝမ်နျန်နျန်အား နှုတ်ခွန်းဆက်လေ၏။ "မင်္ဂလာပါ ဟွားရန့်ရန့်ရေ"
"ဟွားသော်သော်"
ကျန်းသွင်းသွင်းက သူတို့နှစ်ယောက်ကြား အပြန်အလှန်ဆက်ဆံရေးကိုမြင်ပြီး "ဒါဆို ငါ့ကိုလဲ သွင်းသွင်းလို့ မခေါ်နဲ့တော့၊ ငါက တာ့ချန်ပဲ!!"
"နင်တို့ ငါ့ကို ကျန်းတာ့ချန်လို့ခေါ်နော်"
ချင်းရို့မှာ တံတွေးသီးလုနီးပါးဖြစ်သွားရလျက်။ ကျန်းတာ့ချန် စကားပြောပြီးသွားတဲ့အခါ တခြားကလေးတွေက သူ့ကို ကြည့်လိုက်ကြသည်။
ဖက်ထုပ်လေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့နာမည်ကို တာ့ချန်လို့ပြောင်းရင် abb formatမကျတော့ဘဲ သူ့ရဲ့ကျောင်ကျစ်လိုမျိုးဖြစ်သွားလိမ့်မယ်လို့ တွေးနေမိ၏။ ဒါဆို သူ့မှာ အဖော်ရှိသွားပြီပေါ့နော်။ ထို့ကြောင့် ဖက်ထုပ်လေးက သူ့အား ဝမ်းသာအားရနဲ့ခေါ်လိုက်လေသည်။ "ကျန်းတာ့ချန်!!"
ဖက်ထုပ်လေးက တာ့ချန်လို့ ခေါ်လိုက်ရာ အကိုဖြစ်သူကျိုးကျိုးကလည်း တာ့ချန်လို့ လိုက်ခေါ်ပေးသည်။ ထိုအခါ ကလေးမလေးနှစ်ယောက်လည်း အတူတူခေါ်လိုက်ကြလေ၏။ "ဟယ်လို တာ့ချန်ရေ"
"ငါက တာ့ချန်ပဲ!" ကျန်းသွင်းသွင်းလေးက ဂုဏ်ယူစွာဖြင့် ရင်ဘတ်ကို ပုတ်နေလေသည်။
xxx