အခန်း (၂၂၂)
Vol. 19 Ch. 222
နောက်ဆုံးတွင်မူ ချင်းရို့ ထိုလူအုပ်ကြီးကို ဖယ်ထုတ်ပစ်နိုင်သွားလေပြီ။ ကပ္ပတိန်ရဲ့ဇနီးအဖြစ် အချိန်တော်ကြာနေထိုင်လာပြီးနောက် တခြားသူတွေကို စတင်အောင်သွယ်ပေးရတော့မှာလား။ သူတို့ဇနီးမောင်နှံနှစ်ဦးဟာ ကျင်းထိုင်ပင်းရန်(အောင်သွယ်တော်)ပဲလို့ နောက်ဆုံးအကြိမ်တုန်းက ကျောက်ကျန်းဟုန် ပြောခဲ့တဲ့ဟာသကို ပြန်လည်တွေးမိသွားပြီး ချင်းရို့ ရယ်မောနေမိလျက်။
ဘယ်လိုဖြစ်နိုင်မှာလဲလေ...
လုယန်နှင့် သူမရဲ့ ပရောပရည်လုပ်တဲ့အဆင့်လေးနဲ့ သူမက ခံစားချက်ပိုင်းဆိုင်ရာအကြံပေး ဘယ်လိုဖြစ်နိုင်မှာတုန်းလို့...
လုယန် အိမ်ပြန်ရောက်သောအခါ ချင်းရို့က ပရိုမိုးရှင်းအဖွဲ့ဓာတ်ပုံတစ်ပုံနှင့် ချစ်စရာကလေးငယ်အဖွဲ့ဓာတ်ပုံကို ကိုင်ထားသည်ကိုတွေ့လိုက်ရသည်။ သူမက ဓာတ်ပုံနှစ်ပုံကို လုယန်ရှေ့တွန်းပေးလိုက်ကာ ရဲဘော်လုလည်း သဘောကျသွားခဲ့သည်။
ချင်းရို့ သက်ပြင်းချလိုက်ရင်း သူမရဲ့ လုယန်က အသက်သိပ်မကြီးသေးသလို "ရှောင်ကု"ထက် တစ်နှစ်သာကြီးမှန်း ထင်ရှားနေသော်လည်း လူတိုင်းက လုယန်အား "လောင်လု"လို့ ခေါ်ကြပြီး အိမ်ထောင်မပြုရသေးတဲ့ ကုချန်ကိုတော့ "ရှောင်ကု"လို့ ခေါ်တတ်ကြလေသည်။
"ရဲဘော်လောင်လုရေ ကုချန်က ရှင့်ရဲ့ငယ်သူငယ်ချင်း ဟုတ်တယ်မလား? ကျွန်မကိုပြောပြဦး၊ ရှင်ငယ်ငယ်တုန်းက ဒီလိုဓါတ်ပုံတွေ ရိုက်ဖူးလားဟင်? ကြည့်လေ ဒီနှစ်ပုံအတူတူထားလိုက်တော့ ဆန့်ကျင်ဘက်ခံစားချက်ရနေတာ မြင်လားလို့?"
ချင်းရို့ ဓာတ်ပုံနှစ်ပုံကိုကြည့်ရန် ခေါင်းကိုဆန့်ထုတ်လိုက်၏။ တစ်ပုံမှာ စစ်ယူနီဖောင်းဝတ်ထားပြီး ခြေတံရှည်ရှည်ကိုပြသနေလျက်၊ နောက်တစ်ပုံကတော့ ချစ်စရာကလေးငယ်၏ ခြေတံတိုတိုလေးတွေပင်။ ပို၍ရှားပါးသည်မှာ: ပထမဓာတ်ပုံမှ ခေါင်းဆောင်ရဲ့ ခြေတံရှည်တွေဟာ ဒုတိယဓာတ်ပုံထဲက ခေါင်းဆောင်လေးရဲ့ ခြေတံတိုတိုလေးတွေနဲ့ အလွန်ဆင်တူနေလေရဲ့။
လုယန် ငယ်ဘဝဓာတ်ပုံအလား...
"မဟုတ်ဘူး" လုယန်က သူ့သားနှစ်ယောက်ရဲ့ ရယ်စရာကောင်းတဲ့ဓာတ်ပုံကို ယူကြည့်လိုက်ပြီး "ကိုယ် ငယ်ငယ်တုန်းက သားတွေနဲ့ မတူဘူး၊ ကိုယ် ဓာတ်ပုံသိပ်မရိုက်ခဲ့ရဘူးလေ"
"ဒီကလေးနှစ်ယောက်က မင်းလိုအမေရှိလို့ သိပ်ကံကောင်းတာပဲကွာ" သူတို့ ကြီးပြင်းလာကြတဲ့အခါ သူတို့ရဲ့ ငယ်ဘဝဓာတ်ပုံတွေကို ပြန်ကြည့်ရရင်တော့... တကယ့်ကို ဆုတ်ဖြဲချင်နေမိမှာပဲ။
"ဒါက ကျွန်မတို့ကလေးတွေရဲ့ ငယ်ဘဝအမှတ်တရပါပဲလေ" ချင်းရို့က ဤဓာတ်ပုံတစ်ပုံတည်းကို တစ်ဒါဇင်လောက်ကူးထားပြီး နောင်ဆယ်စုနှစ်များစွာ ထိန်းသိမ်းထားရန် ရည်မှန်းထားလေသည်။
"ကုချန်က ကျွန်မတို့အိမ်မှာ ညစာလာစားချင်လား? အခု မိသားစုခြံဝင်းက ညီအစ်မတွေအားလုံး သူ့ကို မျက်စိကျနေကြတယ်နော်။ မိသားသုတစ်ခုစီတိုင်းကပါပဲ... လျိုမိသားစုက လျိုရှောင်းယွီဆို မကြာသေးခင်က ကျွန်မအပေါ် သူ့ရဲ့အပြုအမူပြောင်းလာတယ်လေ... ကျွန်မကို ကိတ်မုန့်တစ်ပိုင်းလို ကြည့်ကြည့်နေကြတာနော်..."
အကြောင်းသည်ကား ငယ်ရွယ်ပြီး ချောမောခန့်ညားတဲ့ အမျိုးသားအရာရှိလူငယ်က သူမခင်ပွန်းဘက်ကို ပြောင်းရွှေ့လာ၍ပင်။ မိသားစုခြံဝင်းရှိ ချင်းရို့ရဲ့ ကျော်ကြားမှုလည်း မြင့်တက်လာတော့သည်။ အမျိုးသမီးသူနာပြုများ၊ ဆေးဝန်ထမ်းအဖွဲ့ဝင်များနှင့် အနုပညာအဖွဲ့ရှိ မိန်းကလေးများက သူမနှင့် ဆက်ဆံရေးကောင်းလိုကြသည်။
"သူမလာတော့ဘူးပြောတယ်။ သူ့အလုပ်သူရှုပ်နေပြီလေ" လုယန်က သူ့ဇနီးလေးရဲ့ ခါးကို ပွေ့ဖက်လိုက်ကာ နွေးထွေးမွှေးကြိုင်နေပြီး ပျော်ရွှင်မှုကို ခံစားနေခဲ့သည်။ သူက ကုချန်လိုအလုပ်ရူးအကြောင်းပြောဖို့ စိတ်မဝင်စားပေ။
"သူအိမ်ထောင်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ကိုယ်တို့ကိစ္စမဟုတ်ပါဘူးကွာ။ စိုးရိမ်ရမှာ သူ့မိသားစုပဲလေ"
လုယန်က သူမမျက်နှာလေးကို နမ်းလိုက်ပြီး "ကျော်ကြားသူလေးဖြစ်ရတာ ကောင်းတယ်မဟုတ်ဘူးလား?"
"အခုပဲ လတ်လတ်ဆတ်ဆတ်ပူပူနွေးနွေးအသားတုံးလေးပါပဲကွာ" ရဲဘော်ရှောင်ကုက အလုပ်တွင်သာ စိတ်အားထက်သန်ပြီး လက်တွဲဖော်မရှာချင်သူပေ။
လူတိုင်းရဲ့ တက်ကြွမှုတွေ ကုန်ဆုံးသွားတဲ့အခါ နဂိုအခြေအနေအတိုင်း ပြန်ဖြစ်သွားမှာပါပဲ။
....
"ကုချန်က ပြောင်းရွှေ့သွားပြီလား?"
ရွှယ်ထင်ထင် ပြေးပြေးလွှားလွှား အများကြီးအားထုတ်ခဲ့ရပေမယ့် ဒီရလဒ်ကို သိလိုက်ရတဲ့အချိန်တွင် စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ရသည်။
ချင်းရို့က လုယန်ကိုလက်ထပ်ပြီး စစ်တပ်နှင့်အတူ ချုံကျိုးကျွန်းသို့ လိုက်ပါသွားပြီးနောက် ရွှယ်ထင်ထင်မှာ လက်မခံနိုင်ဖြစ်ခဲ့ရသည်။ သူမက လင်းချန်ရန်နဲ့ပတ်သက်ပြီး ချီတုံချတုံဖြစ်နေခဲ့သည်။ ချီတုံချတုံဖြစ်နေစဥ် သူမဟာ ပိုမိုလှပလာကြောင်း သိရှိသွားခဲ့ပြီး လုယန်ထက် ပိုအစွမ်းထက်တဲ့ယောကျ်ားတစ်ယောက်ကို ရှာလိုခဲ့တာကြောင့် မူလအမျိုးသားဇာတ်လိုက် လင်းချန်ရန်ကို စွန့်လွှတ်လိုက်လေသည်။
ဗျူဟာအတွက် နောက်ထပ်ပစ်မှတ်ကို သူမ မတွေ့သေးခင်မှာပဲ ထန်ရွေ့ပိုင်ဆိုတဲ့ခွေးမက ဒီအခြေအနေကို အခွင့်ကောင်းယူသွားလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။ သူမနှင့် လင်းချန်ရန်တို့ စတင်ဒိတ်လုပ်နေပြီဖြစ်ကြောင်း ရွှယ်ထင်ထင် သိလိုက်ရတဲ့အခါ အသည်းနာကျင်သည်အထိ အလွန်ဒေါသထွက်ခဲ့ရ၏။
ထိုအချိန်တွင် သူမက ပို၍ပင်လက်မခံနိုင်ဖြစ်နေမိလျက်။ လင်းချန်ရန်က အမျိုးသားဇာတ်လိုက်ဖြစ်ပြီး ရွှယ်ထင်ထင်ဆိုတဲ့သူမရဲ့ တရားဝင်လက်တွဲဖော်ဖြစ်သည်။ လင်းချန်ရန်ကို လောလောဆယ် မစဉ်းစားထားဘူးဆိုရင်တောင်မှ ရက်စက်တတ်တဲ့ အမျိုးသမီးဇာတ်ပို့ချင်းရို့ထက် ပို၍ရိုးရှင်းလွယ်ကူတဲ့ ထန်ရွေ့ပိုင်လို ဖြတ်လျှောက်လေးကို အမျိုးသားဇာတ်လိုက်က ဘယ်လိုလုပ်ပြီးကြိုက်သွားနိုင်ရတာလဲလို့ ? ?
ထန်ရွေ့ပိုင်လည်း စာအုပ်ထဲကူးပြောင်းလာတာများလား...
ရွှယ်ထင်ထင်လည်း ထန်ရွေ့ပိုင်ကို စမ်းသပ်ခဲ့ပေမယ့် ထန်ရွေ့ပိုင်ဟာ အရင်လိုပဲ ဖြတ်လျှောက်လေးအဖြစ်င မပြောင်းလဲသေးကြောင်း တွေ့ရှိခဲ့ရသည်။
ဒီလိုအတင်းအဖျင်းပြောတတ်တဲ့ ဖြတ်လျှောက်လေးကို အမျိုးသားဇာတ်လိုက် လင်းချန်ရန်က တကယ်ပဲ ချစ်မိသွားတာတဲ့လားတော်။
ရွှယ်ထင်ထင် ရူးသွားတော့မလိုပင်။
တကယ့်အစစ်လင်းမင်ကွေ့က ချင်းရို့နောက်ကို လေးနှစ်ကြာလိုက်ခဲ့သည်။ အနည်းဆုံးတော့ ချင်းရို့မှာ မျက်နှာချောချောလေးရှိပြီး ဖျော်ဖြေရေးကုမ္ပဏီမှ အသိအမှတ်ပြုခံရရန် ခွန်အားရှိနေတယ်လေ။ ထန်ရွေ့ပိုင်မှာ ဘာများကောင်းတာရှိလို့လဲ? သူမက ဘာကြောင့် လင်းချန်ရန်နဲ့ အတူတူရှိနိုင်သွားရတာလဲ?
ဒါက ကောင်းကင်ပေါ်မှ ကျည်ဆန်ကျလာသည့်နှယ်၊ ရွှယ်ထင်ထင် ဒီအချက်ကို လက်မခံနိုင်ဖြစ်နေဆဲ။
ထိုအချိန်တွင် ရွှယ်ထင်ထင်က ထန်ရွေ့ပိုင်ကို ချင်းရို့ထက်ပင် ပိုမိုမုန်းတီးနေလေပြီ။
"ဒီဖြတ်လျှောက်အမှိုက်လေးက ဘယ်လိုလုပ်ပြီး အမျိုးသားဇာတ်လိုက်နဲ့ အတူတူရှိနိုင်ရတာလဲ?"
ရွှယ်ထင်ထင်သည် ထန်ရွေ့ပိုင်နဲ့ လင်းချန်ရန်တို့ ဆက်ဆံရေးကို ဖျက်ဆီးစေရန် လှည့်ကွက်အမျိုးမျိုးသုံးခဲ့သော်လည်း သူတို့ခံစားချက်တွေသာ ပိုမိုနက်ရှိုင်းသွားခဲ့၏။ ရွှယ်ထင်ထင်ကို ပိုပြီးစိတ်မသက်သာဖြစ်စေသည့်အချက်မှာ ဇာတ်ကွက်ရဲ့ ဤအဆင့်တွင် စာအုပ်ထဲက ဇာတ်လိုက်မအတွက် သူမရေးသားဖန်တီးခဲ့သော "အကောင်းဆုံး"တွေဟာ တစ်ခုပြီးတစ်ခုရောက်လာခဲ့သည်။
သူမရဲ့စာအုပ်တွေကို ခေတ်ရေစီးကြောင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ရေးသားခဲ့သည်။ ဇာတ်လိုက်မက အကောင်းဆုံးအတွက် နေ့တိုင်းတိုက်ခိုက်နေရပြီး မှောင်ခိုဈေးကွက်မှာ ပိုက်ဆံရှာခဲ့သည်... သို့သော် ဤကိစ္စဟာ သူမဖြစ်သွားတဲ့အခါ ရွှယ်ထင်ထင် စိတ်မသက်မသာခံစားနေရသည်လေ။
အမျိုးသားဇာတ်လိုက် လင်းချန်ရန်ကို သူမ မရခဲ့သလို၊ အမျိုးသားဇာတ်လိုက်ရဲ့ အကာအကွယ်ကိုလည်း မရယူနိုင်ခဲ့ဘဲ ထိပ်တန်းကစားတချို့နဲ့ တိုက်ခိုက်ရင်း မောပန်းလာလေပြီ။ မှောင်ခိုဈေးကွက်အကြောင်းကတော့... သူမရေးတဲ့အချိန်တုန်းက ဇာတ်လိုက်မက ဘယ်သူမှသတိမထားမိဘဲ မှောင်ခိုဈေးကွက်မှာ ပစ္စည်းတွေကို ရောင်းချနိုင်ခဲ့တယ်လို့ အဓိပ္ပါယ်မရှိတာတွေ ရေးသားခဲ့သည်။
သို့သော် မှောင်ခိုဈေးကွက်မှာ တကယ်ရပ်တည်နေရင်း နေ့ခင်းဘက်မှာ ကင်းလှည့်တာနဲ့ ကြုံတွေ့ရတဲ့အခါ ဒါဟာ ဘယ်လောက်ထိကြောက်စရာကောင်းသလဲဆိုတာ သိလိုက်ရလိမ့်မယ်။
သူမကိုဖမ်းဆီးပြီး လယ်ကွင်းထဲပို့ခံရရင် ဆိုးရွားသွားလိမ့်မှာ။
ဖြစ်စဉ်တစ်ခုလုံးက အရမ်းကြောက်စရာကောင်းတယ်။
ရွှယ်ထင်ထင် မှောင်ခိုဈေးကွက်ကို စွန့်လွှတ်လိုက်ရတဲ့အကြောင်းရင်းကတော့ မှောင်ခိုဈေးကွက်မှာ အလုပ်လုပ်ရတာ ပင်ပန်းလွန်းတာကြောင့်ပင်။ နေ့တိုင်း အချိန်အများကြီးပေးရတယ်၊ ဘယ်လိုလုပ်ပြီး ဒီလိုဘဝမျိုး နေနိုင်မှာလဲ?
ရွှယ်ထင်ထင်သည် သူမကိုယ်တိုင်ရေးသားခဲ့တဲ့ ဇာတ်လိုက်မနေရာသို့ ကူးပြောင်းလာပြီးနောက် ဒီခေတ်ရဲ့ ဇာတ်လိုက်မတစ်ယောက်ဖြစ်ရတာ ပင်ပန်းလွန်းလှပြီး သူမဟာ လည်ပတ်နေတဲ့ဂျင်လိုမျိုး အလုပ်များနေခဲ့ရသည်။
သူမလိုဇာတ်လိုက်မတစ်ယောက်က အကောင်းဆုံးအတွက် နေ့တိုင်း ခက်ခက်ခဲခဲ တိုက်ခိုက်နေခဲ့ရတယ်၊ မှောင်ခိုဈေးကွက်မှာလည်း ငွေရှာရပြီးတော့ လွတ်လွတ်လပ်လပ်မပျော်ရွှင်ရဘူး။ သူမက တစ်စုံတစ်ခုမှားယွင်းသွားပြီး အတိုင်ခံလိုက်ရမှာကို ကြောက်ရွံ့နေခဲ့ရတယ်။ ပင်းချန်၌ ချို့ယွင်းချက်တစ်ခုပေါ်လာပါက ရန်သူအဖြစ်သတ်မှတ်ခံရမှာလေ။
ဒါဆို အမျိုးသမီးဇာတ်ပို့ကရော?
xxx