← Chapters

အခန်း (၂၂၃)

Vol. 19 Ch. 223

အခန်း (၂၂၃)

Vol. 19 Ch. 223

ဒါဆို အမျိုးသမီးဇာတ်ပို့ကရော?

ချင်းရို့လို ညုတုတုနဲ့ ဆိုးယုတ်တဲ့အမျိုးသမီးဇာတ်ပို့ဟာ လုယန်လို နောက်ခံကောင်းကောင်းရှိတဲ့လူနဲ့ အိမ်ထောင်ပြုသွားခဲ့ပြီး ကျွန်းကို လိုက်သွားခဲ့တယ်။ ချုံကျိုးကျွန်းဟာ စိမ်းလန်းစိုပြေသော ဟင်းသီးဟင်းရွက်များနှင့် မရေမတွက်နိုင်သော အသီးအနှံများရှိသော အပူပိုင်းဒေသကျွန်းတစ်ခုဖြစ်နေ၍ ဘယ်လိုပဲဖြစ်ဖြစ် အစာငတ်သေမှာမဟုတ်ဘူးလေ။

စကားများလွန်းတဲ့ ဖြတ်လျှောက်ဇာတ်ကောင် ထန်ရွေ့ပိုင်က အမျိုးသားဇာတ်လိုက်လင်းချန်ရန်ကို ရသွားခဲ့ပြီး သူမရဲ့အမျိုးသားဇာတ်လိုက်ကို ခိုးယူသွားခဲ့သည်။ လုယန်နဲ့ လင်းချန်ရန်တို့နှစ်ယောက်ရဲ့ နောက်ခံအကြောင်းတွေကို တွေးကြည့်လိုက်တဲ့အခါ ရွှယ်ထင်ထင် မျက်လုံးနီရဲသွားသည်အထိ ဒေါသအရမ်းထွက်နေခဲ့သည်။

ထို့ကြောင့် သူမက မှောင်ခိုဈေးကွက်မှာ ငွေသွားရှာတာမဟုတ်ဘဲ ယောက်ျားများကိုသာ အာရုံစိုက်ထားခဲ့သည်။ သူမက ရုပ်ရည်ချောမောပြီး အခြေအနေကောင်းတဲ့ အမျိုးသားပါတနာတစ်ဦးကို ရှာလိုခြင်းပင်။ ဒီခေတ်မှာ ပါတနာကောင်းဟာ အမျိုးသားဇာတ်လိုက်လင်းချန်ရန်တစ်ယောက်ပဲရှိတာမှမဟုတ်ဘဲနော်။

ဒီမျက်ကန်းလင်းချန်ရန်ကတော့ အမျိုးသားဇာတ်လိုက်ဖြစ်ဖို့ မထိုက်တန်ဘူးပဲ။

ရွှယ်ထင်ထင် ကြိုးစားပမ်းစားရှာဖွေခဲ့ပြီးနောက် အမျိုးသားအရာရှိ "ကုချန်"ကို ပစ်မှတ်ထားလိုက်၏။ သူမဟာ ကုချန်နဲ့ပတ်သက်တဲ့ ဇာတ်ကွက်ဇာတ်ကြောင်းကိုသိပေသည်။

သူမ သူ့ရဲ့နှစ်သက်မှုကိုခံရသရွေ့ သူမတို့ လက်ထပ်နိုင်လိမ့်မယ်။ ရွှယ်ထင်ထင်ဆိုတဲ့ သူမရဲ့ အကူအညီနဲ့ဆို ကုချန်က လုယန်ကို သေချာပေါက်ဖိနှိပ်နိုင်မည်ဖြစ်ပြီး သူမသည်လည်း လူတိုင်းအထင်ကြီးအားကျခံရတဲ့ အကြီးအကဲရဲ့ ဇနီးဖြစ်လာလိမ့်ပေမည်။ သည့်အပြင် ကုချန်ကလည်း ရုပ်ရည်ချောမောသူတစ်ဦးပင်။

သို့သော်…

ကုချန်လိုအလုပ်ဂျပိုးဟာ လက်လှမ်းမီရန် အလွန်ခက်ခဲလှ၏။ သူက ရေတပ်မှာပဲနေထိုင်ပြီး မိသားစုဝင်တွေဆီမပြန်တတ်ပေ၊ သင်္ဘောပေါ်မှာပဲ စားသောက်နေထိုင်ပြီး ရံဖန်ရံခါ ပင်လယ်ဆီ သွားတတ်သလို သူဘယ်ဆီဘယ်ဝယ်ရောက်နေမှန်း ခန့်မှန်းလို့မရနိုင်ချေ။

နောက်ဆုံးတော့ ရွှယ်ထင်ထင်က ကုချန်ကို ချဉ်းကပ်ဖို့ သင့်တော်တဲ့အခွင့်အရေးကို ရှာတွေ့ခဲ့ချိန်မှာပဲ ကုချန်က တောင်တရုတ်ပင်လယ်ကို ပြောင်းရွှေသွားပြီတဲ့လား ? ! !

"သူ တောင်တရုတ်ပင်လယ်ကို သွားတယ်!!!"

ဘာတွေဖြစ်သွားတာလဲ​ ?

ကုချန်က အကြောင်းပြချက်မရှိဘဲ တောင်တရုတ်ပင်လယ်ကို ဘာလို့သွားရတာလဲ?

ရွှယ်ထင်ထင် ကြောင်အသွားလျက်။ ဒါဟာ ချင်းရို့ပဲဖြစ်ရမယ်လို့ သူမတွေးလိုက်သည်။ သူမက စာအုပ်ကိုဖတ်ထားဖူး၍ ဇာတ်ကွက်တစ်စိတ်တစ်ပိုင်းကို သိထားတာကြောင့် သူမက ကြားဝင်နှောက်ယှက်ပြီး တောင်တရုတ်ပင်လယ်ရှိ ချုံကျိုးကျွန်းဆီ ကုချန် သွားစေရန် နည်းလမ်းတစ်ခု စဥ်းစားခဲ့တာပဲဖြစ်မယ်။

ရွှယ်ထင်ထင်မျက်လုံးတွေဟာ ဒေါသကြောင့် နီရဲနေသော်လည်း သူမ ဘာမှမတတ်နိုင်ခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် ၁၉၇၆ခုနှစ် ကုန်လွန်သွားပြီဖြစ်သလို ကောလိပ်ဝင်ခွင့်စာမေးပွဲက နောက်နှစ်တွင် ပြန်လည်စတင်တော့မည်ဖြစ်သည်။ အလွန်အမင်းစိုးရိမ်နေမည့်အစား ကောလိပ်ဝင်ခွင့်စာမေးပွဲကို စောင့်မျှော်ရင်း စာလေ့လာရာတွင် အာရုံစူးစိုက်ထားလိုက်တော့မယ်။ သူမရဲ့အဆင့်အရဆို ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ထိပ်ဆုံးရမှတ်ရနိုင်သလို အကောင်းဆုံးတက္ကသိုလ်များထဲမှ တစ်ခုကို ဝင်ခွင့်ရနိုင်မှာပဲ။

သို့သော်လည်း သူမ စာအုပ်ဝယ်၍ ပြန်လည်လေ့လာကြည့်ပြီးနောက် ရွှယ်ထင်ထင်သည် နေ့ရက်တွေဟာ ခက်ခဲလွန်းလှကြောင်း တွေ့ရှိခဲ့ရသည်။ သူမဘဝတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲကို တစ်ကြိမ်ကြုံဖူးပြီး နောက်တစ်ကြိမ် ထပ်မဖြေချင်တော့ပေ။ သည့်အပြင် သူမ ကောလိပ်တက်စဉ်က စာတွေကို အလေးအနက်မလုပ်ခဲ့ဘူးလေ... ယခု ဖတ်စာအုပ်ကို ကိုင်လိုက်တဲ့အခါ ခေါင်းထူပူနေသလို ခံစားနေရ၏။

- ဒီသင်္ချာကို ဘယ်လိုလေ့လာရမတုန်းဟ?

၁၉၇၅ ခုနှစ်မှ ၁၉၇၆ ခုနှစ်တွင် အနုပညာအဖွဲ့ကို စတင်ဖျက်သိမ်းပြီး အဖွဲ့အစည်းများကို ပေါင်းစည်းခဲ့သည်။ ရွှယ်ထင်ထင်လည်း ပြည်တွင်းသီချင်းနှင့် အကအဖွဲ့သို့ ပြောင်းရွှေ့ခဲ့ပြီး သူမနှင့်အတူ ပြန်လည်လေ့ကျင့်ခန်းလုပ်ရန် တစ်စုံတစ်ဦးကို ရှာချင်ခဲ့သည်။ သူတို့အားလုံးက သူမကို အရူးမတစ်ယောက်ကို ကြည့်သလို ကြည့်ကြလိမ့်မယ်လို့ ဘယ်သူသိမှာလဲလေ။

"နင်ရူးနေတာလား?"

"ဒီဟာတွေလေ့လာလို့ ဘာအကျိုးရှိလို့လဲဟယ်?"

"ကျောင်းက ကျောင်းသားတွေတောင် ဒါတွေမလေ့လာဘူး၊ နင်က ဘာလို့ကြည့်နေတာတုန်း? နင် တစ်ခုခုကို လေးလေးနက်နက် မလုပ်နိုင်ဘူးလားဟဲ့?"

"ရွှယ်ထင်ထင် နင် သီချင်းဆိုမလေ့ကျင့်တော့ဘူးလား? မကြာသေးခင်ကစပြီး နင်အရမ်းပျင်းရိလာတယ်နော်၊ နင် စင်ပေါ်မှာလည်း အာရုံမစိုက်ဘူး။ နင့်ကို အထက်ကလူတွေ ဝေဖန်နေတာ ဘယ်နှစ်ခါရှိနေပြီလဲ? နင် ဘာဖြစ်နေတာလဲ?"

ရွှယ်ထင်ထင်လည်း စကားလုံးကောင်းတွေက ဒီအရူးတွေကို မဆွဲဆောင်နိုင်ဘူးပဲလို့ တွေးရင်း သူမစိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်သည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲတွေ စတင်တဲ့အခါကျမှ နင်တို့ဘယ်လိုနောင်တရကြမလဲ ကြည့်ဦးမယ်...

ရွှယ်ထင်ထင် စာလေ့လာရင်း အလုပ်ရှုပ်နေလျက်၊ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ သူမရဲ့ အောင်မြင်မှုကို စောင့်ဆိုင်းနေရုံပေါ့လေ။

သို့သော်လည်း... နောက်ဆုံးကောလိပ်ဝင်ခွင့် စာမေးပွဲဖြေပြီးခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ။ ကောလိပ်နှင့် အလုပ်မှာ ပျင်းရိပြီးတဲ့နောက် ရွှယ်ထင်ထင်အတွက် စာလေ့လာဖို့ အလွန်ခက်ခဲသွားခဲ့သည်။ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းတာပဲဖြစ်ဖြစ် ကဗျာအလွတ်ရွတ်တာပဲဖြစ်ဖြစ် ရွှယ်ထင်ထင်အတွက်တော့ အဆင်မပြေလှပေ။

ယခု စာမေးပွဲနယ်ပယ်ခွဲခြားမှု မရှိတော့ဘဲ စာမေးပွဲဖြေဆိုသူ အတုအယောင်တွေ သိပ်မရှိသေးတာကြောင့် ဘယ်သူတွေ ဘယ်လိုဖြေဆိုကြမလဲဆိုတာ ဘယ်သူသိမှာလဲနော်။ အနာဂတ်ဟာ မည်းမှောင်နေသယောင်...

အပြုသဘောဆောင်သော သင်ယူမှုပတ်ဝန်းကျင်နှင့် သင်ယူရန်တွန်းအားမရှိပါက ရွှယ်ထင်ထင်၏ သင်ယူမှုစွမ်းဆောင်ရည်မှာ အလွန်နိမ့်ပါးလှ၏။

သူမနှလုံးသားထဲမှာ ဆီးဆောရှိနေသလိုပင်၊ တစ်ခါတစ်ရံ ဘယ်ဘက်သို့စောင်းသွားပြီး တစ်ခါတစ်လေ ညာဘက်သို့စောင်းသွားတတ်ရော... သူမ ကောလိပ်တက်သင့်သလား ကောလိပ်မတက်တော့ရင်ကောင်းမလား?

သူမ ကောလိပ်တစ်ခါတက်ဖူးပြီးပြီပဲလေ၊ နောက်တစ်ခါထပ်တက်ချင်သေးလို့လား? သူမ တက္ကသိုလ်တက်ခွင့်ရနိုင်ပေမယ့် ထိပ်တန်းတက္ကသိုလ်တော့ ဝင်ခွင့်မရလောက်ပေ။ အကယ်၍ ထိပ်တန်းတက္ကသိုလ်မတက်ရဘူးဆိုရင် တက္ကသိုလ်တက်ရတာ ဘာထူးမှာမို့လဲ? တာဝန်ပေးခံရဖို့ စောင့်ရမှာလား?

သို့ပေတည့် မင်း ထိပ်တန်းတက္ကသိုလ်ကို ၀င်ခွင့်ရမယ်ဆိုရင်လည်း တက္ကသိုလ်လေးနှစ်အတွင်း ပြင်းပြင်းထန်ထန် စာလေ့လာရမယ်။ အဲဒီကာလအတွင်းမှာ ငွေရှာဖို့ နည်းလမ်းရှာရမယ်။ ငွေရှာဖို့ဆို ထိပ်တန်းအဆင့်ကစားသမားတွေနဲ့ ရင်ဆိုင်ရဦးမယ်။ ဒီလိုဘဝက... ဒီဘဝကြီးဟာ နေရထိုင်ရတာ အဆင်​ပြေပုံမရဘူးနော်။

၁၉၈၀ခုနှစ်များတွင် ပင်လယ်ထဲသွားပြီး ငွေရှာရန် အချိန်ကောင်းပင်။ မင်းမှာ သတ္တိရှိနေသရွေ့ လမ်းဘေးဈေးဆိုင်တည်ခြင်း၊ အဆာပြေမုန့်ရောင်းခြင်း၊ အဝတ်အထည်ရောင်းခြင်းနဲ့ စက်ရုံဖွင့်ခြင်းတို့ဖြင့် ယွမ်ထောင်သောင်းချီ ရှာနိုင်ပေလိမ့်မည်။

ဒါပေမဲ့ သူမက စီးပွားရေးလုပ်ဖို့ ပင်လယ်ထဲသွားမယ်ဆိုရင် သာမန်ဘွဲ့ရကျောင်းသားတစ်ယောက်ဖြစ်လို့ အတွေ့အကြုံလည်းနည်းသေးတယ်လေ။ ကုန်ပစ္စည်းဝယ်ခြမ်းပြီး လမ်းဘေးဈေးဆိုင်ပဲတည်မလား? လမ်းဘေးမှာ အရသာရှိတဲ့အသားကင်ရောင်းမလား? စားသောက်ဆိုင်တစ်ဆိုင်ဖွင့်မလား? ငရုတ်ဆီရောင်းမလား? ကွမ်တုန်းခရိုင်က အထည်တွေကို လက်ကားယူပြီး ပြန်ရောင်းမလား? အထည်စက်ရုံဖွင့်မလား?

ဤခေတ်ကာလ၏ နှေးကွေးလေးလံတဲ့ ရထားတွေနဲ့ ၁၉၈၀၊ ၁၉၉၀တွေက လမ်းကြမ်းတွေကို တွေးကြည့်တဲ့အခါ ရွှယ်ထင်ထင် သူမခေါင်းအနောက်ဘက်ကို တုတ်တချောင်းနဲ့ အရိုက်ခံရလိုက်ရသလိုမျိုး ပင်ပန်းနွမ်းနယ်သလို ခံစားလိုက်ရသည်။ ထိုသို့သောနေ့ရက်တွေကို တွေးကြည့်ရုံနဲ့ စိတ်ရော လူပါ မောပန်းနွမ်းနယ်သွားရသလိုပင်။

အမျိုးသမီးဘော့စ်ဖြစ်ရတာရော အဆင်ပြေပါ့မလား?

စွန့်ဦးတီထွင်မှုဆိုတာ ပါးစပ်ကပြောနေရုံနဲ့ မရဘူးလေ။

သူမလည်း သမိုင်းဆောင်းပါးများစွာကို ဖတ်ခဲ့ဖူးပါသည်။ အကယ်၍ မင်း အရသာရှိတဲ့ အစားအသောက်ရောင်းဖို့ လမ်းဘေးဆိုင်ခင်းခဲ့ရင် နောက်ရက်အနည်းငယ်အတွင်းမှာ မင်းကို အတုခိုးတဲ့တခြားလူတွေပေါ်လာမှာ အသေအချာပဲ။ ဒါကြောင့် စျေးနှုန်းလျှော့ချပြီး အပြင်းအထန်ယှဉ်ပြိုင်ရမယ်။

အကယ်၍ အထည်ဒီဇိုင်းဆွဲပြီး အထည်ဆိုင်ဖွင့်ရင်လည်း နောက်ရက်ပိုင်းအတွင်းမှာ စျေးလျှော့ပြီး မင်းစတိုင်လ်ကို ကော်ပီကူးမယ့် ဆိုင်တွေ ရှိလာဦးမှာ အသေအချာပါပဲ...

ထိုခေတ်အခါရဲ့ ဇာတ်လိုက်ဖြစ်ရတာ တကယ့်ကို ပင်ပန်းတာပဲနော်။

xxx

All Chapters