← Chapters

အခန်း (၂၂၅)

Vol. 19 Ch. 225

အခန်း (၂၂၅)

Vol. 19 Ch. 225

ယမန်နေ့က ရှမင်ရှီးသည် သူ့ညီအစ်ကိုကောင်း ချန်ကျင်းရိအိမ်မှာ လာကစားခဲ့သည်။ ယနေ့ မတ်လ ၃ရက်နေ့တွင် တစ်ရွာလုံး အထူးတလည်တက်ကြွနေကြသဖြင့် ဒီကလေးတွေလည်း အရူးအမူးဆော့ကစားနေကြလေသည်။

ရှမင်ရှီးနှင့် ချန်ကျင်းရိတို့က အိမ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်ဝင်လာကြသည်။ ကလေးနှစ်ယောက်ဟာ အခုဆို ကိုးနှစ်ရှိနေလေပြီ။ ရှမင်ရှီးက အရပ်ပိုမြင့်ကာ ချန်ကျင်းရိကတော့ ပိုပိန်ပါးပြီး အနက်ရောင်ဆံပင်ရှိနေသည်။ ယခုအခါ သူလေးက ဖရဲသီးပုံစံဆံပင်မညှပ်တော့ဘဲ တစ်ခေါင်းလုံးသေသေသပ်သပ်ဆံပင်ပုံစံလေးရှိနေလျက်။ ဆံပင်လေးတွေက နားရွက်နားတစ်ဝိုက်မှာ ရှိနေကာ သူ့ရဲ့ နူးနူးညံ့ညံ့မျက်နှာချောချောလေးကို ပေါ်လွင်စေလေရဲ့။

"ဒေါ်လေး" ရုပ်ပုံအယ်လ်ဘမ်ကိုင်ထားတဲ့ ချန်ကျင်းရိက ချင်းရို့ကိုမြင်လိုက်သည်နဲ့ နူးညံ့စွာပြုံးပြလာလေ၏။

"ကျင်းရိ မြန်မြန်လာ၊ ရှောင်မင်နဲ့အတူတူ ကြက်ဥလာစားကြ"

"ဒေါ်လေး ဘာလို့ သားကို ရှောင်မင်လို့ခေါ်နေပြန်တာလဲဗျာ !!"

"သားတို့စားပြီးပါပြီ"

ချန်ကျင်းရိက အပြင်လူများရှေ့တွင် စကားများများပြောရတာမကြိုက်ဘဲ များသောအားဖြင့် တိတ်တဆိတ်နေတတ်ပြီး ထောင့်တစ်နေရာတွင် ပန်းချီဆွဲရတာကို နှစ်သက်သော်လည်း သူ့မိသားစုရှေ့တွင်မူ သူလေးက ပြုံးပျော်ရယ်မောရင်း စကားတွေပြောတတ်သည်ပင်။

ယခုအခါ ကျင်းရိလေးက သူ့အဖိုးဖြစ်သူ မစ္စတာချန်ဆီမှ ပန်းချီသင်နေ၏။

သို့သော် မစ္စတာချန်က သူ့ကို သိပ်သဘောမတွေ့ပါချေ။ "ဒီကလေးက ပန်းချီဆွဲဖို့ ပါရမီမရှိဘူးကွာ"

"ဘယ်လိုဖြစ်ပြီး ပန်းချီဆွဲဖို့ ပါရမီမပါရမှာလဲ"

"သူဆွဲထားတဲ့အရာတွေက အသက်မဝင်ဘူး၊ ရောင်ဝါမရှိဘူးလေ"

ချင်းရို့နှင့် ချင်းမျန့်တို့ညီအစ်မဟာ အကဲဖြတ်တတ်တဲ့ အနုပညာရှင်များမဟုတ်သော်လည်း ချန်ကျင်းရိရဲ့ ပန်းချီကားတွေဟာ အရမ်းလှတယ်လို့ ချင်းရို့ ထင်မြင်မိသည်။ ချန်ကျင်းရိလေးက ပန်းတွေ၊ ငှက်တွေလို တိရိစ္ဆာန်ပုံတွေ ဆွဲရမည့်အစား အဆောက်အဦးအမျိုးမျိုးကို ရေးဆွဲရတာကို နှစ်ခြိုက်သူပင်။

ချန်ကျင်းရိသည် ယမန်နှစ်က ယဲ့ချန်သို့သွားခဲ့ပြီး ပြန်လာပြီးနောက် အရမ်းလှပတဲ့ ယဲ့ချန်ရှိ အဆောက်အဦးများစွာကို ရေးဆွဲခဲ့ပေသည်။

ချုံကျိုးကျွန်းရှိ ယဲ့ချန်တွင် အရှေ့တောင်အာရှရှိ ပြည်ပရောက်တရုတ်လူမျိုးများ ဆောက်လုပ်ထားသော ထူးခြားဆန်းပြားလှသည့် အဆောက်အဦးများစွာရှိလေသည်။ ချန်ကျင်းရိကက အချိန်ကာလတစ်ခုအထိ ထိုကဲ့သို့သော ဗိသုကာလက်ရာမြောက်တဲ့ ပန်းချီကားများစွာကို ရေးဆွဲခဲ့သည်။ မစ္စတာချန်က တွေ့ရှိသွားတဲ့အခါ သဘောမကျ၍ သူ့ကို ပန်းချီဆွဲခွင့်မပေးတော့ပေမယ့် ချန်ကျင်းရိကတော့ အဆောက်အဦးပုံတွေကို ပန်းချီဆွဲရတာကို နှစ်သက်နေဆဲ။

ချန်ကျင်းရိက တိတ်တဆိတ်နေတတ်ပြီး စကားအနည်းငယ်သာပြောတတ်သော်လည်း သူ့အဖေကဲ့သို့ပင် ခေါင်းမာလှသည်။ သူ့အဖိုးက သူ့ကို အဲလိုပုံတွေမဆွဲခိုင်းပေမယ့် သူကတော့ နားမထောင်ဘဲ သူ့စိတ်ကြိုက်အဆောက်အဦးပုံစံလေးတွေကို ပန်းချီဆွဲနေဆဲပင်။

သူက ချင်းရို့ကိုလည်း ရုပ်ပုံကားချပ်တစ်ချပ် ပေးခဲ့သည်။

"ဒီလိုအဆောက်အဦးမျိုးကို သားကြိုက်တာလား" ချင်းရို့ အပြုံးလေးနဲ့ မေးလိုက်၏။

ချန်ကျင်းရိ ခေါင်းညိတ်လျက် "သားကြိုက်တယ်၊ ဒါပေမယ့် အဘိုးက မဆွဲခိုင်းဘူး"

"မင်း ပန်းချီဆွဲချင်ရင်ဆွဲပေါ့။ ကျင်းရိလေးရေ မင်း စိတ်ကြိုက်အဆောက်အဦးပုံကို စမ်းဆွဲကြည့်ချင်လား? မင်း ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး မင်းရဲ့ ကိုယ်ပိုင်အကြံဥာဏ်တွေ ပေါင်းထည့်လို့ရတယ်နော်..."

ချင်းရို့ကတော့ အဆောက်အဦးပုံတွေဆွဲရတာ ကြိုက်သည်မှာ ဘာမှမှားမနေဘူးလို့တွေး၍ ကလေးငယ်အား အားပေးခဲ့သည်။ ချန်ကျင်းရိက ပုံစံအမျိုးမျိုးရှိသောအိမ်များကို နှစ်သက်၏။ သူ ဒီလိုအဆောက်အဦးတွေကို စိတ်ဝင်စားတယ်ဆိုရင် နောင်အနာဂတ်မှာ ဗိသုကာပညာရှင်တစ်ယောက် ဖြစ်လာနိုင်တာပဲနော်။

ချန်ကျင်းရိလည်း သူမကို သဘောတူလိုက်သည်။

"ဒေါ်လေး သား ဒေါ်လေးကိုပြဖို့ ပုံဆွဲလိုက်မယ်"

ချင်းရို့ ခေါင်းညိတ်ပြလိုက်၍ ချန်ကျင်းရိလည်း ပုံဆွဲဖို့ အခန်းထဲဝင်သွားလေပြီ။ ရှမင်ရှီးက သူ့မျက်နှာပေါ်က ချွေးတွေကို သုတ်လိုက်ပြီး "အုန်းရည်သောက်ချင်လိုက်တာ၊ သား အပြင်မှာကတာ မကြာသေးပေမယ့် မောလိုက်တာဗျာ။ ကျင်းရိကိုခေါ်ပေမယ့် သူကမလာဘူး..."

"အပြင်မှာ သူတို့ ဝါးတိုင်တွေနဲ့ ကနေကြတုန်းပဲ"

"ဒေါ်လေးရော ကချင်လား"

"မကချင်ပါဘူး၊ မင်းတို့ကလေးတွေပဲကစားကြလေ။ မင်းကိုကြည့်ဦးကွယ်၊ တစ်ကိုယ်လုံးချွေးတွေချည်းပဲ၊ သုတ်လိုက်ဦးနော်။ ချွေးတွေစိုရွှဲနေတော့ အဝတ်အစားသွားလဲလိုက်လေ..."

"မလိုပါဘူးဗျာ၊ သားအပြင်ထွက်ကစားဦးမှာ၊ နေပူရင် ခြောက်သွားလိမ့်မယ်"

ဒါက ချွေးတွေပဲမဟုတ်ဘူးလားလို့...

ချန်ကျင်းရိလေးက ပန်းချီကားကို ချင်းရို့အား ပြလာသည့်အခါ ချင်းရို့ ဂရုတစိုက်ကြည့်ရှုလိုက်သည်။ ၎င်းမှာ အနောက်တိုင်းပုံစံ အဆောက်အဦးနှင့် အလွန်ဆင်တူပြီး ရှင်းလင်းပြတ်သားသော မျဉ်းကြောင်းများဖြင့် လှပခမ်းနားသော လေးထပ်အဆောက်အဦးဖြစ်ကြောင်းသိလိုက်ရသည်။ သူမလည်း ကလေးငယ်အား အပြုံးလေးနဲ့ မေးလိုက်သည်

"သား အိမ်အတွင်းပိုင်းပုံစံကိုရော စဥ်းစားကြည့်ဖူးလား?"

ချန်ကျင်းရိ ခဏလောက် အေးခဲသွားပြီးမှ "နောက်မှ သားစဉ်းစားကြည့်လိုက်မယ်" လို့ ပြန်ပြောလာခဲ့သည်။

"အင်း၊ အဲဒါကို စဉ်းစားကြည့်နော်"

ချင်းရို့ သူ့ပခုံးကို ပုတ်ပေးလိုက်သည်။

ဤအခိုက်အတန့်တွင် အပြင်ဘက်မှ လူတစ်ယောက်ဝင်လာခဲ့သည်။ ထိုသူမှာ အဒေါ်ဖူပင်။ သူမလက်ထဲမှာ ဝါးခြင်းတောင်းကြီးကို ကိုင်ထားပြီး ချင်းရို့ကိုတွေ့လိုက်သည်နဲ့ ပြုံးသွားကာ "ချင်းရို့ ရောက်နေတာပဲ၊ လာ လာ၊ ငါတို့ရဲ့ မင်္ဂလာဆောင်ကိတ်မုန့်ကို လာမြည်းကြည့်ပါဦးကွယ်။ ငါ့မိသားစုရဲ့အငယ်ဆုံးသမီး လက်ထပ်တော့မှာလေ။ လာ အားလုံးမင်္ဂလာဆောင်ကိတ်မုန့်ကို မြည်းကြည့်ကြနော်၊ ကလေးနှစ်ယောက်လည်း မြည်းစမ်းကြည့်ကြပါဦးကွယ်"

ချင်းရို့တို့ညီအစ်မနှစ်ယောက်လည်း အဒေါ်ဖူမိသားစုရဲ့ အငယ်ဆုံးသမီးက အိမ်ထောင်ပြုတော့မယ်လို့ ကြားသိရတဲ့အတွက် သူမအား ဂုဏ်ပြုစကားပြောခဲ့ကြသည်။

အဒေါ်ဖူက တောက်ပစွာပြုံး၍ "ဒီလိုနေ့ကောင်းလေးမှာ အိမ်မှာပဲ ပျင်းမနေကြနဲ့လေကွယ်၊ မင်းတို့အပြင်ထွက်ပြီး အတူတူလာကစားကြလေ"

အဒေါ်က သူတို့အားလုံးကို ဝက်မောင်းသလို နှင်ထုတ်လိုက်၏။ ဤအခိုက်အတန့်တွင် တစ်ရွာလုံး ရယ်မောသံတွေ၊ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေလျက်။ တချို့က ဝါးတိုင်အကကနေကြသလို တချို့က သီချင်းဆိုနေကြပြီး အမျိုးသားနဲ့ အမျိုးသမီးတွေလည်း စကားစမြည်ပြောနေကြရင်း ရယ်မောနေကြသည်။

မတ်လ ၃ရက်နေ့သည် Valentine's Day လည်းဖြစ်ပေသည်။

သူမတို့အားလုံး ယောကျ်ားမိန်းမ ဝိုင်းပတ်ကာ ကခုန်နေကြတဲ့ ရွာရှိရင်ပြင်ဆီသို့ လျှောက်လာခဲ့ကြသည်။ အဒေါ်ဖူက အလယ်မှာရပ်နေတဲ့ အမျိုးသမီးငယ်လေးကို လက်ညှိုးထိုးပြ၍ ပြုံးပြုံးလေးနဲ့ မိတ်ဆက်ပေးလာခဲ့သည်။

"အဲဒါ ငါ့သမီး မုန့်လန်လေ"

မုန့်လန်ဟာ ရွာတွင် မွေးဖွားကြီးပြင်းလာတဲ့ မိန်းကလေးဖြစ်ပြီး သူမအသားအရေမှာ ညိုသော်လည်း သူမရဲ့ မျက်နှာသွင်ပြင်မှာလှပပြီး မျက်လုံးလေးတွေကလည်း တောက်ပနေလေ၏။ သူမက လီဇူမျိုးနွယ်ဝတ်စုံကိုဝတ်ဆင်ထားပြီး မျက်နှာမှာလည်း ရှက်ရွံ့ရိပ် တစ်စွန်းတစ်စရှိနေလျက်။

သူမဘေးမှာ အမျိုးသားတစ်ဦးရပ်နေလေသည်။ အနှီလူရဲ့ကိုယ်ခန္ဓာမှာ အလယ်အလတ်ရှိပြီး အနည်းငယ်ဝဖိုင့်ဖိုင့်ဟန်ရှိကာ ထူးထူးခြားခြားကြည့်ကောင်းသူမဟုတ်ပေမယ့် ရုပ်လည်းမဆိုးပါချေ။ သူက အနက်ရောင် ဘောင်းဘီနှင့် ရှပ်အင်္ကျီအဖြူကို ၀တ်ဆင်ထား၏။ ထိုသူ့ကို ချင်းရို့ အရင်ကတွေ့ဖူးလေသည်။ သူဟာ ကျိုးယွမ်ဖန်းလို့ခေါ်သော ရွာမှ ပညာတတ်လူငယ်တစ်ဦးပင်။

ဒီမတိုင်ခင်က ကျိုးယွမ်ဖန်းဟာ ဝမ်ကျီချင်းနဲ့အတူတူ သူမအစ်မဖြစ်သူအိမ်မှာ စာအုပ်တွေလာငှားဖတ်ဖူးလေသည်။ တိတ်တဆိတ်နေတတ်ပြီး စာအုပ်ဖတ်ရတာနှစ်သက်တဲ့ ဝမ်ကျီချင်းနဲ့ နှိုင်းယှဉ်ပါက ကျိုးယွမ်ဖန်းဟာ တက်တက်ကြွကြွရှိပြီး ဟာသဥာဏ်ရွှင်သူပင်။ သူက ဟာသတွေပြောတတ်ပြီး မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့လူတစ်ယောက်ပင်။

ထိုသူဟာ သူ့သမီးနဲ့ လက်ထပ်မယ့်သူဖြစ်ကြောင်း အဒေါ်ဖူပြောပြလေ၏။

"သူ့နာမည်က ကျိုးယွမ်ဖန်းတဲ့၊ သူက အပြင်ကလာတဲ့ ပညာတတ်လူငယ်တစ်ယောက်ပဲ။ ငါကတော့ မုန့်လန်ကို သူနဲ့ လက်မထပ်စေချင်ပေမဲ့ ငါ့သမီးက သူ့ကို သဘောကျနေတယ်လေ၊ ဒီတော့ ငါတို့လည်း ဘာမှမတတ်နိုင်ဘူးပေါ့ဟယ်..."

"လာကြ မင်းတို့လည်း လာကလို့ရတယ်"

"ကျွန်မတို့ ဘယ်လိုကရမှန်းမသိဘူး"

"မကတတ်ရင် အဖွဲ့နောက်ကနေ အလိုက်သင့်လေးလိုက်ကကြပေါ့"

အဒေါ်ဖူက သူမတို့နဲ့ ကလေးတွေကို အဖွဲ့ထဲဝင်ဖို့ ဆွဲခေါ်သွားပြီး အလယ်မှာ အမျိုးသားနဲ့ အမျိုးသမီးကို စက်ဝိုင်းသဏ္ဍာန်ဝိုင်းပတ်၍ ရံဖန်ရံခါ သီချင်းနည်းနည်းဆိုပြီး နောက်ဆုံးမှာတော့ လူတိုင်းက မုန့်လန်နဲ့ ကျိုးယွမ်ဖန်းရဲ့လည်ပင်းမှာ ပန်းကုံးလှလှလေးနှစ်ကုံးကို စွပ်ပေးခဲ့ကြသည်။

"မုန့်လန်ရေ ဒီကလေးနှစ်ယောက်ကို လာပွေ့ဖက်ချည်"

အဒေါ်ဖူက ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးကို အရှေ့ကိုဆွဲခေါ်လိုက်သည်။ ဤကလေးငယ်လေးနှစ်ဦးကို သူမ မျက်စိကျနေခဲ့တာ ကြာလှပါပြီ။ သူ့သမီးက အခု ဒီကလေးလေးတွေကို ပွေ့ဖက်ထားခဲ့ရင် အိမ်ထောင်ကျပြီးတဲ့နောက် ဝကစ်ကစ်သားလေးတွေ ရလာနိုင်တာပဲနော်။

ချင်းရို့ ဒီလိုအဖြစ်မျိုးနှင့် ရင်းနှီးပြီးသားဖြစ်သောကြောင့် ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့ကို ပန်းပွင့်မိန်းကလေးများအဖြစ် ခဏတာလုပ်ဆောင်ရန် ​ပြောလိုက်သည်။

"ကြည့်စမ်း ဒီကလေးနှစ်ယောက်က ဘယ်လောက်တောင် စမတ်ကျပြီး လိမ္မာလိုက်သလဲတော်"

"အဒေါ်ဖူရေ နင် သိပ်ကံကောင်းတာပဲ။ မကြာခင်မှာ နင်မြေးချီရတော့မယ်ဟေ့"

xxx

All Chapters