← Chapters

အခန်း (၂၂၈)

Vol. 19 Ch. 228

အခန်း (၂၂၈)

Vol. 19 Ch. 228

"ဘေးအိမ်က လောင်ဝမ်ကို ငါသွားပြောလိုက်ဦးမယ်ကွာ"

လုကျုံးရီအသားအရေမှာ နီမြန်းနေကာ သူ့နောက်ကျောသည်လည်း ပုံမှန်ထက် ပိုဖြောင့်မတ်နေလျက်၊ သူ့ခေါင်းကို ခပ်မြင့်မြင့်မော့၍ ဘေးအိမ်သို့ လျှောက်သွားလိုက်သည်။ ကျန်ဖျင် အနောက်ကနေ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး "အရမ်းစောစောမပျော်နဲ့ဦးလေ"

မြေးမလေးမဟုတ်ဘဲ မြေးလေးပဲဖြစ်ရင် ဘယ်လိုလုပ်မလဲနော်?

မြေးလေးဖြစ်ရင်တောင် မိသားစုကို သာယာပျော်ရွှင်နေဦးမှာပါပဲလေ။

"လောင်ဝမ်ရေ အတော်ပဲကွာ။ ငါမင်းကိုသတင်းကောင်းတစ်ခုပြောပြချင်လို့၊ ငါ့ချွေးမလေးမှာ ကိုယ်ဝန်ရှိနေပြန်ပြီတဲ့။ ငါ့မှာ မြေးမလေးတစ်ယောက်ရှိလာတော့မှာ၊ ငါ့မှာ သေချာပေါက် မြေးမလေးတစ်ယောက်ရလာလိမ့်မယ်!!"

"မင်း ငါ့ချွေးမကို မြင်ဖူးတယ်မလားကွ? သူမက အရမ်းလှတော့ ငါ့မြေးမလေးလည်း သေချာပေါက်လှမှာပဲ..."

"အခု စျေးကွက်မှာ အထည်စကောင်းကောင်းတွေရှိသေးလားမသိဘူး။ ပန်းပွင့်စကပ်လှလှလေးတွေရောပဲ။ အဖိုးတစ်ယောက်အနေနဲ့ ငါ့မြေးမလေးကို ကျစ်ဆံမြီးကျစ်ပေးဖို့အတွက် ကျစ်နည်း ကြိုသင်ထားသင့်တယ်လို့ မင်းထင်လား?"

"လောင်ဝမ် လောင်ဝမ်..."

လောင်ဝမ်ကတော့ သူ့ကို စိတ်ဆိုးလွန်းလို့ သေတော့မလိုပင်။ ဤလုမျိုးရိုးအဖိုးကြီးကို မောင်းထုတ်လိုက်ပြီးနောက် သူအိမ်ပြန်ရောက်သည်နဲ့ ခွက်ကိုပင် ခွဲပစ်ချင်နေမိသည်။ လောင်ဝမ်မိန်းမက သူ့ကို ဖျောင်းဖျနေကာ "ရှင်ဘာလို့ဒေါသထွက်နေရတာတုန်း? သူတို့ ပျော်နေကြတာ သဘာဝပဲလေ၊ စိတ်ထဲထားမနေနဲ့။ သူတို့ချွေးမလေးမှာ ကိုယ်ဝန်ရှိနေပြန်ပြီဆိုတော့ သူတို့ ဝမ်းမသာပဲဘယ်နေမှာတုန်း"

"ဟမ့်" လောင်ဝမ်က အကြိမ်ပေါင်းများစွာ အေးတိအေးစက် နှာမှုတ်နေပြီးနောက် "သူသိပ်ပျော်နေတာများ၊ ကလေးကဖြင့် မမွေးလာသေးဘူး၊ ယောက်ျားလေးလား မိန်းကလေးလားဆိုတာ ငါတို့မှမသိနိုင်သေးတာကွ။ ဒီအဖိုးကြီးလုက သူ့မှာ မြေးမလေးတစ်ယောက်ရတော့မယ်ဆိုပြီး ငါ့ရှေ့မှာတမင်ပြောသွားတာ၊ သူ့မှာ အရှက်မရှိဘူးလား... သူ့မှာ မြေးမလေးရလာမယ့်ကံပါလို့လား"

"လောင်လုမိသားစုရဲ့ တတိယမျိုးဆက်မှာ ယောက်ျားလေးတွေ အများကြီးရှိပေမယ့် မိန်းကလေးတစ်ယောက်မှ မရှိသေးဘူးပဲ"

"ငါကတော့ လောင်လုဘဝမှာ မြေးမလေးရမယ့်ကံမပါဘူးလို့ ထင်တယ်ကွ"

လောင်ဝမ်ရဲ့မိန်းမက အပြုံးလေးနဲ့ ပြောလာခဲ့သည်။

"ရှင်သည်းခံထားလိုက်စမ်းပါ၊ သူပျော်နေပါစေ။ လောင်လုလည်း မြေးမလေးတစ်ဦးအရမ်းလိုချင်နေတာမဟုတ်လား။ တကယ်လို့ သူက ရှင့်ရှေ့မှာ လာပျော်ပြမနေခဲ့ရင် ကလေးက မိန်းကလေးမဟုတ်တဲ့အခါကျ သူ..."

"ဒါဆို သူ ငါ့ရှေ့မှာ ခုန်ပေါက်နိုင်မှာမဟုတ်တော့ဘူးပေါ့ကွ"

လောင်ဝမ် ခါးမှာလက်ထောက်၍ "ငါက ဘာလို့သည်းခံရမှာလဲ၊ သူ့မြေးကဖြင့် မွေးတောင်မွေးမလာသေးတဲ့ဟာ၊ သူက နေ့တိုင်း ငါ့ရှေ့မှာ လာကြွားနေတော့မှာလား"

"တကယ်ပဲ မြေးမိန်းကလေးဖြစ်ရင်ရော? သူ ငါ့ခေါင်းပေါ် နင်းသွားလိမ့်မယ်ကွ"

"လောင်လုမှာ သားသမီးတွေ အများကြီးရှိတယ်ဆိုတော့ မြေးမလေးတစ်ယောက်ရှိလာမှာ သဘာဝပဲလေ။ ကျွန်မတို့မှာလည်း မြေးမလေးရှိတယ်မဟုတ်ဘူးလားတော်"

လောင်ဝမ်: "…"

သူ့မြေးမလေးအကြောင်း ​ပြောလိုက်သည်နဲ့ လောင်ဝမ်မှာ ပျော်ရွှင်ချင်သော်လည်း မပျော်နိုင်ခဲ့ပေ။

"ဖိုးဖိုး သမီး စစ်အကယ်ဒမီတက်ချင်တယ်။ အမျိုးသမီးစစ်သည်တော်ဖြစ်ချင်တယ်!!"

လောင်ဝမ် ခဏလောက် နှုတ်ဆိတ်သွားခဲ့သည်။ "လောင်လုမိသားစုရဲ့ မြေးမလေး မွေးလာတဲ့အခါ လောင်လုကို သူ့သမီးလို ဒေါသကြီးတဲ့အမျိုးသမီးစစ်သည်တစ်ယောက်ကို လေ့ကျင့်ခွင့်ပေးလိုက်ရအောင်"

လောင်ဝမ်မိန်းမ: "... ရှင် ဘာလို့ ဒီလောက်ချဥ်နေရတာတုန်းတော်"

***

လီချင့်ဟွားသည် ချင်းရို့ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းသိပြီးနောက် သူမက သူမသမီးငယ်လေးထျောင့်ထျောင့်ကို လုမိသားစုအိမ်သို့ခေါ်လာ၍ သမီးလေးတစ်ယောက်ရှိလာတဲ့အတွေ့အကြုံကို ချင်းရို့နဲ့ ဆွေးနွေးခဲ့လေသည်။

လီချင့်ဟွား: "နင် သမီးတစ်ယောက်မွေးလိုက်ရင် နင့်မှာ သားရောသမီးပါရှိသွားလိမ့်မယ်နော်"

ချင်းရို့ ခေါင်းညိတ်လိုက်၏။ "ငါ့လောင်လုရော ငါပါ သမီးလေးဖြစ်ဖို့ပဲ မျှော်လင့်နေတာပါဟာ"

ချင်းရို့က လီချင့်ဟွားတို့အတွက် စူကာသီးဖျော်ရည်တစ်ခွက်ကို လောင်းထည့်ပေးလိုက်သည်။ သူမ ကိုယ်ဝန်ရှိလာပြီးနောက်ပိုင်း လက်ဖက်ရည်သောက်လို့မရတော့ပေ။ ကံကောင်းထောက်မလို့ သူတို့အိမ်မှာ စူကာသီး စိုက်ပျိုးထားလို့ပေါ့... ဒီစူကာသီးတွေဟာ အရမ်းကြီးထွားမြန်ပြီး တစ်နှစ်ပတ်လုံးသီးနေတာကြောင့် အံဖွယ်ပင်။ အပင်မှာ သစ်သီးတွေ အများကြီးသီးနေလေရဲ့။

စူကာသီးဖျော်ရည်ဟာ ကောင်းမွန်သော်လည်း သကြားအကုန်အကျများသည်ပင်။ စူကာသီးသည် အာဟာရဓာတ်ကြွယ်ဝပြီး ဗီတာမင်စီ ဖြည့်စွက်ရန်အတွက် အလွန်ကောင်းမွန်လှ၏။

ချင်းရို့ ခြံဝင်းအတွင်းရှိ သက်ကယ်ထီးအောက်တွင် လီချင့်ဟွားနှင့်အတူထိုင်ရင်း စကားပြောနေလျက်။ ယခု လုမိသားစုခြံထဲတွင် သက်ကယ်ထီးမှာ စတုဂံပုံသဏ္ဍာန်တဲလေးဖြစ်လာခဲ့ပြီ။ အခု အိမ်မှာ လူတွေပိုများလာပြီဆိုတော့ အရင်ကသက်ကယ်ထီးလေးက မလောက်ငှတော့ဘူးလေ။

သက်ငယ်တဲအောက်တွင် စားပွဲတွေ၊ ကုလားထိုင်တွေနဲ့ ခုံတန်းလျားတွေထားရှိပြီး ဘေးနားတွင် စူကာနွယ်တွေဟာ တွယ်တက်နေကြလျက်။ ယခုအချိန်တွင် စူကာပန်းပွင့်တွေ တစ်သုတ်ပွင့်နေပြီဖြစ်ပြီး ပန်းတွေကလည်း ထူးထူးခြားခြားလှပနေလေသည်။

လီချင့်ဟွားက စူကာသီးဖျော်ရည် အငုံအနည်းငယ်သောက်လိုက်ပြီး ချီးကျူးလာလေ၏။ "ဒီဖျော်ရည်က တကယ့်ကိုအရသာရှိတာပဲဟယ်၊ ချိုချိုချဥ်ချဉ်လေး"

အသီးရဲ့ အနံ့နှင့် အရသာမှာ သိသိသာသာကို ကောင်းမွန်လှကာ လူတွေ ဒါကိုသောက်ပြီးနောက် အနံ့ကိုမေ့မရနိုင်လောက်အောင်ပင်။

"ကလေးတွေအတွက် ဖျော်ရည်လုပ်ပေးဖို့ နည်းနည်းယူသွားလေ၊ အခုအရသာက အတော်ပဲ"

…

ချင်းရို့နှင့် လီချင့်ဟွားတို့ စကားစမြည်ပြောနေစဥ် ကျိုးကျိုးလေး၊ ဖက်ထုပ်လေးနဲ့ ထျောင့်ထျောင့်လေးတို့က မြက်ခင်းပြင်ပေါ်က လျှောကစားနေကြ၏။ ထျောင့်ထျောင့်က သူမရှေ့က အမြွှာညီအကိုနှစ်ယောက်ကို ကြည့်နေမိသည်။ ပြေးရင်းလွှားရင်း သူမရှေ့မှာ ပေါ်နေတဲ့ပုံရိပ်နှစ်ထပ်ဟာ အတူတူဖြစ်နေတာကြောင့် သူမလေး စိတ်ရှုပ်လာတော့သည်။

သရဲတစ်စုံက သူမကို ကစားနေသလိုပဲနော်...

ထျောင့်ထျောင့်: "…"

သူမ လျှောကနေ ဆင်းသွားလိုက်ပြီးနောက် ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးလည်း တစ်ယောက်ပြီးတစ်ယောက် လျှောဆင်းလာကြရာ နှစ်ယောက်သား လုံးထွေးသွားကြပြီး ဖက်ထုပ်လေးက အစ်ကိုဖြစ်သူကို ပွေ့ဖက်လိုက်ရင်း "ဟေး..."

ကျိုးကျိုးလေးက သူ့အစ်ကိုကို ယားအောင် ကလိထိုးနေပြီး ညီအကိုနှစ်ယောက်အတူတူ ဆော့ကစားနေကြသည်။

ခဏကြာလျှောကစားပြီးနောက် ကလေးသုံးယောက်စလုံး အနည်းငယ်ငြီးငွေ့လာကြ၍ ကျိုးကျိုးလေးက "ငါတို့တူတူပုန်းတမ်းဆော့ကြရင်ရော?" လို့ အဆိုပြုလိုက်သည်။

ဖက်ထုပ်လေးက သူ့အစ်ကိုအတိုင်း သဘောတူလိုက်သည်။

"ငါမကစားဘူး" ရှောင်ထျောင့်ထျောင့်က ငယ်ရွယ်သော်လည်း တုံးအသူမဟုတ်ပေ။ သူမက ရုပ်ချွတ်စွပ်တူတဲ့ ဒီအမြွှာညီအကိုနဲ့ ဘာလို့တူတူပုန်းတမ်းဆော့ရမှာလဲနော်။ ရှာတွေ့ခဲရင် အကိုလား ညီလားဆိုတာ သရဲပဲသိလိမ့်မှာလေ။

"ဖန်ခုန်တမ်းဆော့ကြမယ်လေ"

"မဆော့ဘူး၊ မဆော့ဘူး" ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့က ကြိုးခုန်ရတာရော ဖန်ခုန်ကစားတာကိုရော မကြိုက်ပါချေ။

ဤအခိုက်အတန့်တွင် ဆရာမဟွမ်က သွင်းသွင်းလေးနဲ့အတူ ရောက်ချလာသည်။ ကလေးလေးယောက်သား တူတူပုန်းတမ်းဆော့ရန် စုဝေးလိုက်ကြကာ ကျောက်တုံး စက္ကူ ကပ်ကြေးဖြင့် သရဲဘယ်သူလုပ်မလဲလို့ အဆုံးအဖြတ်လုပ်ခဲ့ကြသည်။

"ဒီနားတစ်ဝိုက်မှာပဲ ကစားနော်၊ မပြေးကြနဲ့"

"ကျောက်တုံး စက္ကူ ကတ်ကြေး!"

"ကျောက်တုံး စက္ကူ ကတ်ကြေး!"

"နှစ်ခါရှုံးတယ်ဟေ့"

…

ကလေးတွေ အတူတူကစားနေကြစဥ် ဆရာမဟွမ်လည်း သက်ကယ်တဲအောက်မှာထိုင်လိုက်၏။ ချင်းရို့က သူမအတွက် စူကာသီးဖျော်ရည်တစ်ခွက်လောင်းထည့်ပေးလိုက်သည်။

ဟွမ်ရှင်းရင်၏ စိတ်အခြေအနေမှာ အလွန်ရှုပ်ထွေးနေလေရဲ့။ ဘေးအိမ်က ရှောင်ချာကျင်းမှာ ကိုယ်ဝန်ရှိလာပြန်ပြီတဲ့၊ ဤကိုယ်ဟန်အနေအထားကိုကြည့်ပြီး သမီးလေးတစ်ယောက် မွေးမယ်ထင်တယ်နော်...

ရှောင်ချာကျင်း သမီးတစ်ယောက်မွေးရင်ရော? ဒါဆို သူတို့အားလုံးမှာ သမီးတွေရှိကြပေမယ့် သူမမှာတော့ သမီးတစ်ယောက်မှမရှိဘူးပေါ့လို့။

ဟွမ်ရှင်းရင်လည်း စူကာသီးဖျော်ရည်တစ်ငုံသောက်လိုက်၏။ ဖျော်ရည်က ချိုချိုချဥ်ချဥ်အရသာရှိနေသော်ငြား သူမနှလုံးသားထဲမှာတော့ ချဥ်စူးနေသည်ပင်။ ရှောင်ချာကျင်းက သမီးလေးမွေးရင်... ဘာလို့ကောင်းတာမှန်သမျှ သူမဆီပဲသွားနေတာလဲလို့... အမြွှာသားလေးနှစ်ယောက်အပြင် အနာဂတ်မှာ သမီးလေးတစ်ယောက် မွေးလာခဲ့ရင် ဒီလိုကြီးကျယ်ခမ်းနားတဲ့အဖြစ်အပျက်ကြီးက ရှိနေသေးတယ်တဲ့လား...

"ရှောင်ချင်းရေ နင့်ကိုယ်ဝန်က ဘယ်လိုလဲ"

"ပြီးခဲ့တဲ့တခေါက်နဲ့ အတူတူဖြစ်ပုံပဲ" သူမဝမ်းဗိုက်ထဲက ကလေးလေးဟာ ငယ်သေးသဖြင့် ချင်းရို့လည်း ဘာမှထူးထူးခြားခြားမခံစားရချေ။

"နင့်မှာ အမြွှာကိုယ်ဝန်ထပ်ရဦးမှာလား? နင့်မှာ ရုပ်တူတဲ့အမြွှာသားလေးနှစ်ယောက်ထပ်ရှိရင်တော့ ဒီမိသားစုခြံဝင်းကြီးထဲမှာ ကံကောင်းဆုံးလူဖြစ်မှာဟယ်"

ချင်းရို့ ပြုံးလျက် "ငါ ဒီလိုကောင်းချီးမျိုးမလိုချင်ပါဘူးဟာ"

ဒီလိုကောင်းချီးမျိုးကို သူမ လုံးဝမလိုချင်ပါဘူးနော်၊ သူမ သမီးလေးတစ်ဦးပဲ လိုချင်တာပါနော်...

"အစပ်ကြိုက်ရင် မိန်းကလေးမွေးမယ်လို့ လူတွေပြောကြတယ်၊ နင် အစပ်စားချင်လား? ငါ့အိမ်ပြန်ပြီး ငရုတ်သီးတစ်ဘူးသွားပေးရမလား?"

ချင်းရို့ ခေါင်းခါလိုက်ပြီး "ငရုတ်သီးစားဖို့ ငါ့လည်ချောင်းက မသင့်တော်ဘူး။ နင့်ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်နော်"

"နင်သောက်တဲ့ဖျော်ရည်က အရမ်းချဉ်နေတာဆိုတော့ ဒီတစ်ခါလည်း ယောကျာ်းလေးပဲဖြစ်မယ်ထင်တယ်။ မိသားစုထဲမှာ ကောင်လေးသုံးယောက်ရှိတော့မှာပဲနော်"

"ငါကတော့ သမီးလေးဖြစ်ဖို့မျှော်လင့်နေတာပါနော်"

လီချင့်ဟွား: "ရှောင်ချင်းကိုယ်ဝန်က သမီးလေးကိုယ်ဝန်ဖြစ်မှာလို့ ငါထင်တယ်နော်!"

"ဘာလို့?" ဟွမ်ရှင်းရင် ခုထက်ထိတိုင် ဗေဒင်ကံကြမ္မာဟောခြင်းကို စွဲလမ်းနေသေးဆဲ။

"ငါ​က သမီးလို့ပြောရင် သမီးပဲလေ။ အချိန်ကျရင် ငါတို့မိသားစုထျောင့်ထျောင့်လေးနဲ့ အတူတူကစားကြမှာလေ"

ဟွမ်ရှင်းရင်: "…"

"တကယ်ပါဆို! ရှောင်ချင်းရေ ငါအိပ်မက်တစ်ခုမက်တယ်ဟယ်။ နင့်သမီးလေးကို ထျောင့်ထျောင့်နဲ့အတူကစားဖို့ ငါ့အိမ်ကိုခေါ်လာခဲ့တယ်လို့ ငါအိပ်မက်မက်ခဲ့တယ်လေ။ သူတို့အတွက် ဝတ်စုံလှလှလေးတွေ ချုပ်ကြရအောင်နော်"

ချင်းရို့ကြားလိုက်ရသည်နဲ့ အလွန်ပျော်မြူးသွားရပြီး "တကယ်ကြီး! ဒါ အရမ်းကောင်းတာပဲဟာ။ နောက်ကျ ငါ့သမီးလေးကို နင့်အိမ်ဆီခေါ်လာမယ်နော်"

ဟွမ်ရှင်းရင်သည် လီချင့်ဟွားရဲ့ အိမ်မက်တွေက အချိန်တိုင်းမှန်နိုင်ပါ့မလားလို့ တွေးနေမိသည်။ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲနော်...

သူမရဲ့ ကံကြမ္မာဟောတာလောက် မကောင်းပါဘူး။

ဘေးအိမ်က ချင်းရို့ကိုယ်ဝန်ရှိကတည်းက ကျန်းချန်ပေ့နဲ့ သူ့မိန်းမလည်း စိတ်အဆင်မပြေ​ဖြစ်နေကြလျက်။ တခြားလူတွေဆီမှာ တစ်ခုခုရှိနေပေမယ့် သူတို့မိသားစုမှာကျ မရှိတော့ ဒီခံစားချက်က သိပ်အဆင်မပြေဘူးလေ။

ဘေးအိမ်မှာ သားနှစ်ယောက်ရှိတယ်၊ သူတို့အိမ်မှာလည်း သားနှစ်ယောက်ရှိတယ်။ တကယ်လို့ ဘေးအိမ်မှာ နူးညံ့ပြီး ချစ်စဖွယ်ကောင်းတဲ့ သမီးလေးတစ်ယောက်ရှိလာရင်... ဘေးအိမ်က လင်မယားနှစ်ယောက်ရဲ့ရုပ်ရည်ကို ကြည့်လိုက်ရုံနဲ့ သူတို့နှစ်ယောက်ကမွေးတဲ့ သမီးတွေက တခြားလူတွေနဲ့ မတူဘူးဆိုတာ သေချာတယ်လေနော်...

ကျန်းချန်ပေ့ စိတ်ထဲတွင် လျိုထျောင့်ထျောင့်ကို ခဏတာတွေးနေမိသလို ဝမ်နျန်နျန်ကိုလည်း ခဏတာတွေးနေမိ၏။ သူ အရမ်းမနာလိုဖြစ်နေမိသည်။ သူ့မှာလည်း သမီးလေးတစ်ယောက်ရှိရင်ကောင်းမှာ... ထျောင့်ထျောင့်လိုသမီးဖြစ်ရင်တောင် အဆင်ပြေပါတယ်။

သူက ထျောင့်ထျောင့်လေးနဲ့ မကြာခဏဆော့ကစားပေးတတ်၍ သူတို့ဆက်ဆံရေးမှာ မဆိုးပါချေ။ သို့သော်လည်း ဒါက တခြားသူရဲ့ သမီးပဲလေ...

ငါ့မှာလည်း သမီးလေးတစ်ယောက်လောက် ဘယ်တော့များမှ ရနိုင်မှာလဲကွာ...

ကျန်းချန်ပေ့ ညကအိပ်မပျော်သလို ဟွမ်ရှင်းရင်လည်း အိပ်မပျော်ပေ။ နှစ်ယောက်သား အတွေးနယ်ချဲ့နေကြလျက်။

ကျန်းချန်ပေ့ ဂရုတစိုက် ပြောလာခဲ့သည်။ "မင်းပြောကြည့်၊ ငါတို့ရော နောက်ထပ်သမီးလေးယူကြမလား?"

ဟွမ်ရှင်းရင်: "…"

မွေးမလား? မမွေးဘူးလား? ဒါက အဓိက ပြဿနာပဲ...

xxx

All Chapters