အခန်း (၂၂၉)
Vol. 19 Ch. 229
ကျန်းချန်ပေ့တို့ဇနီးမောင်နှံလည်း ညဘက်အိပ်မပျော်နိုင်ဘဲ တတိယကလေးယူသင့်သလားလို့တွေးရင်း ဆံပင်ဖြူတော့မလိုလို။
တတိယကလေးက သမီးလေးမွေးရင်တော့ လင်မယားနှစ်ယောက်လုံး အရမ်းပျော်ရမှာပေါ့... ဒါပေမဲ့ သားလေးပဲမွေးရင်တော့... ပြီးဆုံးသွားမှာပဲလေ...
ကျန်းချန်ပေ့ ဟွမ်ရှင်းရင်အား မေးလိုက်သည်။ "မိန်းမရေ မင်းရော သမီးလေးမွေးတဲ့အကြာင်း အိပ်မက်မက်ဖူးလား"
"ကျွန်မဘာလို့မမက်ရမှာတုန်း။ အရင်က သမီးလေးမွေးတဲ့အကြောင်း အိပ်မက်တွေအများကြီးမက်ခဲ့တာပါနော်"
ကျန်းချန်ပေ့ ပြုံးပြီး "ဒါဆို သမီးတစ်ယောက်မွေးကြရအောင်!"
"အိပ်မက်တွေက ဆန့်ကျင်ဘက်ပဲလေ" ဆရာမဟွမ်က ကလေးမွေးချင်ပေမယ့် သတ္တိမရှိပါချေ။
"လီချင့်ဟွားက သမီးတစ်ယောက်မွေးတဲ့အကြောင်း အိပ်မက်မက်ခဲ့တယ်လို့ပြောပြီးတော့ သမီးလေးတစ်ယောက်မွေးခဲ့တယ်လေ မင်းရောမလုပ်နိုင်ဘူးလား"
"ဟမ့်" ဆရာမဟွမ်က သူ့ကို ရိုက်နှက်ချင်သွားရသော်လည်း သူမ အမှန်တကယ်မလုပ်နိုင်တာကိုတော့ ဝန်ခံရပေမည်။ သူမတို့ ဒုတိယကလေးက သားယောကျ်ားလေးဖြစ်ခဲ့တာလေ။
သူမ ဘယ်သူ့ကိုမှထုတ်မပြောခဲ့ပေမယ့် ဒုတိယကလေးကိုယ်ဝန်လွယ်ထားရတုန်းက သူမမွေးတဲ့ကလေးလေးဟာ သမီးလေးဖြစ်တယ်လို့ အကြိမ်ကြိမ်အိပ်မက်မက်ခဲ့သည်။
"မေ့လိုက်တော့၊ အလျင်စလိုမလုပ်နဲ့"
သူတို့အလျင်စလိုမဖြစ်ကြသော်လည်း သိပ်မကြာခင်မှာပင် မိသားစုခြံဝင်းထဲက ကျောက်မိသားစု၏ ယဲ့မင်ရှို့ဟာ သမီးလေးတစ်ယောက်မွေးဖွားကြောင်း ကြားလိုက်ရသည်။ ဒီကောင်က သူ့ကို ဂုဏ်ပြုစေဖို့အတွက် ဘေးအိမ်ကလုမိသားစုဆီ အပြေးလာကာ "လောင်လုရေ ငါအရမ်းပျော်တယ်ကွ၊ ငါ့မိန်းမ သမီးလေးမွေးတယ်ဟေ့!"
ကျောက်ကျန်းဟုန်က သူ့လက်တွေကို ပွတ်နေရင်း အလွန်ပျော်ရွှင်နေလေသည်။ သူ့မိန်းမမွေးတဲ့သမီးလေးက တော်တော်ရုပ်ဆိုးပေမယ့် သူနဲ့တူနေတုန်းပဲလေ... ဒါပေမဲ့ ကလေးမေမေကတော့ ရုပ်ဆိုးတယ်လို့ မထင်ပါချေ။
- သူ့မှာ သမီးတစ်ယောက်ရှိသွားပြီ!
နောက်ဆုံးတော့ အသက် ၃၀အရွယ်မှာ သူ ကလေးတစ်ယောက်ရခဲ့ပြီ။ အခု သူ့မှာ ဇနီးနဲ့ သမီးတစ်ယောက်ရှိပြီဆိုတော့ ဘာများထပ်လိုအပ်ဦးမှာလဲနော်။
"ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ်ကွာ"
လုယန်စိတ်ရင်းနဲ့ဂုဏ်ပြုပေးလိုက်သည်။ သူ့မှာ သမီးတစ်ယောက်ရှိသွားလို့ ကပ္ပတိန်လုလည်း တကယ်ကို မနာလိုဖြစ်မိကာ သူ့သူငယ်ချင်းရဲ့ ကောင်းချီးတွေကိုရဖို့ လက်လှမ်းပြီး ဆုတောင်းလိုက်ပါသေးရဲ့။
ကျောက်ကျန်းဟုန် အပျော်လွန်နေသော်လည်း လုယန် သူ့ကို ဂုဏ်ပြုပြီးနောက်တွင် သူ့မျက်နှာမှာ အပြုံးတစ်ပွင့်မျှရှိမနေတာကို တွေ့လိုက်ရသည်။ ထိုအစား သူ့ပုခုံးပေါ်မှာ တောင်တစ်တောင်ဖိမိထားသလိုမျိုး ဝမ်းနည်းမှုအရိပ်အယောင်ကို ပြသနေသည့်အလား။
သူ ကြောင်အမ်းသွားပြီးနောက်မှ လုယန်ကို သေချာကြည့်လိုက်ရာ ဒီကောင်က အသက် ၃၀ကျော်နေပြီမှန်း သဘောပေါက်သွားခဲ့ချေပြီ။ သူက ဆယ်ကျော်သက်အရွယ်တုန်းကလို မောက်မာခြင်းမရှိတော့သလို သူ့ပုံစံက အသက်၂၀ကျော်အရွယ် မဟုတ်တော့ပေ။ မာနကြီးပြီး စိတ်ရှုပ်ဖို့ကောင်းတဲ့ လုယန်ဟာ အသက်၃၀အရွယ်ရောက်လာတော့ တည်ကြည်လာပြီး ချောမောခန့်ညားနေဆဲဖြစ်သလို ဂုဏ်သိက္ခာရှိနေဆဲ။
လုယန်က အဖြူဆွတ်ဆွတ်စစ်ဝတ်စုံကို ၀တ်ဆင်ထားပြီး နေရောင်က သူ့အပေါ် တောက်ပနေရာ ဦးခေါင်းပေါ်ရှိ ကြယ်နီလေးဟာ တောက်ပတဲ့အလင်းရောင်အောက်မှာ ရောင်ပြန်ဟပ်နေလေရဲ့။
ယနေ့အလင်းရောင်မှာ ဘယ်လောက်ပဲလှပနေပါစေ၊ ရဲဘော်လုယန်ရဲ့ ခန္ဓာကိုယ်ကတော့ မှိုင်းညှို့နေလေသည်။
"လုကောရေ မင်းဘာဖြစ်နေတာလဲ?"
ယခုအချိန်တွင် ကျောက်ကျန်းဟုန် စိတ်ကောင်းဝင်နေတာကြောင့် လုယန်အား လုကောလို့ခေါ်ရန် ဆန္ဒရှိနေ၏။
လုယန်က လုကောဆိုတဲ့အခေါ်အဝေါ်ကို ကြားပေမဲ့ ပြုံးတောင်မပြုံးသွားဘဲ သူ့ဦးထုပ်ကို ချွတ်လိုက်ရာ ကျောက်ကျန်းဟုန်မျက်စိရှေ့တွင် မျက်နှာချောချောလေး ပေါ်လာတော့သည်။
သူက ကျောက်ကျန်းဟုန်ရဲ့ ပုခုံးကို ပုတ်လိုက်ရင်း "မင်းရဲ့ ကောင်းချီးကို ငါထိပါရစေကွာ"
ကျောက်ကျန်းဟုန် အံ့အားသင့်သွားပြီး "ငါ့မှာ ဘယ်လိုကောင်းချီးရှိနေလို့လဲ?"
"မင်းမိန်းမမှာလည်း အမြွှာအစ်မတစ်ယောက်ရှိတယ်လေ"
"ဟုတ်တယ်"
"ဒါပေမယ့် သူမက သမီးတစ်ယောက်ပဲမွေးတယ်လေ"
"ဟုတ်တယ်၊ ငါတို့မိသားစုက အမြွှာလေးရဖို့ ကံမပါဘူးပဲ"
လုယန်: "…"
ကပ္ပတိန်လုကတော့ သူပြောတာကိုကြားတဲ့အခါ ငိုလုမတတ်ပင်။
လုယန် မျက်လုံးမှိတ်လိုက်ပြီး ပါးစပ်ဖွင့်ကာ စကားပြောချင်သော်လည်း ပြောမထွက်နိုင်ခဲ့ပေ။
"လုကော မင်းမိန်းမလည်း ကိုယ်ဝန်ရှိနေပြီဆို၊ ဒီတစ်ခါတော့ မင်းတို့မှာ သေချာပေါက် သမီးလေးရမှာပါကွာ။ ဒါဆို မင်းတို့မှာ သားရောသမီးရော ပြည့်စုံသွားလိမ့်မယ်" ကျောက်ကျန်းဟုန်က လုယန်ရဲ့ ရင်ဘတ်ကို ပုတ်၍ "မင်းကို ငါတကယ်အားကျမိတယ်၊ မင်းက အခုမှ အသက်၃၀ပဲရှိသေး၊ သားရောသမီးပါရနေပြီ။ မင်းကို ငါလိုက်မမှီနိုင်တော့ပါဘူး"
လုယန် သက်ပြင်းချလိုက်သည်။
"မင်း ဘာလို့သက်ပြင်းချနေတာလဲ"
လုယန် သူ့ကိုကြည့်ဖို့ လေးလံနေတဲ့မျက်ခွံတွေကို မလိုက်ကာ "ငါ့မိန်းမမှာ အမြွှာကိုယ်ဝန်ရှိနေပြန်ပြီလေ"လို့ ခက်ခက်ခဲခဲထုတ်ပြောလိုက်ရသည်။
အရင်က သူတို့မသိခဲ့သော်လည်း မကြာသေးမီက သူတို့ဇနီးမောင်နှံဟာ ကိုယ်ဝန်ကို အာထရာဆောင်းရိုက်ဖို့ ဆေးရုံသို့သွားခဲ့ကြရာ... အမြွှာကိုယ်ဝန်ဖြစ်ကြောင်း ထပ်မံပြသခဲ့လေသည်။
ဤရက်စက်တဲ့အမှန်တရားကို ဇနီးမောင်နှံနှစ်ဦးစလုံး လက်ခံရန် ဝန်လေးနေကြလျက်။
မိသားစုထဲမှာ ကလေးတစ်ယောက်ပဲ ထပ်ပိုလာတာမဟုတ်ဘဲ နောက်ထပ်ကလေးနှစ်ယောက်ပိုလာတော့မယ်တဲ့...
လုယန် သူ့ဇနီးလေးကို ပွေ့ဖက်လိုက်ပြီး "ကိုယ် အသက်၃၀ပဲရှိသေးတာ၊ ကလေးလေးယောက်အဖေဖြစ်နေပြီပေါ့!!"
ချင်းရို့မှာ သူ့ထက် ပိုလို့တောင်ကြေကွဲနေပြီး ငိုချလုနီးနီးပင်။
"ကျွန်မက အသက် ၂၄နှစ်ပဲရှိသေးတယ်လို့၊ ကလေးလေးယောက်ရှိလာတော့မှာလား!!"
"မင်းက ၂၅ပါ"
"ရှင်လဲ ၃၁လေ!"
(Me: သူတို့၂ယောက်ကြောင့် ကျယ်မအူတက်နေပြီ 🤣)
…
လုယန်က သူ့ပခုံးပေါ်မှာ တောင်လေးလုံးဖိထားတယ်လို့ ခံစားနေခဲ့ရရုံသာမက ချင်းရို့ပင် စိတ်ဓာတ်ကျနေခဲ့သည်။
"ငယ်ငယ်လေးနဲ့ ငါ့မှာ... ကလေး၄ယောက်ရှိနေပြီတဲ့လား..."
ချင်းရို့ လုံးဝနားမလည်ပါချေ။ ဒီကမ္ဘာကြီးမှာ အမြွှာမွေးနိုင်ခြေအရမ်းမြင့်နေလို့လားဟ?! ဒုတိယအကြိမ်ကိုယ်ဝန်ကရော ဘာကြောင့်အမြွှာပဲဖြစ်နေရတာတုန်းလို့...
ဘုရားရေ...
နောက်ထပ်အမြွှာတစ်စုံဆိုတော့... ရလဒ်သုံးမျိုးရှိမှာပဲ...
ပထမတစ်ခုက နှစ်ယောက်စလုံး သမီးတွေဖြစ်မယ်၊ ဒါဆိုရင် လူတိုင်းပျော်ရွှင်ရမှာပေါ့။ မျှော်လင့်ထားတာထက် တစ်ယောက်ပိုသွားပေမဲ့လည်းလေ။
ဒုတိယကတော့ သားတစ်ယောက် သမီးတစ်ယောက် နဂါးနှင့်ဖီးနစ်အမြွှာဖြစ်မယ်။ ဒါလည်း အဆင်ပြေပါတယ်၊ သားသုံးယောက် သမီးတစ်ယောက်ပေါ့၊ အနည်းဆုံးတော့ သူမတို့မှာ သားရောသမီးပါရှိတုန်းပဲလေ။
တတိယကတော့ သားနှစ်ယောက်ပေါ့၊ အိုးမိုင်ဂေါ့... သားလေးယောက်!! ဒါဆိုရင်တော့ ဒုက္ခပဲနော်...
ဇနီးမောင်နှံနှစ်ယောက်လုံးလည်း ယောက်ျားလေးနှစ်ယောက်ထပ်ရှိလာမှာကို စိုးရိမ်ကြောင့်ကြနေကြလျက်။
"ထပ်ပြီးတော့... အမြွှာတွေတဲ့လား?"
ကျောက်ကျန်းဟုန် အထိတ်တလန့်ဖြစ်သွားပြီး အံ့အားသင့်လွန်းလို့ ပါးစပ်မှာ ကြက်ဥပင်ဝင်ရလောက်အောင် ဟသွားရလေသည်။
"လုကောရေ အံ့သြစရာပဲဟေ့! အံ့သြစရာပဲ!"
ကျောက်ကျန်းဟုန် သူ့ကို အမှန်တကယ်လေးစားမိ၍ ထိုင်ရှိခိုးချင်သွားရသည်။ လုကောက ပိုကောင်းသထက်ကောင်းလာတာပဲကွာ။ သူ့မှာ အကြိမ်တိုင်းနှစ်ယောက်ရတယ်တဲ့၊ ဒီမိသားစုခြံဝင်းထဲမှာ လုကောထက် ဘယ်သူက ပိုကောင်းနိုင်မလဲနော်။
"လုကော မင်းအရမ်းကံကောင်းတာပဲကွာ!"
"မင်းအတွက် ဒီကောင်းချီးကိုလိုချင်သလား?" လုယန် သူ့ကိုကန်ထုတ်ရင်း မေးလိုက်သည်။
"ငါ့ကိုပေး၊ ငါလိုချင်တယ်!"
ကျောက်ကျန်းဟုန် ပြုံးလျက် "ငါ့ရဲ့ကျောက်မျိုးရိုးနာမည်က အမြွှာမွေးရလောက်အောင် ကောင်းချီးမရှိပါဘူးကွာ"
သတင်းကောင်းကိုကြားသိပြီးနောက် ကျောက်ကျန်းဟုန် ဝမ်းသာအားရဖြင့် အိမ်ပြန်ပြေးသွားခဲ့သည်။ ယဲ့မင်ရှို့ မီးတွင်းကာလတွင်ရှိနေဆဲ၊ ကျောက်ကျန်းဟုန် အိမ်ပြန်ပြေးလာစဥ် ယဲ့မင်ရှို့က ဘေဘီလေးကို နို့တိုက်နေ၏။ သူမက သူ့ကိုမြင်သည်နဲ့ အမြန်မေးလိုက်၏။
"ရှင် ဘာလို့ဒီလောက်မြန်မြန်ကြီးပြန်လာတာလဲ"
"ကိုယ်ထွက်သွားတော့ ဝမ်းသာစရာသတင်းကောင်းကို ကြားခဲ့ရလို့"
ကျောက်ကျန်းဟုန်က ယဲ့မင်ရှို့နံဘေးကိုသွား၍ နူးနူးညံ့ညံ့သမီးလေးကို စပ်စပ်စုစုကြည့်လိုက်၏။ ကလေးလေးဟာ သူ့အမေဝမ်းမှထွက်လာပြီး မကြာမီတွင် အရေပြားတွေက နီရဲရှုံ့တွနေသော်လည်း မြင်လိုက်ရချိန်မှာတော့ သူ့စိတ်နှလုံးတစ်ခုလုံးကနု ညံ့သက်သွားစေလေသည်။
"ဘာသတင်းကောင်းလဲ?" ယဲ့မင်ရှို့ နားမလည်နိုင်ဖြစ်နေလျက်။ "ရှင်ပဲ သတင်းကောင်းကို ကြေညာဖို့ ထွက်သွားတာမဟုတ်ဘူးလား?"
"လုယန်လေ၊ လုကောနဲ့ သူ့မိန်းမမှာ အမြွှာကိုယ်ဝန်ရှိနေပြန်ပြီတဲ့"
ယဲ့မင်ရှို့ မေးရိုးမှာပြုတ်ကျသွားရကာ "နောက်ထပ်အမြွှာလား?!!"
"ဟုတ်တယ်" ကျောက်ကျန်းဟုန် သက်ပြင်းချရင်း "ငါ့မှာ သမီးတစ်ယောက်ပဲရှိပေမယ့် သူတို့မှာတော့ ကလေးလေးယောက်ရှိနေပြီပဲ"
"ကံကောင်းလိုက်တာတော်၊ နောက်ထပ်အမြွှာတွေပေါ့လေ"
"အဲလိုမပြောနဲ့။ လုကော ဒါကိုကြားရရင် ပျော်မှာမဟုတ်ဘူး။ အခု လုယန်ရဲ့အခြေအနေဘယ်လိုဖြစ်နေသလဲဆိုတာ မင်းမျက်စိတပ်အပ်မတွေ့လိုက်ရလို့နော်၊ သူက ရေခဲရိုက်ခံထားရတဲ့ ခရမ်းသီးလိုမျိုးဖြစ်နေပြီ။သူ့စိတ်စွမ်းအင်တွေ ဆုတ်ယုတ်သွားပြီ"
"ကလေးလေးယောက်... အဲဒါကို တွေးကြည့်ရုံနဲ့ လုံလောက်ပါတယ်လေ"
"အမှန်ပဲ၊ ကိုယ်တို့သမီးကိုပဲ အရင်ပျိုးထောင်ကြတာပေါ့"
ကျောက်ကျန်းဟုန် ကျေနပ်စွာ ပြုံးလိုက်ပြီး "မျှော်လင့်ထားသလိုပဲ ငါ့အတွက် နေ့ရက်ကောင်းလေးတွေ ရောက်လာနေပြီ!"
"ဘေးအိမ်က အမြွှာကိုယ်ဝန်ရှိနေပြန်ပြီတဲ့လား?"
ကျန်းချန်ပေ့နှင့် ဟွမ်ရှင်းရင်တို့ ဤသတင်းကိုကြားတဲ့အခါ အလွန်ဝမ်းသာသွားကြသည်။ ဆရာမဟွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး "တို့အိမ်နီးချင်းမှာ ဘယ်လိုဖုန်းရွှေအမျိုးအစားရှိနေတာလဲနော်။ ဘာလို့များ အမြွှာကိုယ်ဝန်ချည်းဆက်တိုက်ရနေတာလဲ?"
"သူများတွေ ကံကောင်းတယ်ဟေ့၊ သူတို့မှာ ကောင်လေးလေးယောက်ရှိကောင်းရှိနိုင်တာပဲ" ကျန်းချန်ပေ့ ကျိတ်ရယ်လိုက်၏။ ဘေးအိမ်က သနားစရာကောင်းလွန်းတာပဲကွာ၊ အမြွှာသမီးလေးရှိနိုင်ခြေက သုံးပုံတစ်ပုံပဲရှိတာလေ၊ ယောက်ျားလေးနှစ်ယောက်ဖြစ်နိုင်ချေက ပိုများနေတာပဲ။
"ဟီး—" ဟွမ်ရှင်းရင် သူမပါးစပ်ကို အုပ်ကာ ရယ်မောလိုက်ပြီး "တကယ်လဲ ကောင်လေး လေးယောက် ဖြစ်နိုင်တယ်နော်။ ရှောင်ချင်းက ဒီတစ်ခေါက်ကိုယ်ဝန်ကလဲ အရင်တခါနဲ့အတူတူပဲခံစားရတယ်လို့ သူမပြောတာကြားမိတယ်"
"တကယ်လား? ဒါဆို ငါတို့အိမ်နီးချင်းက အရမ်းကံကောင်းတာပဲကွာ။ ကောင်းချီးပေးပါစေ"
ကျန်းချန်ပေ့တို့ဇနီးမောင်နှံဟာ တစ်နေကုန် ပျော်ရွှင်နေလျက်၊ သူတို့နှစ်ယောက်သား လက်တွဲ၍ မီးဖိုချောင်ဆီ အတူတူဝင်သွားခဲ့ကြပြီး ယနေ့ညတွင် အစားအသောက်ကောင်းကောင်းစားရန် ဆုံးဖြတ်ခဲ့ကြသည်။
"မား ဒီနေ့ ဘာနေ့ကောင်းလဲဗျ၊ မား ဘာလို့ ကြက်သတ်တာလဲ?" ကျန်းရိချောင် အိမ်ပြန်ရောက်တဲ့အခါ စားပွဲတစ်ခုလုံး ဟင်းပွဲအပြည့်ဖြစ်နေတာကို တွေ့လိုက်ရသည်။ ကြက်တောင်သတ်လိုက်သေးတယ်... ဒီနေ့က ထူးခြားတဲ့နေ့တစ်နေ့လား...
"နေ့ကောင်းလေးပေါ့၊ သားပါးပါးနဲ့မားမားတို့ ဆုံးဖြတ်ချက်တစ်ခုချပြီးသွားလို့"
"သားတို့ကိုမပြောပြသေးဘူးကွယ် လိမ္မာနော်၊ ရိချောင်က သွင်းသွင်းကို ညစာစားဖို့ သွားခေါ်လာခဲ့ပါဦး"
"ငါတို့မိသားစုမှာ ကောင်းတာတစ်ခုခုဖြစ်လာတော့မှာလား?"
ဟုတ်တာပေါ့၊ ကျန်းချန်ပေ့နဲ့ သူ့မိန်းမလည်း ဆုံးဖြတ်ချက်တစ်ခုချခဲ့ပြီးပြီဖြစ်သည်။ သူတို့လည်း တတိယကလေးယူဖို့ စီစဉ်နေလေပြီ။ အရင်က သူတို့နည်းနည်းတွန့်ဆုတ်နေခဲ့သော်လည်း ယခုတော့ တွန့်ဆုတ်နေစရာဘာမှမရှိတော့ဘူးလေ။
အလောင်းအစားလုပ်ကြတာပေါ့!
ဖြစ်နိုင်ချေက ယောက်ျားလေး သို့မဟုတ် မိန်းကလေးပဲလေ။ အိမ်နီးချင်းအတွက်ကတော့... ဟားဟားဟား... သူတို့က ကလေး၄ယောက်ရှိလာတော့မှာ။ အိမ်နီးချင်းကတော့ သနားစရာအကောင်းဆုံးပဲဟေ့... ဟားဟားဟား...
"ဘေးအိမ်ကတောင် ကလေးထပ်ယူရဲသေးတာပဲ၊ ငါတို့လည်း ဘာလို့ ကလေးတစ်ယောက်ထပ်မယူရဲရမှာလဲနော်"
ကျန်းချန်ပေ့နှင့် ဟွမ်ရှင်းရင်တို့လည်း စိုးရိမ်ပူပန်မှုလုံးဝမရှိတော့ပေ။ သူတို့နှစ်ယောက်စလုံးက အရမ်းကြီးကံမဆိုးလောက်ပါဘူးလို့ တွေး၍ "ဆက်တိုက်ချည်း သားယောကျ်ားလေးသုံးယောက် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲနော်?"
"ဒီတစ်ခါတော့ သေချာပေါက်သမီးပဲဖြစ်မှာ!"
သတင်းကောင်းတွေဆို မပျံ့တတ်သော်ငြား သတင်းဆိုးတွေဆိုရင်တော့ မိုင်ထောင်ချီထိ ပျံနှံ့တတ်ပေသည်။
ချင်းရို့ အမြွှာကိုယ်ဝန် ထပ်ရှိနေပြီဆိုတဲ့သတင်းကို မိသားစုခြံဝင်းကြီးတစ်ခုလုံး သိသွားကြပြီး မိသားစုဝင်တွေအားလုံးက ပျော်ရွှင်စွာဖြင့် "ရှောင်ချင်းက အရမ်းကံကောင်းတာပဲကွယ်"
"ကပ္ပတိန်လုက တကယ်ကံကောင်းတာပဲဟေ့!"
"အမြွှာတစ်စုံထပ်မွေးဦးမှာပေါ့!"
"နောက်ထပ်အမြွှာတစ်စုံတဲ့လား!"
xxx