← Chapters

အခန်း (၂၃၀)

Vol. 20 Ch. 230

အခန်း (၂၃၀)

Vol. 20 Ch. 230

မူကြိုကျောင်းအုပ်ဝူတောင်မှ ချင်းရို့မှာ အမြွှာကိုယ်ဝန်ရှိနေကြောင်း ကြားသိသည်နဲ့ ဂုဏ်ပြုရန် သူမအိမ်သို့ ရောက်လာခဲ့သည်။ ကျောင်းအုပ်ဝူက သူမကို "အံ့အားသင့်"နေတဲ့ အမူအရာဖြင့် ဝိုင်းဝိုင်းပတ်ကြည့်ရှုနေပြီးမှ

"ရှောင်ချင်း ရှောင်ချင်းရယ်... မင်းကတော့ တကယ်ပါပဲ... ဟိုးအစကတည်းက ကျွန်မတို့မူကြိုကိုပဲလာသင့်တာပါ"

"ကျွန်မတို့ကံကြမ္မာက ခိုင်မာလွန်းနေတာလေ"

"မင်း က​လေးတစ်​​သုတ်ကို ကျောင်းပို့​ပြီးတော့ မကြာခင်​မှာ ​နောက်​တစ်​သုတ် ထပ်​လာဦးမှာပဲ"

ချင်းရို့: "…"

ကျောင်းအုပ်ဝူသည် ချင်းရို့ဟာ ကြက်သွန်မြိတ်စိုက်ပျိုးနေသလိုမျိုး ပြောနေခဲ့လေ၏။ သူမက သီးနှံတစ်သုတ်ပြီးတစ်သုတ်ရိတ်သိမ်းနေသည့်အသွင်။

ပထမဆုံး သူမက ရှီးရှီးလေးနဲ့ ကျင်းရိလေးကို မူကြိုဆီသို့ ပို့ပေးခဲ့ပြီး တစ်ဖန် ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့ကို ပို့ခဲ့တယ်လေ။ အခု ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတောင်မှ မူကြိုမပြီးသေးခင်မှာ နောက်ထပ်ကလေးနှစ်ယောက်ထပ်ပို့ရဦးမယ်။ အကိုတွေ မူလတန်းကျောင်းတက်တဲ့အချိန် သူတို့က မူကြိုတက်ရမယ်လေ။

- အိမ်မှာ မူကြိုတောင်ဖွင့်လို့ရနေပြီဟ။

ကျောင်းအုပ်ဝူက သူတို့အိမ်မှပြန်သွားပြီးနောက် ချင်းရို့လည်း အပြုံးတွေကို ဖယ်ရှားလိုက်ပြီး ခါးသက်သက်ရယ်မောလိုက်ကာ ရေခဲရိုက်ခံထားရတဲ့ခရမ်းသီးသဖွယ် ကုတင်ပေါ်တွင် လှဲအိပ်လိုက်တော့သည်။

လုယန်မိဘတွေက သူမမှာ အမြွှာကိုယ်ဝန်ရှိနေကြောင်းကြားသိပြီးနောက် ချုံကျိုးကျွန်းသို့ လာနေကြပြီဖြစ်သည်။

"ဇနီးလေး?"

လုယန် အိမ်ပြန်ရောက်သည်နဲ့ သူ့ဦးထုပ်ကို ချွတ်ပြီး တံခါးဖွင့်လိုက်ရာ ကုတင်ပေါ်မှာ မလှုပ်မယှက် လဲလျောင်းနေတဲ့ချင်းရို့ကို တွေ့လိုက်ရ၍ သူလျှောက်လာခဲ့ကာ သူမအား ပွေ့ဖက်လိုက်၏။

လုယန် သက်ပြင်းချလိုက်ရင်း "မိန်းမ ကိုယ်တောင်းပန်ပါတယ်ကွာ"

"ရှင် ဘာလို့တောင်းပန်နေတာလဲ?"

"မင်းရဲ့ လုကောက အရမ်းတော်လွန်းလို့ပေါ့။ ကိုယ် မင်းကို အမြွှာကိုယ်ဝန်ထပ်ရအောင်လုပ်ခဲ့မိတယ်လေ" အခု သူအပြင်ထွက်တိုင်း လူတိုင်းက သူ့ကို ကြီးမြတ်လှတဲ့ကပ္ပတိန်လုလို့ပြောနေကြတယ်လေ...

ယခင်ကျောင်းအုပ်ကြီးတောင်မှ ထိုအကြောင်းကို ကြားသိသိချင်း တမင်တကာဖုန်းခေါ်ကာ လုကောက တကယ့်ကို လုကောပါပဲလို့ ရည်ရွယ်ချက်ရှိရှိ စနောက်ခဲ့သေးသည်။

အမျိုးသားတွေက အားနည်းချက်ကို အပြင်ထုတ်မပြနိုင်ဘူးလေ။ လုကောလည်း ဒါကို ခေါင်းမာမာနဲ့ ဇွတ်အတင်းဝန်ခံခဲ့တာပေါ့။

"... အဲဒီတော်တဲ့သူက ကျွန်မဖြစ်သင့်တာ မဟုတ်ဘူးလား?" ချင်းရို့၏ ဇီဝဗေဒမှာ သိပ်မကောင်းသဖြင့် အမြွှာလေးတွေရှိလာတဲ့အခါ အံသြစရာကောင်းသူဟာ ဖေဖေလား မေမေလားဆိုတာ သူမလည်း မသိပါချေ။ ကံကြမ္မာက သူမကို ဘာလို့အမြွှာတွေချည်း ဆက်တိုက်ကိုယ်ဝန်ဆောင်စေချင်ရတာလဲလို့...

လုယန် ရယ်မောပြီး သူမနဖူးလေးကို နမ်းလိုက်သည်။ "ဒါပေါ့ အံ့သြစရာကောင်းတာက ကိုယ့်မိန်းမလေးပဲပေါ့"

"ကိုယ်တို့မိဘတွေ ပြန်ဖြစ်တော့မှာပေါ့၊ ဒီအိမ်က တကယ်အသက်ဝင်နေမှာပဲ။ ကောင်းတာတွေ တွေးကြည့်ကြစို့လေ၊ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေး ဆော့ခဲ့တဲ့အရုပ်တွေ၊ လျှောတွေ ဒန်းတွေကို အငယ်လေးတွေ ဆက်ကစားလို့ရတုန်းပဲ"

"အကိုတွေ ဝတ်ထားတဲ့အဝတ်အစားတွေကို… ဒါလည်း သူတို့ဆက်ဝတ်လို့ရတာပဲလေ"

သူပြောတာကို နားထောင်နေရင်း ချင်းရို့ငိုချင်သွားရ၏။ "ဒီလိုအဆိုးမြင်တဲ့အကြောင်းတွေပြောနေတာ ရပ်ပေးနိုင်မလား၊ ကျွန်မတို့သမီးက သူ့အစ်ကိုရဲ့ ဘောင်းဘီတွေ ဝတ်ရမှာမဟုတ်ဘဲ စကတ်သေးသေးလေး၀တ်ရမှာလို့"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ကိုယ်တို့သမီးက စကတ်သေးသေးလေး ဝတ်ရမှာပေါ့"

လုယန် သူမကို ပွေ့ဖက်ပြီး တိုးတိုးလေးချော့နေရင်း "မိန်းမ မပျော်မရွှင်မဖြစ်ပါနဲ့ကွာ၊ နောက်ထပ်ကလေးနှစ်ယောက်ရှိရင်လည်း ကလေးနှစ်ယောက်ပေါ့၊ ပိုပြီးပျော်စရာကောင်းလာမှာပဲလေ ဟုတ်တယ်မဟုတ်လား?"

ချင်းရို့ ခေါင်းမော့ကြည့်လိုက်တော့ လုယန်က သူမကို နူးညံ့ညင်သာစွာ စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ ​​သူ့ရဲ့ ချောမောပြီး ရင့်ကျက်တဲ့မျက်နှာဟာ အထူးဆွဲဆောင်မှုရှိနေလျက်၊ သူ့မှာ လူတွေကို သက်တောင့်သက်သာဖြစ်စေတဲ့ တောင်တန်းလို စွမ်းအားတွေရှိနေသည့်အလား။

"အင်းပါ" ချင်းရို့ ခေါင်းညိတ်လိုက်၏။ သူမကိုယ်၌လည်း စိတ်အခြေအနေမကောင်းမဖြစ်သင့်ဘူးဆိုတာကို သိပေသည်။ သူမရဲ့ စိတ်ခံစားချက်တွေက ဗိုက်ထဲက ကလေးတွေကို သက်ရောက်သွားမှာ စိုးရိမ်မိသည်။ သူတို့မိဘတွေက သူတို့ကို မကြိုဆိုဘူးလို့ အထင်အမြင်လွဲသွားမှာကိုလည်း မလိုလားပါချေ။

"ကလေးရောက်လာရင်လည်း ရောက်လာတာပဲပေါ့။ ကျွန်မတို့ ကောင်းကောင်းဂရုစိုက်ပေးရမယ်" ကလေးနှစ်ယောက်ထပ်ပိုလာတော့မည်ဖြစ်၍ ဖိအားတွေ တနေ့တခြားတိုးလာကာ ကလေးတွေကို ထောက်ပံ့ရန် ငွေပိုရှာဖို့ လိုအပ်ပေသည်။

ကံကောင်းထောက်မစွာဖြင့် ယခု လုယန်ရဲ့လစာမှာမနည်းသလို သူမရဲ့လစာနှင့် ထောက်ပံ့ကြေးကို ပေါင်းလိုက်ရင်လည်း တစ်လကို ၈၁ယွမ်အထိ တိုးလာပြီဖြစ်၍ ကလေးလေးယောက်ကို ပြုစုပျိုးထောင်ရန် လုံလောက်သည်ထက် ပိုနေပါသေးရဲ့။

ထို့အပြင် မကြာမီတွင် စီးပွားရေးအခွင့်အလမ်းတွေ စဖွင့်တော့မည်ပင်။ ငွေရှာတဲ့နေ့ရက်တွေ လာတော့မည်ဖြစ်သလို စီးပွားရေးကို စတင်ရတော့မည်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းစရမယ်!

"မိန်းမ မင်းအလုပ်ကြိုးစားခဲ့ပါတယ်ကွာ" လုယန် နူးညံ့စွာ ပြောလာခဲ့သည်။ အမျိုးသမီးတစ်ယောက်အတွက် ကိုယ်ဝန်လွယ်ရသည်မှာ မလွယ်ကူမှန်း သူသိသည်၊ အမြွှာကိုယ်ဝန်လွယ်ရတာ ပိုတောင်ခက်ပါသေးရဲ့။ ယောကျ်ားတစ်ယောက်အနေနဲ့ သူ့မိန်းမရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို သူမျှဝေခံစားပေးချင်သလို သူမကိုလည်း သူပိုပြီး ကောင်းကောင်းစောင့်ရှောက်ပေးချင်တယ်...

ချင်းရို့ ပြုံးလိုက်ပြီး လုယန်လက်ကို ကိုင်ကာ သူမဗိုက်ပေါ် တင်ပေးလိုက်သည်။ ယခုအခါ ဗိုက်က သိသိသာသာမရှိသေး၊ ပဲပင်ပေါက်သေးသေးလေးနှစ်ခုက အမြစ်တွယ်ကာ သူတို့မေမေဝမ်းဗိုက်ထဲမှာ အညှောင့်ပေါက်ခါစလေးဖြစ်၏။ "ကျွန်မ မွေးချင်တယ်လို့ ပြောခဲ့တာပါနော်။ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ်၊ ကျွန်မတို့အားလုံး ပျော်ရွှင်သင့်တယ်။ ယောက်ျားလေးနှစ်ယောက်ဆိုလည်း ကျွန်မတို့အိမ်က ကြိုဆိုမှာပဲ"

"မှန်တယ်"

ချင်းရို့ သူမအမျိုးသားလေးရဲ့ရင်ခွင်ထဲ တိုးဝင်လျက် ဒါဟာ အံ့အားသင့်စရာကောင်းတယ်လို့ ခံစားမိခဲ့သည်။ သူမ အချိန်ကူးပြောင်းမလာခင်က တစ်ယောက်တည်းနေခဲ့ပြီး၊ အချိန်ကူးပြောင်းပြီးနောက် ငါးနှစ်ခြောက်နှစ်သာရှိသေး၊ သူမမှာ ကလေးလေးယောက်ရှိတော့မှာတဲ့၊ ပြီးတော့ သူမ ချစ်တဲ့အမျိုးသားရှိလာခဲ့ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်ခုရလာခဲ့လေပြီ။

မဟုတ်ဘူး မိသားစုကြီးပဲ!

အရမ်းကောင်းတာပဲနော်...

ချင်းရို့ ကိုယ်ဝန်သုံးလရှိလာသောအခါ လုကျုံးရီနှင့် ကျန်းဖျင်တို့လည်း ကျွန်းသို့ နောက်တစ်ဖန်ရောက်ရှိလာကြပြီး ယခင်အိမ်မှာပဲ နေထိုင်ခဲ့ကြသည်။ လူအိုကြီးဇနီးမောင်နှံတို့က ချင်းရို့ကို မြင်သည့်အခါ ရွှင်မြူးစွာ ပြုံးပျော်နေလေသည်။

"ငါ့ချွေးမမှာ အမြွှာကိုယ်ဝန်ထပ်ရပြန်ပြီလို့လဲကြားရော လောင်ဝမ့်ပုံစံက ဘာနဲ့တူသလဲဆိုတာ မင်းမမြင်လိုက်ရလို့ကွာ"

"ငါ ရယ်ရလို့ သေတော့မယ်"

"ငါ့မှာ မြေးမလေးမရှိရင်တောင် ငါ သူ့ကို နိုင်နေတုန်းပဲလေ၊ လောင်ဝမ်က ငါနဲ့ယှဉ်နိုင်လို့လား? သူ့မှာ အမြွှာတွေရှိလား?" လုကျုံးရီ ရောက်လာသောအခါ လုယန်ကို ဤမိန်းကလေးနဲ့ မိတ်ဆက်ပေးခဲ့သော အောင်သွယ်တော်ကို ဖုန်းခေါ်ကာ ကျေးဇူးတင်စကားပြောခဲ့သည်။ "မင်း ငါ့သားအတွက် ဒီလောက်ကောင်းတဲ့ဇနီးလေးကို မိတ်ဆက်ပေးခဲ့တာ!"

အောင်သွယ်တော်: "..." ရယ်စရာကောင်းလိုက်တာနော်!

ဒေါသအိုးနဲ့ ငရုတ်သီးလေးတို့ လက်ထပ်လိုက်ကြမယ်လို့ အောင်သွယ်တော်မှာ တစ်ခါမှမထင်မှတ်ထားခဲ့မိပေ။ ထိုနှစ်ယောက် အိမ်ထောင်ကျပြီးနောက် နှစ်ယောက်စလုံးဟာ တကယ်ပဲ ငရုတ်ဆော့စ်ဖြစ်လာခဲ့ပြီး စေးကပ်နေကြလေရဲ့။ သည့်အပြင် ကောင်းချီးတို့ဖြင့် အမြွှာနှစ်စုံ ဆက်တိုက်ရလာတာကြောင့် လုမိသားစုလည်း သေလောက်အောင် ပျော်ရွှင်နေကြလေသည်။

အောင်သွယ်တော်က ဒါရိုက်တာစွင်းကို ဖုန်းခေါ်လိုက်ပြီး "မင်းတို့အဖွဲ့ထဲက အဲဒီငရုတ်သီးလေးကလေ တကယ်စပ်တာပဲဟေ့!"

"ငရုတ်သီးလေးလား? နင်ဘယ်သူအကြောင်းပြောနေတာလဲ?" ဒါရိုက်ံတာစွင်း ပဟေဠိဖြစ်သွားရသည်။

"ချင်းရို့လေ၊ လုယန်နဲ့ လက်ထပ်သွားပြီး ချုံကျိုးကျွန်းကို လိုက်သွားတဲ့တစ်ယောက်လေ၊ သူမက တကယ်စပ်တဲ့ ငရုတ်သီးလေးပဲ"

ဒါရိုက်တာစွင်း: "သူမက တော်တော်စပ်တယ်လေ"

"ဟုတ်ပါ့ စပ်တာမှ တကယ်စပ်တယ်ဟေ့!!"

"ဘာဖြစ်လို့လဲ? တစ်ခုခုဖြစ်သွားလို့လား?"

ဒါရိုက်တာစွင်းမှာ တစ်ခါက ချင်းရို့ ဖုန်းခေါ်ခဲ့ဖူးပြီး အိမ်ထောင်ပြုပြီးနောက်ပိုင်း ကောင်းကောင်းမွန်မွန်နေထိုင်နေရကြောင်း ပြောပြခဲ့တာကို သတိရသွားခဲ့သည်။ မကြာသေးခင်က ပြဿနာတက်တာများ ဖြစ်နိုင်မလား?

"ဝမ်းသာစရာပါလေ၊ သူမမှာ အမြွှာနှစ်စုံတောင်ရှိနေပြီတဲ့"

ဒါရိုက်တာစွင်း: "…"

ကိုယ်ဝန်သုံးလရှိနေပြီဖြစ်တဲ့ ချင်းရို့ဟာ ဗိုက်ထွက်နေပြီဖြစ်သည်။

ယခုအခါ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့လည်း လေးနှစ်ရှိလေပြီ။ ချင်းရို့က သူတို့အတွက် သင်ကြားရေးကတ်များစွာ ပြုလုပ်ပေးကာ စကားလုံးတွေကို မှတ်မိအောင်သင်ကြားပေးပြီး ပုံပြင်တွေပြောပြခဲ့သည်။

ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က သူတို့မေမေကို စူးစမ်းစွာ ဝန်းရံနေကြလျက် သူတို့မေမေဗိုက်ကို ထိကြည့်ချင်နေကြသည်။

"ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးလည်း ဒီထဲက ထွက်လာတာပဲလေ"

ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးမှာ အံ့သြတကြီး မျက်လုံးပြူးသွားကြသည်။

ချင်းရို့ ပြုံး၍ သူတို့နှစ်ယောက်လက်လေးကို ကိုင်ကာ ဗိုက်ကို ထိကြည့်စေခဲ့သည်။ တည်ငြိမ်အေးဆေးတဲ့ ကျိုးကျိုးကောကောက ဘာမှမပြောပေ၊ သူက အသက်လေးနှစ်သာရှိသေးပေမယ့်... ညီလေးညီမလေးတွေရဲ့ အကြီးဆုံးအစ်ကို ဖြစ်နှင့်နေပြီလေ။ သူ့ပုခုံးပေါ်မှာ ကြီးမားလှသော တာဝန်တစ်ခုရှိလာပြီလို့ ရုတ်တရက် ခံစားမိသွားရသည်။

"ငါက အကြီးဆုံးအကိုပါ" မိသားစုရဲ့ အစ်ကိုအကြီးဆုံးတစ်ယောက်အနေနဲ့ အငယ်လေးတွေကို ကောင်းကောင်းဂရုစိုက်ရမှာပေါ့...

လေးနှစ်အရွယ် ဖက်ထုပ်လေးက ရွှင်မြူးစွာဖြင့် "အခုတော့ ငါ အစ်ကိုဖြစ်ပြီကွ!"

"ညီမလေး မြန်မြန်ထွက်လာတော့နော်!"

တစ်ချိန်တည်းမှာပင် ကျန်းမိသားစု၏ ဆရာမဟွမ်လည်း ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။

ချင်းရို့ဗိုက်မှာ တနေ့တခြား ပိုပိုကြီးလာပြီး ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့ ညီအကိုနှစ်ယောက်က သူတို့မေမေအနားတွင်နေကာ မိခင်ဝမ်းတွင်းရှိ ညီမလေးတွေနဲ့ အပြန်အလှန်ဆက်ဆံပြောဆိုနေကြသလို သူတို့အား သီချင်းလည်းဆိုပြခဲ့ကြသည်။

"ပျံလွှားငှက်လေး၊ ပန်းပွင့်ဂါဝန်လေးတွေ ဝတ်ထား... နွေဦးတိုင်း ဒီကိုလာကြ..."

ညီအစ်ကိုနှစ်ယောက် ထပ်ခါထပ်ခါ သီချင်းဆိုခဲ့ကြပြီး သူတို့ ကီးမလွဲအောင် သီဆိုနိုင်သော၊ အကျွမ်းကျင်ဆုံးသော သီချင်းမှာ "ပျံလွှားငှက်လေး" တစ်ပုဒ်တည်းပင်။

ချင်းရို့သည် သူမသားလေးတွေရဲ့ သီချင်းဆိုသံကို နားထောင်နေရင်း ပင်ပန်းနွမ်းနယ်နေပြီး စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။ အနည်းဆုံးတော့ ဒီကလေးနှစ်ယောက်က "ပျံလွှားငှက်လေး" သီချင်းကို ကောင်းကောင်းသီဆိုနိုင်ပါတယ်လေ။

"ညီမ​လေးက သူတို့ကောကောတွေ သီချင်းဆိုပြနေတာကို ကြိုက်​နေကြတယ်"

"မားမား သားတို့ ညီမလေး ဘယ်တော့ထွက်လာမှာလဲဟင်?!"

ဖက်ထုပ်လေးက သူ့အမေအနားတွင်နေပြီး သူ့အား "ကောကော"လို့ ခေါ်ကြမယ့် ချစ်စရာညီမလေးတွေကို တွေ့ဖို့ရာ မစောင့်နိုင်တော့ပေ။

"နှစ်သစ်ကူးမှာ မားတို့ ဖက်ထုပ်တွေစားတဲ့အချိန် မားတို့ဖက်ထုပ်လေးရဲ့ ညီမလေးတွေထွက်လာလိမ့်မယ်။ ဟုတ်တယ် သူတို့က ဖက်ထုပ်တွေစားဖို့ အမြန်ထွက်လာကြမှာ အသေအချာပဲ" ချင်းရို့ due dateမှာ ၁၉၇၇ ဇန်နဝါရီလောက်ဖြစ်၏။ ဆိုလိုသည်မှာ တရုတ်နှစ်သစ်ကူးမတိုင်ခင်ဖြစ်ပေမည်။ နှစ်သစ်ကူးအကြိုနေ့မတိုင်ခင် ကလေးလေးတွေ သူမတို့အိမ်ကို ရောက်လာသင့်သည်။

ဖက်ထုပ်လေး: "..." ညီမလေးတွေက ဖက်ထုပ်စားဖို့ အပြေးထွက်လာတော့မှာလား?

ကြည့်ရတာ နည်းနည်းဆိုးမယ့်ပုံပဲနော်...

"မားမား ညီမလေးတွေက သားကို စားချင်ရင် ဘယ်လိုလုပ်မလဲဟင်?"

ချင်းရို့ ပြုံးလိုက်ကာ "မားမားတို့ဖက်ထုပ်လေးက ဖက်ထုပ်တွေနဲ့ မတူဘူးလေ။ ညီမလေးတွေက သူတို့ကောကောဖက်ထုပ်လေးကို ကြိုက်သလို နှစ်သစ်ကူးအကြိုနေ့မှာလည်း ဖက်ထုပ်တွေစားရတာကြိုက်တယ်။ မားမားတို့ ဖက်ထုပ်လေးလည်း ဖက်ထုပ်စားရတာ ကြိုက်တယ် မဟုတ်ဘူးလား?"

ဖက်ထုပ်လေး: "... " ဖက်ထုပ်တွေအများကြီးရှိနေတာပဲ။

ကျိုးကျိုး: "သားညီမလေးတွေအတွက် ဖက်ထုပ်လုပ်ပေးမယ်!"

"သားလည်း ညီမလေးတွေအတွက် ဖက်ထုပ်လုပ်ပေးမှာ! ဖက်ထုပ်ကောကောက ညီမလေးတွေအတွက် ဖက်ထုပ်လုပ်မယ်"

"ကောင်းပြီ၊ မားမားသားလေးတွေက သူတို့ညီမလေးတွေအတွက် ဖက်ထုပ်လုပ်ပေးပေါ့" ဘေဘီလေးတွေက သူတို့ကောကောလုပ်ပေးတဲ့ ဖက်ထုပ်တွေကို မစားခင် နောက်ထပ်တစ်နှစ်၊ နှစ်နှစ်လောက် စောင့်ရဦးမှာကိုပဲ ကြောက်မိပါရဲ့လို့ ချင်းရို့ တွေးနေမိသည်။

ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့ညီအစ်ကိုဟာ သူတို့ညီမလေးတွေအတွက် အတူတူသီချင်းဆိုခဲ့ကြသည်။ ပါးပါးလုယန်က သူ့တယောကို ပြန်ထုတ်ယူခဲ့သည်။ သူလည်း သူ့ဇနီးဗိုက်ထဲက ဘေဘီလေးနှစ်ယောက်အတွက် ကိုယ်ဝန်ဆောင်အကြိုပညာပေးရန် ဂီတကို ပြင်းပြင်းထန်ထန်လေ့ကျင့်ရပေမည်။

ပထမဆုံးအကြိမ်မှာ အသစ်စက်စက်ဖြစ်သော်ငြား ဒုတိယအကြိမ်မှာတော့ အကျွမ်းတဝင်ရှိလာလေပြီ။ နှစ်တွေကြာပြီးနောက် လုယန်ရဲ့ တယောစကေးလည်း အများကြီးတိုးတက်လာခဲ့သည်။ အခုတော့ တခြားသီချင်းတွေအကြောင်း မပြောကြရအောင်လေ၊ ဒါပေမဲ့ သူက "ပျံလွှားငှက်ငယ်လေး"သီချင်းကိုတော့ ကျွမ်းကျင်စွာ တီးခတ်နိုင်ခဲ့ပြီ။

ဤသီချင်းဟာ ချောမွေ့ပြီး သာယာတယ်လို့ ဆိုနိုင်ပေသည်။

ကပ္ပတိန်လုရဲ့ တစ်ခုတည်းသောကျွမ်းကျင်တဲ့ သီချင်းပါပဲ...

- ဒါဟာ သားနှစ်ယောက်ကို သင်ကြားပေးခဲ့တဲ့ရလဒ်ပဲလေ။

ချင်းရို့က *တုတ်တံကိုကိုင်ထားကာ လုယန်က တယောတီးပြီး ညီအစ်ကိုနှစ်ယောက်က ခြံထဲမှာ စတင်သီချင်းဆိုကြလျက်၊ မိသားစုသံစုံတီးဝိုင်းလေးတစ်ခု ဖွဲ့လိုက်ကြတော့သည်။ 
(*တီးဝိုင်းခေါင်းဆောင်တွေသုံးတဲ့တုတ်တံလေးနော်)

လုကျုံးရီနှင့် ကျန်းဖျင်တို့က မြေးလေးရှမင်ရှီးနဲ့အတူတူ သက်ကယ်တဲအောက်မှာ ထိုင်နေရင်း ပရိသတ်အဖြစ် ရှုစားအားပေးနေကြလျက်။

"အဆင်သင့်ပဲ စမယ်!"

လုယန် တယောတီးနေစဥ် ရုပ်တူကြတဲ့ အမြွှာကလေးလေးနှစ်ယောက်ဟာ စတင်သီချင်းဆိုလေပြီ။ "ပျံလွှားငှက်ငယ်လေး" သီချင်းကို ကောင်းကောင်းမွန်မွန် သီဆိုခဲ့ကြသည်။

မိသားစုခြံဝင်းရှိ ဖြတ်သွားဖြတ်လာတို့က အမှန်တရားကို မသိသဖြင့် သူတို့အား ချီးကျူးခဲ့ကြသည်။

"မင်းတို့လုမိသားစုက တကယ်ကို အနုပညာ အရည်အချင်းရှိကြတာပဲဟေ့!"

"အနာဂတ်ရဲ့ အဆိုတော်ငယ်လေးနှစ်ယောက်ပဲ"

"အနုပညာအဖွဲ့က ဇနီးတစ်ယောက်ကို လက်ထပ်တာ တကယ်ပဲကွာခြားတာပဲနော်"

xxx

All Chapters