အခန်း (၂၃၁)
Vol. 20 Ch. 231
လုယန်နှင့် သားငယ်နှစ်ဦးဟာ ဤချီးကျူးစကားများကို ဝမ်းသာအားရ လက်ခံခဲ့သည်။ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးကိုယ်၌ကလည်း သူတို့ကိုယ်သူတို့ သီချင်းဆိုတော်ကြောင်း၊ သူတို့ညီမလေးတွေအတွက် စံနမူနာယူနိုင်စရာဖြစ်ကြောင်း ခံစားခဲ့ရသည်။
လုကျုံးရီ လက်ခုပ်တီး၍ "ငါတို့ လောင်ဝမ်ကိုပါ လာနားထောင်ခိုင်းသင့်တာကွာ။ ငါတို့လုမိသားစုမှာ အနုပညာပိုးရှိကြတာပဲ"
ကျန်းဖျင်: "အရှက်ကလေးရှိဦး"
ချင်းရို့ သူမဗိုက်ကိုထိလိုက်ရင်း ဤကလေးနှစ်ယောက်ရရှိသော ကိုယ်ဝန်ဆောင်အကြိုပညာရေးဂီတဟာ သူတို့အစ်ကိုတွေတုန်းကထက် များစွာသာလွန်တယ်လို့ တွေးနေမိသည်။ အနည်းဆုံးတော့ နားထောင်လို့ရတဲ့ သီချင်းဖြစ်တယ်လေ။
သို့သော် လုယန်နှင့် သူ့သားတွေဟာ အပြင်လူတွေရဲ့ ချီးကျုးစကားတွေကြောင့် လေထဲလွင့်မျောသွားပုံရကာ သီချင်းအသစ်တွေကိုပါ လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ဖက်ထုပ်လေး: "ကျွန်တော် တယောထိုးသင်ချင်တယ်"
ကျိုးကျိုးလေး: "သားရောပဲ"
ချင်းရို့၊ လုကျုံးရီ၊ ကျန်းဖျင်: "..." မဟုတ်ဘူး၊ မင်းတို့မလုပ်ချင်ပါဘူး!
ချီးမွမ်းမှုအများအပြားရရှိခဲ့ပြီးနောက် လုယန်က သူ့သားလေးနှစ်ယောက်ကို လေးစားအားကျစွာ ကြည့်လိုက်ပြီး သူက ချက်ချင်းပင် "ဆရာကောင်း"ဖြစ်လာကာ "ကောင်းပြီ ပါးပါးသင်ပေးမှာပေါ့"
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေး: "ပါးပါးက အရမ်းတော်တာပဲ!"
"ကောကောက ညီမလေးအတွက် တယောထိုးပြမယ်"
"ညီမလေးသဘောကျမှာ!"
ချင်းရို့က ဒီအကြံဟာဆိုးရွားတယ်လို့ တွေးမိပေမယ့် သားအဖသုံးယောက်ကတော့ တစ်ယောက်က သင်ပေးရဲသလို နောက်နှစ်ယောက်ကလည်း သင်ယူရဲကြတာပဲနော်။ ဤသို့ဖြင့် သားအဖသုံးယောက်သား ခြံထဲမှာ တယောကို စတင်သင်ယူကြလေပြီ။
ဂီတတူရိယာများတွင် တယောသည် ပြေပြစ်ပြီး သာယာသော အသံရှိသော်လည်း တယောကို စတင်သင်ယူရာတွင် ခက်ခဲလှသည်။ စစချင်းမှာ ခက်ခဲတယ်လို့ပြောတာ ဘာကိုဆိုလိုတာလဲဆိုတော့... ထွက်လာတဲ့အသံက ထူးဆန်းနေတာပါပဲ။
ဥပမာဆိုရသော် ကူကျန်းကဲ့သို့သော ဂီတတူရိယာများအတွက် မင်း ဘယ်လိုတီးရမလဲဆိုတာ မသိရင်တောင်မှ ဒီအတိုင်း ဟိုဟိုဒီဒီလျှောက်တီးလိုက်ရင် ထွက်လာတဲ့ ကူကျန်းအသံမှာ သာယာနာပျော်ဖွယ်ရှိနေဆဲဖြစ်ပြီး နားမခံသာသည့် ဆူညံသံဖြစ်လာမည်မဟုတ်ပေ။
တယောနဲ့ပတ်သက်ရင်တော့ ...
ဤကြော့ရှင်းလှပသောတယောကတော့ "ကျောက်သင်ပုန်းပေါ်မှာ လက်သည်းနဲ့ကုတ်ခြစ်နေ"သဖွယ်၊ "လွှဖြတ်သံ"သဖွယ် လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အသံမျိုးထွက်လာခြင်းပင်။
သားအဖသုံးယောက်သား တယောစတင်သင်နေကြလေပြီ။
ချင်းရို့: "..." ကယ်ကြပါ... ကယ်ကြပါဦး!
ကလေးတစ်ယောက်က လွှဖြတ်သံထွက်နေစဥ် နောက်တစ်ယောက်က ကျောက်သင်ပုန်းပေါ်မှာ လက်သည်းတွေကို ကုတ်ခြစ်သံထွက်နေလေရဲ့။
လုကျုံးရီနှင့်ကျန်းဖျင်က အတွေ့အကြုံများစွာရှိကြသည်။ လုယန် ငယ်ငယ်တုန်းက တယောစတင်သင်ယူနေချိန်မှာ ဒီလိုလွှဖြတ်သံမျိုးကို နှစ်အတော်ကြာအောင် နားထောင်ခဲ့ရသည်လေ။
သာမာန်သံစဉ်တွင် လူတွေကို ရိုက်နှက်ချင်စိတ်ပေါက်အောင်လုပ်သည့် နားမခံနိုင်ဖွယ် လွှဖြတ်သံကို ကြားနေရသည်။
လုယန်: "…"
လုယန်က သူ့သားနှစ်ယောက်ရဲ့ တယောသံကို ကြားလိုက်ရတဲ့အခါ နားထောင်ဖို့ရာ မနည်းသည်းခံထားရ၏။
သို့သော် ဖခင်တစ်ယောက်အနေနဲ့ သူ့သားတွေရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျက်ပြားသွားအောင် ဘာမှမပြောနိုင်တာကြောင့် ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးကို "ဆက်လုပ်ကြ"လို့သာ အားပေးအားမြောက်ပြုနိုင်လေသည်။
ချင်းရို့ သူ့ကို ညွှန်ကြားလိုက်၏။ "ရှင် ကလေးတွေကို တခြားနေရာခေါ်သွားပြီး သွားလေ့ကျင့်ကြချည်၊ ရှင်တို့ တယောတီးပြီးမှ ပြန်လာကြလို့"
သူ့သမီးလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် လုယန်လည်း ကလေးနှစ်ယောကိကို တယောတီးရန် ပင်လယ်ကမ်းစပ်ဆိပ်ကမ်းဆီသို့ ခေါ်သွားခဲ့သည်။
ချစ်စဖွယ်ကလေးနှစ်ယောက်ဟာ တယောကိုသင်ယူနေကြလျက်၊ ရေတပ်မှ ဦးလေးအုပ်စုက သူတို့ကို ဝိုင်းရံထားကြကာ သူတို့နှစ်ယောက်တယောထိုးသံကို နားထောင်ချင်နေကြလေသည်။
"လုယန် မင်းမိသားစုရဲ့ ဒီကလေးနှစ်ယောက်ကို နောင်မှာ မိန်းကလေးတွေအများကြီးကြိုက်ကြမှာပဲကွာ"
"အိုး မင်းတို့ တယောထိုးသင်ထားပြီးပြီဆိုတော့ မင်းဦးလေးအတွက် တစ်ပုဒ်လောက် တယောထိုးပြပါဦးကွာ"
…
စစ်ယူနီဖောင်းဝတ်ထားသော အမျိုးသားများစွာက ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးကို ဝန်းရံနေကြလျက်၊ ချစ်စဖွယ်ကလေးငယ်လေးနှစ်ဦးမှာ တယောထိုးနေခဲ့သည်။ ကလေးနှစ်ယောက်လုံးက မရှက်တတ်ဘဲ အလေးအနက် တယောထိုးနေကြလေပြီ။
အားလုံးကြားပြီးနောက် အံ့အားသင့်သွားကြလျက် "..."
အထူးသဖြင့် ရေငုပ်သင်္ဘောအဖွဲ့မှ လီယိုထျဲက စိတ်ရှုပ်ထွေးစွာ သူ့ခေါင်းကိုထိလိုက်၏။
ရေငုပ်သင်္ဘောပေါ်မှာနေရတာ ဘယ်အရာက အဆင်မပြေဆုံးလဲဆိုတာ သင်သိပါသလား။ decibelမြင့်မြင့် ဆူညံသံကို နားထောင်ရတာပါပဲ။ ကလေးနှစ်ယောက်ရဲ့ တယောထိုးသံကို နားထောင်ရင်း သူ ရေအောက်မှာရှိနေတုန်းကထက် ပိုလို့တောင်ဆိုးတယ်လို့ ခံစားလိုက်ရသည်။
"လုယန် မင်းကလေးနှစ်ယောက်က ရေငုပ်သင်္ဘောအတွက် သင့်တော်တယ်"
"သူတို့က သဘာဝကျကျ ချိန်ညှိနိုင်မှာ"
လုယန်: "ထွက်သွားစမ်း၊ ငါ့သားတွေရဲ့ တယောသံက ဒီလောက်ဆိုးနေလို့လား?"
ကလေးတွေရဲ့ တယောသံမှာ အမှန်ပင် အနည်းငယ်ဆိုးရွားပေမယ့် ကလေးတို့ရဲ့ဖေဖေအနေနဲ့ အပြင်လူတွေရှေ့မှာ သူ့ကလေးလေးနှစ်ယောက်ကို ကာကွယ်ရမည်လေ။
"ငါ့သားတွေက တိုးတက်ဖို့ အလားအလာရှိတယ်ကွ၊ စောင့်ကြည့်နေလိုက်၊ သူတို့အမေက အနုပညာအဖွဲ့ကဆိုတာကို မင်းတို့မေ့သွားကြပြီလား"
လီယိုထျဲ: "…"
မကြာခင်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်ကွာ...
လုမိသားစုမှ တယောသံတွေထွက်လာပြီးနောက် ဘေးအိမ်မှ အာ့ဟူလည်း အသံထွက်လာခဲ့သည်။ သို့သော် ဆရာမဟွမ်အတွက်တော့ ကောင်းသောကိစ္စမဟုတ်ပါချေ။
သူမ ရှေ့တစ်ခေါက်ကိုယ်ဝန်ရှိတုန်းက လောင်ကျန်းရဲ့ အာ့ဟူအသံကို နားထောင်ရတာ စိတ်အပျင်းပြေစေခဲ့သည်။
သို့သော် ဒီတစ်ကြိမ်မှာတော့ ကျန်းချန်ပေ့က ဘာမှကောင်းကောင်းမသင်နိုင်ခဲ့ပေ။ ဘေးအိမ်က လုယန်က သူ့ကလေးနှစ်ယောက်ကို တယောထိုးတတ်အောင် သင်ပေးနေတာကြောင့် သူလည်း သူ့သားသွင်းသွင်းလေးကို အာ့ဟူတီးတတ်အောင် သင်ပေးခဲ့သည်။
ကျန်းချန်ပေ့: "စိတ်မပူပါနဲ့ ငါတို့သားက ငါ့လိုပဲဆိုတော့ သူက ဘေးအိမ်ကထက် ပိုတော်ရမယ်"
ဟွမ်ရှင်းရင်: "... ကျွန်မကလေးမွေးပြီးအတဲ့ထိ မစောင့်နိုင်ဘူးလား"
"ဟင့်အင်း" ကျန်းချန်ပေ့ ငြင်းဆိုခဲ့သည်။ "ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးနှစ်ယောက်လုံးက သူတို့ညီမလေးအတွက် တယောထိုးပြချင်ကြတယ်လေ၊ သွင်းသွင်းလဲ သူ့ညီမအတွက် အာ့ဟူမတီးချင်ဘူးလား"
"သွင်းသွင်း သားလုပ်ချင်လား?"
"ဟုတ်!"
ဤအရာမှာ ကြောက်စရာမကောင်းသေးပါချေ။ ကြောက်စရာအကောင်းဆုံးက လီချင့်ဟွား ဟိုးတုန်းကပြောဖူးခဲ့တဲ့အတိုင်း သူမသမီးလေးထျောင့်ထျောင့်ကို အာ့ဟူတီးခတ်ဖို့ သင်ယူခိုင်းရန် ကျန်းအိမ်ကိုရောက်လာခြင်းပင်။
"ကပ္ပတိန်ကျန်းရေ ရှင်က အရည်အချင်းရှိတဲ့လူဆိုတော့ ငါ့သမီးကိုလည်း အာ့ဟူတီးခတ်နည်း သေချာသင်ပေးနိုင်မှာပါ။ ငါ့သမီးလေး ငါ့အတွက်တီးပြမှာကို ငါစောင့်နေမယ်နော်"
"ဦးလေးကျန်း ဦးလေးကျန်း!!!" ရှောင်ထျောင့်ထျောင့်လည်း ကျန်းချန်ပေ့ကို အလွန်နှစ်သက်ပြီး သူမလေးက ပျော်ရွှင်မြူးထူးစွာဖြင့် "ဦးလေးကျန်းဆီက သမီး အာ့ဟူသင်ချင်တယ်!!"
ဟွမ်ရှင်းရင်မှာ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ရုန်းကန်နေခဲ့ရသည်။ ဥပမာအားဖြင့် သူမ သားဖြစ်သူကို မေးလိုက်၏။
"ဘေးအိမ်က ဦးလေးလုဆီမှာ တယောထိုးမသင်ချင်ဘူးလား?"
"မသင်ဘူး" သွင်းသွင်းက သူ့ခေါင်းကိုခါယမ်းရင်း "သား ပါးပါးဆီကပဲ အာ့ဟူသင်ချင်တာ!"
"ဦးလေးလုရဲ့ တယောက ပါးပါးလောက် မကောင်းဘူး။ သီချင်းနည်းနည်းပဲတီးတတ်တာ၊ သူက ပါးပါးဆီက သင်ဖို့လိုသေးတာ!"
ထျောင့်ထျောင့်လေးကလည်း "ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေး တယောတီးတာ အရမ်းဆိုးရွားတာ!"
"သွင်းသွင်းရေ ငါတို့ အာ့ဟူတီးသင်ကြစို့လေ!"
"ဟုတ်တယ်!"
အုပ်စုခေါင်းဆောင်ကျန်းက သူ့လက်ထဲတွင် အာ့ဟူကိုင်ထားရင်း သူ့အမူအရာမှာ အလွန်ဂုဏ်ယူနေဟန်။ သူက ဟွမ်ရှင်းရင်ကို တိုးတိုးပြောလိုက်၏။ "ကြည့်ပါဦး၊ ဒီကလေးနှစ်ယောက်က အမြင်အာရုံစူးရှတာပဲကွာ"
ဆရာမဟွမ်: "..." ဟားဟား...
ဘေးအိမ်က သားအဖသုံးယောက်သား တယောထိုးသင်နေကြစဥ် ကျန်းမိသားစုတွင်လည်း လူသုံးယောက်က အာ့ဟူသင်နေကြလေ၏။ အာ့ဟူသည်လည်း တယောလိုပင် အစပိုင်းမှာ နားထောင်ရတာ မသာမယာဖြစ်သည်ကြောင့် ဟွမ်ရှင်းရင်လည်း သည်းမခံနိုင်ပါတော့ချေ။
"သွားကြ၊ ရှင် ကလေးနှစ်ယောက်ကို အပြင်သွားသင်လိုက်၊ အိမ်မှာလာမရှုပ်နဲ့"
ကျန်းချန်ပေ့လည်း ရွေးချယ်စရာမရှိ၍ အာ့ဟူသင်ပေးရန် ကလေးနှစ်ယောက်နဲ့အတူ ထွက်သွားခဲ့ရလေ၏။ လမ်းမှာ သူ့ကိုသိတဲ့လူတစ်ယောက်နဲ့တွေ့တဲ့အခါ ထိုလူက စပ်စုစွာ မေးမြန်းလာခဲ့သည်။ "လောင်ကျန်းရေ ဒါက မင်းရဲ့ သမီးနဲ့ သားလား?"
"ကလေးနှစ်ယောက်နဲ့တူတယ်နော်!"
ကျန်းချန်ပေ့: "...ဘယ်လိုလုပ်ပြီးတူရမှာလဲကွ?"
"ဒီလက်တွေကိုကြည့်လေ၊ အာ့ဟူကိုင်ထားတဲ့ ဟန်ပန်အနေအထားကိုကြည့်လိုက်၊ ဒီကလေးနှစ်ယောက်က တူကြတယ်မဟုတ်ဘူးလား?"
"ဒီကလေးနှစ်ယောက်က အမြွှာတွေ ဟုတ်တယ်မလား?"
ကျန်းချန်ပေ့က လူတွေကို ပြန်ဖြေလိုက်သည်။ "ဒါက ငါ့သမီးမဟုတ်ပါဘူးကွာ၊ သူမက လောင်လျိုမိသားစု…"
"ပါး!"
လျိုထျောင့်ထျောင့်က ကျန်းချန်ပေ့ရဲ့ ခြေထောက်ကို ပွေ့ဖက်လိုက်ပြီး "ပါးပါး သမီးကို မလိုချင်တော့ဘူးလားဟင်?"
ကျန်းချန်ပေ့: "..."
လောင်လျိုမိသားစုက သူတို့ကလေးတွေကို ဘယ်လိုသင်ပေးထားတာလဲဟ ! !
အတိအကျပြောရရင် သူ့မှာ သမီးတစ်ယောက်ထပ်ရနေပြီလေ။
လက်ထောက်ကပ္ပတိန်တစ်ဦးအနေဖြင့် ကုချန်သည် မကြာသေးမီက ညနေပိုင်းတွင် ကပ္ပတိန်လုယန်တစ်ယောက် တယောတီးနေသည်ကို မကြာခဏကြားခဲ့ရသည်။ အဖွဲ့သားများက သူ့ကို "လက်ထောက်ကပ္ပတိန်ကုရေ ကပ္ပတိန်လုဆီကနေ မင်း သင်ယူသင့်တယ်ကွာ။ ဒီလိုမှ နောင်မှာ မင်းကို မိန်းကလေးတွေ သဘောကျမှာပေါ့"
"ကပ္ပတိန်လုတစ်ယောက် ဘယ်လောက်ပျော်နေသလဲ ကြည့်လိုက်။ အနုပညာအဖွဲ့ထဲက ဇနီးလှလှလေးတစ်ယောက်နဲ့ လက်ထပ်လိုက်ပြီး အခုဆို ကလေးလေးယောက်တောင်ရှိတော့မယ်"
ကုချန်: "... စိတ်မဝင်စားဘူး"
ကုချန် လုယန်၏နောက်ကျောကိုကြည့်ပြီး မျက်မှောင်မကြုတ်မိဘဲမနေပါချေ။ လုယန်ရဲ့ဇနီးက အမြွှာကိုယ်ဝန်ထပ်လွယ်ထားပြီဖြစ်တဲ့သတင်းကို သူ့မိသားစုရဲ့ လောင်ကု ကြားသိသွားကာ ကုချန်ဆီ ဖုန်းဆက်ပြီး အော်ဟစ်ကြိမ်းမောင်းခဲ့လေသည်။
"မင်းကိုကြည့်စမ်း၊ လုယန်က မင်းထက် အသက်ဘယ်လောက်ကြီးလို့လဲ ဟမ်"
"သူက ကပ္ပတိန်တောင်ဖြစ်နေပြီ၊ ပြောစရာမလိုလောက်အောင်ကို သူ့မှာ မိသားစုရော အလုပ်အကိုင်ပါ ကောင်းမွန်နေတယ်၊ ဇနီးလှလှလေးတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး သားသမီးလေးယောက်ရှိ..."
"မင်းကိုကြည့်စမ်း၊ မင်းက လုယန်ကို ဘယ်လိုယှဉ်နိုင်မှာတုန်းကွ?"
ကုချန်: "…"
သူ ကျိန်ဆဲချင်သွားပြီနော်...
သို့သော် ကုချန် ဒေါသမထွက်ပါချေ၊ အကြောင်းမူကား လုယန်က သူ့ဇနီးလေးမှာ ကလေးနှစ်ယောက် ကိုယ်ဝန်လွယ်ထားရမှန်းသိပြီးကတည်းက ကပ္ပတိန်လုရဲ့ ဖိအားမှာ နှစ်ဆတိုးလာမှန်း သူတွေ့ရှိခဲ့ရသည်။ သူထပ်ပြီးမကြွားဝါတော့ဘဲ ရင့်ကျက်စွာ စကားကိုထိန်းပြောနေခဲ့ပေမယ့် သူ တကယ့်ကို စိုးရိမ်ကြောင့်ကြနေသလိုပင်။
အရာရာတိုင်းကို မကျေမနပ်ပြောနေတတ်တဲ့ ခေါင်းဆောင်ဟောင်းတွေလိုမျိုး လုယန်လည်း မကြာမီ ဖြစ်လာတော့မယ်လို့ သူမှန်းဆမိသည်။
သားသမီးတွေ နေ့တိုင်း ဆူညံပွတ်လောရိုက်နေကြပြီး ခြံထဲမှာသောင်းကျန်းနေတာ၊ စာမကျက်တာ၊ အိမ်စာမလုပ်ချင်တာ စသဖြင့် လုယန် ပူပန်ရတော့မည်လေ။
ကုချန် လေချွန်လိုက်ပြီး "လုကောရေ မင်း အဆုံးထိကြံ့ကြံ့ခံပြီးတော့ လူကြီးတွေကို အလျှော့မပေးနဲ့နော်"
သူ့လိုမျိုး... သူ ချိန်းမတွေ့ချင်ဘူးလို့ပြောရင် လုံးဝချိန်းမတွေ့ပါဘူး။ အိမ်ထောင်ပြုချင်တဲ့သူ အိမ်ထောင်ပြုကြပေါ့။ သူကတော့ ပင်လယ်ကြီးကို အေးအေးဆေးဆေးကြည့်ရှုရင်း လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်ပဲနေမှာ။ မိသားစုအကြောင်း စိုးရိမ်စိတ်ပူစရာမလိုဘူးလေ။
လုယန်က သူ့ကို နားမလည်နိုင်စွာ ကြည့်နေခဲ့ပြီး "မင်းရဲ့ကော ငါက ဘယ်တုန်းကအလျှော့ပေးနေလို့လဲ?"
"မင်းက ခေါင်းမာနေပြီး ဝန်မခံသေးဘူးပဲ"
"မင်းသာ အိမ်ထောင်မပြုသေးရင်တော့ မင်းက လုကောဖြစ်နေဦးမှာပေါ့"
လုယန် မျက်ခုံးပင့်ကာ သူ့ကို စိုက်ကြည့်ရင်း "ငါအိမ်ထောင်ပြုလိုက်ရင်တောင် ငါက မင်းရဲ့လုကောဖြစ်နေတုန်းပဲလေ"
"ကောင်လေး မင်းရော အိမ်ထောင်ပြုချင်လား?" လုယန် သူ့ဦးထုပ်ကို ချွတ်လိုက်ပြီးမှ ပြန်ဝတ်လိုက်သည်။
"မင်းရဲ့လုကော ငါက လူတွေကို အောင်သွယ်မလုပ်ပေးတတ်ပေမယ့် အကြံပေးတော့ဖြစ်နိုင်ပါသေးတယ်ကွာ။ အရင်က ငါ တခြားလူတွေကို အကြံကောင်းပေးဖူးလို့ နာမည်ကောင်းရှိတယ်လေ"
ကုချန် သူ့ဦးထုပ်ကို ဆောင်းလိုက်ပြီး "ငါ မင်းကိုဖိတ်ရမယ့်နေ့ ဘယ်တော့မှရှိလာမှာမဟုတ်ဘူး အရာရှိလုရေ"
"မင်းက တစ်သက်လုံး လူပျိုကြီးဖြစ်မယ့်ကံပါလာတာပဲကွာ" ကပ္ပတိန်လုကတော့ သူ့ကို အာရုံစိုက်ဖို့တောင် ပျင်းရိနေပါသေးရဲ့။
xxx