← Chapters

အခန်း (၂၃၂)

Vol. 20 Ch. 232

အခန်း (၂၃၂)

Vol. 20 Ch. 232

ရေဒီယိုအသံလွှင့်ဌာနရှိလူတွေက ချင်းရို့မှာ အမြွှာလေးကိုယ်ဝန်ဆောင်ထားရကြောင်း သတင်းကြားသိကြတဲ့အခါ အားလုံးက သူမကို ဂုဏ်ပြုဖို့ရောက်လာကြသည်။ ကြေညာသူ ကျန်းရွှယ်ချင်းက သူမကို ရယ်မောစနောက်ကာ "ငါတို့ရှောင်ချင်းကတော့ ရှယ်ကံကောင်းပဲနော်!"

"ကျစ် ကျစ်" ကျန်းရွှယ်ချင်း ခေါင်းယမ်းလိုက်သည်။ သူမရှေ့က ချင်းရို့ဟာ နုပျိုဆဲ လှပနေဆဲပင်။ မကြာသေးမီနှစ်များအတွင်း လူသစ်တွေ ရေဒီယိုဌာနသို့ ရောက်လာတိုင်း သူတို့က ရှောင်ချင်းရဲ့ အခြေအနေကို သီးသန့်မေးမြန်းကြသည်မှာ ရှောင်ချင်းမှာ လက်တွဲဖော်ရှိလားတဲ့။

သူမမှာ အိမ်ထောင်ဖက်ရှိရုံတင်မက ကလေးနှစ်ယောက်လည်းရှိနေပြီ။ အခုဆို သူမမှာ ကလေးလေးယောက်ရှိလာပြီဆိုတော့ ပိုလို့တောင် အမေးဇင်းဖြစ်နေပါသေးရဲ့။

"သမီးလေးတစ်စုံထပ်ယူကြ!"

ချင်းရို့ ပြုံးလျက် "ငါလည်း သမီးနှစ်ယောက် လိုချင်တာပါနော်"

"တချို့လူတွေကတော့ တကယ့်ကိုကံကောင်းပုံများ" ရှီရှန်းယီက ထေ့ငေါ့စွာပြောလိုက်သည်။

အစတုန်းက သူမက ချင်းရို့နှင့် ကောင်းမွန်သောဆက်ဆံရေးရှိခဲ့သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။ ရှီရှန်းယီက ချင်းရို့ကို ညဆိုင်းဆင်းဖို့ တွန်းအားပေးခဲ့ပြီးနောက်ပိုင်း ချင်းရို့က သူမကို တဖြည်းဖြည်းနဲ့ ခပ်ကင်းကင်းဆက်ဆံခဲ့သည်။

အကြောင်းပြချက်တစ်ခုတည်းတင်မကဘဲ တခြားအကြောင်းပြချက်တွေလည်း ရှိပါသေးသည်။

ရှီရှန်းယီက သူမအတွက် တစ်စုံတစ်ဦးနှင့် မိတ်ဆက်ပေးရန် ချင်းရို့ကို တောင်းဆိုခဲ့၏။ အထူးသဖြင့် အရာရှိတစ်ဦးနဲ့ဖြစ်သည်။ သူမက အချစ်အကြောင်းနားမလည်သော ကြမ်းတမ်းတဲ့ယောကျ်ားရင့်မာကြီးများကို မထီမဲ့မြင်ပြုလေ့ရှိသူပင်။ ချင်းရို့၏သာယာပျော်ရွှင်ဖွယ်မိသားစုလေးကို သူမမြင်သည့်အခါ ရေတပ်အရာရှိတွေက ရိုမန့်တစ်ဆန်သူများဖြစ်တယ်လို့ သူမခံစားရပြီး ရေတပ်အရာရှိတစ်ဦးနှင့် လက်ထပ်ဖို့ တောင့်တခဲ့လေသည်။

ချင်းရို့က သူမအား နှစ်ယောက်၊ သုံးယောက်လောက် မိတ်ဆက်ပေးဖူးပေမယ့် ရှီရှန်းယီကတော့ သူတို့အားလုံးကို မကျေနပ်ခဲ့ပေ။ ချင်းရို့ဟာ သူမအတွက် ကြုံရာကျပန်းလူတွေနဲ့ မိတ်ဆက်ပေးခဲ့ကြောင်း ကောလဟာလတွေကို လုပ်ဖော်ကိုင်ဖက်တွေကြား ဖြန့်ခဲ့ပါသေးသည်။

သူမအတွက် ချင်းရို့မိတ်ဆက်ပေးတဲ့သူအားလုံးကို ရှီရှန်းယီ မကြိုက်ခဲ့ပေ။ ပထမတစ်ယောက်က ငယ်ရွယ်ပြီး ကြည့်ကောင်းသူဖြစ်ပေမယ့် ရှီရှန်းယီက သူ့ရဲ့ရာထူးငယ်လေးကို သဘောမကျခဲ့ပေ။ ဒုတိယတစ်ယောက်နဲ့ တတိယတစ်ယောက်ကတော့... ရာထူးကြီးပေမယ့် အသက်လည်းကြီးပြီး သူတို့ရဲ့ ပုံပန်းသွင်ပြင်နဲ့ အရပ်အမောင်းမှာ ဟန်မကျပေ။ ထိုအခါမှ ပထမတစ်ယောက်ဟာ ပို၍ကောင်းမွန်မှန်း သူမတွေးမိသွားခဲ့သော်လည်း ပထမတစ်ယောက်က တခြားတစ်ယောက်ကို ရွေးချယ်နှင့်ပြီးလေပြီ။

ရှီရှန်းယီသည် ချင်းရို့က သူမကို တမင်တကာ ကစားနေတယ်လို့ ခံစားလိုက်ရပြီး ချင်းရို့မိတ်ဆက်ပေးတဲ့သူတွေဟာ တဖြေးဖြေးပိုဆိုးလာတယ်လို့ပြောခဲ့တာကြောင့် ချင်းရို့အား ရယ်မောစေခဲ့လေသည်။ ရှီရှန်းယီရဲ့ ကန့်သတ်နယ်ပယ်က အရမ်းကျဉ်းသဖြင့် အစကတည်းက သူမအတွက် အကောင်းဆုံး ကိုယ်စားလှယ်လောင်းကို ရွေးပေးခဲ့ခြင်းပင်။ သူမက ဒါကိုမကြိုက်ဘူးဆိုတော့ တခြားသူတွေပဲကျန်တော့တာပေါ့ မဟုတ်ဘူးလားနော်။

ပထမကတည်းက သိပ်မကောင်းတဲ့သူကို သူမနဲ့ မိတ်ဆက်ပေးပြီး နောက်ပိုင်းမှ ကောင်းတဲ့သူကို မိတ်ဆက်ပေးရင်လည်း စောစောကတည်းက ကောင်းတဲ့လူနဲ့ မမိတ်ဆက်ပေးတဲ့အတွက် သူမကိုအပြစ်တင်ဦးမယ်။ ဒါမှမဟုတ် သူ့ရာထူးကိုမြင်ပြီး ညည်းညူလိမ့်ဦးမယ် "သူ့ရာထူးက ဘာလို့နိမ့်သထက်နိမ့်သွားရတာလဲ?"

ချင်းရို့က သူမနောက်ကွယ်မှာ ရှီရှန်းယီပြောခဲ့တာတွေကို ပြန်ကြားခဲ့ရပေမယ့် များများစားစားမပြောခဲ့ပေ။ ထိုအစား ရေဒီယိုဌာနက မိန်းကလေးနှစ်ယောက်ကို အမျိုးသားအရာရှိတချို့နဲ့ မိတ်ဆက်ပေးခဲ့သည်။ သူတို့သဘောကျသွား၍ တိုက်ရိုက်လက်ထပ်ခဲ့ပြီး အခုဆို ကလေးတောင်မွေးတော့မည်လေ။

"ရှောင်ချင်းမိတ်ဆက်ပေးတဲ့လူက အရမ်းကောင်းတယ်"

"ဟုတ်တယ်နော်၊ ရှောင်ယောင်လည်း အရာရှိရဲ့ဇနီးဖြစ်သွားပြီ"

…

အခြားစုံတွဲနှစ်တွဲလက်ထပ်သွားပြီးနောက် ရှီရှန်းယီ ဒေါသအလွန်ထွက်ခဲ့၏။ ယခုအခါ သူမတွင် နောက်ထပ်ရွေးချယ်ခွင့်ပင်မရှိတော့ဘဲ သူမ မထီမဲ့မြင်ပြုခဲ့သော အမျိုးသားအရာရှိတွေနှင့် တခြားသူတွေလက်ထပ်၍ ပျော်ရွှင်နေကြပြီး နေ့တိုင်း သူမရှေ့မှာ ပူးကပ်နေကြတာကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။

ချင်းရို့က လူတွေကို ကျပန်းမိတ်ဆက်ပေးသည်မဟုတ်။ သူမ လူတွေကိုရွေးချယ်ပေးတဲ့အခါ သူတို့ရဲ့ စရိုက်နဲ့ မိသားစုနောက်ခံကို အလေးအနက်ကြည့်ရှုခဲ့သည်။ စရိုက်ဆိုးရှိတဲ့သူတွေနဲ့ သူမ မမိတ်ဆက်ပေးရဲဘူးလေနော်။

"အနာဂတ်မှာ ငါ လူတွေကို မိတ်ဆက်ပေးမှာမဟုတ်ဘူး။ သူတို့ အတူတူရှိကြတဲ့အခါ အဆင်ပြေသွားရင်တော့ ဟုတ်တာပေါ့၊ နောင်မှာ လင်မယားနှစ်ယောက်ရန်ဖြစ်ကြလို့ အောင်သွယ်လုပ်ပေးတဲ့ငါ့ကို အိမ်မှာနေ့တိုင်းဆူပူကြိမ်းမောင်းမှာကိုတော့ ကြောက်မိတယ်နော်"

ချင်းရို့က လူတွေကို ထပ်ပြီးအောင်သွယ်မလုပ်ပေးတော့ပေ။

ကျန်းရွှယ်ချင်း: "သူမက နင့်ရဲ့ ကပ္ပတိန်လုလို လူမျိုးလိုချင်နေရုံပဲ"

"ဒါပေမယ့် နင် သူမကို ဘယ်သူနဲ့မှ အောင်သွယ်မလုပ်ပေးနဲ့တော့"

ချင်းရို့: "သူမက လုယန်ကို အကြိမ်အများကြီးတောင် မတွေ့ဖူးဘဲနဲ့"

"သူ့ကို မတွေ့ဖူးပေမယ့် နင့်ကိုတော့ နေ့တိုင်းတွေ့နေရတာလေ။ နင် နေ့တိုင်းပျော်ပျော်ရွှင်ရွှင်နေနေရတယ်။ နင်ရေသောက်တိုင်း နင့်လောင်လုရဲ့ ဓါတ်ပုံတွေကို ခိုးကြည့်နေတာများ" ကျန်းရွှယ်ချင်းက သူမကို မျက်စိမှိတ်ပြလိုက်၏။

"အဟွတ်-" ချင်းရို့က သူမမှာ ဘာမှလုပ်စရာမရှိတဲ့အခါ လုယန်ရဲ့ ဓာတ်ပုံတွေကို တိတ်တိတ်လေးခိုးကြည့်တတ်သည်။ "အဲဒါက နင်တစ်ယောက်ပဲ... အစ်မကျန်းပဲ သတိထားမိတာပါနော်"

"မျက်လုံးရှိတဲ့သူတိုင်းက နင်တို့စုံတွဲရဲ့ ဆက်ဆံရေးက ဘယ်လောက်ကောင်းတယ်ဆိုတာ သိကြတယ်လေ"

"နင့်အဖွဲ့ခေါင်းဆောင်က နင့်အတွက် ဒီလောက်ကောင်းတဲ့လူတစ်ယောက်နဲ့ ဘယ်လိုမိတ်ဆက်ပေးခဲ့တာလဲ?"

ချင်းရို့ ပြုံးလျက် "ဒါက တိုက်ဆိုင်တာပါဟယ်"

သူတို့နှစ်ယောက် ဘလိုင်းဒိတ်တွေ့တုန်းက နှစ်ယောက်လုံး ဒီတိုင်းပြီးသွားကြဖို့ စိတ်ကူးရှိခဲ့သော်လည်း အဆုံးမှာ အတူတူရှိသွားကြမယ်လို့ ဘယ်သူသိခဲ့မှာလဲနော်။

ရှီရှန်းယီသည် သူမတို့နှစ်ဦး ပျော်ရွှင်စွာ စကားစမြည်ပြောနေပြီး သူမကို လျစ်လျူရှုထားသည်ကို မြင်သောအခါ ငြီးငွေ့လာခဲ့သည်။ သူမက ချင်းရို့ကိုယ်ဝန်ဟာ သမီးလေးတစ်စုံဖြစ်ဖို့ တိတ်တဆိတ်မျှော်လင့်နေခဲ့သည်...

အကြီးအကဲမိသားစုဝင်တွေက သားယောကျ်ားလေးတွေကိုသာ လိုချင်ကြပြီး သမီးမိန်းကလေးတွေကို မလိုချင်ကြဘူးလေ။ သို့သော်လည်း ချင်းရို့အခြေအနေကတော့ မတူပါချေ။ သူမဆီမှာ သားနှစ်ယောက်ရှိပြီးသားဖြစ်၍ သမီးတွေရောက်လာမှာကိုပဲ စောင့်မျှော်နေသည်ပင်။

ယောကျာ်းလေး မိန်းကလေး အမြွှာတစ်စုံမွေးရင်ရော?

ဒါဆို ပိုလို့တောင်မယုံနိုင်စရာပဲပေါ့၊ သူမကို ကံကောင်းခြင်းအတွက် ချီးကျူးရမယ်...

သားယောကျာ်းလေးအမြွှာမွေးရင်ရော?

အဲဒါဆို သားလေးယောက်ဖြစ်မှာပေါ့၊ မိသားစုတော်တော်များများက သားလေးယောက်လိုချင်ပေမယ့် မဖြစ်နိုင်ပါဘူးလေ။

ချင်းရို့ ဘာလေးပဲမွေးနေပါစေ သူမ ကောင်းချီးပေးခံရမှာပါပဲ...

ရှီရှန်းယီ စိတ်ဓာတ်ကျသွားရ၏။

ယဲ့မင်ရှို့ မီးတွင်းကာလပြီးနောက် သူမ၏အစ်မဖြစ်သူ ယဲ့မင်ကျွမ်းက ချုံကျိုးကျွန်းကို ရောက်လာခဲ့သည်။ ယဲ့မင်ကျွမ်းက စက်ရုံဒါရိုက်တာ၏သားဖြစ်သူ လီကျင်းနဲ့ လက်မထပ်ခဲ့ရပေ။ အကြောင်းကား လီကျင်းက ယဲ့မင်ကျွမ်း၏သရုပ်မှန်ကို တွေ့ရှိသွားခဲ့ပြီး ယဲ့မင်ကျွမ်းဟာ သူနှစ်သက်ခဲ့တဲ့မိန်းကလေးမဟုတ်ကြောင်းသိလိုက်ရခြင်းကြောင့်ပင်။ သူက ဟိုးအစကတည်းက ယဲ့မင်ရှို့ဆီက ဆွဲဆောင်ခံလိုက်ရတာလေ။

ယဲ့မိသားစုက လီမိသားစုကို ဤသို့ဖြေရှင်းချက်ပေးခဲ့ပါ၏။ - "မင်ရှို့က ပညာတတ်လူငယ်တစ်ယောက်အဖြစ် ချုံကျိုးကျွန်းကိုသွားခဲ့တာ၊ အခု သူမက စစ်သားတစ်ဦးနဲ့ အိမ်ထောင်ကျသွားကြောင်း၊ သူတို့ဖွင့်မပြောတာဟာ လီမိသားစုနဲ့ အိမ်ထောင်ရေးအထမြောက်စေလို​သောကြောင့်ဖြစ်ကြောင်း"

"ညီအစ်မတွေက အတူတူပဲလေ၊ အစ်မနဲ့ ညီမက ဘာကွဲပြားနေလို့လဲ?"

"ကျွန်တော် မင်ရှို့ကို ကြိုက်တာ၊ ယဲ့မင်ကျွမ်းကို မဟုတ်ဘူး"

လီကျင်းက လက်ထပ်ဖို့ သဘောမတူခဲ့ပေ။ ဒါက အဆင်ပြေပါသေးတယ်။ သို့သော် အဖေလီနဲ့ အမေလီတို့က အရှက်မဲ့စွာဖြင့် ယဲ့မင်ကျွမ်းဆီလာပြီး သူမအတွက် လီကျင်းဝယ်ပေးထားသမျှပစ္စည်းတွေကို ပြန်တောင်းလေသည်။

"သူ ကျွန်မကို ပေးပြီးသမျှက ကျွန်မဟာပဲလေ။ ဘာလို့ပြန်ပေးရမှာလဲ?"

"ဘာလို့လဲဆိုတော့ နင်က လူလိမ်မမို့လို့ပေါ့။ နင်က ငါ့သားရဲ့ခံစားချက်ကို လိမ်ညာခဲ့တာ၊ နင့်ညီမအသွင်ဟန်ဆောင်ပြီး ငါတို့ရှောင်ကျင်းဆီက ပစ္စည်းတွေကို လှည့်ဖြားဝယ်ခိုင်းလိုက်သေးတယ်၊ အရှက်မရှိတဲ့မိန်းမ!"

လီမိသားစု ပစ္စည်းတွေကို ပြန်လာယူတဲ့အတွက် ယဲ့မင်ကျွမ်းမျက်နှာပျက်ရပြီး ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများကလည်း သူမအား ရယ်မောကြတော့သည်။

ယဲ့မင်ကျွမ်း ခဏတာစိတ်ဓာတ်ကျပြီးနောက် သူ့ညီမရှိရာ ချုံကျိုးကျွန်းသို့ အလည်အပတ်သွားရန် ရုတ်တရက် စိတ်ကူးရသွားသည်။

ယဲ့မင်ရှို့ အိမ်ထောင်ကျပြီးနောက်ပိုင်း ဘာတွေဖြစ်ပျက်နေမလဲဆိုတာ သူမမြင်ချင်သေးတယ်လေ။ သူမက စက်ရုံဒါရိုက်တာ၏သားနဲ့ လက်မထပ်ခဲ့ရပေမယ့် ယဲ့မင်ရှို့လည်း လူသူကင်းမဲ့ကျွန်းပေါ်က စစ်သားတစ်ဦးနှင့် အိမ်ထောင်ကျခဲ့တာဆိုတော့ သူမ ဘယ်လိုခက်ခဲကြမ်းတမ်းတဲ့ဘဝမျိုးကို ကြုံတွေ့နေရမလဲ...

သို့သော် သူမညီမနေထိုင်ရာ မိသားစုခြံဝင်းသို့ရောက်ရှိပြီး အိမ်ကိုရောက်သွားတဲ့အခါမှာတော့ ယဲ့မင်ကျွမ်း မရယ်နိုင်တော့ပါပေ။ သူ့ညီမဟာ ရုပ်ရည်ချောမောပြီး အခြေအနေကောင်းရှိသော အရာရှိတစ်ဦးနဲ့ လက်ထပ်ထားတာကို သိလိုက်ရသည်။

ကျောက်မျိုးရိုးအမည်နဲ့လူဟာ အသက်နည်းနည်းပိုကြီးပေမယ့် သူက တက်ကြွနေဆဲဖြစ်သလို စစ်အရာရှိဖြစ်နေလေ၏။

ကျောက်ကျန်းဟုန်၏ မိသားစုနောက်ခံနှင့် သူ့အစ်မနှင့် ခဲအိုတို့၏ အထောက်အထားကို သိရှိပြီးနောက် ယဲ့မင်ကျွမ်းရဲ့ မျက်လုံးတွေ နီရဲလာလေပြီ။

- သူမရဲ့ ညီမက ဒီလောက်ကောင်းတဲ့လူတစ်ယောက်နဲ့ လက်ထပ်ခဲ့တာတဲ့လား?!

"ယဲ့မင်ရှို့ နင် အခု အရမ်းအဆင်ပြေနေတာပဲ၊ နင်က အရာရှိတစ်ယောက်ရဲ့ဇနီးဖြစ်နေပေမယ့် နင့်အစ်မကိုတော့ လူကောင်းတစ်ယောက်နဲ့ မမိတ်ဆက်ပေးချင်ဘူးပဲ"

ယဲ့မင်ကျွမ်း မိသားစုခြံဝင်းတွင်နေထိုင်ပြီးအမျိုးသားအရာရှိတစ်ဦးနှင့် လက်ထပ်လိုခဲ့သည်။ သူမက ပရိုမိုးရှင်းဓာတ်ပုံထဲမှ ကုချန်ကို မြင်တဲ့အခါ ချစ်ကျွမ်းဝင်သွားသဖြင့် ချင်းရို့ဆီ အပြေးအလွှားသွားကာ သူနဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုခဲ့သည်။

ချင်းရို့က သူမကို ငြင်းဆန်လိုက်တာကြောင့် သူမက ကုချန်ရှေ့ မရမကကြိုးစားသွားခဲ့သော်လည်း ကုချန်ဆီမှ အေးတိအေးစက် ဝေဖန်ခံရပြီးနောက်ပိုင်း မျက်နှာပျက်ရကာ ကျွန်းကနေ ထွက်သွားခဲ့လေသည်။

"ရှင့်လက်ထောက်ကုက ဘယ်တော့မှ လက်တွဲဖော်ရှာမယ်လို့ထင်လဲ ရှင်ပြောကြည့်"​

"အခုချိန်ထိ ကျွန်မဆီကိုလာပြီး ကုချန်နဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုနေတဲ့သူတွေရှိတုန်းပဲ"

ချင်းရို့ အောင်သွယ်မဖြစ်ချင်သော်လည်း ဤရဲဘော်ကုကြောင့် ကုချန်နဲ့ အောင်သွယ်ပေးခိုင်းဖို့အတွက် သူမဆီ လာနေဆဲဖြစ်၍ ချင်းရို့ အလွန်စိတ်အနှောင့်အယှက်ဖြစ်ရလေသည်။

"နောက်တစ်နှစ်၊ နှစ်နှစ်လောက်တော့ စောင့်လိုက်ပါကွာ၊ သူ လက်ထပ်ဖို့ လုံးဝစိတ်မဝင်စားမှန်း လူတွေသိသွားတဲ့အခါ ဘယ်သူမှ သူ့ကို အာရုံစိုက်တော့မှာမဟုတ်ဘူး"

"ကျွန်မ မယုံပါဘူးနော်။ သူက အခုဆို ရွှေလူပျိုကြီးဖြစ်နေတဲ့ဟာ" ချင်းရို့ သက်ပြင်းချလိုက်၏။ ဒီလိုထက်မြက်တဲ့အမျိုးသားအရာရှိတစ်ဦး​ဖြစ်သည့် တောင်ထိပ်ကပန်းတစ်ပွင့်ကို ခူးဆွတ်ချင်သူ အများအပြားရှိမှာပဲလေ။

လုယန် မျက်ခုံးပင့်လိုက်ပြီး "သူက ရွှေလူပျိုကြီးပေါ့လေ၊ ဒါဆို ကိုယ်ကရော ဘာလဲ"

ချင်းရို့ ကျီစယ်ဟန်ဖြင့် "ရှင်လား၊ ရှင်က ကလေးလေးယောက်အဖေ၊ လမ်းဘေးက ပေါင်းပင်လေးပေါ့၊ ဘယ်သူမှ ရှင့်ကို မကြည့်ကြတော့ဘူးလေနော်"

လုယန် ရယ်မောလျက် "ကောင်းပြီ ကိုယ်က ပေါင်းပင်လေးပါကွာ"

"ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုလိုက်မိလို့ ရှင်နောင်တရနေပြီလား? ရှင် အခုရွှေလူပျိုကြီးဖြစ်ချင်တုန်းပဲပေါ့လေ"

"နောင်တမရပါဘူးကွာ၊ ကိုယ် တောရိုင်းပန်းပွင့်လေး မင်းကို စောစောလက်မထပ်မိလို့ပဲ နောင်တရမိတာ။ ကိုယ်က ပေါင်းပင်လေးဆို၊ မင်းက တောရိုင်းပန်းပွင့်လေးပဲပေါ့၊ ကိုယ်တို့က လမ်းဘေးမှာ အတူတူရှိနေနိုင်တယ်။ မင်းအကြောင်းကို ဘယ်သူမှမတွေးကြရင် အကောင်းဆုံးပဲပေါ့"

"ကျွန်မက ကလေးလေးယောက်အမေပါနော်၊ ဘယ်သူက ကျွန်မအကြောင်း တွေးရဲမှာတုန်းလို့"

လုယန်ပြုံး၍ သူမကို ပွေ့ဖက်လိုက်ကာ "သူ့ဘာသူ ရွှေလူပျိုကြီးလုပ်ပါလေ့စေ၊ ဒါကကိုယ်တို့ကိစ္စမဟုတ်ဘူးလေ၊ ကိုယ်ကတော့ ကိုယ့်မိန်းမလေးကိုပဲ ဖက်ချင်တာ"

ချင်းရို့ ပြုံးလိုက်ပြီး သူ့မျက်နှာကို အဝေးတွန်းလိုက်ကာ "ရှင်က အသုံးမဝင်ဘူးပဲ"

"မင်းရဲ့လုကောက သိပ်ကိုအလားအလာရှိတာပါကွာ"

xxx

All Chapters