← Chapters

အခန်း (၂၃၄)

Vol. 20 Ch. 234

အခန်း (၂၃၄)

Vol. 20 Ch. 234

ဘေဘီလေးတွေကို သောကြာနေ့တွင် မွေးဖွားခဲ့သည်။ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့က စနေနေ့တွင် မူကြိုသွားစရာမလိုသဖြင့် သူတို့ အိပ်ရာထကာ မနက်စာစားပြီးသည်နဲ့ သူတို့ညီမလေးတွေကိုကြည့်ဖို့ သူတို့မေမေအနားကို ပြေးလာကြ၏။ လုယန်က အမေနဲ့သမီးတွေအနားမှာ စောင့်ရှောက်ပေးနေဆဲ။

"ပါးပါး သားညီမလေးတွေ ဘယ်မှာလဲ"

"ညီမလေး!"

"ရှုး-" လုယန် တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး "သားတို့ညီမလေးတွေ အိပ်နေတုန်းပဲ၊ သူတို့ကိုမနိုးစေနဲ့ဦးနော်"

ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးလည်း နာနာခံခံလေး ခေါင်းညိတ်ပြလာခဲ့သည်။ လုယန်က ညီအစ်ကိုနှစ်ယောက်ကို လက်တစ်ဖက်စီမှာ ပွေ့ချီထားလိုက်ပြီး သားအဖသုံးယောက်သား ကုတင်ပေါ်မှာ အတူတူအိပ်နေကြတဲ့ မေမေချင်းရို့နဲ့ ဘေဘီလေးနှစ်ယောက်ကို ကြည့်နေကြလျက်။

ကျန်းဖျင် တံခါးဖွင့်ပြီးဝင်လာသည်နဲ့ အခန်းထဲကဒီလိုမြင်ကွင်းကို မြင်လိုက်ရတော့ သူမ အော်ရယ်မိတော့မလိုပင်။

သားနှစ်ယောက်က သူတို့ဖေဖေနဲ့ ပိုတူကြသလို သမီးလေးနှစ်ယောက်ကလည်း သူတို့မေမေနဲ့ ပိုတူကြသည်လေ။ သူမသားနဲ့ချွေးမလေးကတော့ ကောင်းကောင်းမွေးထားတာပဲကွယ်...

လုယန်နဲ့ အမြွှာကောင်လေးနှစ်ယောက်ဟာ သူတို့မေမေနဲ့ ညီမလေးတွေနားမှာ စုရုံးနေကြသည်။

ဖက်ထုပ်လေး: "မားကလှတယ်နော်၊ ညီမလေးတွေက ရုပ်ဆိုးနေတယ်"

"သားတို့နှစ်ယောက် ငယ်ငယ်တုန်းကလည်း ဒီလိုပဲလေ"

ကျိုးကျိုးလေး: "ပါးပါးက ရုပ်ဆိုးကြီး"

"မင်းက ပါးပါးနဲ့တူတာနော်၊ မင်းပါးပါးကို ရုပ်ဆိုးတယ်လို့ ပြောနေတုန်းလားကွ"

ဖက်ထုပ်လေး မတွေးဘဲ ပြောချလိုက်သည်။ "မားက လှနေရော"

"မင်းမားမားက အရမ်းလှတာလေ၊ ဒါကြောင့် ပါးလိုချောမောခန့်ညားတဲ့သူကို ရှာတွေ့ခဲ့တာပေါ့ကွာ"

"ညီမလေးတွေက နျန်နျန်လောက်တောင် မလှကြဘူးရော"

လုယန် ကလေးနှစ်ယောက်ရဲ့ မျက်နှာလေးကို ဆွဲဖျစ်လိုက်ပြီး "မင်းတို့ညီမလေး ရုပ်ဆိုးနေလို့ မင်းတို့ကမချစ်တော့ဘူးလား?"

"သားတို့ချစ်ပါတယ်!" ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေး စိတ်လှုပ်ရှားစွာ အချင်းချင်းပွေ့ဖက်လိုက်ကြသည်။

ညီမလေးတွေ ရုပ်​ဆိုး​နေ​ရင်တောင်မှ သူတို့​ရဲ့ ညီမလေးအရင်းတွေပဲလေ!! ရုပ်ချွတ်စွပ်တူတဲ့ညီမလေးတွေပဲ...

"ရှင်တို့သားအဖသုံးယော​က် ဒီမားမားနဲ့သမီးလေးတွေအကြောင်း ဘာတွေပြောနေတာတုန်း?"

ချင်းရို့ မျက်လုံးဖွင့်လိုက်သည်နှင့် ပါးစပ်ထောင့်မှ အပြုံးလေးတစ်ပွင့် ပေါ်လာခဲ့သည်။ သူမအရှေ့ကမြင်ကွင်းကို ဘယ်လိုဖော်ပြရမှန်းတောင်မသိတော့ပါဘူးနော်။

ကလေးနှစ်ယောက်ရဲ့ ဦးခေါင်းလေးတွေက အောက်နားမှာရှိနေပြီး သူတို့ပါးပါးရဲ့ မျက်နှာချောချောကြီးက အထက်တွင်ရှိနေလျက်။ သူတို့သားအဖတွေ အတူတူရှိနေတဲ့အချိန်တိုင်း လေထုက အရမ်းတက်ကြွနေရောပဲ...

"ကလေးတွေက သူတို့မားမားလှတဲ့အကြောင်း ပြောနေကြတာလေ"

"ညီမလေးတွေက မားမားနဲ့တူတယ်မလား?"

ချင်းရို့ နိုးလာပြီးနောက် အိပ်ပျော်နေသော ဘေဘီလေးနှစ်ဦးလည်း တစ်စုံတစ်ခုကို သတိပြုမိသွားပုံရကာ မျက်လုံးပွင့်လာပြီး သူတို့ရှေ့မှ လူလေးယောက်ဖြစ်သော မိဘနှစ်ပါးနဲ့ အကိုကြီးနှစ်ယောက်ကို ကြည့်လိုက်သည်။

သူတို့မျက်လုံးတွေက ရှင်းရှင်းလင်းလင်းမမြင်နိုင်သေးသော်လည်း ဒီအသံတွေက သူတို့နဲ့ရင်းနှီးတယ်လို့ သဘာဝကျကျ ခံစားမိကြပြီး သူတို့ကို ဖော်ရွေကြင်နာတတ်တယ်လို့ ခံစားခဲ့ရ၏။

- ညီမလေးတွေ နိုးလာပြီ!!

ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့က မျက်လုံးပွင့်လာတဲ့ သူတို့ညီမလေးတွေကို ဝမ်းသာအားရကြည့်နေကြသည်။ သူတို့ညီမလေးတွေဟာ သူတို့မေမေနဲ့ တကယ်ပဲတူကြောင်း တွေ့ရှိသွားခဲ့ပေမယ့်... "မားမားက လှနေပေမယ့် ညီမလေးတွေက ဘာလို့ရုပ်ဆိုးနေကြတာလဲနော်?"

"ဘာလို့လဲဆိုတော့ ညီမလေးတွေက မွေးခါစမို့လို့လေ။ ရက်ပိုင်းအတွင်း ကြည့်ကောင်းလာကြလိမ့်မယ်။ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေး မွေးခါစတုန်းကလည်း ညီမလေးတွေလိုပဲ အသားတွေနီရဲနေပြီး အရေပြားတွေ ရှုံ့တွန့်နေတာပဲလေ"

"အင်း..." ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေး ခေါင်းညိတ်လိုက်ကြသည်။

Weekdaysတွေမှာ အနည်းငယ်ငြိမ်သက်နေတတ်သူ အစ်ကိုကြီးကျိုးကျိုးက စိတ်လှုပ်ရှားစွာဖြင့် "ကောကောက အစ်ကိုကြီးပဲ!!"

မွေးချင်းသုံးယောက်အနက် အကြီးဆုံးအစ်ကိုပဲ...

"သူတို့က ဖက်ထုပ်လေးရဲ့ ညီမလေးတွေ! ကျိုးကျိုးက ဖက်ထုပ်လေးရဲ့ အစ်ကိုကြီးပဲ"

"ကျိုးကျိုးက ဖက်ထုပ်လေးနဲ့ ညီမလေးတွေရဲ့ အစ်ကိုကြီး"

"သားကကျိုးကျိုးလေ!!"

…

ချင်းရို့ လုယန်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီး သူမ မောပန်းနွယ်စွာ ကြိုတင်သက်ပြင်းချလိုက်ရင်း "လုကောရေ ကျွန်မတို့ ဘာလုပ်သင့်သလဲနော်? ကျွန်မတို့အိမ်ကြီး အနာဂတ်မှာ ဆူညံနေလိမ့်မယ်လို့ ခံစားနေမိပြီ"

"ကိုယ်လဲပဲ အဲလိုခံစားရပါတယ်ကွာ"

"အဖြေရှာကြည့်ပါဦး၊ အတူတူပဲလုပ်မနေနဲ့လို့!"

"မင်းရဲ့လုကောမှာလည်း ​အဖြေမရှိပါဘူးကွာ"

"ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးက အနာဂတ်မှာ သူတို့ညီမလေးတွေကို ကောင်းကောင်း ဂရုစိုက်ကြမှာပါ"

…

ဘေးအိမ်က လုမိသားစုဟာ အမြွှာသမီးလေးနှစ်ယောက်မွေးဖွားခဲ့၍ ကျန်းချန်ပေ့ ထမင်းပင်မစားနိုင်တော့ချေ။ သူ အရမ်းစိုးရိမ်ကြောင့်ကြ​နေ​ပေမယ့်​ သူ့မိန်းမအပေါ် သက်ရောက်မှာလည်း စိုးရိမ်နေမိသည်။ ဟွမ်ရှင်းရင်လည်း သူမရဲ့ due dateမတိုင်မီ မကောင်းတဲ့ခံစားချက်တွေကို ရှင်းထုတ်ပစ်ရန် ကြိုးစားနေရင်း နေ့တိုင်းပြုံးနေခဲ့သည်။

သူမ ကံကောင်းစေရန်အလို့ငှာ လုမိသားစုဆီ သွားခဲ့သလို ကျန်းချန်ပေ့လည်း အမြွှာလေးတွေရဲ့ အနှီးကို တိတ်တဆိတ်သွားထိခဲ့လေသည်။

သူတို့နောက်ဆုံးတစ်ခေါက်က သားယောကျ်ားလေးရတယ်ဆိုတော့ ဒီတစ်ခါ သမီးမိန်းကလေးမွေးတော့မယ်လို့ တွေးနေမိသည်။

လောင်လု၊ လောင်လျို၊ လောင်ဝမ်၊ လောင်ကျောက်တို့မှာ... သမီးတွေရှိကြပေမယ့် သူ့မှာတော့ သမီးမရှိသေးဘူးလေ... ဘာဖြစ်လို့လဲကွာ?!

ဟွမ်ရှင်းရင် အပြုံးလေးနဲ့ ချင်းရို့ကို ပြောလိုက်သည်။ "နင်က အမြွှာသမီးလေးမွေးတယ်၊ ငါလည်း သမီးလေးတစ်ယောက်မွေးရင် နောင်ကျ ဒီကောင်မလေးသုံးယောက် ဆော့ဖော်ဆော့ဖက်ဖြစ်လာမှာပဲနော်!"

"ဒီကလေးတွေက နင်နဲ့တကယ်တူတယ်နော်၊ ရှောင်ချင်းရေ ငါလည်း ငါနဲ့တူတဲ့ သမီးလေးတစ်ယောက်လိုချင်လိုက်တာဟယ်"

"ငါ့သမီးက လောင်ကျန်းနဲ့သာတူရင်တော့ နောင်ကျ အိမ်ထောင်မပြုနိုင်မှာပဲ စိုးရိမ်မိတယ်"

"မဟုတ်တာတွေလျှောက်ပြောမနေနဲ့ကွ"

ကျန်းချန်ပေ့ ရယ်မောရင်း "ဒီလောင်ကျန်းရဲ့သမီးက ဘယ်လိုလုပ်လက်မထပ်နိုင်ရမှာလဲကွ"

"အချိန်ကျရင် ငါ့သမီးကို လာတောင်းကြမယ့် မိသားစုတွေရာချီရှိလာမှာ အသေအချာပဲ။ ဒီနံစော်နေတဲ့ကောင်လေးတွေကို မောင်းထုတ်ရဦးမှာ"

…

ဤတစ်ကြိမ်တွင် ကျန်းချန်ပေ့နှင့် သူ့ဇနီးတို့က ရင်သွေးလေးမွေးဖွားလာမည့်အချိန်ကို တည်ငြိမ်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။ သူတို့ရဲ့ တတိယ​ကလေးလေးမှာ ချောချောမွေ့မွေ့ပဲ မွေးဖွားလာခဲ့လေပြီ။

ဟွမ်ရှင်းရင် ကိုယ်ဝန်တစ်လျှောက်လုံးတွင် အရမ်းကြီးနာကျင်ရတာမျိုးမရှိခဲ့သလို မနက်ခင်းအော့အန်ခြင်းလည်း မပြင်းထန်ခဲ့ချေ။ ကလေးမွေးမည့်ရက်ကို အေးအေးဆေးဆေးပင် ရောက်လာခဲ့ပြီ။

သူမသားအိမ်ထဲက ဘေဘီလေးဟာ အကျင့်စာရိတ္တကောင်းမွန်လွန်းသောကြောင့် ဇနီးမောင်နှံနှစ်ဦးစလုံးက သမီးတစ်ယောက်ဖြစ်​မယ်လို့ စိတ်ထဲမှာ သေချာနေခဲ့လေသည်။

သူတို့မိသားစုက သမီးငယ်လေးကို ကြိုဆိုရတော့မယ်ဟေ့!

ကျန်းရိချောင်: "ညီမလေး!"

ကျန်းအာ့ဟန်: "ညီမလေး!"

ကျန်းချန်ပေ့: "သမီးလေးဖြစ်ကိုဖြစ်ရမယ်!!"

ဆရာမဟွမ်က မီးဖွားသောညဖြစ်၏။ သားအဖသုံးယောက်သား သူတို့ညီမလေးမွေးလာမည့် မီးဖွားခန်းအပြင်ဘက်မှာ စောင့်ဆိုင်းနေကြသည်။

တတိယ​ကလေးဖြစ်သည်မို့ ကလေးမှာ အလွန်လျင်မြန်စွာမွေးဖွားလာခဲ့ကာ သူနာပြုဆရာမလည်း သတင်းကောင်းပြောပြပေးရန် အပြင်ထွက်လာခဲ့သည်။

"ဂုဏ်ပြုပါတယ်ရှင်၊ ၅ပေါင်၃အောင်စရှိတဲ့ ဝဝကစ်ကစ်သားလေးပါရှင်"

ကျန်းချန်ပေ့: "..." ဝတုတ်ကလေးဆိုတာ ဘာကိုဆိုလိုတာလဲဟေ့ !

ကျန်းရိချောင်နှင့် ကျန်းအာ့ဟန်: "???!!!"

နောက်တစ်နေ့တွင် ဟွမ်ရှင်းရင် အိပ်ရာမှနိုးလာသည့်အခါ သူမဘေးမှာ အိပ်ပျော်နေတဲ့ သားလိမ္မာလေးကို တွေ့လိုက်ရသည်။ သူမလည်း အမှန်တရားကို သိပ်လက်မခံနိုင်သေးပါချေ။ သူမ တကယ်ပဲ နောက်ထပ်သားတစ်ယောက်မွေးခဲ့တယ်တဲ့လား...

သားတစ်ယောက်ပြီး နောက်တစ်ယောက် နောက်တစ်ယောက်တဲ့...

ကျန်းလင်မယား: "..."

ကြေကွဲစရာပါပဲကွယ်...

လင်မယားနှစ်ယောက်လည်း ကလေးလေးဟာ သားတစ်ယောက်ပဲဆိုသည့်အချက်ကို မျက်ရည်များနှင့် တိတ်တဆိတ်လက်ခံနိုင်ရုံသာ။ "ငါတို့ဘဝမှာ သမီးကံမပါလာဘူးပဲ"

ကျန်းချန်ပေ့ သက်ပြင်းချလိုက်ပြီး "... ဘေးအိမ်လောက်တော့ ကံမကောင်းဘူး"

ဒီတစ်​ခါ သူရှုံးတယ်ဆိုတာ အမှန်တကယ်​ဝန်ခံရမှာပေါ့။

သုံးကြိမ်မွေးတာ သားယောကျ်ားလေးချည်းပဲဆိုတော့ သူတို့ဘာများပြောနိုင်ဦးမှာလဲ။ သူတို့မှာ သမီးရဖို့ ကံမပါလာဘူးလို့ ဆိုလိုတာပဲမဟုတ်လား၊ ဒီတော့ မြန်နိုင်သမျှမြန်မြန်လက်လျှော့လိုက်သင့်တာပေါ့။

"ကျွန်မ နောက်တစ်ကြိမ်ထပ်မမွေးတော့ဘူးနော်"

ကျန်းချန်ပေ့လည်း ခေါင်းခါယမ်း၍ "ထပ်မမွေးတော့ဘူး"

ယောက်ျားလေး၄ယောက်ဆိုရင် သူတို့ဘယ်လိုနေရမှာလဲလို့!!

"ကောင်းတဲ့ဘက်ကတွေးကြည့်ရရင် ငါတို့သားက တခြားသူရဲ့သမီးနဲ့ လက်ထပ်နိုင်တယ်လေ"

"ဟုတ်တယ်! ရှင်ပြောတာမှန်တယ်!"

ကျန်းချန်ပေ့နဲ့ ဟွမ်ရှင်းရင်တို့ နောက်သားတစ်ယောက်မွေးပြီးတဲ့နောက် သူတို့ကံကြမ္မာကို လက်ခံကာ သားရှိတာကောင်းကြောင်း သူတို့ကိုယ်သူတို့ ဦးနှောက်ကျင်းနေကြတော့သည်။

သူတို့မှာ သမီးတစ်ယောက်မရှိတာလေးပဲမဟုတ်လား၊ ချိုမြိန်တဲ့အနွေးဂျာကင်လေးမရှိရုံလေးပါပဲ။ အကယ်၍ တခြားသူရဲ့သမီးတွေက ချိုမြိန်တဲ့အနွေးဂျာကင်လေးမဟုတ်ဘဲ အနက်ရောင်နှလုံးသားနဲ့ အနွေးဂျာကင်လေးဖြစ်နေရင်ရော?

"အနက်ရောင်အနွေးဂျာကင်လား"

"ဘာပဲဖြစ်ဖြစ် ငါတို့မှာ အနွေးဂျာကင်လေးမလိုပါဘူးကွာ"

ကျန်းချန်ပေ့: "... သိပ်အများကြီးမတွေးပါနဲ့တော့။ ဆရာမဟွမ်ရေ ငါတို့အိမ်မှာ စစ်အင်္ကျီသုံးထည်ရှိတာ ဘယ်လောက်ကောင်းလိုက်သလဲကွာ"

ဟွမ်ရှင်းရင်မှာ နှလုံးရောဂါရတော့မည့်အလား။ "ကျေးဇူးပြုပြီးတော့ ရှင် ကျွန်မကို စိတ်တိုအောင်မလုပ်ဘဲ စကားကောင်းကောင်းပြောပေးလို့ရမလား?"

ဘာစစ်အင်္ကျီသုံးထည်တုန်း...

ချုံကျိုးကျွန်းမှာ သူမကို အဲဒီစစ်အင်္ကျီသုံးထည်ဝတ်စေပြီး သတ်ဖို့ကြိုးစားနေကြတာလား ? ! !

"ငါလည်း စကားကောင်းပြောချင်ပေမယ့် -- "

ကျန်းချန်ပေ့ သူ့မျက်နှာကို ဖုံးအုပ်လိုက်သည်။ သူ့မိန်းမနဲ့ အိမ်နီးချင်းမိန်းမတို့ ကလေးမွေးဖွားပြီးကတည်းက ကောင်းချီးခံစားရဖို့ လုမိသားစုအိမ်ကို လာခဲ့ကြသလို သူတို့အိမ်ဆီလာလည်တဲ့သူတွေက ပိုတောင်များနေသေးသည်။

"ကလေးသုံးယောက်မွေးတာ သားချည်းပဲသုံးယောက်ဆိုတော့ ဒီမိသားစုခြံဝင်းထဲမှာ မင်းတို့မိသားစုထက် ဘယ်မိသားစုကမှကောင်းချီးပေးမခံရပါဘူးကွာ"

"မင်းတို့အိမ်နီးချင်းနှစ်အိမ်က တကယ့်ကို တော်ကြတယ်ဟေ့"

ကျန်းချန်ပေ့သည် သူအမှန်တကယ်လိုချင်တာ သမီးလေးဖြစ်ကြောင်း ရိုးရိုးသားသားပြောပြတဲ့အခါ လူတွေက သူဟန်ဆောင်နေတယ်လို့ ပြောကြလေသည်။

"မင်း သွင်းသွင်းကို မွေးတုန်းက သမီးမလိုချင်ဘူးဆိုပြီးပြောခဲ့တာလေ"

"အခု ဘာလို့ဟန်ဆောင်နေရတာလဲကွာ!"

ကျန်းချန်ပေ့ မျက်မှောင်ကြုတ်သွားရလျက်။ "…"

အဲဒါက ယောက်ျားတစ်ယောက်ရဲ့မျက်နှာကို ကာကွယ်ဖို့အတွက် လုပ်ခဲ့တာလေကွာ!!

xxx

All Chapters