← Chapters

အခန်း (၂၄၁)

Vol. 20 Ch. 241

အခန်း (၂၄၁)

Vol. 20 Ch. 241

လုယန်ကတော့ ဘယ်သူ့ကိုမှ မစဉ်းစားပေးပါချေ။ ညီအစ်မနှစ်ယောက်မွေးလာကတည်းက သူတို့မိသားစုကို လက်ထပ်ချင်ကြတဲ့မိသားစုတွေ မရေမတွက်နိုင်အောင်ရှိခဲ့ပေမယ့် လုယန်နဲ့ ချင်းရို့တို့က သူတို့အားလုံးကို ငြင်းပယ်ခဲ့သည်။

- ငါ့သမီးတွေကို ငမ်းငမ်းတက်လိုချင်နေတယ်ပေါ့လေ?

အိပ်မက်မက်နေလိုက်!

လုယန် သူ့သမီးလေးတွေနှင့်အတူ လမ်းလျှောက်ထွက်ချိန် ကုချန်နှင့်တွေ့သည့်အခါ ကလေးမလေးနှစ်ယောက်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။

"ဦးဦးကု..."

သို့ရုန်လေးတွေက တကယ့်ကို သို့ရုန်လေးတွေပါပဲ၊ သူမလေးရဲ့ အသံမှာ သူတို့အမေလိုပဲ ချိုသာလှပြီး သူမလေးတို့စကားပြောသံလေးတွေဟာ orioleငှက်လိုပဲ ချိုသာငြိမ့်ညောင်းလှသည်။

"သို့သို့ရုန်ရုန်လေးရေ"

အရင်တုန်းက သူအဖွဲ့ထဲမှာရှိစဥ် ကုချန်သည် လုယန်ဆီမှာ ချောမောလှပတဲ့သမီးအမြွှာလေးတွေရှိကြောင်း ကြားဖူးခဲ့ပေမယ့် နေ့တိုင်းမတွေ့ခဲ့ရပေ။ ယခု ကျောင်းတွင်မူ သူ့သမီးတွေကိုချီထားတဲ့ကပ္ပတိန်လုကို မကြာခဏတွေ့နေ ပြီး ချစ်စဖွယ်ကလေးမလေးနှစ်ယောက်ဟာ သူတို့ဖေဖေရဲ့ ရင်ခွင်ထဲသို့ပြေးဝင်နေတာ တွေ့လိုက်ရသည့်အခါ သူမနာလိုမဖြစ်ပါဘူးလို့ ပြောမိရင် မုသားတစ်ခုပါပဲ။

ကုချန်သည် လုမိသားစုမှ ကလေးမလေးနှစ်ယောက်ကို အလွန်နှစ်သက်သည်။ သူက လစာကောင်းကောင်းရပြီး မိသားစုလည်းမရှိသောကြောင့် အခြေခံအားဖြင့် အသုံးစရိတ်မရှိပါပေ။

ဟုတ်ပါတယ်၊ မကြာသေးခင်ကစပြီး ကုချန်မှာ အသုံးစရိတ်တချို့ရှိခဲ့လေပြီ။ ယင်းကား လုမိသားစုရဲ့ မိန်းကလေးနှစ်ယောက်အတွက် ဖိနပ်လှလှလေးတွေနဲ့ ဦးထုပ်လှလှလေးတွေ အများကြီးဝယ်ပေး၍သာ။

သို့သို့ရုန်ရုန်အတွက် အဝတ်အစားနှင့် ဖိနပ်တွေကို ဝယ်ယူသည့်အခါ အစုံလိုက်ဝယ်ရမည်ဖြစ်သည်။

"မင်းဘာလုပ်ချင်တာလဲကွာ?" လုယန်က သူ့ပစ္စည်းတွေကို တကယ်လက်မခံချင်ပါပေ။

"ငါ သို့သို့လေးနဲ့ ရုန်ရုန်လေးအတွက် ပေးမလို့လေ"

"ငါ့သမီးတွေမှာ အဝတ်အစားတွေ လုံလုံလောက်လောက်ရှိတယ်"

"မိန်းကလေးတွေဆိုတာ အဝတ်အစားနဲ့ ဖိနပ်တွေ အများကြီးလိုတယ်လေ"

လုယန်: "... မင်းလို အသက်၃၀အရွယ် အိမ်ထောင်မပြုရသေးတဲ့သူက ငါ့ကို ဒါတွေပြောနေတယ်ပေါ့?"

"မင်း သမီးမိန်းကလေးတွေကို သဘောကျရင် ကိုယ့်ဘာကိုယ် လက်တွဲဖော်မြန်မြန်ရှာပြီး မွေးလိုက်ကွာ၊ ငါ့သမီးတွေဆီလာမနေနဲ့"

တစ်ဖက်မှရပ်နေကြသော ကျန့်မန်ထန်နှင့် ရန်ချွမ်ကျုံးတို့သည် သူတို့ရဲ့စကားဝိုင်းကို ကြားတဲ့အခါ တောင်တရုတ်ပင်လယ်ရေတပ်အဖွဲ့က အနှီလူနှစ်ယောက်ဟာ တစ်ခုခုမှားယွင်းနေသလို ခံစားခဲ့ရသည်။ တစ်ယောက်က သူ့သမီးနှစ်ယောက်ကို အရမ်းချစ်ပြီး အချိန်ရတိုင်း သမီးတွေနဲ့ပဲ အချိန်ကုန်နေသူပင်။ နောက်တစ်ယောက်ကလည်း တခြားသူရဲ့သမီးတွေကို သဘောကျနေသော်လည်း အိမ်ထောင်မပြုချင်ဘူးတဲ့...

ကျန့်မန်ထန်က ပြောလာခဲ့သည်။

"ရှောင်ကုရေ မင်းငါပြောတာကြားလား? လက်တွဲဖော်တစ်ဦးမြန်မြန်ရှာပြီး သားတစ်ယောက်မွေးလိုက်၊ ပြီးရင် လောင်လုမိသားစုရဲ့ သမီးကို လက်ထပ်စေလိုက်လေ"

လောင်ကျန်း: "အခုမွေးမယ်ဆိုနောက်ကျနေပြီဟေ့"

"ဘာနောက်ကျစရာအကြောင်းရှိလို့လဲ? ခင်ပွန်းသည်ထက် ၃နှစ်ပိုကြီးတဲ့အမျိုးသမီးဆိုတာ ရတနာလေးပဲ။ ရှောင်ကုရေ မင်း ဒီနေ့ပဲ လက်ထပ်လိုက်ပြီးတော့ နောက်နှစ်မှာ ကလေးမွေးလိုက်ကွာ၊ သေချာပေါက် အချိန်မီသွားမယ်နော်"

ကုချန်မျက်နှာမှာ သူတို့ရဲ့စနောက်မှုတွေကို ကျောက်တုံးကဲ့သို့ ပြတ်ပြတ်သားသား မတုန်မလှုပ်ဟန်ရှိနေသော်လည်း ယခုအခါ သူ့ရဲ့ကျောက်တုံးနှလုံးသားမှာ လျော့ကျလာပြီဖြစ်သည်။

ဘာလို့လဲဆိုတော့ သူတကယ်ပဲ သမီးတစ်ယောက်လိုချင်လို့လေ။

ကျန့်မန်ထန် ဆက်ပြောလိုက်သည်။ "လုယန်က သိပ်အသက်မကြီးသေးပါဘူး၊ နေ့တိုင်းသူ့သမီးနှစ်ယောက်ကို ချီထားဖို့ မလိုပါဘူးကွာ။ သူ့မိန်းမကရော သားယောကျ်ားလေး ဘယ်တော့မွေးမှာလဲ? ဒီကိစ္စက လေးနက်တယ်လေ"

"သို့သို့နဲ့ ရုန်ရုန်လေးလည်း မောင်လေးတစ်ယောက်လိုချင်မှာပေါ့"

အခြေအနေကိုသိသော တုဖေးဖေးက ဝင်ပြောလိုက်၏။

"လုယန်မှာ ကလေးတွေထပ်မွေးနေစရာမလိုတော့ဘူးလေ၊ သို့သို့ရုန်ရုန်မှာ အကိုနှစ်ယောက်ရှိပြီးသား"

ကျန်းမန်ထန် အံ့အားသင့်သွားရလျက် "အကိုနှစ်ယောက်လား? သူ့မိန်းမက ဒီအမြွှာသမီးလေးတွေမတိုင်ခင် ကလေး၂ခါတောင်မွေးထားတာလားဟ"

"သူတို့လေးတွေရှေ့မှာလည်း အမြွှာညီအကိုနှစ်ယောက်မွေးတာလေ။ ယောကျ်ားလေးအမြွှာကလည်း တစ်ပုံစံတည်းပဲနော်၊ မထူးဆန်းဘူးလား?"

"သူ့ရဲ့ လုမိသားစုက တကယ်ကံကောင်းတယ်ကွ!"

"သူ့မှာ အမြွှာသားတွေလည်းရှိတယ်လား?"

ကျန့်မန်ထန် တံတွေးမျိုချလိုက်ပြီးမှ လုယန်တွင် သားရောသမီးပါရှိမှန်း သဘောပေါက်သွားခဲ့ပြီး သူ အနည်းငယ်စိတ်မသက်မသာ ဖြစ်သွားရသည်။ အရင်တုန်းကတော့ သူ့သား၅ယောက်ကြောင့် သူ့နောက်ကွယ်မှာ လူတွေအများကြီးက သူ့အား အားကျမနာလိုဖြစ်ခဲ့ကြ၏။ အခုတော့ လူတိုင်းရဲ့ မနာလိုအားကျတဲ့မျက်လုံးတွေဟာ လုယန်ဆီ ရောက်သွားခဲ့လေပြီ။

သား၅ယောက်ရှိလို့ သူ့ကို ဘယ်သူမှအားကျမနေကြတော့ဘူး။

ကျန့်မန်ထန် စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်သွားခဲ့ပြီး သူ့မိန်းမထန်ယွီရုံကို ဒီအကြောင်းတွေ ပြောပြလိုက်ရင်း သူက "ရှောင်လုက အခု ကံကောင်းနေပုံရပေမယ့် သူ့စိတ်အခြေအနေသိပ်မကောင်းဘူးလို့ ငါထင်တယ်"

"ရှင်ဘာကိုဆိုလိုတာလဲ?"

"သူ့မိန်းမက အခုတက္ကသိုလ်တက်နေတာ၊ အဲဒီကိစ္စကို သူတကယ်ပဲ သဘောတူနိုင်တာလား? အဲဒီအမျိုးသမီးက အတွေ့အကြုံတွေသိပ်မများဘူးလေ၊ အပြင်ဘက်မှာ အရောင်အသွေးစုံလင်တဲ့လောကကြီးကို မြင်လိုက်ရရင် သူမရဲ့စိတ်တွေလည်း အရိုင်းဆန်လာလိမ့်မယ်၊ အခုလို လက်တွေ့ဘဝမှာနေဖို့ ဆန္ဒရှိတော့မှာမဟုတ်လောက်ဘူး"

"မနှစ်တုန်းက ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် လူတွေရန်ဖြစ်ကြတာ၊ ကွာရှင်းကြတာတွေ ဘယ်လောက်များခဲ့သလဲ?"

"သူ့မိန်းမက ကလေးလေးယောက်မွေးပြီးပြီတာတောင် သားသမီးတွေကို ပြုစုပျိုးထောင်ဖို့ အိမ်မှာမနေချင်သေးဘူး။ သူမ ဘွဲ့ရပြီးရင် ကလေးတွေကို ပြုစုပျိုးထောင်ဖို့ လုယန်ဆီကိုပြန်လာချင်ပါ့မလား?"

"ဒီလုမိသားစုက အနာဂတ်မှာ ရှုပ်ထွေးတော့မှာကို ငါမြင်ယောင်နေတယ်၊ စောင့်ကြည့်နေလိုက်"

"ဘေးအိမ်မှာ သားအမြွှာတွေရှိတာလား?"

"သူ့သားတွေကို သူနဲ့အတူတူ ဘာလို့မခေါ်လာတာလဲ? နေ့တိုင်း သူ့သမီးလေးနှစ်ယောက်ကိုပဲ ပွေ့ချီနေတာ"

ရန်ချွမ်ကျုံးအိမ်သည် လုယန်ရဲ့ အိမ်နှင့်မျက်နှာချင်းဆိုင်နေရာတွင်ဖြစ်၏။ အစပိုင်းမှာတော့ ရန်ချွမ်ကျုံးဟာ ​​လုယန်မိသားစုမှာလည်း သမီးနှစ်ယောက်ပဲရှိ၍ သူနဲ့အတူတူပဲလို့ ခံစားခဲ့ရပေမယ့် အခုတော့ လုယန်မှာ အမြွှာသားတွေရှိနေပြီးသားဆိုတာ သူသိလိုက်ရ၍ မပျော်ရွှင်တော့ပေ။

သူတစ်ယောက်တည်း စိတ်အခြေအနေဆိုးရွားရုံတင်မကဘဲ သူ့မိန်းမချန်မုလန်က ပို၍ပင်ဆိုးပါသေးသည်။ သို့သော် အမျိုးသမီးက တခြားအချက်ကို ဂရုစိုက်၍ "အိမ်နီးချင်းလောင်လုမိသားစုကိုကြည့်လိုက်၊ ရှောင်လုက ငယ်ပေမယ့် ကလေးမလေးတွေအတွက် အဝတ်အစားတွေ၊ ဖိနပ်တွေ ဝယ်ပေးတတ်သေးတယ်၊ အဖေတစ်ယောက်အနေနဲ့ ရှင်ကတော့ ကိုယ့်သမီးတွေအတွက် တစ်ခုခုဝယ်ပေးဖို့ ဝန်လေးနေတယ်နော်"

"ကျွန်မတို့ကျောင်းတိနဲ့ ဖန့်တိလေးလည်း အဝတ်အစားသစ်တွေလိုတယ်လေ၊ ကျွန်မတို့သမီးတွေက ကျန့်မိသားစုရဲ့သားတွေလောက်တောင် ဒုက္ခမပေး၊ ပြဿနာမရှာဘဲ နာခံတတ်တာကို။ ကျန့်မိသားစုဆို သူ့သားတွေကို တုတ်တစ်ချောင်းနဲ့ တချိန်လုံးကြိမ်းမောင်းနေတာ ရှင်မမြင်ဘူးလား"

ရန်ချွမ်ကျုံး အကြိမ်ပေါင်းများစွာ နှာခေါင်းရှုံ့လိုက်ပြီး "သူတို့တွေက သူတို့သားတွေကို တကယ်ကြိမ်းမောင်းနေတယ်လို့ မင်းထင်နေလား? သူတို့မှာ သားတွေရှိတယ်ဆိုတာ ကြွားဝါပြနေတာကွ။ မင်းရော ငါ့ကို ဘယ်အချိန်မှ ငါ့သားကို ကြိမ်းမောင်းရတဲ့ဘဝကိုပေးမှာလဲကွာ"

"မိန်းကလေးတွေအတွက် ဘာလို့ငွေအများကြီးသုံးမှာလဲ? အိမ်မှာရှိတဲ့အရာတွေအားလုံးကို နောင်ကျ သူတို့မောင်လေးတွေဆီ ပေးရမှာပဲလေ"

"မင်း အိမ်မှာနေပြီး ကလေးတွေကိုသာ ဂရုစိုက်စမ်းပါ၊ တခြားအိမ်က မိန်းကလေးတွေကို နေ့တိုင်းကြည့်မနေနဲ့၊ တခြားအိမ်က ယောက်ျားလေးတွေကို ကြည့်နေလိုက်"

ချန်မုလန် စကားမပြောတော့ပေ။

သောကြာနေ့တွင် ချင်းရို့ ကျောင်းမှစောစောထွက်လာခဲ့ပြီး ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးကိုခေါ်ကာ သူတို့ဖေဖေနှင့် ညီမလေးနှစ်ယောက်ကိုရှာရန် စစ်အကယ်ဒမီဆီသို့ ဘတ်စ်ကားစီးလာခဲ့သည်။ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးက သူတို့မေမေကို ညှပ်ထားပြီး ကျောင်းကအကြောင်းတွေကို တောက်လျှောက်ပြောပြလာခဲ့သည်။

"မားမား ဆရာမက မနေ့က သားတို့ကို သီချင်းဆိုသင်ပေးတယ်..."

"မားမား ကျောင်းမှာ *ဘားတန်းတွေကရောင်စုံရှိတယ်..."
(*ဘားခိုတဲ့တန်းတွေပါ)
…

ကံကောင်းထောက်မစွာဖြင့် ဒီကလေးနှစ်ယောက်မှာ ကားမူးခြင်းမရှိပါချေ။ ကားမမူးတတ်သော ချင်းရို့မှာ အနှီသားလေးနှစ်ယောက်ကြောင့် ကားမူးမိတော့မလိုပင်။

ဒီကလေးနှစ်ယောက်ဟာ ရုပ်တူရုံတင်မက အသံတွေပါဆင်တူကြလေရာ နှစ်ယောက်သားပြိုင်ပြောနေရင်တော့ ခေါင်းကိုက်စရာပါပဲ...

"ဟုတ်ပါပြီ မားမားတို့ရောက်တော့မယ်နော်၊ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးက မားမားနောက်ကနေ ကားပေါ်ကအတူတူလိုက်ဆင်းကြနော်"

ချင်းရို့အတွက်မူ သားနှစ်ယောက်ကိုခေါ်ပြီး စစ်အကယ်ဒမီသို့လာသည်မှာ ပထမဆုံးအကြိမ်ပင်။ လုယန်လည်း သမီးနှစ်ယောက်ကို ပွေ့ချီကာ သားအမိသုံးယောက်ကို ကြိုရန်ရောက်နေလေ၏။

ဇနီးမောင်နှံနှစ်ယောက်တွေ့ဆုံကြသည့်အခါ လုယန်နှင့် ချင်းရို့တို့က တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့စကားတစ်ခွန်းမှမပြောရင်တောင် သူတို့မျက်လုံးထဲမှာ ချစ်ခြင်းအငွေ့အသက်တွေ ပြည့်နှက်နေလေရဲ့...

"မိန့်မိန့်(ညီမလေး)!!!" ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးက သူတို့ညီမလေးတွေဆီသို့ ပြေးသွားလိုက်၏။

"ကောကော(ကိုကို)!!" လုရန်လက်ထဲမှ သို့သို့နှင့် ရုန်ရုန် သူတို့အစ်ကိုတွေကိုမြင်သောအခါ စိတ်လှုပ်ရှားစွာ လက်ပိစိလေးတွေကို ဆန့်ထုတ်လိုက်ကြသည်။

လုယန်လည်း ကလေးနှစ်ယောက်ကို အောက်ချပေးလိုက်ရာ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေး ညီမလေးတစ်ယောက်စီကို ပွေ့ဖက်လိုက်သည်။

ချင်းရို့ကတော့ သူမအမျိုးသားလေးရဲ့ ရင်ခွင်ထဲမှာ နစ်မြုပ်နေရင်း လုယန်အား မော့ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးလှလှလေးတွေက အပြုံးတို့ကြောင့် လခြမ်းနှစ်ခြမ်းသဖွယ်ကွေးနေလျက်။

"လုကော!"

"ရို့မိန့်" 
(T/N: လုကောရဲ့အခေါ်လေးကတော့ 'ညီမလေးရို့'ပါသတဲ့)

"အဲ့လိုမခေါ်ပါနဲ့ဆို၊ ရှင် ကျွန်မကို ရှင့်စိတ်ထဲမှာပဲ အဲ့လိုတိတ်တိတ်လေးခေါ်ရမယ်..."

"ကိုယ်တို့သားတွေလည်း သူတို့ညီမလေးတွေကို ခေါ်နေကြတာပဲလေကွာ၊ သူတို့ပါးပါးကရော ခေါ်ခွင့်မရှိဘူးတဲ့လား?"

"သူတို့လေးယောက်က မောင်နှမတွေလေ၊ ကျွန်မတို့က မောင်နှမတွေမို့လို့လားနော်"

လုယန်ပြုံးလျက် "ကိုယ်တို့သာမောင်နှမတွေဆိုရင် သူတို့မောင်နှမလေးယောက်ရှိလာမှာ မဟုတ်ဘူးလေ"

"မင်းရော အဲလိုမထင်ဘူးလား ရို့မိန့်ရေ"

ချင်းရို့: "…"

ကျန်းကောသုန့်လည်း သူ့မိသားစုဝင်တွေကို လာကြိုရန် ရောက်နေပေမယ့် သူ့မိသားစုတွေက ဤဘတ်စ်ကားနဲ့ မပါလာကြ၍ လုမိသားစု ပြန်လည်ဆုံစည်းမှုကိုမြင်လိုက်ရသည့်အခါ ကျန်းကောသုန့်လည်း အံ့အားသင့်သွားရသည်။

ကျန်းကောသုန့်: "…"

ဒီလူကြီးနှစ်ယောက်နဲ့ အသေးလေးလေးယောက်က... အရမ်းကိုလိုက်ဖက်ညီနေတဲ့ပုံမပေါ်ဘူးလားဟ...

လုယန်က သူ့မိန်းမကို ပွေ့ဖက်ထားပြီး အစ်ကိုနှစ်ယောက်က ညီမလေးနှစ်ယောက်ကို ပွေ့ဖက်ထားကြသည်။ ဒါက အထူးအဆန်းမဟုတ်ပေမယ့် ညီအကိုနှစ်ယောက်က ရုပ်ချင်းဆင်တူကြသလို ညီအစ်မနှစ်ယောက်ကလည်း တစ်ပုံစံတည်းပင်။ ညီအစ်ကိုနှစ်ယောက်က သူတို့အဖေနဲ့တူကြပြီး ညီအစ်မနှစ်ယောက်က သူတို့အမေနဲ့တူကြ၏။ ဒါ ဒါ ဒါက...

သူတို့ အချင်းချင်းပွေ့ဖက်လိုက်ကြသောအခါ မြင်ကွင်းမှာ တကယ့်ကိုအံဖွယ်ပင်။

"ငါ့မှာရော ဘာလို့အမြွှာလေးတွေမရှိရတာလဲကွာ"

လုယန်က သူ့ဇနီးလေးရဲ့ခါးကိုဖက်ပြီး စေးကပ်စွာ ကျောင်းထဲဝင်လာကြသည်။ တစ်ဖက်မှ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးကလည်း သူ့တို့ညီမလေးတွေရဲ့လက်ကလေးတွေကို ဆုပ်ကိုင်လျက် လျှောက်လာကြ၏။

မောင်နှမလေးယောက်သား တစ်ယောက်နဲ့တစ်ယောက် လက်တွဲထားကြလျက်။

မိသားစုခြောက်ယောက် ကျောင်းဝင်းထဲမှာ စတင်လမ်းလျှောက်ကြလေပြီ။

xxx

All Chapters