အခန်း (၂၁၁-၂၁၂)
Vol. 18 Ch. 211-212
အခန်း ၂၁၁ –
ကန္တာရထဲက ဧရာမတံခါးကြီး။
“ ဖရူး ... ။ ”
လေပြင်းနှင့် နှင်းမိုးများ ရွာသွန်းနေသည့်ကြားဝယ် မီးတောက်များ သိုင်းခြုံထားသည့်အလား အနီရောင်ငှက်ကြီး တစ်ကောင် ပျံသန်းနေသည်။
သန်မာလှသော တောင်ပံနှစ်ဖက်ကို ခတ်ထုတ်လိုက်ချိန်တွင် နှင်းမိုးများနှင့် မိုးသက် လေပြင်းများသည် အဝေးသို့ လွင့်စင်ကုန်၏။
“ ဒါ ရှီကျိုးပြည်နယ်ပဲ ... ရှေ့မှာမြင်နေရတာက ဖူစုနိုင်ငံနဲ့ဟိုင်လန်နိုင်ငံ ကြားမှာရှိနေတဲ့ သဲကန္တာရကြီးဖြစ်ရမယ်။ ”
ကူချန်တစ်ယောက် အဝေးသို့ မျှော်ကြည့်လိုက်ကာ ဖူစုနိုင်ငံပထဝီမြေပြင်ကို ပြန်လည်အမှတ်ရလာလေသည်။
တစ်ဆက်တည်းမှာပင် လက်ထဲရှိ ပို၍နွေးထွေးလာသည့် အရိုးဖြူတံဆိပ်ကိုလည်း ငုံ့ကြည့်လိုက်မိ၏။
နတ်နဂါးမြို့တွင် ရှိစဉ်ကထက် ယခုအချိန်တွင် တံဆိပ်၏နွေးထွေးမှုများသည် ပို၍သိသိသာသာ ပြသလာနေသည်။
ဤတံဆိပ်သည် သဲကန္တာရအတွင်းရှိ အလယ်ဗဟိုသို့ ညွှန်ပြနေ၏။ မြင်ကွင်းတဆုံး ပိတ်ဆို့နေသော နှင်းမိုးများထံမျှော်ကြည့်လျက် ကူချန်တစ်ယောက် အတွေးပွားလာသည်။
အရိုးဖြူတံဆိပ်သည် သူ့အပြင် အခြားသူများကိုလည်း ကန္တာရအတွင်းဆီသို့ ခေါ်ဆောင်လာနိုင်မည်။ ထို့ကြောင့် ချွယ်အာကို အသာအယာပုတ်ကာ၊
“ ချွယ်အာ ... ဒီမှာပဲ ရပ်ပြီး ကြယ်ကမ္ဘာထဲကို မင်းဝင်နေပါ။ ”
-ဟု ပြောကြားလိုက်၏။
“ ကျိကျိ ... ။ ”
ချွယ်အာက မြည်သံပြုလျက် မြေပြင်သို့ ဆင်းသက်လိုက်၏။ ချွယ်အာ၏ ခန္ဓာကိုယ်သည် ယခုအချိန်၌ ၎င်း၏မိခင်အရွယ်အစားခန့် ရှိနေပြီဖြစ်သည်။
ကူချန်၏ မကြာမကြာဖော်စပ်ပေးသည့် ဆေးပြားများကိုစားသုံးရသဖြင့် ကြီးထွားမှုသည် သိသိသာသာ မြန်ဆန်ချေပြီ။
ကြက်သွေးရောင် အမွေးအတောင်များမှာ တောက်လောင်နေသော မီးလျှံများအလား ထင်မှတ်ရစေ၏။
ကြည့်လိုက်ရုံနှင့် နွေးထွေးပြီး နူးညံ့မှုကို ခံစားရသည်။ ကူချန်က မြေပြင်ပေါ်ခုန်ဆင်းပြီး ချွယ်အာကို ကြယ်ကမ္ဘာအတွင်း ထည့်သွင်း လိုက်တော့၏။
ထို့နောက် ကောင်းကင်ပေါ် ပျံသန်းခြင်းမပြုတော့ဘဲ မြေပြင်တွင်ကပ်ကာ လျှောက်လှမ်းလိုက်လေသည်။
ခြေလှမ်း တစ်လှမ်းသည် ပေနှစ်ဆယ် ကျယ်ချေပြီ။ မိုင်တစ်ရာခန့် ပြေးလွှားပြီးနောက် ရုတ်တရက်ရပ်တန့်ကာ ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။
ရှေ့တွင် နှင်းမုန်တိုင်းများသည် ပို၍ ပြင်းထန်လာနေပြီး ကောင်းကင်တစ်ခွင်လုံး တိမ်ညိုမည်းများ ဖုံးလွှမ်းနေခဲ့၏။
လေပြင်းနှင့် နှင်းမိုးများသည် သိပ်သည်းလွန်းသဖြင့် ဆယ်ပေဧရိယာကိုပင် မမြင်ရတော့ချေ။ လက်ဖဝါးဖြန့်လျက်ဖြင့် တွက်ချက်မှုကို စတင်လိုက်ရ၏။
ညာဘက်လက်ဖဝါးပေါ်တွင် အလင်းစက်တစ်ခုပေါ်လာပြီး ပတ်ဝန်းကျင်ရှိ မှိန်ဖျော့နေသော အလင်းမှုန်များစွာသည် ချက်ချင်း စီးဝင်လာချေ၏။
အချိန်အနည်းငယ်ကြာ တွက်ချက်မှု ပြုလုပ်ပြီးနောက် မျက်ခုံးပင့်လျက် အဝေးသို့ မျှော်ကြည့်လိုက်သည်။ ထိုအရပ်တွင် ယွမ်ဖူ နယ်ပယ် ကျင့်ကြံသူများစွာ ရှိနေ၏။ ခရမ်းရောင်နေမင်းနယ်ပယ် အချို့ပင်ရှိသည်။
“ ကြည့်ရတာ ဒီနေရာက လူအတော်များများကို ဆွဲဆောင်ထားတာပဲ ကူမိသားရဲ့တံဆိပ်ကတောင် နှစ်ပေါင်းတစ်ရာ နီးပါးရှိနေပြီဆိုတော့ ဒီနှစ်တွေထဲမှာ လူ ဘယ်လောက်များများ သိရှိနေပြီလဲ။ ”
တစ်ဖက်တွင် ခရမ်းရောင်နေမင်း နယ်ပယ်ထက် မြင့်မားလှသော နယ်ပယ်မှ ကျင့်ကြံသူများ ရှိမနေသည်မှာ ကံကောင်းချေပြီ။
သို့သော် ၎င်းသည် ကျိုးကြောင်း ဆီလျော်ချေ၏။ အဘယ့်ကြောင့်ဆိုသော် ဖူစု ဝန်းကျင်ရှိ အခြားသောနိုင်ငံများသည်လည်း ဖူစုကဲ့သို့ပင် သေးငယ်လှချေပြီ။
ခရမ်းရောင်နေမင်းနယ်ပယ်သို့ ရောက်ရှိရုံမျှဖြင့် ဧကရာဇ်ကဲ့သို့ ပတ်ဝန်းကျင် နိုင်ငံများအပေါ် ဗိုလ်ကျစိုးမိုးနိုင်၏။
စင်ကြယ်ခြင်းနယ်ပယ် ကျင့်ကြံသူနှင့် တွေ့ဆုံရန်မှာ မလွယ်ကူလှချေ။ ထိုသို့သော ပုဂ္ဂိုလ်များသည် ကျင့်ကြံခြင်း အရင်းအမြစ်များ ပေါများလှသည့် အိမ်မက်တစ္ဆေရေကန်ကဲ့သို့ အရပ်များ၌သာ နေထိုင်ကြသည်။
သုံကြိမ်တိုင်တိုင် တွက်ချက်မှုများ ပြုလုပ်ပြီးနောက် လေနှင့်နှင်းမိုးများအတွင်းသို့ ပြေးဝင်လိုက်တော့၏။
လက်ဖဝါးရှိ အလင်းစက်လုံးထံသို့လည်း ပတ်ဝန်းကျင်အတွင်းမှ အလင်းမှုန်များသည် အဆက်မပြတ် စီးဝင်ပေါင်းစပ်နေသည်။
ဤသဲကန္တာရသည် အရှေ့အနောက် အကျယ်ဆုံးဒေသသည် မိုင်(၃၀၀)ကျော်လှပြီး အကျဉ်းဆုံးအရပ်သည် မိုင်(၂၀၀)ခန့် ရှိ၏။
တောင်နှင့်မြောက် အလျားမှာမူ မိုင်ပေါင်း(၂၀၀၀)နီးပါးပေပင်။ ထိုဒေသသည် ပင်လယ်နှင့်နီးကပ်ပြီး မိုးများသောဟိုင်လန် နိုင်ငံနှင့်ထိဆက်နေ၏။
ကန္တာရ၏ ဘေးနှစ်ဖက်စလုံးတွင် သစ်တောများသည် အလွန်စိမ်းလန်းစိုပြေစွာ ပေါက်ရောက်နေသည်။
ထို့ကြောင့် ဤအရပ်ဒေသသည် ကန္တာရတစ်ခုဖြစ်လာရန် အခြေအနေမရှိချေ။ သို့သော် ထူးဆန်းစွာပင် မိုးများပြီးအေးခဲသော ဒေသကြီးနှစ်ခုကြား၌ ကန္တာရကြီးအဖြစ် နှစ်ပေါင်းများစွာတည်ရှိနေခဲ့သည်။
အချိန်အနည်းငယ် လျှောက်လှမ်း လာပြီးနောက် နှင်းများဖုံးလွှမ်းနေသော လွင်ပြင် တစ်ခုသို့ ရောက်ရှိလာသဖြင့် ရပ်တန့်လိုက်၏။
အဘယ့်ကြောင့်ဆိုသော် နှင်းလွင်ပြင် အလယ်တွင် မီးခိုးရောင် ကျောက်တံခါးတစ်ချပ် လေနှင့်နှင်းများကြား မားမားမတ်မတ် ထွက်ပေါ်နေသည်ကို မြင်လိုက်သောကြောင့် ပေပင်။
ထိုကျောက်တံခါးသည် ပေတစ်ရာကျော်မြင့်မားပြီး ကောင်းကင်ဘုံသို့ သွားရာ တံခါးတစ်ချပ်အလား ထင်မှတ်ရ၏။ ကျောက်တံခါးပေါ်တွင် ငှက်များ၊ သားရဲများ၊ ပိုးမွှားများနှင့် ငါးသဏ္ဌာန် သားရဲများစွာကို လက်ရာမြောက်စွာ ရေးထွင်းထားသည်။
ထိုပုံစံများထံ စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ရုံဖြင့် ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲ ထွက်မတတ် ခံစားလာရစေ၏။
၎င်းတို့တွင် ရှေးဟောင်း အငွေ့အသက်များစွာ လွှမ်းခြုံနေပြီး အချိန် ကာလပေါင်းများစွာကို ဖြတ်ကျော်လာခဲ့သည့် အငွေ့အသက်များ ပြသနေ၏။
တံခါးပတ်ဝန်းကျင်တွင် လူပေါင်း ရာဂဏန်းခန့်သည် လေထုအလယ်နှင့် ရေခဲ လွင်ပြင်ပေါ်တွင် အစက်ချထားသလို နေရာယူကာ ရပ်နေခဲ့ကြသည်။
ဝေးကွာလှသော အရပ်တွင်လည်း ချောင်းမြောင်းနေသူများ ရှိနေကြသေးသည်။ အများစုသည် ယွမ်ဖူနယ်ပယ်နှင့် ရှန်ရှင်း နယ်ပယ်တွင်သာ ရှိနေကြ၏။
ထိုသူများက ကူချန်ရောက်ရှိလာမှုကို သတိထားမိကာ ချက်ချင်းစူးစမ်းရန်လှည့်ကြည့် လာချေပြီ။ ရာပေါင်းများစွာသော ဝိညာဉ် အသိများ တပြိုင်နက်တည်း လွှမ်းခြုံလာ၏။
ထိုပမာဏသည် သာမန်ရှန်ရှင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးကို တုန်လှုပ်သွားစေနိုင်သည်။ ယင်းကြောင့်ပင် ယွမ်ဖူနယ်ပယ်ကျင့်ကြံသူများ ဦးဆောင်မှုရှိမှသာလျှင် ရှန်ရှင်းနယ်ပယ်သည် ဤတံခါးအနီး၌ရပ်ဝံ့ကြ၏။
မဟုတ်သော် ရှန်ရှင်းနယ်ပယ် ကျင့်ကြံသူများသည် အဝေးတွင် ချောင်းမြောင်း ပုန်းအောင်းနေရပေလိမ့်မည်။
ရုတ်တရက် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော အဘွားကြီးတစ်ဦးသည် ကူချန်ထံလှမ်းကြည့်ကာ၊
“ မိတ်ဆွေ ... မင်းဘယ်အရပ်ကနေ လာတာလဲဆိုတာ သိပါရစေ။ ”
-ဟု မေးမြန်းလာသည်။
သူမသည် ခရမ်းရောင်နေမင်းနယ်ပယ် ဖြစ်ကာ နောက်မှလိုက်ပါလာသူအားလုံးသည် ယွမ်ဖူနယ်ပယ်ကျင့်ကြံသူများ ဖြစ်ကြ၏။
ထို့ကြောင့် သူတို့အဖွဲ့သည် လက်ရှိ ရောက်ရှိနေသူများအတွင်း အင်အားအကြီးဆုံး အုပ်စုတစ်ခုပင် ဖြစ်လေသည်။
အဖိုးကြီးသည် ပင်လယ်ပြင်ကြီး တစ်ခုလုံးကို ခန္ဓာကိုယ်ပေါ် လွှမ်းခြုံထားသည့် အလား အပြာနုရောင်ဝတ်စုံကို ဆင်မြန်းထားသည်။ ပင်လယ်ပိုးချည်ဖြင့် ရက်လုပ်ထားသည့် ဝတ်ရုံပေပင်။
ပင်လယ်ပိုးချည်များသည် ရေစွမ်းအင်အခြေပြု လျှို့ဝှက်ပညာရပ်များကို များစွာအထောက်အကူ ရစေသည်။ အဆင့်နိမ့် ဝိညာဉ်လက်နက်များတွင် ထိပ်တန်းအဆင့် ပေပင်။
ထို့အပြင် သူမ၏ ဆံထိုး၊ နားတောင်း၊ လက်ကောက်နှင့် ဆွဲကြိုးများသည် အဆင့်နိမ့် ဝိညာဉ်လက်နက်များ ဖြစ်လေသည်။ အလွန်ပင် ကြွယ်ဝကြောင်း မြင်သာချေ၏။
“ ငါ့နာမည် ချန်ရှန့်ပါ ... ချန်ယွမ်နိုင်ငံကနေလာတယ် မင်းဘာများ သိချင်လို့လဲ။ ”
“ ချန်ယွမ်နိုင်ငံလား။ ”
ကူချန်အဖြေကြောင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံး မျက်နှာပျက်သွားကာ အချင်းချင်းအကြည့်များ ဖလှယ်လျက် တိုးတိုးတိတ်တိတ် ဆွေးနွေးကုန်ကြတော့သည်။
“ ဒီလူက တကယ်ပဲ ချန်ယွမ် နိုင်ငံကနေလာတာလား ... သတင်းက ပြန့်သွားပြီ ထင်တယ်။ ”
“ သူ့ရဲ့ကျင့်ကြံမှု ဘယ်အဆင့်မှာရှိလဲ မင်းသိလား။ ”
“ သူ ... ပျံသန်းလာတဲ့အရှိန်နှုန်းအရ ဆိုရင်တော့ အမြင့်ဆုံးရှိလှ ယွမ်ဖူနယ်ပယ် လောက်ပဲ ရှိလိမ့်မယ်။ ”
“ ဘယ်လိုလုပ်ကြမလဲ သူ့ကို သတ်သင့်လား။ ”
“ ဟမ့် ... သူတစ်ယောက်တည်း ဒီအကြောင်းသိတာလား သူ့နောက်ကွယ်မှာရှိတဲ့ အင်အားစုကရော သိနေပြီလားဆိုတာကို မင်းအာမခံနိုင်လား။ ”
တစ်ဖက်တွင် အဘွားကြီးသည် မျက်မှောင်ကြုတ်လိုက်ပြီး သံသယများဖြင့် ပြန်ကြည့်ကာ စွမ်းအင်ကြိုးမျှဉ်တစ်စကို ပစ်ခတ်လိုက်တော့၏။
“ ဝှစ် ... ။ ”
“ ဘန်း ... ။ ”
ကူချန်က အလွယ်တကူ ရိုက်ဖယ်လျက် အေးစက်သောအသံဖြင့်၊
“ မင်း သေချင်နေတာလား။ ”
-ဟု ပြန်လည် မေးမြန်းလိုက်သည်။
အဘွားကြီးမျက်လုံးထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု လင်းလက်သွားသော်လည်း တည်ငြိမ်ဟန်ပြင်ယူကာ၊
“ မင်းရဲ့အရည်အချင်းကို စစ်ဆေးကြည့်တာပါ ပြီးခဲ့တဲ့နှစ်တစ်ရာတုန်းက ရှန်ရှင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် ငါတို့ဆီကနေ အမြတ်ထုတ်သွားဖူးတယ် ...
... ငါတို့ ဒီလောက်ပင်ပင်ပန်းပန်း လုပ်ဆောင်ထားခဲ့ရတာကို ဒီလိုနယ်ပယ်က ကျင့်ကြံသူတစ်ယောက်က လုယူသွားတာမျိုး အဖြစ်မခံနိုင်တော့ဘူး။ ”
အဖွားကြီး စကားကြောင့် မဝေးလှသောအရပ်ရှိ ထိပ်ပြောင်ပြောင်နှင့် လူတစ်ယောက်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ၊
“ ဟမ့် ... ရှန်ရှင်းနယ်ပယ်ကောင်တွေ မင်းတို့အခုထွက်သွားကြစမ်း မဟုတ်ရင်တော့ ဒီနှင်းလွင်ပြင်က မင်းတို့အိပ်စက်ရာဖြစ်သွားလိမ့်မယ်။ ”
-ဟု မောင်းထုတ်လာတော့သည်။
သို့မှသာ ရေခဲပြင်အောက်တွင်နှင်းများ ဖုံးလွှမ်းနေသည့် အလောင်းဆယ်ဂဏန်းခန့် ရှိနေသည်ကို ကူချန်သတိထားမိလာ၏။
တစ်ဆက်တည်းမှာပင် လွန်ခဲ့သော နှစ်တစ်ရာက ရှန်ရှင်းနယ်ပယ် တစ်စုံတစ်ဦးမှ အမြတ်ထုတ်သွားသည်ဟူသော အဖွားကြီး စကားကြောင့် ကူချန်၏မျက်ဝန်းများသည် တဖျပ်ဖျပ်ခတ်သွားရတော့သည်။
***
အခန်း ၂၁၂ -
တံခါးပွင့်ပြီ ... ။
ရှန်ရှင်းနယ်ပယ် တစ်စုံတစ်ယောက်သည် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများ မျက်စိအောက်မှ အကျိုးအမြတ်ကို လုယူဝံ့သည်လော။
အဆိုပါရှန်ရှင်း ကျင့်ကြံသူသည် သူနှင့်ဆွေမျိုးတော်စပ်သည့် ကူမိသားစု၏ ဘိုးဘေးကြီး ဖြစ်နိုင်ပေမည်။
ထိုအတွေးက ကူချန်ကို ပြုံးမိစေ၏။ ဤသည်သာ အမှန်ဖြစ်သော် တစ်ဖက်လူ၏ သတ္တိနှင့်ရဲရင့်မှုသည် အံ့ဖွယ်ပေပင်။
“ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတွေ အများကြီးရှိနေတာတောင် ရှန်ရှင်းနယ်ပယ် တစ်စုံတစ်ယောက်က အသာစီးရသွားတာလား မင်းတို့ဘယ်လိုများ ဒီအကြောင်း လူရှေ့မှာ ထုတ်ပြောဝံ့ကြတာလဲ။ ”
ရုတ်တရက် ကူချန်မှ လှောင်ပြုံးဖြင့် မေးခွန်းထုတ်လိုက်၏။ လူအများအပြားသည် ကူချန်မေးခွန်းကို ထောက်ခံဟန်ဖြင့် ထွက်မသွားသေးဘဲ ရပ်နေခဲ့ကြသည်။
အစောပိုင်းက ထွက်သွားရန် စကားပြောခဲ့သော ခေါင်းပြောင်အမျိုးသားသည် ကူချန်ထံလှည့်ကြည့်ကာ၊
“ မင်းပါးစပ်ပိတ်ထား ... ။ ”
-ဟု အော်ငေါက်လိုက်၏။
ထိုအချင်းအရာသည် မတော်တဆ ထုတ်ပြောမိပြီဖြစ်သောကြောင့် သူတို့ကို ခံစားချက်များ မကောင်းစေတော့ချေ။
အဆုံးတွင် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများသည် ပုရွက်ဆိတ်တစ်ကောင်၏ အခွင့်ကောင်းယူခြင်းကို ခံခဲ့ရခြင်းဖြစ်၏။
ခေါင်းပြောင်လူသည် အနက်ရောင်ဝတ်စုံ ဆင်မြန်းထားပြီး လခြမ်းပုံသဏ္ဍန်ဓားနှစ်လက် ကျောတွင်ထိုးသွင်းထား၏။ ကျင့်ကြံမှုမှာ ခရမ်းရောင်နေမင်း နယ်ပယ်ပေပင်။
ရုပ်ရည်အသွင်အပြင်အရ အတော်ပင် ကြည့်ကောင်းကာ ရဲရင့်ပြီးမျက်တောင်တစ်ချက် မခတ်ဘဲ လူသတ်တတ်သည့် ရက်စက် ကြမ်းကြုတ်မှုမျိုး ခံစားရစေသည်။
သူ့နောက်တွင် အလားတူ ရက်စက်ကြမ်းကြုတ်သော ပုံပန်းသဏ္ဌာန်မျိုး ရှိနေသည့် ကျင့်ကြံသူများစွာရပ်နေကြ၏။ ထိုသူများအတွက်မူ ရှန်ရှင်းနယ်ပယ်နှင့် ယွမ်ဖူနယ်ပယ်တွင်သာရှိသည်။
“ ဟမ့် ... ကန္တာရဓားပြဆယ့်သုံးယောက် ခေါင်းဆောင်စန်းချန်လား။ ”
ထိုစဉ်အေးစက်ပြီး ထက်မြက်သော နှာခေါင်းရှုပ်သံနှင့်အတူ လူရိပ်များအဝေးထံပါးမှ ပျံသန်းလာသည်။
“ ဝှစ် ... ။ ”
များမကြာခင် လူခြောက်ယောက်၏ ပုံရိပ်များသည် နှင်းမုန်တိုင်းကိုဖြတ်ကျော်ကာ ရေခဲပြင်ပေါ်သို့ ဆင်းသက်လိုက်၏။
သူတို့(၆)ယောက်ကိုမြင်ချိန်တွင် အဖွားအိုအပါအဝင် လူအတော်များများ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားတော့၏။
ဤသည်မှာ ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူဦးဆောင်သည့် အင်အားစုကြီးတစ်ခု ပေပင်။ ခေါင်းဆောင်သည် အပြာဝတ် အမျိုးသားတစ်ဦးဖြစ်၏။
ထို့ကြောင့် လက်ရှိတွင် ခရမ်းရောင် နေမင်းနယ်ပယ် ကျင့်ကြံသူငါးယောက်တိတိ ရှိသွားပြီဖြစ်သည်။
၎င်းတို့မှာ ထိုအနက်ဝတ်အမျိုးသမီး၊ အပြာရောင်ဝတ် ခေါင်းပြောင်၊ နဂါးတောင် ဝှေးကိုင် အပြာရောင်ဝတ်အဘွားကြီးနှင့် ဤအပြင် အခြားနှစ်ယောက်ဖြစ်၏။
ထိုအခြားတစ်ယောက်သည် လူအများဖြင့်ဝေးကွာသောအရပ်တွင် ရပ်နေပြီး အသံမထွက်ဘဲ ရေခဲကွင်းထဲမှအခြေအနေကို စောင့်ကြည့်နေ၏။ တစ်ကိုယ်တော် ဝံပုလွေတစ်ကောင်ပေပင်။
ကျန်တစ်ယောက်သည် တံခါးကြီး၏ ဘယ်ဘက်အရှေ့ဆုံးတွင် နေရာယူထားသော လူသုံးယောက်အဖွဲ့ဖြစ်သည်။
ဆံပင်ဖြူဖြူနှင့် ဓားကိုင်ထားသော အဖိုးကြီးသည် ဦးဆောင်နေပြီး သူ့နောက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးရှိ၏။
သို့သော် ခရမ်းရောင်နေမင်းနယ်ပယ်၌ ရှိနေသောသူသည် ဓားကိုင်ဆောင်ထားသော အဘိုးကြီးမဟုတ်ဘဲ သူ့ဘေးမှ အမျိုးသမီး ပေပင်။
“ စိတ်ဝင်စားစရာပဲ။ ”
ကူချန်မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ပွင့်ပေါ်လာပြီး သူ့အကြည့်များသည် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပလာခဲ့၏။
ချက်ချင်းပင် သူ့မြင်ကွင်းထဲ တောက်ပနေသော ခရမ်းရောင်နေမင်းများကို ပြန့်ကျဲစွာမြင်လိုက်ရသည်။
ကူချန်သည် အသစ်ရောက်လာသော အပြာရောင်ဝတ်ထားသည့် ထိုအဘိုးကြီးကို မသိသော်လည်း ကန္တာရဓားပြ(၁၃)ယောက် အကြောင်း ကြားသိထား၏။
ထိုကန္တာရဓားပြ(၁၃)ယောက်သည် ဤဒေသကြီးတွင် အုပ်စိုးရှင်ဓားပြအဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်လှ၏။
သူတို့ခေါင်းဆောင် စန်းချန်ဟူသော ခေါင်းပြောင်ကြီးသည် ခရမ်းရောင်နေမင်း နယ်ပယ်ဖြစ်သည်။
ကျန်အဖွဲ့ဝင်များသည် ရှန်ရှင်းနယ်ပယ် ကျင့်ကြံသူသုံးဦးနှင့် ချီစုစည်းခြင်းနယ်ပယ် နှောင်းပိုင်းကိုးဦးပါဝင်၏။ ကျယ်ပြောလှသော ကန္တာရကြီးကို အကာအကွယ်အဖြစ် အသုံးပြုလှုပ်ရှားကြသည်။
ကန္တာရနှင့် ထိစပ်နေသော နိုင်ငံနှစ်ဖက်စလုံးရှိမြို့ငယ်များအတွက် အိပ်မက်ဆိုးများပေပင်။ မကြာခဏ ဆိုသလို ဝင်ရောက်စီးနင်းလုယက်တတ်ကြ၏။
ဟိုင်လန်နိုင်ငံနှင့် ဖူစုနိုင်ငံသို့ ဖြတ်သန်းရာတွင် ဤကန္တာရကိုအသုံးပြုပါက သူ့တို့အဖွဲ့ထံတွင် မတန်တဆအခွန်များ ပေးဆောင်ရပေသည်။
ဆိုလိုသည်မှာ ဤသဲကန္တာရ၏ အုပ်စိုးရှင်သည် ဖူစုနှင့်ဟိုင်လန်မင်းဆက်များမှ မဟုတ်ဘဲ ဓားပြများသာဖြစ်ချေပြီ။
သို့သော်ယခုမူ ကန္တာရဓားပြဘုရင်သည် အသစ်ရောက်လာသော လူများထံကြည့်ကာ ရုတ်တရက် မျက်နှာအမူအရာ ပြောင်းသွား၏။
“ မင်းရဲ့လန်မိသားစုကလည်း တစ်ယောက်ယောက် လွှတ်လာလိမ့်မယ်လို့ ငါမထင်ထားဘူး။ ”
ခေါင်းပြောင်အမျိုးသားစန်းချန်က တုန့်ပြန်လိုက်သည်။ သူ့စကားကြောင့် လူတိုင်း ထိတ်လန့်လာ၏။
“ လန်မိသားစုလား ... ဒါ ဒါက ဟိုင်လန်မင်းဆက်ရဲ့ ... တော်ဝင်မိသားစုတွေ ဖြစ်နိုင်မလား။ ”
လူအုပ်ကြီးမှ စိတ်လှုပ်ရှားကုန်၏။ ကူချန်သည်သာ မည်သည့်ခံစားချက်မှမပြဘဲ ဆက်လက်စောင့်ကြည့်နေခဲ့သည်။
“ ဟမ့် ... မင်းတို့လိုဓားပြတွေက ငါ့ရဲ့ဟိုင်လန်နယ်စပ်မြို့တွေကို နှစ်ပေါင်းများစွာ ကျူးကျော်လုယက်ခဲ့ကြတယ် ဒီနေ့မင်းတို့ရဲ့ အသက်တွေနဲ့ ပေးဆပ်ရမယ့်အချိန်ပဲ။ ”
အပြာဝတ်အမျိုးသားက အေးစက်စွာ အော်ငေါက်လိုက်သည်။ သို့သော် ကန္တာရဓားပြ ခေါင်းဆောင်ရှန်ချန်က ကြောက်ရွံ့ခြင်းမရှိချေ။ ယင်းအစား အပြာရောင်ဝတ်အမျိုးသားကို ပြန်ကြည့်ပြီး လှောင်ပြောင်လိုက်၏။
“ ဟားဟားဟား ငါ့ကိုထိကြည့်စမ်း ... မင်းကခရမ်းရောင်နေမင်းနယ်ပယ်မှာ ရှိပေမယ့် ငါ့ကိုမသတ်နိုင်ခင်မှာ ငါ့ဓားကကျောက်တံခါးကို အရင်ဖျက်ဆီးပစ်နိုင်တယ်။ ”
“ ချွင် ... ချွင် ... ။ ”
စကားဆုံးသည်နှင့် သူ့ကျောပြင်တွင် ထိုးစိုက်ထားသော ငွေရောင်လခြမ်းဓားနှစ်လက် လေထဲပျံတက်လာပြီး စန်းချန်၏အကြည့်များ ရူးသွပ်လာတော့၏။
အပြာရောင်ဝတ် အမျိုးသားမှ မျက်မှောင်ကြုတ်လျက် စန်းချန်စကား၏ အဓိပ္ပါယ်ကို စဉ်းစားနေခဲ့သည်။
ထိုအချိန်တွင် နဂါးတောင်ဝှေးကိုင် အဘွားကြီးမှ သူတို့စကားဝိုင်းအတွင်းဝင်ရောက် ရှင်းပြလာတော့၏။
“ လန်ဝမ်၊ ငါတို့ရဲ့ မကျေနပ်ချက်တွေကို အထဲရောက်မှပြောကြရအောင် ဒီကျောက်တံခါး တိုက်ခိုက်ခံရရင် ...
... ချက်ချင်း ပျောက်ကွယ်သွားလိမ့်မယ် ဒါဆိုလူတိုင်းအတွက် နှစ်တစ်ရာအခွင့်အရေးက ဆုံးရှုံးရမှာသဘာဝပါပဲ။ ”
သို့မှသာ အပြာရောင်ဝတ်အမျိုးသားမှ ကန္တာရဓားပြခေါင်းဆောင် စန်းချန်စကားကို နားလည်သွားတော့၏။
ထို့ကြောင့် မျက်မှောင်ကြုတ်ကာ ကျောက်တံခါးကြီးထံကြည့်ပြီး ပတ်ဝန်းကျင်ရှိ အခြားသူများထံ ဝေ့ကြည့်လိုက်လေသည်။ လူတိုင်း သူ့ထံစိုက်ကြည့်နေ၏။
လက်ရှိအချိန်တွင် သူ့လန်မိသားစုသည် လူအင်အားအများဆုံးဖြစ်သော်လည်း ဤတံခါး သည်သာ ဖျက်ဆီးခံရပါက လူအုပ်ကြီး၏ ဘုံရန်သူ ဖြစ်ရပေလိမ့်မည်။
လက်သီးနှစ်လုံးနှင့် လက်သီးလေးလုံးကို အနိုင်မယူနိုင်ချေ။ ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူလေးဦးသည် သူ့ကိုများစွာ ဒုက္ခပေး နိုင်၏။ ယင်းကြောင့် အသက်ပြင်းပြင်းရှူကာ၊
“ ကောင်းပြီ၊ ခဏတော့ မင်းကို အသက်ရှင်ခွင့်ပေးထားလိုက်မယ် ... ဒါပေမယ့် အထဲရောက်ရင် ပြဿနာကို ကောင်းကောင်း ဖြေရှင်းကြမယ်။ ”
-ဟု ကြိမ်းဝါးလိုက်သည်။ စန်းချန်က ဂရုမစိုက်ဘဲ အေးစက်စွာ နှာခေါင်းရှုံ့ပြသည်။ လန်ဝမ်ဟူသော အမျိုးသားက နဂါးတောင်ဝှေး ကိုင်ထားသည့် အဘွားအိုဘက်လှည့်ကြည့်ကာ၊
“ မင်းရဲ့ဟိုက်ရှင်းဂိုဏ်း ရောက်လာတာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူးလို့ငါထင်တယ် ဒီနေရာက ငါတို့ဟိုက်လန်နိုင်ငံတော်နဲ့ အနီးဆုံး ဖြစ်တာတောင် မင်းအရင်ရောက်နေတယ်။ ”
-ဟု စုံစမ်းရန် ကြိုးစားလိုက်တော့၏။ အဘွားကြီးက တည်ငြိမ်စွာခေါင်းညိတ်သည်။ သူမသည် ငြင်းဆန်ရန် ဆန္ဒမရှိခဲ့ဘဲ၊
“ မှန်တယ်၊ မင်းအရင်က ... ဒါကို သတိမထားမိဘူးဆိုတော့ ဒီအမွေတွေက မင်းရဲ့ ဟိုက်လန်နိုင်ငံအတွက် မရည်ရွယ်ဘူးလို့ပဲ ဆိုနိုင်ပါတယ် ...
... ဖူစုနိုင်ငံက အဲဒီလူအိုကြီးတောင် သတိမထားမိတာ မင်းမြင်တယ်မဟုတ်လား မဟုတ်ရင် သူရောက်လာမှာသေချာတယ်။ ”
“ အဘွားကြီး ... မင်း မသိလိုက်ပုံပဲ။ ”
အဖွားအိုစကားကြောင့် လန်ဝမ်မှ ရုတ်တရက် အံ့အားသင့်စွာ သူမထံကြည့်သည်။ အဖွားအိုတစ်ယောက် မျက်မှောင်ကြုတ်လျက် ဇဝေဇဝါဖြစ်လာပြီး၊
“ ငါဘာကိုမှ မသိတာလဲ။ ”
-ဟု ပြန်မေးလိုက်၏။
“ ဖူစုနိုင်ငံရဲ့ တော်ဝင်မိသားစုတစ်ခုလုံး ပျောက်ကွယ်သွားပြီ အဲဒီအဖိုးကြီးချင်အေကိုလဲ သတ်ပစ်လိုက်ပြီ။ ”
“ ဘယ်လို ... ။ ”
နဂါးတောင်ဝှေးကိုင် အဖွားအိုခမျာ မျက်လုံးပြူးသွားတော့သည်။ ဤသတင်းသည် မည်မျှ ပြင်းထန်သည်ကို သိရှိလိုက်၏။
နားစွင့်နေသော လူအုပ်ကြီးသည်လည်း အလားတူပေပင်။ တစ်ဖက်တွင်ကူချန်သည်သာ ဘေးတွင်ရပ်လျက် ထိုကိစ္စသူနှင့်မဆိုင်သကဲ့သို့ တည်ငြိမ်စွာစောင့်ကြည့်နေ၏။
အဘွားအိုက လန်ဝမ်ထံ ပြန်ကြည့်ပြီး၊
“ ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်းသိလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ ဒါက ကောလာဟလတွေပဲ ငါကြားလိုက်ရတယ် ဒီသတင်းမဖြစ်နိုင်ဘူးလို့ ထင်ရပါတယ်။ ”
“ ရွှီး ... ။ ”
လန်ဝမ် အဖြေကြောင့် အဘွားအိုမှ မေးခွန်းများဆက်မေးရန် ပြင်နေစဉ် ရုတ်တရက် ကျောက်တံခါးထံမှ ထူးခြားမှုများပြလာ၏။
လူတိုင်းလှည့်ကြည့်လိုက်ကြသည်။ တံခါးအတွင်းမှ မှိန်ဖျော့ပါးလွှာသောအလင်း တစ်စ ပေါ်လာခြင်းဖြစ်၏။
ထိုအလင်းသည် မြစိမ်းရောင်ဖြစ်ပြီး အလယ်တွင် ဧရာမလေစုပ်ဝဲကြီးတစ်ခုကို တွင်းတက်ကြီးအလား မြင်နိုင်ချေပြီ။
“ တံခါးပွင့်ပြီ ... ။ ”
လူအများအပြား၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားကြပြီး သူတို့လက်ထဲတွင်ရှိသော အဖြူရောင် အရိုးတံဆိပ်ထံ ငုံ့ကြည့်လိုက်တော့၏။
***