← Chapters

အခန်း (၂၄၂)

Vol. 21 Ch. 242

အခန်း (၂၄၂)

Vol. 21 Ch. 242

မောင်နှမလေးယောက်သား တစ်ယောက်နဲ့တစ်ယောက် လက်တွဲထားကြလျက်။

မိသားစုခြောက်ယောက် ကျောင်းဝင်းထဲမှာ စတင်လမ်းလျှောက်ကြလေပြီ။

အသစ်တည်ဆောက်ထားသောစစ်အကယ်ဒမီမှာ ဧရိယာသိပ်မကြီးသလို နေရာများစွာကို သာမန်ကာလျှံကာဝင်ခွင့်မပြုပေ။ လုယန်က သူ့မိသားစုကို ဘတ်စကတ်ဘောကွင်း၊ စားပွဲတင်တင်းနစ်ကွင်း၊ စာဖတ်ခန်းများစသော မိသားစုနေအိမ်တစ်ဝိုက်ကို လိုက်လံပြသခဲ့သည်။

"လုကောရေ ရှင့်သမီးတွေနဲ့နေရတာ ဘယ်လိုခံစားရလဲ"

"အရမ်းကောင်းပါတယ်ကွာ၊ ကိုယ့်မိန်းမရော သားတွေပါ ကိုယ့်အနားမှာရှိရင် ပိုတောင်ကောင်းဦးမှာ"

"မင်းရော? ကျောင်းမှာဘယ်လိုလဲ?"

"ဒါပေါ့ ကျွန်မစာကြိုးစားနေတယ်၊ ကျွန်မတို့သားတွေလည်း ကျောင်းမှာ အရမ်းကြိုစားကြတယ်။ သူတို့လေးတွေက နောက်ကျရင် ပါးပါးနဲ့ ညီမလေးတွေကို သီချင်းဆိုပြဖို့ဆိုပြီး သူတို့ဂီတဆရာဆီကနေ သီချင်းအသစ်တစ်ပုဒ် သင်ထားသေးတယ်လေ"

လင်မယားနှစ်ယောက် စကားစမြည်ပြောရင်း မိသားစုအဆောက်အဦးရှိရာ အတူတူလျှောက်လာခဲ့ကြသည်။ လုယန်အခန်းမှာ ဒုတိယထပ်တွင်ဖြစ်၏။ မိသားစုအဆောက်အဦးဆီသို့ သူတို့မိသားစုခြောက်ယောက် ရောက်ရောက်ချင်းမှာပင် အကြီးအကျယ်အာရုံစိုက်ခံလိုက်ရတော့သည်။

"လုယန်ရေ မင်းမိန်းမနဲ့ သားတွေ ရောက်လာတာလား?"

"ဖာ့ခ် တုဖေးဖေး ငါ့ကို လိမ်ပြောတယ်လို့ ငါထင်ခဲ့တာကွာ။ ဒါပေမယ့် မင်းမှာ အမြွှာသားလေးတွေ တကယ်ပဲရှိနေလိမ့်မယ်လို့ ငါမမျှော်လင့်ထားမိဘူးဟေ့။ မင်းဘယ်လိုတောင်ကံကောင်းရတာလဲကွာ။ မင်းတို့လုမိသားစုဘိုးဘေးအုတ်ဂူတွေက ကောင်းချီးအငွေ့အသက်တွေပြည့်နေတာပဲဖြစ်ရမယ်"

"ဒီညီအကိုတွေက တကယ်ပဲ မင်းရဲ့သားတွေလား? တကယ် မင်းရဲ့သားတွေပေါ့လေ?"

"ဒါက ငါ့သားတွေပဲ၊ လုဝေကျိုးနဲ့ လုဝေကျယ်။ ဦးလေး၊ ဒေါ်လေးလို့ခေါ်လိုက်"

ကျန့်မန်ထန်၏မိသားစုနှင့် ရန်ချွမ်ကျုံး၏မိသားစုက အပျော်ကြည့်ရန် အပြင်ထွက်လာကြ၏။ ကျန့်မန်ထန်ရဲ့ မိန်းမ ထန်ယွီရုံက လုမိသားစုဇနီးလေးဟာ တကယ်လှပချောမောသူဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ သူမက ငယ်ရွယ်ပြီး အသားဖြူ၍ ချောမောလှပသူဖြစ်သလို ရှပ်အဖြူနှင့် စကပ်အပြာကို ဝတ်ဆင်ထားကာ သူမရဲ့နက်မှောင်တဲ့ဆံပင်တွေကိုလည်း နားသယ်နှစ်ဖက်ဘေးမှာသာ ကျစ်ဆံမြီးနှစ်ခုကျစ်ထား၍ ခေါင်းအနောက်ဖက်မှာ ဖြန့်ချထားလေသည်။

ထန်ယွီရုံက ကျန့်မန်ထန်ကို တိုးတိုးလေးပြောလိုက်သည် "လုမိသားစုရဲ့ ရှောင်ချင်းက အရမ်းလှတာပဲနော်။ အနာဂတ်ကျ ကျွန်မတို့သားတွေလည်း ဒီလိုမိန်းကလေးမျိုးနဲ့ လက်ထပ်နိုင်ရင် သိပ်ကောင်းမှာပဲ"

"ဖေး မင်းဘာတွေပြောနေတာလဲကွ?"

ကျန့်မန်ထန်က ဤအမျိုးသမီးဟာ ပျံ့တံ့နံ့နံ့ပုံစံပေါက်နေတယ်လို့ ခံစားလိုက်ရ၍ "သူမဆံပင်တွေကို ကြည့်လိုက်စမ်း၊ ဆံစတွေ ဟိုဖွာဒီဖွာနဲ့၊ အဝတ်အစားကိုကြည့်လိုက်ဦး၊ အမျိုးသမီးတစ်ယောက်အနေနဲ့ တည်ငြိမ်မှုမရှိလိုက်ပုံများ"

ထန်ယွီရုံ သူ့ကို စူးစူးရဲရဲစိုက်ကြည့်ရင်း "လျှောက်ပြောမနေနဲ့၊ ရှင်က ခေတ်နောက်ကျနေတာပဲ။ ရှင် ကွမ်ချန်ကိုတောင်ရောက်နေပြီ၊ ရှင့်ရဲ့ခွေးမျက်လုံးတွေကိုဖွင့်ပြီး သေချာကြည့်လိုက်စမ်းပါ၊ အပြင်မှာ လှလှပပဝတ်စားကြတဲ့ မိန်းကလေးတွေအများကြီးပဲ"

"ဆံစလေးတွေရှုပ်ပွနေတာ ဘာဖြစ်နေလို့တုန်း? ဆံပင်ကောက်တဲ့သူတောင်ရှိသေးတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်ကဆို ဆံပင်ကောက်ဖို့ဆိုပြီး ဆံပင်ညှပ်ဆိုင်အပြင်ဘက်မှာ တန်းစီစောင့်နေကြတဲ့လူအုပ်ကြီးတောင်တွေ့ခဲ့သေးတာ"

"သူတို့ခွေလိပ်လိုက်တဲ့ဆံပင်က သိုးမွေးလေးလိုပဲ"

ကျန့်မန်ထန် မျက်လုံးတွေပြူးကျယ်သွားရလျက် "လူကောင်းသူကောင်းတွေက အဲ့လိုမလုပ်ကြဘူးလေ၊ ဒါပေမဲ့ သိုးမွှေးလိုဆံပင်တွေ ကောက်ကြတယ်တဲ့လား၊ ကမ္ဘာကြီးကဘယ်လိုတွေဖြစ်နေပြီလဲ?"

"ရှင်ကလူထူးလူဆန်းပဲ၊ ရှင့်ဦးနှောက်က ခေတ်နောက်ပြန်ဆွဲနေတာ !!"

ထန်ယွီရုံက ကျေးလက်မှာမွေးပြီးကြီးပြင်းလာသော မိန်းကလေးတစ်ဦးပင်။ ကျန့်မန်ထန်အတွက် ကလေးငါးဦးမွေးပေးခဲ့ပြီး အိမ်မှာပဲအိမ်ရှင်မတစ်ဦးသဖွယ် မိသားစုအတွက် အလုပ်ကြိုးစားခဲ့သည်။

ထန်ယွီရုံသည် ယခုအခါ မထင်မှတ်ပဲ ကွမ်ချန်သို့ရောက်လာတဲ့အခါ ဤနေရာဟာ တခြားနေရာတွေနဲ့မတူမှန်း တွေ့ရှိခဲ့သည်။ လမ်းပေါ်မှာ အသစ်အဆန်းတွေ အများကြီးရှိနေလေရဲ့။ ဥပမာဆိုရသော် ဆံပင်ကောက်ခြင်းမှာ သူမအတွက်တော့ အရမ်းကြည့်ကောင်းပုံပေါ်နေ၏။ တချို့လူတွေက ခေါင်းလောင်းဘောင်းဘီရှည်(bell pant)ကိုပင် ဝတ်ထားကြပြီး ဖားမျက်လုံးမျက်မှန်ကို တပ်ဆင်ကြပါသေးသည်။

ကွမ်ချန်သည် ဟောင်ကောင်ကျွန်းနှင့် နီးသည်ကြောင့် အချို့အရာများစွာကို ဖြေလျော့ပေးခဲ့ပြီဖြစ်သည်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်တွင် အရာများစွာကို ဖြေလျော့ပေးခဲ့၍ မှောင်ခိုဈေးကွက်တောင်မှ လစ်လျူရှူခံလိုက်ရ၏။ ကွမ်ချန်၌ အမည်မသိရင်းမြစ်များမှ နိုင်ငံခြားကုန်ပစ္စည်းအသစ်မျိုးစုံပေါ်လာလေပြီ။

နေ့စဉ်နဲ့အမျှ တကယ့်ကို မြန်ဆန်စွာပြောင်းလဲနေလျက်။

မိသားစုအဆောက်အအုံရှိ လုယန်နေအိမ်မှာ သိပ်မကြီးဘဲ အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခုပါရှိသည်။ တစ်ခုတည်းသောကောင်းကွက်မှာ ဤခေတ်ရှိအခန်းတွေဟာ ၁၀၊ ၂၀စတုရန်းမီတာရှိပြီး အလွန်ကြီးမားလှသည်။ ဗီရိုတွေနဲ့ အခန်းတွေကို ကာထားနိုင်သည်။

ချင်းရို့က ကျိုးကျိုးဖက်ထုပ်လေးကိုခေါ်လာကာ ဤနေရာတွင် ပိတ်ရက်ကိုကုန်ဆုံးကြမည်ဖြစ်၏။ လုယန်က သူ့ဇနီးလေးနှင့်အတူ အသီးအရွက်ဝယ်ရန် လိုက်သွားခဲ့ပြီး ချင်းရို့က အရသာရှိတဲ့ထမင်းဝိုင်းကြီးတစ်ခုကို ချက်ပြုတ်ခဲ့လေသည်။

လုကျုံးရီက သူ့ချွေးမလေးချက်ကျွေးတဲ့စားစရာတွေကို အလွန်ကျေနပ်နေ၏ - "ရှောင်ချင်းရဲ့ အချက်အပြုတ်ကတော့ အရသာရှိတုန်းပဲဟေ့"

ကျန်းဖျင်လည်း သူမအသိစိတ်ကိုလက်ကိုင်ထားကာ "ဒီကကန်တင်းရဲ့ အစားအသောက်တွေလည်း မဆိုးပါဘူးကွယ်"

"ကျောင်းက အခုမှစပြီးဖွင့်တာဆိုတော့ အစပိုင်းမှာ အဆင်မပြေရင် အထက်အရာရှိတွေမျက်နှာပျက်မှာလေ"

လုယန် "ကျွန်တော် ပင်းချန်မှာ ကျောင်းတက်တုန်းကထက် အများကြီးပိုကောင်းပါတယ်ဗျာ"

"ဟုတ်​တယ်​ ​ကျောင်းကအစားအ​သောက်​တွေက ​အရသာမရှိဘူး"

လုယန် သက်ပြင်းချရင်း "ကံကောင်းလို့ပေါ့ ကျွန်တော် လုမိသားစုမှာ ကြီးပြင်းလာလို့၊ မဟုတ်ရင် စားနိုင်မှာတောင်မဟုတ်ဘူး"

"လောင်ကျန်းရေ ငါတို့သားငယ်လေးကတော့ မင်းရဲ့လက်ရာတွေကို လုံလုံလောက်လောက်မစားခဲ့ရလို့ အရမ်းဇီဇာကြောင်နေတာပဲ။ သူ့မှာစားစရာလုံလုံလောက်လောက်ရှိနေရုံနဲ့တင် ကံကောင်းနေပြီကိုကွာ၊ ဒါပေမဲ့ သူက ညည်းညူနေတုန်းပဲ"

ကျန်းဖျင် မကျေမနပ်ပြောလိုက်၏။ "ရှင်ရောဘာထူးလို့လဲ? ရှင်လည်း ကျွန်မရဲ့ လက်ရာကို များများ မြည်းစမ်းကြည့်သင့်တယ်နော်"

"အိမ်မှာ ဇီဇာကြောင်နေတဲ့သူက ရှင်ပဲမဟုတ်လား"

ရဲဘော်လောင်လု စကားဆက်မပြောတော့ပေ။

ချင်းရို့နှင့် လုယန် တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ပြုံးလိုက်ကြပြီး လုယန်က သူမကို "မင်းတို့ကျောင်းက စားစရာတွေရော ဘယ်လိုလဲ?" လို့မေးလိုက်သည်။

"စိတ်မပူပါနဲ့ ကျွန်မအဆင်ပြေပါတယ်"

လင်းနန်တက္ကသိုလ်ကန်တင်းမှ စားစရာတွေကလည်း အရသာသိပ်မရှိပေမယ့် အရမ်းကြီးဆိုးရွားနေသည်တော့မဟုတ်။ ချင်းရို့က သူမရဲ့စားချင်စိတ်ကို ဖြည့်ဆည်းပေးဖို့ရာ နေ့တိုင်း အသားဟင်းတစ်ခွက်ကို မှာယူတတ်သည်။

"စားဖိုမှူးလုလည်း အိမ်ကို ဟင်းပွဲတချို့ ယူလာပေးတယ်။ ရှောင်မင်၊ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးက ပျော်ပျော်ကြီးစားသောက်နေရောပဲလေ"

လုယန်: "…"

သူက သူ့ဇနီးလေးအနားကိုမှီကာ တိုးတိုးလေးပြောလိုက်၏။ "အနံ့တစ်ခုခုရနေပြီလို့ ကိုယ်သံသယရှိတယ်နော်"

ချင်းရို့ ပြုံးပြီး "အောင်သွယ်တော်လုကို ကျေးဇူးတင်ပါတယ်ရှင်"

လုစန်းကျဲနှင့် လွီချင်းတို့ကြားက အခြေအနေကို ချင်းရို့လည်း နားမလည်ပါချေ၊ သို့သော်... သူတို့ခံစားချက်တွေက သူတို့ကိုယ်ပိုင်ပဲလေနော်။ သူတို့လည်း လူကြီးတွေဖြစ်နေပြီပဲလေ၊ သူတို့အတွက် အကြံဥာဏ်တွေပေးဖို့ အပြင်လူတွေကို မလိုအပ်လောက်ပါဘူး။ အခုလိုက အဆင်ပြေတယ်လို့ သူတို့တွေးနေကြတာလည်းဖြစ်နိုင်တယ်လေနော်။

"ဘာအောင်သွယ်တော်လဲ၊ မင်းတို့နှစ်ယောက် ဘာပြောနေကြတာလဲ"

ချင်းရို့နှင့် လုယန် ပြိုင်တူပြောလိုက်၏။ "ဘာမှမဟုတ်ပါဘူး"

သူတို့က လုစန်းကျဲနှင့် လွီချင်းတို့၏အတိတ်အကြောင်း လောင်လုကို မပြောခဲ့ကြပေ။ ယခုအချိန်မှာ ဆက်ဆံရေးမှာရှေ့ဆက်မသွားသေးသဖြင့် လုကျုံးရီ ဘာတွေးမလဲဆိုတာ သူတို့မသိဘူးလေ။

ညစာစားပြီးနောက် ကလေးတွေက စောစောအိပ်ရာဝင်ကြပြီး နောက်ဆုံးမှာတော့ လုယန်လည်း သူ့ဇနီးလေးကို အိပ်ရာထဲမှာပွေ့ဖက်ထားလိုက်သည်။ "ကိုယ် မင်းကို ဖက်မအိပ်ရတာ တစ်လလောက်ရှိပြီကွာ၊ ကိုယ် မင်းကို အရမ်းလွမ်းတာပဲ"

ချင်းရို့က သူ့ရဲ့မျက်နှာချောချောလေးကို ပွေ့ဖက်ရင်း သေသေချာချာကြည့်ကာ "ရှင် တစ်ယောက်တည်းအိပ်ရတာ အိပ်မပျော်ဘူးလား? ရှင်အရမ်းတက်ကြွနေတာပဲနော်"

လုယန်လည်း သူမမျက်နှာကို ကိုင်ထားပြီး ဂရုတစိုက်ကြည့်၍ ပြုံးလျက် "ကိုယ့်မိန်းမလေးက ဖြူဖွေးပြီးလှပနူးညံ့နေရောကွာ၊ သူမကိုယ်သူမ ဝက်တစ်ကောင်လို ကျွေးမွေးနေတာပဲ၊ လုကောကတော့ အရမ်းကျေနပ်တယ်ကွာ"

"ရှင်ကသာဝက်!"

ချင်းရို့ နေ့တိုင်း ကျောင်းမှာအတန်းတက်ပြီးနောက် လေ့ကျင့်ခန်းလုပ်ချိန်မှာ အရင်ကထက် ပိုနည်းလာခဲ့သည်။ ချင်းရို့ မကြာသေးမီက ညတိုင်း လေ့ကျင့်ခန်းလုပ်ရန် ကစားကွင်းတစ်ဝိုက်တွင် စတင်ပြေးခဲ့သည်။ "ကျွန်မအသားတွေ ဘယ်လောက်ကျစ်လစ်လိုက်သလဲ ကြည့်လိုက်"

ချင်းရို့ လက်သီးကို ဆုပ်ထားပြီး သူမရဲ့ သန်မာသော "ကြွက်သားများ"ကို ပြသလိုက်လေသည်။

"အင်း ကျစ်လစ်နေရောပဲ…"

လုယန်က သူ့ရယ်ချင်စိတ်ကိုထိန်းကာ သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ခါးပေါ်တင်ပေးလိုက်၏။

"ပိုကျစ်လစ်တောင့်တင်းတဲ့တစ်ခုကို ကြည့်ရအောင်လေ"

ချင်းရို့ ရှက်ရွံ့သွားရသလို သူမအရှေ့က ရဲဘော်လုယန်ကြောင့် သူမမျက်နှာကို မီးလောင်နေသလို ခံစားလိုက်ရသည်။

"ရှူး ရှင့်အသံကိုလျှော့ဦးလေ"

ယခု ပြဿနာမှာ အိမ်ကသေးလွန်းနေခြင်းပင်။ ချင်းရို့က ကွမ်ချန်ရှိ စီးပွားရေးအိမ်ရာဝင်းကို မြန်မြန်ဆောက်လုပ်စေချင်လှပြီ၊ သူမတို့မိသားစုလည်း ကိုယ်ပိုင်အိမ်ကြီးတစ်လုံးဝယ်ဖို့ လိုအပ်သည်လေ။

တနင်္ဂနွေနေ့တွင် လုယန်က သူမတို့သုံးယောက်ကို ကိုယ်တိုင်ကိုယ်ကျပြန်လိုက်ပို့ခဲ့သည်။

"ရှင် ဘာလို့ဒီလိုလုပ်​​ရတာတုန်း၊ သွားလိုက်ပြန်လိုက်နဲ့ အရမ်းဒုက္ခ​ရောက်​မှာကို"

"ဒုက္ခမများပါဘူးကွာ"

ချင်းရို့ အတန်းတက်ရန် ကျောင်းသို့ပြန်သွားလိုက်သည်။ သူတို့အိပ်ဆောင်တွင် လူ၁၀ဦးအနက် အများစုမှာ ကျေးလက်မှလာကြသူများပင်။

သို့တည်းမဟုတ် တစ်နည်းဆိုရသော် ကျောင်းတစ်ကျောင်းလုံးရှိ လူအများစုမှာ ကျေးလက်မှလာကြသည်။ အတန်းထဲတွင် ချမ်းသာသူရော ဆင်းရဲနွမ်းပါးသူများပါရှိသော်လည်း ကျောင်းတက်ပြီးနောက်ပိုင်းတွင် ပြင်ပကမ္ဘာကြီးက ပြောင်းလဲလာသလို ကျောင်းသားတွေလည်းပြောင်းလဲလာကြလေ၏။

xxx

All Chapters