အခန်း (၂၄၅)
Vol. 21 Ch. 245
လင်းရွှေပုလဲမွေးမြူရေးသုတေသနစခန်း။
"ပုလဲမွေးမြူရေးစက်ရုံတစ်ခု ဖွင့်ချင်တာလား?"
ယောင်ချန်းထိုက်က သူ့ရှေ့က ငယ်ရွယ်လှပသောအမျိုးသမီးကို သံသယစိတ်ဖြင့် ကြည့်လိုက်သည်။
အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်မပုလဲမွေးချင်လို့ပါ"
ယောင်ချန်းထိုက်သည် တောင်တရုတ်ပင်လယ်ရှိ ပုလဲမွေးမြူရေးလုပ်ငန်းအတွက် အဓိကသုတေသီဖြစ်ပြီး ကမာပုလဲများမွေးမြူရန် တာဝန်ရှိသူပင်။ ယခုအခါ သူတို့က နည်းပညာဆိုင်ရာသုတေသန၏ အရေးကြီးဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း အမှန်တကယ် အောင်မြင်မှုနမူနာများစွာမရှိပါချေ။
"အခု သုတေသနစခန်းရဲ့ နည်းပညာက မဖွံ့ဖြိုးသေးသလို ကမာပုလဲတွေကို မွေးမြူရတာလည်း မလွယ်ဘူးလေ။ ကျွန်တော်တို့နေရာမှာ မွေးမြူထားတဲ့ ကမာပုလဲတွေ အများကြီးမရှိသေးပါဘူး... ဒီနည်းပညာက အခုထိမဖွံ့ဖြိုးသေးတော့ ပုလဲမွေးဖို့လျှောက်ထားတာအတွက် သိပ်တော့မသင့်တော်ပါဘူး"
သူတို့သုတေသနစခန်းက အကြီးစားပုလဲမွေးမြူရေးအတွက် ပင်မထည့်သွင်းနည်းပညာကို အောင်မြင်နိုင်ပါက အကြီးစားပုလဲတွေကို မွေးမြူနိုင်ပေမည်။ တရုတ်နိုင်ငံတွင် ဤနည်းပညာကို သေချာပေါက်မြှင့်တင်နိုင်မည်ဖြစ်ပြီး ယင်းမှာ အချိန်ကာလတစ်ခုသာကြာပါလိမ့်မည်။
သို့သော်လည်း သူတို့သုတေသနစခန်း၏ နည်းပညာသည် ယခုထိ မဖွံ့ဖြိုးသေးပေ။ သူတို့ တကယ်ပဲ ပုလဲအများအပြားကို အောင်မြင်စွာမွေးမြူနိုင်ခြင်းရှိမရှိကို မသိရသေးဘဲ လာမည့်နှစ်အနည်းငယ်အတွင်း စဉ်ဆက်မပြတ် စမ်းသပ်သုတေသနပြုမှုအပေါ် မူတည်မည်ဖြစ်သည်။
"ကျွန်တော်တို့ ပုလဲမွေးမြူရေးလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်ပြီး သုတေသနစခန်းကပညာရှင်တွေက ကျွန်တော်တို့ကို နည်းပညာဆိုင်ရာ လမ်းညွှန်ချက်တွေပေးတဲ့အပြင် မွေးမြူရေးလုပ်ငန်းစဉ်အတွင်း သုတေသနစခန်းကို ဒေတာနဲ့ အချက်အလက်တွေကိုလည်း ပံ့ပိုးပေးနိုင်ပါတယ်။ ဒါက Win-Win ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာမှာပါ"
ယောင်ချန်းထိုက် ပြုံးလိုက်ပြီး "ဟုတ်ပါတယ်၊ မင်း ပုလဲမွေးမြူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့သုတေသနစခန်းမှာရှိတဲ့လူတွေက ပျော်တာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့က သိပ္ပံနည်းကျသုတေသနလုပ်ရုံဖြစ်ပြီးတော့ နိုင်ငံတော်ကထောက်ပံ့ပေးတာလေ။ ဒါကြောင့် သုတေသနမအောင်မြင်တာက ကျွန်တော်တို့အတွက် ဘာဆုံးရှုံးမှုရှိမှာမဟုတ်ဘူး။ ဒါပေမယ့် မင်းက ပုလဲမွေးမြူရေးစက်ရုံဖွင့်ချင်ရင်တော့ ဒါတွေဟာ မင်းရဲ့ ကိုယ်ရေးကိုယ်တာလုပ်ဆောင်ချက်တွေပဲဖြစ်လာမယ်။ အဆုံးမှာ ပုလဲမွေးမြူတာ မအောင်မြင်ရင်တော့ မင်း ငွေတွေအားလုံးဆုံးရှုံးရလိမ့်မယ်"
"ဒီနိုင်ငံတွေလည်း မင်းကိုကယ်နိုင်မှာမဟုတ်ဘူးလေ"
"ငါတို့ရဲ့ လက်ရှိပုလဲမွေးမြူရေးနည်းပညာက မဖွံ့ဖြိုးသေးတာကြောင့် ငါတို့မှာ ပုလဲကောင်းတွေ မွေးမြူနိုင်မယ်လို့ အာမမခံနိုင်ဘူး..."
ယနေ့ခေတ် ပုလဲမွေးမြူရေးတွင် အရာရာတိုင်းကို မသိနိုင်ပါပေ။ ပုလဲကောင်းတွေကို မွေးမြူနိုင်မလား၊ ပုလဲတွေကိုဘယ်လိုရောင်းချနိုင်မလဲဆိုတာကို ဘယ်သူမှမပြောနိုင်ဘူးလေ။
သူတို့အရှေ့က အမျိုးသမီးဟာ တကယ့်ကိုရဲရင့်လှသည်။ ယခုအချိန်တွင် ပုလဲမွေးမြူရေးလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ရန် ကမ်းလှမ်းခံရသည့် ပုလဲအကြောင်းကိုသိထားကြသော ရွာသားတွေတောင်မှ သင်ယူရန် စိတ်ဝင်စားခြင်းမရှိလှပေ။ ရွာသားတွေအတွက်ကတော့ စားလို့မရတဲ့ပုလဲတွေကိုမွေးမြူဖို့အတွက် အချိန်နှင့် ခွန်အားမှုများစွာကို ဖြုန်းမည့်အစား ပုစွန်ငါးရှာခြင်းဟာ ပိုကောင်းနေလေ၏။
ချင်းရို့ ခေါင်းညိတ်လိုက်ရင်း "ဒီအခြေအနေတွေအားလုံးကို ကျွန်မနားလည်ပါတယ်။ ကျွန်မက လင်းနန်တက္ကသိုလ်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှုဌာနက ကျောင်းသူတစ်ယောက်ပါ။ ပုလဲမွေးမြူရေးစက်ရုံတစ်ခုဖွင့်ချင်တယ်လို့ပြောတာဟာ အလျင်စလိုချလိုက်တဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူးရှင်။ ကျွန်မ ဒါတွေကို အသေးစိတ်လေ့လာထားပြီးသားပါ၊ ကျောင်းမှာလည်း အချက်အလက်တွေ အများကြီးဖတ်ထားပြီးပြီ။ လင်းနန်တက္ကသိုလ်ရဲ့ ဇီဝဗေဒသုတေသနစခန်း ..."
ချင်းရို့က သဘာဝအတိုင်း ကောင်းစွာပြင်ဆင်လာခဲ့သည်။ သူမ ပုလဲမွေးမြူရေးစက်ရုံဖွင့်ရန်ဆုံးဖြတ်ပြီးနောက်ပိုင်း ဤကိစ္စအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့သည်။
ဒီလိုအချိန်ကောင်းကို အခွင့်အရေးယူနိုင်ဖို့ သူမဟာ ပိုင်မုန့်အကြီးကြီးကို အရင်ဆုံးကိုက်ကိုကိုက်ရမှာပေါ့။
လက်ရှိသုတေသီများအတွက်မူ သူတို့ရဲ့ နည်းပညာဟာ မဖွံ့ဖြိုးမတိုးတက်သေးဟု ယူဆကြသော်လည်း ချင်းရို့သည် နောက်ပိုင်းမျိုးဆက်တွေရဲ့ ပုလဲပြတိုက်သို့ သွားရောက်ဖူးသူဖြစ်သလို ပုလဲမွေးမြူရေးသမိုင်းကြောင်းကိုလည်း လေ့လာဖူးပြီး ပုလဲမွေးမြူရေးစက်ရုံဆီတောင် အမှန်တကယ်သွားရောက်လည်ပတ်ခဲ့ဖူးသည်။ ပုလဲတွေကို ဘယ်လိုမွေးမြူရမလဲဆိုတာ သူမသိသလို ပုလဲမွေးမြူရေးနည်းစနစ်တွေကိုလည်း ကျွမ်းကျင်သူပင်။
သူမသည် မြန်မြန်ဆန်ဆန်နဲ့ ပထမဆုံး စက်ရုံကို ထူထောင်ရမှာပေါ့။ ၁၉၈၅နောက်ပိုင်းတွင် ဤနေရာ၌ ပုလဲမွေးမြူရေးစက်ရုံများ နေရာအနှံ့ရှိလာမည်ဖြစ်ပြီး အမျိုးမျိုးသော အလုပ်ရုံကြီးကြီးငယ်ငယ် ရာနှင့်ချီပျံ့နှံ့လာလိမ့်မယ်။ အဲဒီအခါကျ ကိုယ်ပိုင်နာမည်ရဖို့ခက်ခဲသွားလိမ့်မှာပဲ။ ဒါ့ကြောင့် အစကတည်းက သူမ၏ပုလဲအမှတ်တံဆိပ်ကို နာမည်တစ်ခုရထားစေရမှာပေါ့လို့။
"အကျိုးအမြတ်တွေအားလုံးကို မင်း ရှင်းရှင်းလင်းလင်း တွေးတောနေသရွေ့တော့ ကျွန်တော်တို့သုတေသနစခန်းကလူတွေလည်း မင်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိပါတယ်၊ ကျွန်တော်တို့ နည်းပညာလမ်းညွှန်မှုလည်း ပေးမှာပါ" ယောင်ချန်းထိုက်သည် ပုလဲမွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ချင်းရို့နဲ့ ပူးပေါင်းလုပ်ဆောင်ရန် သုတေသီနှစ်ဦးကို ခေါ်လာခဲ့သည်။
ပုလဲမွေးမြူရေးစခန်းရှိ လူတွေကလည်း ပူးပေါင်းဆောင်ရွက်မှုကို မငြင်းဆန်ကြပါချေ။ နောက်ဆုံးမှာတော့ ဒါက အားလုံးအတွက်ကောင်းတာပဲလေ။ သူတို့က ဤနည်းပညာကို သုတေသနပြုကာ စပ်မျိုးဆန်စပါးများ ဖန်တီးခဲ့သလိုမျိုး အနာဂတ်မှာ တရုတ်ပြည်၌ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေမည်။
မိမိတို့နိုင်ငံကို ပုလဲမွေးမြူရေးနိုင်ငံဖြစ်လိုပါက ပုလဲမွေးမြူရေးစီးပွားရေးကို ပါဝင်ပံ့ပိုးကူညီလိုသည့် လူများစွာ ပိုမိုလိုအပ်သည်။
ချင်းရို့အမည်ရှိသော ဤအမျိုးသမီးငယ်ဟာ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ဦးဖြစ်၏။ သုတေသနစခန်းသည် သူမနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို အလွန်အရေးထားခဲ့သည်။ ဤနေရာတွင် တခြားသူများဆိုပါက သုတေသနစခန်းဟာ ပူးပေါင်းဆောင်ရွက်ဖို့ ရွေးချယ်ရန်ပင် လိုမည်မဟုတ်ပေ။
ချင်းရို့သည် လင်းနန်တက္ကသိုလ်၏ စီးပွားရေးစီမံခန့်ခွဲမှုဌာနမှ ကျောင်းသူတစ်ဦးဖြစ်သောကြောင့် သူမဟာ ပညာတတ်တစ်ယောက်ဖြစ်သလို စီးပွားရေးစီမံခန့်ခွဲမှုကိုလေ့လာနေသူဖြစ်သည့်အလျောက် သာမာန်လူများနှင့်ယှဉ်လျှင် သူမက အရည်အချင်းရှိသလို ပုလဲမွေးမြူရေးကိုစီမံခန့်ခွဲရန် ကျောင်းတွင်အဆက်အသွယ်များပိုရှိလေသည်။
အဆိုပါနည်းပညာရှင်များသည် နည်းပညာသုတေသနအတွက်သာ တာဝန်ရှိသော်လည်း အနာဂတ်တွင် နည်းပညာကို မြှင့်တင်မည်ဆိုပါက ချင်းရို့ကဲ့သို့သော အရည်အချင်းရှိသူတွေ လိုအပ်ပါ၏။ သူမဟာ သာမန်လယ်သမားများထက် ကျွမ်းကျင်မှုပိုများသူပင်။
စမ်းကြည့်တာလည်းမမှားပါဘူးလေ...
"မင်းကို ကျွန်တော်တို့သုတေသနစခန်းရဲ့ ပုလဲမွေးမြူရေးစင်တာကို လိုက်ပြပေးမယ်"
ချင်းရို့သည် လဝက်ကြာ သုတေသနစခန်းမှာ နေထိုင်ခဲ့ပြီး လိပ်ပြာမုတ်ကောင်များ၏မွေးမြူရေးနည်းပညာကို အသေးစိတ်လေ့လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမက နောက်ပိုင်းမျိုးဆက်များ၏မွေးမြူရေးပုံစံအပေါ် အခြေခံ၍ အပြုသဘောဆောင်သောအကြံပြုချက်များစွာကို အဆိုပြုခဲ့၍ ယောင်ချန်းထိုက်နှင့် အခြားသူများကို အံ့အားသင့်သွားစေခဲ့သည်။
ယောင်ချန်းထိုက်က သူမကို ချီးကျူးလေ၏။
"မင်းက တကယ့်စိတ်ရင်းနဲ့ ပုလဲမွေးမြူရေးနည်းကို သင်ယူချင်နေတာပဲ။ မင်းလိုလူတွေနဲ့ ပူးပေါင်းရတာဟာ ကျွန်တော်တို့သုတေစနစခန်းမှာရှိတဲ့လူတွေအားလုံး စိတ်အေးလက်အေးနေနိုင်ပြီဗျာ"
သူတို့နည်းပညာဟာ အောင်မြင်သော်လည်း မလုံလောက်သေးပေ၊ အပေါက်တွေကိုဖြည့်ရန်နှင့် ပြီးပြည့်စုံသော မွေးမြူရေးအစီအစဉ်ကို စစ်ဆေးရန် အမျိုးမျိုးသောစမ်းသပ်မှုများစွာလိုအပ်ပါသေးသည်။
"ကျေးဇူးတင်ပါတယ်ရှင် ရှင်တို့သုတေသီတွေရဲ့ အလေးအနက်လေ့လာမှုကြောင့် ကျွန်မလည်း ကူးစက်ခံသွားရတာပါပဲ"
ဤလေ့လာမှုကာလပြီးနောက် ချင်းရို့စိတ်ထဲက ပုလဲမွေးမြူရေးအစီအစဥ်မှာ ပိုမိုပြည့်စုံလာခဲ့ပြီ။ သူမစဥ်းစားမိသမျှမေးခွန်းအားလုံးကို ပရော်ဖက်ရှင်နယ်သုတေသီများထံ အသေးစိတ်မေးမြန်းခဲ့သေးသည်။
xxx