← Chapters

အခန်း (၂၄၇)

Vol. 21 Ch. 247

အခန်း (၂၄၇)

Vol. 21 Ch. 247

ချွေးမင်ကျန့် သူ့ပေါင်သူရိုက်ကာ "ဒီလိုအလှလေးကို လက်ထပ်ခွင့်ရတဲ့ ရဲဘော်ချင်းရဲ့ ခင်ပွန်းက ဘယ်လိုလူမျိုးလဲဆိုတာ ငါတကယ်မြင်ဖူးချင်လိုက်တာကွာ!"

"အားမိန့်ရေ...ပုလဲမွေးမြူရေးစက်ရုံ ဖွင့်တော့မလို့လား?"

ချင်းရို့က တာ့ကျောင်းရွာရှိ အစ်မဖြစ်သူအိမ်သို့သွားလိုက်ပြီး ပုလဲမွေးမြူရေးစက်ရုံအကြောင်းကို ချင်းမျန့်အား ပြောပြလိုက်၏။ ချင်းမျန့်ကြားပြီးနောက် သူမ ရှုပ်ထွေးသွားရသလို ရှော့ခ်ရသွားလေသည်။

"ပုလဲက ဘာလုပ်နိုင်လို့လဲ?"

"ကြည့်လို့တော့ကောင်းပေမဲ့ ဘယ်သူကလိုချင်မှာတုန်းလို့၊ စားလို့မှမရတာလေ…"

"နင် ကမ်းခြေမှာ ကမာခွံလှလှလေးတွေကောက်ပြီးတော့ သီလိုက်လို့ရတယ်လေ။ ပုလဲမွေးဖို့ဆို အချိန်တော်တော်ကြာမှာနော်၊ အချိန်ကုန်တာပေါ့။ နင်ပုလဲမွေးထားတော့ရော ဘယ်သူကလိုချင်မှာတဲ့လဲ? ကြယ်သီးအဖြစ်သုံးမလို့လား?"

ချင်းမျန့်ဟာ တောင်ပေါ်မှမိန်းကလေးဖြစ်သည့်အလျောက် ယခင်က ပုလဲတွေကို တခါမှမမြင်ဖူးပေ။ မြေပိုင်ရှင်ရဲ့ ဇနီးက ရွှေ၊ ငွေ၊ ကျောက်စိမ်း၊ ရွှေလက်ကောက်၊ ရွှေပဲစေ့တို့ကို ဝတ်ဆင်ဖူးသော်ငြား ပုလဲကိုတော့မဝတ်ဆင်ကြပါချေ။

လွန်ခဲ့သည့်နှစ်များစွာက လူတိုင်းဟာ ရိုးရိုးရှင်းရှင်းသာ ဝတ်စားကြပြီး အမျိုးသမီးတွေဆို သူတို့မျက်နှာမှာ မိတ်ကပ်လိမ်းခွင့်မရှိသလို လည်ပင်းနှင့် လက်ကောက်ဝတ်များတွင် လက်ဝတ်ရတနာများ၀တ်ဆင်ခွင့်မရှိခဲ့ကြပေ။ အနုပညာရှင်များမှလွဲ၍ ဤကဲ့သို့ဝတ်စားဆင်ယင်ပါက မည်သူမဆိုဝေဖန်ခံရမည်ဖြစ်သည်။

"ပုလဲတွေကို နားမှာပန်ဖို့ နားကပ်အဖြစ်လုပ်လို့ရသလို လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်တွေပါလုပ်လို့ရတယ်လေ... ပုလဲမှုန့်အဖြစ်လည်းသုံးလို့ရတယ်၊ ပုလဲကအရမ်းအသုံးဝင်တာပါနော်"

ချင်းမျန့် ခေါင်းခါလိုက်ပြီး "ပုလဲတွေက အဲ့သလောက်ကောင်းလို့လားဟယ်? ပုလဲတွေက ရွှေထက်ပိုကောင်းတာဖြစ်နိုင်လို့လား? လူတွေက သူတို့အိမ်မှာရွှေရှိပေမယ့် မဝတ်ရဲကြဘူးလေ"

"အခုတော့ တချို့လူတွေဝတ်ရဲလာကြပါပြီနော်၊ အခု စီးပွားရေးမူဝါဒတွေပြောင်းလဲသွားပြီဆိုတော့ လူတော်တော်များများရဲ့လက်ထဲမှာ ပိုက်ဆံရှိကြတယ်လေ။ မြို့ထဲကအမျိုးသမီးတွေဆို သေချာ၀တ်စားဆင်ယင်ပြီး အလုပ်လုပ်နေကြတာ"

"ဒါဆို သူတို့ကရွှေငွေတွေပဲဝတ်ကြရင် နင့်ပုလဲတွေကို ဘာ​လို့ဝယ်မှာတုန်း?"

ချင်းမျန့် သူမခေါင်းကို ခါယမ်းလိုက်ရင်း "ပုလဲတွေက အချိန်ကြာလာတာနဲ့အမျှ အဝါရောင်ပြောင်းသွားမယ်လို့ အားရှီပြောတာ ငါကြားဖူးတယ်။ ပုလဲတွေက ဘယ်လောက်ပဲလှပနေပါစေ သူတို့ရဲ့lusterပျက်သွားမှာပဲတဲ့။ အားမိန့်ရေ လူတွေအသက်ကြီးလာတာနဲ့အမျှ ပုလဲတွေအရောင်ပြောင်းလာတယ်ဆိုတဲ့ ဆိုရိုးစကားကို နင်သိရဲ့လား? ပုလဲတွေက ရွှေကို ဘယ်လိုလုပ်ပြီးယှဥ်နိုင်မှာလဲဟယ်။ ရွှေဆိုတာက နှစ်တွေကြာသွားလည်း မပြောင်းလဲသွားဘူးလေ"

"အဲဒီသူဌေးတွေက သူတို့အိမ်အတွက် ရွှေတွေဝယ်ဖို့ ဆန္ဒရှိနေကြတာ။ ရွှေတွေက ဝတ်လိုက်တဲ့အခါ ကြည့်ကောင်းသလို နောက်မျိုးဆက်တွေအတွက် အချိန်အကြာကြီးထိန်းသိမ်းထားလို့ရတယ်လေ"

"မမရေ ပုလဲတွေကလှပါတယ်နော်။ ပုလဲတွေက အသက်ကြီးလာသလို အလှအပတွေဆိုတာလည်း မှေးမှိန်လာတာပဲလေ။ နင်နဲ့အတူအသက်ကြီးလာဖို့ ပုလဲကြိုးလှလှလေးရှိတာ ပိုအဆင်မပြေဘူးလားလို့?"

ချင်းရို့ အပြုံးလေးနှင့် ဆက်ပြောလိုက်၏။

"မမရေ နင် ကွမ်ချန်ကိုမရောက်ဖူးသေးလို့ပါနော်၊ အခုဆို ကွမ်ချန်လမ်းတွေမှာ နိုင်ငံခြားသားတွေအများကြီးပဲ။ သူတို့တွေက ပုလဲအရမ်းကြိုက်ကြတာဟ။ သူတို့နိုင်ငံတွေမှာ အထူးသဖြင့် ဥရောပမှာဆို အရမ်းရေပန်းစားတာလေ၊ ဘာလို့လဲဆိုတော့ သူတို့နိုင်ငံတွေမှာ ပုလဲမထွက်လို့ပေါ့။ ငါတို့ကွမ်တုန်းနဲ့ ကွမ်ရှီးရဲ့ ရေမြေတွေက ပုလဲမွေးတာ အကောင်းဆုံးလေ"

"ငါတို့ရဲ့မွေးပုလဲတွေက တရုတ်လူမျိုးတွေဆီက ငွေမရှာနိုင်လည်းထားလိုက်ဦး၊ နိုင်ငံခြားသားတွေဆီက ငွေရှာကိုရှာရမယ်"

"အခု နိုင်ငံခြားသားတွေက စက်ရုံတွေတည်ထောင်ဖို့၊ ရင်းနှီးမြုပ်နှံဖို့ ဒီကိုလာကြပြီ၊ ဒီတော့ သူတို့က ငါတို့ရဲ့ငွေတွေကိုရှာချင်တယ်ဆိုရင် ငါတို့လည်း သူတို့ဆီက ပြန်ယူချင်တယ်လေ"

"တကယ်လား?"

ချင်းမျန့်သည် မူလက ပုလဲရတနာဟာ အသုံးမဝင်ဘူးလို့ထင်ခဲ့သော်လည်း ညီမဖြစ်သူက နိုင်ငံခြားသားတွေဟာ ပုလဲတွေကို အရမ်းကြိုက်ကြကြောင်း၊ နောင်တွင် သူတို့မွေးမြူထားတဲ့ပုလဲတွေကို သေချာပေါက်ရောင်းကောင်းမှာဖြစ်ကြောင်း အသေအချာပြောနေခဲ့သည်။ သူမတို့သာ ပုလဲစက်ရုံကို ကောင်းကောင်းထူထောင်နိုင်ရင် သူမတို့ချမ်းသာလာလိမ့်မယ်...

"မမရေ ငါ ဒီနှစ်နှစ်အတွင်း တခြားနေရာမှာကျောင်းသွားတက်ရမှာဆိုတော့ ငါ ကျွန်းဆီ ခဏခဏမလာဖြစ်လောက်ဘူး။ နင် ပုလဲမွေးမြူရေးစက်ရုံကို ကူညီစီမံပေးပါဟာ။ အမြတ်ထွက်လာတဲ့အခါ နင့်အတွက် အမြတ်ဝေစုပေးမယ်လေနော်။ အခု ကမ္ဘာကြီးကပြောင်းလဲနေပြီဆိုတော့ ငါတို့လည်း ပိုက်ဆံများများရှာထားရမယ်။ နင်နဲ့ခဲအိုက ဒီကျွန်းပေါ်မှာ သက်တောင့်သက်သာနေနိုင်ပေမယ့် နောက်နှစ်ဆို ကျွမ်းကျွမ်းနဲ့ ကျင်းဟွတို့လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရတော့မှာလေ။ သူတို့အဆင့်နဲ့ဆို တက္ကသိုလ်ကောင်းကောင်းတက်ရမှာ သေချာတယ်။ သူတို့ တက္ကသိုလ်တက်တဲ့အခါ နင်တို့ အကုန်အကျများလိမ့်မယ်၊ ဒီတော့ နင်တို့လည်း သူတို့အတွက် ငွေစုထားရမယ်လေ"

"ဟုတ်သားပဲ၊ ဒီကလေးနှစ်ယောက်က အခုဆို အသက်ကြီးလာပြီ။ မကြာခင်မှာ သူတို့ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရတော့မယ်။ သူတို့စာသင်ပြီးသွားရင် အိမ်ထောင်ပြုပြီး မိသားစုတစ်ခုထူထောင်ကြလိမ့်မယ်။ ငါတို့မိသားစုက သူတို့အတွက် ခန်းဝင်ပစ္စည်းတွေ၊ တင်တောင်းပစ္စည်းတွေ များများကြိုပြင်ပေးထားသင့်တာပေါ့"

ချင်းမျန့်သည် မိသားစုထဲက အကြီးဆုံးသမီးနဲ့ ဒုတိယသားကိုတွေးရင်း သူမရဲ့ နှလုံးသားထဲမှာ ပိုက်ဆံပိုစုချင်နေခဲ့သည်။ သူမကိုယ်၌က တောင်ပေါ်မှမိန်းကလေးတစ်ဦးဖြစ်ပြီး အမှတ်မထင်အိမ်ထောင်ပြုခဲ့သော်လည်း သူမသမီးဖြစ်သူအတွက်တော့ ခန်းဝင်ပစ္စည်းများများ ပြင်ဆင်ပေးလို၏။ သို့မှသာ သမီးလေးက အနာဂတ်ခင်ပွန်းသည်မိသားစုရှေ့မှာ ယုံကြည်မှုရှိရှိနေနိုင်မယ်လေ။

သူမသားဖြစ်သူ ကျင်းဟွအတွက်လည်း ထို့အတူပင်။ သူလည်း လက်ထပ်ရမှာဖြစ်ပြီး အဓိကပစ္စည်းလေးခုကို ဝယ်ပေးဖို့လိုအပ်သည်။ ထိုနေရာတွင် ယွမ် ရာကျော်၊ ထောင်ကျော် တန်ဖိုးရှိသည့် ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ကာလာတီဗွီစသဖြင့် ပစ္စည်းအသစ်များ ရေပန်းစားနေကြောင်း ကွမ်ကျိုးမှပြန်လာတဲ့သူတွေဆီကနေ သူမလည်း ကြားဖူးပါ၏။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ အနာဂတ်တွင် သူတို့အိမ်ထောင်ပြုကြတဲ့အခါ ယောကျ်ားလေးမိသားစုက ဒီအရာတွေအားလုံး ဝယ်ပေးဖို့လိုလေမလား၊ မဟုတ်ရင် မိန်းကလေးဘက်က သူ့ကို လက်မထပ်ချင်တော့ဘူးဆိုရင်ရော?

သမီးဖြစ်သူအိမ်ထောင်ပြုပါက အဝတ်လျှော်စက်ကဲ့သို့သော ခန်းဝင်ပစ္စည်းများများပိုယူသွားသင့်တယ်၊ ဒီလိုမှ မိသားစုအတွက် ပိုအဆင်ပြေပြီးတော့ သူမသမီးလည်း လက်နဲ့ အဝတ်လျှော်စရာမလိုတော့ဘူးပေါ့.....

ထို့အပြင် ရွှေ၊ ငွေ လက်ဝတ်ရတနာများကို ယခုပြန်လည်ဝတ်ဆင်နိုင်လေပြီ။ ရွှေလက်ကောက်များ၊ ရွှေနားဆွဲများနဲ့ ရွှေလည်ဆွဲများကို ပြုလုပ်ထားနိုင်ပြီး သမီးဖြစ်သူအတွက် လက်ဝတ်ရတနာအဖြစ် ရွှေတစ်ဆင်စာသိမ်းထားပေးနိုင်ပြီဖြစ်သည်။

ကလေးတို့အဖေက ကျောင်းဆရာတစ်ဦးဖြစ်ပြီး တစ်လကို အများကြီးမရှာနိုင်သလို သူမလည်း အဝတ်အစားပြုပြင်ခြင်းမှ ပိုက်ဆံအများကြီးမစုနိုင်ပေ။ အနာဂတ်မှာ ကလေးတွေအတွက် ကာလာတီဗွီဝယ်ပေးချင်ပေမယ့် ယခုအခါ ငွေအလုံအလောက်မရှိပါချေ။

ဤအကြောင်းကို တွေးကြည့်ပြီးနောက် ချင်းမျန့်စိတ်တွေက တက်ကြွလာလေပြီ။ သူမဟာ ရှက်ကြောက်တတ်သူမဟုတ်ပေ။ သူမညီမလေးက အပြင်ကမ္ဘာကြီးဟာ ပြောင်းလဲနေပြီဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေဖြစ်အောင်နေသင့်ကြောင်း ပြောပြလာခဲ့သည်။

"အားမိန့် နင်ပြောတဲ့ပုလဲမွေးမြူရေးစက်ရုံကို ငါတို့ဘယ်လိုတည်ထောင်ကြမှာလဲ"

"ငါက ငွေရင်းနှီးမြှုပ်နှံပြီးတော့ ပုလဲမွေးမြူရေးသုတေသနစခန်းနဲ့ ပူးပေါင်းဆောင်ရွက်မှာလေ။ သုတေသီတွေက ပုလဲမွေးမြူရေးအတွက် လမ်းညွှန်ပေးဖို့ ငါတို့ဆီလာလိမ့်မယ်။ ငါ့မှာလည်း အစီအစဉ်တစ်ခုဆွဲထားပြီးသားရှိတယ်။ မမရေ အားရှီကိုလည်း ငါတို့နဲ့အတူတူ ပုလဲမွေးခိုင်းရင်ကောင်းမလားလို့ စဥ်းစားထားတယ်..."

ချင်းရို့က ချင်းမျန့်အား သူမရဲ့ပုလဲမွေးမြူရေးစက်ရုံဖွင့်မယ့်အစီအစဉ်ကို ပြောပြလိုက်၏။ ချင်းမျန့်က ခေါင်းခါလိုက်ရင်း သူ့ကိုယ်သူ သံသယတစ်ဝက်ဖြင့် ပြောလာကာ "နင့်မမ ငါက ဘယ်လိုလုပ်ပြီး ဒါတွေကိုနားလည်မှာတုန်းဟာ။ ငါ ပုလဲမွေးမြူရေးအကြောင်း ဘာမှမသိဘူးလေ။ နည်းပြဆရာက ငါ့ကို ပုလဲမွေးမြူနည်း လာသင်ပေးရင်တောင် ငါတတ်ပါ့မလား။ နင့်လုပ်ငန်းကို ငါမရှုပ်ထွေးစေချင်ပါဘူး အားမိန့်ရယ်..."

"စိတ်မပူပါနဲ့၊ သုတေသနစခန်းက သုတေသီတွေက မိခင်ကမာပုလဲတွေရဲ့ ကြီးထွားနှုန်းကို ပုံမှန်လာစစ်ဆေးပြီး မှတ်တမ်းတင်ကြမှာလေ။ ဒီတော့ ပြဿနာကြီးကြီးမားမားမရှိပါဘူးဟယ်။ ဒါ့အပြင်-"

ချင်းရို့ ပြုံးလိုက်ပြီး အစ်မဖြစ်သူအား ကြည့်လိုက်ကာ "မမရေ နင့်နားမှာ အတွေးအခေါ်ပညာရှင်ကြီးဖြစ်တဲ့ ခဲအိုတစ်ယောက်လုံးရှိတာပဲဟာ၊ နင်နားမလည်ရင်တောင် သူနားလည်နိုင်တယ်လေ။ ခဲအိုက နင့်ကို သင်ပေးမှာပေါ့ဟာ"

ချင်းမျန့် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့ညီမပြောတဲ့အတိုင်း လုပ်လိုက်တော့မယ်။

ချင်းရို့တို့ ညီအစ်မနှစ်ယောက်က အားရှီကို အတူတူသွားရှာကြသည်။ အားရှီက ပုလဲမွေးမြူရေးအကြောင်းကြားတဲ့အခါ သူ့မျက်လုံးတွေတဖြတ်ဖြတ်လက်သွားသော်လည်း ချက်ချင်းသဘောမတူခဲ့ပေ။

"ဒါဟာ သုတေသနစခန်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုပါပဲ။ စိတ်မပူပါနဲ့၊ ဘာပြဿနာမှမရှိပါဘူး"

"ဒါက ပိုက်ဆံရှာဖို့အခွင့်အရေးတစ်ခုပဲလေ။ ရှင့်ညီမလေးလည်း ကုသမှုအတွက် ဆေးရုံသွားဖို့လိုတယ်ဆို၊ ဒါတွေအားလုံးက ပိုက်ဆံလိုတယ်မလား"

အားရှီသည် သူ့ရှေ့မှ မိန်းမလှလေးကို ကြည့်လိုက်ရင်း သူ့ညီမလေးနှင့် အဖွားရဲ့ မျက်နှာတွေ သူ့စိတ်ထဲမှာပေါ်လာခဲ့သည်။ သူ့အဖွားက သူ့ကို ရွာမှာ ရိုးရိုးသားသားနေဖို့ တောင်းဆိုထားပေမယ့် သူကတော့ ဆင်းဆင်းရဲရဲမနေလိုချေ။

အဆုံးတွင် သူခေါင်းညိတ်ကာ "ငါ မင်းကို ကတိပေးပါတယ်"

အားရှီ အိမ်ပြန်ရောက်တဲ့အခါ အချိန်အတော်ကြာနှုတ်ဆိတ်နေပြီးနောက် သူ့အဖွားကို ဒီအကြောင်းပြောပြခဲ့သော်လည်း သူ့အဖွားဆီက အဆူခံလိုက်ရလေ၏။

"ဒါတွေကို နောက်တစ်ခါထပ်ထိဖို့ မင်းကို ဘယ်သူပြောတာလဲ? အဲဒါတွေက ကောင်းတာတွေမို့လို့လား? မိသားစုကို ထပ်ပြီး ဒုက္ခမရောက်အောင်လို့ သတိထားရမယ်လေ။ အခု ဦးထုပ်ကို ချွတ်ပြီးသွားပြီကို၊ နောက်တစ်ခါ ထပ်ဝတ်ရင်..."

"အဖွားရေ ကျွန်တော်စမ်းကြည့်ပါရစေဗျာ။ ဒီနှစ်က အရင်နဲ့မတူတော့ဘူးလေ။ နောင်ကျရင် ရေဒီယိုနားထောင်ဖို့၊ ကျွန်တော်တို့တိုင်းပြည်ရဲ့ သတင်းတွေကို နားထောင်ဖို့အတွက် တပ်မဟာဆီ မကြာမကြာသွားကြည့်နော်။ ကမ္ဘာကြီးပြောင်းလဲသွားပြီလို့ ကွမ်ချန်ကပြန်လာတဲ့လူတွေအားလုံးပြောနေကြတာဗျာ"

"ကျွန်တော်တို့မိသားစုလည်း အနာဂတ်မှာ ကောင်းကောင်းမွန်မွန်နေထိုင်ရမှာ သေချာပါတယ်"

xxx

All Chapters