← Chapters

ကျောင်းထွက်ချင်နေတဲ့ ပထမနှစ်လေး

Vol. 27 Ch. 264

ကျောင်းထွက်ချင်နေတဲ့ ပထမနှစ်လေး

Vol. 27 Ch. 264

ရဲအရာရှိများက အခင်းဖြစ်ပွားရာ နေရာကို အလျင်အမြန်ပဲ ထိန်းချုပ်နိုင်လိုက်သည်။ ဓားပြသုံးဦးမှာ လက်ထိပ်ခတ်ခံလိုက်ရပြီး ရဲကားထံသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရ၏။

[နှစ်သုံးဆယ် စင်ဂယ်]က ထိုအခြေအနေကို အခွင့်ကောင်းယူကာ အင်္ကျီနှင့် ကပ်ထားသည့် တိပ်ကို ခွာလိုက်သည်။

ခဏနေလျှင် ရဲစခန်းသို့သွားပြီး သက်သေထွက်ဆိုပေးရမှာ ဖြစ်၏။

“ ညီကိုတို့ … သူ့ရဲ့ ဒီ လုံးဝန်းဝန်း မျက်နှာကြီးကို ပြန်မြင်လိုက်ရတော့ မင်းတို့ မျက်လုံးထဲ ကြည့်ကောင်းနေတယ်လို့ မမြင်ရဘူးလား ….”

“ သူရဲကောင်းဆန်တဲ့ အရှိန်အ၀ါကြောင့် ဖြစ်မယ် ….”

“ တကယ်ပဲ ကြည့်လို့ကောင်းနေတာပဲ …. အရင်ကလို မျက်လုံးထဲ ကန့်လန့်ကြီး ဖြစ်မနေတော့ဘူး …..”

“ ကိုယ့်ကောင်က သူရဲကောင်းတစ်ယောက် ဖြစ်လာရုံတင် မကဘူး … အလှလေးကိုလည်း ပိုင်ဆိုင်သွားပြီ ….”

“ ဒီရဲ့ ညီကိုက တော်တော်လေး ထူးခြားတဲ့ လူပုဂ္ဂိုလ်ပဲ …. အချစ်အတွက် အသက်ကိုတောင် စတေးရဲတယ် …..”

“ ငါသာဆိုလို့ကတော့ ကြောက်နေမှာ သေချာတယ် … ငါ့မှာ အဲ့လို သတ္တိမျိုး မရှိဘူး …..”

စနောက်နေသည့် ကွန်းမန့်များကို မြင်တော့ [နှစ်သုံးဆယ် စင်ဂယ်]သည် ရယ်မောလျက် “ ဒေါက်တာချန်ကြောင့်သာ မဟုတ်ရင် ငါ့ တစ်သက်လုံး လူပျိုကြီး ဖြစ်နေရတော့မှာ ….”

“ အားလုံး အဆင်ပြေသွားခဲ့ရင် ငါ ဒေါက်တာချန်ဆီ မင်္ဂလာသကြားလုံးတွေ သေချာပေါက် ပို့ပေးမယ်နော်….”

ဤစကားကြားတော့ ချန်ယွီ့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ အဲ့လောက်ထိ စိတ်လှုပ်ရှားနေစရာ မလိုပါဘူးကွာ … သမားခသာ အရင်ပေး …..”

“ အိုး ဟုတ်သား ဟုတ်သား … မေ့တော့မလို့ … အခုပဲ ပေးမယ် …..”

[နှစ်သုံးဆယ် စင်ဂယ်]မှာ ပျော်ရွှင် ကြည်နူးလွန်း၍ လျှာပင် လိပ်ထွက်လို့နေသည်။ မကြာမီမှာပဲ ချန်ယွီ့ အကောင့်ထဲသို့ ယွမ်တစ်သောင်း ရောက်ရှိလာခဲ့၏။

“ ငါ့မောင် … တို့နဲ့ မင်းနဲ့ အရင်က တွေ့ဖူးတာလား … တို့နာမည်ကို မင်း ဘယ်လိုသိနေတာလဲ …”

မသိလိုက်စွာဖြင့် … ဟယ်လီနာသည် သူ့နံဘေးသို့ ရောက်ရှိလာခဲ့သည်။

“ ငါတို့ ခေါ်ဆိုမှုကို အဆုံးမသတ်ခင် ….” ချန်ယွီ့ ပြောလိုက်ပြီး “ အကြံတစ်ခု ထပ်ပေးခဲ့မယ် …. မိန်းကလေး ဟယ်လီနာက လူတွေ သူ့ကို လိမ်တာ မကြိုက်ဘူး … မင်း ပြောစရာ ရှိတာကို ပြောလိုက် ….”

“ နားလည်ပြီ ….”

[နှစ်သုံးဆယ် စင်ဂယ်]က အိုကေ လက်ဟန် ပြုလုပ်ပြလိုက်သည်။

ပြီးသည့်နောက် သူနှင့် ချန်ယွီ့တို့၏ တိုင်ပင်ဆွေးနွေးမှုအကြောင်းကို မရပ်တမ်း ရှင်းပြလိုက်တော့၏။

အကြောင်းအရာတို့က အနည်းငယ်လေး ချဲ့ကားထားသော်လည်းပဲ ခြုံငုံ သုံးသပ်ကြည့်လိုက်မည်ဆိုပါက တကယ့်လက်တွေ့ ဖြစ်ပျက်သွားသည်နှင့် ဘာမျှ သိပ်ခြားနားခြင်း မရှိပေ။

ဟယ်လီနာ ကြက်သေသေသွားခဲ့၏။

သူမရဲ့ နှစ်သက်မှုကို ရရှိဖို့အတွက်နဲ့ ဒီရဲ့ မောင်လေးက လက်နက်နဲ့ ဓားပြသုံးယောက်ကို တိုက်ခိုက်ဝံ့နေတယ် …

ဒီလူ သူမကို ဘယ်လောက်ထိတောင် နှစ်သက်နေလို့လဲ …

[နှစ်သုံးဆယ် စင်ဂယ်]ကို နောက်ဆုံး တစ်ချက်ကြည့်ပြီးနောက် ချန်ယွီ့ ပြုံးလျက်ပဲ ခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။

ခေါ်ဆိုမှု ပြီးဆုံးသွားသည်နှင့် အမျိုးမျိုးသော လက်ဆောင်များက ချန်ယွီ့ လိုက်စထွင်းထဲ တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာခဲ့တော့သည်။

ပိုက်ဆံချမ်းသာသည့် ကြည့်ရှုသူများက ကာနီဗယ် လက်ဆောင်များ ပေးကြပြီး သာမန် ကြည့်ရှုသူများကလည်း သူတို့ တတ်နိုင်သလောက် လက်ဆောင်ပေးကြ၏။

“ ကျေးဇူးအများကြီး တင်ပါတယ် အားလုံးပဲ … အခု … တတိယလူနာကို ဖိတ်ခေါ်လိုက်ကြရအောင် ….”

သူ့ စကားဆုံးသည်နှင့် အမျိုးသမီးငယ်လေးတစ်ဦးက စခရင်ထက်တွင် ထွက်ပေါ်လို့လာသည်။

သူမ၏ အွန်လိုင်းနာမည်က [ဒီနေ့ ပျော်ပျော်နေမယ်] ဟူ၍ပင်။

“ ဟယ်လို ဒေါက်တာချန် … ဟယ်လို အားလုံးပဲ …”

ဝင်ရောက်လာခဲ့ပြီးနောက် [ဒီနေ့ ပျော်ပျော်နေမယ်]က လူတိုင်းကို ယဉ်ကျေးစွာ နှုတ်ခွန်းဆက်လိုက်သည်။

“ ဟယ်လို လူနာ ….”

“ တစ်စိတ်လောက်ပါ ….” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် “ ငါ မင်းကို ဘာများ ကူညီပေးရမလဲ ….”

“ ကျွန်မက ကောလိပ် ပထမနှစ် ကျောင်းသူပါ ဒေါက်တာချန် …. ကျွန်မ ဒီကျောင်းကို ရောက်လာတာ လဝက်လောက်တော့ ရှိပြီ ….”

“ ကျွန်မ အခု ကျောင်းထွက်ချင်နေတာ ဒါပေမယ့် အမေ့ကို ဘယ်လို ပြောပြရမှန်း မသိဘူး ဖြစ်နေလို့ ….”

ထိုအခါမှပဲ ကြည့်ရှုသူများသည်လည်း [ဒီနေ့ ပျော်ပျော်နေမယ်]၏ နောက်ခံ မြင်ကွင်းက ကောလိပ် အိပ်ခန်း တစ်ခု ဖြစ်နေသည်ကို သတိထားမိလိုက်တော့သည်။

သူမ၏ ကုတင်ထက်မှ မြင်ကွင်းအရ ကြည့်ရသလောက်ကတော့ သတ္တုအိပ်ရာနှင့် နှစ်ထပ် ကုတင်များ ဖြစ်ပုံပင်။

“ မင်းကျောင်းထွက်ချင်တယ်လို့ ပြောလိုက်ရင် မင်းအမေ မင်းကို လှောင်ပြောင် ထေ့ငေါ့မှာကို စိုးရိမ်နေတာမလား …” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် မေးလိုက်ပြီး “ အဲ့လိုဆို ကိုယ်လည်း မျက်နှာပျက်ရတယ်လေ … ဟုတ်တယ်ဟုတ် ….”

“ အွန်း အွန်း …..”

[ဒီနေ့ ပျော်ပျော်နေမယ်]က ဆက်တိုက် ခေါင်းညိတ်လာခဲ့၏။ ပြီးသည့်နောက် စူတူတူ မျက်နှာပေးနှင့် “ အခြေအနေတွေက အစတုန်းကတော့ အဲ့လောက်ထိ မရှုပ်ထွေးသေးဘူး … တကယ်လို့ အပြစ်တင်မယ်ဆိုရင် အမေနဲ့ ရန်ဖြစ်ခဲ့တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ရမှာပဲ ….”

ပြီးသည့်နောက် သူမက ချန်ယွီ့အား ဇာတ်လမ်းတစ်ရပ်လုံးကို ပြောပြလာခဲ့သည်။

[ဒီနေ့ ပျော်ပျော်နေမယ်]က စာသိပ်မလုပ်နိုင်သည့် ကျောင်းသူ တစ်ဦး ဖြစ်၏။ စာကလွဲ၍ ကျန်သည့် နေရာတိုင်းတွင် ထူးချွန်သည်။

မနှစ်တုန်းက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုပြီး ကျရှုံးခဲ့သည်။

သူမ မိသားစု ဆန္ဒရှိသည်ကတော့ နောက်တစ်နှစ် ဆက်နေပြီး ဝင်ခွင့် စာမေးပွဲကို ပြန်လည် ကြိုးစားကြည့်ဖို့ပင်။ သူမလည်း နားထောင်ပြီး ကြိုးစားခဲ့၏။ သို့သော် ထပ်မံကျရှုံးခဲ့ဆဲပင်။

နောက်တစ်နှစ် ဆက်နေ၍ မည်မျှ ကြိုးကြိုးစားစား လေ့လာထားခဲ့ရသည်ကို ပြန်တွေးကြည့်မိတော့ မည်သည့်နည်းနှင့်မျှ နောက်တစ်နှစ် စာပြန်မလေ့လာဖို့ ဆုံးဖြတ်လိုက်တော့သည်။

ဂျူနီယာကောလိပ်မျှနှင့်လည်း သူမ ကျေနပ်နိုင်သည်။

သူမ၏ အတွေးအမြင်ကို မိသားစုကတော့ အလိုမကျကြပေ။

အကယ်၍ သူမဘက်က နောက်တစ်နှစ် ဆက်နေပြီး စာပြန်ကြိုးစားသရွေ့ တက္ကသိုလ်ဝင် စာမေးပွဲကို ကျိန်းသေပေါက် အောင်မြင်နိုင်သည်။

သူမ အမေကို ဒေါသထွက်စေဖို့အတွက် [ဒီနေ့ ပျော်ပျော်နေမယ်]သည် ကျောင်းမဖွင့်မီ နှစ်ရက်အလိုကစ၍ အိမ်က ထွက်လာခဲ့သည်။

ဂျူနီယာ ကောလိပ်သို့ ဝင်ခွင့်တင်ပြီး အားလုံးပြီးစီးတော့မှ သူမ အမေအား ပြောပြလိုက်လေသည်။

“ ဖြစ်ပုံကတော့ အဲ့လိုပဲ ဒေါက်တာချန် ….”

“ ကျွန်မ အခု အူတွေ စိမ်းတဲ့အထိကို နောင်တရနေပြီ ….”

“ ဒီကောလိပ်ကို ရောက်တော့မှပဲ ပြဿနာ အကြီးကြီး တစ်ခု ရှိနေတာကို သတိထားမိတယ် ….”

“ စစ်လေ့ကျင့်ရေးကာလတုန်းက ကျွန်မ တခြားကျောင်းသားတွေဆီကနေ ကြားမိတာ ဒီမှာ အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့ လူတစ်ယောက် ရှိတယ်ဆိုပဲ ….”

“ နောက်ပိုင်းကျတော့မှ သူတို့ပြောတာတွေ အကုန် အမှန် ဖြစ်နေတာကို သိလိုက်ရတယ် … ကျွန်မဆိုတာ မွေးကတည်းက အကြောက်အလန့်ကြီးတဲ့လူ … အင်းစက်တွေလည်း ကြောက်တယ် ၊ လူလည်း ကြောက်တယ် ၊ အမှောင်လည်း ကြောက်တယ် ၊ မိုးခြိမ်းသံလည်း ကြောက်တယ် … အကြောက်ဆုံးကတော့ အနိုင်ကျင့်ခံရမှာကိုပဲ ….”

“ အဲ့တာတွေ အပြင်ကို ကျောင်းရဲ့ ပတ်ဝန်းကျင်ကလည်း အရမ်း ဆိုးရွားလွန်းတယ် …. “

“ ကြည့်လိုက် … အခု ဘယ်ခေတ်ကို ရောက်နေပြီတုန်း …. အိပ်ခန်း ကုတင်တွေက ဒီလို သံကုတင် နှစ်ထပ်အိပ်စင်တွေနဲ့ ….”

“ ရိုလာကိုစတာ စီးနေရသလိုပဲ … နည်းနည်းလေး ရွေ့လိုက်တာနဲ့ အသံတွေက တကျွီကျွီတကျတ်ကျတ်နဲ့ …. အသံပေါင်းစုံကို ထွက်လာတာ ….”

“ အခန်းတံခါးဆိုလည်း ခြေထောက်နဲ့ တစ်ချက် ကန်လိုက်ရင်ကို ဖွင့်လို့ရနေပြီ …”

“ မီးလုံးတွေကလည်း အဟောင်းတွေ ….”

[ဒီနေ့ ပျော်ပျော်နေမယ်]က ဖုန်းကို ကောက်ယူပြီး ချန်ယွီ့နှင့် ကြည့်ရှုသူများ မြင်သာစေရန်အတွက် အခန်းပတ်ပတ်လည်ကို လိုက်ပြလိုက်သည်။

အိပ်ခန်းက ခြောက်ယောက်ခန်း ဖြစ်ပြီး ကျန်ငါးယောက်က ကိုယ်စီ ကုတင်များပေါ်တွင် ရှိနေသည်။

သူတို့အားလုံးက နားကြပ်များဖြင့် သီချင်း နားထောင်နေကြခြင်း ၊ မဟုတ်လျှင်လည်း ဖုန်းဖြင့် ဝတ္ထုများ ဖတ်နေကြသည်။

“ ကျောင်းက တကယ်ကြီးကို ရိုးရှင်းတာဟ … ၂၁ ရာစု ရောက်နေပြီကို ပြတင်းပေါက်မှာ သစ်သားတိုင်တွေ စိုက်ထားတုန်း ….”

“ အိပ်ခန်းရဲ့ အပြင်အဆင်ဆိုလည်း မသိရင် စစ်တပ်ထဲ ရောက်နေတဲ့အတိုင်းပဲ … ဟုတ်တယ်မလား ….”

“ အိပ်ခန်း တစ်ခန်းက ကျောင်းရဲ့ အရည်အသွေးကို ကိုယ်စားမပြုပေမယ့် အရည်အသွေးကောင်းတဲ့ ကျောင်းကလည်း သူတို့ကျောင်းသားတွေရဲ့ နေထိုင်ရာ ပတ်ဝန်းကျင်ကို သေချာပေါက် ကောင်းကောင်းမွန်မွန် ဖြစ်အောင် စီစဉ်ပေးထားမှာ ကျိန်းသေတယ် …”

“ ငါလည်း ဂျူနီယာကောလိပ်ကနေ ဘွဲ့ရထားတဲ့လူပါ… ဒီနေ့ခေတ် ဂျူနီယာကောလိပ်တွေက အဲ့လို အခြေအနေမျိုးတောင် ရောက်နေပြီလားဟ …”

“ ဒီကောလိပ်က ဘတ်ဂျက် ဘယ်လိုချွေတာရမလဲဆိုတာ တကယ်သိတာပဲ …. သံကုတင်ပေါ်မှာ ဝရိန်ဆော်ထားတဲ့ အရာတွေမှ အများကြီး … အများကြီး ပြန်ပြင်ထားရတယ်ဆိုတာ သိသာတယ် ….”

[ဒီနေ့ ပျော်ပျော်နေမယ်]ပြသသည့် အိပ်ခန်းကို ကြည့်ရှုသူများ စကားတစ်ခွန်းတည်းနှင့် အကဲဖြတ်ပေးရမည် ဆိုပါက …

ရိုးရှင်းပြီး စုတ်ချာသည်။

ကျောင်းသူလေး ကျောင်းထွက်ချင်နေတာလည်း မဆန်းတော့ပေ။

ကျောင်းရဲ့ အသိုင်းအဝိုင်းက ဘာပဲဖြစ်ဖြစ် ၊ ကျောင်းမှာ အနိုင်ကျင်တဲ့လူတွေ ရှိရှိမရှိရှိ၊ နေရေးထိုင်ရေး အခြေအနေ တစ်ခုတည်း သပ်သပ်မျှနှင့်ပင် သာမန်လူတို့ လက်ခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်နေလေပြီ။

“ ကျွန်မကြားတာ နွေမှာပူပြီး ဆောင်းမှာ အေးတယ်တဲ့ …. အခန်းထဲမှာဆိုလည်း ကြွက်တွေ၊ ပိုးဟပ်တွေ အများကြီးပဲ … အခန်းပတ်ဝန်းကျင်က အရမ်းကို စုတ်ချာလွန်းပါတယ် ….”

“ ဒေါက်တာချန် … ရှင် ကျွန်မကို ကျောင်းထွက်လို့ရမယ့် နည်းလမ်းလေးတစ်ခုလောက် ကူစဉ်းစားပေးပါလားဟင် … အမေ ကျွန်မကို အပြစ်မပြောမယ့် နည်းလမ်းမျိုးပေါ့ ….”

[ဒီနေ့ ပျော်ပျော်နေမယ်]က ကူကယ်ရာမဲ့စွာဖြင့် တောင်းဆိုလာခဲ့သည်။

“ တကယ်တော့ ဒီပြဿနာက ဖြေရှင်းဖို့ မခက်ပါဘူး ….” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် “ နောက် ဖြစ်လာမယ့် အရာက မင်းအမေကို ကျောင်းဆီ ကိုယ်တိုင်ပြေးလာပြီး ကျောင်းထွက်ဖို့ လိုအပ်တာတွေကို ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးလာလိမ့်မယ် ….”

“ နောက် ဖြစ်လာမယ့်အရာ … နောင်ကျ ဘာဖြစ်လာမှာလဲ ….”

[ဒီနေ့ ပျော်ပျော်နေမယ်]က ဇဝေဇဝါ ဖြစ်စွာ မေးမြန်းလိုက်သည်။

ချပ် ချပ် ချပ် ….

သူမ မေးမြန်းလိုက်သည်နှင့် အပြင်ဘက်တွင် ခြေလှမ်းသံများ ထွက်ပေါ်လာပြီး လူ အမြောက်အများက အခန်းဘက်ခြမ်းသို့ ပြေးလာနေသည့်နှယ် ထင်ရသည်။

အသံကို ကြားသည့် ဘယ်ဘက် ကုတင်ပေါ်က မိန်းကလေးက အလိုအလျောက်ပဲ ဖုန်းကို မွေ့ရာအောက်သို့ ဖွက်ထားလိုက်ကာ “ ဟဲ့ … မြန်မြန် … နင်တို့ ဖုန်းတွေ ဖွက်ထားကြ ….”

“ ငါ ကြားမိတာ ဒီနေ့ အဲ့ဒီ နတ်ဆိုးမတွေ ငါတို့ အထပ်ကို လာစစ်ဆေးဖို့ ရှိတယ်တဲ့နော်….”

သူမ စကားကို ကြားတော့ အခြားသော မိန်းကလေးများကလည်း ၎င်းတို့၏ ဖုန်းများကို ဝှက်ထားလိုက်ကြသည်။

အပေါ်ဘက် ကုတင်ထက်ရှိ မိန်းကလေး သုံးဦးက အိပ်ရာထက်ကနေ တုန်လှုပ်ခြောက်ခြားစွာဖြင့် ဆင်းလာခဲ့ကြလေသည်။

[ဒီနေ့ ပျော်ပျော်နေမယ်]က နတ်ဆိုးမ ဟူသော စကားကို ကြားသည်နှင့် ချက်ချင်းပဲ အသံတုန်ယင်လာသည်။

“ ဒေါက် … ဒေါက်တာချန် … ကျွန်မ တောင်းပန်ပါတယ် … ရှင့်ကို ခဏလောက် စောင့်ခိုင်းထားရတော့မယ် ….”

သူမ စကားဆုံးသည်နှင့် [ဒီနေ့ ပျော်ပျော်နေမယ်]က သူမ၏ ဖုန်းကို အိပ်ရာအောက်ရှိ ဖိနပ်ထဲ ထည့်ထားလိုက်၏။

ချန်ယွီ့ကလွဲ၍ သန်းနှင့်ချီသည့် ကြည့်ရှုသူများ၏ မျက်နှာထက်တွင် မေးခွန်းအမှတ်သင်္ကေတများ ထွက်ပေါ်လာသည်။

ဘာတွေ ဖြစ်နေတာလဲ …

အစောတုန်းက အေးအေးဆေးဆေး သာသာယာယာ ရှိနေကြတဲ့ ဒီမိန်းကလေးတွေက ဘာလို့ ရန်သူကြီးကြီးမားမား တစ်ယောက်နဲ့ ရင်ဆိုင်ရတော့မယ့် ပုံစံမျိုးတွေ ဖြစ်နေကြတာလဲ …

ပြီးတော့ [ဒီနေ့ ပျော်ပျော်နေမယ်]ကရော သူ့ဖုန်းကို ဘာလို့ ဖိနပ်ထဲ ထည့်လိုက်ရတာလဲ …

All Chapters