← Chapters

ငါတို့ မျက်နှာတွေကိုမှတ်ထား

Vol. 27 Ch. 265

ငါတို့ မျက်နှာတွေကိုမှတ်ထား

Vol. 27 Ch. 265

ဘန်း ..

စက္ကန့်အနည်းငယ် ကြာပြီးနောက် အခန်းတံခါးက ကန်ကျောက်ပွင့်လာခဲ့သည်။

အနက်ရောင် ဝတ်စုံနှင့် မိန်းကလေး တစ်ချို့က တင်းမာသည့် မျက်နှာအမူအရာများဖြင့် အခန်းထဲသို့ ဝင်ရောက်လာခဲ့ကြ၏။

အုပ်စု၏ ခေါင်းဆောင်က ၁.၇ မီတာခန့်မျှရှိသည့် အရပ်အမောင်းနှင့် ဝဖိုင့်ဖိုင့်၊ ခပ်တောင့်တောင့် အမျိုးသမီး တစ်ဦးပင်။

[ဒီနေ့ ပျော်ပျော်နေမယ်] အပါအဝင် အခန်းထဲရှိ မိန်းကလေးများအားလုံးက နှစ်တန်း စီတန်း၍ မတ်တပ်ရပ်လိုက်ကြပြီး ၎င်းတို့၏ ဦးခေါင်းများကို ငုံ့ထားကြကာ လေသံပြင်းပြင်းပင် မရှူထုတ်ဝံ့ ဖြစ်နေကြသည်။

စုစုပေါင်း မိန်းကလေး ငါးရောက် အခန်းထဲဝင်လာသည်။ အကုန်လုံးက ပိုနီတေးများနှင့် အနက်ရောင် ဝတ်စုံများ ဝတ်ဆင်ထားကြသည်။

ရှေ့ဆုံးရှိ ခပ်ဝဝ မိန်းကလေးက လက်နောက်ပစ်ထားပြီး သူမ၏ လက်အောက်ငယ်သားများကို စစ်ဆေး အကဲခတ်နေသည့် အကြီးအကဲ တစ်ယောက်လို ဟန်ပန်ဖြင့် မျက်နှာထက်တွင် စီးပိုးသည့် အမူအရာက အထင်းသား ဖြစ်နေသည်။

သူမက ရှေ့ဘက်ခြမ်းရှိ မိန်းကလေးများကို တစ်ချက် သိမ်းကျုံးကြည့်လိုက်သည်။ ပြီးသည့်နောက် အနောက်ဘက်ခြမ်းရှိ မိန်းကလေးများဘက်သို့ အကြည့်လှည့်သွားခဲ့ပြီး အေးစက်စွာ နှာမှုတ်လိုက်၏။

“ ဒီနှစ် ကျောင်းသားသစ်လေးတွေရဲ့ အရည်အသွေးက ချာသထက် ချာလာနေတော့တာပဲ …” သူမ နောက်ရှိ ဒေါင်ကောင်းကောင်းနှင့် မိန်းကလေးက မှတ်ချက်ပြုလိုက်ပြီး “ နင်တို့တွေ ကိုယ့်စီနီယာ ရောက်လာတာတောင် နှုတ်ဆက်ရကောင်းမှန်း မသိကြဘူးလား ….”

မိန်းကလေး ခြောက်ယောက်လုံးမှာ ဆတ်ခနဲ တုန်ယင်သွားကြပြီး စီနီယာ ဟု အလျင်အမြန် နှုတ်ဆက်လိုက်ကြ၏။

“ စောက်သံတွေက တိုးလိုက်တာ … စောက်ကောင်မတွေ နင်တို့ ထမင်းမစားရသေးဘူးလား ဟမ် … ခြင်အော်သံတောင် နင်တို့ စောက်သံထက် ကျယ်ရင်ကျယ်ဦးမယ် ….”

ခပ်ဝဝ မိန်းကလေးက မျက်နှာထားတင်းတင်းဖြင့် ဆူငေါက်လိုက်သည်။

“ စီနီယာ အစ်မကို နှုတ်ဆက်ပါတယ် ….”

မိန်းကလေး ခြောက်ယောက်လုံး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

“ အဲ့လိုမှပေါ့ ….”

ခပ်ဝဝ မိန်းကလေးက အခန်းအလယ်ရှိ ထိုင်ခုံသို့ လျှောက်လှမ်းသွားပြီး ထိုင်ချလိုက်သည်။ ထို့နောက် ခြေတင်ချိတ်လျက် မောက်မာသည့် လေသံဖြင့် “ ငါက အမျိုးသမီး အိပ်ဆောင်ရဲ့ ခေါင်းဆောင် ကျန်းမေလိ … ငါ ဒီနေ့ ရောက်လာခဲ့တာ နင်တို့ကို စစ်ဆေးဖို့နဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောပြဖို့ပဲ ….”

“ အခုချိန်ကစပြီး ငါတို့ရဲ့ မျက်နှာတွေကို နင်တို့ ဦးနှောက်ထဲ စွဲနေအောင် မှတ်ထားကြ ….”

“ ငါတို့ကလွဲပြီး ဘယ်သူကမှ နင်တို့ကို အမိန့်ပေးလို့ မရဘူး … ငါ ပြောတာ ကြားလား …”

“ ဟုတ် … ကြားပါတယ် ….”

“ ဒုခေါင်းဆောင် … ဒီကောင်မတွေကို လိုက်နာရမယ့် စည်းကမ်းတွေ ပြောပြလိုက် ….”

ခပ်ဝဝ မိန်းကလေးက အမိန့်ပေးလိုက်သည်။

ဒေါင်ကောင်းကောင်းနှင့် မိန်းကလေးက ခေါင်းညိတ်ပြီး တည်ကြည်လေးနက်သည့် အမူအရာဖြင့် စကားဆက်၏။ “ နိုင်ငံမှာ နိုင်ငံ့ စည်းမျဉ်းရှိသလို၊ အိမ်မှာလည်း အိမ်စည်းကမ်းဆိုတာ ရှိတယ် … နင်တို့တွေက ကျောင်းကို စာသင်ဖို့ ရောက်လာမတော့ ဒီကျောင်းက စည်းကမ်းတွေကို လိုက်နာဖို့ လိုတယ် ….”

“ ငါတို့ စီနီယာတွေ ချမှတ်ထားတဲ့ စည်းကမ်းတွေကို နင်တို့တွေ လိုက်နာရမယ် … နောင်ကျရင် စီနီယာတွေ နင်တို့ကို ဘာပဲလုပ်ခိုင်းလုပ်ခိုင်း … ဘာကြောင့်ဆိုတာ မမေးနဲ့ … ခိုင်းတာကိုပဲလုပ် … ပြောတာ နားလည်လား ….”

“ နားလည်ပါတယ် ….”

လိုက်စထွင်းခန်းထဲတွင် မိန်းကလေးခြောက်ယောက်၏ အသံက တစ်ဖန် ထွက်ပေါ်လာပြန်သည်။

အသိဉာဏ်ရင့်သန်ဆုံး ကြည့်ရှုသူများပင် ဤမြင်ကွင်းကိုမြင်တော့ ပါးစပ်အဟောင်းသား ဖြစ်နေမိကြသည်။

ဒါ ကျောင်းလား … အကျဉ်းထောင် မဟုတ်တာတော့ သေချာပါတယ်နော်…

သူတို့ကရော ဘာတွေလဲ … ကျောင်းရဲ့ စီနီယာတွေလား … မဟုတ်ရင် အခန်းကို လာစစ်ဆေးတဲ့ ဓားပြတွေလား …

ဒင်းတို့က ဘာလို့ အဲ့လောက်တောင် မောက်မာနေကြတာလဲတဲ့ …

အထူးသဖြင့် ကျန်းမေလိဆိုတဲ့ ဖက်တီးမပဲ …. သူ့ကိုယ်သူ ပြည်တန်ပတ္တမြားလောက် အဖိုးတန်နေတဲ့ စတိုင်နဲ့ အခန်းထဲ ဝင်လာတယ် …

သူဝင်လာတာနဲ့ လူတိုင်းက မတ်တပ်ရပ်ပြီး နှုတ်ဆက်ရသေးတယ်ဆိုပဲ ….

စားသောက်နေရင် တူတွေ ၊ ပန်းကန်တွေတောင် ချက်ချင်းချပြီး နှုတ်ဆက်ရတယ် …

ပါးစပ်ထဲ အစာရှိနေရင်လည်း ချက်ချင်း ထွေးထုတ်ပြီး နှုတ်ဆက်ရတယ် …

စီနီယာတွေကို မြင်တာနဲ့ မနှုတ်ဆက်တာက မလေးမစား ပြုမူတာပဲ …

“ စီနီယာရှင့် ….”

မိန်းကလေးတစ်ဦးက လက်ကို မဝံ့မရဲလေး မြှောက်ပြလာခဲ့သည်။

“ နင့်မှာ ပြောစရာရှိတယ်ဆိုပြော …”

ကျန်းမေလိက စိတ်မရှည်သည့် အမူအရာဖြင့် လက်ဝှေ့ယမ်းလိုက်၏။

“ ကျွန်မ အိမ်သာသွားချင်ရင်ကော စီနီယာတို့ဆီ ခွင့်တောင်းရဦးမှာလားဟင် …..”

“ အိမ်သာသွားမယ့်အကြောင်းကို မပြောနဲ့ … နင်တို့ ဆေးရုံမှာ လဲပြီး သေခါနီးဖြစ်နေရင်တောင် ငါတို့ကို မြင်တာနဲ့ နင်တို့ အိပ်ရာပေါ်က ထပြီး နှုတ်ဆက်ရမယ် ….” ကျန်းမေလိက တင်းမာစွာ ဆိုလိုက်သည်။

“ နင်တို့ကို သတိမပေးထားဘူး မပြောနဲ့နော်…. နင်တို့ အထက်တန်းကျောင်းတုန်းက ဘယ်လိုပုံစံနဲ့ပဲ နေလာနေလာ ငါ စောက်ဂရုမစိုက်ဘူး … ဒီရောက်လာရင်တော့ ငါ ပုံသွင်းတဲ့အတိုင်းပဲ နေရမယ် ….”

“ ငါတို့ကို အပြစ်ပြုမယ်ဆိုရင်တော့ ကျန်သုံးနှစ်လုံး ခက်ခဲဖို့သာ ပြင်ထားလိုက်တော့ … အေးဆေးနေလို့ရမယ် မကြံနဲ့ …..”

“ တကယ်လို့ စီနီယာ တစ်ယောက်က မပျော်မရွှင် ဖြစ်သွားခဲ့ရင် နင်တို့ နင်တို့တွေလည်း ပြဿနာ အကြီးကြီးတက်ပြီလို့သာ မှတ်လိုက် ….”

ပထမနှစ်လေးများကို သတိပေးပြီးနောက် ကျန်းမေလိက သူမ၏ လက်ကို‌ ဝှေ့ယမ်းလိုက်သည်။

“ စရှာတော့ …. စာလေ့လာတာနဲ့ မဆိုင်တဲ့ ပစ္စည်းတွေ အကုန် ယူလာခဲ့ ….”

မိန်းကလေး တစ်ချို့က အခန်းထဲရှိ အံဆွဲများ၊ စားပွဲခုံများကို ရွာထဲဝင်ရောက်လာသည့် ကျူးကျော်သူများနှယ် စတင် မွှေနှောက် ရှာဖွေကြတော့သည်။

“ နင်တို့ ဒီလာတာ စာသင်ဖို့ … အလှပြင်ဖို့ မဟုတ်ဘူး … ဒီ အလှကုန် ပစ္စည်းတွေ ငါ အကုန်သိမ်းတယ် ….”

“ အမယ် ကောင်မ … နင့် အိမ်က အတော်ချမ်းသာနေတယ်ပေါ့ … ဒီလို ဈေးကြီးတဲ့ ဒရိုင်ယာမျိုးကို နင်သုံးတာက ဖြုန်းတီးနေတာပဲ … ငါ သိမ်းတယ် ….”

“ အစားအသောက်တွေကို ကန်သင်းမှာ စားလို့မရဘူးလား … ဘာလို့ မုန့်တွေ ဒီလောက်များနေတာ … ငါ အကုန်သိမ်းတယ် ….”

အချိန် ခဏလေးအတွင်းမှာပဲ လာရောက် စုံစမ်း စစ်ဆေးသည့် မိန်းကလေးများမှာ ဧရာမ ရိတ်သိမ်းနိုင်သွားခဲ့ကြသည်။

သူတို့ တစ်ယောက်ချင်းစီ၏ လက်ထဲတွင် ဒရိုင်ယာများ၊ အလှကုန်ပစ္စည်းများ ၊ မုန့်ထုပ်များ ကိုယ်စီ ရှိနေသည်။

ကျန်းမေလိ၏ မျက်လုံးများက ရှာဖွေရေး မီးလုံးများနှယ် အခန်းပတ်ပတ်လည်သို့ ကျရောက်သွားခဲ့သည်။

“ ဟမ် …”

[ဒီနေ့ ပျော်အောင်နေမယ်]၏ အိပ်ရာအောက်ရှိ ဖိနပ်တစ်ရံကို ကျန်းမေလိ မြင်တွေ့သွားခဲ့၏။

“ နင်က အဝှက်တော့ တော်တော်ကောင်းသားပဲ …”

ကျန်းမေလိ ခါးကိုင်း၍ ဖုန်းကို လက်နှစ်ချောင်းဖြင့် အထင်တသေး ကောက်ယူလိုက်သည်။

“ ကောင်မလေးရယ် … နင့် စီနီယာတွေ အပေါ် ဒီလိုလှည့်ကွက်မျိုးတွေ လာသုံးဖို့က ငယ်ပါသေးတယ် ….”

“ နင် မကြည့်သင့်တဲ့ ဥစ္စာတွေ ကြည့်နေတယ်မလား … မဟုတ်ရင် ဖုန်းကို ဖိနပ်ထဲ ဝှက်ထားမှာ မဟုတ်ဘူး ….”

“ နင့်ဖုန်းကို သိမ်းတယ် … နင် ဘွဲ့ရပြီးသွားရင် ငါ ပြန်ပေးမယ် ….”

“ အစ်မကျန်း … သူ တစ်ယောက်ယောက်ရဲ့ လိုက်စထွင်းနဲ့ ချိတ်ဆက်ထားတယ် ….”

အိပ်ခန်းကို စစ်ဆေးနေသည့် မိန်းကလေးတစ်ဦးက ဖုန်းစခရင်ကို မြင်တွေ့သွားပြီး ပြောကြားလိုက်၏။

“ နင်ဝှက်ထားတာ မဆန်းတော့ပါဘူး … လက်စသတ်တော့ ညစ်ညမ်း ပလတ်ဖောင်းတွေမှာ လိုက်စထွင်း လွှင့်နေတာကိုး ….”

ကျန်းမေလိက ထေ့ငေါ့စွာ ပြုံးပြီး ပြောလိုက်သည်။

“ ဟင့်အင်း … မဟုတ်ရပါဘူး စီနီယာ အစ်မရယ် … ကျွန်မ ဒေါက်တာချန်နဲ့ စကားပြောနေတာပါ ….”

[ဒီနေ့ ပျော်ပျော်နေမယ်]က သတ္တိ များများစားစား မရှိသည်မှာ မှန်သည်။ ကျန်းမေလိက သူမကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်ရုံမျှနှင့် ချက်ချင်းပဲ အမှန်အတိုင်း ဖွင့်ဟ ပြောဆိုလာခဲ့သည်။

စစ်လေ့ကျင့်ရေး ကာလအတွင်း [ဒီနေ့ ပျော်ပျော်နေမယ်]သည် မိန်းကလေး အိပ်ဆောင်အကြောင်းကို အများအပြား ကြားခဲ့ဖူးသည်။

ကျန်းမေလိက မိန်းကလေး အိပ်ဆောင်၏ ခေါင်းဆောင်ဖြစ်ပြီး နတ်ဆိုးမ ဟူ၍လည်း လူသိများ၏။

သူမ၏ လက်အောက်တွင် မိန်းကလေး လေးဦး ရှိပြီး နတ်ဆိုး ကာကွယ်သူ လေးဦးဟုလည်း အမည်တွင်သည်။

၎င်းတို့ မြင်မြင်သမျှ၊ စိတ်ဝင်စားမိသမျှ အကုန် သူတို့ လက်ထဲ ရောက်သွားရသည်။

သူမတို့ အားလုံးက ဖုန်းအသစ်များ အသုံးပြုနေကြသဖြင့် ကျန်းမေလိတို့ အုပ်စု သိမ်းသွားမည်ကို စိုးရွံ့သဖြင့် ဝှက်ထားကြခြင်း ဖြစ်၏။

ထို့ကြောင့်လည်း ကပျာကယာ ပြေးဝှက်ရခြင်းပင်။

“ ဒေါက်တာချန် ဟုတ်လား … ဒီနာမည်ကို ဘာလို့ ကြားဖူးသလိုလို ရှိနေလဲ မသိဘူး …”

ကျန်းမေလိ မျက်မှောင်ကြုတ်သွားခဲ့ပြီး ဘေးရှိ လက်အောက်ငယ်သားများအား လှည့်ကြည့်လိုက်သည်။

“ နင်တို့ ဒီနာမည်ကို ကြားဖူးကြလား …”

“ စီနီယာ … ငါကြားဖူးတယ် …”

“ ငါကြားမိတာတော့ ဒီရဲ့ ဒေါက်တာချန်က ဟူယွီ ပလတ်ဖောင်းမှာ အတော်လေး နာမည်ကြီးတယ်ဆိုပဲ …” တင်းတိပ်မျက်နှာနှင့် မိန်းကလေး တစ်ဦးက ပြောလိုက်သည်။ “ သူ လိုက်စထွင်းလွှင့်တာ ဘယ်နှလမှ မရှိသေးဘူး … ဒါပေမယ့် သူ့ကို ဖော်လိုလုပ်ထားတဲ့ ပရိသတ်အရေအတွက်က သန်းဂဏန်းကို ရောက်နေပြီ …. သိပ်မကြာခင် ဆယ်သန်းတောင် ကျော်တော့မယ် ….”

“ ချန်ယွီ့ရဲ့ လိုက်စထွင်းနဲ့ ချိတ်ဆက်နိုင်သရွေ့ သူက ကိုယ်သိချင်တာတွေ အကုန်လုံးကို ဖြေပေးနိုင်တယ် ….”

“ အကုန်လုံးကို သူသိတယ် …. ကိုယ် အတိတ်မှာ ဘာတွေလုပ်ခဲ့လဲ သိတယ် … အနာဂတ်မှာ ဘာဖြစ်မလဲ ဆိုတာကိုလည်း သိတယ် … အားလုံးကို ရှင်းပြပေးနိုင်တယ် ….”

တင်းတိပ်မျက်နှာနှင့် မိန်းကလေးက ချန်ယွီ့ကို သူမ၏ မိသားစုပိုင် ရတနာတစ်ခုနှယ် မိတ်ဆက်ပေးလိုက်သည်။

“ စောက်အဓိပ္ပာယ်မရှိတာတွေ … လောကကြီးထဲ အဲ့လို လူစားမျိုး ရှိတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး …. အဲ့လိုသာ တကယ်ပြောနိုင်မယ်ဆိုရင် သူ့ကို စိတ်ကျန်းမာရေး ဆရာဝန်လို့ ဘယ်ခေါ်တော့မှာ … “

ကျန်းမေလိက မျက်လုံးလှန်လိုက်၏။

“ ငါ အမှန်တွေ ပြောနေတာပါ စီနီယာ ….”

“ နင် ငါ့ကို မယုံရင် သူ့ကို ကိုယ်တိုင် မေးကြည့်လိုက် ….” တင်းတိပ်နှင့် မိန်းကလေးက ပြောဆိုလိုက်၏။

“ ငါ စမ်းကြည့်ကြည့်မယ် ….”

ကျန်းမေလိက ကုတင်ပေါ် တက်ထိုင်လိုက်သည်။ ခိုင်ခံ့ခြင်း သိပ်မရှိသည့် သံကုတင်မှာ သူမ တက်ထိုင်လိုက်သည်နှင့် အသံပေါင်းစုံ မည်လာသည်။ အချိန်မရွေး ပျက်စီးသွားမှာကိုတောင် စိုးရိမ်ရ၏။

“ အယ် … နင်က လူချောလေးပဲ ….”

ချန်ယွီ့၏ ရုပ်ရည်ကို ကျန်းမေလိ သေချာ မြင်တွေ့လိုက်ရတော့ သူမ၏ မျက်လုံးအရောင်များမှာ တလက်လက် တောက်ပလာခဲ့သည်။

“ သူနဲ့ နှစ်သုံးဆယ် စင်ဂယ် နှစ်ယောက်လုံးက ဖက်တီးတွေပါပဲ … ဒါပေမယ့် ဟိုက အနည်းဆုံးတော့ မျက်လုံးထဲ နှစ်သက်ဖို့ ကောင်းသေးတယ် … ဒီဟာမကြီးကတော့ ရွံစရာကြီးပါကွာ ….”

“ သူပြောတာတော့ ကျောင်းသားတစ်ယောက်ရဲ့ တာဝန်က စာလေ့လာဖို့တဲ့ …. မိတ်ကပ်ပစ္စည်းတွေလည်း မသုံးခိုင်းဘူး … သူကျတော့ နှုတ်ခမ်းနီတွေ ဆိုးထားလိုက်တာများ ကလေးတွေကို စားထားတဲ့အတိုင်းပဲ ….”

“ မျက်နှာနှစ်ဖက်နဲ့ ကောင်မ … သူများ ပစ္စည်းတွေကို လိုက်သိမ်းပြီး နင့်ကိုယ်နင် သုံးနေတာမလား ….”

“ ဘယ်မိသားစုကများ ဒီလို အဖိုးတန် သမီးလေး ရထားလဲ သိချင်လိုက်တာနော်….”

“ သူသာ ငါ့သမီးဆိုလို့ကတော့ ဆယ်နှစ်လောက် အသက်တိုသွားလိမ့်မယ် ….”

လူတိုင်းက ကျန်းမေလိ၏ လုပ်ရပ်ကို မျက်မြင်တွေ့ထားပြီး ဖြစ်သည်။

သူတို့တွေ လူမိုက်များက ပစ္စည်းကို အတင်းအဓမ္မ ရယူသည့် မြင်ကွင်းများအား မြင်ဖူး၏။ သို့သော် ကျောင်းသူ တစ်ဦးက ဤသို့သော လုပ်ရပ်မျိုး ပြုလုပ်သည်ကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ပြီးတော့ သူမက … ဖြစ်သင့်ဖြစ်ထိုက်သည့်အရာတစ်ခုနှယ် ပြုလုပ်ပြသွားခြင်းပင်။

“ နင်တို့ စောက်ငတုံးတွေက အင်တာနက်ပေါ်မှာလောက်ပဲ ပေါက်ကရတွေ ပြောရဲကြတယ် … သတ္တိရှိတယ်ဆို ငါတို့ကျောင်းကို လာခဲ့စမ်း … နင်တို့ကို သင်ခန်းစာ ကောင်းကောင်း ပေးပေးမယ် ….”

ကျန်းမေလိက ကြည့်ရှုသူများကို ဒေါသတကြီးနှင့် ဆဲဆိုပြီးနောက် [ဒီနေ့ ပျော်ပျော်နေမယ်]ဘက်သို့ လှည့်ကြည့်လိုက်၏။ “ နင့်မျက်နှာက အဲ့တာ ဘာဖြစ်နေတာ … ငါ့ကို စိတ်ထဲ ကျိန်ဆဲနေတာမလား …”

All Chapters