← Chapters

ဗိုလ်ကျတဲ့ စီနီယာ

Vol. 27 Ch. 266

ဗိုလ်ကျတဲ့ စီနီယာ

Vol. 27 Ch. 266

“ မဟုတ်တာ မဟုတ်တာ ….”

“ စီနီယာ အစ်မ …. နင် ဖုန်းလေး သိမ်းမသွားခင် ငါနဲ့ ဒေါက်တာချန်ကို စကားပြီးအောင် ပြောခွင့် ပေးပါလားဟင် ….” [ဒီနေ့ ပျော်ပျော်နေမယ်]က တိုးညှင်းသည့် အသံဖြင့် တောင်းဆိုလိုက်သည်။

“ နင် ရူးနေလား … ဖုန်းက အခု ငါ့လက်ထဲမှာ …. ငါနဲ့ ဈေးလာဆစ်လို့ရမယ်များ ထင်နေလား …. သောက်ကောင်မ နင် ကွင်းကို အပတ် နှစ်ဆယ်လောက် ပြေးချင်နေတာလား … ငါ ပတ်ပြေးခိုင်းလိုက်ရမလား ….”

ကျန်းမေလိ မပျော်မရွှင် ဖြစ်လျှင် သူမ၏ နောက်လိုက် လေးယောက်သည်လည်း မပျော်မရွှင် ဖြစ်ကြလိမ့်မည်။

မိန်းကလေး တစ်ချို့က [ဒီနေ့ ပျော်ပျော်နေမယ်]ကို ဝန်းရံပြီး တစ်ယောက်တစ်ခွန်း ဝိုင်းဆဲကြတော့၏။ ၎င်းတို့၏ နှုတ်ကနေ ဆဲနည်းပေါင်းစုံတို့ မျိုးစုံနေအောင် ထွက်ပေါ်လာပြီး သူတစ်ပါး စိတ်ထဲ အထိနာသွားစေမည့် မည်သို့သော နည်းလမ်းကမျှ လွတ်သွားခဲ့ခြင်း မရှိပေ။

[ဒီနေ့ ပျော်ပျော်နေမယ်]သည် ဆဲခံရလွန်း၍ ခေါင်းပင် မဖော်နိုင်ဖြစ်နေပြီး မျက်လုံးထဲတွင်လည်း မျက်ရည်တို့ ဆို့နင့်လာသည်။ သူမ၏ ပုံစံက သနားဖွယ်ရာလေး ဖြစ်နေခဲ့၏။

“ နင်တို့တွေ အားလုံး သေချာနားထောင်ကြစမ်း …. တစ်ယောက်ယောက် ငါ့နောက်ကွယ်မှာ ငါ့မကောင်းကြောင်း ပြောရဲပြောကြည့် … နင်တို့ အိပ်ခန်းကို ညတိုင်း ငါလာစစ်မယ် …”

ဤစကားက ကျိန်စာ တစ်ခုနှယ် ထင်မှတ်ရပြီး အခန်းထဲရှိ နေထိုင်သူ မိန်းကလေး ငါးယောက်လုံးကလည်း သူမတို့ မလုပ်ဝံ့ကြောင်း ပြောလာကြသည်။

“ နင်တို့ ကောင်မတွေက ဉာဏ်တော့ ကောင်းသားပဲ ….”

ကျန်းမေလိက ကျေနပ်နှစ်သက်သည့် အပြုံးတစ်ခုကို လှစ်ဟာပြလိုက်ပြီး ဘယ်ဘက်လက်ကို မြှောက်၍ လက်နှစ်ချောင်း ထောင်လိုက်သည်။

ကောင်မလေး တစ်ယောက်က ချက်ချင်းပဲ သူမ၏ အိတ်ထောင်ထဲကနေ စီးကရက်ဘူးကို ထုတ်လိုက်၏။ ပလတ်စတစ်ကို ဖြဲပြီး စီးကရက် တစ်လိပ်ထုတ်ကာ ကျန်းမေလိ၏ လက်နှစ်ချောင်းကြားထဲ ညှပ်ပေးလိုက်သည်။

ပြီးသည့်နောက် မီးခြစ်ကို စကေးရှိရှိခြစ်၍ စီးကရက်ကို မီးညှိပေးလိုက်၏။

“ နင်က အဲ့ဒီ ဒေါက်တာချန်ပေါ့ ….” ကျန်းမေလိက စီးကရက် တစ်ချက် ဖွာပြီးနောက် ပျင်းတိပျင်းရွဲအမူအရာဖြင့် မေးလိုက်သည်။

“ နင်က အတော်တော့ ချောသားပဲ … ကံမကောင်းချင်တော့ ငါတို့ကျောင်းက ကျောင်းသား မဟုတ်ဘူး ဖြစ်နေတာပဲ …”

“ မဟုတ်ရင် နင့်ကို ငါ့ကောင်လေး ဖြစ်ခိုင်းလို့ရတယ် ….”

ချက်ချင်းဆိုသလို အော့အန်သည့် အီမိုဂျီများက စခရင်တစ်ခုလုံး ပြည့်နှက်သွားခဲ့သည်။

“ ရုပ်ဆိုးတဲ့လူတွေက အမြဲတမ်း ပြဿနာ ရှာနေကြတာပဲ ….”

“ အောင်မယ်လေးလေး … မွေးကင်းစနွား ၊ ကျားမကြောက်ဆိုတဲ့ စကားက တကယ်ကို မှန်နေတာပဲ … သူကများ ဒေါက်တာချန်ကို စော်ကားဝံ့နေတယ် … သေတယ်ဆိုတဲ့ စကားလုံးကို ဘယ်လို စာလုံးပေါင်းရမလဲ မသိဘူးနဲ့တူတယ် ….”

“ အရင်က ဒေါက်တာချန်ကို စော်ကားဖူးတဲ့လူတွေ … မဟုတ်လည်း ဒေါက်တာချန်ကို ပေါ့သေးသေး မှတ်ယူခဲ့တဲ့ လူတိုင်း တစ်ယောက်မှ အဆုံးသတ် မလှကြဘူး ….”

ကြည့်ရှုသူများက စိတ်ရှည်လက်ရှည်နှင့် ရှိုးတမ်ပိုမြင့်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

လက်တွေ့အကျဆုံး တစ်ယောက်ကတော့ ငွေရောင်လှံ အာဏာရှင်လေး ဖြစ်၏။

မောက်မာမှုချင်း ယှဉ်လျှင် ငွေရောင်အာဏာရှင်လေးက ကျန်းမေလိထက်ကို များစွာ သာလွန်သည်။ ရက်စက်မှုချင်း ယှဉ်မည်ဆိုလျှင်လည်း မျိုးမစစ်လေးက လူပင် သတ်ဝံ့၏။ လောကကြီးထဲ သူ မလုပ်ဝံ့သည့် အရာဟူ၍ မရှိပေ။

သို့တိုင် အဆုံး၌ ချန်ယွီ့နှင့် ဆုံမိပြီး ထောင်ထဲ ဝင်သွားခဲ့ရသည်။

အချိန်တစ်ချို့ကြာပြီးနောက်တွင် သူ့ အုတ်ဂူပေါ်ရှိ ပေါင်းမြက်ပင်များပင် မီတာဝက်ခန့်မျှ ရှည်လျားနေလောက်လေပြီ။

“ ချန်ယွီ့ … နင် ဘာလို့ ဘာမှ မပြောတာ … နင်က လအလား ….”

“ အိုကေ … ငါ ခြွင်းချက်တစ်ခု ထားပေးပြီး ကြားဝင်လာတာကို ခွင့်ပြုပေးလိုက်မယ် …” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ မင်းကလည်း အတော်လေး ထူးခြားတဲ့လူဆိုတော့လေ …”

“ ကျစ် …. ပြောနေတဲ့ လေသံ သူ့ကိုယ်သူ ဆရာကြီး စတိုင်နဲ့ …. နင်က ဒီတိုင်း နာမည်နည်းနည်းရှိတဲ့ အင်တာနက် ဆယ်လီလေးတစ်ယောက်ပဲ ဆိုတာကို ကိုယ့်ကိုယ်ကို သိရဲ့လား ….”

“ အင်တာနက်ပေါ်မှာ ရှိတဲ့ အရာရာတိုင်းက အတုအယောင်တွေ … စစ်မှန်တဲ့ အရာဆိုတာ တစ်ခုမှ မရှိဘူး ….”

“ နင်က နင့်ဖန်တစ်အုပ်စုရဲ့ ဝိုင်းချစ်ပေးတာကို ခံရတာနဲ့ပဲ ကောင်းကင်နဲ့ မြေပြင်ရဲ့ အတိမ်အနက်ကို မသိတော့ဘူး … နင့်ကိုယ်နင် ဘာကောင်ထင်နေလို့ ….”

“ အခု ငါ နင့်ကို မေးစရာ တစ်ခုရှိတယ် …” ကျန်းမေလိက မောက်မာစွာ ပြောလိုက်ပြီး “ ငါ့မှာ ကောင်လေး တစ်ယောက်ရှိတယ် … အခုတစ်လော သူ့ ခြေလှမ်းတွေ မူမမှန်နေဘူး … သူ ငါ စိတ်ပျက်လောက်စေမယ့် ကိစ္စ တစ်ခုခု လုပ်ထားတယ်မလား ….”

“ သူ အပျက်မ တစ်ယောက်နဲ့ ချိတ်မိနေတာ ဖြစ်ရမယ် …”

“ မဟုတ်ဘူး ….” ချန်ယွီ့ ခွန်းတုံ့ပြန်လိုက်သည်။

“ နင် လိမ်နေတာ ….”

“ စောန တစ်နာရီလောက်တုန်းကပဲ …” ဒေါင်ကောင်းကောင်းနှင့် မိန်းကလေးက စကားကို ကြားဖြတ်ပြောလာခဲ့ပြီး “ သူ ကျောင်း အပြင်ဘက်မှာ တစ်ခြား မိန်းကလေးတစ်ယောက်နဲ့ စကားပြောနေတာကို ငါ မြင်ခဲ့တယ် … သူတို့နှစ်ယောက်က အဲ့လို ဆက်ဆံရေးမျိုး ဖြစ်ရမယ် ….”

“ နင် မြင်တယ်ဆိုလည်း ငါ့ကို ဘာလို့ မပြောတာလဲ ….”

ကျန်းမေလိက ဒေါသတကြီးနှင့် မေးမြန်းလိုက်သည်။

“ စီနီယာ … စိတ်မဆိုးပါနဲ့ … ငါ ရှင်းပြပါ့မယ် ….” ဒေါင်ကောင်းကောင်းနှင့် မိန်းကလေးက ကြောက်လန့်တကြားနှင့် ပြောဆိုလိုက်ပြီး “ စီနီယာက တစ်နေ့လုံး အလုပ်တွေ များနေတာလေ … မနက်ဖြန်ကျရင် လူနည်းနည်းပါးပါး ခေါ်ပြီး သူ့ကို သင်ခန်းစား သွားပေးမယ်လို့ စိတ်ကူးထားတာ … လုပ်ပြီးတော့မှပဲ စီနီယာကို ပြောပြဖို့ စီစဉ်ထားတာ ….”

“ နောက် အဲ့လို ထပ်မလုပ်နဲ့ ….”

ကျန်းမေလိက သူမ၏ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး စခရင်သို့ တစ်ဖန် ပြန်ကြည့်လိုက်သည်။

“ ချန်ယွီ့ … နင် အခု ဘာပြောချင်သေးလဲ … သူ ငါ့အပေါ် ဖောက်ပြန်နေတာ ကျိန်းသေတယ် … ဒါကို နင်က ဘာမဆို အကုန်သိတယ်ဆိုပြီးများ ကြွေးကြော်နေသေးတယ် …”

“ အရင်ဦးဆုံး …” ချန်ယွီ့ စကားကို မနှေးမမြန် လေသံဖြင့် “ ငါ့ကိုယ်ငါ အကုန်သိတယ်ဆိုပြီး တစ်ခါမှ မကြွေးကြော်ဖူးဘူး …”

“ နောက် ဒုတိယတစ်ချက် … မင်းရဲ့ နောက်လိုက်တွေက မင်းကောင်လေး ကျောင်းအပြင်ဘက်မှာ ကောင်မလေး တစ်ယောက်နဲ့ စကားပြောတာကိုပဲ မြင်ခဲ့တယ် … သူတို့ချင်း ဘာတွေ ပြောခဲ့လဲဆိုတာကိုတော့ မကြားခဲ့ဘူး ….”

“ သူတို့နှစ်ယောက်က စုံတွဲတွေလားဆိုတာတောင် သူတို့ သေချာ မသိကြဘူး ….”

“ သူ အဲ့လို ပြောလိုက်တဲ့ ရည်ရွယ်ချက်က မင်း ဆန္ဒရှိတဲ့အတိုင်း လိုက်နာဖို့အတွက်ပဲ ….”

“ မင်း တွေးထင်သမျှ အရာတိုင်းက အတုအယောင် ဖြစ်နေရင်တောင် အစစ်အမှန် ဖြစ်လာရမယ် ….”

“ နင်က ငါ့အကြောင်းတော့ ကောင်းကောင်းသိသားပဲ ….”

“ ဒီတော့ အဲ့ကောင်က ငါ့နောက်ကွယ်မှာ တစ်ခြားကောင်မလေးတွေ ရှိမနေဘူးပေါ့ ….” ကျန်းမေလိက စိတ်ဝင်တစားနှင့် မေးမြန်းလိုက်သည်။

“ သူ့မှာ အဲ့လို အတွေးစိတ်ကူးမျိုး တကယ်ပဲ ရှိတယ် … ဒါပေမယ့် ကံဆိုးချင်တော့ အတွေးပဲ ရှိတာ … သတ္တိတော့ မရှိဘူးလေ …”

ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး “ မင်းက ကောလိပ် တတိယနှစ်မှာ … သုံးနှစ် အတွင်းမှာ မင်း ကောင်လေး ဆယ်ယောက်ကျော်ကို စိတ်ဝင်စားခဲ့ဖူးတယ် …”

“ မင်း တစ်ယောက်ယောက်ကို ကြိုက်နှစ်သက်မိပြီဆိုတာနဲ့ တစ်ဖက်လူမှာ ကောင်မလေး ရှိရှိ၊ မရှိရှိ၊ သူတို့က မင်းကို စိတ်မဝင်စားဘူးဆိုရင်တောင် သူတို့ကို မင်းလက်ထဲ ရောက်အောင် အပိုင်သိမ်းတယ် …”

“ တကယ်လို့ သူတို့က ငြင်းဆန်မယ်ဆိုရင် ခြိမ်းခြောက်တာမျိုးတွေ လုပ်တယ် … မဟုတ်ဘူးဆိုလည်း မင်းရိုက်နှက်တာကို ခံကြရတယ် …”

“ နောက်ဆုံးတစ်ယောက်ဆို ကောင်မလေး တစ်ယောက်နဲ့ စကားလေး နည်းနည်းပါးပါး ပြောလိုက်မိတာကြောင့်နဲ့ပဲ အဲ့နေ့ညမှာ မင်းရဲ့ နောက်လိုက်တွေက သူ့ကို ဂုန်နီအိတ်စွပ်ပြီး ခြေထောက်တွေ ရိုက်ချိုးကြတယ် … ပြီးတာနဲ့ ကျောင်းအနောက်က တောအုပ်ထဲမှာ သွားပစ်ထားလိုက်ကြတယ် … ဟိုက အေးပြီး သေတော့မတတ်ပဲ ….”

ကျန်းမေလိ ရှော့ခ်ရသွားခဲ့၏။

“ နင် ဘယ်လိုလုပ် သိနေတာလဲ … ငါတို့ ကျောင်းက ကျောင်းသားတွေက နှုတ်ဖွာလွန်းလို့ သူတို့ မပြောသင့်တဲ့ စကားတွေ ပြောထားမိတာလား ….”

ကျန်းမေလိ ချက်ချင်းပဲ သူမ ကျောင်းရှိ တစ်စုံတစ်ယောက် ဤအကြောင်းအရာများအား ချန်ယွီ့ထံ ဝေမျှထားခြင်း ဖြစ်လိမ့်မည်ဟု တွေးထင်မိသွားခဲ့သည်။

သူမ [ဒီနေ့ ပျော်ပျော်နေမယ်]ကို စူးရဲစွာ စိုက်ကြည့်လိုက်၏။

“ မင်းသူ့ကို အဲ့လို ကြည့်စရာ မလိုဘူး….” ချန်ယွီ့ တည်ငြိမ်စွာ ပြောလိုက်ပြီး “ ငါက စိတ်ကျန်းမာရေး ဆရာဝန်တစ်ယောက် … မင်းရဲ့ မျက်နှာ အမူအရာ ၊ စကားပြောပုံဆိုပုံကို သေချာ သုံးသပ်ပြီး မင်း အရင်က လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ခန့်မှန်းကြည့်လို့ရတယ် ….”

“ ချီးပဲ … မိန်းကလေးတွေကိုပဲ ပြန်ပေးဆွဲတာလို့ ကြားဖူးခဲ့တာ အခုလို မိန်းကလေးတွေက ယောက်ျားလေးတစ်ယောက်ကို ပြန်ပေးဆွဲ ရိုက်နှက်တာကိုတော့ ပထမဆုံးအကြိမ် ကြားဖူးတာပဲ ….”

“ အဲ့တာ ဘယ်လိုကျောင်းတုန်းဟ … ဆင်ခြေဖုံးရပ်ကွက်တွေတောင် ဒီလောက်ထိ ဥပဒေမဲ့ စရိုက်ဆန်မယ်မထင်ဘူး …..”

“ နင့် မျက်နှာကြီးနဲ့ ဒေါက်တာချန်ကို စိတ်ဝင်စားတဲ့ အကြောင်းတွေ ပြောထွက်နေသေးတယ်ပေါ့ … ကျင်ငယ်ရေနဲ့ ပလုတ်ကျင်းထားတဲ့ သောက်ပါးစပ်ကြီးက အထိန်းအကွပ်မဲ့တဲ့ စကားတွေ လျှောက်ပြောနေတော့တာပဲ ….”

“ ဒီလို ကျောင်းတွင်း အနိုင်ကျင့်တဲ့ ထရန်းတွေ ဘယ်တုန်းက စပြီး ခေတ်စားလာခဲ့တာလဲ ….”

“ ယောက်ျားလေး အခန်းဆောင်ဆိုလို့ကတော့ ဒီကောင်မတွေ ကောင်းကောင်းကြီး အတီးခံနေရလောက်ပြီ ….”

“ နံရံပေါ်က ဝက်လိုလို ပိုစတာကြီး ဖြုတ်ချပစ်ပေးပါစမ်းပါကွာ … အိုး နေဦး … အဲ့တာ မှန်ကြီးဟ ….”

ကျောင်းရှိ ကျောင်းသူ၊ကျောင်းသားများက ကျန်းမေလိနှင့် သူမ၏ သူငယ်ချင်းများကို ကြောက်လန့်ကြသော်လည်း သန်းနှင့်ချီသည့် ကြည့်ရှုသူများကတော့ မကြေက်ရွံ့ကြပေ။

နယ်ပယ်မျိုးစုံက ကြည့်ရှုသူများမှာ နှုတ်ရေးအနုပညာကို ကွန်းမန့်နေရာတွင် စွယ်စုံအောင် ပြသနေလျက် ရှိကြတော့၏။

သူမအား အမျိုးမျိုး မကောင်းပြောထားသည့် ကွန်းမန့်များကို မြင်တော့ ကျန်းမေလိ ဖုန်းကို ရိုက်ခွဲပစ်ချင်လာသည်။

“ နင်တို့ မွဲတေနေတဲ့ မျိုးမစစ်တွေ … နံစော်နေတဲ့ အမှိုက်ကောင်တွေ …” ကျန်းမေလိ ဒေါသတကြီးနှင့် အော်ဟစ်လိုက်ပြီး “ နင်တို့ ဇရှိတယ်ဆို ငါတို့ ကျောင်းကိုလာပြီး မျက်နှာချင်းဆိုင် စကားလာပြောစမ်း …”

“ နင်တို့မျက်နှာတွေ ပန်းလို ပြားချပ်ပြီး ဦးနှောက်တွေ အပြင်ထွက်တဲ့အထိ မရိုက်ပေးရင် ကျန်းမေလိဆိုတဲ့ နာမည်ကို ပြောင်းပြန် ပြန်ရေးပေးလိုက်မယ် …”

သူမ ထိုစကားမျိုးပြောလိုက်သည်နှင့် ကျန်းမေလိကို ဆဲရေးလှောင်ပြောင်နေကြသည့် ကွန်းမန့်များက နှစ်ဆတိုးလာသည်။

“ ငါ သောက်ရမ်း ဒေါသထွက်နေပြီ …”

ကျန်းမေလိမှာ ဒေါသထွက်လွန်း၍ တဆတ်ဆတ် တုန်ယင်နေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ကြမ်းပြင်သို့ ဖီခနဲ တံတွေးထွေးချလိုက်သည်။ “ အွန်လိုင်းမှာပဲ ဟောင်နေလို့ ဘာအသုံးတည့်မှာ … အပြင်ထွက်ပြီး ငါနဲ့ မျက်နှာချင်းဆိုင် စကားလာပြောစမ်း …”

“ နင်တို့ ဒီကို ခြေလာချဝံ့တာနဲ့ နင်တို့ကို ကြိုဆိုပေးမယ့် လူတစ်ဒါဇင်ကျော် ရှိနေမယ်လို့ ကတိပေးတယ် ….”

“ နင်တို့လို အောက်တန်းစားတွေကို ဆေးရုံရောက်တဲ့အထိ မရိုက်နှက်ပေးရင် ငါ ကျန်းမေလိ ရာဇဝင် ရိုင်းသွားမှာပေါ့ ….”

ချန်ယွီ့ နှာမှုတ်လိုက်သည်။ “ ဟေ့ကောင်တွေ … သူ အတည်ကြီးပြောနေတာ … ဒေါသထွက်လို့ လျှောက်ပြောနေတာ မဟုတ်ဘူး ….”

“ သူ့ ဖုန်းကောတစ်ချက် ဆက်ရုံနဲ့ လူ အနည်းဆုံး တစ်ဒါဇင်ကျော်လောက် ခေါ်လို့ရတယ် … အကုန်လုံးကလည်း ရက်စက်တဲ့ လူမိုက်တွေချည်းပဲ … လူတွေကို ရိုက်နှက်တာကိုက သူတို့ နေ့တိုင်း လုပ်နေကျ အကျင့်တစ်ခုလို ဖြစ်နေတဲ့ လူတွေချည်း….”

ကြည့်ရှုသူများမှာ ကြက်သေသေသွားခဲ့ကြသည်။

ကျန်းမေလိ၏ လက်အောက်ငယ်သားများက အနှီ ကျောင်းသူလေးများသာ ဖြစ်လိမ့်မည်ဟု သူတို့ တွေးထင်ထားခဲ့တာပင်။

ချန်ယွီ့ ပြောသည့် အတိုင်းဆိုပါက သူမ၏ နောက်ခံသည် ကျောင်းသူတစ်ယောက် ဖြစ်နေရုံလောက်နှင့် ရိုးရှင်းနေမှာ မဟုတ်ချေ။

ဖုန်းကောတစ်ချက်တည်းနှင့် ရက်စက်ကြမ်းကြုတ်သည့် လက်အောက်ငယ်သား ဒါဇင်ကျော်ခန့်ကို တစ်ပြိုင်တည်း စုစည်းနိုင်ခြင်း။

ဧကန္တ … သူက လူမိုက်လောကနဲ့ ဆက်စပ်နေတာများလား …

All Chapters