အခန်း (၂၂၆-၂၂၈)
Vol. 16 Ch. 226-228
အခန်း-(၂၂၆)
"ငါတို့မှာက စားစရာတွေပိုရနိုင်ပေမယ့် ရေကရဖို့ ခက်တယ်" လို့ မပြောခင် ရွှီချွန်းက အချိန်အတော်ကြာတွေးနေခဲ့တယ်။
"ဒီစည်းမျဉ်းတွေကို ချမှတ်ပြီးတဲ့အခါကြရင် ရေအမျိုးအစား စွမ်းရည်အသုံးပြုသူတွေကို ငှားရမ်းနိုင်တယ်။ အမှတ်တွေ ဒါမှမဟုတ် အမြုတေတွေသုံးပြီး သူတို့ကို နေ့စဉ်ပေးချေနိုင်တယ်။ နေ့တိုင်းမှာ သူတို့က အခြေခံပေးချေမှုရဖို့အတွက် သတ်မှတ်ထားတဲ့ ရေပမာဏကို ပေးဆောင်ရမှာ ဖြစ်သလို ပိုပေးနိုင်ရင်လည်း သူတို့ရဲ့ လစာကို တိုးပေးနိုင်တယ်" ဟု ကျိူးလီဇီကပြောပြတယ်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "အခြေစိုက်စခန်းမှာသာ ရှင်းလင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ တင်းကျပ်တဲ့ စီမံခန့်ခွဲမှုတွေရှိနေသရွေ့တော့ မင်းအတွက်အလုပ်လုပ်ပေးမယ့် လုံလောက်တဲ့ စွမ်းရည်ရှိတဲ့အသုံးပြုသူတွေ မရှိမှာကို စိုးရိမ်စရာ မလိုဘူး"
"ရေအမျိုးအစားနှင့် သစ်သားအမျိုးအစား စွမ်းရည်အသုံးပြုသူအများစုက အားနည်းကြပြီး တိုက်ပွဲမှာဆိုလည်း ပံ့ပိုးမှုအခန်းကဏ္ဍများကပဲ ပါဝင်နိုင်တယ်။ သူတို့ကို ငှားရမ်းလိုက်ရင် သူတို့ကလည်းအပြင်ထွက်ပြီး ဖုတ်ကောင်တွေကို တိုက်ခိုက်တာထက် အခြေစိုက်စခန်းမှာ နေလိုကြမှာပဲ"
"ကပ္ပတိန်ကျင်း သစ်သားစွမ်းရည်အသုံးပြုသူတွေက အခြေစိုက်စခန်းအတွက် ဘာလုပ်ပေးနိုင်လဲ"လို့ မမေးခင်မှာ ရွှီချွန်းက ခဏလောက်စဉ်းစားလိုက်သေးတယ်။
ဒီလိုမေးတာကြားတော့ ကျို့ဟွာကျဲက မျက်ခုံးပင့်လိုက်ပြီး "ဗိုလ်ကြီးရွှီ သစ်သားအမျိုးအစားသမားတွေက သစ်သားဘောလုံးတွေကိုပဲ ပစ်နိုင်တယ်လို့ ထင်နေတာတော့ မဟုတ်ဘူးမလား"
"ဟုတ်တော့ မဟုတ်ပါဘူး" ရွှီချွန်းက မြန်မြန်ပြောလိုက်သည်။
"သူတို့ကို သစ်သားအိမ်တွေဆောက်စေပြီး အဲအိမ်တွေကို သာမာန်လူတွေဆီ ဈေးပေါပေါနဲ့ငှားနိုင်တယ်။ မဟုတ်ရင်လည်း ကောက်ပဲသီးနှံတွေ စိုက်ပျိုးခွင့်ပေးလို့ရတယ်။ သီးနှံတွေစိုက်ပျိုးနိုင်ဖို့ မြေဆီလွှာရဲ့အခြေအနေကို မြှင့်တင်ပေးနိုင်မလားဆိုတာသိနိုင်ဖို့ မြေအမျိုးအစားအသုံးပြုသူတွေကိုလည်း ငှားရမ်းနိုင်တယ်" ဟု ကျင်းရွှီယန်းက ပြောပြသည်။
ပြောပြီးချိန်မှာပဲ သူ့လက်ကိုဝှေ့ယမ်းပြီး "ကောင်းပြီ၊ ငါတို့က မင်းကို အကြံဥာဏ်တွေ အများကြီးပေးထားပြီးပြီ၊ ကျန်တာကိုတော့ မင်းကိုယ်တိုင်ပဲ စဉ်းစားနိုင်သလို မင်းရဲ့အဖွဲ့နဲ့ လည်းဆွေးနွေးလို့ရတယ်"
ကောင်းကင်က မှောင်နေပြီဆိုတာကို သတိထားမိတာကြောင့် ရွှီချွန်းက ထရပ်ပြီး "ကပ္ပတိန်ကျင်း နဲ့ ခယ်မရေ ဒီနေ့ မင်းတို့ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
ကျင်းရွှီယန်း ခေါင်းညိတ်လိုက်တော့ ရှောင်ချီက ရွှီချွန်းကို လိုက်ပို့ရန် ထရပ်လိုက်သည်။
နောက်ကျနေပြီဖြစ်သလို လျှပ်စစ်မီးလည်းမရှိတာမို့ လူတိုင်းက သူတို့အခန်းဆီကိုပဲပြန်ကာ သွားအိပ်ကြတယ်။ အဖွဲ့ဝင်များက အခန်းများကို မျှဝေကာနေကြပြီး ကျိူးလီဇီကိုတော့ ဒုတိယထပ်က တစ်ခုတည်းသောအခန်းကို ပေးအပ်ခဲ့သည်။
ပထမကတော့ သူမတစ်ယောက်တည်း နေရမည်ဟု ထင်ခဲ့သည်။ ထင်မှတ်ထားသလိုမဟုတ်ပဲ သူမရေချိုးပြီး မကြာခင်မှာ တစ်စုံတစ်ယောက်ကဝင်လာပြီး အရှက်မဲ့စွာဖြင့် ကုတင်ပေါ် လှဲချလိုက်သည်။
ကုတင်ဘေးမှာရပ်ပြီး သူ့ကိုဆွဲထူဖို့ သူမလက်လှမ်းလိုက်တယ်။ ဒါပေမယ့် အသက်ရှူမှန်ပြီး တိုးတိုးလေးဟောက်နေတာကို မြင်လိုက်ရတဲ့အခါမှာတော့ သူမရဲ့နှလုံးသားလေးက နူးညံ့သွားတယ်။
သူမဟာ နောက်ဆုံးတော့လည်း ကုတင်ရဲ့အတွင်းဘက်သို့သာတက်လို့ မျက်လုံးမှိတ်ထားလိုက်သည်။
သူမ အိပ်ပျော်သွားပြီး သိပ်မကြာခင်မှာပဲ ကျင်းရွှီယန်းက မျက်လုံးတွေကိုဖွင့်ပြီး သူမကိုသူ့ရင်ခွင်ထဲကို ဆွဲသွင်းလိုက်ကာ သူ့မျက်နှာပေါ် ကကျေနပ်တဲ့ အပြုံးကြီးနဲ့ ပြန်အိပ်လိုက်တယ်။
နောက်တစ်နေ့တွင် တပ်စခန်း၌ စည်းမျဥ်းသစ်များ ချမှတ်ခြင်းဆိုင်ရာသတင်းကို စစ်သားများက ကြေညာခဲ့သည်။
အခြေစိုက်စခန်းအနှံ့မှာ အကြောင်းကြားထုတ်လွှင့်ရန်အတွက် အသံချဲ့စက်ကိုအသုံးမပြုဘဲ စစ်သားများက အသက်ရှင်ကျန်ရစ်သူများဆီ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့သည်။ စည်းမျဥ်းစည်းကမ်းတွေကို ရှင်းပြပြီး မေးခွန်းတွေကိုလည်း ဖြေတယ်။
စွမ်းရည်အသုံးပြုသူအချို့ကတော့ အခြေစိုက်စခန်းအနေဖြင့် အပြင်ဘက်တွင်တွေ့ရှိရသော ထောက်ပံ့ရေးပစ္စည်းများရဲ့ အစိတ်အပိုင်းတစ်ခုကို ယူဆောင်သွားခြင်းက ရယ်စရာကောင်းသည်ဟု ထင်မြင်ကြသော်လည်း အချို့ကတော့ ၎င်းကို ပုံမှန်ဟု ယူဆကြသည်။ အဆုံးတွင် အခြေစိုက်စခန်းဟာ လုပ်ငန်းလည်ပတ်မှုများကို စီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းရန်အတွက် ဝန်ထမ်းနှင့် စစ်သားအမြောက်အမြားကို ပံ့ပိုးပေးရမည်ဖြစ်သည်။
သာမာန်လူများကမူ အမှတ်စနစ်အကြောင်းကို လေ့လာရပြီးနောက်ဆုံးတော့ ၎င်းတို့ ကြံ့ကြံ့ခံနေကြရသော အသက်ရှင်လျက်ငရဲ၌ မျှော်လင့်ချက်အလင်းရောင်ကို တွေ့ရှိခဲ့ကြပြီဖြစ်သည်။
သူတို့ဟာ ထောက်ပံ့ရေးပစ္စည်းများရှာရန်အတွက် အပြင်ထွက်စရာမလိုတော့သလို အခကြေးငွေမရဘဲ သေသည်အထိ အလုပ်လုပ်ရမည်ကိုလည်း စိုးရိမ်နေစရာမလိုတော့ပေ။ သူတို့မှာ အမှတ်တွေရှိနေသရွေ့ ပစ္စည်းတွေနဲ့ လဲလှယ်နိုင်သလို အိမ်လည်းငှားလို့ရတယ်။
အားနည်းသော တိုက်ခိုက်နိုင်စွမ်းရှိသော အသုံးပြုသူများသို့မဟုတ် လုံးဝမတိုက်ခိုက်နိုင်သူများဟာ မိမိတို့ကိုယ်တိုငါအတွက် စာရင်းသွင်းရန်နှင့် အခြေစိုက်စခန်းအတွက် အလုပ်လုပ်ရန် ရွေးချယ်ခဲ့သည်။
အများစုမှာက မှတ်ပုံတင်ကြေးပေးဆောင်ရန် အမြုတေများမရှိသောကြောင့် အခြေစိုက်စခန်းမှ အမြုတေများကို ငှားခွင့်ပြုရန် ရွှီချွန်းက ဆုံးဖြတ်ခဲ့သည်။
သူတို့ရဲ့ ရမှတ်တွေရပြီးတာနဲ့ သူတို့ရဲ့အကြွေးကိုဆပ်ဖို့ အသုံးပြုနိုင်တယ်။ ရမှတ်တွေကို အမြုတေတွေအဖြစ် ပြောင်းလဲမှုနှုန်းကမြင့်မားပေမယ့် ဒီစနစ်ကို လူတိုင်းက ကောင်းကောင်းလက်ခံကြပါတယ်။
ရွှီချွန်း နှင့် စစ်သားများက မူဝါဒအသစ်များကို အကောင်အထည်ဖော်ရန် အလုပ်များနေချိန်တွင် ကျင်းရွှီယန်း၊ ကျိူးလီဇီ၊ ဖုန်းယွင် နှင့် ရှောင်ချီ တို့ကတော့ စစ်သားများဦးဆောင်သော ဂိုဒေါင်ဧရိယာသို့ သွားကြသည်။
ဂိုဒေါင်ဧရိယာက စစ်သားတွေရဲ့ အိပ်ဆောင်အနီးတွင် တည်ရှိသည်။ ဒါကြောင့် လုံခြုံရေးတွေ တင်းကျပ်သလို ထိုနယ်မြေသည် နေအိမ်တိုက်တာအတွင်းတွင် ပါဝင်ပြီး ၎င်းတို့သည် သုံးထပ်အိမ်ဆယ်လုံးကို ဝန်းရံထားသော နယ်မြေကို သတ်မှတ်ရန်အတွက် သတ္တုခြံစည်းရိုးများပြုလုပ်ခဲ့သည်။
ဂိုဒေါင်ထဲကိုမ၀င်ခင်မှာ အစောင့်တွေက အရင်စစ်ဆေးပြီး ပြီးမှသာ ဝင်ခွင့်ပြုတယ်။
သူတို့လမ်းလျှောက်သွားရင်းမှာ သူတို့ကိုဦးဆောင်လာတဲ့စစ်သားက ပြောပြတယ် "ကပ္ပတိန်ကျင်း ဒီအိမ်တွေကို ဂိုဒေါင်အဖြစ်အသုံးပြုထားတာမို့ အထဲမှာက လူသူကင်းမဲ့နေတယ်။ ပစ္စည်းတွေပို့လိုက်ပြီးရင်တော့ ကျန်တာ ကျွန်တော်တို့စီစဉ်ပေးပါမယ်"
ဒါကိုကြားတော့ ကျင်းရွှီယန်းက "ငါတို့အဖွဲ့မှာက အာကာသသုံး စွမ်းရည်ရှိတဲ့ သူတွေရှိတယ်။ ပစ္စည်းတွေကို အထဲကိုပဲ တိုက်ရိုက်ထည့်ပေးမယ်။ မင်းတို့က အပြင်မှာ ခဏစောင့်လို့ရတယ်"
ဒါကိုကြားတော့ စစ်သားက အံ့သြသွားတယ်။ ဒီလိုစွမ်းရည်မျိုးကို သူပထမဆုံးကြားဖူးတာပါ။ ဒါပေမယ့် ကျင်းရွှီယန်းရဲ့ညွှန်ကြားချက်တွေကို လိုက်နာဖို့ ဗိုလ်ကြီးရွှီက သူ့ကို အမိန့်ပေးထားပြီးဖြစ်လို့ သူက ခေါင်းညိတ်ပြီး "နားလည်ပါပြီ"လို့သာ ပြောလိုက်သည်။
ခဏလောက် လမ်းလျှောက်ပြီးနောက်မှ ပထမဆုံးဂိုဒေါင်ကို ရောက်သွားတယ်။ ပြတင်းပေါက်ကို သတ္တုချောင်းတွေနဲ့ သစ်သားပျဉ်တွေဖြင့် အလုံပိတ်ထားတာကြောင့် အိမ်အပြင်ဘက်မှာ ရပ်နေတာက ဘာကိုမမြင်ရပါဘူး။
စစ်သားက တံခါးဖွင့်ပြီး "ကပ္ပတိန်ကျင်း ကျေးဇူးပြုပြီး" လို့ပြောလိုက်တယ်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြပြီး သူ့အဖွဲ့နဲ့အတူ ဂိုဒေါင်ထဲကိုလျှောက်သွားတယ်။ သူတို့ ဝင်လိုက်သည်နှင့် ဂိုဒေါင်ဟု ခေါ်သည့်နေရာတွင် မည်မျှ တောင်လွတ်နေသည်ကို တွေ့လိုက်ရတယ်။
ခေါက်ဆွဲခြောက်ပါကင်က နှစ်ဆယ်အပြင် ဘီစကွတ်က ဆယ်ပါကင်အောက်နည်းကာ ရေဘူးသုံးဆယ်အပြင် အထဲမှာသိမ်းဆည်းထားတဲ့ တခြားဘာမှ မရှိတော့ပါဘူး။
ဒီအခြေအနေကိုမြင်တော့မှ ရွှီချွန်းက ဘာကြောင့် အရမ်းစိုးရိမ်နေတယ်ဆိုတာကို အခုမှ သဘောပေါက်သွားတယ်။ ရွှီချွန်းရဲ့အဖွဲ့မှ ပေးအပ်သည့်ပစ္စည်းများကို ဗိုလ်မှူးကြီးမှ သိမ်းယူခဲ့ပြီး ချမ်းသာသောမိသားစုများနှင့် စွမ်းရည်အသုံးပြုသူအချို့ထံ ရောင်းချခဲ့သည်။ ဒီတော့ သူတို့က ဒါတွေ ပြန်မရနိုင်တော့ပါဘူး။
ခဏလောက် ထိတ်လန့်သွားပြီးနောက်မှ ကျင်းရွှီယန်းက အမိန့်ပေးလိုက်တယ် "ရှောင်ချီ ၊ ဖုန်းယွင် မင်းတို့ရဲ့နေရာလွတ်မှာရှိတဲ့ ရိက္ခာတစ်ဝက်ကို ဖယ်ထုတ်လိုက်။ နောက်ကြ ငါတို့အပြင်ထွက်တဲ့အခါမှ ရိက္ခာတွေ ပိုရလာနိုင်တယ်"
အခန်း-(၂၂၇)
သူတို့ကပ္ပတိန်ရဲ့ စကားကိုကြားတာနဲ့ တပြိုင်နက်တည်း ရှောင်ချီ နဲ့ ဖုန်းယွင်တို့ နှစ်ယောက်စလုံးက ခေါင်းညိတ်ပြီး "နားလည်ပါပြီ" လို့ တညီတညွတ်တည်း ပြောလိုက်တယ်။
တစ်ယောက်ကို အိမ်သုံးအိမ်မှ လေးအိမ်လောက်အထိ ဖြည့်ပေးနိုင်သောကြောင့် ထောက်ပံ့ရေးပစ္စည်းများဖြည့်ဖို့ကို နှစ်ယောက်သားက တာဝန်ခွဲလိုက်ကြသည်။ သူတို့နှစ်ယောက်က မတူညီတဲ့ အိမ်တစ်အိမ်စီကိုသွားကြပြီး အောက်ထပ်ကို မဖြည့်ခင်မှာ အပေါ်ထပ်ကနေ အရင်ဖြည့်လိုက်တယ်။
သူတို့နှစ်ဦးအလုပ်များနေချိန်တွင် ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့က ကျန်ဂိုဒေါင်များကိုဖြည့်ရန် သွားခဲ့ကြပြီး ၎င်းတို့ကို ဦးဆောင်ခေါ်လာသည့် စစ်သားကတော့ ဂိုဒေါင်ဧရိယာအပြင်ဘက်တွင် အခြားအစောင့်များနှင့် စကားစမြည်ပြောဆိုနေခဲ့သည်။
ကျိူးလီဇီက ဂိုဒေါင်ထဲသို့ဝင်သွားစဉ်တွင် ကျင်းရွှီယန်းကအပြင်ဘက်တွင် စောင့်ကြပ်နေခဲ့သည်။ သူမက ထောက်ပံ့ရေးပစ္စည်းများကို အမျိုးအစားအလိုက် ထုတ်ယူခဲ့တယ်။
အစေ့အဆန်များ၊ ဂျုံမှုန့်နှင့် ရေများအပြင်၊ ခေါက်ဆွဲခြောက်များ၊ စည်သွတ်အစားအစာများ၊ ဘီစကွတ်များအပါအဝင် အသင့်စားအစားအစာများကိုလည်း ပေးခဲ့သည်။
သူမက ဂိုဒေါင်လေးခုကို အစားအသောက်နှင့် ရေဖြင့်ဖြည့်ပေးပြီး ကျန်ဂိုဒေါင်နှစ်ခုကို ဆေးဝါး၊ နေ့စဥ်သုံးပစ္စည်းများ၊ အမျိုးသမီးနှင့် ကလေးသုံးပစ္စည်းများဖြင့် ပြည့်စေသည်။ သူအရင်ကတွေ့ခဲ့တဲ့ ကလေးနို့မှုန့်တွေအကုန်လုံးကိုလည်း ထုတ်ယူလိုက်သေးသည်။
သုံးထပ်အိမ် စုစုပေါင်းခြောက်လုံးကို ဖြည့်ပြီးတဲ့နောက်မှာတောင် ဤပမာဏာဟာ သူမရဲ့နေရာလွတ်ရှိ ရိက္ခာအရေအတွက်နှင့် နှိုင်းယှဉ်ပါက ရေခဲတောင်ရဲ့ အစွန်အဖျားမျှသာ ဖြစ်သည်။ ဒါကြောင့် ပမာဏက မများဘူးလို့ ခံစားရပြီး နောက်ပိုင်းတွင် အပြင်ထွက်တဲ့အခါဆိုလည်း ပစ္စည်းတွေက ပိုရလာနိုင်တယ်။
ဂိုဒေါင်အားလုံးကိုဖြည့်ဖို့ နာရီဝက်လောက်ပဲ အချိန်ယူခဲ့ရတယ်။
ဂိုဒေါင်ထဲက ထွက်လာပြီးတော့ ကျင်းရွှီယန်းက စစ်သားကို ကြည့်ကာ "ရဲဘော်၊ ဒီဂိုဒေါင်က မင်းတို့မှာရှိတဲ့ တစ်ခုတည်းသော ဂိုဒေါင်ပဲလား" ဟု မေးသည်။
ဒါကိုကြားတော့ "ကပ္ပတိန်ကျင်း၊ ဒီနေရာက လွတ်နေပြီး ဂိုဒေါင်အဖြစ် အိမ်တွေကို ကျွန်တော်တို့သုံးလို့ရတယ်။ သန့်ရှင်းရေးလုပ်ပြီး ပြတင်းပေါက်တွေကိုတော့ အရင်ပိတ်ရမယ်" လို့ စစ်သားက မပြောခင် ခဏလောက်စဉ်းစားလိုက်တယ်။
ကျင်းရွှီယန်းက ခဏလောက်စဉ်းစားပြီးမှ "ဒါဆို မင်းရဲ့ခေါင်းဆောင်ကို အကြောင်းကြားပြီး နောက်ထပ် အိမ်ဆယ်လုံးကို ရှင်းခိုင်းလိုက်။ ဗိုလ်ကြီးရွှီပြန်သယ်လာတဲ့ ရိက္ခာတစ်ဝက်လောက်ကိုပဲ ငါတို့ထည့်ရသေးတယ်"
ဒါကိုကြားလိုက်တာနဲ့ စစ်သားရဲ့မျက်လုံးတွေဟာ ဝမ်းသာအားရမှုကြောင့် ပြူးကျယ်သွားပြီး "ကပ္ပတိန်ကျင်း ဂိုဒေါင်ဆယ်လုံးကပြည့်သွားပြီး နောက်ထပ်ဂိုဒေါင်ဆယ်လုံးထပ်လိုအပ်တယ်လို့ ဆိုလိုတာလား" လို့ မေးတယ်။
ရှောင်ချီက စစ်သားကိုကြည့်ကာ "ရဲဘော် ၊ ငါ့ကပ္ပတိန်ပြောတာက ဒီလိုပဲ"
အချက်အလက်ကို အတည်ပြုပြီးနောက်မှာပဲ စစ်သားက ခေါင်းညိတ်ကာ "သဘောပေါက်ပြီ၊ ကျွန်တော် ၊ ခေါင်းဆောင်ကို အခုပဲအကြောင်းကြားလိုက်မယ်"
"ဂိုဒေါင်တွေ အဆင်သင့်ဖြစ်ပြီဆိုရင် ငါ့တို့ဆီ အကြောင်းကြားဖို့ တစ်ယောက်ယောက်ကိုပို့လိုက် ကျန်တဲ့ပစ္စည်းတွေကို ငါတို့ ထုတ်ပေးမှာပါ" လို့ ကျင်းရွှီယန်းက ဆိုပါတယ်။
"နားလည်ပြီ"
ဂိုဒေါင်ဧရိယာမှ ထွက်ခွာလာပြီး သူတို့ရဲ့ ယာယီနေအိမ်ဆီသို့ ပြန်သွားကာ သူတို့ရဲ့တာဝန်ကို ထမ်းဆောင်ရန်အတွက် လိုအပ်သည်များ ပြင်ဆင်ခဲ့ကြတယ်။ မိနစ်သုံးဆယ်အကြာတွင်မှ ဝိန့်ညီအစ်ကိုများ ပြုပြင်မွမ်းမံထားသော SUV ကားနှစ်စီးကို မောင်းနှင်ကာ အိမ်မှထွက်ခွာလာခဲ့ကြသည်။
အသက်ရှင်ကျန်ရစ်သူများအတွက် အခြေချနေထိုင်မှု အဆင်ပြေချောမွေ့စေရန်အတွက် သူတို့ရဲ့ ပထမဦးစားပေးမှာ ရှုပ်ထွေး နေသောတိုက်ခန်း ဧရိယာများကို ရှင်းလင်းရန်ဖြစ်သည်။ တစ်နာရီလောက် ကားမောင်းပြီးတော့မှ စခန်းရဲ့အစွန်အဖျားဆီကို ရောက်သွားတယ်။
ဖုတ်ကောင်များကို ရှောင်ရှားရန်အတွက် အဆောက်အအုံများကြားတွင် တံတိုင်းနှင့်တံခါးကို ဆောက်လုပ်ထားသည်။ ထိုအချိန်တွင်ပဲ ဂိတ်စောင့်တပ်သားများက လမ်းလျှောက်လာကာ သူတို့ကိုရပ်တန့်စေသည်။
စစ်သားက ကားမှန်ကိုမခေါက်မီတွင် ကျန်းယွမ်က မှန်ကို လှိမ့်ချလိုက်ပြီး "မင်္ဂလာနံနက်ခင်းပါ ရဲဘော်" ဟု နှုတ်ဆက်လိုက်သည်။
စစ်သားက ခေါင်းတညိတ်ညိတ်နဲ့ ကားထဲကို စစ်ကြည့်ရင်း "ရဲဘော်၊ ဒီနေရာက ကန့်သတ်နေရာမို့လို့ ကျေးဇူးပြုပြီး ပြန်လှည့်ပါ" လို့ ပြောလာတယ်။
ကျန်းယွမ်က သူ့အိတ်ကပ်ထဲက တံဆိပ်တစ်ခုကို ထုတ်ပြီး စစ်သားကို ပြလိုက်တယ်။ဒါကို စစ်သားက မြင်လိုက်တာနဲ့ ချက်ချင်းအလေးပြုတယ် "ဗိုလ်ကြီး"
ကျန်းယွမ်က သူ့လက်ကို ဝှေ့ယမ်းရင်း "ကျွန်တော်က ဗိုလ်ကြီးမဟုတ်ပါဘူး။ ဒါပေမယ့် ဒီတံဆိပ်ကိုတော့ ဗိုလ်ကြီး ရွှီက ပေးခဲ့တာ။ ကျွန်တော့်တို့အဖွဲ့က သူ့ဆီကနေ အနီးနားက ဖုတ်ကောင်တွေကိုရှင်းထုတ်ဖို့ မစ်ရှင်တစ်ခုကို လက်ခံခဲ့တာကြောင့် ကျွန်တော်တို့ ဒီကိုရောက်လာတာပါ"
ဒါကိုကြားတဲ့ တခဏချင်းမှာပဲ စစ်သားက ထိတ်လန့်သွားတယ် "ကျေးဇူးပြု၍ ခဏစောင့်ပါ"ဟု ပြောလာသည်။
"ကောင်းပြီ"
စစ်သားက အစောင့်စခန်းကို ပြန်သွားပြီး တစ်ယောက်ယောက်ကို ဆက်သွယ်တယ်။ သိပ်မကြာခင်မှာပဲ သူက သူ့အဖွဲ့ကို ခေါင်းညိတ်ပြပြီး စကားနည်းနည်းပြောလိုက်တယ်။ ထို့နောက်တော့ အတားအဆီးများကိုရွှေ့ကာ တံခါးကို ဖွင့်ပေးသည်။
သူတို့ဖြတ်သွားစဉ်တွင် ရှောင်ချီက ပြတင်းပေါက်မှ မှန်ကိုနိမ့်ချပြီး ဘီစကွတ်တစ်ဗူးနှင့် ရေဆယ်ပုလင်းကို စစ်သားများထံ ပစ်ပေးလိုက်တယ်။ သူက သူတို့အား ပြုံးပြီးဝှေ့ယမ်းပြကာ "မင်းတို့ရဲ့ ကြိုးစားမှု အတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကိုတို့" လို့ ပြောလိုက်တယ်။
သူရဲ့ ရုတ်တရက်ရက်ရောမှုကို စစ်သားများက မမျှော်လင့်ဘဲ ရရှိခဲ့သည်။ ဒါပေမယ့် ဘီစကွတ်နဲ့ရေတွေ ပြန်မပေးနိုင်ခင်မှာပဲ နတ်ဆိုးအဖွဲ့ရဲ့ကားက မောင်းထွက်သွားပြီးပြီ။
ဘီစကွတ်နဲ့ ရေဘူးတွေကို ငုံ့ကြည့်ပြီး စစ်သားတွေဟာ အချင်းချင်း မျက်လုံးချင်းပြန်ဆုံကြည့်လိုက်ကြကာ သိမ်းထားဖို့ကို ဆုံးဖြတ်လိုက်ကြတယ်။ ပြီးတော့ အထက်လူကြီးတွေဆီ ပြန်အစီရင်ခံဖို့ပါ။ အကြောင်းပြချက်မရှိဘဲ အခြားသူတွေဆီက ပစ္စည်းတွေလက်ခံလို့မရဘူး။ ဒါကို လာဘ်ပေးလာဘ်ယူလို့ သတ်မှတ်ခံရနိုင်လို့ပါ။
သတ္တုတံခါးဆီက ဖြတ်ကာမောင်းနှင်လာပြီးနောက်တွင်တော့ နတ်ဆိုးအဖွဲ့ဟာ ရွှီချွန်းပေးထားသော မြေပုံကိုအခြေခံ၍ အနီးဆုံး တိုက်ခန်းအဆောက်အအုံဆီသို့ မောင်းနှင်လာကြသည်။
အနောက်ခုံမှာထိုင်နေတဲ့ ချင်လူဇီက ပတ်ဝန်းကျင်ကို စစ်ဆေးဖို့ သူ့စိတ်မြေပုံကို အာရုံစိုက်လိုက်တယ်။ သူ့စွမ်းရည်ကို နေ့ရောညပါ မရပ်မနား အသုံးချပြီးနောက်တော့ သူ့စိတ်မြေပုံက ယခင်ကထက် ပိုကြီးလာကြောင်း သူသဘောပေါက်လိုက်တယ်။
စောင့်ကြည့်ဧရိယာက 100 မီတာမှ 200 မီတာအထိ တိုးလာကာ သူက ဗဟိုအချက်အချာကျသည်။
ယခင်ကဆို ယေဘုယျဧရိယာကိုသာ စစ်ဆေးနိုင်ခဲ့သော်လည်း ယခုအခါတွင် တိကျသော ဦးတည်ရာတစ်ခုကို စစ်ဆေးရန် သူရဲ့စိတ်စွမ်းရည်ကို အသုံးချနိုင်ပြီဖြစ်သည်။ ဒါတင်မကဘဲ တိကျတဲ့ ဦးတည်ချက်ကိုစစ်ဆေးဖို့ စိတ်စွမ်းရည်ကို သူအသုံးပြုတဲ့ အခါတိုင်းမှာ အကွာအဝေးဟာ မီတာ ၂၀၀ ကနေ ၅၀၀ မီတာအထိ တိုးလာပါတယ်။
နောက်ဆုံးတော့ ဆယ်မိနစ်အကြာတွင်မှ သူတို့ဟာ တိုက်ခန်းအဆောက်အဦးသို့ ရောက်ရှိလာခဲ့ပြီး မတွေ့နိုင်မီတွင်ပင် ဖုတ်ကောင်များရဲ့ဟောက်သံကို ကြားနိုင်သည်။
ချင်လူဇီက လမ်းညွှန်ချက်တွေကို ခဏတာစစ်ဆေးပြီးမှ "ကပ္ပတိန်၊ ကျွန်တော်တို့ပတ်ပတ်လည်က မီတာ ၅၀၀ ပတ်လည်အတွင်းမှာ ဇွန်ဘီတစ်ထောင်လောက် ပြန့်ကျဲနေတယ်" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျင်းရွီယန်းကညွှန်ကြားလိုက်တယ် "ငါတို့ ဒီကနေ ခြေလျင်သွားမယ်။ အားလုံးပဲ မင်းတို့ရဲ့ပစ္စည်းတွေကိုစစ်ဆေးပြီး တိုက်ပွဲအတွက် အဆင်သင့်ပြင်ထား"
"နားလည်ပြီ"
ဒီနေ့မှာ သူတို့က ကားနှစ်စီးမောင်းလာခဲ့တယ်။ သူ့ရဲ့အမိန့်ကိုရရှိပြီးတဲ့နောက်မှာပဲ ယင်းယွီရှန်းက ဝေါ်ကီတော်ကီ ကို အသုံးပြု၍ သူတို့ရဲ့အဖွဲ့၀င်များကို ဆက်သွယ်ခဲ့သည်။
သူတို့သည် တိုက်ခန်းအဆောက်အဦးရဲ့ အဓိကဝင်ပေါက်မှ မီတာ 100 အကွာအဝေးတွင် ကားများထဲမှ ထွက်လာခဲ့ကြပြီး ကျိူးလီဇီကတော့ ကားတွေကို သူမရဲ့နေရာလွတ်၌ သိမ်းဆည်းလိုက်တယ်။
အခန်း-(၂၂၈)
မကြာခင်မှာပင် အဝေးဆီမှ ဟောက်သံများကြားလိုက်ရတယ်။ ချင်လူဇီက သူ့စိတ်မြေပုံကို စစ်ကြည့်ပြီး "ကပ္ပတိန်၊ အဲဒါက အဆင့်မြင့်ဖုတ်ကောင် ဖြစ်နိုင်တယ်" လို့ ပြောလာတယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်တယ် "ဒီဖုတ်ကောင်ရဲ့ တည်နေရာက အခြေစိုက် စခန်းနဲ့နီးတယ်။ ဘာလို့ ဒီနေရာကို မတိုက်ခိုက်ဘဲ ပုန်းနေရတာလဲ"
သူမရဲ့အတိတ်ဘဝက ဖုတ်ကောင်သခင်များကို ပြန်သတိရလိုက်သောအခါမှာ ကျိူးလီဇီက သူ့အနားသို့ တိုးကပ်သွားပြီး "အစ်ကိုယန်း အဲဒါက စိတ်စွမ်းအားနဲ့ ဖုတ်ကောင်ဖြစ်နိုင်မလား"
ဒီစကားကို သူမပြောလိုက်ပြီးတာနဲ့ သူ့မျက်လုံးတွေဟာ သူ့ရဲ့အတိတ်ဘဝတုန်းက စိတ်ထဲကအမှတ်ရစရာတွေကြောင့် အရိပ်ထင်လာခဲ့တယ်။ ခဏအကြာတော့မှ "အားလုံးက သတိနဲ့နေကြ"လို့ အမိန့်ပေးသည်။
"နားလည်ပြီ"
သူတို့က တိုက်ခန်းအဆောက်အဦးဆီသို့ လျှောက်သွားခဲ့ကြသော်လည်း ဇွန်ဘီတစ်ကောင်တစ်လေမျှမတွေ့ရပေ။ ချင်လူဇီက သူ့စိတ်မြေပုံကိုကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်တယ်။ သူ့မြေပုံတွင် အနီရောင်အစက်များ ပြည့်နေသော်လည်း သူတို့ဟာ ဇွန်ဘီတစ်ကောင်တစ်လေကိုမျှ မတွေ့ရပေ။ ဤသည်မှာ သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်ကို ပထမဆုံးအကြိမ် သံသယဝင်မိခြင်းဖြစ်သည်။
လေတိုက်သံနှင့် ပလတ်စတစ်အိတ်များ လွင့်ထွက်သွားသည့် အသံများအပြင် သူတို့ရဲ့ခြေသံများသာရှိသည်။
လူတိုင်းရဲ့နှလုံးသားများက လည်ချောင်းများထဲမှ ခုန်ထွက်လာတော့မလိုဖြစ်နေပြီး နဖူးနှင့် ကျောပေါ်တွင် ချွေးအလွှာပါးတွေပေါ်လာတယ်။
ပတ်ဝန်းကျင်အနေအထားက အလွန်ထူးဆန်းသဖြင့် လေထုထဲက တင်းမာမှုကိုပင် ခံစားနိုင်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ မြေပြင်ပေါ်မှာလဲလျောင်းရင်း သေဆုံးသွားတော့ မလိုပင်။
အဖွဲ့ဝင်များက ဤခံစားချက်ကို မသိကြသော်လည်း ကျင်းရွှီယန်း နှင့် ကျိူလီဇီတို့ နှစ်ဦးစလုံးကတော့ ၎င်းနှင့် အလွန်ရင်းနှီးကြသည်။
ဤသည်မှာ အဆင့်မြင့်ဖုတ်ကောင်မှ ဆင်းသက်လာသော ဖိနှိပ်မှုဖြစ်သည်။ သတ်လိုသောရည်ရွယ်ချက်နှင့် ပေါင်းစပ်လိုက်ခြင်းဖြင့် သူတို့ရဲ့စိတ်စွမ်းအားကို ဆုတ်ယုတ်စေသည်။ ဤအချက်ကပင် လျှို့ဝှက်စွာပုန်းအောင်းနေသော ဖုတ်ကောင်ဟာ စိတ်စွမ်းအင်သုံးဖုတ်ကောင်ဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့သည်။
"ဂရားး"
ရုတ်တရက်ပေါ်လာတဲ့ဟောက်သံကြောင့် လူတိုင်းက ထိတ်လန့်သွားကြတယ်။ ဟောက်သံအပြီးတွင် မရေမတွက်နိုင်သော ဖုတ်ကောင်များက ရုတ်တရက်ပေါ်လာပြီး သူတို့အဖွဲ့ဟာ အလယ်တွင်ပိတ်မိနေပါတယ်။
"ချီးပဲ" ရှောင်ချီက ထိတ်လန့်မှုကြောင့် အာမေဋိတ်အသံတစ်ခု ထုတ်လိုက်မိတယ်။
"ရားး"
ဇွန်ဘီတွေက သူတို့ဆီကို အပြေးအလွှားဝင်လာပြီး ချွန်ထက်တဲ့ လက်သည်းတွေနဲ့ သူတို့ရဲ့ ဦးခေါင်းအပြင် ရင်ဘတ်တွေကိုပါ ချိန်ရွယ်လိုက်တယ်။
"ဘွမ်း"
ကျင်းရွှီယန်းက ဒါကိုမြင်တော့ သူ့ဓားရှည်ကို အလျားလိုက်အနေအထားဖြင့် ခုတ်ချလိုက်သည်။ ဓားရှည်ကိုဖုံးအုပ်ထားသော အနက်ရောင်မီးတောက်က လခြမ်းပုံသဏ္ဍာန်ရှိသော မီးတောက်ဓားအဖြစ်သဏ္ဍန်ပြောင်းသွားပြီး ဖုတ်ကောင်များဆီသို့ ပျံသန်းသွားကာ ဖုတ်ကောင်အုပ်စုတစ်စုကို ချက်ချင်းသတ်ပစ်လိုက်တယ်။
သူ့ရဲ့တုံ့ပြန်မှုက အရမ်းမြန်တယ်။ သူတို့ပတ်ဝန်းကျင်မှာ ဖုတ်ကောင်တွေရှိနေတယ်ဆိုတာကို သူကသိထားပြီး တိုက်ခိုက်ဖို့ကို သင့်တော်တဲ့အချိန် စောင့်ရုံပါပဲ။
"ဝိန့်မို ၊ ဝိန့်ခိုင်" သူအော်လိုက်တယ်။
ဤခေါ်ဆိုမှုအပြီးတွင်ပဲ ဝိန့် ညီအကိုများက သူတို့ရဲ့ လက်ဖဝါးဖြင့် မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။ ခဏအကြာတွင် ဆလင်ဒါပုံစံ သတ္တုနံရံတစ်ခုဖန်တီးလိုက်ပြီး သူတို့ကို ဝိုင်းရံကာ ဇွန်ဘီတွေရဲ့ တိုက်ခိုက်မှုကို တားဆီးလိုက်တယ်။
ပြင်ဆင်ချိန်မရှိသောကြောင့် နံရံက ဆယ်စင်တီမီတာအထူရှိပြီး နှစ်မီတာသာမြင့်သည်။
ဖုတ်ကောင်များက နံရံကိုထုရိုက်ကာ ကုတ်ချက်နေသံများက နားမခံသာလောက်အောင်ကို ကျယ်လောင်နေတယ်။
တစ်ချိန်တည်းမှာပင် သူတို့ကလည်း နံရံထိပ်သို့ အလျင်စလိုတက်သွားကြကာ အရှေ့ဆုံးမှ ဖုတ်ကောင်များကို ချေမှုန်းပစ်ခဲ့သည်။ ဇွန်ဘီတွေက ပိုပိုများလာပြီး နံရံပေါ်တက်လာနေကြကာ တဖြည်းဖြည်းနဲ့ နံရံထိပ်ကိုရောက်လာကြတယ်။
ချင်လူဇီက ရှန်းကျင်းဇီရဲ့လက်ကိုဆွဲကိုင်လိုက်ပြီး လေထဲသို့ ခုန်တက်လိုက်တယ်။ ရှန်းကျင်းဇီကို ထောက်ပံ့ထားတာမို့ အရမ်းမြင့်မြင့် မပျံနိုင်ဘူး၊ နံရံအပြင်ဘက်က အခြေအနေကို အကြမ်းဖျင်း မြင်နိုင်လောက်ရုံပါပဲ။
သူ့ရဲ့ဆိုလိုရင်းအဓိပ္ပါယ်ကို နားလည်ပြီး ရှန်းကျင်းဇီကလည်း လက်ကိုမြှောက်လိုက်ကာ အပြာရောင်မီးလုံးကြီးကို ဖန်တီးပြီး ဖုတ်ကောင်တွေဆီ ပစ်ချလိုက်တယ်။
"ဘုန်း ဘုန်း ဘုန်း"
သူမီးလုံးများကို ပစ်ပေါက်နေစဉ်တွင် ချင်လူဇီ ကသူ၏လက်ချောင်းတွေ လှုတ်ခတ်လိုက်တာနဲ့ ဇွန်ဘီတွေအပေါ်က လေထုတွေဟာ တဖြုတ်ဖြုတ် ပေါက်ကွဲသွားပြီး၊ သတ္တုနံရံနားက ဖုတ်ကောင် အုပ်စုတွေ တစ်စုပြီးတစ်စု သေကျေသွားတယ်။
နံရံအတွင်းဘက်က ကျန်းယွမ်ဟာ သူရဲ့လက်ဖဝါးများကို မြေပြင်ပေါ်ရိုက်ချလိုက်တဲ့ နောက်တစ်ခဏမှာပဲ သူတို့ရဲ့ခြေ ထောက်အောက်ကမြေပြင်က တုန်ခါသွားပြီး ကျောက်ဖြင့်ပြုလုပ်ထားသော ပလက်ဖောင်းတစ်ခုပေါ်လာသည်။ ပလက်ဖောင်းက ပိုမိုမြင့်မားလာပြီး မြေပြင်အထက် ငါးမီတာရောက်မှသာ ရပ်သွားပါသည်။
နောက်အခိုက်အတန့်တွင် ချင်လူဇီကလည်း ရှန်းကျင်းဇီကိုခေါ်ဆောင်လာကာ ပလက်ဖောင်းပေါ်တွင် အဖွဲ့နှင့်ပူးပေါင်းလိုကမသည်။ အမြင့်ပေါ်တွင် မတ်တပ်ရပ်ပြီး နောက်ဆုံးတွင်မှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်လိုက်တယ်။
သူတို့ရဲ့ပတ်ဝန်းကျင်မှာ ဖုတ်ကောင်တွေနဲ့ ပြည့်နေပြီး သူတို့မှာက လွတ်မြောက်လမ်းမရှိဘဲ အလယ်မှာပိတ်မိနေတယ်။
"မင်းတို့ရဲ့ စွမ်းအင်ကိုချွေတာပြီး သူတို့ကို သေနတ်နဲ့ သတ်ပါ" လို့ ကျင်းရွှီယန်းက ပြောလာတယ်။
အားလုံးက ဒါကိုကြားတဲ့အခါ "နားလည်ပါပြီ" လို့ တစ်ညီတစ်ညွတ်တည်း ပြန်ဖြေကြတယ်။
ပထမကတော့ ချန်ကျိရိ နှင့် လီစီခိုင်တို့ဟာ သူတို့ရဲ့ စွမ်းရည်တွေကို စမ်းကြည့်ချင်ကြပါတယ်။ ဒါပေမယ့် ကပ္ပတိန်ဖြစ်သူရဲ့အမိန့်ကို လက်ခံရရှိပြီးနောက်မှာတော့ သူတို့ရဲ့စွမ်းအင်တွေကို အသုံးမပြုတော့ဘဲ ဖုတ်ကောင်တွေကို သေနတ်သုံးပြီးသာ သတ်ပစ်ခဲ့တယ်။
ကံကောင်းထောက်မစွာဖြင့် ကျည်ဆံများနှင့် ကျည်တောင့်များကို ပြန်လည်ဖြည့်သွင်းနိုင်သောကြောင့် ကျည်ကုန်သွားမှာကို စိတ်ပူစရာမလိုပါ။
ကျင်းရွှီယန်းက ဖုတ်ကောင်တွေကိုသတ်နေရင်းနဲ့ပဲ သူ့မျက်လုံးတွေကိုမှေးကျဉ်းပြီး သူတို့ရဲ့ပတ်ဝန်းကျင်ကို စောင့်ကြည့်နေတယ်။ ခဏအကြာတွင် ပလက်ဖောင်းပေါ်မှ ရုတ်တရက်ကြီး ခုန်ဆင်းကာ ဓားရှည်ကိုလှန်လိုက်သည်။
" ခရပ်စ် ဘုန်း "
သူရဲ့အနက်ရောင်မီးလျှံနှင့် အဖြူရောင်လျှပ်စီးကြောင်းကြားမှတိုက်မိမှုကြောင့် ပတ်ဝန်းကျင်ကို စွမ်းအင်လှိုင်းများ ပြန့်ကျဲသွားပြီး သူတို့အောက်ရှိ ဖုတ်ကောင်များကို သေဆုံးစေခဲ့သည်။
ကျင်းရွှီယန်းက လေထဲမှဆင်းလာကာ ကျောက်တုံးကြီးပေါ် ခြေချလိုက်သည်။ ခေါင်းကိုမော့ကြည့်လိုက်တော့ ဖုတ်ကောင်ပင်လယ်တခွင်ထဲက အနက်ရောင်မျက်လုံးတစ်စုံနဲ့ မျက်လုံးချင်းဆိုင် ထိပ်တိုက်တွေ့လိုက်ရသည်။
ဖုတ်ကောင်အစုအဝေးရဲ့အလယ်တွင် ဆယ်ကျော်သက်တစ်ဦးက မတ်တပ်ရပ်ကာ သူတို့ကိုစိုက်ကြည့်နေသည်။ သူအဲဒီမှာရပ်နေချိန်တွင် ပတ်ဝန်းကျင်ကဖုတ်ကောင်တွေဟာ သူ့အနားမှ ဆယ်မီတာအကာအဝေးထိကိုအလွတ်ထားပြီး အဝိုင်းပုံစံနဲ့ဝန်းရံထားကာ ချဉ်းကပ်ဖို့ မဝံ့ရဲပေ။
အနက်ရောင်မျက်လုံးတစ်စုံကြောင့်သာ မဟုတ်ရင် ထိုဆယ်ကျော်သက်သည် အဆင့်မြင့်ဖုတ်ကောင်ဖြစ်ကြောင်းကို မည်သူကမျှ ခန့်မှန်းမိမည်မဟုတ်ပေ။
ဖုတ်ကောင်ကိုမြင်သောအခါတွင် ကျင်းရွှီယန်းက တခစ်ခစ်ရယ်ကာ "တကယ်ကို မင်းပဲ" ဟု တိုးတိုးလေးရေရွတ်သည်။
နောက်အခိုက်အတန့်မှာတော့ ဖုတ်ကောင်က ပါးစပ်ကိုဖွင့်ပြီးဟိန်းဟောက်လိုက်တယ် "ရားးးး"
မျက်စိတစ်မှိတ်အတွင်းမှာပင် အဆင့်နှစ်ဖုတ်ကောင်များစွာဟာ အုပ်စုထဲမှ ရုတ်တရက်ကြီးခုန်ထွက်လာပြီး သူတို့ကို တိုက်ခိုက်လာတယ်။
မီးလုံးများ ၊ လေဆင်နှာမောင်းများ ၊ သတ္တုလှံများနှင့် မိုးကြိုးများသည် တစ်ခုပြီးတစ်ခုပေါ်လာပြီး သူတို့ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာခဲ့တယ်။
နတ်ဆိုးအဖွဲ့သားများသည် ဒါကိုမြင်သောအခါတွင် သူတို့ရဲ့လက်များကိုမြှောက်ကာ ဖုတ်ကောင်များရဲ့တိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်ရန်အတွက် သူတို့ရဲ့စွမ်းရည်ကို စတင်အသုံးပြုလိုက်ကြသည်။
ကျိူးလီဇီသည် သူမရဲ့လက်ထဲကသေနတ်ကိုကိုင်ထားရင်းဖြင့် ဒူးကွေးလို့ ထခုန်လိုက်တယ်။ ဝေဟင်အလယ်က အနီးဆုံးဖုတ်ကောင်ဆီသို့ လက်ကိုမြှောက်ကာ "စုဆောင်းပါ"
မျက်စိတစ်မှိတ်အတွင်းမှာပဲ လေဆင်နှာမောင်းများက ပျောက်ကွယ်သွားပြီး သူမရဲ့နေရာလွတ်အတွင်း၌ ပြန်ပေါ်လာသည်။ လူတိုင်းက ဖုတ်ကောင်များကို တိုက်ခိုက်ရန် အလုပ်များနေပြီး လူတစ်ဦးမှလွဲ၍ သူမရဲ့လုပ်ရပ်ကို သတိမထားမိပေ။