← Chapters

အခန်း (၂၂၉-၂၃၁)

Vol. 16 Ch. 229-231

အခန်း (၂၂၉-၂၃၁)

Vol. 16 Ch. 229-231

အခန်း-(၂၂၉)

‎

‎

ထိုမြင်ကွင်းကိုမြင်လိုက်သောအခါတွင် ‎ကျင်းရွှီယန်းရဲ့မျက်လုံးများက မယုံကြည်နိုင်မှုကြောင့် တဖျပ်ဖျပ်ခတ်သွားပြီး ကျိူးလီဇီကိုယ်တိုင်ကတော့ ထိတ်လန့်သွားသည်။

‎

‎

မိုဘင်းရှန်ကဲ့သို့ ဖုတ်ကောင်များကို စုပ်ယူနိုင်မလားဆိုပြီး စမ်းသပ်ရန်အတွက် သူမရဲ့အာကာသထဲသို့ ဖုတ်ကောင်များ စုဆောင်းချင်ခဲ့သည်။ ဒါပေမယ့် ဖုတ်ကောင်တွေအစားကို သူမရဲ့ နေရာလွတ်က လေဆင်နှာမောင်းတွေကို သိမ်းယူခဲ့တယ်။

‎

‎

လေဆင်နှာမောင်းရဲ့တိုက်ခတ်မှုများကြောင့် သူမရဲ့လယ်ယာ သို့မဟုတ် အတွင်းတွင်သိမ်းဆည်းထားသည့်ပစ္စည်းများကို ဖျက်ဆီးပစ်မည်ကိုစိုးရိမ်သဖြင့် ‎ပလက်ဖောင်းပေါ် ပြန်ဆင်းသက်လာသောအခါ ချက်ချင်းပဲ သူမနေရာလွတ်ကို အမြန်စစ်ဆေးလိုက်သည်။ သူမရဲ့စိတ်ကနေရာလွတ်ထဲကို ဝင်သွားပြီးနောက်မှာတော့ လေဆင်နှာမောင်းတွေဟာ ထင်မှတ်ထားသလိုမဟုတ်ဘဲ မြက်ခင်းပြင်ထက်မှာ မလှုပ်မယှက် လွင့်မျောနေတာကို သူမမြင်လိုက်ရတယ်။

‎

‎

‎ဒီအချိန်မှာတော့ လေဆင်နှာမောင်းတွေဟာ လေအမျိုးအစားဇွန်ဘီတွေရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူးဆိုတာကို သူမ ခံစားမိလိုက်တယ်။ ရုတ်တရက် သူမရဲ့စိတ်ထဲမှာ အတွေးတစ်ခုပေါ်လာတယ်။

‎

‎

‎တကယ်လို့ပေါ့ ဒီလေဆင်နှာမောင်းတွေကို သူတို့ကမထိန်းချုပ်နိုင်တော့ဘူးဆိုရင် ဖုတ်ကောင်တွေကို တိုက်ခိုက်ဖို့အတွက် သူမက ပြန်အသုံးပြုနိုင်မလား။

‎

‎

ဒီ‎အတွေးဝင်လာတာနှင့် လက်ကိုဝှေ့ယမ်းကာ သူမရဲ့နေရာလွတ်မှ လေဆင်နှာမောင်းများကို ပြန်ထုတ်လိုက်သည်။

‎

‎

" ဝှစ် ဘွန်းးး"

‎

‎

‎နောက်အခိုက်အတန့်တွင်ပဲ လေဆင်နှာမောင်းများဟာ ဖုတ်ကောင်များဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားသည်။ ဖုတ်ကောင်များစွာဟာ စုပ်ယူခံလိုက်ရသည် သို့မဟုတ် အဝေးသို့ ပြေးထွက်သွားကြသည်။ ခဏအကြာတွင် လေဆင်နှာမောင်း အချင်းချင်းတိုက်မိသွားပြီး ပိုမိုကြီးမားသော လေဆင်နှာမောင်းတစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့သည်။

‎

‎

‎ဒါကိုမြင်တော့ အားလုံးက အံ့သြသွားကြတယ်။

‎

‎

‎"ခယ်မ ၊ ဘယ်အချိန်ကစပြီး လေစွမ်းရည်ကို နိုးထလာတာလဲ " ကုန်းပိုင်က အံ့သြသင့်စွာဖြင့်မေးလိုက်သည်။

‎

‎

‎"ဒါက ကျွန်မရဲ့စွမ်းရည်မဟုတ်ဘူး။ ကျွန်မက ဖုတ်ကောင်တွေဆီက လေဆင်နှာမောင်းတွေကို ကျွန်မရဲ့အာကာသထဲကိုဆွဲသွင်းပြီး ပြန်ထုတ်လိုက်တယ်။ အဲဒါတွေကို ကျွန်မမှာ ထိန်းချုပ်နိုင်စွမ်းမရှိဘူး" ဟု ကျိူးလီဇီက ရှင်းပြတယ်။

‎

‎

‎ဒီအချိန်မှာတော့ တခြားသူတွေကိုမပြောနဲ့ သူမရဲ့ကိုယ်ပိုင်နေရာလွတ်ကြောင့် သူမကိုယ်တိုင်ကတောင် ပဟေဋ္ဌိဖြစ်‌ေနတယ်။ ၎င်းက ဖုတ်ကောင်များကို မစုဆောင်းနိုင်ဘူးဆိုရင် ဖုတ်ကောင်မိုဘင်းရှန်ကိုတော့ အဘယ်ကြောင့် စုဆောင်းစုပ်ယူနိုင်သနည်း။

‎

‎

‎ ဇဝေဇဝါဖြစ်နေရင်တောင်မှ သူမက တိုက်ပွဲတစ်ခုရဲ့အလယ်မှာရှိနေတုန်းပဲ။ ဒါကြောင့် သူမက အဲဒီမေးခွန်းတွေကို ခေါင်းထဲကပစ်ထုတ်ပြီး ဇွန်ဘီတွေကိုသတ်ဖို့ပဲ အာရုံစိုက်လိုက်တယ်။

‎

‎

‎အရာအားလုံးက စက္ကန့်သုံးဆယ်အတွင်းသာဖြစ်ပျက်ခဲ့ပြီး သူမနှင့်အနီးနားကသူများသာ မျက်မြင်တွေ့ရှိခဲ့ကြသည်။

‎

‎

‎

‎အဆင့်နှစ်ဇွန်ဘီများစွာ ပေါ်ပေါက်လာသဖြင့် ကျင်းရွှီယန်း ကညွှန်ကြားတယ် "အာဇီ ၊ အဘိုးကြီးချင်၊ ကျင်းဇီ ၊ ဖုန်းယွင် မင်းတို့ကအဆင့်နှစ်ဖုတ်ကောင်တွေကို ဂရုစိုက်လိုက်။ ကျန်တဲ့သူတွေက အဆင့်နိမ့်ဖုတ်ကောင်တွေကို ဂရုစိုက်ပြီး သူတို့ကို ပလက်ဖောင်းပေါ် မရောက်စေနဲ့"

‎

‎

‎"နားလည်ပြီ"

‎

‎

‎အမိန့်ပေးပြီးနောက်မှာပဲ ကျင်းရွှီယန်းက ပလက်ဖောင်းပေါ်မှ ခုန်ဆင်းသွားပြီး အနက်ရောင်မီးလုံးတစ်လုံးကို အောက်ရှိဖုတ်ကောင်များဆီသို့ ပစ်ချလိုက်သည်။

‎

‎" ဘုန်းးး"

‎

‎

‎မီးလုံးကပေါက်ကွဲသွားတော့ အနက်ရောင်မီးတောက်များက ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိဇွန်ဘီများကို ပြာများအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။ မြေပြင်ပေါ်သို့ ခြေချလိုက်တာနဲ့ ဓားရှည်ကိုကိုင်ကာ အဆင့်မြင့်ဇွန်ဘီဆီသို့ ပြေးသွားခဲ့တယ်။

‎

‎

‎ဒါကိုမြင်တော့ ဇွန်ဘီကပြုံးပြီး သူ့လက်ကို မြှောက်လိုက်တယ်။

‎

‎

‎" ကလန်"

‎

‎

ဇွန်ဘီရဲ့လက်ဖဝါးပေါ်မှ ဖောက်ထွင်းမြင်ရသော အတားအဆီးတစ်ခုကြောင့် ‎ကျင်းရွှီယန်းရဲ့ဓားရှည်ဟာ ဆယ်လက်မခန့်အကွာအဝေးမှာပဲ ရပ်တန့်သွားသည်။ စိတ်ပိုင်းဆိုင်ရာ အတားအဆီးဖြစ်သည်။

‎

‎

ဇွန်ဘီက သူ့လက်မောင်းကိုလှုပ်ရှားပြီး ရင်ဘတ်ကိုလက်သီးနဲ့ထိုးတယ်။

‎

‎

‎" ဒုန်းး"

‎

‎

‎လက်သီးနဲ့မထိုးလာခင်မှာပဲ ကျင်းရွှီယန်းက သူ့ခန္ဓာကိုယ်ကို လှည့်ပြီး ဇွန်ဘီရဲ့လည်ပင်းကို ကန်လိုက်တယ်။ ဇွန်ဘီမှာ အန္တရာယ်မရှိသော်လည်း စိတ်ပိုင်းဆိုင်ရာအတားအဆီးအပေါ် သက်ရောက်သွားမှုကြောင့် ဇွန်ဘီက ဆယ်မီတာကျော်အထိကို လွှင့်ထွက်သွားသည်။

‎

‎

ဇွန်ဘီဟာ အ‌ဆောက်အဦးတွေကို ဝင်တိုက်မိသွားတာနဲ့ သူဖန်တီးထားတဲ့ စိတ်ပိုင်းဆိုင်ရာအတားအဆီးတွေက ကွဲအက်သွားတယ်။ သက်ရောက်မှုအနေနဲ့ ဇွန်ဘီရဲ့စိတ်က ဖရိုဖရဲဖြစ်သွားပြီး သူ့ကို ခဏမျှ မလှုပ်ရှားနိုင်စေတော့ပေ။

‎

‎

‎"ဘုန်းးး"

‎

‎

ဒါကိုမြင်လိုက်တာနဲ့ ကျင်းရွှီယန်းက သူ့လက်ကိုဝှေ့ယမ်းပြီး အနက်ရောင်မီးလုံးတစ်လုံးကို ပစ်ချလိုက်တယ်။ ၎င်းက ထိတွေ့သွားချင်းမှာပဲ ပေါက်ကွဲသွားပြီး အနက်ရောင်မီးတောက်များကဇွန်ဘီရဲ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

‎

‎

‎လွတ်မြောက်ရန် အခွင့်အရေးမပေးချင်တာကြောင့် ဇွန်ဘီရဲ့ ခြေထောက်နှင့်လက်များကို အာရုံပိုစိုက်ကာ မီးတောက်များအား ပိုပြင်းထန်လာစေလိုက်သည်။

‎

‎

‎

‎ဆယ်စက္ကန့်အတွင်းမှာပဲ ဇွန်ဘီရဲ့ ခြေလက်အင်္ဂါတွေက ပြာကျသွားပြီး မျက်လုံးနက်တွေထဲက တောက်ပနေတဲ့ဒေါသတွေနဲ့အတူ မြေပြင်ပေါ်မှာလဲလျောင်းနေရတယ်။

‎

‎

‎ကျင်းရွှီယန်းက ရှေ့သို့ပြေးသွားပြီး ဖုတ်ကောင်ကို အေးစက်စက်စိုက်ကြည့်နေသည်။ လက်ထဲကဓားရှည်ကြီးကို မြှောက်ကာ “ဒီတစ်ခါမှာတော့ မင်းကို ပိုသန်မာလာစေဖို့ ခွင့်မပြုနိုင်သလို အာဇီကို ထပ်ပြီးသေသွားစေမယ့် အန္တရာယ်မျိူးလည်း ငါမချန်ထားခဲ့နိုင်ဘူး” လို့ပြောလိုက်တယ်။

‎

‎

‎" ခရစ်ပ်"

‎

‎

စကားဆုံးတာနဲ့ သူရဲ့ဓားရှည်ကိုခုတ်ချကာ ဇွန်ဘီရဲ့ဦးခေါင်းကို ဖြတ်ပစ်လိုက်တယ်။ ဦးခေါင်းက မြေပြင်ပေါ် မှာ မှောက်လျက်သားနဲ့ရှိနေပြီး သူ့ခြေထောက်ကိုမြှောက်ကာ ပြင်းပြင်းထန်ထန် နင်းချလိုက်သည်။

‎

‎

‎

‎

ဇွန်ဘီရဲ့ခေါင်းက သူရဲ့ခြေဖဝါးအောက်တွင် ဖရဲသီးကဲ့သို့ပင် အလွယ်တကူကွဲသွားကာ အနက်ရောင်သွေးများက မြေပြင်မှာ စွန်းထင်းသွားပြီး ရွံ့ရှာဖွယ်အနံ့အသက်ကို ထုတ်ပေးသည်။

‎

‎

‎စိတ်စွမ်းအင်ဇွန်ဘီကို ဖယ်ရှားလိုက်သည်နှင့် တပြိုင်နက်တည်း ပတ်ဝန်းကျင်ရှိဖုတ်ကောင်များဟာ သူတို့ရဲ့ ခေါင်းဆောင်ကို ဆုံးရှုံးသွားတာကြောင့် စနစ်တကျပုံစံဖြင့် တိုက်ခိုက်ခြင်း မပြုနိုင်တော့ပေ။

‎

‎

‎ကျင်းရွှီယန်းက အကြည်ရောင်အမြုတေကိုကောက်ယူလိုက်ပြီး အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ သူ့ကောင်မလေးဆီသို့ လှမ်းကြည့်တော့ သူမဟာ အဆင့်နှစ်ဇွန်ဘီတစ်ကောင်အားသတ်ရန်အတွက် အားစိုက်ထုတ်ရန် မလိုတော့တာကို တွေ့လိုက်ရသည်။

‎

‎

‎ဒါကိုမြင်တော့ သူ့နှုတ်ခမ်းထောင့်တွေက အနည်းငယ်ကြွတက်လာပြီး ကျန်ရှိနေတဲ့ဖုတ်ကောင်တွေကို ဆက်လက်ရှင်းလင်းပစ်လိုက်တယ်။

‎

‎

‎အခုဆို အဆင့်မြင့်ဇွန်ဘီများမရှိတော့သဖြင့် သူ့ရဲ့အာဇီက ဇွန်ဘီအလုံးအရင်းကြားတွင် အသတ်ခံရနိုင်ခြေက ထက်ဝက်လျော့ကျသွားခဲ့ပြီး ကျန်တဲ့အတားအဆီးတွေကို ဖယ်ထားနိုင်သရွေ့တော့ သူ၏ ချစ်ရသူရဲ့ကံကြမ္မာကို ဒီတကြိမ်မှာ ပြောင်းလဲနိုင်မယ်လို့ ယုံကြည်တယ်။

‎

‎

‎ပေါက်ကွဲသံကြောင့် အဝေးဆီမှဇွန်ဘီများလည်း ဆွဲဆောင်ခံရပြီး ပြေးလာကြတယ်။ ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များကို ရှင်းလင်းရန်အတွက် သူတို့မှာ တစ်နာရီကျော် အချိန်ယူခဲ့ရသည်။

‎

‎

‎စက်ရုံခရိုင်ရှိ ဇွန်ဘီများနှင့်နှိုင်းယှဉ်ပါက ဤနေရာတွင်တော့ အဆင့်နှစ်ဇွန်ဘီများ ပိုများသည်။ ထို့ကြောင့် ဇွန်ဘီအရေအတွက်က နည်းပါးနေသော်လည်း ၎င်းတို့ကို သတ်ရန်မှာ မလွယ်ကူခဲ့ပါ။

‎

‎

‎ထုံးစံအတိုင်းပဲ ရှောင်ချီ နှင့် ရှန်းကျင်းဇီတို့က အမြုတေများကိုကောက်ယူရန် တာဝန်ပေးခံရပြီး ချင်လူဇီကတော့ ပတ်ဝန်းကျင်ဧရိယာကို စစ်ဆေးခဲ့သည်။

‎

‎

‎နယ်မြေရှင်းလင်းရေးအပြီးတွင် တိုက်ခန်းအဆောက်အအုံများဆီသို့ လျှောက်သွားလိုက်ကြသည်။ လမ်းများပေါ်တွင် လှည့်လည်သွားလာနေသော ဇွန်ဘီအရေအတွက်က သူတို့ရဲဲ့ယခင်တိုက်ပွဲတွင် လျော့ကျသွားသောကြောင့် သူတို့ရဲ့စွမ်းအင်များကို ပြန်လည်အားဖြည့်နေချိန်တွင် ကျန်ရှိသောဇွန်ဘီများကိုသတ်ရန်အတွက် သူတို့ရဲ့လေသေနတ်များကိုသာ အသုံးပြုခဲ့ကြသည်။

‎

‎

‎အဆောက်အဦးအတွင်းတွင် ပိတ်မိနေသောဇွန်ဘီများဟာ ပထမမိုးကိုမခံယူခဲ့ကြသောကြောင့် အပြင်တွင်လှည့်လည်သွားလာနေကြသော ဇွန်ဘီများကြောင့် မသန်မာပါ။

‎

‎

‎နေ့ခင်းဘက်အချိန်မှာတော့ သူတို့ဟာ အဆောက်အဦးနှစ်ခုရှိ ဖုတ်ကောင်အားလုံးကို ရှင်းထုတ်ပြီးပါပြီ။ အတော်လေး သန့်ရှင်းတဲ့ တိုက်ခန်းကိုတွေ့ပြီး အနားယူကြတယ်။

‎

‎

‎ကျိူးလီဇီက ကြိုတင်ပြင်ဆင်ထားတဲ့ အစားအစာတွေကိုထုတ်ယူပြီး လူတိုင်းကို ပေးလိုက်တယ်။ ဧည့်ခန်းထဲတွင်ထိုင်ကာ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် နေ့လည်စာစားကြသည်။ ထို့နောက်တော့ သူ့တို့ရဲ့စွမ်းအင်နှင့်သက်လုံကို ပြန်လည်ရရှိရန်အတွက် အမြုတေအချို့ကို စုပ်ယူခဲ့သည်။

‎

‎

‎အဆိုပါတိုက်ခန်းဧရိယာတွင် စုစုပေါင်းအဆောက်အအုံ ခြောက်လုံးရှိပြီး အဆောက်အအုံ ၂ လုံးသာ ရှင်းလင်းခဲ့သည်။ သူတို့ရဲ့ လက်ရှိအရှိန်အဟုန်ဖြင့်ဆိုရင် ဧရိယာတစ်ခုလုံးကို ရှင်းထုတ်ရန်က နှစ်ရက်ကြာသည်။

‎

‎

‎

အခန်း-(၂၃၀)

‎

‎

‎အဆောက်အဦးအတွင်းရှိဇွန်ဘီများက အားနည်းတာကြောင့် ကျင်းရွှီယန်းကအမိန့်ပေးလိုက်တယ် "လူတိုင်းကအဖွဲ့ငါးဖွဲ့ ဖွဲ့လိုက် ၊ အဖွဲ့တစ်ခုစီက အဆောက်အဦးတစ်ခုက ဇွန်ဘီ‌ တွေကို ရှင်းလင်းဖို့ တာဝန်ရှိတယ်။ အာဇီ နှင့် ငါက နောက်ဆုံးတစ်ခုကို ယူလိုက်မည်"

‎

‎

‎"ကပ္ပတိန် ၊ ထောက်ပံ့ရေးပစ္စည်းတွေကိုကော ကျွန်တော်တို့ ယူသွားသင့်လား" ဟု ရှောင်ချီက မေးတယ်။

‎

‎

‎ကျင်းရွှီယမ်းက ခေါင်းယမ်းပြီး "ဒီနေရာက ရွှီချွန်းရဲ့ အခြေစိုက်စခန်းဖြစ်တဲ့အတွက်ကြောင့် ထောက်ပံ့ရေးပစ္စည်းတွေကို မယူသင့်ဘူး။ သူ့အတွက်ပဲ ထားခဲ့လိုက်။ ငါတို့က ဒီမစ်ရှင်ပြီးတာနဲ့ စီးပွားရေးရပ်ကွက်က ပစ္စည်းတွေစုဆောင်းမယ်"

‎

‎

‎အရေးပေါ်အခြေအနေကြောင့် ရှော့ပင်းစင်တာမှ ရိက္ခာများကိုသာ စုဆောင်းခဲ့ကြသည်။စီးပွားရေးရပ်ကွက်ရဲ့ ကျန်တဲ့ နေရာတွေကို မစူးစမ်းဘဲ၊ အဲဒီကနေ ဘာကိုမှ ပြန်မယူလာရင် အားလုံးကအမှိုက်ဖြစ်သွားလိမ့်မယ်။ ထို့ကြောင့် ကျင်းရွှီယန်းက မစ်ရှင်ပြီးတာနှင့် ပြန်သွားရန် စီစဉ်ခဲ့သည်။

‎

‎

‎နေ့လယ်စာ စားပြီး၊ အနားယူပြီးနောက်တွင် အဖွဲ့လေးဖွဲ့ခွဲကာ ကျန်ရှိသော အဆောက်အအုံများကို စတင်ရှင်းလင်းကြသည်။ရှင်းလင်းပြီးတဲ့အခါမှာတော့ နေက အနောက်ဘက်ကို စောင်းနေပါပြီ။

‎

‎

‎ထိုအချိန်တွင် ကျိူးလီဇီ နှင့် ကျင်းရွှီယန်းတို့ကလည်း သူတို့နဲ့သက်ဆိုင်တဲ့တိုက်ကို ရှင်းလင်းပြီးသွားတာကြောင့် အခြားသူများကို ကွင်းထဲတွင်စောင့်နေကြသည်။ သူမရဲ့ နေရာလွတ်က ကားများကိုယူထုတ်လိုက်ပြီး ခရီးသည်ထိုင်ခုံတွင်ထိုင်ကာ အစပ်ချောင်းကို အသံမြည်အောင်စားနေတယ်။

‎

‎

‎စောစောက သူမစုဆောင်းထားတဲ့ ရိက္ခာနဲ့ပစ္စည်းတွေအကြောင်းတွေးရင်း ခေါင်းကိုလှည့်ကာ "အစ်ကိုယန်း တကယ်ကို စခန်းမဆောက်ဘူးလား"လို့ ထပ်မေးတယ်။

‎

‎

ထိုစကားကိုကြားသောအခါတွင် ‎ကျင်းရွှီယန်းက မြေပုံကို စစ်ဆေးနေသည်။ သူ့ချစ်သူကိုကြည့်ဖို့ ခေါင်းကိုမော့ပြီး "အာဇီက ကိုယ့်ကိုစခန်းဆောက်စေချင်လား" လို့ မေးလိုက်တယ်။

‎

‎

‎ကျိုးလီဇီက ခေါင်းမခါခင် ခဏလောက်စဉ်းစားလိုက်တယ်။ "ရွှီချွန်းရဲ့ အခြေစိုက်စခန်းအခြေအနေကို မြင်ရသလောက်ဆို စခန်းတစ်ခုကိုစီမံခန့်ခွဲဖို့က အရမ်းခက်ခဲတယ်ဆိုတာ သိတယ်။ အခြေစိုက်စခန်းမဆောက်တာက အကောင်းဆုံးပဲ"

‎

‎

‎သူမရဲ့စကားတွေကိုကြားတော့ ကျင်းရွှီယန်းကရယ်ပြီး "ကောင်းပြီ" လို့ ပြောလိုက်တယ်။

‎

‎

‎ခဏလောက် တိတ်ဆိတ်နေပြီးနောက်မှ ကျိူးလီဇီက "အစ်ကိုယန်း ကျွန်မတို့မှာက ဆိုလာပြားနဲ့ မီးစက်တွေ အများကြီး စုဆောင်းထားပြီးပြီ၊ ဗိုလ်ကြီးရွှီကိုပေးသင့်လား"

‎

‎

‎

‎ကျင်းရွှီယန်းက " သူ ဒီအခြေစိုက်စခန်းဆောက်တာကို မင်ူက ကူညီချင်တာလား" မမေးခင် ခဏလောက်စဉ်းစားလိုက်တယ်။

‎

‎

‎“တကယ်တော့ မလုပ်ချင်ပါဘူး” လို့ ပြန်ပြောတယ် “ဒါပေမယ့် သူသာ ပိုကောင်းတဲ့စခန်းတစ်ခုကို ဆောက်နိုင်ရင် ဒုတိယမိုးတွင်းမှာ လူတွေကို ပိုကယ်နိုင်လိမ့်မယ်” လို့ ပြန်ဖြေလိုက်တယ်။

‎

‎

‎"ဒီလိုနည်းနဲ့ဆို လူနည်းနည်းကပဲ ဇွန်ဘီတွေဖြစ်သွားလိမ့်မယ်။ ပြီးတော့ ဒီမြို့မှာသာ အခြေစိုက်စခန်းတစ်ခုရှိလညရင် ဖုတ်ကောင်မြို့ဖြစ်လာမှာ မဟုတ်တော့ဘူး" ဟု သူမက ထပ်လောင်းပြောသည်။

‎

‎

‎သူတို့နှစ်ယောက်စလုံးရဲ့အတိတ်ဘဝမှာ ဇွန်ဘီအုပ်စုတွေ ဒီလောက်များလာရတဲ့ အကြောင်းရင်းက ဒုတိယအကြိမ် မိုးရွာတဲ့အချိန်မှာ အသက်ရှင်ကျန်ရစ်သူ ၇၀% ကျော်က ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားလို့ဆိုတာကို သိကြပါတယ်။

‎

‎

‎ကျန်ရှိသောလူသားများကို ဇွန်ဘီများစွာက တိုက်ခိုက်ခြင်းနှင့်အတူ လူသားမျိုးနွယ်ဟာ အစာကွင်းဆက်ရဲ့အောက်ခြေသို့ ကျဆင်းသွားခဲ့သည်။

‎

‎

‎အခြေစိုက်စခန်းများတည်ဆောက်ရန်လုံလောက်သော လူအင်အားနှင့် စစ်သည်များ သို့မဟုတ် ပြန်လည်တိုက်ခိုက်ရန် စွမ်းရည်အသုံးပြုသူများမရှိလျှင် ရှင်သန်ရန်က မဖြစ်နိုင်လုနီးပါး ဖြစ်လာခဲ့သည်။

‎

‎

‎ထို့ကြောင့် သူမထင်လိုက်တာက လင်အန်းမြို့ကို ဇွန်ဘီမြို့ဖြစ်လာခြင်းမှတားဆီးနိုင်လျှင် ၎င်းက လူသားမျိုးနွယ်ရဲ့ ရှင်သန်ရန်အခွင့်အလမ်းကို တိုးလာစေနိုင်သည်။

‎

‎

‎ဤပြောင်းလဲမှုက အမှန်တကယ်အထောက်အကူဖြစ်မဖြစ်ကို မသေချာသော်လည်း သူမက ကြိုးစားချင်ပါတယ်။ ဇွန်ဘီအုပ်ထဲတွင် သေဆုံးရသည့်ဝေဒနာက အလွန်ကြောက်စရာကောင်းပြီး သူမကတော့ ဒီခံစားချက်မျိူးကို ထပ်မံမခံစားချင်တော့ပါ။

‎

‎

‎ကျင်းရွှီယန်းက သူ့ချစ်သူရဲ့အမူအရာကို အနီးကပ် စောင့်ကြည့်နေခဲ့တယ်။ သူမရဲ့ မျက်လုံးများထဲက နာကျင်နေသည့် အရိပ်အယောင်ကို သတိပြုမိလိုက်သောအခါတွင် လက်သီးများကိုဆုပ်ထားကာ သူမလက်ကို လှမ်းကိုင်လိုက်တယ်။

‎

‎

‎သူ့တို့ရဲ့လက်ချောင်းတွေကို ယှက်ထားရင်း "အာဇီ စိတ်မပူနဲ့။ မင်းလုပ်ချင်တာကို လုပ်လိုက်။ ကိုယ့်နဲ့ဆိုရင် မင်းကို ဘယ်သူ့ကမှ ထပ်နာကျင်အောင် မလုပ်နိုင်ဘူး" လို့ပြောလိုက်တယ်။

‎

‎

‎သူ့ရဲ့လက်ဖဝါးမှ နွေးထွေးမှုကိုခံစားလိုက်ရသဖြင့် ကျိူးလီဇီ ရဲ့အတွေးများက နောက်ပြန်ဆုတ်သွားခဲ့သည်။ သူမက သူ့ကိုကြည့်ကာ "ကောင်းပြီ" ဟု အပြုံးဖြင့် ပြန်ဖြေသည်။

‎

‎

အစပ်ချောင်းတွေ စားလို့ပြီးသွားတာနှင့်တပြိုင်နက် ကျန်အဖွဲ့ဝင်များလည်း တိုက်ခန်းအဆောက်အဦးတွေဆီမှ ထွက်လာကြတယ်။ ဇွန်ဘီများရှင်းလင်းနေစဉ်အတွင်းတွင် သူတို့က စွမ်းရည်များကိုအသုံးမပြုဘဲ အဆောက်အဦးများပျက်စီးမည်ကို စိုးရိမ်သောကြောင့် သူတို့ရဲ့သေနတ်များနှင့် ဓါးများကိုသာအားကိုးခဲ့ကြသည်။

‎

‎

‎

‎သူတို့ရဲ့ကပ္ပတိန်နဲ့ ခယ်မတို့ စောင့်နေပြီဆိုတာကို မြင်တော့ ကျန်းယွမ်က သတင်းပို့တယ်"ကပ္ပတိန်၊ အဆောက်အအုံတွေကို ကျွန်တာ်တို့ စစ်ဆေးပြီးပြီ။ အားလုံးလည်းရှင်းသွားပြီ"

‎

‎

‎ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး " ကျန်း ၊ ဝိန့်မို၊ဝိန့်ခိုင် နံရံတွေကို သွားပြီးအားဖြည့်ပါ " လို့ပြောလိုက်တယ်။

‎

‎

‎“နားလည်ပါပြီ” လို့ သူတို့သုံးယောက်က တစ်ဖက်ခြမ်းကို မသွားခင် ပြန်ဖြေတယ်။

‎

‎

‎တိုက်ခန်းအဆောက်အဦးရဲ့ပတ်ပတ်လည်တွင် ခြံဝင်းတွေခြားရန် မူလကဆောက်ထားသည့် နံရံတစ်ခုရှိသည်။ သို့သော် ၎င်းက ဆယ်စင်တီမီတာအောက် အထူရှိပြီး တစ်မီတာခွဲခန့်သာ မြင့်သည်။

‎

‎

‎ဤသည်က ငြိမ်းချမ်းသောကာလတွင်တော့ ကျူးကျော်သူများကို ဟန့်တားနိုင်သော်လည်း ဇွန်ဘီများအတွက်တော့ လက်တွေ့အားဖြင့် အသုံးမဝင်ပေ။

‎

‎

‎အဖွဲ့ရဲ့ တစ်ဦးတည်းသော မြေအမျိုးအစား စွမ်းရည်အသုံးပြုသူအနေနဲ့ ကျန်းယွမ်ဟာ နံရံရဲ့ အမြင့်နှင့်အထူကို တိုးမြှင့်နိုင်ဖို့ ပိုကြိုးစားခဲ့ရတယ်။ သူ့ရဲ့စွမ်းအင်တွေ ကုန်သွားတဲ့အခါကြရင် ပြန်လည်ကောင်းမွန်လာဖို့အတွက် အမြုတေတွေကို စုပ်ယူခဲ့တယ်။

‎

‎

‎ဤအတိုင်းပကေ သူထပ်ခါထပ်ခါလုပ်နေချိန်တွင် ဝိန့် ညီအစ်ကိုများက နံရံထိပ်တစ်လျှောက်မှာ သံချွန်တွေတပ်ဆင်ပြီး၊ နံရံအပြင်ဘက်စွန်းတစ်လျှောက်မှာလည်း သံစူးတွေ တပ်ထားလိုက်ကြတယ်။

‎

‎

‎သံစူးတစ်ခုစီဟာ အလျား ၄၀ စင်တီမီတာ၊ အချင်း ၁၀ စင်တီမီတာရှိပြီး ပါးလွှာ၊ ချွန်ထက်ပြီး သေစေနိုင်သည်။ နေရောင်အောက်က သံစူးတွေရဲ့ တောက်ပမှုဟာ ခြိမ်းခြောက်နေသလိုပါပဲ။

‎

‎သူတို့သုံးယောက်က ဇွဲလုံ့လရှိသောပျားများကဲ့သို့ အလုပ်လုပ်နေချိန်တွင် ကျန်သော နတ်ဆိုးအဖွဲ့သားများကတော့ ညစာပြင်ဆင် နေကြတယ်။

‎

‎

‎နေဝင်ခါနီးပြီမို့ ပြန်မသွားခင်မှာ ထမင်းစားဖို့ ကြံစည်လိုက်ကြတယ်။ နံရံကို ခိုင်ခံ့အောင်ပြုပြင်ထားသောကြောင့် အတွင်းပိုင်းသည် ယခုအခါတွင်တော့ အခြေစိုက်စခန်းတစ်ခုအဖြစ် လုံခြုံသွားပြီဖြစ်သည်။

‎

‎

‎တစ်ချိန်တည်းမှာပဲ ရွှီချွန်းဟာလည်း ဂိုဒေါင်အဖြစ်သတ်မှတ်ထားသောအိမ်များကို သန့်ရှင်းရေးလုပ်ဖို့ကြီးကြပ်ရင်း အလုပ်များနေသည်။ မနက်ခင်းတုန်းကတော့ သူ့အဖွဲ့နဲ့ အစည်းအဝေးတွေတက်ပြီး လူတွေကို စုဆောင်းတယ်။

‎

‎

အခြေစိုက်စခန်းတစ်ခုတည်ဆောက်ပြီး‎ လုပ်ငန်းလည်ပတ်ရန်အတွက်က သူတို့ဆီမှာ အင်ဂျင်နီယာများသာလိုအပ်တာမဟုတ်ပါ။ ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးဝါးကျွမ်းကျင်သူများကဲ့သို့သော ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများလည်းလိုအပ်ပါသည်။

‎

‎

‎ထို့အပြင် ကြီးကြီးမားမားအလုပ်များအတွက်လည်း သုတေသီများ၊ အုပ်ချုပ်ရေးဝန်ထမ်းများ၊ စားဖိုမှူးများ၊ အလုပ်သမားများ လိုအပ်နေပါသည်။ စခန်းအတွက် လူစုဆောင်းရေးတာဝန်ကိုလည်း ဂရုတစိုက် ထည့်သွင်းစဉ်းစားရန်လည်း လိုအပ်ပါသေးသည်။

‎

‎

‎ထို့အပြင် အမှတ်စနစ်အတွက် စည်းမျဉ်းများကို ချမှတ်ကာ မစ်ရှင်များကို မည်ကဲ့သို့ တာဝန်ပေးအပ်မည်ကို သတ်မှတ်ရန် လိုအပ်နေသေးသည်။ အခြေစိုက်စခန်းအတွင်းက လုံခြုံရေးနှင့် စည်းမျဥ်းစည်းကမ်းများကို ထိန်းသိမ်းရန်အတွက် အစောင့်အကြပ်အဖွဲ့ကိုလည်း ဖွဲ့စည်းရန်လိုအပ်သည်။ ဥပဒေနှင့် ပြစ်ဒဏ်များကို ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ရအုံးမည်ဖြစ်သည်။

‎

‎

‎ဤအခြေခံကျသောကိစ္စများကို ကိုင်တွယ်ရုံမျှဖြင့် အဖွဲ့ဟာ အစည်းအဝေးခန်းအတွင်းတွငမ နာရီပေါင်းများစွာ အချိန်ဖြုန်းနေရသဖြင့် တစ်နေ့လုံးကုန်သွားပါတယ်။

‎

‎

အခန်း-(၂၃၁)

‎ဤအချိန်တွင် ရွှီချွန်းက လမ်းအတားအဆီးတစ်ခုပေါ်တွင်ထိုင်ကာ စစ်သားများ အိမ်များကိုရှင်းလင်းနေတာကိုကြည့်ရင်း အလိုအလျောက်အပူပေးသည့် ထမင်းဘူးကို စားနေသည်။ ထမင်းဘူးကို ဂိုဒေါင်မှ ယူဆောင်လာခဲ့ခြင်းဖြစ်သည်။

‎

‎

‎ထိုနံနက်တွင် ကျင်းရွှီယန်းဆီက ဂိုဒေါင်ဆယ်လုံး ထပ်မံတောင်းဆိုမှုအကြောင်း အစီရင်ခံစာကိုရရှိသောအခါ သူအံ့အားသင့်သွားခဲ့တယ်။ သူရဲ့တွက်ချက်မှုအရဆို သူတို့ယူဆောင်လာသော ထောက်ပံ့ရေးပစ္စည်းများမှာ ဂိုဒေါင်ခုနစ်ခု သို့မဟုတ် ရှစ်ခုသာ ပြည့်နိုင်သည်။

‎

‎

‎သူက အစည်းအဝေးတစ်ခုတွင် ရှိနေသောကြောင့် စစ်သားများအား လူသူကင်းမဲ့နေသော အိမ်များကိုရှင်းလင်းရန် ခွင့်ပြုလိုက်ခြင်းသာ ဖြစ်သည်။ ယခုတွင်တော့ အချိန်အနည်းငယ်ရသောကြောင့် သူကိုယ်တိုင် ဂိုဒေါင်များကို စစ်ဆေးရန်လာခဲ့သည်။

‎

‎

‎သူ ပထမဆုံးဂိုဒေါင်တံခါးကို ဖွင့်လိုက်တာနဲ့ အခန်းတစ်ခုလုံးမှာ ပြည့်နေတာကိုတွေ့လိုက်ရတယ်။ လျှောက်ရမယ့် ၃၀ စင်တီမီတာ အကျယ်ရှိတဲ့ လမ်းကလွဲရင် နေရာတစ်ခုလုံးမှာ သေတ္တာတွေ၊ အိတ်တွေနဲ့ ပြည့်နှက်နေတယ်။

‎

‎

‎သူက ဂိုဒေါင်များကို တစ်ခုပြီးတစ်ခုစစ်ဆေးလိုက်ပြီး နောက်ဆုံးတစ်ခုသို့ ရောက်ရှိသောအခါတွင် ဆေးဝါးများ၊ ကလေးနို့မှုန့်၊ အလိုအလျောက်အပူပေးသည့် အစားအစာနှင့် ဘီစကွတ်များပြည့်နေတာကို တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်သွားတယ်။

‎

‎

‎ဒီကနေ့မှာတော့ နတ်ဆိုးအဖွဲ့ဟာ ဈေးဝယ်စင်တာမှာတွေ့ရှိခဲ့တဲ့ ပစ္စည်းတွေကိုသာမကဘဲ အစောပိုင်းက စုဆောင်းထားတဲ့ ပစ္စည်းတွေကိုပါ သူ့ကိုပေးခဲ့တယ်ဆိုတာ သူသဘောပေါက်သွားတယ်။

‎

‎

‎ထမင်းစားပြီးတဲ့အခါမှ ရွှီချွန်းက ထရပ်ပြီး "အားလုံးပဲ ခဏနားပြီး ညစာစားလိုက်ကြ။ ဂိုဒေါင်ထဲက အလိုအလျောက် အပူပေးတဲ့ ထမင်းဘူးနဲ့ ရေသန့်တွေ သွားယူလိုက်။ ငါတို့မှာက လုပ်စရာအလုပ်တွေ အများကြီးရှိသေးတယ်၊ ဒါကြောင့် ကောင်းကောင်းစားပြီး စွမ်းအင်တွေ ပြန်ဖြည့်လိုက်ကြ" လို့ ပြောလိုက်တယ်။

‎

‎

‎စစ်သားများသည် ဤစကားကိုကြားသောအခါ သူတို့ရဲ့အလုပ်‌တွေကိုရပ်ပြီး "ကျေးဇူးတင်ပါတယ် ဗိုလ်ကြီး" ဟု တစ်ပြိုင်နက်တည်း ပြန်ဖြေကြတယ်။

‎

‎

‎မနက်ဖြန်အတွက် လူတိုင်းမှာ မျှော်လင့်ချက်အပြည့်ရှိနေချိန်တွင် ပိုင်ရီကျီး နှင့်သူ့အဖွဲ့ကတော့ လက်ရှိတွင် ထိတ်လန့်တုန်လှုပ်နေကြသည်။

‎

‎

‎ဒီအချိန်မှာပဲ ကားတွေ၊ ထရပ်ကားတွေအပြည့်နဲ့ အသက်ရှင်ကျန်ရစ်တွေဟာ သူတို့နောက်ကို လိုက်လာကြတယ်။ သူတို့နောက်မှာတော့ ဇွန်ဘီအုပ်စုကြီးတစ်အုပ် ပါလာတယ်။ လမ်းက အခြေအနေမကောင်းတာကြောင့် ဇွန်ဘီတွေကို ဖယ်ထုတ်နိုင်လောက်အောင်ထိ မြန်မြန်မမောင်းနိုင်ကြဘူး။

‎

‎

‎နေမင်းက အနောက်ဘက် မိုးကုပ်စက်ဝိုင်းသို့ နိမ့်ဆင်းသွားပြီး ပိုင်ရီကျီးကတော့ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုရင်းနဲ့ အနီးနားရှိသုံးထပ်အဆောက်အအုံဆီသို့ ကားကို မောင်းနှင်သွားခဲ့သည်။ ကားရပ်လိုက်တာနှင့် သူသည် ကားပေါ်မှခုန်ဆင်းပြီး ဝိန့်မိုပေးသောဓားမြှောင်ကို ဆွဲထုတ်လိုက်တယ်။

‎

‎

‎မကြာခင်မှာပဲ လီယောင်နဲ့ လိုက်ပါလာတဲ့အဖွဲ့တွေလည်း ကားရပ်ပြီး သူတို့ရဲ့ကားတွေကနေ မြန်မြန်ဆင်းလာကြတယ်။

‎

‎

ပိုင်ရိီကျီးက ‎အချိန်မဖြုန်းဘဲ သူ့ဓားကိုဝှေ့ယမ်းကာ အဆောက်အဦးဝင်ပေါက်ရှိ သော့ခလောက်များကို ဖျက်စီးလိုက်သည်။ တံခါးကိုတွန်းဖွင့်လိုက်သည်နှင့် ဇွန်ဘီနှစ်ကောင်က သူ့ဆီသို့ ပြေးဝင်လာကြတယ်။

‎

‎

‎"ရားးး"

‎

‎

‎ကမ္ဘာပျက်ကပ်စတင်ကတည်းက မရေမတွက်နိုင်သော ဇွန်ဘီများနှင့် တိုက်ခိုက်ခဲ့ပြီးနောက်တွင် ပိုင်ရီကျီးဟာ ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ တုန်လှုပ်ခြင်းမရှိဘဲ သူရဲ့ဓားမြှောင်ကို တည်ငြိမ်စွာလှုပ်ရှားကာ ဇွန်ဘီနှစ်ကောင်လုံးကို ခေါင်းဖြတ်လိုက်တယ်။

‎

‎

‎" ဒုန်းး"

‎

‎

‎ရုတ်တရက်ကြီး အနောက်ကနေ နောက်ထပ် ဇွန်ဘီတစ်ကောင်ပေါ်လာတယ်။ ပိုင်ရီကျီးက ဇွန်ဘီကို မြန်မြန်ကန်ထုတ်လိုက်တယ်။ ပြန်မထနိုင်ခင်မှာပဲ လီယောင်က အပြေးအလွှားလာပြီး တစ်ချက်တည်းနဲ့ ဇွန်ဘီရဲ့ခေါင်းကို ထိုးချေလိုက်တယ်။

‎

‎

‎လိုက်ပါလာသောအဖွဲ့ဝင်များဟာ ထိတ်လန့်တုန်လှုပ်သွားပြီး သူတို့နှစ်ယောက်က ဇွန်ဘီများကို မည်မျှတည်ငြိမ်စွာနှင့် ထိရောက်စွာ နှိမ်နင်းခဲ့သည်ကိုတွေ့ပြီးလည်း အံ့အားသင့်သွားကြသည်။ သူတို့ တုံ့ပြန်နိုင်ခြင်းမပြုမီတွင်ပဲ ကားများနှင့် ထရပ်ကားများက အပြင်ဘက်တွင်ရပ်ပြီး အသက်ရှင်ကျန်ရစ်သူအုပ်စုတစ်စုက ထိတ်လန့်တကြားဖြင့် အဆောက်အအုံထဲသို့ ပြေးဝင်လာကြသည်။

‎

‎

‎ဒါကိုမြင်တော့ ပိုင်ရီကျီးက သူတို့ကို လျစ်လျူရှုပြီး "တံခါးပိတ်ပြီး ပိတ်ဆို့ထားလိုက်။ ဟန်ဂျီယင်း၊ မြောင်မြောင်၊ ပြတင်းပေါက်တွေကို စစ်ဆေးလိုက်။ လီယောင် ငါနဲ့အတူ ဖုတ်ကောင်တွေ ရှိမရှိ စစ်ဆေးဖို့လိုက်ခဲ့" လို့ ပြောလိုက်တယ်။

‎

‎

‎အတွေးများကရပ်တန့်သွားပြီး လိုက်ပါလာသော အဖွဲ့ဟာ တံခါးကိုပိတ်ပြီး အထဲမှပိတ်ဆို့လိုက်ကြသည်။ ဝင်ပေါက်ကို ပိတ်ဆို့ရန်အတွက် စားပွဲများနှင့် ထိုင်ခုံများကို စီထားကြသည်။

‎

‎

သူတို့ကို ‎ဇွန်ဘီတွေက အနံ့ခံမိသွားမှာစိုးရိမ်တဲ့အတွက် သူတို့တွေ့ရှိခဲ့တဲ့ ကော်တိပ်နဲ့ တံခါးတွေ ၊ ပြတင်းပေါက်တွေတဝိုက်က အပေါက်တွေအားလုံးကို ပိတ်လိုက်ကြပါတယ်။

‎

‎

‎ကျန်ရှိနေတဲ့ ဇွန်ဘီတွေကိုရှင်းလင်းပြီး အဆောက်အဦးကို ပိတ်ဆို့ပြီးတာနဲ့ ဇွန်ဘီတွေရဲ့ဟောက်သံတွေ ပိုကျယ်လောင်လာတာကို ကြားလိုက်ရတယ်။

‎

‎

‎"ကုလားကာတွေပိတ်ပြီး တိတ်တိတ်နေကြ" ဟု ပိုင်ရီကျီးက တိုးတိုးလေးပြောလိုက်တယ်။

‎

‎

‎လိုက်ပါလာသောအဖွဲ့ကလည်း ကုလားကာများကို အလျင်အမြန်ဆွဲချပြီး ထောင့်ဆီသို့ဆုတ်သွားကြတယ်။ သူတို့နောက်ကိုလိုက်လာတဲ့ အသက်ရှင်ကျန်ရစ်သူအုပ်စုကတော့ ပုန်းအောင်းနေကြသည်။

‎

‎

‎မကြာမီတွင်ပဲမြေကြီးက တုန်ခါလာခဲ့ပြီး၊ ချည်းကပ်လာနေသော ဇွန်ဘီတို့ရဲ့ မိုးကြိုးပစ်သံကဲ့သို့ဟိန်းဟောက်သံများလည်း ထွက်ပေါ်လာခဲ့သည်။ အမှောင်ထုအတွင်းတွင် ပုန်းခိုနေကြပြ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အသက်ပင် ကျယ်ကျယ်ရှူဝံ့ကြသည် မရှိချေ။

‎

‎

‎လိုက်ပါပို့ဆောင်ရေးအဖွဲ့ဟာ လေ့ကျင့်ထားတဲ့ စစ်သားတွေ မဟုတ်ပါဘူး။ သူတို့ဟာ ပိုင်မိသားစုက စုဆောင်းထားတဲ့ စွမ်းရည်အသုံးပြုသူတွေပါ။ ဒီမစ်ရှင်ကို သူတို့ ပထမဆုံးလက်ခံတုန်းကတော့ သခင်လေးကို အိမ်ပြန်လိုက်ပို့ရုံနဲ့ လွယ်ကူလိမ့်မယ်လို့ ထင်ခဲ့ကြတယ်။

‎

‎

‎သူတို့က သူ့ကိုချော့မော့ပြီး သူ့ရဲ့ဘက်မှာ ရှိနေသရွေ့ သူတို့ပြန်သွားရင် အစားအစာ ဒါမှမဟုတ် ရေအတွက် စိတ်ပူစရာမလိုတော့ဘူးလို့ တွေးခဲ့တယ်။ အခုတော့ အထဲမှာ ပိတ်မိနေပြီး အပြင်မှာတော့ ဇွန်ဘီအုပ်ကြီးရှိနေတယ်။ အဲဒီဆုံးဖြတ်ချက်အတွက် ခါးသီးစွာ နောင်တရနေကြတယ်။

‎

‎

‎သူတို့ရဲ့အတွေးတွေကို မသိလိုက်ဘဲ ပိုင်ရီကျီးကတော့ သူ့ကျောပိုးအိတ်ထဲက ရေဘူးတစ်ဘူးကို ဆွဲထုတ်ပြီး တစ်ငုံသောက်လိုက်တယ်။ သူ့အကြည့်က လိုက်ပါလာတဲ့ အဖွဲ့တွေဆီ ရောက်သွားပြီးနောက်မှ ဟန်ဂျီယင်းဆီ ရောက်သွားသည်။

‎

‎

ဟန်ဂျီယင်းဆီမှာ တစ်ခုခုထူးခြားနေတာကို ‎မနေ့မနက်ကတည်းက သူသတိထားမိတယ်။ သူ့ပုံစံက ပုံမှန်ထက် ပိုဖြူဖျော့ပြီး အားနည်းနေပုံရတယ်။

‎

‎

‎အစပိုင်းမှာတော့ သူကပင်ပန်းနေပြီး ခဏနားပြီးရင် ပြန်ကောင်းလာမယ်လို့ပဲ ပိုင်ရီကျီးကထင်ခဲ့တယ်။ ဒါပေမယ့် သူတို့ အဆောက်အဦးထဲကိုဝင်လာတဲ့အခါမှာ ဟန်ဂျီယင်းက သူ့ရဲ့ဘယ်ဘက်ခါးကို ဆုပ်ကိုင်ထားတာကို တွေ့လိုက်ရတယ်။

‎

‎

‎ပိုင်ရိီကျီးက မျက်လုံးများကို မှေးစင်း၍ အနီးကပ်ကြည့်လိုက်တယ်။

‎

‎

‎ဟန်ဂျီယင်းရဲ့မျက်လုံးအောက်က မျက်ကွင်းညိုတွေက ပိုနက်ရှိုင်းလာပြီး သူ့မျက်လုံးတွေက အသက်မဲ့နေကာ သေနေတဲ့ငါးတွေလိုပဲ။ ပိုင်ရီကျီးသာ သေချာမကြည့်ခဲ့ရင် သူတို့အပေါ်မှာ အဖြူရောင်အမြှေးပါးတွေ ဖြစ်ပေါ်လာတာကို သူသတိမထားမိလောက်ဘူး။

‎

‎

‎သူတိတ်ဆိတ်စွာ သူ့ကိုစောင့်ကြည့်နေတာကို ဒေါသနဲ့ အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ ဟန်ဂျီယင်းကတော့

မသိလိုက်ပါဘူး။ သူက ခေါင်းကိုငုံ့ထားပြီး ဒဏ်ရာရနေတဲ့ ခါးပေါ်မှာ လက်တင်ထားလိုက်တယ်။

‎

‎

‎"ငါ သူမကို သတ်ပစ်လိုက်သင့်တယ်" ဟု သူက ဒေါသတကြီး တွေးလိုက်တယ်။

‎

‎

‎သူတို့ အသက်ရှင်ကျန်ရစ်သူများစခန်းမှ မထွက်ခွာမီတွင် ဟန်ဂျီယင်းက တက္ကသိုလ်မှ စီနီယာအမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ပိုင်ရီကျီးရဲ့အဖွဲ့တွင် ပါဝင်ရခြင်းက သူမကို အထင်ကြီးစေမည်ဟု ယုံကြည်သောကြောင့် သူသာစိတ်ဝင်စားမှုပြလိုက်ရင် သူမက သူနှင့်အတူလက်တွဲရန် သဘောတူလိမ့်မည်ဟု သူထင်ခဲ့သည်။

‎

‎

‎ဒါပေမယ့် သူ့ရဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်ကို အသိအမှတ်ပြုမယ့်အစား သူမက တွန့်ဆုတ်ခြင်းမရှိစွာငြင်းပယ်ခဲ့ပြီး ဇွန်ဘီသွေးစွန်းနေတဲ့ဓားနဲ့တောင် တိုက်ခိုက်ခဲ့တယ်။

‎

‎

‎သူ့ရဲ့ခါးမှာ သူမရဲ့ဓားနဲ့အထိုးခံလိုက်ရတာနဲ့ ဇွန်ဘီတစ်ကောင်ဖြစ်သွားမှာကို သူကြောက်နေခဲ့တယ်။ ဒါပေမယ့် ညကိုကျော်ဖြတ်ပြီးနောက်မှာတောင် ပုံစံမပြောင်းသွားတာ‌ကြောင့် စိတ်သက်သာရာရသွားသည်။

All Chapters