← Chapters

အခန်း (၂၃၅-၂၃၇)

Vol. 16 Ch. 235-237

အခန်း (၂၃၅-၂၃၇)

Vol. 16 Ch. 235-237

အခန်း-(၂၃၅)

‎

‎အသက်ရှင်ကျန်ရစ်သူများ မြင်တွေ့ခဲ့ရသည့်အရာက သူတို့ရဲ့သွေးများကို အေးစက်သွားစေခဲ့သည်။ ဇွန်ဘီအုပ်က အသက်ရှိသောပင်လယ်ကဲ့သို့ကျယ်ပြန်ပြီး လမ်းများကိုလည်း အရပ်မျက်နှာအားလုံးမှပိတ်ဆို့ထားကာ သူတို့ကို ပိတ်လှောင်ထားသည်။ အမျိုးသမီးတစ်ဦးကတော့ ကြောက်ရွံ့မှုကိုဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်ကျကာ "ကျွန်မ မသေချင်ဘူး" ဟု အော်ဟစ်လိုက်တယ်။

‎

‎

‎သူမရဲ့အော်သံကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ ချူကျိမြောင်က လျှောက်လာပြီး လက်ကိုမြှောက်လိုက်တယ်။

‎

‎

‎" ဖြန်းး"

‎

‎

‎ပါးရိုက်သံက ဧရိယာတစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီး အမျိုးသမီးကိုအံ့အားသင့်သွားစေကာ ကျန်လူအားလုံးကိုလည်း တိတ်ဆိတ်သွားစေခဲ့သည်။ သူမရှေ့မှာရပ်နေတဲ့ ချူကျိမြောင်က မျက်စောင်းထိုးပြီး အေးစက်စက်ပြောလိုက်တယ်၊ " ထပ်အော်ရဲရင် ငါကိုယ်တိုင် မင်းကိုသတ်မယ်"

‎

‎

‎သူမရဲ့ခြိမ်းခြောက်မှုကြောင့် ကျယ်လောင်တဲ့ငိုသံတွေက ရပ်တန့်သွားပါတယ်။ ထိတ်လန့်တကြားငိုကြွေးနေကြတဲ့ တခြားအသက်ရှင်ကျန်ရစ်သူတွေဟာလည်း ပါးစပ်ကိုအမြန်ပိတ်ပြီး အသံတွေကိုထိန်းထားဖို့ မျက်ရည်တွေနဲ့ရုန်းကန်နေကြရတယ်။

‎

‎

‎ခဏတာ ငြိမ်သက်သွားပြီးနောက်တော့မှ ချူကျိမြောင်က ထပ်ပြောလိုက်တယ် "အော်ဟစ်ငိုယိုနေရုံနဲ့ အသုံးမဝင်ဘူး။ ဒါက မင်းရဲ့စွမ်းအင်တွေကို ကုန်ခမ်းစေပြီး ဇွန်ဘီတွေကိုပဲ ပိုဆွဲဆောင်မိလိမ့်မယ်။ အဲဒါက ဘယ်သူ့ကိုမှ အထောက်အကူမပြုဘူး"

‎

‎

‎သူမကထိုင်ချလိုက်ပြီး အမျိုးသမီးနှင့် မျက်လုံးချင်းဆုံကာ ခိုင်မာစွာပြောလိုက်တယ် "မသေချင်ရင် မတ်တပ်ရပ်ပြီး တိုက်ပွဲဝင်လ်ိုက်။ လက်မလျှော့သရွေ့ ရှင်သန်ဖို့ အခွင့်အရေးရှိပါသေးတယ်"

‎

‎

‎အမျိုးသမီးက တိုးတိုးလေး ပြန်မေးတယ် "ပြေးဖို့တောင် ခွန်အားမရှိတာ ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်မှာလဲ"

‎

‎

‎ချူကျိမြောင်က သူမရဲ့ ခြောက်သွေ့ကွဲအက်နေတဲ့နှုတ်ခမ်းတွေကို သတိထားမိလိုက်ပြီး "ရေနည်းနည်းတိုက်မယ်။ ပြီးရင် ထွက်ပြေးဖို့ နည်းလမ်းရှာကြမယ်" လို့ ပြောလိုက်တယ်။

‎

‎

‎အသက်ရှင်ကျန်ရစ်သူများရဲ့ မျက်လုံးများဟာ မျှော်လင့်ချက်ရောင်ခြည်များဖြင့် တောက်ပလာခဲ့သည်။ သူမရဲ့စကားများကြောင့် အားတက်သွားကြပြီး ရေထည့်ဖို့ အသုံးပြုနိုင်တဲ့ မည်သည့်အရာကိုမဆို အလျင်အမြန်ရှာဖွေကြသည်။

‎

‎

‎ချူကျိမြောင်က လူတိုင်းကို ရေတစ်ယောက်တစ်ခွက်စီဝေငှပေးလိုက်တယ်။ ပြီးသည်နှင့် လီယောင် နှင့် ပိုင်ရီကျီးတို့ထံသို့ လျှောက်သွားသည်။

‎

‎

‎သူမပြန်လာတာကိုမြင်တော့ လီယောင်က စိုးရိမ်တကြီးမေးလိုက်တယ် "မြောင်မြောင် မင်းအဆင်ပြေရဲ့လား"

‎

‎

‎ချူကျိမြောင်က ခေါင်းညိတ်ပြီး "စိတ်မပူပါနဲ့။ ငါ့ စွမ်းအင်ရဲ့ ၁၀% လောက်ပဲ သုံးခဲ့တယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတွက်ရရင် အနည်းဆုံးတော့ ရေ ၅၀၀ လီတာ ထုတ်နိုင်မယ်လို့ ထင်တယ်" လို့ ပြန်ဖြေသည်။

‎

‎

လီယောင်က ‎သူမကိုခေါင်းညိတ်ပြပြီး ဘာမှမပြောတော့ဘဲ အိမ်ခေါင်မိုးပေါ်ရောက်ဖို့ နည်းလမ်းရှာနေလိုက်တယ်။ ပြတင်းပေါက်ကနေ ကိုင်းထွက်လိုက်တဲ့အခါမှာ ဇွန်ဘီတွေက လက်နှစ်ဖက်ကိုအပေါ်ဆန့်ပြီး သူ့ကို ဖမ်းဖို့ကြိုးစားနေတာ တွေ့လိုက်ရတယ်။

‎

‎

‎ဒါကိုမြင်တော့ သူကပြန်လှည့်ပြီး တံခါးကိုပိတ်ဖို့ ပရိဘောဂတွေကို ရွှေ့နေလိုက်တယ်။ အဲဒီလိုဆိုရင်တော့ ဇွန်ဘီတွေဟာ အဆောက်အဦးထဲကိုဖောက်ဝင်ပြီး လှေကားပေါ်တက်လာနိုင်ရင်တောင် သူတို့မှာအချိန်နည်းနည်းပိုရနိုင်တယ်။

‎

‎

‎သူတို့က အသက်ရှင်ဖို့နည်းလမ်းရှာနေတုန်းမှာပဲ သူတို့နေရာနဲ့ မဝေးတဲ့တစ်နေရာက လူတစ်စုဟာလည်း ငါးထပ်တိုက်ရဲ့ အပေါ်ဆုံးထပ်မှာရပ်ပြီး ဇွန်ဘီတွေရဲ့လှုပ်ရှားမှုကို စောင့်ကြည့်နေကြတယ်။

‎

‎

‎"အစ်ကိုမို၊ ဒီလမ်းကနေ ဖြတ်သွားလို့ မရတော့မယ့်ပုံပဲ။ ပြန်လှည့်ပြီး တခြားလမ်းရှာရအောင်" ဟု လူငယ်တစ်ဦးက အရပ်ရှည်ရှည်နှင့် ဖြူဖျော့ဖျော့လူတစ်ဦးဘက်သို့ လှည့်၍ ပြောလိုက်သည်။

‎

‎

‎သူ့ရဲ့ပုံပန်းသဏ္ဌာန်က နေမကောင်းဖြစ်နေပုံ‌ပေါ်ပေမယ့် အဲဒီလူက အရမ်းချောတယ်။ သူ့ပါးစပ်ကို လက်ကိုင်ပုဝါနဲ့အုပ်ပြီး ချောင်းအနည်းငယ်ဆိုးပြီးမှ သက်ပြင်းချကာ "လမ်းကိုကွေ့ပြီးသွားရင် လင်းအန်မြို့ကိုရောက်ဖို့က နောက်ထပ်ရက်အနည်းငယ်ကြာဦးမယ်" လို့ပြောတယ်။

‎

‎

‎သူ့စကားကြောင့် လူအုပ်က အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ အမျိုးသမီးငယ်တစ်ဦးက "အစ်ကိုမို၊ ရှင့်ရဲ့ဝမ်းကွဲကိုရှာဖို့ အလျင်လိုနေရင်တောင် ရှင့်ရဲ့လုံခြုံရေးကို ဦးစားပေးသင့်တယ်။ အဲဒီမှာက ဇွန်ဘီတွေအများကြီးရှိနေတာလေ ငါတို့ကဘာဆက်လုပ်ရမှာလဲ" ဟု ပြောလိုက်သည်။

‎

‎

‎ခေါင်းငုံ့ပြီး ထိုလူက နောက်ထပ်နှစ်ကြိမ် ချောင်းဆိုးလိုက်ကာ "ငါတို့က ဒီအတိုင်း ကျော်လွှားလိုက်လို့မရဘူးလား" ဟု ပြန်ဖြေသည်။

‎

‎

‎ဘယ်သူမှ ကန့်ကွက်လို့မရခင်မှာပဲ သူက ဆက်ပြောလိုက်တယ် "ပြီးခဲ့တဲ့ နာရီနှစ်ဆယ်အတွင်းက ဇွန်ဘီတွေရဲ့ လှုပ်ရှားမှုတွေကိုကြည့်ရတာတော့ တစ်ခုခုက သူတို့ကို အဲဒီနေရာမှာ စုဝေးဖို့ဆွဲဆောင်နေတာ ဒါမှမဟုတ် လမ်းညွှန်နေတာ ဖြစ်ရမယ်။ အဲဒါကို ရှောင်နိုင်ရင် ငါတို့ ကျော်လွှားနိုင်မှာပါ"

‎

‎

‎"အဲဒါဘာလဲဆိုတာတောင် ကျွန်တော်တို့မသိဘဲနဲ့ ဘယ်လိုလုပ်ရှောင်ရှားရမှာလဲ" ဟု နောက်ထပ်လူငယ်တစ်ဦးက မျက်မှောင်ကြုတ်ကာ ပြောသည်။

‎

‎

‎ဖြူဖျော့ဖျော့လူက မှိန်ဖျော့စွာပြုံးပြီး အနီးနားက အဆောက်အအုံတစ်ခုကို လက်ညှိုးထိုးပြပြီးနောက် "အဲဒါက အဲဒီအဆောက်အအုံထဲမှာ မဟုတ်ဘူးလား" ဟု ဖြည်းဖြည်းချင်း ပြောလိုက်သည်။

‎

‎

‎လူအုပ်က သူ့ရဲ့လက်ညိုးညွန်ရာအတိုင်း လိုက်ကြည့်ပြီးနောက်မှာပဲ သူညွှန်ပြတဲ့အဆောက်အဦးဆီကို ဇွန်ဘီတွေက တဟုန်ထိုး ပြေးသွားတာကို တွေ့လိုက်ရတယ်။ တချိန်တည်းမှာပဲ ဇွန်ဘီအုပ်စုကြီးက လမ်းကြောင်းနှစ်ခုသို့ ခွဲသွားပြီး ဇွန်ဘီအုပ်ကြီးအတွင်းမှာ ကျဉ်းမြောင်းသောလမ်းကြောင်းတစ်ခု စတင်ပေါ်ပေါက်လာနေသည်။

‎

‎အမျိုးသမီးငယ်က သူ့ကို အံ့အားသင့်စွာ ကြည့်ပြီး "အစ်ကိုမို၊ အဲဒီလမ်းကနေ မောင်းသွားဖို့ စီစဉ်ထားတာလား" လို့ မေးလိုက်တယ်။

‎

‎

‎"မဟုတ်ရင်ရော" ထိုလူက အပြုံးဖြင့် ပြန်ဖြေသည်။

‎

‎

‎"မဖြစ်နိုင်ဘူး ၊ ငါတို့မောင်းထွက်နိုင်ရင်တောင် အင်ဂျင်သံကြားရင် ပတ်ဝန်းကျင်က ဇွန်ဘီတွေအားလုံးရဲ့ ဝိုင်းခံရလိမ့်မယ်။ မကြာခင်မှာပဲ ငါတို့ဝိုင်းခံရလိမ့်မယ်" လူငယ်တစ်ယောက်က ချက်ချင်းငြင်းလိုက်တယ်။

‎

‎

‎ထိုလူက ထပ်ပြီး အကြိမ်ပေါင်းများစွာချောင်းဆိုးပြီးနောက်မှ ပေါ့ပေါ့ပါးပါး ပြောလိုက်သည် "ကြောက်နေရင် ဒီမှာပဲနေ၊ မဟုတ်ရင် လမ်းလွှဲရှာ။ ဘယ်သူ့ကိုမှ ငါ့နောက်ကိုလိုက်လာဖို့ ငါ အတင်းအကျပ်မလုပ်ဘူး"

‎

‎

‎ ပြောပြီးဒါနဲ့ သူကလှည့်ပြီး လှေကားဆီဦးတည်လိုက်တယ်။ သူအမိုးပေါ်ကနေ ဆင်းသွားတော့ လူငယ်လေးတစ်‌ယောက်က သွားတွေကိုကျစ်ကျစ်မြည်အောင်ကြိတ်ပြီး တိုးတိုးလေးပြောလိုက်တယ် "ဘာကို ဒီလောက်ဂုဏ်ယူနေတာလဲ ၊ မင်းရဲ့မိသားစုသာမရှိရင် ဘယ်သူကမှ မင်းရဲ့သူငယ်ချင်းဖြစ်ချင်မှာမဟုတ်ဘူး"

‎

‎

‎ထိုလူသည် ရပ်လည်းမရပ်၊ လှည့်လည်းမလှည့်ဘဲ လှေကားအတိုင်း ဆက်ဆင်းသွားသည်။

‎

‎

‎သူထွက်သွားပြီးနောက်မှာပဲ မိန်းကလေးငယ်က ခဏလောက်တွန့်ဆုတ်သွားပြီးမှ သူ့နောက်သို့လိုက်ရန် ရှေ့သို့တိုးလာခဲ့သည်။ သို့သော် သူမ ဝေးဝေးမသွားမီတွင်ပြီ လူငယ်လေးက သူမရဲ့လက်ကောက်ဝတ်ကို ဆွဲလိုက်သည်။

‎

‎

‎သူက သူမကို မယုံနိုင်စွာ စိုက်ကြည့်ပြီး "မင်းတကယ်ပဲ အဲဒီအရူးနောက်ကို လိုက်သွားမှာလား" လို့ မေးလိုက်တယ်။

‎

‎

‎သူမ နှုတ်ခမ်းကိုကိုက်ပြီး "အစ်ကိုမိုက အရူးမဟုတ်ဘူး။ သူက ပါရမီရှင်ပဲ။ သူ့နောက်ကို လိုက်သွားတာက ကျွန်မတို့အတွက် အကျိုးရှိနိုင်တယ်" လို့ ပြောလိုက်တယ်။

‎

‎

‎လူငယ်ကလှောင်ပြောင်ပြီး "အရူးပဲ။ မင်းက သူ့မျက်နှာ၊ သူ့ခန္ဓာကိုယ်၊ သူ့ငွေကြေးနဲ့ သူ့မိသားစုနာမည်ကိုပဲ့စွဲလမ်းနေတာ။ ဒီလိုသာမဟုတ်ရင် ဘယ်သူကမှ ဒီလိုဆိုးရွားတဲ့ စရိုက်မျိုးနဲ့ သူ့ကိုလိုချင်မှာလဲ"

‎

‎

‎ဖောက်ထွင်းမြင်ခံရသဖြင့် ဒေါသထွက်နေသော အမျိုးသမီးငယ်က သူရဲ့လက်ကို ဆွဲဖယ်လိုက်တယ်။

‎

‎

‎သူမက သူ့ကို စိုက်ကြည့်ပြီး "မင်းမှာက ဘာအခွင့်အရေးရှိလို့ ငါ့ကို ဝေဖန်ပိုင်ခွင့်ရှိသွားတာလဲ။ မင်းတို့အားလုံးက အတူတူပဲ မဟုတ်ဘူးလား။ မင်းကိုယ်တိုင်က ဘာမှမဟုတ်တဲ့ အခြေအနေမျိုးမှာတောင် ဘယ်လိုလုပ်ပြီး ငါ့ကိုနှိမ့်ချရဲသွားတာလဲ" လို့ မေးလိုက်တယ်။

‎

‎

စကားဆုံးတာနဲ့ ‎သူမကလှည့်ထွက်ပြီး ထိုလူအနောက်ဆီ လိုက်မီရန် လှေကားမှ ပြေးဆင်းသွားသည်။ဆဲဆိုနေသောလူငယ်လည်း အသက်ပြင်းပြင်းရှူကာ သူမနောက်သို့လိုက်လာသည်။ ကျန်အဖွဲ့သားများမှာမူ ပိုကောင်းသော အစီအစဉ်မရှိသောကြောင့် အနောက်မှလိုက်သွားကြတယ်။

‎

‎

‎ဝင်ပေါက်ကိုရောက်တဲ့အခါမှာတော့ ကားတစ်စီးတည်းသာ ရပ်ထားတာကို တွေ့လိုက်ရတယ်။ စုစုပေါင်းက လူကိုးယောက်ဆိုတော့ အတူတူစီးဖို့က အရမ်းကြပ်လွန်းတယ်။

‎

‎

‎

‎

အခန်း-(၂၃၆)

‎

‎ခဏတာဆွေးနွေးပြီးနောက်မှာတော့ ထိုအဖွဲ့ဟာ အခြားကားတစ်စီးကို ရှာဖွေရန်သွားပြီး ဇွန်ဘီအုပ်ဆီသို့ မောင်းထွက်သွားကြသည်။ သူတို့ထဲမှ မည်သူကမျှ အရှိန်မလျှော့ရဲကြပေ။ သူတို့ရဲ့ တစ်ခုတည်းသောအခွင့်အရေးကို ထိုလူက ဖြတ်ယူသွားပြီး လက်လွတ်လိုက်ရမည်ကို စိုးရိမ်ကြသည်။

‎

‎

‎သူတို့ထွက်သွားပြီးမကြာခင်မှာပဲ နေမကောင်းဖြစ်နေတဲ့လူက အဆောက်အဦးတစ်ခုရဲ့အနောက်ကနေထွက်လာပြီး အေးစက်စက်ပြောတယ် "တကယ့်ကို အရူးတွေပါလား"

‎

‎

‎သူကတော့ သူရဲ့ SUV ကားထဲသို့ဝင်ပြီး ဆန့်ကျင်ဘက်သို့ မောင်းနှင်သွားသည်။ ထိုအုပ်စုက ဇွန်ဘီများကို အာရုံလွှဲပေးထားသောကြောင့် သူကတော့ ထိုနေရာမှ ဘေးကင်းစွာထွက်ခွာနိုင်ရန်အတွက် အခြားလမ်းတစ်ခုကို အသုံးပြုနိုင်သည်။

‎

‎

‎တစ်နာရီအကြာတွင်တော့ အဖွဲ့ဟာ ဇွန်ဘီအုပ်စုအနီးသို့ ရောက်ရှိလာခဲ့သည်။ ကားထဲတွင်ထိုင်နေသော လူငယ်က သူ့သူငယ်ချင်းများကို ကြည့်ပြီး "ငါတို့ တကယ်ပဲလုပ်နေတာလား၊ အစ်ကိုမိုရဲ့ကားကို ငါလုံးဝမမြင်ရဘူး။ သူက တခြားလမ်းကိုရွေးသွားတာ ဖြစ်နိုင်တယ်"

‎

‎

‎ခရီးသည်ထိုင်ခုံမှာထိုင်နေတဲ့ အမျိုးသမီးငယ်က သူ့ကို စိုက်ကြည့်ပြီး "အစ်ကိုမို ထွက်သွားပြီးသွားပြီထင်တယ်။ အားလုံးက မင်းအမှားပဲ" လို့ ပြောလိုက်တယ်။

‎

‎

‎သူမက ထပ်ပြီးဒေါသထွက်နေတာကို ကြားလိုက်ရတဲ့အခါမှာတော့ တခြားယောက်ျားတစ်ယောက်က "တိတ်စမ်း" လို့ ပြောလိုက်တယ်။

‎

‎

‎ဤကဲ့သို့ဆူငေါက်ခံရသောကြောင့် အမျိုးသမီးက မပျော်ရွှင်တော့ဘဲ သူ့ကိုစိုက်ကြည့်နေသည်။ သို့သော် သူ့မျက်လုံးများထဲက သတ်ဖြတ်လိုသောရည်ရွယ်ချက်ကို မြင်သောအခါတွင်တော့ နှာခေါင်းကိုရှုံ့ပြီး သူ့ကိုလျစ်လျူရှုထားရုံသာ တတ်နိုင်သည်။

‎

‎

‎ထိုသူက အပြင်ဘက်ရှိ အခြေအနေကိုကြည့်ပြီး "အစ်ကိုမို က ဘာကိုရှာနေမှန်း ငါတို့မသိပေမယ့် သူ့မှာက ကောင်းမွန်တဲ့ ဗီဇစိတ်ရှိတယ်ဆိုတာကို ငါတို့အားလုံးက သိပါတယ်။ ဒီလမ်းကို ရွေးချယ်ဖို့ကိုပဲ သူကအတင်းအကျပ်တောင်းဆိုနေတာကြောင့် အသက်ရှင်ဖို့ အခွင့်အလမ်းက အရမ်းများနိုင်တယ်" ဟု ပြောလိုက်သည်။

‎

‎

‎သူ့စကားတွေကိုကြားတော့ လူငယ်က ခေါင်းညိတ်ပြီး " သူ့နောက်ကို ငါတို့လိုက်နေသရွေ့ စားစရာမရှိမှာကို ဒါမှမဟုတ် အန္တရာယ်နဲ့ ရင်ဆိုင်ရမှာကို စိတ်ပူစရာမလိုဘူး" လို့ ထပ်ပြောလိုက်တယ်။

‎

‎

‎လူအုပ်စုဟာ ထွက်ပြေးဖို့လာတဲ့လမ်းမှာ ဆုံတွေ့ခဲ့ကြပြီး တိုက်ဆိုင်စွာပဲ မို ဆိုတဲ့ မျိုးရိုးနာမည်ရှိတဲ့ အမျိုးသားနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ သူဘယ်သူလဲဆိုတာနဲ့ သူ့ရဲ့စွမ်းရည်ကို ဘယ်သူမှ မသိခဲ့ကြပါဘူး။ ဒါပေမယ့် တစ်ခုတော့ သေချာပါတယ်။ နောက်ဘာဆက်ဖြစ်မယ်ဆိုတာ သူသိနေသလို သူ့မှာ ထက်မြက်တဲ့ ဗီဇစိတ်ရှိတယ်ဆိုတာ သူတို့သိကြပါတယ်။

‎

‎

‎သူ့ရဲ့အန္တရာယ်ကို ရှောင်ရှားပြီး ရိက္ခာရှာတွေ့နိုင်တဲ့ ကံကောင်းမှုကို မြင်တွေ့ပြီးတဲ့နောက်မှာ သူတို့ဟာ ဒီရွှေပေါင်ကို ဆုပ်ကိုင်ထားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ကျန်းနင်မြို့လယ်ကနေ ဒီနယ်စပ်ကို ရောက်လာခဲ့ကြတာ။

‎

‎

‎ခဏလောက် ဆွေးနွေးပြီးတဲ့နောက်မှာတော့ လမ်းကိုဖြတ်မောင်းသွားဖို့ကိုပဲ သဘောတူခဲ့ကြပါတယ်။ မထွက်ခွာသွားခင်မှာ ကား ပြတင်းပေါက်တွေကို သေချာစွာ သော့ခတ်လိုက်ကြတယ်။

‎

‎

‎လူငယ်လေးက စတီယာတိုင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး "ငါတို့ အခုသွားတော့မယ်" လို့ ပြောလာတယ်။

‎

‎

‎သူဒီလိုပြောလိုက်ပြီးတာနဲ့ ဂီယာကိုနင်းလိုက်တော့ ကားက ဇွန်ဘီအုပ်ဆီ မောင်းထွက်သွားတယ်။

‎

‎

‎သူတို့က ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခု ချပြီးပြီဖြစ်ပြီးနဲ့ ပြဿနာမရှိဘဲ ရှင်သန်နိုင်မယ်လို့ ထင်ခဲ့ကြတယ်။ သူတို့မသိလိုက်တာဟာ သူတို့ရဲ့အစ်ကိုမိုက ဖုတ်ကောင်တွေအား သူတို့ဆွဲဆောင်သွားဖို့ကို စောင့်နေရင်း ငှက်ပျောသီးနို့ သောက်နေခဲ့တာပဲ။

‎

‎

‎သူသွားခဲ့တဲ့လမ်းက သူပြတဲ့လမ်းနဲ့ မဝေးဘူး။ တစ်ကီလိုမီတာပဲ ဝေးပါတယ်။ အဲဒီနေရာမှာသာ တစ်ခုခုဖြစ်ခဲ့ရင် သူသတိထားမိမှာပါ။

‎

‎

‎ဆယ့်ငါးမိနစ်အကြာတွင် အဝေးဆီမှ ပေါက်ကွဲသံများကို ကြားလိုက်ရပြီး သူ့နှုတ်ခမ်းထောင့်များက မြင့်တက်သွားသည်။ နို့ဘူးကို လွှင့်ပစ်ကာ "သူတို့က ငါပေးထားတဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကို တကယ်သုံးကြတယ်" ဟု ပြောရင်း ရယ်လိုက်တယ်။

‎

‎

‎ပေါက်ကွဲသံကြောင့် ဇွန်ဘီများက ဆွဲဆောင်ခံလိုက်ရပြီး အသံကြားရာဆီပြေးထွက်သွားသောအခါမှ သူသည် ကားကိုလင်အန်းမြို့သို့ မောင်းနှင်သွားခဲ့သည်။

‎

‎

‎တစ်ချိန်တည်းမှာပဲ ပိုင်ရီကျီးနဲ့သူ့အဖွဲ့ဟာလည်း ပေါက်ကွဲသံကိုကြားလိုက်ရပြီး ဇွန်ဘီတွေဟာ တခြားလမ်းကြောင်းဆီဆွဲဆောင်ခံလိုက်ရတာကို မြင်လိုက်ရတယ်။

‎

‎

‎ခဏလောက်စဉ်းစားပြီးနောက်မှ သူကလီယောင်ဘက်လှည့်ပြီး "တစ်ယောက်ယောက်က အဲဒီမှာ တိုက်ခိုက်နေတယ်။ ငါတို့မထွက်သွားခင် ဇွန်ဘီအရေအတွက် လျော့နည်းသွားတဲ့အထိ စောင့်ရမယ်" လို့ ပြောလိုက်တယ်။

‎

‎

‎"အိုကေ"

‎

‎

‎နောက်ဆုံး သူရဲ့စကားများကိုကြားသောအခါတွင် အသက်ရှင်ကျန်ရစ်သူများရဲ့မျက်လုံးများဟာ ပြန်လည်တောက်ပလာကြသည်။ ဤလူများက ထွက်ပြေးနိုင်သည်ဟု ပြောပြီးဖြစ်သောကြောင့် ၎င်းတို့ကလည်း ထိုစကားများကိုပဲ ယုံကြည်ရန် ရွေးချယ်ခဲ့ကြသည်။

‎

‎

‎နောက်ထပ် ဆယ်မိနစ်အကြာတွင် သူတို့ရဲ့နေရာကို ဝိုင်းရံထားသော ဇွန်ဘီအရေအတွက်က ထက်ဝက်ခန့်လျော့ကျသွားသည်။ ပိုင်ရီကျီးက ပြတင်းပေါက်ကိုဖွင့်ပြီး "ငါ ဦးဆောင်ပြီး သွားလိုက်မယ်။ မင်းတို့နှစ်ယောက်က ငါ့နောက် လိုက်ခဲ့" ဟု ပြောလိုက်သည်။

‎

‎

‎လီယောင် နှင့် ချူကျိမြောင်တို့က ခေါင်းညိတ်ကြသည်။ချူကျိမြောင်က အသက်ရှင်ကျန်ရစ်သူများဘက်သို့လှည့်ကာ "အပြင်က ဇွန်ဘီတွေကို ရှင်းလင်းလို့ပြီးရင် ရှင်တို့ကားတွေဆီသွားပြီး ဒီနေရာကနေ ထွက်သွား" ဟု ပြောလိုက်သည်။

‎

‎

‎" ဘုန်းး"

‎

‎

‎သူမ ဒီလိုပြောလိုက်ပြီးတာနဲ့ ပိုင်ရီကျီးက လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြတင်းပေါက်အောက်က ဇွန်ဘီတွေဆီကို မိုးကြိုးတွေ ပစ်လွှတ်လိုက်တယ်။ မိုးကြိုးက ဇွန်ဘီတစ်စုကို သတ်ပစ်လိုက်ပြီး သူလည်း ပြတင်းပေါက်ကနေ ခုန်ချလိုက်တယ်။

‎

‎

‎အသက်ရှင်ကျန်ရစ်သူများ အံ့အားသင့်သွားကြသည်။ သူတို့ တုံ့ပြန်ခြင်းမပြုနိုင်မီတွင်ပဲ လီယောင် နှင့် ချူးဇီမြောင်တို့ဟာလည်း ထိုသူနောက်သို့လိုက်ကာ ခုန်ဆင်းသွားကြသည်။

‎

‎

‎စွမ်းရည်အသုံးပြုသူများအတွက် တတိယထပ်မှ ခုန်ချခြင်းက ပြဿနာမဟုတ်ပါ။ သုံးယောက်သားက တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ ဆင်းသက်ခဲ့ကြတယ်။

‎

‎"ရားး"

‎

‎

‎သူတို့ထရပ်လိုက်တာနဲ့ သူတို့ပတ်ပတ်လည်က ဇွန်ဘီတွေ လှည့်လာပြီး သူတို့ရဲ့ လည်ပင်းနဲ့ ရင်ဘတ်တွေကို လက်သည်း ၊ သွားတွေဖြင့် ချိန်ရွယ်ပြီး ခုန်အုပ်တိုက်ခိုက်လာကြတယ်။

‎

‎

‎သူတို့ရဲ့ဓားမြှောင်တွေကိုဆွဲထုတ်ပြီး သုံးယောက်သားက ဇွန်ဘီတွေကို စတင်သတ်ဖြတ်ကြပါတယ်။ ပိုင်ရီကျီးက အဆင့် ၀ မှာပဲရှိပေမယ့် သူ့ရဲ့လျှပ်စီးစွမ်းရည်က အစွမ်းထက်ပါတယ်။ သူ့ဓားကိုသုံးပြီး ဇွန်ဘီတွေကိုသတ်နေချိန်မှာ သူ့ရဲ့လျှပ်စီးကိုသုံးပြီး သူတို့ကို မေ့မြောသွားအောင် လုပ်ခဲ့တယ်။

‎

‎

‎ဇွန်ဘီတွေ မေ့မြောနေချိန်မှာ လီယောင်နဲ့ ချူကျိမြောင်တို့က ဇွန်ဘီတွေရဲ့ ဦးခေါင်းတွေကို ရိတ်သိမ်းကြလိမ့်မယ်။ သူတို့သုံးယောက်ဟာ အကြိမ်ပေါင်းများစွာ အတူတူတိုက်ခိုက်ခဲ့ကြပြီးဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတည်ဆောက်ခဲ့ကြတယ်။

‎

‎

‎သူတို့တိုက်ခိုက်နေတုန်းမှာတော့ အစ်ကိုမိုရဲ့ လှည့်စားမှုကိုခံရတဲ့လူအုပ်စုဟာ ဇွန်ဘီအုပ်အလယ်မှာ ပိတ်မိနေသည်။ သူတို့ရဲ့ကားတွေကို ဇွန်ဘီတွေဝိုင်းထားတာကြောင့် သူတို့မှာ ထွက်ပြေးဖို့နည်းလမ်းမရှိခဲ့ဘူး။

‎

‎

‎ဇွန်ဘီတစ်‌ကောင်ရဲ့မျက်နှာက ပြတင်းပေါက်မှာ ကပ်လာတဲ့အခါမှာတော့ အမျိုးသမီးငယ်ဟာ ထိတ်လန့်တကြားနဲ့ သေရမှာကို ကြောက်ရွံ့စွာ အော်ဟစ်လိုက်ပါတယ် "အားးး"

‎

‎

‎ထိုယောက်ျားများမှာ သူမအားနှောင့်ယှက်ရန် အချိန်မရှိတော့ပေ။ အခြေအနေက ရုတ်တရက်ပြောင်းလဲသွားခြင်းကြောင့် သူတို့လည်း ကြောက်ရွံ့ထိတ်လန့်နေကြသည်။ ဤအချိန်တွင်မှ နောက်ဆုံးတော့ သူတို့ထဲမှတစ်ယောက်က သဘောပေါက်သွားပြီး "ချီးပဲ အဲဒီကောင်က ငါတို့ကို လှည့်စားတယ်" ဟု ပြောလိုက်သည်။

‎

‎

‎သူဒီလိုပြောလိုက်တာနဲ့ ယာဉ်မောင်းထိုင်ခုံမှာထိုင်နေတဲ့ လူငယ်က အမျိုးသမီးကိုကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ဖြတ်ပြေးသွားတယ်။ သူခဏလေးပဲ တွန့်ဆုတ်သွားပြီးမှ ရုတ်တရက်ကြီး ခရီးသည်ထိုင်ခုံဆီ ရွေ့သွားလိုက်တယ်။

‎

‎

‎သူ့ရဲ့ ရုတ်တရက်လှုပ်ရှားမှုကို သတိထားမိတဲ့ မိန်းကလေးက "ဘာလုပ်နေတာလဲ" လို့ မေးလိုက်တယ်။

‎

‎

‎

‎

အခန်း-(၂၃၇)

‎"ခွေးမ ၊ နင်က ငါ့ရည်းစားပဲ။ ဒါပေမယ့် နင်က အဲဒီကောင်နဲ့ အမြဲစနောက်နေတယ်။ ငါ့အကြောင်းကို နင်ကဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးတဲ့အတွက် နင့်အကြောင်းကို မစဉ်းစားပေးလို့ဆိုပြီး ငါ့ကို အပြစ်တင်လို့မရဘူး" လူငယ်က အေးစက်စက်နဲ့ တိုးတိုးလေးပြောသည်။

‎

‎

စကားဆုံးသွားတဲ့အခါမှာ ကားတံခါးကိုဖွင့်ပြီး အမျိုးသမီးကို တွန်းထုတ်လိုက်တယ်။

‎

‎

‎"အားးးးး"

‎

‎

‎အမျိုးသမီးငယ် ကားပေါ်မှပြုတ်ကျသွားတာနှင့် ဇွန်ဘီများက သူမထံသို့ပြေးဝင်လာကာ အပိုင်းပိုင်းဆွဲဖြဲလိုက်ကြတယ်။ လူငယ်က ကားတံခါးကို အမြန်ပိတ်ပြီး ယာဉ်မောင်းထိုင်ခုံသို့ ပြန်သွားသည်။

‎

‎

‎ဇွန်ဘီတွေကစားသောက်နေကြလို့ ကားကို အရင်ကလို ဝိုင်းထားတာမျိုးမရှိတော့ဘဲ ကားမောင်းသွားနိုင်ပါပြီ။ သူက ကားကိုအရှိန်မြှင့်ပြီး လမ်းပိတ်ဆို့နေတဲ့ ဇွန်ဘီတွေကို ဝင်တိုက်သွားတယ်။

‎

‎

‎ကျန်တဲ့သူတွေကတော့ သူ့ကောင်မလေးကို အစာအဖြစ်သုံးပြီး ထွက်ပြေးသွားတာကိုမြင်တော့ သူ့ကို ကြောက်ရွံ့စွာ ကြည့်ကြတယ်။ သူတို့က သူ့ကိုကြောက်ကြပေမယ့် သူဒီလိုလုပ်လိုက်တာကြောင့်လည်း စိတ်သက်သာရာရသွားကြတယ်။ သူတို့ ထွက်ပြေးနိုင်သရွေ့တော့ ဘယ်နည်းလမ်းကိုသုံးသုံး ဂရုမစိုက်ကြဘူး။

‎

‎

အ‎နောက်ကကားကလည်း ရှေ့ကအခြေအနေကိုမြင်တဲ့အခါမှာ မြန်မြန်ဆန်ဆန်ပဲ လိုက်လာခဲ့တယ်။ အဲဒီအမျိုးသမီးကို အစာအဖြစ်သုံးလိုက်ခြင်းအားဖြင့် သူတို့လွတ်မြောက်နိုင်မယ်လို့ သူတို့ထင်ခဲ့ကြတယ်။ ကံမကောင်းစွာနဲ့ပဲ၊ ဇွန်ဘီအရေအတွက်က အရမ်းများလွန်းတယ်။

‎

‎

‎သူတို့ရဲ့ကားတွေကိုသုံးပြီး ဇွန်ဘီတွေကိုတိုက်ပစ်လိုက်ရင်တောင် တခြား ဇွန်ဘီအဖွဲ့တစ်ဖွဲ့ကပေါ်လာဦးမှာပဲ။ သူတို့မှာရှိတဲ့ လောင်စာဆီပမာဏက အကန့်အသတ်နဲ့ရှိပြီး မထွက်ပြေးနိုင်ခင်မှာပဲ ဓာတ်ဆီကကုန်သွားပါတယ်။ နောက်ဆုံးမှာတော့ ကားတွေထဲမှာပိတ်မိနေပြီး သေဖို့ပဲ စောင့်ရတော့တယ်။

‎

‎

‎တစ်ဖက်ရှိ ပိုင်ရီကျီး နှင့် သူ့အဖွဲ့ကတော့ အဆောက်အအုံတစ်ဝိုက်ရှိ ဇွန်ဘီများကို နောက်ဆုံးမှာ ရှင်းလင်းနိုင်ခဲ့တယ်။ ချူကျိမြောင်ကလှည့်ပြီး အသက်ရှင်ကျန်ရစ်သူများအား "အထဲမှာ စောင့်နေ"ဟု ပြောလိုက်တယ်။

‎

‎

‎ နောက်ထပ်ဖုတ်ကောင်တစ်ကောင်ကို သတ်ပြီးနောက်မှ သူမက သူတို့ကိုကြည့်ပြီး ထွက်လာရန် အချက်ပြခဲ့သည်။ ကြောက်ရွံ့နေသော်လည်း အသက်ရှင်ကျန်ရစ်သူများက သူမကို ယုံကြည်ပြီး ထွက်လာခဲ့ကြတယ်။

‎

‎

‎ပုံမှန်နဲ့မတူစွာဖြင့် ပိုင်ရီကျီးက သူတို့ကိုမထားခဲ့ဘဲ ကားတွေ၊ ဘတ်စ်ကားတွေပေါ်ကို အသက်ရှင်ကျန်ရစ်သူတွေ ဘေးကင်းစွာတက်နိုင်အောင် ဖုတ်ကောင်တွေကို ဆက်သတ်နေခဲ့တယ်။

‎

‎

‎သူတိုက်ခိုက်နေစဉ်မှာလည်း သူ့အဖေစေလွှတ်လိုက်တဲ့ လိုက်ပါပို့ဆောင်ရေးအဖွဲ့ကို သူလှမ်းကြည့်လိုက်တယ်။ သူ့ကိုကာကွယ်ဖို့ ဒီအသုံးမကျတဲ့လူတွေကို စေလွှတ်လိုက်တဲ့ သူ့အဖေက ဘာတွေတွေးနေလဲဆိုတာ သူမသိဘူး။ ဒါကြောင့် အသက်ရှင်ကျန်ရစ်သူတွေရဲ့ ဘတ်စ်ကားတစ်စီးထဲကို သူတို့ဝင်သွားတာသူမြင်တော့ ဘာမှမမြင်ချင်ယောင်ဆောင်လိုက်တယ်။

‎

‎

‎နောက်ထပ် မိနစ်သုံးဆယ်ကြာပြီးနောက်မှာတော့ ပိုင်ရီကျီး က သူ့လက်ကိုမြှောက်ပြီး အောက်သို့ဆွဲချလိုက်သည်။

‎

‎

‎" ဘုန်း"

‎

‎

‎နောက်တစ်ခဏမှာတော့ ဇွန်ဘီအုပ်စုပေါ်ကို မိုးကြိုးတစ်ချက် ပစ်ချလိုက်သည်။ လမ်းပွင့်သွားသည်ကိုမြင်တော့ သူက "ကားထဲဝင်ခဲ့" ဟု အော်ပြောလိုက်သည်။

‎

‎

ဒီစကားကိုကြားတာနဲ့ ‎လီယောင်နှင့် ချူကျိမြောင်တို့ဟာ ကားထဲသို့အလျင်အမြန်ဝင်ကာ ကားကိုစက်နှိုးလိုက်ကြတယ်။ ပိုင်ရီကျီးကလည်း သူ့ကားထဲသို့ဝင်ပြီး စက်နှိုးကာ ကားပါကင်မှ ဦးဆောင်ထွက်ခွာသွားပြီး လီယောင်က အနောက်မှလိုက်လာခဲ့တယ်။ သူတို့နောက်တွင်တော့ အသက်ရှင်ကျန်ရစ်သူများက နီးကပ်စွာ လိုက်လာကြသည်။

‎

‎

‎" ဘုန်းး"

‎

‎

‎နောက်ထပ်ပေါက်ကွဲသံတစ်ခုကို အဝေးမှကြားလိုက်ရသည်။ ဖုတ်ကောင်အုပ်ကိုရှောင်ရန်အတွက် ပိုင်ရီကျီးက ကားကိုကွေ့ဝိုက်ကာမောင်းပြီး လမ်းမကြီးမှထွက်ခွာသွားသည်။ လက်ရှိအခြေအနေတွင်တော့ လမ်းငယ်တစ်ခုကို ရွေးချယ်ခြင်းက ပိုမိုဘေးကင်းတယ်။

‎

‎

ဇွန်ဘီများကို ချန်ထားခဲ့ပြီး သူတို့ထွက်ပြေးနိုင်သောအခါတွင် နောက်ထပ်ကားတစ်စီးကလည်း နယ်စပ်မှထွက်ခွာပြီး လင်အန်းမြို့သို့ မောင်းနှင်နိုင်ခဲ့သည်။

‎

‎

‎နေ့လည်ခင်းတွင်တော့ ကုရှကျယ်နှင့် ရုန်မိုအာတို့ဟာ ကလေးများကို သွားခေါ်ရန်အတွက် နယ်စပ်အနီးရှိ အိမ်ကို ပြန်သွားကြသည်။ သူတို့အဖွဲ့တွင် ကလေးစုစုပေါင်း ကိုးယောက်ပါသောကြောင့် သူတို့စုံတွဲက တစ်ဦးစီဖြင့်ကားသီးသန့် မောင်းကြသည်။

‎

‎

‎ကားထဲမှာထိုင်နေတဲ့ ကလေးတစ်ယောက်က "အစ်ကိုကု ရေနည်းနည်းလောက် သောက်လို့ရမလား" လို့ မေးလိုက်တယ်။

‎

‎

ဒါကိုကြားတော့ ကုရှကျယ်ကပြုံးပြီး "တတိယတန်းမှာ ရေရှိတယ်။ ကိုယ်တိုင်သွားယူလိုက်။ ဗိုက်ဆာရင် စားစရာတစ်ခုခု ရွေးစားလို့ရတယ်" လို့ ပြန်ဖြေတယ်။

‎

‎

‎ထို့နောက် သူက ကလေးများကို နောက်ကြည့်မှန်မှတစ်ဆင့် လှမ်းကြည့်ပြီး "မင်းတို့အားလုံးက ကြီးထွားနေဆဲဖြစ်တဲ့အတွက် အစာငတ်ခံမနေသင့်ဘူး။ ဗိုက်ဆာရင် ငါ့ကိုပြော။ ငါတို့ကရိက္ခာတွေထပ်ရှာပေးမှာမို့ အေးအေးဆေးဆေး စားသောက်ကြ" ဟု ထပ်ပြောလိုက်သည်။

‎

‎

ဒါကိုကြားလိုက်တာနဲ့ ‎ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ ခဏကြာတော့ တစ်ယောက်က "အစ်ကိုကု ကျွန်တော်တို့တကယ်ပဲ စားချင်သလို စားသောက်လို့ရလား" လို့ မေးလာတယ်။

‎

‎

ကုရှကျယ်က ခေါင်းညိတ်ပြီး " အစားအစာတွေကို ကုန်အောင်စားပြီး အလဟဿမဖြုန်းတီးသရွေ့ ကြိုက်သလောက်စားလို့ရတယ်" လို့ ပြောလိုက်တယ်။

‎

‎

‎သူ ဒီလိုပြောပြီးတဲ့နောက် လမ်းကိုပြန်အာရုံစိုက်လိုက်တယ်။ ကလေးတွေကတော့ ဝမ်းသာစွာနဲ့ တတိယခုံကနေ စားစရာ၊ သောက်စရာတွေ ယူဖို့သွားကြတယ်။ သူတို့ရဲ့ သေးငယ်တဲ့ ကိုယ်ခန္ဓာလေးတွေနဲ့ဆိုရင် ဒုတိယခုံကနေ အလွယ်တကူ လှမ်းယူလို့ရနေတယ်။

‎

‎ရုန်မိုအာရဲ့ကားထဲမှာလည်း အလားတူဖြစ်ပျက်ခဲ့ပါတယ်။ ကားထဲက ကလေးတွေဟာ မျက်နှာပေါ်မှာအပြုံးတွေနဲ့အတူ စားသောက်နေကြတယ်။ သူတို့ရဲ့ ပျော်ရွှင်နေတဲ့အမူအရာတွေကိုမြင်တော့ သူမရဲ့မျက်နှာမှာလည်း ခပ်ဖျော့ဖျော့တဲ့ အပြုံးတစ်ခု ပေါ်လာတယ်။

‎

‎

‎ဒါပေမယ့် ခဏအကြာမှာတော့ သူမရဲ့မိသားစုအကြောင်း တွေးမိလိုက်တယ်။ သက်ပြင်းချပြီး အဆိုးဆုံးအခြေအနေကို တွေးတောမိနေတာကို ရပ်တန့်ဖို့ ကြိုးစားလိုက်တယ်။

‎

‎

‎နောက်ထပ်တစ်နာရီမောင်းနှင်ပြီးနောက်မှာတော့ သူတို့သည် အတားအဆီးများနှင့် ယာယီအသက်ရှင်ကျန်ရစ်သူစခန်းဝင်ပေါက်ကို နောက်ဆုံးတွင်တွေ့လိုက်ရတယ်။ စစ်သားများက သူတို့ရဲ့ကားများကိုမြင်သောအခါမှာတော့ စစ်သားနှစ်ယောက်ကရှေ့သို့တိုးလာပြီး ကားများကိုရပ်ရန် အချက်ပြလာတယ်။

‎

‎

ကုရှကျယ်က ကားကိုရပ်ပြီး ပြတင်းပေါက်မှန်ကိုနိမ့်ချလိုက်ကာ "ဟဲလို ရဲဘော် ၊ ဗိုလ်ကြီးဝေယင်းနဲ့ တွေ့ချင်လို့ပါ။ သူ့ကို အသိပေးနိုင်မလား" ဟု နှုတ်ဆက်လိုက်သည်။

‎

‎

‎သူရေအမြောက်အမြားလှူဒါန်းသည့်သတင်းက စစ်သားများကြားတွင် ပျံ့နှံ့သွားခဲ့ပြီဖြစ်တယ်။ ထို့ကြောင့် သူ့ကိုမြင်သောအခါမှာ သူတို့က အလေးပြုပြီး "ရဲဘော်ကု၊ ခင်ဗျားပဲ။ ဗိုလ်ကြီးဝေကို အကြောင်းကြားနေတုန်း ဘေးတဲမှာ စောင့်ပေးပါ" ဟု ပြောလာသည်။

‎

‎

‎"ကျေးဇူးတင်ပါတယ်" ဟု ကုရှကျယ်က ပြောပြီး ကားကို ဘေးသို့ မောင်းထွက်သွားတယ်။

‎

‎

‎ကားရပ်ပြီးနောက်မှာ သူက ကားနောက်ဖုံးကိုဖွင့်ပြီး သူတို့အဖွဲ့က အစောပိုင်းကရှာတွေ့ခဲ့တဲ့ အစားအစာနှင့် ရေအချို့ကို ထုတ်ယူလိုက်တယ်။ သူက ရိက္ခာပစ္စည်းများကို စစ်သားများထံပေးအပ်ပြီး "ဒါတွေက ကျွန်တော့်တို့အဖွဲ့ အပြင်မှာတွေ့ခဲ့တဲ့ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ရေတွေထဲကတချို့ပါ။ အားလုံးကို မျှဝေပေးပါ" ဟု ပြောလိုက်သည်။

‎

‎

‎"ကျေးဇူးတင်ပါတယ် ရဲဘော်ကု" လို့ပြောပြီး စစ်သားများက ထောက်ပံ့ရေးပစ္စည်းများကို ကျေးဇူးတင်စွာဖြင့်လက်ခံယူ လိုက်သည်။

‎

‎

‎စခန်းထဲသို့ဝင်ရောက်ခွင့်ရရန်အတွက် နှစ်နာရီစောင့်ရသောကြောင့် ကုရှကျယ်တို့အဖွဲ့က တဲထဲတွင်အနားယူပြီး စစ်သားများနှင့် စကားပြောဆိုနေခဲ့ကြသည်။

‎

‎

‎နာရီဝက်အကြာတွင်မှ ဝေယင်းက စစ်သားတစ်စုနှင့်အတူ ရောက်ရှိလာခဲ့တယ်။ သူတို့ကိုမြင်တော့ အံ့အားသင့်သွားပြီး "ရဲဘော်ကု တကယ်ကိုမင်းပဲ။ မင်းနဲ့ မင်းရဲ့ရည်းစားက မြို့ကနေ ထွက်သွားပြီလို့ ငါထင်နေတာ။ ဘာလို့ ပြန်လာတာလဲ" ဟု မေးလိုက်သည်။

All Chapters