အခန်း (၂၃၈-၂၄၀)
Vol. 16 Ch. 238-240
အခန်း-(၂၃၈)
ကုရှကျယ်က မတ်တပ်ရပ်ပြီး "ဗိုလ်ကြီးဝေ၊ ကျွန်တော်တို့က ထွက်ခွာသွားပြီး ကျန်းနင်မြို့နယ်စပ်ကို ရောက်သွားပြီးပါပြီ။ ဒါပေမယ့် နယ်စပ်အနီးနားကလမ်းမှာ ဇွန်ဘီအုပ်စုကြီးတစ်ခုကို တွေ့လိုက်ရတယ်။ ဒါကြောင့် ပြန်လာပြီး အကြောင်းကြားဖို့ ဆုံးဖြတ်လိုက်တာ" လို့ ပြန်ဖြေတယ်။
စစ်သားတွေရဲ့ မျက်နှာအမူအရာက တည်ငြိမ်သွားတယ်။ ဝေယင်းရဲ့မျက်နှာပေါ်က အပြုံးတွေကတော့ ပျောက်ကွယ်သွားပြီး "ရဲဘော်ကု ဇွန်ဘီဘယ်နှစ်ကောင် မြင်လိုက်လဲ" လို့ သူက မေးတယ်။
"ခန့်မှန်းခြေအရဆိုရင်တော့ အရေအတွက်က ၁၀၀၀ ဝန်းကျင်လောက်ရှိနိုင်ပြီး ဆက်ပြီးတိုးပွားနေဦးမှာပဲ"
လူတိုင်းက အံ့အားသင့်သွားကြတယ်။ ဇွန်ဘီ ၅၀၀ က , ပင် တွန်းလှန်ရန် ခက်ခဲလိမ့်မည်။ ဇွန်ဘီ ၁၀၀၀ ဆိုသည်မှာ သူတို့အတွက် မဖြစ်နိုင်သလောက်ပင်။
သူတို့ရဲ့ထိတ်လန့်မှုကနေ ပြန်မကောင်းလာသေးခင်မှာပဲ ကုရှကျယ်က ဆက်ပြောလိုက်တယ် "ပြီးတော့ ကျွန်တော်တို့က လီယောင်ကိုလည်း ဆက်သွယ်နိုင်ခဲ့ပြီး သူတို့ပ ဇွန်ဘီအုပ်ကြားက အဆောက်အဦးတစ်ခုမှာ ပိတ်မိနေတယ်ဆိုတာ သိခဲ့ရတယ်"
"သူတို့ဘက်က အခြေအနေက ဘယ်လိုလဲ" ဝေယင်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်။
ပိုင်ရိီကျီးကို လိုက်ပါပို့ဆောင်ရေးအဖွဲ့ထံ လွှဲပြောင်းပေးပြီးနောက်မှာက သူ့တာဝန်မဟုတ်တော့သော်လည်း၊ သူတို့အတူယှဉ်တွဲတိုက်ခိုက်ခဲ့သည့်အချိန်တွင် ရင်းနှီးမှုကို တည်ဆောက်ခဲ့သည်။
"လောလောဆယ်တော့ သူတို့က ဘေးကင်းပါတယ်" ဟု ကုရှကျယ်က ပြောသည်။ "ဒါပေမယ့် သူတို့မှာက အစားအစာနဲ့ ရေမရှိတော့ သူတို့ ကြာကြာ မခံနိုင်လောက်ဘူး"
ဝေယင်းက ခဏလောက် တိတ်ဆိတ်သွားပြီးမှ "ကျန်းနင်က လူတွေကို ဆက်သွယ်ပြီး ဇွန်ဘီအုပ်ကိုရှင်းလင်းဖို့ ပူးပေါင်းဆောင်ရွက်နိုင်မလားဆိုတာ ကြည့်မယ်။ ဒါကိုသာ မစစ်ဆေးဘဲထားခဲ့မယ်ဆိုရင် နောက်ဆို ပြဿနာတွေက ပိုပြီးကြီးကြီးမားမား ဖြစ်လာလိမ့်မယ်" လို့ ပြောလိုက်တယ်။
"ဗိုလ်ကြီးဝေ၊ ကျွန်တော့်တို့အဖွဲ့ကတော့ တစ်ခုခုကူညီနိုင်မလားဆိုတာကိုကြည့်ဖို့ ဒီမှာနေပါ့မယ်" ဟု ကုရှကျယ်က ကမ်းလှမ်းသည်။
ဝေယင်းက ခေါင်းညိတ်ပြီး "ကျေးဇူးတင်ပါတယ်။ မင်းတို့အဖွဲ့အတွက် နေစရာနေရာစီစဉ်ပေးပါ့မယ့" လို့ ပြောလိုက်တယ်။
သူတို့ရဲ့ တိုတောင်းတဲ့စကားဝိုင်းအပြီးမှာတော့ ဝေယင်းနဲ့ သူ့အဖွဲ့ဟာ ပြင်ဆင်မှုတွေ စတင်ဖို့အတွက် အခြေစိုက်စခန်းကို ပြန်သွားခဲ့ကြပါတယ်။ ကုရှကျယ်တို့အဖွဲ့ကတော့ လင်းယုန်တို့အဖွဲ့ရဲ့နေအိမ်နားက အိမ်တစ်လုံးဆီကို ခေါ်ဆောင်သွားခြင်းမခံရခင်မှာ အရင်ဆုံး အပြင်ဘက်မှာ နှစ်နာရီကြာ စောင့်ဆိုင်းခဲ့ကြရနတယ်။
ဝေယင်းက ယာယီရှင်သန်ရေးစခန်းရဲ့ ခေါင်းဆောင်များ၊ ကျန်းနင်မြို့မှ အရာရှိများနှင့် တန်ပြန်အစီအမံများ ဆွေးနွေးနေစဉ်တွင် နတ်ဆိုးအဖွဲ့ကတော့ တိုက်ခန်းအဆောက်အဦးနှစ်ခုကို ရှင်းလင်းပြီးဖြစ်သည်။
နေဝင်ချိန်မှာတော့ သူတို့ဟာ အဲဒီနေရာတစ်ခုလုံးကို ရှင်းလင်းလို့ပြီးသွားပါပြီ။
သူတို့ အခြေစိုက်စခန်းကိုပြန်ရောက်တဲ့အခါမှာ ကျန်းယွမ်က သတင်းပို့တယ် "ကပ္ပတိန်၊ ကျွန်တော်တို့က တိုက်ခန်း အဧရိယာပေါင်း သုံးခုကို ရှင်းလင်းပြီးပါပြီ။ ဒါပေမယ့် ဗီလာဧရိယာ နှစ်ခု၊ အိမ်ရာကွက် ငါးကွက်နဲ့ တိုက်ခန်းဧရိယာ ၁၅ ခု ကျန်ပါသေးတယ်"
နောက်ခုံမှာထိုင်နေတဲ့ ကျင်းရွှီယန်းက မြေပုံကိုစစ်ဆေးပြီး "ငါတို့ အလျင်စလိုမလုပ်ဘူး၊ ဒါကြောင့် ငါတို့ရဲ့အဖွဲ့ဝင်အသစ်တွေကို လေ့ကျင့်ပေးဖို့ နေရာကိုရှင်းလင်းတာက ဘာမှအန္တရာယ်မရှိပါဘူး" လို့ ပြောလိုက်တယ်။
ကျန်းယွမ်က ခေါင်းညိတ်ပြီး "ဗိုလ်ကြီးရွှီက ဒီမနက်မှာပဲ ဂိုဒေါင်တွေအသင့်ဖြစ်ပြီလို့ တစ်ယောက်ယောက်ကို ကျွန်တော်တို့ဆီလွှတ်ပြီး အကြောင်းကြားခိုင်းလိုက်တယ်" လို့ ထပ်ပြောလာတယ်။
ဒါကိုကြားတော့ ကျိူးလီဇီက ပါးစပ်ထဲက စတော်ဘယ်ရီသီးကိုမျိုချပြီး "သူက တကယ်ကို လုပ်နိုင်စွမ်းရှိတာပဲ။ တစ်ရက်ပဲရှိသေးတယ်လေ အိမ်ဆယ်လုံးတောင် သန့်ရှင်းရေးလုပ်ပြီးသွားပြီ" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက သူ့ချစ်သူဖက်ကိုလှည့်ကြည့်ပြီး " ရွှီချွန်းက အတော်လေးအထင်ကြီးစရာကောင်းတယ်လို့ အာဇီထင်နေပုံပဲ" လို့ ပြောလိုက်တယ်။
သူ့ရဲ့ မနာလိုမှုကို သတိထားမိတဲ့အခါမှာတော့ ကျိူးလီဇီကရယ်လိုက်တယ်။ သူမရဲ့,ချစ်သူ၏လည်ပင်းကိုခပ်ပြင်းပြင်း နမ်းရှုံ့ပြီးမှ "ဒီချဉ်တဲ့အရသာက ဘယ်ကလာတာလဲ ၊ ဟမ်" လို့ စနောက်လိုက်တယ်။
ပြီးတော့ သူမကလက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ချစ်သူအမျိူးသားရဲ့ပါးကို ညင်သာစွာဆုပ်ကိုင်လိုက်ကာ "ဪ၊ ငါ့ချစ်သူဆီက လာတာပဲ" လို့ ထပ်ပြောလိုက်တယ်။
သူမရဲ့စကားတွေကို ကြားလိုက်ရတဲ့အချိန်မှာတော့ ကျင်းရွှီယန်းရဲ့နှလုံးသားက တုန်လှုပ်သွားပြီး သူ့ရဲ့မနာလိုမှုတွေက မီးခိုးငွေ့တွေလိုပဲ ပျောက်ကွယ်သွားခဲ့တယ်။ သူက သူမရဲ့ လက်ကို ဆုပ်ကိုင်ပြီး "အဘိုးကျန်းက ဒီမှာ ရှိနေတယ်" လို့ ပြောလိုက်တယ်။
ကျန်းယွမ်က ကားမောင်းသူထိုင်ခုံမှာပဲထိုင်ပြီး ဘာမှမမြင်သလို၊ ဘာမှမကြားသလို၊ ဘာမှမသိသလို ဟန်ဆောင်နေခဲ့တယ်။ နောက်ကြည့်မှန်ကနေတစ်ဆင့်တောင် သူတို့ကို လှည့်မကြည့်ခဲ့ဘူး။
သူတို့ရဲ့ကပ္ပတိန်က အခွင့်အရေးရတိုင်းမှာ ခွေးစာတွေ ဝေငှပေးတတ်လွန်းလို့ သူရယ် ၊ သူ့ချစ်သူရယ်နဲ့အတူဆို ဘယ်သူကမှ ကားအတူတူစီးဖို့ မလိုလားကြဘူး။ နောက်ဆုံးတော့လည်း ကားမောင်းရင်းပိတ်မိသွားတာက ဒီခွေးအိုကြီးပါပဲ။
ဒုတိယကပ္ပတိန်အနေနဲ့ သူဟာ ဒီအလုပ်ကို တခြားတစ်ယောက်ယောက်ကိုတွန်းပို့ပြီး လူငယ်တွေကို နှိပ်စက်လို့ မရပါဘူး။ ဒါကြောင့် သူတို့စနောက်နေတာကို မျက်နှာတည်တည်နဲ့ပဲ သူကြည့်နေနိုင်တော့သည်။ ခွေးစာ အတင်းကျွေးခံရပြီးနောက်မှာတော့ သူကျင့်သားရသွားပြီး စိတ်အနှောင့်အယှက်လည်း မဖြစ်တော့ပါဘူး။
ဒါကြောင့် ချစ်သူစုံတွဲက ကားနောက်ခန်းမှာ နောက်ပြောင်ပြီး ဖက်နေကြတဲ့အချိန်မှာတောင် သူ့စိတ်နဲ့နှလုံးသားက ပင်လယ်လိုပဲ ငြိမ်သက်နေခဲ့တယ်။
ငါးမိနစ်အကြာတွင်မှ ကျင်းရွှီယန်းဟာ သူတို့က ပစ္စည်းများအကြောင်းဆွေးနွေးနေကြတာကို နောက်ဆုံးတော့ ပြန်သတိရသွားတယ်။ သူ့ကောင်မလေးက ထပ်မံလှည့်ဖျားခြင်းမပြုနိုင်ရန်အတွက် သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
သူက လည်ချောင်းရှင်းလိုက်ပြီးမှ "အဘိုးကြီးကျန်း ၊ ရွှီချွန်း ကို မနက်ဖြန်မနက်ကြရင် ဂိုဒေါင်တွေကို ဖြည့်ပေးမယ်ဆိုတာကို အသိပေးလိုက်ပါ" လို့ ပြောလိုက်တယ်။
"နောက်ပြီး ငါတို့က ထောက်ပံ့ရေးပစ္စည်းတွေထပ်ရှာဖို့ ထွက်သွားမယ်လို့ သူ့ကိုပြောပေးပါ၊ ဒါကြောင့် ရက်အနည်းငယ်လောက် ပြန်မလာနိုင်ဘူးလို့။ သူက အသက်ရှင်ကျန်ရစ်သူတွေဆီကို တိုက်ခန်းတွေဝေငှပေးနိုင်ပြီး။ ငါတို့ ပြန်ရောက်လာရင်တော့ မစ်ရှင်ကို ဆက်လုပ်သွားမယ်"
"နားလည်ပါပြီ" ကျန်းယွမ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်တယ်။
နတ်ဆိုးအဖွဲ့တို့ နေအိမ်ကိုပြန်ရောက်ပြီးနောက်တွင် ရေချိုးနိုင်ရန်အတွက် ကျိူးလီဇီက ရေတိုင်ကီများကိုရေဖြည့်ပေးပြီးနောက်မှာ ရေချိုးရန်အတွက် သူမရဲ့အိပ်ခန်းသို့ ဦးတည်သွားခဲ့သည်။
ရေချိုးခန်းထဲကထွက်လာတော့ သူမရဲ့ ချစ်သူက ကော်ဇောပေါ်မှာထိုင်ပြီး အမြုတေတွေကိုရေတွက်နေတာကို တွေ့လိုက်ရတယ်။ သူမက လျှောက်သွားပြီး ကုတင်ပေါ် ဝင်ထိုင်လိုက်တယ်။
သူမက သူ့ကို ခဏလောက် ငြိမ်ငြိမ်လေးကြည့်နေပြီးမှ "အစ်ကိုယန်း ဆိုလာပြားတွေကို ရွှီချွန်းဆီ ဘယ်တော့ပေးမှာလဲ" လို့ မေးလိုက်တယ်။
"အပြင်ကနေ ပြန်လာပြီးရင် သူ့ကို ပေးလိုက်လို့ရတယ်" ဟု ကျင်းရွှီယန်းက ရေတွက်မှုကိုမရပ်တန့်ဘဲ ပြန်ဖြေလိုက်တယ်။
ခဏကြာတော့မှ သူ့ချစ်သူကိုလှမ်းကြည့်ပြီး "အာဇီ ဒီနေရာကို ကြိုက်လား" လို့ မေးလိုက်တယ်။
ကျိူးလီဇီက ခဏလောက်စဉ်းစားပြီးမှ "ဒီနေရာက မဆိုးပါဘူး။ ဒါပေမယ့် လုံလောက်အောင်တော့မလုံခြုံဘူး။ ဒုတိယအကြိမ်မိုးရွာတာကို ကျော်လွှားချင်ရင်တော့ ပြင်ဆင်ရမယ့်အရာတွေ အများကြီးကျန်သေးတယ်" လို့ ပြောလိုက်တယ်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်တယ် "အာဇီက ဒီမှာနေရတာသဘောကျရင် ဒီအခြေစိုက်စခန်းကိုတည်ဆောက်ဖို့အတွက် ရွှီချွန်းနဲ့ အတူတူ လုပ်ဆောင်ဖို့က မဖြစ်နိုင်တဲ့အရာတော့ မဟုတ်ဘူး။ ကိုယ်တို့ရဲ့ အကူအညီနဲ့ဆို ဒုတိယအကြိမ်မိုးရွာတဲ့အခါ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"
အခန်း-(၂၃၉)
သူ့စကားတွေကိုကြားတော့ ကျိူးလီဇီ စိတ်ထိခိုက်သွားတယ်။ မိဘမဲ့တစ်ယောက်အနေနဲ့သူမဟာ အကြိမ်ပေါင်းများစွာ မွေးစားခံခဲ့ရပေမယ့် ဘယ်မိသားစုနဲ့မှ ကြာကြာမနေခဲ့ရဘူး။
သူမဟာ လအနည်းငယ်ကြာရင် မိဘမဲ့ဂေဟာကို ပြန်ရောက်သွားလေ့ရှိတယ်။ မိသားစုအများစုက သူမရဲ့ ပုန်ကန်တတ်ပြီး ခေါင်းမာတဲ့စရိုက်ကြောင့် သူမကို ပြန်ပို့ခဲ့ကြပါတယ်။ ပင်လယ်ထဲကဘဲတွေလို နှစ်ပေါင်းများစွာ မျောပါနေပြီးနောက်မှာတော့ သူမဟာ နောက်ဆုံးတော့ အိမ်လို့ခေါ်နိုင်တဲ့ နေရာတစ်ခုကို တောင့်တနေခဲ့တယ်။
သူမကခါးကိုင်းကာ သူ့ချစ်သူရဲ့ပါးပြင်ကို အသံကျယ်ကျယ်မြည်အောင် နမ်းပြီးနောက် "ကျေးဇူးတင်ပါတယ် အစ်ကိုယန်း" ဟု ပြောလိုက်သည်။
ဒီစကားကိုကြားလိုက်တာနဲ့ သူမက ဒီအကြံကိုကြိုက်တယ်ဆိုတာကို ကျင်းရွှီယန်း သိလိုက်တယ်။ သူမရဲ့မေးစေ့ကို ကိုင်ပြီး "အာဇီ ဒီလောက်နဲ့ပဲ့ ကိုယ့်ကိုကျေးဇူးတင်တော့မှာလား" လို့ မေးလိုက်တယ်။
သူမကိုနမ်းဖို့ ခါးကိုင်းလိုက်တဲ့အချိန်မှာပဲ ရှောင်ချီက တံခါးဝမှာရုတ်တရက်ပေါ်လာပြီး "ကပ္ပတိန် ၊ မရီး ညစာ အဆင်သင့်ဖြစ်ပါပြီ" လို့ ပြောလာတယ်။
သူတို့လုပ်နေတာကိုမြင်တော့ ရှောင်ချီက ကြောင်သွားတယ်။ ခဏနေတော့မှ သူသတိပြန်ဝင်လာပြီး "စိတ်အနှောင့်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ်။ ကပ္ပတိန်၊ ဆက်လုပ်လို့ရပါတယ်။ ဘာမှမမြင်ဘူး" လို့ ပြောလိုက်တယ်။
ရှောင်ချီရဲ့ခြေသံတွေ ဝေးသွားတဲ့အခါမှ ကျင်းရွှီယန်းက သက်ပြင်းချပြီး သူ့ချစ်သူကိုလွှတ်ပေးလိုက်တယ်။ သူမကို နမ်းချင်ရင်တောင် အဲဒီကောင်က အခြေအနေကို လုံးဝဖျက်ဆီးပစ်လိုက်တာပဲ။
ကျိူးလီဇီက သူ့ရဲ့ စိတ်ပျက်လက်ပျက်အမူအရာကိုကြည့်ကာ ရယ်လိုက်ပြီး "အကိုယန်း ကျွန်မ ဗိုက်ဆာနေပြီ။ အရင်သွားစားရအောင်"
ထမင်းစားခန်းကို မသွားခင်မှာ သူမက အမြုတေအားလုံးကို သူမရဲ့နေရာလွတ်ထဲမှာ စုဆောင်းလိုက်တယ်။
ညစာစားပြီးနောက်တွင်တော့ ကျင်းရွှီယန်းဟာ သူမနောက်သို့လိုက်သွားပြီး ကမ္ဘာပေါ်တွင် အသဘာဝအကျဆုံးအရာကဲ့သို့ ကုတင်ပေါ်တွင် လှဲလျောင်းနေခဲ့သည်။ အရှက်မရှိသောလူက မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားတာကိုမြင်တော့ ကျိူးလီဇီရဲ့ နှလုံးသားက နူးညံ့သွားသည်။
သူတို့က တစ်နေကုန်အောင်တိုက်ခိုက်နေရပြီး နှစ်ယောက်စလုံးဟာ ဘာမှမလုပ်နိုင်လောက်အောင်ကို မောပန်းနေကြတယ်။ သူ့မှာဆန္ဒရှိရင်တောင် သူ့ရဲ့လက်ရှိအခြေအနေမှာ ဘာမှ လုပ်နိုင်မှာမဟုတ်ဘူးလို့တွေးပြီး သူမက သတိထား၍ တံခါးပိတ်ကာ ကုတင်ပေါ် တက်လိုက်တယ်။
သူမဘေးက သူ့ရဲ့တည်ရှိနေမှုကို ခံစားရလို့ တစ်ယောက်တည်းအိပ်တဲ့အခါကလောက် ကိုယ့်ကိုယ်ကိုယ် သတိထားနေတာမျိုး မရှိတော့ဘူး။ မျက်လုံးမှိတ်ပြီး မကြာခင်မှာပဲ အိပ်ပျော်သွားတယ်။
မကြာခင်မှာပဲ ကျင်းရွှီယန်းက မျက်လုံးဖွင့်ပြီး သူမဆီတိုးကပ်သွားတယ်။ သူမကို သူ့ရင်ခွင်ထဲဆွဲသွင်းပြီးမှသာ သူကပြုံးပြီး အိပ်ပျော်သွားတယ်။
နောက်တစ်နေ့မနက်အစောပိုင်း မိုးမလင်းခင်မှာပဲ နတ်ဆိုး အဖွဲ့ဟာ နိုးလာကြတယ်။ ရေချိုး၊ မနက်စာစားပြီး ပစ္စည်းကိရိယာတွေကို စစ်ဆေးကြတယ်။
သူတို့က ဇွန်ဘီတွေကိုတိုက်ခိုက်ဖို့ ထွက်သွားကြမှာမို့ ကျိူးလီဇီက လက်တိုအနက်ရောင် အားကစားဝတ်စုံတစ်စုံကို ဝတ်ဆင်ခဲ့ပါတယ်။ သူမဟာ ကိုယ်နဲ့ကိုက်ညီတဲ့ အားကစားဘရာစီယာနဲ့ အနက်ရောင်ဖိနပ်တစ်ရံကိုလည်း ဝတ်ဆင်ထားတယ်။
သူမရဲ့အားကစားဝတ်စုံကပေါ့ပါးပြီး လေဝင်လေထွက်ကောင်းကာ ကျုံ့ဆန့်နိုင်စွမ်းရှိတဲ့ ပစ္စည်းနဲ့လုပ်ထားတာဖြစ်လို့ ပူပြင်းတဲ့ရာသီဥတုမှာတောင် သက်တောင့်သက်သာရှိတယ်။
သူမရဲ့ဂျာကင်အင်္ကျီကို ဇစ်မပိတ်နိုင်မီတွင်ပဲ ကျင်းရွှီယန်း ကတံခါးဖွင့်လိုက်တော့ နှစ်ယောက်သားက အံ့အားသင့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။
သူ့မျက်လုံးတွေက အောက်ကိုနိမ့်သွားပြီး သူမရဲ့ တင်းရင်းပြီးလုံးဝန်းတဲ့ ရင်သားကြီးတွေဆီရောက်သွားတယ်။ ခဏအတွင်းမှာပဲ သူ့လည်ချောင်းကခြောက်ကပ်လာပြီး တံတွေးမျိုချမိလိုက်တယ်။
သူ့ရဲ့အကြည့်ကိုသတိထားမိတဲ့ ကျိူးလီဇီက သူမရဲ့ဂျာကင်အင်္ကျီကို အမြန်ဇစ်ဆွဲပိတ်ပြီးမေးလိုက်တယ် "ဘယ်ကိုကြည့်နေတာလဲ"
သူ့ကိုဖမ်းမိသွားပြီဆိုတာ သဘောပေါက်လိုက်တဲ့အခါ ကျင်းရွှီယန်းက သူမရဲ့အကြည့်ကိုတုံ့ပြန်ဖို့ မျက်လုံးကိုပင့်ကြည့်လိုက်တယ်။ တံခါးကိုပိတ်ပြီး သူမဆီကို လျှောက်သွားတယ်။ သူမရဲ့ ပိန်ပိန်ပါးပါးခါးလေးကိုလှမ်းကိုင်ပြီး ရယ်ရင်းပြောလိုက်တာက"ကိုယ့်ချစ်သူကို ကိုယ်ကြည့်နေတာ"
သူမရဲ့နှုတ်ခမ်းကို ငုံ့နမ်းလိုက်ပြီးမှ "ဖုန်းယွင် နှင့် ရှောင်ချီက ကိုယ်တို့ကို စောင့်နေပြီ" လို့ ထပ်ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျိူးလီဇီဟာ ဂိုဒေါင်တွေဆီသွားပြီး ပိုများတဲ့ အထောက်အပံ့ပစ္စည်းတွေဖြည့်ပေးကာ သူမရဲ့နေရာလွတ်ထဲမှာ နေရာအလွတ်ဖန်တီးရမယ်ဆိုတာသတိရသွားတယ်။
အဲဒါက အရေးကြီးတဲ့ကိစ္စဖြစ်တဲ့အတွက် သူမရဲ့ရင်ဘတ်ကို သူစိုက်ကြည့်နေတာနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်မဖြစ်တော့ဘဲ "ဒါဆို ကျွန်မတို့သွားသင့်ပြီ" လို့ ပြောလိုက်တယ်။
သူ့ချစ်သူက စိတ်ဆိုးတော့တာကိုမြင်တော့ ကျင်းရွှီယန်းက ပြုံးပြီး အခန်းထဲမှထွက်သွားရန် သူမလက်ကို ဆုပ်ကိုင်လိုက်သည်။
သူတို့နှစ်ယောက် ဆင်းလာတော့ ဖုန်းယွင်က "ကပ္ပတိန်၊ ခယ်မ ကျွန်တော်တို့သွားဖို့ အဆင်သင့်ဖြစ်ပါပြီ" လို့ ပြောလာတယ်။
သူ့ချစ်သူအတွက် ကားတံခါးကိုဖွင့်ပေးပြီး ကျင်းရွှီယန်းကပြောလိုက်တယ် "နောက်မှ မင်းတို့နှစ်ယောက်က ငါတို့နောက် လိုက်ခဲ့ ။ အာဇီရဲ့နေရာကို ငါတို့ဖုံးကွယ်ထားဖို့ လိုသေးတယ်"
"နားလည်ပါပြီ" ဟု ဖုန်းယွင် နှင့် ရှောင်ချီတို့က တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြတယ်။
ဂိုဒေါင်ဧရိယာကို သူတို့သွားနေတုန်းမှာ ကျန်နတ်ဆိုးအဖွဲ့သားတွေက ပြင်ဆင်မှုတွေနဲ့ အလုပ်ရှုပ်နေကြတယ်။ ချင်လူဇီကိုတော့ သူတို့ရဲ့ လေသေနတ်ကျည်ဆန်တွေ ပြန်ဖြည့်ဖို့ တာဝန်ပေးထားပြီး ဝိန့် ညီအစ်ကိုတွေကတော့ သတ္တုကျည်ဆန်တွေ ထပ်ပြင်ဆင်နေကြတယ်။
ဆယ့်ငါးမိနစ်အကြာတွင် ကျင်းရွှီယန်းနှင့်အဖွဲ့တို့ ဂိုဒေါင်ဧရိယာသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာကို စောင့်ကြပ်နေသော စစ်သားများဟာ သူတို့ကိုမြင်သောအခါမှာ အလေးပြုပြီး တံခါးကို လျင်မြန်စွ ဖွင့်ပေးလိုက်သည်။
ရွှီချွန်းဆီမှ အကြောင်းကြားလာပြီးနောက်မှာတော့ စစ်သားများက နတ်ဆိုးအဖွဲ့ကို ဆက်လက်ပိတ်ဆို့ထားခြင်း မပြုတော့ဘဲ နှစ်သက်သလို ထိုနေရာသို့ ဝင်ထွက်သွားလာစေသည်။
ဒီတစ်ခါမှာတော့ သူတို့ရဲ့ကားကို ဂိုဒေါင်အသစ်ဆီ မောင်းသွားကြတယ်။ ကားပေါ်ကဆင်းလိုက်တဲ့အခါ အိမ်ဆယ်လုံး တည်းကိုသာသန့်ရှင်းရေးလုပ်ပြီးသွားရုံသာမကဘဲ မျှော်လင့်ထားတာထက် အများကြီးအဆင်သင့်ဖြစ်နေတာကိုလည်း ကျိူးလီဇီက သတိထားမိလိုက်တယ်။
သူမရဲ့ချစ်သူဘက် လှည့်ပြီး "အစ်ကိုယန်း၊ သူတို့ကို ဂိုဒေါင် ဆယ်လုံးပဲ ထပ်ပြင်ဆင်ခိုင်းထားတာ မဟုတ်ဘူးလား" လို့ မေးလိုက်တယ်။
ကျင်းရွှီယန်းက အိမ်တွေကိုကြည့်ပြီးပြောလိုက်တယ် သူ့ကို ရိက္ခာတွေပိုပေးလိမ့်မယ်လို့ "ရွှီချွန်းက မျှော်လင့်နေတာလား။ မနေ့ကလေ ဗိုလ်မှူးကြီးဆီက မောင်းထုတ်ခံခဲ့ရတဲ့ အသက်ရှင်ကျန်ရစ်သူတွေကပြန်လာပြီး အခြေစိုက်စခန်းမှာ အခြေချနေထိုင်နေကြပြီလို့ ကြားတယ်"
"သူတို့အပြင် စက်ရုံခရိုင်က အသက်ရှင်ကျန်ရစ်သူတချို့လည်း အခြေစိုက်စခန်းကို ဝင်ရောက်လာကြတယ်။ နေ့တိုင်းမှာ လူတွေအများကြီးရောက်လာတာတော့ လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေကလည်း အနည်းဆုံး သုံးဆလောက်ထိ တိုးလာတယ်။ ဒါကြောင့် သူ့အတွက်တော့ အပိုပြင်ဆင်မှုတွေလုပ်တာက ပုံမှန်ပါပဲ" ဟု သူက ထပ်လောင်းပြောလိုက်သေးတယ်။
သူ့စကားတွေကို သဘောကျသွားပြီး ကျိူးလီဇီ ခေါင်းညိတ်ကာ ပြောလိုက်တယ် "ဒါဆိုရင် သူ့ကိုပိုပေးလိုက်မယ်။ အဲဒီလိုဆိုရင် နောက်မှတွေ့မယ့် ပစ္စည်းတွေအတွက်လည်း နေရာပိုရှိသွားလိမ့်မယ်"
"ကောင်းပြီ၊ ဒါပေမယ့် သူ့ကို အရမ်းမပေးနဲ့ မဟုတ်ရင် သူ သံသယဝင်လာလိမ့်မယ်" ကျင်းရွှီယန်းက သူမကို သတိပေးလာတယ်။
ကျိူးလီဇီက ခေါင်းညိတ်ပြီး ပြုံးကာ "စိတ်မပူပါနဲ့၊ အကန့်အသတ်ကို ကျွန်မသိပါတယ်" ဟု ပြောလိုက်တယ်။
သူတို့လေးယောက်ဟာ လူသူကင်းမဲ့တဲ့ အိမ်တစ်လုံးဆီကို လျှောက်သွားကြပြီး ကျင်းရွှီယန်းက အပြင်မှာ စောင့်ကြပ်နေတဲ့အချိန်မှာ ဖုန်ယွင် နှင့် ရှောင်ချီတို့ကတော့ ကျိူးလီဇီရဲ့ အနောက်ကနေ အထဲကို လိုက်လာခဲ့ကြတယ်။ ကျိူးလီဇီက သူမရဲ့နေရာလွတ်ကနေ ပစ္စည်းတွေထုတ်ယူနေတုန်းမှာ ကျန်နှစ်ယောက်ကတော့ တံခါးဝမှာ ရပ်နေခဲ့ကြတယ်။
အခန်း-(၂၄၀)
ဖုန်းယွင် နှင့် ရှောင်ချီတို့ သိုလှောင်ထားသောထောက်ပံ့ရေးပစ္စည်းများနှင့်နှိုင်းယှဉ်ပါက သူမရဲ့ထောက်ပံ့ရေးပစ္စည်းများက အဆပေါင်းများစွာပိုများသည်။ သုံးထပ်တိုက်တစ်လုံးကိုပြည့်အောင်ဖြည့်ရန်မှာ သူမအတွက်တော့ ငါးမိနစ်သာကြာသည်။
တစ်နာရီခွဲအကြာတွင်တော့ သူမသည် လူသူကင်းမဲ့နေသော အိမ် ၁၈ လုံးကို ထောက်ပံ့ရေးပစ္စည်းများဖြင့် အပြည့်ဖြည့်ပေးခဲ့ပြီးပါပြီ။ အစားအစာ၊ ရေနှင့် ဆေးဝါးများအပြင် အဝတ်အစား၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာနှင့် အဝတ်လျှော်ဆပ်ပြာများကိုလည်း ထည့်ပေးခဲ့သည်။
ဖျားနာမှုကိုကာကွယ်ရန်အတွက်တော့ သန့်ရှင်းရေးက အရေးကြီးပါတယ်။ ဇွန်ဘီဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေကို လျှော့ချရန်အတွက် သူတို့အနေနဲ့ ဆပ်ပြာဖြင့် ဆေးကြောပြီး အဝတ်အစားများကို ဆပ်ပြာဖြင့် လျှော်ဖွတ်ရမည်။ အိမ် ၁၀ လုံးကို အဝတ်အစားများနှင့် နေ့စဉ်လိုအပ်သောပစ္စည်းများ သိုလှောင်ရန် အသုံးပြုခဲ့သည်။
ပြီးသွားတဲ့အခါမှာ ကျိူးလီဇီက သူမရဲ့နေရာလွတ်ကို စစ်ဆေးလိုက်ပြီး နေရာလွတ်က ပိုကျယ်လာတာကို သတိထားမိလိုက်တယ်။
"အာဇီ အဆင်ပြေရဲ့လား" သူမ ငြိမ်ငြိမ်လေးရပ်နေတာကို မြင်တော့ ကျင်းရွှီယန်းက မေးလိုက်တယ်။
အာကာသအမျိုးအစား စွမ်းရည်အသုံးပြုသူများဖြစ်တဲ့ ဖန်ယွင် နှင့် ရှောင်ချီ တို့နှစ်ဦးစလုံးသည် စိတ်စွမ်းအင်ကို အလွန်အကျွံအသုံးပြုခြင်းရဲ့အန္တရာယ်များကို နားလည်ပြီး သူမကို စိုးရိမ်စွာဖြင့် ကြည့်နေကြသည်။
ကျိူးလီဇီက သတိပြန်ဝင်လာပြီးတာနဲ့ ပြုံးကာ "အစ်ကိုယန်း ကျွန်မ အဆင်ပြေပါတယ်။ နည်းနည်းပင်ပန်းနေလို့ပါ" ဟု ပြန်ဖြေလိုက်တ။
"ဒါဆို ဒီနေ့အတွက် ရပ်လိုက်ရအောင်" ဟု ကျင်းရွှီယန်းက ပြောသည်။
"အိုကေ"
ဂိုဒေါင်ဧရိယာမှ သူတို့ထွက်ခွာသွားပြီးနောက်တွင်တော့ စစ်သားတစ်ဦးက ကုန်ပစ္စည်းများကို စစ်ဆေးရန်အတွက် လာရောက်ခဲ့ပြီး ဂိုဒေါင် ၁၈ ခုက ပြည့်ပြည့်စုံစုံဖြင့် ထပ်မံတိုးချဲ့လာကြောင်း ရွှီချွန်းထံ သတင်းပို့ခဲ့သည်။
သတင်းက စစ်သားများကြားတွင် ပျံ့နှံ့သွားချိန်တွင် နတ်ဆိုး အဖွဲ့က အခြေစိုက်စခန်းမှထွက်ခွာပြီး စီးပွားရေးရပ်ကွက်သို့ သွားနေပြီဖြစ်သည်။
ဒီနေ့မှာတော့ သူတို့ဟာ သံချပ်ကာယာဉ်တွေကိုအသုံးပြုပြီး အဖွဲ့ကိုကားသုံးစီးဖြင့်ခွဲလိုက်က ကျင်းရွှီယန်းကတော့ သူ့ချစ်သူနဲ့အတူ ကားတစ်စီးတည်းအတူစီးခဲ့တယ်။
ကားမောင်းနေတုန်းမှာ ကျင်းရွှီယန်းက သူ့ချစ်သူကို နောက်ကြည့်မှန်ကနေ လှမ်းကြည့်ပြီး "အာဇီ ပင်ပန်းနေရင် အိပ်လိုက်ဦး။ စီးပွားရေးရပ်ကွက်ကိုရောက်ဖို့ နှစ်နာရီလောက် ကြာလိမ့်မယ်" လို့ ပြောလိုက်တယ်။
ကျိူးလီဇီကလည်း သူမရဲ့နေရာလွတ်ရှိ ပြောင်းလဲမှုများကို စစ်ဆေးလိုသောကြောင့် ခေါင်းညိတ်ပြီး မျက်လုံးများကို မှိတ်လိုက်တယ်။ သူမက အိပ်ပျော်နေပုံရသော်လည်း သူမရဲ့စိတ်ကတော့ သူမရဲ့နေရာလွတ်ထဲကို ဝင်ရောက်သွားသည်။
မြက်ခင်းပြင်ပေါ်တွင်ရပ်နေပြီး သူမရဲနေရာလွတ်ကသတင်းအချက်အလက်ဘောင်ကိုဖွင့်ကာ စာဖတ်နေလိုက်တယ်။ အိမ်ဧရိယာမှာ အရင်အတိုင်းပင်ဖြစ်သော်လည်း စိုက်ပျိုးရေးဧရိယာမှာတော့ အမှန်တကယ် ကျယ်ပြန့်လာခဲ့သည်။
လယ်ယာမြေက စတုရန်းမီတာ ၂၀၀ မှ ၅၀၀ အထိဖြစ်သွားပြီး ၃၀၀ စတုရန်းမီတာ တိုးလာခဲ့သည်။ အထွက်နှုန်းကလည်း နှစ်ဆတိုးလာကာ ၅ ကီလိုဂရမ်မှ ၁၀ ကီလိုဂရမ်အထိ မြင့်တက်လာခဲ့တယ်။
လယ်ယာမြေအပြင် ရေကန်လည်း ပြောင်းလဲသွားခဲ့သည်။ ၎င်းရဲ့အချင်းက ၁၀မီတာတွင် ရှိနေသော်လည်း အနက်မှာ ၅မီတာမှ ၁၅မီတာအထိ မြင့်တက်လာခဲ့သည်။
သူမက ဆက်လက်ဖတ်ရှုနေပြီး ဟက်တာ ၁၀ ကျယ်ဝန်းသော မူလမြက်ခင်းပြင်ဧရိယာသည် ယခုအခါတွင်တော့ ဟက်တာ ၃၀ အထိ တိုးချဲ့လာတာကို သတိပြုမိလိုက်သည်။
ဤအချက်အလက်ကိုဖတ်ပြီးနောက်တော့ သူမက တိရစ္ဆာန်များကိုစစ်ဆေးကြည့်လိုက်တာ ခြံစည်းရိုးများပတ်လည်တွင် နောက်ထပ်နေရာတစ်ခု ပေါ်လာတာကို သတိပြုမိလိုက်သည်။ မြက်ခင်းပြင်ပေါ်တွင်ထားရှိသော ပစ္စည်းများကိုစစ်ဆေးခြင်းမပြုမီတွင် ခြံစည်းရိုးများနှင့် တိရစ္ဆာန်များကို မြူနှင့်ပိုမိုနီးကပ်အောင် ရွှေ့လိုက်သည်။
တိရစ္ဆာန်ဧရိယာတွေလိုပဲ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ မြူခိုးတွေကြားမှာ ဗလာနေရာတစ်ခု ရှိနေတယ်။ ဒီနေရာက မြူခိုးတွေဟာ တကယ်ပဲ နောက်ကိုရွေ့သွားပြီဆိုတာ သူမ သဘောပေါက်လိုက်တယ်။
မြူခိုးတွေရဲ့ အပြင်ဘက်မှာ ဘာတွေရှိလဲဆိုတာကို သူမ တွေးနေမိတယ်။ အဆုံးမရှိတဲ့ မြက်ခင်းပြင်ကြီးပဲလား၊ ဒါမှမဟုတ် နောက်ထပ်အရာတွေကို အနာဂတ်မှာဖွင့်လှစ်နိုင်မလား။
သူမရဲ့နေရာလွတ်ကို ပြန်အဆင့်မြှင့်တင်ဖို့က အလှမ်းဝေးနေသေးတဲ့အတွက် အတွေးကို ဘေးဖယ်ထားပြီး သတင်းအချက်အလက်ဘောင်ကို ဆက်လက်စစ်ဆေးနေလိုက်တယ်။
ဤအချိန်တွင် သူမရဲ့နေရာလွတ်က ထုတ်လုပ်သောအောက်ဆီဂျင်သည် ၁၃၀% တိုးလာခဲ့ပြီး တိရစ္ဆာန်တစ်ကောင်ကို မွေးမြူရန် အောက်ဆီဂျင်လိုအပ်ချက်မှာ ၃၀% မှ ၂၀% အထိ ကျဆင်းသွားခဲ့သည်။ တိရစ္ဆာန်တစ်ကောင်လျှင် အောက်ဆီဂျင်သုံးစွဲမှုမှာလည်း ၀.၅% မှ ၀.၃% အထိ ကျဆင်းသွားခဲ့သည်။
စွမ်းအင်ပြုပြင်ထိန်းသိမ်းမှုနှင့် အဆင့်မြှင့်တင်မှုဆိုင်ရာ လိုအပ်ချက်အသစ်များကို မဖတ်မချင်းအထိပဲ ဤတိုးတက်မှုများကြောင့် သူမ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
ယခုအခါတွင်တော့ သူမသည် နေရာလွတ်ရဲ့ စွမ်းအင်သုံးစွဲမှုကိုထိန်းသိမ်းရန်အတွက် တစ်နေ့လျှင် အမြုတေငါးခု လိုအပ်ပါသည် (တစ်ခု တိုးလာခြင်း)။ နေရာအဆင့်မြှင့်တင်ရန် လိုအပ်ချက်သည်လည်း အမြုတေ ၁၀၀ မှ ၂၀၀ အထိ မြင့်တက်လာခဲ့တယ်။
ကုန်ကျစရိတ်ကို အကျိုးကျေးဇူးများနှင့် တွက်ချက်ပြီးနောက်မှာတောအ ကျိူးလီဇီသည် သူမအနေနဲ့ ဤပြောင်းလဲမှုများမှ အကျိုးကျေးဇူးများရရှိနေဆဲဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။
သို့တိုင် သူမရဲ့စိတ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ကျန်ရှိနေခဲ့တယ်။ သူမရဲ့နေရာလွတ်က အခြားဇွန်ဘီများကို အဘယ်ကြောင့် မစုပ်ယူနိုင်တာကို သူမနားမလည်သေးသော်လည်း ဇွန်ဘီဖြစ်နေသော မိုဘင်းရှန်ကိုတော့ စုပ်ယူနိုင်ခဲ့သည်။
မိုဘင်းရှန်က ဇွန်ဘီဖြစ်သွားပြီးနောက်မှာတောင် သူမရဲ့အသိစိတ်က ထိန်းထားနိုင်လို့လား။ ဒါမှမဟုတ် စုပ်ယူမှုလုပ်ဆောင်ချက်အတွက် တခြားအခြေအနေတစ်ခုခု လိုအပ်လို့လား။
သူမက အချိန်အတော်ကြာအောင် စဉ်းစားနေသော်လည်း အဖြေကို ရှာမတွေ့သေးပေ။ သက်ပြင်းရှည်ကြီး ချလိုက်ပြီးနောက်မှ ထိုကိစ္စကို နောက်ထပ်အာရုံမစိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။
ဇလုံထဲမှာစိမ်ထားတဲ့ သူမရဲ့အဝတ်အစားတွေကိုကြည့်ပြီး လျှော်ဖို့သွားလိုက်တယ်။ ဈေးဝယ်စင်တာက အဝတ်လျှော်စက်တွေကို စောစောစီးစီးကတည်းကယူထားတာမို့ လက်နဲ့လျှော်စရာမလိုဘူး။
အဝတ်အစားတွေကို အဝတ်လျှော်စက်ထဲပစ်ထည့်ပြီးတဲ့နောက်မှာ သူမက အိမ်ကိုပြန်လာခဲ့ပြီး ကင်ထားတဲ့ကော်ဖီစေ့တွေကို ကြိတ်ချေလိုက်တယ်။
ကံကောင်းထောက်မစွာဖြင့် သူမရဲ့နေရာလွတ်သည် အရာအားလုံးကို အကောင်းဆုံးအခြေအနေတွင် ထိန်းသိမ်းထားနိုင်သောကြောင့် ကော်ဖီစေ့များဟာ အချိန်ကြာသွားသောကြောင့် မွှေးရနံ့ ဆုံးရှုံးသွားမည်ကို စိတ်ပူစရာမလိုပါ။
ကော်ဖီစေ့တွေကို ကြိတ်ပြီးတာနဲ့ ကြက်သားစွပ်ပြုတ်ကို သူမ စချက်လိုက်တယ်။ မီးဖိုချောင်မရှိတဲ့နေရာတွေမှာ စခန်းချရတဲ့အခါကြရင်ညဒါက အသုံးဝင်ပါလိမ့်မယ်။
သူမက စီးပွားဖြစ် ချက်ပြုတ်တဲ့အိုးကြီးတွေကို အသုံးပြုနေတာကြောင့် အိမ်အနီးမှာ မီးပုံငါးခုပုံခဲ့ပါတယ်။ အိုးတစ်လုံးစီမှာ ရေ ၂၅၀ လီတာလောက် ဆံ့တယ်။ ဂါလံ ၅၀၀ ဆံ့တဲ့ ရေတိုင်ကီတစ်တိုင်ကီကို ဖြည့်ဖို့အတွက်ဆို အိုးခုနစ်လုံးကနေ ရှစ်လုံးလောက်ထိ ချက်ဖို့လိုအပ်ပါတယ်။
သူမရဲ့နေရာလွတ်ထဲမှာ ဗီဇပြောင်း တိရစ္ဆာန်အရေအတွက် နည်းပါးတာကိုထည့်သွင်းစဉ်းစားပြီး အစောပိုင်းက စုဆောင်းထားတဲ့ ပုံမှန်ကြက်တွေကိုပဲအသုံးပြုဖို့ သူမဆုံးဖြတ်လိုက်တယ်။ ချက်ပြုတ်တဲ့လုပ်ငန်းစဉ်ကို မြန်ဆန်စေဖို့အတွက် ထင်းအပိုထည့်ပြီး မီးတောက်ကို တိုးမြှင့်ခဲ့ပ
တယ်။
ဟင်းချိုကုန်အောင်စောင့်နေတုန်း ရေတိုင်ကီကို သန့်ရှင်းရေးလုပ်တယ်။ ဟင်းချိုချက်ပြီးတာနဲ့ ရေတိုင်ကီထဲလောင်းထည့်ပြီး နောက်ထပ်အိုးသုံးလုံးချက်ပြန်တယ်။
နှစ်နာရီနီးပါးကြာအပြီးတွင် နောက်ဆုံးတော့ သူမဟာ ရေတိုင်ကီထဲကို စွပ်ပြုတ်အပြည့်ဖြည့်နိုင်ခဲ့တယ်။ အိုးကို ဆေးပြီးတာနဲ့ ကျင်းရွှီယန်းရဲ့ခေါ်သံကို ကြားလိုက်ရတယ်။
"အာဇီ ကိုယ်တို့ရောက်ပြီ "
ဒီစကားကိုကြားတော့ ကျိူးလီဇီရဲ့စိတ်က သူမရဲ့နေရာကနေ ပြန်လှည့်လာပြီး မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်တယ်။ နာရီကိုကြည့်လိုက်တော့ မနက်ကိုးနာရီနီးပါးရှိပြီဆိုတာ တွေ့လိုက်ရတယ်။