← Chapters

အခန်း (၄၁၆)

Vol. 38 Ch. 416

အခန်း (၄၁၆)

Vol. 38 Ch. 416

ဟွမ်ဟုန်က အော်ဟစ်လိုက်သည်။

"အရှင်မင်းမြတ်... ပြန်လည် ခုခံတော်မူပါ"

"ငါ ပြန်မတိုက်ဘူး"

လုံချင်ဧကရာဇ်သည် တုန်လှုပ်ခြင်းမရှိဘဲ ထိုင်မြဲအတိုင်း ထိုင်နေခဲ့သည်။ "ငါ့သားက ငါ့ကို သတ်ချင်တယ်ဆိုရင်လည်း သတ်ပါစေတော့။ ငါ သေမင်းစီကိုပဲ သွားလိုက်မယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ငါ့ရဲ့ ကိုယ်ပွားဖြစ်တဲ့ သားသမီးအပေါ် ငါ ဘယ်တော့မှ လက်ပြန်မပါဘူး"

"အရှင်မင်းမြတ်"

ဟွမ်ဟုန် နားလည်သွားခဲ့သည်။

သာမန်ပြည်သူတွေတောင် အိမ်တွင်းရေးအရှုပ်အထွေးကို အပြင်မထုတ်ရဘူးလို့ ပြောကြတာပဲ၊ တော်ဝင်မိသားစုဆိုရင် ပိုလို့တောင် အရေးကြီးသေးသည်။

သားက အဖေကို သတ်တယ်ဆိုတာ နှိုင်းယှဉ်လို့မရတဲ့ အရှက်ရစရာပင်။ တကယ်လို့ ဖခင်ဖြစ်သူကပါ ပြန်တိုက်ခိုက်ခဲ့ရင်တော့ ချောင်မိသားစုရဲ့ ဂုဏ်သိက္ခာဟာ မြေကြီးနဲ့ အနီးဆုံးကို ရောက်သွားမှာ သေချာသည်။

"လာစမ်း။ ငါ့ကိုသတ်ပြီး ငါ့ရဲ့ ထီးနန်းကို ယူလိုက်စမ်း"

လုံချင်ဧကရာဇ်က သူ၏ လည်ပင်းကို အသင့်ပြင်ပေးလိုက်သည်။

"မင်း မှားနေရင်တောင် ကောင်းကင်ဘုံက ငါတို့ ဘိုးဘေးတွေရဲ့ ဝိညာဉ်က တစ်နေ့ကျရင် မင်းကို အပြစ်ပေးလိမ့်မယ်"

ဤမြင်ကွင်းက။

ရောက်ရှိနေသူအားလုံးကို အံ့အားသင့်သွားစေသည်။ အခြေအနေက ဒီလောက်အထိ ရောက်နေတာတောင် ဧကရာဇ်က လှုပ်ရှားဖို့ ဝန်လေးနေတုန်းပဲလား။

"တော်ဝင်မိသားစုရဲ့ သိက္ခာကို ထိန်းဖို့အတွက် ဒီလောက်အထိ သည်းခံနေတာပဲ"

နန်းဆောင်၏ အပြင်ဘက်တွင်။

မြေငလျင်ကဲ့သို့ တုန်ခါမှုများမှာ ရပ်တန့်မသွားဘဲ ဆက်လက်ဖြစ်ပွားနေသည်။

ချန်ဆန်းရှီသည် တုန်ခါနေသော သစ်ကိုင်းပေါ်တွင် ဝပ်နေရင်း အတွင်းထဲက မြင်ကွင်းကို အတိုင်းသား မြင်နေရသည်။ အိမ်ရှေ့စံက သူ့ရဲ့ စွမ်းအားတွေကို တော်တော်လေး ဖုံးကွယ်ထားခဲ့တာပဲ။ ချန်ဆန်းရှီတောင် ဒါကို ကြိုမမြင်ခဲ့ပေ။ သူ၏ အရှိန်အဝါကြည့်ရှုခြင်းပညာ အရဆိုလျှင် ဒီအဖိုးကြီးဟာ သာမန်လူတစ်ယောက်သာ ဖြစ်သည်။

ဆိုလိုတာက။

အမွှေးတိုင် နတ်ဘုရားဂိုဏ်း ရဲ့ လျှို့ဝှက်ပညာ တွေကသာမန်လူတစ်ယောက်ကို ခဏအတွင်းမှာ ဒီလောက်အထိ အစွမ်းထက်တဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ ရအောင် လုပ်ပေးနိုင်တာပေါ့။ ဒါကြောင့်လည်း သူတို့တွေက သက်ရှိယဇ်ပူဇော်မှုတွေကို လုပ်နေကြတာ ဖြစ်နိုင်သည်။

အဖြစ်အပျက် စတင်ကတည်းက အခုထိဟာ နာရီဝက်ပဲ ရှိပါသေးသည်။ သူသည် မလောဘဲ အမှောင်ထဲကနေ ဆက်လက် စောင့်ကြည့်နေခဲ့သည်။

"ရှူး.."

ထိုခဏမှာပင်။

ရင်ပြင်၏ ထောင့်တစ်နေရာတွင် နောက်ထပ် လူတစ်စု ပေါ်လာသည်ကို သူ သတိထားမိလိုက်သည်။

"တကယ့်ကို စည်ကားနေတာပဲ"

မင်းသား ချောင်ကျိီသည် ကျောက်ဆောင်တစ်ခု၏ နောက်ကွယ်တွင် ပုန်းနေရင်း နန်းဆောင်အတွင်းသို့ ချောင်းကြည့်လိုက်သည်။

"ကြည့်ရတာ ငါ့ရဲ့ အကူအညီ မပါရင်တောင် ဇီဝေတောင်ရဲ့ ဘိသိက်ပွဲက ပျင်းစရာကောင်းမှာ မဟုတ်ဘူး။ မင်းတို့ ဘယ်လိုထင်လဲ၊ အမွှေးတိုင် နတ်ဘုရားဂိုဏ်း က ဘယ်လိုနည်းလမ်းကို သုံးပြီး ငါ့ရဲ့ နာမကျန်းဖြစ်နေတဲ့ အစ်ကိုကြီးကို ဒီလောက်အထိ အစွမ်းထက်အောင် လုပ်လိုက်တာလဲ"

"နောက်ဆုံးရ သတင်းတွေအရဆိုရင်တော့ ဒါဟာ နတ်ဘုရားစစ်လမ်းစဉ် နဲ့ မိစ္ဆာနတ်ဘုရားလမ်းစဉ် တစ်မျိုးပဲလို့ သိရပါတယ်" ဟု ကျန်းကျောက် က ဆိုသည်။

"ကျွန်တော်တို့ ဘယ်အချိန်မှာ လှုပ်ရှားကြမလဲ"

"မလောနဲ့ဦး၊ ခဏလောက် ထပ်စောင့်ကြည့်ရအောင်။ အခုက ငါတို့ ဝင်ပါရမယ့် အချိန်မဟုတ်သေးဘူး"

သူတို့ စကားပြောနေစဉ်မှာပင်။

မြေပြင်၏ တုန်ခါမှုမှာ ပိုမိုပြင်းထန်လာခဲ့သည်။

"ဘာတွေ ဖြစ်နေတာလဲ"

ချောင်ကျိီက မြေပြင်ကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း မေးလိုက်

သည်။

"မြေအောက်ဂူထဲက အခြေအနေကရော ဘယ်လိုလဲ။ သူတို့ ပြန်မလာကြသေးဘူးလား"

"သခင်လေး"

"တစ်ခုခု မှားနေပြီ"

"..."

မသေမျိုးရှာဖွေရေးမျှော်စင် မှ အသက်ဘေးမှ လွတ်မြောက်လာသော တပည့်နှစ်ဦးမှာ အပြေးအလွှား ရောက်ရှိလာကြသည်။

"မိန်းမစိုးလျောင် ဘယ်မှာလဲ"

ချောင်ကျိီသည် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။

"ဘာလို့ မင်းတို့ နှစ်ယောက်တည်း ပြန်လာတာလဲ။ ဘာဖြစ်ခဲ့တာလဲ"

"ကျန်းလိုင်ဇီ... ကျန်းလိုင်ဇီ ပါ"

မသေမျိုးရှာဖွေရေးမျှော်စင် တပည့်က ထိတ်လန့်တကြားဖြင့် ပြောဆိုသည်။

"သူက ကောင်းကင်ဘုံမီးတောက် ကို သုံးပြီး မိန်းမစိုးလျောင်တို့ကို နေရာတင် သတ်ပစ်လိုက်တယ်။ ပြီးတော့ ဘိုးဘေးကြီးရဲ့ ရတနာအားလုံးကို သူ ယူသွားပြီ"

ချောင်ကျိီသည် မယုံနိုင်အောင် ဖြစ်သွားရသည်။

"ဘယ်ကနေ ဒီလောက်အထိ အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက် ရောက်လာတာလဲ"

...

"ဘိုးဘေးကြီး"

ချောင်ဖန်သည် တာအိုဝတ်စုံကို ဝတ်ဆင်ထားသော သူ၏ ဘိုးဘေးကို ကြည့်ရင်း အပြစ်ရှိစိတ်များ ဝင်လာမိသည်။

"ခမည်းတော်က ဘိုးဘေးကြီးရဲ့ အသက်ကို ရန်ရှာဖို့ လုံးဝ ရည်ရွယ်ချက် မရှိပါဘူး။ သူ အခုလို ထိန်းချုပ်မှု လွတ်သွားတာဟာ နတ်ဘုရားစွမ်းအားကို ငှားသုံးထားလို့ပါ။ ဘိုးဘေးကြီး... အခုထိ ထီးနန်းစွန့်ဖို့ အချိန်မီပါသေးတယ်"

ဒါကို ကြားလိုက်ရချိန်တွင်။

လုံချင်ဧကရာဇ်သည် ဝတ်စုံနက်ဝတ်ဆရာတော်ကို ချက်ချင်း လှမ်းကြည့်

လိုက်သည်။

"မိစ္ဆာရဟန်း... မင်း ငါ့သားကို ဘာလုပ်လိုက်တာလဲ"

"အိမ်ရှေ့စံက ကျွန်တော်တို့ အမွှေးတိုင် နတ်ဘုရားဂိုဏ်း ရဲ့ ဂိုဏ်းချုပ်ကြီးပဲ"

ဝတ်စုံနက်ဝတ်ဆရာတော်က ဇင်တောင်ဝှေးကို အားပြုရင်း ဆိုသည်။

"သူဟာ ပြည်သူတွေအတွက် နတ်ဘုရားစစ်လမ်းစဉ် ကို စွန့်လွှတ်ပြီး မိစ္ဆာနတ်ဘုရားလမ်းစဉ် ကို ကျင့်ကြံခဲ့တာ။ ဒါတောင်မှ အိမ်ရှေ့စံကသူ့ရဲ့အသက်ကို ရှည်စေဖို့အတွက် အကြီးစား ယဇ်ပူဇော်မှုတွေကို မလုပ်ခဲ့ဘူး။ မဟုတ်ရင် သူ ဘာလို့ ခဏခဏ နာမကျန်း ဖြစ်နေရမှာလဲ"

"တိုင်းပြည်နဲ့ လူမျိုးအတွက် ဒီလောက်အထိ ပေးဆပ်နေတဲ့ အိမ်ရှေ့စံရဲ့ စိတ်ဓာတ်ကို ကြည့်ပြီး အရှင်မင်းမြတ်အနေနဲ့ ထီးနန်းမစွန့်နိုင်တာမရှက်ဘူးလား"

ထိုနောက်ပိုင်း စကားလုံးများကိုတော့။

လုံချင်ဧကရာဇ်က လျစ်လျူရှုလိုက်သည်။ သူသည် ခေါင်းကို ဖြည်းညှင်းစွာ မြှင့်လိုက်ရာ သူ၏ မျက်နှာတွင် နဂါးတစ်ကောင်၏ အရှိန်အဝါများ ပေါ်ထွက်လာခဲ့သည်။ စကားတစ်ခွန်းမှ မဆိုသော်လည်း အသက်ရှူရကျပ်လောက်အောင် ပြင်းထန်သော ဖိအားများက ပိုမိုအားကောင်းလာသည်။ "ငါ အမြဲတမ်း ပြောခဲ့သလိုပဲ၊ ငါ့သားဟာ အမြဲတမ်း သစ္စာရှိခဲ့တာ။ ဘယ်လိုလုပ်ပြီး တစ်ညတည်းနဲ့ ဒီလောက်အထိ သစ္စာမဲ့တဲ့ လုပ်ရပ်မျိုးကို လုပ်နိုင်မှာလဲ။ အခုတော့..."

"မင်းတို့လို မိစ္ဆာတွေက ကွယ်ရာကနေ သွေးထိုးနေတာကိုး"

"အရင်ဆုံး နန်းတွင်းထဲမှာ ပြဿနာတွေ ရှာတယ်၊ ပြီးတော့ ငါ့သားကို လျှို့ဝှက်ပညာ တွေနဲ့ ထိန်းချုပ်ထားတယ်။ မင်းတို့လို မိစ္ဆာတွေဟာ သေသင့်ရုံတင်မကဘူး၊ မင်းတို့ရဲ့ အပြစ်တွေဟာ အမြစ်ပြတ်အောင် ချေမှုန်းခံရမယ်"

စကားအနည်းငယ်ဖြင့်တင် ယနေ့ည၏ ဖြစ်ရပ်မှာ နန်းတွင်းအာဏာသိမ်းပွဲမှသည် ဘာသာရေး ဆူပူသောင်းကျန်းမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ရှေ့လျှောက် ဘာပဲဖြစ်ဖြစ် ဒါဟာ တော်ဝင်မိသားစုရဲ့ သိက္ခာကို ဆယ်တင်ဖို့အတွက်ပဲ ဖြစ်သည်။

"..."

ချန်ဆန်းရှီက စိတ်ထဲကနေ ရေရွတ်လိုက်သည်။

တော်ဝင်မိသားစုတွေဆိုတာ တကယ်ကို အလုပ်ရှုပ်တာပဲ။ တိုက်ပွဲတစ်ခု စတာတောင် အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်တွေ အပုံလိုက်နဲ့ စရတာကိုး။

"ဧကရာဇ်အိုကြီး"

အိမ်ရှေ့စံသည် လုံးဝ ခြားနားသွားသော၊ ငရဲသားတစ်ယောက်၏ အသံကဲ့သို့ အေးစက်လှသော အသံဖြင့် ဆိုသည်။

"မင်း ငါ့ကို ဒူးထောက် ဂါရဝပြုသင့်တယ် မဟုတ်လား။ ဒါဆိုရင်တော့ မင်းရဲ့ အလောင်းကို အကောင်းပကတိအတိုင်း ငါ ထားပေးမယ်"

"ဘယ်မိစ္ဆာက ဒီလောက်အထိ ရဲတင်းနေတာလဲ"

လုံချင်ဧကရာဇ်က သူ့ကို ရင်ဆိုင်ရင်း အေးစက်စွာ ဆိုသည်။

"မင်းရဲ့ နာမည်ကို ပြောစမ်း"

"မိစ္ဆာ ဟုတ်လား"

အိမ်ရှေ့စံသည် ကျား၊ မ ခွဲခြားမရသော အေးစက်သော လှောင်ရယ်သံကို လွှတ်လိုက်သည်။

"ငါက နတ်ဘုရားတစ်ပါးပဲ။ မင်းကတော့ မသေမျိုးကျင့်စဉ်ရဲ့ အပေါ်ယံလောက်ပဲ တတ်မြောက်ထားတဲ့ သာမန် ဧကရာဇ်တစ်ပါးပဲလေ။ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ရိုင်းစိုင်းနေရတာလဲ"

"အရှင်မင်းမြတ်"

ဟွမ်ဟုန်က အော်ဟစ်လိုက်သည်။

"အရှင်မင်းမြတ်ရဲ့ အစွမ်းတွေကို ထုတ်ဖော်ပြီး ဒီမိစ္ဆာကို နှိမ်နင်းကာ အိမ်ရှေ့စံကို ကယ်တင်ပေးတော်မူပါ"

"ငါ ကျင့်ကြံလာတာ နှစ်ပေါင်း လေးဆယ်ကျော်ပြီ၊ တစ်ခါမှလည်း မတိုက်ခိုက်ဖူးဘူး"

လုံချင်ဧကရာဇ်က အေးဆေးစွာ ဆိုသည်။

"ဒီနေ့တော့ ငါ့ရဲ့ အစွမ်းအစ အနည်းငယ်ကို ပြသရတော့မှာပေါ့"

ကိုက်တစ်ရာခန့် ဝေးကွာနေသော အိမ်ရှေ့စံသည် မည်သို့ ရောက်လာသည်မသိဘဲ အနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ လက်ထဲမှ ခရမ်းရောင်ချီဖြင့် ဖွဲ့စည်းထားသော ဓားသည် ဧကရာဇ်၏ ဦးခေါင်းကို နှစ်ပိုင်းပိုင်းရန် အရှိန်ဖြင့် ကျဆင်းလာခဲ့သည်။

နောက်ဆုံးတွင် လုံချင်ဧကရာဇ် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။

သူသည် သူ၏ လက်မောင်းတွင် ချိတ်ထားသော သားမြီးယပ်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ လင်းထိန်လှသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုရွှေရောင်အလင်းတန်းများ၏ အရှိန်အဝါအောက်တွင် သာမန် သားမြီးယပ်သည် ခရမ်းရောင်အလင်းများ ဖုံးလွှမ်းနေသော ဓားသွားကို ရင်ဆိုင်နိုင်စွမ်း ရှိလာခဲ့သည်။

စွမ်းအားနှစ်ရပ် ထိပ်တိုက်တွေ့သွားချိန်တွင်။

တာအိုဝတ်စုံ ဝတ်ထားသော ဧကရာဇ်အိုကြီးသည် လေထဲတွင် ဝဲပျံကာ မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။ အိမ်ရှေ့စံသည်လည်း လေဟာနယ်ထဲတွင် သူ၏ ဟန်ချက်ကို ပြန်ထိန်းလိုက်သည်။

"ဝှစ်.."

လုံချင်ဧကရာဇ်က သားမြီးယပ်ကို ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။

ယခုတစ်ကြိမ်တွင်မူ။

နန်းဆောင်၏ အမိုးပေါ်မှ ကန့်လန့်ကာများ ပြုတ်ကျလာပြီး သူနှင့် အိမ်ရှေ့စံတို့ကို လုံးဝ ကွယ်သွားစေခဲ့သည်။ ပြင်ပမှ လူများအနေဖြင့် သူတို့၏ တိုက်ပွဲကို မမြင်ရတော့ဘဲ ပြင်းထန်သော ပေါက်ကွဲသံများနှင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အလင်းတန်းများကိုသာ မြင်တွေ့ရသည်။

All Chapters