← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း ၁ - နွေးထွေးကြင်နာတတ်သော စီနီယာအစ်ကို ရောက်ရှိလာလေပြီ

အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ။

ထိုက်ချင်ဂိုဏ်း။

ဤနေရာတွင် တိမ်တိုက်မြူခိုးများ လွင့်မျောနေပြီး စိတ်ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝလှပေ၏။ ရွှေရောင်နန်းဆောင်များ တောက်ပနေပြီး စိတ်ဝိညာဉ်တံတားများ နေရာအနှံ့ ပေါ်ထွက်နေကာ မသေမျိုးကြိုးကြာငှက်အုပ်များ ပျံသန်းနေခြင်းက အလွန်ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးထားလေသည်။

ထို့ပြင် တောင်ထိပ်များထက်မှ ထူးဆန်းသော အလင်းရောင်များ ဖြာထွက်နေ၏။

ခမ်းနားကြီးကျယ်သော တောင်ထိပ်ကြီးများကို တိမ်တိုက်များကြားတွင် ဝိုးတဝါး မြင်တွေ့နိုင်ပေသည်။

နဝမတောင်ထိပ်ရှိ ရှေးဟောင်းဆန်ပြီး တိတ်ဆိတ်ငြိမ်သက်သော ခြံဝင်းတစ်ခုအတွင်း၌....

【သင်ဟာ ထိုက်ချင်ဂိုဏ်း နဝမတောင်ထိပ်ရဲ့ ကြမ်းတမ်းခက်ထန်တဲ့ စီနီယာအစ်ကိုဖြစ်ပြီး ဒီကမ္ဘာရဲ့ ဗီလိန်ဇာတ်ပို့ ယောက်ျားလေးလည်း ဖြစ်ပါတယ်... နောက်ထပ် သုံးလအကြာမှာ ကံကြမ္မာသားတော် ယဲ့ရွှမ်ရဲ့ စိန်ခေါ်မှုကို သင် ရင်ဆိုင်ရပါမယ်... အကြောင်းရင်းကတော့ ယဲ့ရွှမ်ရဲ့ အိပ်မက်ထဲက ချစ်သူ လျှိုရူယန်ကို သင်က နှစ်ပေါင်းများစွာ အမြတ်ထုတ်ပြီး ဖိနှိပ်ခဲ့လို့ပါပဲ... နောက်ဆုံးရလဒ်ကတော့ သင့်ထက် အဆင့်နိမ့်တဲ့သူရဲ့ သတ်ဖြတ်ခြင်းကို ခံရမှာပါပဲ အရူးကောင်...】

"ငါ..."

"ငါ ကူးပြောင်းလာတာလား..."

"ဟိုလူမိုက်တွေ ဘယ်ရောက်သွားတာလဲ..."

"နေပါဦး ဒါကဘာလဲ..."

စူးချန်ကဲသည် ဖြည်းညင်းစွာ သတိပြန်လည်လာပြီး သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာသော စာကြောင်းများကို စူးစိုက်ကြည့်ရင်း သူ၏နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားလေ၏။

"သောက်ချေးပဲ... ငါ ခုလေးတင် ကူးပြောင်းလာတာကို ဒါက ငါ့ကို ပထမဆုံး ပြတဲ့အရာလား... သောက်ကျိုးနည်း ငါ နောက်တစ်ကြိမ် အရိုက်ခံရပြီး သေရတော့မှာလား... မဖြစ်နိုင်ဘူး..."

သူသည် ပင်ပန်းခက်ခဲလှသော တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုအပြီး တက္ကသိုလ်တွင် လွတ်လွတ်လပ်လပ် နေထိုင်ရန် စီစဉ်နေသည်။ ထိုအချိန်တွင် လူမိုက်အချို့က အပြစ်ကင်းစင်သော ကျောင်းသူလေးတစ်ဦးအား အနိုင်ကျင့်နေသည်ကို မြင်တွေ့ခဲ့ရပြီး သေဆုံးကာကူးပြောင်းလာသူတစ်ဦး ဖြစ်ပေ၏။ တရားမျှတမှုစိတ်ဓာတ်များ ပေါက်ကွဲထွက်လာကာ ထိုသူများကို သင်ခန်းစာပေးရန် ရှေ့ထွက်ခဲ့သည်။ ဤသည်က ထိုကျောင်းသူလေးကို သူ့အပေါ် စိတ်ဝင်စားသွားစေမည်ဖြစ်ပြီး ချမ်းသာလှပသော မိန်းကလေးကို ရရှိကာ ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားမည်ဟု တွေးတောခဲ့လေသည်။

သို့ရာတွင် လက်တွေ့၌ကား သူ၏ဆံပင်အရှည်က မျက်လုံးကို ဖုံးကွယ်နေပြီး ဆံပင်ကို ဖယ်ရှားလိုက်ချိန်တွင် တစ်ဖက်လူ ခုနစ်ယောက် ရှစ်ယောက်ခန့် ရှိနေသည်ကို သဘောပေါက်သွားခဲ့သည်။

ကြောက်ရွံ့သွားသလား...

သူက ကြောက်တတ်သည့် အမျိုးအစားလား..

ရလဒ်မှာ ရှင်းလင်းနေပေ၏။ သူ၏ဆီးအိမ်မှာ အရိုက်ခံရလွန်းသဖြင့် ပေါက်ထွက်မတတ် ဖြစ်သွားခဲ့ရသည်။

ဤအတွေ့အကြုံက သူ့အား နက်ရှိုင်းသော သင်ခန်းစာတစ်ခုကို ပေးစွမ်းခဲ့သည်။ ပထမအချက်မှာ ဆံပင်ကို အလွန်အမင်း ရှည်အောင် မထားသင့်ခြင်းဖြစ်ပြီး ဒုတိယအချက်မှာ အကယ်၍ မိမိတွင် ခွန်အားမရှိပါက မည်သည့်အခါမျှ ဟန်မလုပ်သင့်ခြင်းပင်။

မကြာမီ ဤဘဝမှ မှတ်ဉာဏ်များစွာသည် သူ၏စိတ်ထဲသို့ စတင်ပေါင်းစပ်ဝင်ရောက်လာလေသည်။

စူးချန်ကဲ၏ အမူအရာသည် အံ့ဩဝမ်းသာခြင်းနှင့် လုံးလုံးလျားလျား ရွံရှာခြင်းတို့ကြား ပြောင်းလဲသွားကာ တကယ့်ကို အံ့မခန်း မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။

【သတင်းကောင်း... သင်ဟာ ငယ်ရွယ်စဉ်မှာတင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ် ခွန်အားကို ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်တစ်ယောက်ပါ... ဒါပေမဲ့ ယဲ့ရွှမ်က အဆင့်ငယ်တွေကို ကျော်လွန်ပြီး သင့်ကို သတ်နိုင်စွမ်း ရှိနေပါတယ်...】

【သတင်းကောင်း... သင့်မှာ နောက်ခံအင်အား ရှိပါတယ်... သင်ဟာ စိတ်ဝိညာဉ်နယ်ပယ်ရှိ ရှေးဟောင်းထိပ်သီးမိသားစုဖြစ်တဲ့ စူးမိသားစု ခေါင်းဆောင်ရဲ့ အငယ်ဆုံးသားပါ... စူးမိသားစုက မဟာဧကရာဇ် မိသားစုဖြစ်ပေမဲ့ ကံမကောင်းစွာနဲ့ပဲ သင်ဟာ အမှားကြီးတစ်ခု ကျူးလွန်ခဲ့လို့ မိမိကိုယ်ကို ကြံ့ခိုင်စေဖို့ အောက်ဘုံကို ပြည်နှင်ဒဏ် ပေးခံရပါတယ်... သင့်ရဲ့ အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းက ကံကြမ္မာအပေါ်မှာပဲ မူတည်နေပါတယ်... ဟီးဟီး လောလောဆယ်တော့ အဲ့ဒီနောက်ခံကို သင် သုံးလို့မရပါဘူး...】

【သတင်းကောင်း... သင့်မှာ ဂျူနီယာညီမလေး သုံးယောက်လည်း ရှိပါတယ်... တစ်ယောက်ချင်းစီက လှပပြီး ထူးခြားတဲ့ ပါရမီတွေ ရှိကြပေမဲ့ သင်က သူတို့ကို အချိန်အကြာကြီး အမြတ်ထုတ် ဖိနှိပ်ပြီး အနိုင်ကျင့်ခဲ့တာကြောင့် သူတို့က သင့်ကို အရိုးထဲကနေ မုန်းတီးနေကြပါပြီ...】

စူးချန်ကဲ၏မျက်နှာမှာ အနည်းငယ် မည်းမှောင်သွား၏။ အကယ်၍ သူသာ ယဉ်ကျေးသော လူတစ်ယောက် မဟုတ်ခဲ့ပါက စနစ်၏ ဆွေစဉ်မျိုးဆက်တစ်ခုလုံးကို ကျိန်ဆဲနေမိမည်မှာ သေချာသည်။

"ဒါက ဘာသတင်းကောင်းလဲ..."

ဤအရာကို တွေးမိရင်း စူးချန်ကဲသည် ဘေးသို့ အကဲခတ်လိုက်ရာ အခန်းထဲရှိ ကြေးမုံပြင်တွင် သူ၏ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။ အနည်းငယ် ဝေးကွာနေသော်လည်း ပုံရိပ်မှာ လုံးလုံးလျားလျား ရှင်းလင်းနေဆဲပင်။

ကြေးမုံပြင်ထဲတွင် အရည်အသွေးမြင့် မိုးပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ကြော့ရှင်းလှသည့် လူငယ်တစ်ဦး ရှိနေပေ၏။

ဝတ်ရုံပေါ်တွင် တောက်ပသော နေမင်းကို ပင့်မထားသည့် မိုးပြာရောင် တိမ်တိုက်ပုံစံကို နက်နဲသော အက္ခရာများဖြင့် ထိုးထွင်းထားကာ စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်နေသကဲ့သို့ ရွေ့လျားစီးဆင်းနေလေသည်။

သူ၏ မျက်နှာသွင်ပြင်မှာ ပန်းချီကားတစ်ချပ်နှယ် လှပပြီး ခန္ဓာကိုယ် ကောက်ကြောင်းများက နတ်ဘုရားများ၏ လက်ရာဖြင့် ထုဆစ်ထားသကဲ့သို့ ပြိုင်ဘက်ကင်းစွာ ခန့်ညားချောမောနေ၏။

သို့ရာတွင် လူအများကို အမှန်တကယ် ဆွဲဆောင်နိုင်ပြီး သိမ်ငယ်သွားစေသည့်အရာမှာ သူ၏ ရုပ်ရည်သွင်ပြင် သက်သက်မဟုတ်ဘဲ သူ၏ပတ်လည်တွင် စီးဆင်းနေသော ဖော်ပြ၍မရနိုင်သည့် သန့်စင်သော ဆွဲဆောင်မှုတစ်ရပ်ကြောင့် ဖြစ်ပေသည်။

ဤသည်မှာ တမင်တကာ ဟန်ဆောင်ထားခြင်း မဟုတ်ဘဲ ပိုမိုနက်ရှိုင်းကာ သာလွန်မြင့်မြတ်သော အရာတစ်ခု ဖြစ်သည်။

"လခွမ်း..."

"ငါ့ရဲ့ ချောမောမှုကြောင့် ငါကိုယ်တိုင်တောင် ဆွံ့အသွားရတယ်..."

"နောက်ဆုံးတော့ သတင်းကောင်းတစ်ခု ရှိလာပြီပဲ... အနည်းဆုံးတော့ ငါ့ရဲ့ အရင်ဘဝနဲ့ တန်းတူပဲ..."

စူးချန်ကဲသည် သူ၏ပုံရိပ်ကို ကြည့်ကာ သဘောကျစွာ ခေါင်းညိတ်လိုက်၏။

သို့ရာတွင် မကြာမီ သူ၏မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

"ချောမောနေတော့ရော ဘာကောင်းမှာလဲ... နောက်သုံးလနေရင် ငါ ထပ်ပြီး အရိုက်ခံရကာ သေရတော့မှာလေ ယိ့ပဲ..."

ယခင်ဘဝနှင့် မတူဘဲ ဤတစ်ကြိမ်တွင် သူက တရားမျှတမှုကို ထိန်းသိမ်းသူ မဟုတ်ဘဲ ဗီလိန်ဖြစ်နေသည်။

"ဒီလို ကူးပြောင်းလာတာက ဘာအဓိပ္ပာယ်ရှိလို့လဲ... ဟင်... နေပါဦး... ဟုတ်သားပဲ ငါက ကူးပြောင်းလာတဲ့သူလေ... ခုလေးတင် ငါနဲ့ စကားပြောနေတာ စနစ်အစ်ကိုကြီး မဟုတ်ဘူးလား..."

လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာချိန်၌ စူးချန်ကဲက အလျင်အမြန် မေးမြန်းလိုက်သည်။

"စနစ်... ငါ့ရဲ့ ဆုလာဘ်က ဘယ်မှာလဲ... ငါ့ရဲ့ စတင်သူ လက်ဆောင်ထုပ်က ဘယ်မှာလဲ... မင်းရဲ့ လုပ်ဆောင်ချက်တွေက ဘာတွေလဲ..."

ဤခေတ် ဤအခါတွင် စနစ်များအကြောင်းကို သူ မည်သို့ မသိဘဲ နေမည်နည်း။

ထိုအရာများက စံသတ်မှတ်ချက် ကိရိယာများပင် ဖြစ်ပေ၏။

【လာပါပြီ လာပါပြီ...】

【လက်ခံသူ... ကျွန်တော် ဒီမှာပါ...】

စူးချန်ကဲ၏ မျက်လုံးများ တောက်ပသွားပြီး သူသည် များစွာ ပိုမိုလုံခြုံသွားသည်ဟု ခံစားလိုက်ရကာ ရယ်မောလိုက်သည်။

"စနစ်... ငါ့ကို အရင် ခန့်မှန်းခွင့်ပေးပါလား... မင်းက ကံကြမ္မာဗီလိန်စနစ် မဟုတ်လား... ငါ့ကို အစွမ်းပြခွင့်ပေးမယ်... ကံကြမ္မာသားတော်ရဲ့ မျက်နှာကို ရိုက်ချမယ်... ပြိုင်ဘက်ကင်းဖြစ်လာတဲ့အထိ ဆုလာဘ်တွေ ဆက်တိုက်စုဆောင်းခွင့်ပေးမယ် မဟုတ်လား..."

နှစ်ပေါင်းများစွာ ဝတ္ထုများကို ဖတ်ရှုခဲ့ဖူးသဖြင့် အနည်းဆုံးတော့ ဤဗဟုသုတမျိုး သူထံ၌ ရှိနေသည်။

ဗီလိန်တစ်ယောက် ဖြစ်နေခြင်းက မဖြစ်နိုင်သောအရာတော့ မဟုတ်ချေ။

လမ်းကြောင်းက အနည်းငယ် ဟောင်းနွမ်းနေသော်လည်း သူက အတွေ့အကြုံရှိပြီး လျင်မြန်စွာ တိုးတက်လာမည်မှာ သေချာပေ၏။

【အာ... မှားပါတယ်...】

"ဟင်... ဒါဆို ဘာလဲ..."

ငြင်းဆိုချက်ကို ကြားလိုက်ရချိန်တွင် စူးချန်ကဲမှာ သိချင်စိတ် ပြင်းပြသွားလေသည်။

【ဒင်... နွေးထွေးကြင်နာတတ်တဲ့ စီနီယာအစ်ကိုစနစ် အသက်ဝင်လာပါပြီ...】

【ချိတ်ဆက်နေပါတယ်...】

"သောက်ကျိုးနည်း..."

"နွေးထွေးကြင်နာတတ်တဲ့ စီနီယာအစ်ကိုလား..."

စူးချန်ကဲ မျက်ခုံးပင့်လိုက်ပြီး သူ၏အမူအရာမှာ ထူးဆန်းနေပေ၏။ ကံကြမ္မာ စီနီယာ ဆိုသည်ကို သူ ကြားဖူးသော်လည်း 'နွေးထွေးကြင်နာတတ်သော' ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။

"စနစ်... 'နွေးထွေးကြင်နာတတ်တဲ့' ဆိုတာ ဘာကိုဆိုလိုလဲ ငါ့ကို ရှင်းပြစမ်း... ငါက ဘယ်လောက်တောင် နွေးထွေးရမှာလဲ..."

【ဒင်... ချိတ်ဆက်ခြင်း ပြီးဆုံးပါပြီ...】

【ဒီစနစ်က လက်ခံသူကို ပြိုင်ဘက်ကင်းတဲ့ လမ်းစဉ်ပေါ် လျှောက်လှမ်းနိုင်ဖို့၊ ကောင်းကင်ဘုံတွေကို လွှမ်းမိုးနိုင်ဖို့နဲ့ ထာဝရအမြင့်မြတ်ဆုံးနေရာကို ရောက်ရှိနိုင်ဖို့အတွက် ပြည့်စုံဆုံး အကူအညီတွေကို ပေးအပ်ဖို့ ရည်ရွယ်ပါတယ်...】

"ဒါက မိုက်တယ်လို့ ထင်ရပေမဲ့ လုပ်ဆောင်ချက်က ဘာလဲ... ငါက ဘယ်လို နွေးထွေးကြင်နာရမှာလဲ..."

စူးချန်ကဲက မေးမြန်းလိုက်ချိန်၌ သူ၏မျက်ခုံးများ အနည်းငယ် ပြေလျော့သွားသည်။

【စနစ်ရဲ့ လုပ်ဆောင်ချက်ကို ကျွန်တော် ပြောပြပြီးပြီလေ... လက်ခံသူ ပြိုင်ဘက်ကင်းလမ်းစဉ်ပေါ် လျှောက်လှမ်းနိုင်ဖို့ ကူညီပေးမှာပါ...】

စူးချန်ကဲသည် ကျိန်ဆဲလိုသော စိတ်ကို ထိန်းချုပ်လိုက်ပြီး ပြောလိုက်သည်။

"ဒီထက်ပိုပြီး တိတိကျကျ ပြောလို့ရမလား... ဆုလာဘ်တွေကို ငါ ဘယ်လို ရှာရမလဲ..."

【နွေးထွေးကြင်နာတတ်တဲ့ စီနီယာအစ်ကိုတစ်ယောက်က သေချာပေါက် နွေးထွေးရမှာပေါ့... လက်ခံသူအနေနဲ့ ဘယ်လို နွေးထွေးကြင်နာတဲ့ လုပ်ရပ်မျိုးကိုပဲ လုပ်လုပ် သင်ဟာ ပြန်လည်ရရှိတဲ့ ဆုလာဘ်တွေကို လက်ခံရရှိမှာပါ...】

"ဒါက ဖော်လံဖား လုပ်နေတာနဲ့ မတူဘူးလား... ဘာ နွေးထွေးကြင်နာတတ်တဲ့ စီနီယာအစ်ကိုလဲ... အဲ့ဒီအစား ဖော်လံဖား စီနီယာအစ်ကိုလို့ ခေါ်လိုက်တာက ပိုကောင်းလိမ့်မယ်..."

စူးချန်ကဲက မချင့်မရဲ ညည်းတွားလိုက်သည်။ ဖော်လံဖားများကို သူ အမုန်းဆုံးပင်။

သူသည် ရှန်းဟွမ်ကမ္ဘာသို့ ကူးပြောင်းလာရခြင်းမှာ ဖော်လံဖားတစ်ယောက် ဖြစ်လာရန်အတွက်လား။

မဖြစ်နိုင်ပေ။

လုံးလုံးလျားလျား မဖြစ်နိုင်ချေ။

【ပထမဆုံးအနေနဲ့ ဖော်လံဖားဆိုတာ ဘာလဲဆိုတာကို လက်ခံသူ နားလည်ရပါမယ်... ဖော်လံဖားဆိုတာ သင့်အပေါ် သံယောဇဉ်မရှိတဲ့သူတစ်ယောက်ကို အရှက်မရှိ ထပ်ခါတလဲလဲ မြှောက်ပင့်ပေးဖို့ ကြိုးစားတာ... သင့်ရဲ့ နွေးထွေးတဲ့ မျက်နှာကို အေးစက်နေတဲ့ တင်ပါးဆီ ကပ်ထားပြီး ဘာကြိုးစားအားထုတ်မှုအတွက်မှ အကျိုးအမြတ် မရရှိတာကို ခေါ်တာပါ... အဲ့ဒါကမှ ဖော်လံဖားတာပါ...】

【ဒါပေမဲ့ သူတို့က သင့်ရဲ့ ဂျူနီယာညီမလေးတွေလေ... ဒီလောက် အမြတ်ထုတ်ခံရတဲ့ အချိန်တွေ ကြာလာတာတောင် သူတို့က သင့်ကို မစွန့်ခွာသွားဘူးဆိုတဲ့ အချက်က သင့်အပေါ် သံယောဇဉ် တချို့ ရှိနေသေးတယ်ဆိုတာကို သက်သေပြနေတာပါပဲ... တကယ်လို့ သင်က သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမယ်ဆိုရင် သင်ဟာ စနစ်ရဲ့ ဆုလာဘ်တွေနဲ့ ဂျူနီယာညီမလေးတွေရဲ့ သစ္စာရှိမှုကို ရရှိမှာပါ... လက်ခံသူ... အဲ့ဒါက ဖော်လံဖားတယ်လို့ သတ်မှတ်လို့ ရသေးလား...】

စနစ်၏ ရှင်းပြချက်ကို ကြားပြီးနောက် စူးချန်ကဲသည် အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရပြီး တစ်ခဏမျှ တိတ်ဆိတ်သွားလေသည်။

သို့ရာတွင် တစ်ခုခု မှားယွင်းနေသကဲ့သို့ သူ ခံစားနေရဆဲပင်။

"သောက်ကျိုးနည်းစနစ်... မင်း ငါ့ကို ဂျင်းထည့်ဖို့ ကြိုးစားနေတာလား..."

စူးချန်ကဲက သံသယဖြစ်ဖွယ် အကြည့်ဖြင့် ကြည့်ရင်း တွေးတောလိုက်သည်။ ထို့နောက် သဲ့သဲ့မျှသာ ကြားရသော အသံတစ်သံကို သတိပြုမိသွားကာ ရပ်တန့်သွား၏။

သူသည် အခန်းတွင်းသို့ လှည့်ကြည့်လိုက်သည်။

သူ မြင်တွေ့လိုက်ရသည်မှာ....

အလွန်တရာ လှပသော မိန်းကလေးတစ်ဦးသည် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေပြီး သူမ၏ မျက်နှာတွင် မည်သည့်အမူအရာမှ မရှိချေ။ သူမ၏ လက်မောင်းများကို ခေါက်တင်ထားပြီး ဖြူစင်သန့်ရှင်းနေပြီဖြစ်သော ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ရန် သူမ၏လက်ထဲရှိ စွမ်းအင်များကို အဆက်မပြတ် အသုံးပြုနေပေ၏။

ထိုသူမှာ သူ၏ ဒုတိယဂျူနီယာညီမလေး လျှိုရူယန်ပင်။ သူသည် နဝမတောင်ထိပ်၏ ခေါင်းဆောင်တပည့် ဖြစ်လာပြီး သုံးနှစ်အကြာမှသာ သူမက ဂိုဏ်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူမအား အမြဲတမ်း ခရီးထွက်နေတတ်သော ပဟေဠိဆန်သည့် သူ၏ဆရာ ထျန်းလင်ကျစ်က လက်ခံခဲ့ခြင်း ဖြစ်လေသည်။ သူမ၏ ပါရမီမှာ အတော်လေး သာမန်သာဖြစ်ပြီး လက်ရှိတွင် သွေးလှုပ်ရှားမှုနယ်ပယ်၏ အလယ်အလတ်အဆင့်၌သာ ရှိနေသေး၏။ ဤမျှ သာမန်သာရှိသော ခွန်အားဖြင့် မည်သို့ကြောင့် နဝမတောင်ထိပ်သို့ ဝင်ရောက်နိုင်ခဲ့သနည်း။

သူ၏ဆရာ ထားရစ်ခဲ့သော အကြောင်းရင်းမှာ ရိုးရှင်းလှပေသည်။ သူမက လှပပြီး မျက်စိပသာဒ ဖြစ်သောကြောင့်ပင်။

အကယ်၍ စူးချန်ကဲ၌သာ ဤမျှကောင်းမွန်သော ပါရမီ မရှိခဲ့ပါက အဖိုးကြီးသည် မျက်စိပသာဒဖြစ်စေရန်အတွက် သူ့ကိုလည်း နဝမတောင်ထိပ်၏ ခေါင်းဆောင်တပည့်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်မည်ဟု သူ သံသယဝင်မိမည်မှာ အမှန်ပင်။

လျှိုရူယန် သန့်ရှင်းရေးလုပ်နေရသည့် အကြောင်းအရင်းမှာ...

စူးချန်ကဲသည် ယနေ့တွင် နတ်ဘုရားချဉ်းကပ်ခြင်းစေတီ၏ အဋ္ဌမမြောက်ထပ်ကို ထပ်မံစိန်ခေါ်ရန် သွားရောက်ခဲ့ပြီး အကြိမ်ကြိမ် ကျရှုံးခဲ့သောကြောင့် ဖြစ်ပေ၏။ စိတ်အခြေအနေ ဆိုးရွားနေသဖြင့် သူမအပေါ် အမျက်ဒေါသများ ပုံချကာ အသေးစိတ် သန့်ရှင်းရေးလုပ်ရန် အမိန့်ပေးခဲ့ပြီး အကယ်၍ အပြစ်အနာအဆာ အနည်းငယ် ရှိနေပါက လျှိုရူယန်အား ရက်အတော်ကြာ ကျင့်ကြံခွင့်ပြုမည် မဟုတ်ကြောင်း သတိပေးခဲ့သည်။

သူတို့အားလုံးက နဝမတောင်ထိပ်၏ တပည့်များ ဖြစ်ကြသော်လည်း စူးချန်ကဲသည် ခေါင်းဆောင်တပည့် ဖြစ်ပြီး နဝမတောင်ထိပ်သခင်မှာ အမြဲတမ်း ပျောက်ကွယ်နေသဖြင့် သူသာလျှင် အကြွင်းမဲ့ အာဏာကို ကိုင်စွဲထားလေသည်။

"သူက ပြုံးနိုင်သေးတာလား..."

မိန်းကလေး၏ နှုတ်ခမ်းထောင့်တွင် တစ်ခါတစ်ရံ ပေါ်လာတတ်သော အပြုံးလေးကို စူးချန်ကဲ သတိပြုမိသွားပြီး ချက်ချင်း တိတ်ဆိတ်သွားလေ၏။

ဤမိန်းကလေးက အတွင်းစိတ်ထဲ၌ သူ့အား လှောင်ပြောင်နေခြင်း ဖြစ်နိုင်ကြောင်း သူ၏ အလိုအလျောက် သိစိတ်က ပြောပြနေသည်။

"စနစ်... သူတို့က ငါ့အပေါ် ခံစားချက် ရှိသေးတယ်ဆိုတာ မင်း သေချာလို့လား..."

【သေချာပေါက် ရှိသေးတာပေါ့... မုန်းတီးတဲ့ပရိသတ်တွေကလည်း ပရိသတ်တွေပါပဲ...】

စူးချန်ကဲ၏လက်သီးများ အနည်းငယ် တင်းကျပ်သွား၏။

【စိတ်မပူပါနဲ့ လက်ခံသူ... ဒီစနစ်က အသန်မာဆုံး စီနီယာအစ်ကိုစနစ်ပါ... ဒါက အရမ်းပြောင်းလွယ်ပြင်လွယ် ရှိပါတယ်... လက်ခံသူအတွက် သီးသန့် ဖန်တီးထားတာပါ... တကယ်လို့ လက်ခံသူက ကြိုးစားကြည့်ပြီး သက်တောင့်သက်သာ မဖြစ်ဘူးလို့ ခံစားရရင် အချိန်မရွေး ပြောင်းလဲနိုင်ပါတယ်... ကျွန်တော်တို့က ခုနစ်ရက်အတွင်း မေးခွန်းမမေးဘဲ ပြန်အမ်းငွေပေးတဲ့ မူဝါဒကို ပေးထားပါတယ်...】

"အဲ့ဒီလောက်တောင် ပြောင်းလွယ်ပြင်လွယ် ရှိတာလား..."

စူးချန်ကဲ၏ မျက်လုံးများ တောက်ပသွားသည်။ ထိုသို့ဆိုလျှင် သူ၌ အခြားကန့်ကွက်စရာ အကြောင်း မရှိတော့ချေ။

ယခု အရေးကြီးဆုံးအရာမှာ သူ၏ခွန်အားကို လျင်မြန်စွာ တိုးမြှင့်ရန်ပင်။

အဓိကအချက်မှာ နောက်ထပ် သုံးလအကြာတွင် ကံကြမ္မာသားတော်လက်၌ အသတ်မခံရရေးပင် ဖြစ်သည်။

သို့ရာတွင် ယခု သူ ဘာလုပ်သင့်သနည်း။

"အိပ်ရာကို နွေးထွေးအောင် လုပ်ပေးတာဆိုရင် ငါ မလိုလားရင်တောင် လုပ်ပေးနိုင်ပေမဲ့ နှလုံးသားကို ဘယ်လို နွေးထွေးအောင် လုပ်ရမလဲ... ရင်ဘတ်ချင်း အပ်ထားရမှာလား..."

သူသည် ဘဝတွင် မည်သည့်အခါမျှ နွေးထွေးသော ယောကျာ်းတစ်ယောက် မဖြစ်ခဲ့ဖူးချေ။

"ညသန်းခေါင်ယံမှာ ဆီးအိုးတစ်လုံးကို ခိုးပေးရမလား ဒါမှမဟုတ် သူတို့ ရာသီလာချိန်မှာ နေ့ရောညပါ သုံးဖို့အတွက် မသေမျိုးအမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်တွေကို ဂရုတစိုက် ပြင်ဆင်ပေးရမလား... အဲ့ဒါက ဘယ်လို ဆုလာဘ်မျိုးကို ရစေမှာလဲ... မသေမျိုးအဆင့် ဆီးအိုးလား... ထာဝရ အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်လား... သောက်ကျိုးနည်း... ရပ်... ရပ်... ရပ်တော့..."

"လေသံက နည်းနည်း စောက်ရူးဆန်လာပြီ..."

စူးချန်ကဲသည် သူ၏ အတွေးများကို ချက်ချင်း ဖြတ်တောက်လိုက်သည်။ သူက ဤအရာများကို တွေးတောရုံသာ တွေးတောနိုင်ပြီး လုံးလုံးလျားလျား မလုပ်ဆောင်နိုင်ပေ။

နွေးထွေးကြင်နာတတ်သော စီနီယာအစ်ကိုဆိုသည်မှာ ပြဿနာရှာသော စီနီယာအစ်ကို မဟုတ်ချေ။

【ဒင်... ပထမဆုံးမစ်ရှင် ထွက်ပေါ်လာပါပြီ... ဒုတိယဂျူနီယာညီမလေး လျှိုရူယန်က ဒီနေ့ အကြီးအကဲရဲ့ ဟောပြောပွဲကို တက်ရောက်ရမှာ ဖြစ်ပေမဲ့ လက်ခံသူရဲ့ အမိန့်ကြောင့် ဒီနေရာမှာ သန့်ရှင်းရေးလုပ်ဖို့ ဖိအားပေးခံရပြီး မကျေမနပ် ဖြစ်နေပါတယ်...ဒါ့ပြင် ယခင်ဧကရီတစ်ပါးအနေနဲ့ သူ့ရဲ့ မှတ်ဉာဏ်တွေက ဒီနေ့မှာ နိုးထလာမှာဖြစ်ပြီး လက်ခံသူရဲ့ နှစ်ပေါင်းများစွာ ဖိနှိပ်အမြတ်ထုတ်မှုတွေအပေါ် အရမ်းဒေါသထွက်လာမှာပါ... ကျေးဇူးပြုပြီး သင့်ရဲ့ ပထမဆုံး နွေးထွေးကြင်နာတဲ့ လုပ်ရပ်ကို လုပ်ဆောင်ကာ တစ်နေ့လုံး သူ့ရဲ့ နှလုံးသားကို နွေးထွေးစေဖို့ စကားတစ်ခွန်းတည်းကို အသုံးပြုပါ...】

【ဆုလာဘ် - ကောင်းကင်ကိုဆန့်ကျင်သော နားလည်သဘောပေါက်နိုင်စွမ်း...]

"ငါ မင်းရဲ့စောက်... ကို နွေး..."

ဆုလာဘ်မှာ ကောင်းကင်ကိုဆန့်ကျင်သော နားလည်သဘောပေါက်နိုင်စွမ်း ဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် စူးချန်ကဲသည် နှုတ်ခမ်းဖျားသို့ ရောက်နေသော ကျိန်ဆဲစကားကို မျိုချလိုက်လေသည်။

"ဟားဟားဟား... အရမ်းကောင်းတယ်... ကောင်းကင်ကိုဆန့်ကျင်တဲ့ နားလည်သဘောပေါက်နိုင်စွမ်းက မိုက်တယ်..."

"သူ့ရဲ့ နှလုံးသားကို တစ်နေ့လုံး နွေးထွေးစေဖို့ စကားတစ်ခွန်းတည်းပဲ မဟုတ်လား... ငါ စဉ်းစားမလို့ ခဏစောင့်ဦး..."

စူးချန်ကဲသည် လေးနက်သော အမူအရာဖြင့် စတင်တွေးတောလေတော့သည်။ ယခု သူသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အာရုံစူးစိုက်နေပြီး သူ၏အကြည့်များက မိန်းကလေး၏ ကျောပြင်ပေါ်တွင် တည်ငြိမ်စွာ ကျရောက်နေ၏။

"ဧကရီရဲ့ မှတ်ဉာဏ်တွေ နိုးထလာတာလား... ကြည့်ရတာ ဒီမိန်းကလေးက ရိုးရှင်းပုံမရဘူး... ဒါက အဓိပ္ပာယ်ရှိပါတယ်... ကံကြမ္မာသားတော်ရဲ့ အိပ်မက်ထဲက ချစ်သူက ကံကြမ္မာသမီးတော် ဖြစ်နိုင်တာပဲ..."

ဤအချိန်၌....

အခန်းတွင်း၌ ကြမ်းပြင်ကို ကြိုးစားပမ်းစား သန့်ရှင်းရေးလုပ်နေသော မိန်းကလေးမှာ တစ်ခါတစ်ရံ အမူအရာမဲ့နေပြီး တစ်ခါတစ်ရံတွင် တိတ်တဆိတ် ပြုံးနေကာ သူမ၏ကျောပြင်ပေါ်သို့ ကျရောက်နေသော အကြည့်ကို လုံးလုံးလျားလျား မသိရှိပေ။

"သူက အရမ်းအားနည်းလွန်းလို့ နတ်ဘုရားချဉ်းကပ်ခြင်းစေတီကို မကျော်ဖြတ်နိုင်တာနဲ့ ငါတို့အပေါ် ဒေါသတွေ လာပုံချနေတာလား... ငါတို့ မနေ့ကမှ သန့်ရှင်းရေးလုပ်ထားတာကို သူက ဒီနေ့ ထပ်လုပ်ခိုင်းပြန်ပြီလား... ဘာဖြစ်လို့လဲ... သန်းတွေများ တွယ်နေလို့လား... တစ်ရက်လောက် သန့်ရှင်းရေးမလုပ်ရရင် သောင်းကျန်းတော့တာလား... ဟားဟားဟား... ဝမ်းတွင်းမည်းစူးမှာ သန်းတွေတွယ်နေတာက ခံရတာ တန်ပါတယ်..."

လျှိုရူယန် ပြုံးကာ သူမ၏မျက်နှာမှ ချွေးများကို သုတ်လိုက်ချိန်တွင် သူမ၏ မျက်လုံးအိမ်များ ရုတ်တရက် အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူမ၏ ယခင်ဘဝမှ မှတ်ဉာဏ်များသည် ရေလှိုင်းများကဲ့သို့ ပေါ်ထွက်လာသဖြင့် စိတ်ရှုပ်ထွေးသော အမူအရာတစ်ရပ် ပေါ်လာလေသည်။

နောက်တစ်စက္ကန့်တွင်...

"ဒီဧကရီက ဘာလုပ်နေတာလဲ..."

"သန့်ရှင်းရေးလုပ်နေတာလား..."

လျှိုရူယန် လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာသည်။ နဝမတောင်ထိပ်တွင် ဖြတ်သန်းခဲ့သော သူမ၏ နှစ်ကာလများမှ မှတ်ဉာဏ်များ ပေါင်းစပ်သွားချိန်တွင် သူမသည် သဘောပေါက်သွားလေ၏။

"ဒါ... ဒါက တကယ့်ကို လွန်လွန်းနေပြီ..."

"ဒီအလုပ်ကို ဒီဧကရီက မလုပ်နိုင်ဘူး... ငါ့ရဲ့ အရည်အချင်းအစစ်ကို ပြရတော့မယ်..."

....

အခန်း ၂ :မင်းကို တစ်နေ့လုံး နွေးထွေးအောင် လုပ်ပေးမယ်

ထိုသို့တွေးလိုက်သော်လည်း လျှိုရူယန်၏ မျက်လုံးများတွင် ဒေါသများ လောင်ကျွမ်းနေသည့်တိုင် ကြမ်းပြင်ကို သုတ်နေသော ကိုယ်ဟန်အနေအထားမှာ ပြောင်းလဲမသွားချေ။ အတွင်းစိတ်ထဲ၌ သူမ၏ အတိတ်နှင့် ပစ္စုပ္ပန်ဘဝတို့၏ မှတ်ဉာဏ်များက လျင်မြန်စွာ ပေါင်းစပ်နေသည်။

ကလေးဆန်မှု အရိပ်အယောင်များ နေရာတွင် ယခင်က သူမ၌ မရှိခဲ့ဖူးသော မောက်မာသည့် အမူအရာတစ်ရပ်က သူမ၏မျက်ခုံးများကြားတွင် ထွက်ပေါ်လာခဲ့သည်။

ဤအချိန်၌....

သူမသည် သူမ၏ ယခင်ဘဝမှ မှတ်ဉာဏ်များကို ရုတ်တရက် နိုးထလာစေခဲ့သည်။

သူမ၏ ယခင်ဘဝတွင် ကြောက်မက်ဖွယ်ကောင်းသော ပါရမီကို ပိုင်ဆိုင်ခဲ့ပြီး နှစ်သုံးရာအတွင်း တာအိုဖြတ်တောက်ခြင်းနှင့် လမ်းစဉ်ထွန်းလင်းခြင်းနယ်ပယ်သို့ ဝင်ရောက်ကာ စိတ်ဝိညာဉ်နယ်ပယ်၏ ကြီးမြတ်သော နတ်ဘုရားမင်းဆက် ငါးခုအနက်မှ တစ်ခုဖြစ်သည့် မဟာရှား နတ်ဘုရားအင်ပါယာ၏ ဧကရီ ဖြစ်လာခဲ့ပေသည်။

သူမသည် စိတ်ဝိညာဉ်နယ်ပယ်တစ်ခုလုံးတွင် နာမည်ကျော်ကြားခဲ့သော်လည်း ဖခင်ကွယ်လွန်သွားပြီးနောက် သိမ်မွေ့ကာ အေးအေးဆေးဆေး နေတတ်ပုံရသော သူမ၏ အစ်ကိုကြီးက ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်သော နှလုံးသားကို ဖုံးကွယ်ထားလိမ့်မည်ဟု မည်သည့်အခါမျှ မမျှော်လင့်ခဲ့ချေ။

မဟာဧကရာဇ် လျှို့ဝှက်နယ်မြေသို့ အတင်းအဓမ္မ ဝင်ရောက်ပြီးနောက် သူမ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းကို ကြိုတင်သိရှိထားသဖြင့် သူသည် ကောင်းကင်နှင့် မြေကြီး ပိုက်ကွန်ကို ဆင်ယင်ခဲ့ပြီး သူမ၏ ဖခင်ကို သတ်ခဲ့သည်ဟူသော အမှန်တရားကို ထုတ်ဖော်ကာ လျှိုရူယန်အား သွေးဆောင်ခဲ့သည်။

စိတ်ဓာတ်ခိုင်မာသော လျှိုရူယန်သည် အန္တရာယ်ရှိမှန်း သိနေသည့်တိုင် ဝင်ရောက်ခဲ့သည်။ တခြားအကြောင်းရင်းတစ်ခုမှာ သူမ ကျင့်ကြံစတင်ကတည်းက ရှိခဲ့သော ပြိုင်ဘက်ကင်း ယုံကြည်မှုကြောင့်ပင်။

ရေတွက်၍မရနိုင်သော အစွမ်းထက် ကျွမ်းကျင်သူများက သူမကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။ သူမ၏ လက်ရှိ ဒဏ်ရာများနှင့် ပေါင်းစပ်လိုက်သောအခါ ထိုတိုက်ပွဲတွင် အမြင့်မြတ်ဆုံး ကျွမ်းကျင်သူ အများအပြားကို သတ်ဖြတ်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် သူမ သေဆုံးသွားခဲ့ကာ သူမ၏ ရုပ်ခန္ဓာမှာ ပျက်စီးသွားပြီး အကြွင်းအကျန် ဝိညာဉ်တစ်စသာ ကျန်ရစ်ခဲ့လေသည်။

သို့ရာတွင် ရှင်ခြင်းနှင့်သေခြင်း၏ အရေးအကြီးဆုံး အခိုက်အတန့်တွင် မဟာဧကရာဇ် လျှို့ဝှက်နယ်မြေ၌ သူမ ရရှိခဲ့သော အင်မော်တယ်ဆေးဝါးဖြစ်သည့် ပြန်လည်ဝင်စားခြင်းသစ်သီးက သူမနှင့် ပေါင်းစပ်သွားသည်။ ထိုအရာက သူမ၏ အကြွင်းအကျန်ဝိညာဉ်ကို အောင်မြင်စွာ ဝင်စားခွင့်ပြုလိမ့်မည်ဟု မည်သည့်အခါမျှ မမျှော်လင့်ခဲ့ချေ။ သို့ရာတွင် ဝင်စားခြင်းက အလွန်နက်နဲလွန်းပြီး သူမ၏ မှတ်ဉာဏ်များက သူမ၏ အသိစိတ်အတွင်း နက်ရှိုင်းစွာ ငိုက်မျဉ်းသွားခဲ့သည်။

ဤဘဝတွင် လျှိုရူယန်သည် ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်တစ်ဦး မဟုတ်ဘဲ သာမန် မိန်းကလေးတစ်ဦးသာ ဖြစ်နေသည်။ အန္တရာယ်ရှိသော အခြေအနေတစ်ခုအတွင်း သူမကို ပဟေဠိဆန်သော အဖိုးအိုတစ်ဦးက ကယ်တင်ခဲ့ပြီး နဝမတောင်ထိပ်သို့ ပြန်ခေါ်လာကာ သူ၏ ဒုတိယတပည့်အဖြစ် သတ်မှတ်ခဲ့သည်။ သူမသည် အသက်ဆယ့်ခြောက်နှစ်အရွယ်မှသာ ကျင့်ကြံခြင်းကို စတင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် သူမသည် သွေးလှုပ်ရှားမှုနယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိနေပြီး လက်တစ်ဖက်တည်းဖြင့် ခွန်အား ကတ်တီသုံးသောင်းခန့်ကို အသုံးပြုနိုင်စွမ်း ရှိသည်။

အဆင့် ခွဲခြားမှုများမှာ သွေးလှုပ်ရှားမှုနယ်ပယ်၊ ကောင်းကင်လှိုဏ်ဂူ၊ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်၊ မှော်အက္ခရာရေးထိုးခြင်း၊ဝင်္ကပါဖွဲ့စည်းခြင်း၊ မြင့်မြတ်အရှင်၊ နတ်ဘုရားမီးတောက်၊ သူတော်စင်၊ ဟင်းလင်းပြင်တာအို၊ တာအိုဖြတ်တောက်ခြင်း၊ လွတ်မြောက်ခြင်းတစ်၊ မဟာဧကရာဇ်၊ အစစ်အမှန်အင်မော်တယ်၊ အင်မော်တယ်ဘုရင်၊ အင်မော်တယ်ဧကရာဇ်တို့ပင်။

"ကတ်တီ သုံးသောင်းလား..."

"အရင်တုန်းက ဒီဧကရီ ငယ်ငယ်ရွယ်ရွယ်နဲ့ နဂါးသွေးထဲမှာ ရေချိုးခဲ့တုန်းက သွေးလှုပ်ရှားမှုနယ်ပယ်ရဲ့ အလယ်အလတ်အဆင့်မှာတင် ခွန်အား ကတ်တီငါးသောင်းကို အသုံးပြုနိုင်ခဲ့ပြီး အထွတ်အထိပ်မှာ ကတ်တီ ရှစ်သောင်းအထိ ရောက်နိုင်ခဲ့တယ်... ဒီဘဝရဲ့ အခြေခံက တကယ့်ကို အားနည်းလွန်းတယ်..."

လျှိုရူယန်သည် မျက်ခုံးပင့်ကာ တွေးတောလိုက်၏။

"ဟမ့်... ဒါပေမဲ့ ငါ သွေးလှုပ်ရှားမှုနယ်ပယ်မှာ ဒီလောက်ကြာကြာ ပိတ်မိနေရတဲ့ အကြောင်းရင်းက ငါ့ရဲ့ အံ့ဩစရာကောင်းတဲ့ စီနီယာအစ်ကိုရဲ့ ကျေးဇူးကြောင့်ပဲလေ..."

ဂိုဏ်းသို့ ဝင်ရောက်လာပြီး သုံးနှစ်အတွင်း သူ ပေးသနားခဲ့သော အကြွင်းအကျန်များမှလွဲ၍ သူမ ရရှိသင့်သော မည်သည့် အရင်းအမြစ်များကိုမျှ မမြင်ဖူးခဲ့ချေ။

မည်သို့ပင်ဆိုစေ နဝမတောင်ထိပ်၏ တပည့်တစ်ဦးအနေဖြင့် သူမသည် လစဉ် ပုံသေ အရင်းအမြစ်များကို ရရှိပိုင်ခွင့် ရှိသည်။

ထိုအရာများ ဘယ်ရောက်သွားသနည်းဆိုသည်ကို မေးရန် လိုသေးသလား။ သဘာဝကျကျပင် ထိုအရာအားလုံးက ဝမ်းတွင်းမည်းစူး၏ လက်ထဲတွင် အဆုံးသတ်သွားခဲ့ခြင်းပင်။

ထိုသူသည် သူမ၏ ကျင့်ကြံခြင်း အရင်းအမြစ်များကို သိမ်းပိုက်ခဲ့ရုံသာမက သူမက နာမည်ခံအားဖြင့် သူ၏ ဂျူနီယာညီမလေး ဖြစ်သော်လည်း လက်တွေ့တွင်မူ လူ့အခွင့်အရေး လုံးလုံးလျားလျား မရှိသော သူ၏အစေခံမလေးသဖွယ် ဖြစ်နေသည်။

ပိုဆိုးသည်မှာ သူက သူမအား အရူးမဟု အမြဲခေါ်ဆိုကာ နှစ်အတန်ကြာသည်အထိ အဆင့်မချိုးဖောက်နိုင်သဖြင့် သူ့အတွက် အရှက်ရစေပြီး နဝမတောင်ထိပ်ကို ဂုဏ်သိက္ခာကျဆင်းစေသည်ဟု ပြောဆိုခြင်းပင်။

ဤအရာကို တွေးမိရင်း လျှိုရူယန်မှာ ဒေါသထွက်လွန်းသဖြင့် သူမ၏ သွားများ ယားယံလာသကဲ့သို့ ခံစားလိုက်ရသည်။

"အဲ့ဒီ ခွေးကောင် စီနီယာအစ်ကိုက တကယ့်ကို အမှိုက်ပဲ... ဒီဧကရီကို သူ ဘယ်လိုတောင် ရဲရဲတင်းတင်း အနိုင်ကျင့်ရတာလဲ... ဟမ့်... ဒီဧကရီက ဒီလိုကံကြမ္မာနဲ့ ဖန်တီးခံထားရပုံပဲ... ငါ့ရဲ့ အစ်ကိုကြီးတွေထဲက ဘယ်သူမှ လူကောင်းတွေ မဟုတ်ဘူး... စောင့်နေလိုက်စမ်း... အနာဂတ်ကျရင် ဒီဧကရီက... မင်းနဲ့ စာရင်းရှင်းမယ်..."

သူမ၏ စရိုက်က ကြမ်းတမ်းသော်လည်း သူမက အရူးတစ်ယောက်တော့ မဟုတ်ချေ။

ဤဘဝတွင် သူမ၏ လက်ရှိ ခွန်အားကို နားလည်ပြီးနောက် ယခု သူ့ကို ရင်ဆိုင်ခြင်းက ပညာရှိသော လုပ်ရပ်တစ်ခု မဟုတ်ကြောင်း သူမ သိလေသည်။

"တကယ်လို့ ငါ အခု နဝမတောင်ထိပ်ကနေ ထွက်သွားရင် ထိုက်ချင်ဂိုဏ်း အပြင်ဘက်က အလွန်တရာ အန္တရာယ်များတဲ့ မဟာတောင်တန်းတစ်သိန်းကို ချက်ချင်း ရင်ဆိုင်ရလိမ့်မယ်... ငါ့ရဲ့ မှတ်ဉာဏ်တွေ ပြန်လည်သက်သာလာပြီ ဆိုပေမဲ့ ငါ့ရဲ့ နည်းစနစ်များစွာကို လက်ရှိ ခွန်အားနဲ့ အသုံးပြုလို့ မရသေးဘူး... ကောင်းကင်ဘုံက လျှိုရူယန်ကို ဒုတိယဘဝတစ်ခု ရှင်သန်ခွင့် ပေးခဲ့တယ်... ငါ ဆုံးရှုံးခဲ့ရသမျှကို သေချာပေါက် ပြန်ယူမယ်... ဒီရေမြောင်းထဲမှာတော့ ငါ လှေမှောက်လို့ မဖြစ်ဘူး..."

လျှိုရူယန်သည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သကဲ့သို့ အတွင်းစိတ်ထဲ၌ စဉ်းစားလိုက်သည်။

"ဟမ့်... ပထမဆုံး ငါ့ရဲ့ အဆင့်ကို ချိုးဖောက်ဖို့ နည်းလမ်းတစ်ခု ရှာရမယ်... ဒီဧကရီက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ စွမ်းရည် တစ်စုံတစ်ရာ ပိုင်ဆိုင်လာမှသာ ထွက်ခွာသွားမယ်... အဲ့ဒီအချိန်ကျရင် ကောင်းကင်ကြီးက မြင့်မားနေပြီး ငှက်တွေ လွတ်လပ်စွာ ပျံသန်းနိုင်လိမ့်မယ်... အဲ့ဒီမတိုင်ခင်တော့... ဒီဧကရီက နင့်ကို အချိန်ခဏလောက် သည်းခံပေးဦးမယ်..."

သူမ အတွေးနက်နေချိန်တွင် ကြမ်းပြင်ပေါ်ရှိ သူမ၏ အလုပ်မှာ ပြီးဆုံးလုနီးပါး ဖြစ်နေလေပြီ။ နောက်ဆုံး ကြမ်းပြင်နေရာကို ဂရုတစိုက် သုတ်ပြီးနောက် လျှိုရူယန်သည် မတ်တတ်ရပ်ကာ တံခါးဆီသို့ လျှောက်သွားလေ၏။

ခြံဝင်းမှာ တောက်ပသော နေရောင်ခြည်ဖြင့် လွှမ်းခြုံထားသည်။

သစ်သားကုလားထိုင်ပေါ်တွင် အေးအေးလူလူ နေပူဆာလှုံနေသော ပုံရိပ်ဆီသို့ သူမ လျှောက်သွားချိန်တွင် သူမ၏ ပုံမှန် အမူအရာသို့ ပြန်လည်ရောက်ရှိသွားပြီး ညင်သာစွာ ပြောလိုက်သည်။

"သခင်... အရာအားလုံး သန့်ရှင်းရေး လုပ်ပြီးပါပြီ... အခြားကိစ္စ မရှိတော့ဘူးဆိုရင် ရူယန်ကို ထွက်သွားခွင့်ပြုပါ..."

သူမက သူ့ကို စီနီယာအစ်ကိုဟု အဘယ်ကြောင့် မခေါ်ဆိုသနည်း။ အကြောင်းမှာ သူမ စတင်ဝင်ရောက်လာချိန်က စူးချန်ကဲသည် သူမအား သူ၏ ဂျူနီယာညီမလေး အဆင့်အတန်းအဖြစ် အသိအမှတ်မပြုကြောင်း ပြောဆိုခဲ့ပြီး သူ့ကို သခင်ဟုသာ ခေါ်ဆိုခွင့်ပြုခဲ့သောကြောင့် ဖြစ်ပေ၏။

"ဟမ့်... ဒီဧကရီက ဂရုမစိုက်ပါဘူး..."

သို့ရာတွင် သူမ၏ အကြည့်ကို စူးစိုက်ကာ စူးချန်ကဲ၏ အသွင်အပြင်ကို ရှင်းလင်းစွာ မြင်လိုက်ရချိန်တွင် သူမ၏ နှလုံးသားထဲ၌ အနည်းငယ် အံ့အားသင့်သွားမိသည်။

"ဒီဝမ်းတွင်းမည်းစူးက တကယ့်ကို ရုပ်ဆိုးမနေဘူးပဲ..."

"အင်း..."

စူးချန်ကဲသည် မျက်လွှာချကာ အတွင်းသို့ အကဲခတ်လိုက်ပြီး များစွာသော စိတ်ခံစားမှု ပြောင်းလဲခြင်း မရှိသည့် အသံဖြင့် ညင်သာစွာ အသိအမှတ်ပြုလိုက်သည်။

သို့ရာတွင် ယခုအချိန်၌ သူ၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်နေပေသည်။

'လူတစ်ယောက်ကို တစ်နေ့လုံး နွေးထွေးသွားစေဖို့ စကားတစ်ခွန်းကို ဘယ်လို အသုံးပြုရမလဲ... ဒီမေးခွန်းက အရမ်းခက်ခဲလွန်းပြီး ငါ တကယ် မသိဘူး... အခု ဒီမိန်းကလေးရဲ့ အမူအရာ ပြောင်းလဲသွားပြီ...သူ့ရဲ့ အတိတ်ဘဝ မှတ်ဉာဏ်တွေ နိုးထလာခဲ့ပြီ ဖြစ်ရမယ်... အခု သူကို နွေးထွေးအောင် လုပ်ရတာက ပိုပြီးတော့တောင် ခက်ခဲလာနိုင်တယ်..."

မျှော်လင့်ထားသည့်အတိုင်းပင်။

သူ ဤသို့တွေးလိုက်သည့် အခိုက်အတန့်တွင် ရွှေရောင် အက္ခရာဇယား ပေါ်ထွက်လာလေ၏။

【အမည် - လျှိုရူယန်】

【အသက် - တစ်ဆယ့်ရှစ်နှစ်】

【စရိုက်လက္ခဏာ - ခိုင်မာသော တာအိုနှလုံးသား၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ကျေးဇူးနှင့် ရန်ငြိုးကို ရှင်းလင်းစွာ ခွဲခြားနိုင်မှု၊ အကြံအစည်ကြီးမှု】

【အဆင့် - သွေးလှုပ်ရှားမှုနယ်ပယ် အထွတ်အထိပ်】

【ကံကြမ္မာ - ဧကရီ ပြန်လည်ဝင်စားခြင်း (ရွှေရောင်—နိုးထပြီး)၊ နယ်မြေသုံးခု၏ ပြိုင်ဘက်ကင်း အလှပိုင်ရှင် (ရွှေရောင်)၊ မဟာဧကရာဇ် အလားအလာ (ရွှေရောင်)】

【ကံတရား - ကံကြမ္မာသမီးတော် (ရွှေရောင် )၊အင်မော်တယ်များကြား အဆင့်သတ်မှတ်ခံရမှု (ရွှေရောင်)】

【ကျင့်စဉ် - မရှိသေးပါ】

【ကျင့်ကြံခြင်း နတ်ဘုရားစွမ်းရည် - မရှိသေးပါ】

【ထူးခြားသော ရုပ်ခန္ဓာကိုယ် - နတ်ဘုရားဖီးနစ် သူတော်စင်ရုပ်ခန္ဓာကိုယ် (မနိုးထသေးပါ)】

【ဘဝဇာတ်ကြောင်း - နှစ်တစ်ရာအတွင်း ကံကောင်းသော တွေ့ဆုံမှု အမျိုးမျိုးအပေါ် မှီခိုကာ အံ့ဖွယ်အမှုများကို ထပ်ခါတလဲလဲ ဖန်တီးနိုင်ခဲ့ပြီး နောက်ဆုံးတွင် စိတ်ဝိညာဉ်နယ်ပယ်သို့ ပြန်လည်ရောက်ရှိကာ သူမ၏ မဟာသူတော်စင် အစ်ကိုဖြစ်သူကို သတ်ဖြတ်ပြီး ကလဲ့စားချေခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ထို့နောက် သူမသည် လျင်မြန်စွာ တိုးတက်လာပြီး တာအိုအတည်ပြုခြင်းကို ရရှိကာ အင်မော်တယ်တစ်ပါး ဖြစ်လာခဲ့သည်။ ကောင်းကင်ကိုးထပ်တွင် တစ်ဦးတည်း ရပ်တည်ကာ နတ်ဘုရားများပင်လျှင် သူမ၏ လမ်းကြောင်းကို မပိတ်ဆို့နိုင်တော့ဘဲ ခေတ်အဆက်ဆက် အစွမ်းအထက်ဆုံး အမျိုးသမီး ကျင့်ကြံသူများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။】

"ဝိုး..."

"သူက တကယ့်ကို ကံကြမ္မာရဲ့ သမီးတော်ပဲ..."

စူးချန်ကဲသည် အတွင်းစိတ်ထဲ၌ ရေရွတ်လိုက်ပြီး သူ၏အမူအရာမှာ အနည်းငယ် အံ့အားသင့်သွားလေ၏။

ထိုကံကြမ္မာသားတော်က သူ့ကို အလွတ်မပေးသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။

ယဲ့ရွှမ်၏ ဝင်ရောက်စွက်ဖက်မှု မရှိလျှင်ပင် ဗီလိန် စီနီယာအစ်ကိုဖြစ်သော သူသည် နောက်ဆုံး၌ ဤမိန်းကလေး၏ လက်ချက်ဖြင့် အဆုံးသတ်သွားမည်ကို သူ ကြောက်ရွံ့နေခဲ့သည် မဟုတ်လား။

သို့ရာတွင် ဤအရာကို ကြာမြင့်စွာကတည်းက ကြိုတင်ခန့်မှန်းထားသော စူးချန်ကဲသည် ကြာကြာ အံ့အားသင့်မနေတော့ဘဲ သူမကို မည်သို့ နွေးထွေးအောင် လုပ်ရမည်နည်းဆိုသည်ကို ဆက်လက်တွေးတောနေသည်။

"အဲ့ဒါက ကောင်းကင်ကိုဆန့်ကျင်တဲ့ နားလည်သဘောပေါက်နိုင်စွမ်းလေ... ငါ သေချာပေါက် ရယူရမယ်... စကားတစ်ခွန်း... စကားတစ်ခွန်း... ဘာဖြစ်ရမလဲ... ဖြစ်နိုင်တာက..."

စူးချန်ကဲ၏ ပေါ့ပေါ့ပါးပါး "အင်း" ဟူသော စကားကို ရင်ဆိုင်လိုက်ရချိန်တွင် လျှိုရူယန်က အတွင်းစိတ်ထဲ၌ လှောင်ပြောင်လိုက်ရုံသည်။

"ဟမ့်... ဒီဧကရီက နင့်ကို ရက်အနည်းငယ်လောက် ထပ်ပြီးမောက်မာခွင့် ပေးထားလိုက်မယ်..."

ထို့နောက် ချက်ချင်းပင် လျှိုရူယန်သည် နောက်လှည့်၍ ထွက်ခွာရန် ပြင်ဆင်လိုက်၏။

"ဂျူနီယာညီမလေး..."

'ဂျူနီယာညီမလေး' ဟူသော အခေါ်အဝေါ်ကို ကြားလိုက်ရချိန်တွင် လျှိုရူယန်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုံ့ဆိုင်းသွားလေသည်။ သူမသည် တွန့်ဆုတ်နေသော အကြည့်ဖြင့် လှည့်ကြည့်လာပြီး စိတ်ရှုပ်ထွေးမှုကို ပြသနေ၏။

သူမ နဝမတောင်ထိပ်သို့ ဝင်ရောက်လာပြီးနောက် နှစ်နှစ်အတွင်း သူမသည် နာမည်ခံအားဖြင့် နဝမတောင်ထိပ်သခင်၏ ဒုတိယတပည့်နှင့် စူးချန်ကဲ၏ ဒုတိယ ဂျူနီယာညီမလေးပင်။ သို့သော် စူးချန်ကဲက သူမအား ဂျူနီယာညီမလေးတစ်ဦးအဖြစ် မည်သည့်အခါမျှ အမှန်တကယ် မဆက်ဆံခဲ့ဖူးချေ။

သဘာဝကျကျပင် ယခင်က သူမကို ထိုသို့ မည်သည့်အခါမျှ မခေါ်ခဲ့ဖူးပေ။

သူက သူမကို 'မင်း' ဟုခေါ်သည် သို့မဟုတ် လုံးလုံးလျားလျား အခေါ်အဝေါ် မရှိဘဲ ပြောဆိုတတ်သည်။

ထို့ကြောင့် စူးချန်ကဲက သူမကို ထိုသို့ ရုတ်တရက် ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ လျှိုရူယန်သည် အနည်းငယ် အသားမကျသကဲ့သို့ ခံစားလိုက်ရသည်။

လျှိုရူယန် မျက်မှောင်ကြုတ်သွားပြီး တွန့်ဆုတ်နေသော စူးချန်ကဲကို ကြည့်ကာ မေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ..."

"အာ..."

စူးချန်ကဲသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် လေးနက်စွာ ပြောလိုက်သည်။

"မင်းကို တစ်နေ့လုံး နွေးထွေးအောင် လုပ်ပေးမယ်..."

ဤစကားကို သူ ပြောလိုက်သည်နှင့် တစ်ပြိုင်နက်....

လျှိုရူယန် အေးခဲတောင့်တင်းသွားပြီး ပြောလိုက်သည်။

"ဟင်..."

"ဘာကို နွေးထွေးတာလဲ... ဘယ်လို နွေးထွေးတာလဲ... ဒီနေ့ ဝမ်းတွင်းမည်းစူး ရူးသွားပြီလား..."

【...】

【အဲ့ဒီလိုမဟုတ်ဘူး လက်ခံသူ... သင်က အတင်းအကျပ် လုပ်နေတာလေ...】

အဆိုးရွားဆုံးမှာ အခြေအနေ တိတ်ဆိတ်သွားသည့် အချိန်ပင် ဖြစ်လေသည်။

"အဟမ်း... အဟမ်း..." စူးချန်ကဲက ညင်သာစွာ ချောင်းဟန့်လိုက်ပြီး သည်းမခံနိုင်လောက်အောင် အနေရခက်မှုကို သူ့ဘာသာ ခံစားလိုက်ရကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး... မင်း... ဒီနေ့ ပင်ပန်းသွားပြီ..."

မထင်မှတ်ထားဘဲ ဤပေါ့ပေါ့ပါးပါး မှတ်ချက်က လျှိုရူယန်ကို စက္ကန့်အနည်းငယ်မျှ ကြောင်အမ်းအမ်း စိုက်ကြည့်သွားစေခဲ့ပြီး သူမ၏ နှလုံးသားထဲသို့ နွေးထွေးသော လျှပ်စီးကြောင်းတစ်ခု စီးဆင်းသွားလေ၏။

သူမ၏ မှတ်ဉာဏ်များ မနိုးထမီက လျှိုရူယန်၏ အတွင်းစိတ် နက်နက်ရှိုင်းရှိုင်းတွင် စူးချန်ကဲ၏ အသိအမှတ်ပြုမှုကို ရရှိရန် သူမ အမြဲ မျှော်လင့်နေခဲ့ခြင်း ဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုအချိန်က သူမ၏ မျက်လုံးထဲတွင် စူးချန်ကဲသည် ရယူရန် မဖြစ်နိုင်သော ကောင်းကင်ဘုံမှ အင်မော်တယ်တစ်ပါးနှင့် တူပေသည်။ သူမက သူ့ကို အတွင်းစိတ်ထဲမှ မကြာခဏ တိတ်တဆိတ် ကျိန်ဆဲလေ့ရှိသော်လည်း အကယ်၍ သူ့ကို 'စီနီယာအစ်ကို' ဟု ပွင့်လင်းစွာ ခေါ်ဆိုနိုင်ပြီး သူ၏ အသိအမှတ်ပြုမှုကို ရရှိနိုင်ပါက သူမ သေချာပေါက် အလွန် ဂုဏ်ယူမိမည်ဟု အမြဲ ခံစားခဲ့ရလေသည်။

"သောက်ချေးပဲ... ဒီဧကရီမှာ ဘယ်လို စိတ်ဓာတ်မျိုး ရှိနေတာလဲ..."

All Chapters