"လက်ခံသူက ထိုက်ချင်ဂိုဏ်း နဝမတောင်ထိပ်ရဲ့ အကျင့်စရိုက်ဆိုးရွားတဲ့ စီနီယာအစ်ကိုကြီးဖြစ်ပြီးတော့ ဒီလောကရဲ့ ဗီလိန်ဇာတ်ပို့အမျိုးသားတစ်ဦးလည်း ဖြစ်တယ်..." "သောက်ကျိုးနည်း.... ငါက အခုမှ ကူးပြောင်းလာရုံရှိသေးတယ်....ဒါကို လာပြနေရသလား.." အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေရှိ ထိုက်ချင်ဂိုဏ်း နဝမတောင်ထိပ်၏တပည့်ခေါင်းဆောင်အဖြစ်သို့ ကူးပြောင်းရောက်ရှိလာသူ စူးချန်ကဲသည် မျက်စိဖွင့်လိုက်သည်နှင့် သူ၏ ဇာတ်သိမ်းကို မြင်တွေ့လိုက်ရသည်။ ဗီလိန်တဲ့လား... ဒီလို ရုပ်ရည်ချောမောတဲ့ ဗီလိန်မျိုးကို မြင်ဖူးကြလို့လား... [ ဒင်...နွေးထွေးကြင်နာတတ်သော စီနီယာအစ်ကိုကြီးစနစ် ပွင့်သွားပါပြီ] "..." "ငါက အိပ်ရာနွေးအောင်တောင် သိပ်လုပ်နိုင်တာ မဟုတ်ဘူး...ရင်ဘတ်ချင်းအပ်ပြီး ဘယ်လိုလုပ် နှလုံးသားကို နွေးထွေးအောင် လုပ်ရမှာလဲ.." [ ဒင်...တာဝန်ရောက်လာပါပြီ...ယနေ့တွင် ဒုတိယဂျူနီယာညီမလေး နိုးထလာပေမည်... လွန်ခဲ့သော နှစ်များအတွင်း သူမ ခံစားခဲ့ရသည့် ဖိနှိပ်ခေါင်းပုံဖြတ်ခံရမှုများက သူမအား ပြင်းထန်သော ဒေါသများဖြင့် ပြည့်နှက်နေစေသည်... ကျေးဇူးပြုပြီး သူမ၏ နှလုံးသားကို စကားတစ်ခွန်းတည်းဖြင့် နွေးထွေးသွားအောင် ပြုလုပ်ပေးပါ] [ ဆုလာဘ်...ပြိုင်ဘက်ကင်း နားလည်သဘောပေါက်နိုင်စွမ်း] "ငါ့လခွမ်းကို နွေး..." စူးချန်ကဲ ကျိန်ဆဲရန် ပြင်လိုက်သော်လည်း ဆုလာဘ်သည် ပြိုင်ဘက်ကင်း နားလည်သဘောပေါက်နိုင်စွမ်း ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ထိုစကားများကို ပြန်မျိုသိပ်လိုက်ရေသည်။ "ဟားဟားဟား...မိုက်တယ်ကွ... ငါ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက အမြင့်ဆုံးပဲ" ............ ငါ့ရဲ့နာမည်က လျှိုရူယန်... စိတ်ဝိညာဉ်နယ်မြေဧကရီ ပြန်ဝင်စားတဲ့သူပဲ... ဒီနေ့ ငါ့ကို သုံးနှစ်တိတိ ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့သည့် စီနီယာအစ်ကိုနဲ့ ရင်ဆိုင်ဖို့ ဟန်ပြင်နေခဲ့တယ်... ဒါပေမဲ့ တဖြည်းဖြည်းနဲ့ စီနီယာအစ်ကိုကြီးအပေါ် ငါ အထင်လွဲနေတာကို နားလည်လာခဲ့တယ်... "စီနီယာအစ်ကို...ညီမ တောင်းပန်ပါတယ်" လျှိုရူယန်သည် အပြစ်ရှိသကဲ့သို့ ခံစားရကာ ပြောဆိုလိုက်သည်။ စူးချန်ကဲသည် တဟုန်ထိုး မြင့်တက်လာသော သူ၏ကျင့်စဉ်အဆင့်ကို ခံစားရင်း ညင်သာစွာ ပြောဆိုလိုက်၏။ "အရူးမလေး...ဒါက ဘာမှမဖြစ်ဘူး..." "ငါတို့ရဲ့ စီနီယာအစ်ကိုက စကားပြောသိပ်မတတ်ပေမယ့် ငါတို့တွေအပေါ်မှာ ဘာတစ်ခုမှ လျှို့ဝှက်ဖုံးကွယ်ထားတာမျိုး မရှိဘူး" အမျိုးသမီးဓားအင်မော်တယ် နင်ဖူယောင်က ယုံကြည်ချက်ရှိစွာဖြင့် ပြောဆိုသည်။ "ဒုတိယစီနီယာအစ်မနဲ့ အကြီးဆုံးစီနီယာအစ်မ ပြောတာ အမှန်ပဲ..." အသင်္ချေနတ်ဆိုးဧကရီ ထူယိုယိုကလည်း ထောက်ခံလေသည်။ သို့ရာတွင် ဂျူနီယာညီမလေးများ လှည့်ကြည့်လိုက်ချိန်၌ သူတို့၏ စီနီယာအစ်ကိုကြီးသည် ကောင်းကင်ဘုံနှင့်လောကအသီးသီးတစ်ခွင်၌ ပြိုင်ဘက်ကင်းနေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။

