အခန်း (၁၄၃-၁၄၄)
Vol. 15 Ch. 143-144
အခန်း ၁၄၃:မမြင်နိုင်သော နွေးထွေးမှု.... အသေစေနိုင်ဆုံး...
စူးချန်ကဲက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ပြတင်းပေါက်၏အပြင်ဘက်ကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။
သူ ထပ်ပြီး မစဉ်းစားနိုင်မီ အနောက်မှ ကျောက်စိမ်းအလား ဖြူဖွေးချောမွတ်သော လက်တစ်ဖက် ထွက်လာပြီး သူ၏ လည်ပင်းကို ညင်သာစွာ ချိတ်လိုက်သည်။
ရှည်လျားပြီး နူးညံ့သော လက်ချောင်းများက ပျင်းရိခြင်း အရိပ်အယောင်တစ်ခုကို သယ်ဆောင်ကာ သူ၏ပါးပြင်နှင့် မေးစေ့တလျှောက် ဂရုမစိုက်စွာ အပြန်အလှန် ပွတ်သပ်သွားပြီး အနည်းငယ် ယားယံမှုကို ဖြစ်ပေါ်စေခဲ့သည်။
"..."
စူးချန်ကဲ၏နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီး သူ၏ အမူအရာ မှောင်မိုက်သွားကာ သူ၏စိတ်နှလုံးသားထဲတွင် အော်ဟစ်လိုက်သည်။
"သောက်ကျိုးနည်း..."
ထိုသို့ရေရွတ်ပြီးသည်နှင့် တပြိုင်နက် သူက လှုပ်ရှားမှုကို လုပ်ဆောင်လိုက်၏။
သူ နောက်သို့လှည့်ကာ ထိုမသမာသော လက်ငယ်လေးကို သူ၏လက်ဖြင့် ကိုင်လိုက်သည်။
ထိုနေရာမှာပင် ကြီးမားသော တိုက်ပွဲကြီးတစ်ခု စတင်ခဲ့သည်။
နာရီဝက်အကြာတွင်...
လျှိုရူယန်သည် မွှေးကြိုင်သော ချွေးများဖြင့် အနည်းငယ် စိုစွတ်နေပြီး သူမ၏ မည်းနက်သော ဆံပင်များ ပြန့်ကျဲနေကာ သူမ၏ မယုံနိုင်လောက်အောင် လှပသော မျက်နှာပေါ်မှ နီမြန်းမှုမှာ မပျောက်ကွယ်သေးချေ။ သူမ၏မျက်လုံးများ ပြောင်းလဲသွားသည်နှင့် ဧကရီတစ်ပါး၏ ပုံမှန်ခမ်းနားမှုနှင့် အေးစက်မှုတို့မှာ ရှားပါးသော ချွဲနွဲ့သည့် ပျင်းရိမှု မှီခိုမှုတို့ဖြင့် အစားထိုးခံလိုက်ရသည်။
သူမသည် စူးချန်ကဲကို သူမ၏လက်ကို ကိုင်ခွင့်ပြုလိုက်ပြီး သူမ၏လေသံတွင် စိတ်ပျက်မှု အရိပ်အယောင်တစ်ခု ရှိနေကာ မေးလိုက်သည်။
"စီနီယာအစ်ကို... နင့်ရဲ့ သွေးမျိုးဆက်ထဲမှာ ဘာလို့ ဒီလောက်တောင် လွှမ်းမိုးနိုင်တဲ့ နဂါးချီတွေ ရှိနေရတာလဲ..."
အစောပိုင်းက သူတို့သည် နှစ်ကိုယ်တူ ကျင့်ကြံခြင်းကို လုပ်ဆောင်နေပြီး သူတို့၏ချီများကို လှည့်ပတ်နေစဉ်၌ လျှိုရူယန်သည် သူမ၏ခန္ဓာကိုယ်ထဲရှိ နိုးထလာသော ဘိုးဘေး ဖီးနစ်သွေးမျိုးဆက်သည် တင်းကြပ်စွာ ဖိနှိပ်ခံထားရသည်ကို နောက်တစ်ကြိမ် ခံစားလိုက်ရသည်။
ထိုအရာမှာ ဘိုးဘေးဖီးနစ် မသေမျိုးကျင့်စဉ် ကို သူမ ကျင့်ကြံပြီးနောက်၌ပင် ပြောင်းလဲသွားခြင်း မရှိချေ။
သူမ၏ယခင်ဘဝက သူမ၏နတ်ဘုရား ရုပ်ခန္ဓာကိုယ် အထွတ်အထိပ်၌ ရှိနေစဥ်လောက် ကြောက်မက်ဖွယ်မကောင်းလျှင်ပင် ထိုအရာသည် သာမန်လူတစ်ယောက်၏ သွေးမျိုးဆက် ဖြင့် ဖိနှိပ်နိုင်သောအရာမျိုး သေချာပေါက် မဟုတ်ချေ။
သို့ရာတွင် စူးချန်ကဲနှင့်သူမ ကျင့်ကြံသည့် အချိန်တိုင်း သူတို့၏အသက် မူလအစ အဆင့်တွင် ကြီးမားသော ကွာခြားမှုကို သူမ ရှင်းလင်းစွာ ခံစားနိုင်သည်။ ဤသည်က မူလဘူတ သားရဲကြီးတစ်ကောင်ကို ရင်ဆိုင်နေရသော ကလေးတစ်ယောက်အလားပင်။ ထိုကိစ္စသည် ကျင့်ကြံဆင့်နယ်ပယ်တွင် ကွာဟချက် မဟုတ်ဘဲ အခြေခံကျသော ကွာခြားချက်တစ်ခုပင်။
အထူးသဖြင့် ယနေ့ညတွင် စူးချန်ကဲသည် ပို၍ပင် ကြမ်းတမ်းခဲ့လေ၏။
ထိုကိစ္စသည် သူမ၏ ဂုဏ်ယူဝင့်ကြွားသော ဧကရီ နှလုံးသားကို အမှန်တကယ်ပင် ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်။
"အင်း... အဲ့ဒါက မွေးရာပါ ဖြစ်ရမယ်..."
စူးချန်ကဲက ပြုံးကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ သူသည် စနစ်အကူအညီရှိပြီး သူ့တွင် မွေးရာပါ ဖရိုဖရဲ နှလုံးသားတစ်ခု ရှိနေလေပြီ။
သို့ရာတွင် မွေးရာပါ ဖရိုဖရဲနှလုံးသားသည် သူ၏သွေးမျိုးဆက်စွမ်းအားကို အဆက်မပြတ် မြှင့်တင်ပေးမည်ဖြစ်ပြီး သူ၏ မူလဘူတ ဘိုးဘေးနဂါးချီပင်လျှင် များစွာပို၍ တိုးတက်လာခဲ့ကြောင်း သူ မျှော်လင့်မထားခဲ့ချေ။
"ဟင်... မွေးရာပါ..."
လျှိုရူယန် ၏ လှပသော မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်ဖြစ်သွားသည်မှာ သိသာရှင်းလင်းပေ၏။
"နင်က ငါ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလား... ကောင်းကင်ကို ဆန့်ကျင်တဲ့ မွေးရာပါ သွေးမျိုးဆက်တောင်မှ မြှင့်တင်ဖို့ အဆုံးမရှိတဲ့ အရင်းအမြစ်တွေနဲ့ ဒီအဆင့်ကို ရောက်ဖို့ အမြင့်မြတ်ဆုံး ကျင့်ကြံနည်းစနစ်တွေရဲ့ လမ်းညွှန်မှု လိုအပ်တယ်... ဒါက ရှင်းရှင်းလင်းလင်း... ထားလိုက်ပါတော့... ကိစ္စမရှိဘူး..."
စူးချန်ကဲက သူမကို မပြောပြချင်မှတော့ သူမ သူ့ကို ထပ်မံ၍ အတင်းအကြပ် မမေးတော့ချေ။
သို့ရာတွင် အနည်းငယ် စိတ်ပျက်မိခြင်းအပြင် သူမ ဂုဏ်ယူမိသည်။ သူမ၏အမျိုးသားသည် ထိုကဲ့သို့ ပါရမီရှင်တစ်ယောက် ဖြစ်သဖြင့် သူမ သဘာဝကျကျ ဂုဏ်ယူမိလေ၏။
စူးချန်ကဲက ရယ်မောလိုက်ပြီး ဘာမျှ မပြောဘဲ သူမ၏အနီးသို့ ကပ်လာခဲ့သည်။
လျှိုရူယန်သည် တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်းအာရုံခံမိပြီး တစ်ခုခု ပြောချင်ခဲ့သော်လည်း သူမ၏ခန္ဓာကိုယ် အထိန်းအကွပ်မဲ့စွာ ပျော့ခွေသွားခဲ့သည်။
နောက်ထပ်တက်ကြွသော တာအိုဆွေးနွေးပွဲ တစ်ခုအပြီးတွင်....
နဂါး ဟိန်းဟောက်သံများနှင့် ဖီးနစ် ငိုကြွေးသံများအလား ထင်ယောင်ထင်မှား ပုံရိပ်များက ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး သန့်စင်သော နဂါးနှင့်ဖီးနစ် ချီတို့က ရောယှက်ကာ သူတို့နှစ်ဦး၏နံဘေးပတ်လည်တွင် ရစ်ဝဲနေသည်။ အချိန်အတော်ကြာမှသာ ထိုအရာနှစ်ခုသည် သူတို့၏ခန္ဓာကိုယ်များထဲသို့ တဖြည်းဖြည်း ပေါင်းစပ်သွားခဲ့လေ၏။
လျှိုရူယန်၏ မျက်နှာနီမြန်းမှုက မပျောက်ကွယ်သေးဘဲ သူမ၏ခန္ဓာကိုယ်မှာ မွှေးကြိုင်သော ချွေးများဖြင့် ရွှဲရွှဲစိုနေသည်။ သူမသည် အထက်ရှိ ကုတင်ခြင်ထောင်ကိုကြည့်ရင်း အနည်းငယ် မောဟိုက်နေပြီး သူမ၏ခန္ဓာကိုယ်ရှိ အရိုးတိုင်းက ဖြုတ်ခံရပြီး ပြန်တပ်ခံရသည့်အလား ခံစားနေရသည်။ ဤသည်က သူမကို အလွန်နာကျင်ပြီး အားနည်းနေစေသဖြင့် အင်အားအနည်းငယ်မျှပင် မထုတ်နိုင်တော့ချေ။
အချိန်အတော်ကြာ အနားယူပြီးနောက် သူမသည် သူမ၏နံဘေးရှိ ချောမောသော မျက်နှာကို မကျေမနပ်ဖြင့် လှည့်ကြည့်လိုက်သည်။ သူမ ကြည့်နေစဉ် သူမ ကြောင်အမ်းသွားလေ၏။ စူးချန်ကဲသည် အလွန် ချောမောပြီး ချွတ်ယွင်းချက် မရှိသော ချောမောမှုမျိုးကို ပိုင်ဆိုင်ထားသူပင်။
တစ်နေ့တွင် သူမ စူးချန်ကဲနှင့် အတူရှိနေလိမ့်မည်ဟု လျှိုရူယန် မည်သည့်အချိန်မျှ အိပ်မက်မမက်ခဲ့ဖူးချေ။
အကယ်၍ ထိုကိစ္စမှာ လွန်ခဲ့သော နှစ်လကသာဆိုလျှင် မည်သို့မျှ မဖြစ်နိုင်သောအရာပင်။
သို့ရာတွင် ဤအရာများအားလုံး အမှန်တကယ် ဖြစ်ပျက်ပြီးနောက် သူမ အနည်းငယ်မျှပင် နောင်တမရခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ယခင်က သူမ တစ်ကြိမ်တစ်ခါမှ မခံစားဖူးသော ပျော်ရွှင်မှုခံစားချက်တစ်ခုက သူမကို လွှမ်းခြုံသွားသည်။
သူမသည် စူးချန်ကဲ၏လက်ကို တင်းကြပ်စွာ မကိုင်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။
"ဘာဖြစ်လို့လဲ..."
စူးချန်ကဲက အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်ပြီး ချက်ချင်းဆိုသလိုပင် စနစ်၏ အသံက သူ၏နားထဲတွင် မြည်ဟီးလာသည်။
【ဒင်... ကံကြမ္မာသမီးတော်က ပျော်ရွှင်မှုကို ခံစားနေရတယ်... လက်ခံသူရဲ့ မမြင်နိုင်တဲ့ နွေးထွေးမှုက အသေစေနိုင်ဆုံးပဲ... ဆုလာဘ်...သုံးလစာ ကျင့်ကြံခြင်း...】
"ဝိုး..."
"သုံးလတောင်..."
"ဒီတစ်ကြိမ် အရမ်းရက်ရောတာပဲ..."
လျှိုရူယန်က သူမ၏ခေါင်းကို အနည်းငယ် တိမ်းစောင်းကာ မေးလိုက်သည်။
"ဘာဖြစ်တာလဲ..."
"အာ ဘာမှမဟုတ်ပါဘူး..."
စူးချန်ကဲက ပြန်ဖြေလိုက်ပြီးနောက် ပေါ့ပေါ့ပါးပါး စကားပြောဆိုသည်။
"မင်းရဲ့ အတိတ်ဘဝအကြောင်း ငါ့ကို ပြောပြပါလား..."
"ငါတို့က ဒီအခြေအနေအထိ ရောက်နေပြီဆိုတော့ ပြောမပြနိုင်စရာ အကြောင်း ဘာမှ မရှိပါဘူး..."
လျှိုရူယန်က ဂရုမစိုက်စွာ ပြုံးလိုက်ပြီးနောက် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
"ငါ့ရဲ့ အတိတ်ဘဝတုန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်ဘုရား ရုပ်ခန္ဓာကိုယ်ကို ငါ နိုးထစေခဲ့ပြီးတော့ ငါ့ရဲ့ဧကရာဇ်အဖေက ကြီးမားတဲ့ မျှော်လင့်ချက်တွေ ထားခဲ့တယ်... ငါ့ရဲ့ ဧကရာဇ်အဖေအတွက် ငါက ကြိုးကြိုးစားစား ကျင့်ကြံပြီးတော့ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တယ်...ဒါကြောင့် ငါက အဲ့ဒီခေတ်က မဟာရှားအင်ပါယာရဲ့ နှစ်တစ်သောင်းမှာ တစ်ကြိမ်ပဲ ပေါ်ထွက်လာတဲ့ ပါရမီရှင်အဖြစ် ချီးကျူးခံခဲ့ရတယ်... ငါ့ရဲ့ ဧကရာဇ်အဖေက နတ်ဘုရား မျိုးနွယ်စု နဲ့ တိုက်ပွဲအတွင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီးတော့ နောက်ပိုင်းမှာ သူက ရာဇပလ္လင်ကို ငါ့ဆီ လွှဲပြောင်းပေးခဲ့တယ်... မဟာရှားသမိုင်းမှာ ငါက ပထမဆုံး ဧကရီ ဖြစ်လာပြီးတော့ အသက်အငယ်ဆုံး ဧကရီ လည်း ဖြစ်ခဲ့တယ်... အဲ့ဒီနှစ်က ငါ့ရဲ့အသက်က နှစ်ဆယ်ပဲ ရှိသေးတယ်..."
"အဲ့ဒီအချိန်တုန်းက စီနီယာအစ်ကို... နင် မမွေးသေးဘူး..."
ဤစကားကို ကြားသောအခါ စူးချန်ကဲက မငြင်းဆိုဘဲ ပြုံးရုံသာ ပြုံးလိုက်သော်လည်း သူ၏နှလုံးသား နက်ရှိုင်းသော နေရာတွင်မူ သူသည် အလွန်အလွန့် အချိန်ကြာမြင့်စွာ အသက်ရှင်နေခဲ့ရသည့်အလား အကြောင်းပြချက်မရှိဘဲ ခံစားလိုက်ရသည်။
ဤသည်က သူ၏ကူးပြောင်းခဲ့ခြင်းကြောင့် ဟုတ်မဟုတ်ကိုမူ သူ မသိခဲ့ချေ။
ထို့နောက် သူသည် ထပ်မံ၍ နားထောင်လိုက်၏။
"အဲ့ဒီနောက် ဒုတိယနှစ်မှာ ငါ့ရဲ့ ဧကရာဇ်အဖေ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်ဆိုတဲ့ သတင်းကို ဖုံးကွယ်ထားလို့ မရနိုင်တော့တာကြောင့် ငါတို့ မဟာရှားနဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ ဂိုဏ်းတွေနဲ့ နတ်ဘုရားအင်ပါယာ တချို့က ငါတို့ကို ပစ်မှတ်ထားလာကြတယ်... စိတ်ဝိညာဉ်နယ်မြေမှာ ပြည်နယ်သုံးထောင်ရှိပြီးတော့ ပြည်နယ်တစ်ခုစီရဲ့ အရင်းအမြစ်တွေက အလယ်ကောင်းကင်နယ်မြေတွေထက် အများကြီး သာလွန်တယ်... ဒါကို ငါ ကြိုတင် မျှော်လင့်ထားပြီးသားပါ... ငါ့ရဲ့ ဧကရာဇ်အဖေက စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေပြီးတော့ တခြားသူတွေကို ခြိမ်းခြောက်ဖို့ မသေခင် တာအိုဖြတ်တောက်ခြင်း ကျွမ်းကျင်သူတချို့ကို သတ်ချင်ခဲ့ပေမဲ့ ငါ သူ့ကို တားခဲ့တယ်... ငါ့ရဲ့ ဧကရာဇ်အဖေ ပင်ပန်းနွမ်းနယ်ပြီး သေသွားတာကို ငါ မမြင်ချင်ခဲ့ဘူး... ဒီအတွက် ငါက ပိုပြီးတော့တောင် အသည်းအသန် ကျင့်ကြံခဲ့ပြီးတော့ ရန်သူတွေအားလုံးကို ဖယ်ရှားရှင်းလင်းခဲ့တယ်... နောက်ဆုံးမှာ ငါ အောင်မြင်ခဲ့တယ်...ငါ့ရဲ့ နတ်ဘုရား ရုပ်ခန္ဓာကိုယ်က မဟာ အောင်မြင်မှုအဆင့်ကို ရောက်ရှိသွားပြီးတော့ ငါ တာအိုဖြတ်တောက်ခြင်းအဆင့်ကို ရရှိခဲ့တယ်... ဒါပေမဲ့ ငါ့ရဲ့ဧကရာဇ်အဖေ ကွယ်လွန်သွားတယ်..."
သူမ စကားပြောနေစဉ် လျှိုရူယန်၏မျက်လုံးများ အနည်းငယ် နီရဲလာခဲ့သည်။ သူမ၏ အတိတ်ဘဝတွင် သူမ၏ဧကရာဇ်အဖေ သေဆုံးကြောင်းသတင်းကို ကြားချိန်၌ သူမ ပထမဆုံးအကြိမ် မျက်ရည်ကျခဲ့ရလေ၏။
စူးချန်ကဲက စကားမပြောဘဲ သူမ၏ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
ဤလုပ်ရပ်က လျှိုရူယန်၏ ဖီးနစ်မျက်လုံးများကို ချက်ချင်းမှေးစေးသွားစေခဲ့သည်။ သူမသည် ခုခံချင်ခဲ့သော်လည်း နောက်ဆုံးတွင် ထိန်းထားလိုက်ပြီး နှုတ်ခမ်းဆူကာ တွေးလိုက်သည်။
'ထားလိုက်ပါတော့...'
'ဒီတစ်ကြိမ်ပဲ...'
'ဒီဧကရီက နှစ်သိမ့်ဖို့ ခေါင်းပုတ်ခံရမယ့် ကောင်မလေး မဟုတ်ဘူးနော်...'
ချက်ချင်းပင် လျှိုရူယန်၏အကြည့်က ရုတ်တရက် အေးစက်တင်းမာသွားသည်။
"ဒါပေမဲ့ ငါ မမျှော်လင့်ထားခဲ့တာက ပြိုင်ဆိုင်လိုစိတ် မရှိဘူးလို့ ထင်ရပြီးတော့ နူးညံ့တဲ့ စိတ်သဘောထား ရှိတဲ့ အစ်ကိုက ငါ့ကို တိုက်ခိုက်ဖို့ အချိန်အကြာကြီး ကြံစည်နေခဲ့တာကိုပဲ... မဟာဧကရာဇ်ရဲ့ အပျက်အစီးနယ်မြေထဲမှာ ငါ့ကို ချုံခိုတိုက်ခိုက်ဖို့ သူ အစီအစဉ်ဆွဲခဲ့တယ်... ငါ ထွက်ပြေးဖို့ စိတ်ပိုင်းဖြတ်ထားပြီးတော့ တကယ်ကို ထွက်ပြေးနိုင်ခဲ့ပေမဲ့ ငါ့ရဲ့ ဧကရာဇ်အဖေ သေဆုံးရတဲ့ အကြောင်းအရင်း အမှန်ကို သူ ထုတ်ဖော်ခဲ့တယ် ....ငါဧကရာဇ်အဖေရဲ့ အားနည်းမှုနဲ့ ယုံကြည်မှုကို အခွင့်ကောင်းယူပြီး သူ့ကို အဆိပ်ခတ် သတ်ဖြတ်ခဲ့တာက အဲ့ဒီသောက်ကောင်ပဲ..."
"သူ ဘာလို့ ဒီလိုတွေ လုပ်ခဲ့တာလဲဆိုတာကို ငါ နားမလည်နိုင်ဘူး..."
"ဧကရာဇ်အဖေက သူ့ကို အရမ်းချစ်ခဲ့တာလေ..."
လျှိုရူယန်က အံ့ကြိတ်လိုက်သည်၏ သူမ အမုန်းဆုံးလူမှာ သူမ၏ အစ်ကို ရှားကျိုးယိုးပင်။
"ကိစ္စ မရှိပါဘူး... စိတ်ဝိညာဉ်နယ်မြေကို ငါ ပြန်ရောက်ရင် သူ့ကို သတ်ဖို့ မင်းကို ငါ ကူညီပေးပါ့မယ်..."
စူးချန်ကဲက အလွန်တည်ငြိမ်သောလေသံဖြင့် တီးတိုးပြောလိုက်သည်။
"မဟုတ်ဘူး... ငါကိုယ်တိုင် လုပ်ချင်တာ..."
လျှိုရူယန်က ငြင်းပယ်ရန် ခေါင်းယမ်းလိုက်ပြီးနောက် စူးချန်ကဲကို တည်ကြည်လေးနက်စွာ ကြည့်လိုက်၏။
"ငါ့ကို ကတိပေးပါ...နင် သူရဲကောင်းလုပ်ဖို့ မကြိုးစားပါနဲ့..."
စူးချန်ကဲသည် စူးမိသားစုမှ လာသည်မှာ မှန်သော်လည်း သူသည် နှင်ထုတ်ခံရသော မျိုးနွယ်ဝင်တစ်ဦးသာ ဖြစ်ကြောင်း သူမ သိထားသည်။ ထိုကဲ့သို့ အဆင့်အတန်းမျိုးဖြင့် ရှားကျိုးယိုးကို သူ ရင်ဆိုင်နိုင်ရန် ခက်ခဲမည်အား သူမ စိုးရိမ်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ရှားကျိုးယိုးသည် ထိုရှေးဟောင်းမြင့်မြတ်နယ်မြေကို ဝင်ရောက်ပြီးဖြစ်ပေ၏။
ထို့ပြင် ဤသည်မှာ သူမ၏ ကိုယ်ပိုင်ကိစ္စပင်။ စူးချန်ကဲသည် သူမကို များစွာကူညီပေးခဲ့ပြီးဖြစ်သည်။ ဧကရီတစ်ပါးအနေဖြင့် သူမထံတွင် သူမ၏ကိုယ်ပိုင်မာန်မာနလည်း ရှိလေရာ သူမ ကိုယ်တိုင် အိမ်တွင်းရေးကို ရှင်းလင်းရပေမည်။
"အာ..."
စူးချန်ကဲက သူမကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး အနည်းငယ်ဆွံ့အသွားခဲ့သည်။
'ငါက စူးမိသားစုက လာတယ်ဆိုတာကို သူ မသိဘူးလား...'
'အဲ့ဒါက ဘာလို့ သူရဲကောင်းလုပ်တာ ဖြစ်ရမှာလဲ...'
'အဲ့ဒါက စကားတစ်ခွန်း ပြောလိုက်ရုံပဲ မဟုတ်လား...'
'သူက တစ်ခုခုကို အထင်လွဲသွားတာလား...'
သို့ရာတွင် လျှိုရူယန်က သူမဘာသာ ဆက်ပြောနေခဲ့သည်။
"ကံကောင်းထောက်မစွာနဲ့ မဟာဧကရာဇ်ရဲ့ အပျက်အစီးနယ်မြေထဲမှာ ငါ ရရှိခဲ့တဲ့ အခွင့်အရေးက ပြန်လည်ဝင်စားခြင်းထဲကို ဝင်ရောက်ပြီး နောက်တစ်ဘဝ ပြန်နေခွင့် ပေးခဲ့တယ်..."
"ငါက အစကနေ ပြန်ပြီးကျင့်ကြံခွင့် ရခဲ့တယ်..."
"တကယ်တော့ ဒါက ငါ့အတွက်လည်း ကောင်းတဲ့ အရာပါ... အရင်တုန်းက ငါက တာအိုဖြတ်တောက်ခြင်းကို ရရှိပြီးတဲ့နောက်မှာ ငါ့ရဲ့ရှေ့က လမ်းကြောင်း ပြတ်တောက်သွားတယ်ဆိုတာကို ငါ ရှင်းရှင်းလင်းလင်း သဘောပေါက်ခဲ့တယ်... နောက်ဆုံးတော့ အဲ့ဒါက ငါ အရမ်းမြန်မြန် ကျင့်ကြံခဲ့လို့ မတည်ငြိမ်တဲ့ တာအို အခြေခံအုတ်မြစ်ကို ဖြစ်ပေါ်စေခဲ့တာပဲ...အရင်က မရှိဖူးတဲ့ အခြေခံအုတ်မြစ်နဲ့မှသာ အရင်က မရှိဖူးတဲ့ နယ်ပယ်ထဲကို ဝင်ရောက်နိုင်မယ်... ငါ ကျင့်ကြံခြင်းလမ်းကြောင်းကို ပြန်ပြီးလျှောက်လှမ်းတဲ့အချိန်မှာ ဒီစကားစုကို ငါ ပိုပြီးတော့တောင် နားလည်လာတယ်..."
သူမ စကားပြောနေစဉ် လျှိုရူယန်သည် စူးချန်ကဲကို အလွန်တည်ကြည်လေးနက်စွာ ကြည့်လိုက်၏။
"စီနီယာအစ်ကို... နင့်ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းက အရမ်းမြန်တယ်... ငါ့ရဲ့ အတိတ်ဘဝတုန်းက ငါနဲ့ အရမ်းတူတယ်...နင့်ရဲ့ အခြေခံအုတ်မြစ်က ငါ့ရဲ့ အတိတ်ဘဝကထက် ပိုပြီးခိုင်မာပေမဲ့ နင်ပ ပိုပြီးတော့တောင် ဂရုစိုက်ရမယ်... တစ်ခါတစ်လေ မြန်တာက ကောင်းတဲ့အရာ သေချာပေါက် မဟုတ်ဘူး..."
စူးချန်ကဲအတွက် သူမ၏ နှလုံးသား အောက်ခြေမှ သူမ အမှန်တကယ် စိုးရိမ်နေခဲ့သည်။
"..."
စူးချန်ကဲသည် မည်ကဲ့သို့ ပြန်ဖြေရမှန်း မသိတော့သဖြင့် နောက်ဆုံးတွင် အပြုံးနှင့် ခေါင်းညိတ်လိုက်၏။
"ကောင်းပါပြီ..."
သို့ရာတွင် နောက်တစ်စက္ကန့်၌....
သူ၏ခန္ဓာကိုယ်ထဲရှိ ချီများ ရုတ်တရက် လှိုင်းထလာခဲ့သည်။
Note...ကောင်းကင်ဘုံများနှင့် ကမ္ဘာအသင်္ချေတွင် အထက်ဘုံသုံးခု၊ မြေအောက်ကမ္ဘာ၊ နတ်ဆိုးနယ်မြေနှင့် စိတ်ဝိညာဉ်နယ်မြေတို့ ပါဝင်သည်။ ထိုအရာများအနက် စိတ်ဝိညာဉ်နယ်မြေ သည် အမြင့်မြတ်ဆုံးပင်။ ထိုအောက်တွင် အလယ်ကောင်းကင်နယ်မြေများရှိပြီး ဆယ့်ကိုးခုသာ ရှိလေသည်။ တခြားအားအနည်းဆုံးသော နယ်မြေများကို စုပေါင်း၍ အောက်ဘုံဟု ခေါ်ဆိုကြသည်။
အခန်း ၁၄၄: မင်းက မျက်နှာကို ဂရုစိုက်လွန်းတဲ့ ခေါင်းမာတဲ့ အရူးတစ်ယောက်ပဲ...
"..."
လျှိုရူယန်၏မျက်ခွံများ အနည်းငယ် တုန်ခါသွားပြီး သူမ မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
"စီနီယာအစ်ကို... နင် ထပ်ပြီး အဆင့်ချိုးဖျက်ဝင်ရောက်လိုက်ပြန်ပြီလား..."
ဤသို့ မွေးရာပါ ပါရမီနှင့် အခြေခံအုတ်မြစ်၊ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်း အမြန်နှုန်း....
ရှေးဟောင်းစူးမိသားစုတွင်ပင် သူသည် ဤမျိုးဆက်၏ ထိပ်တန်းအဆင့်တွင် ရှိနေလိမ့်မည် မဟုတ်လော....
သူ့ကဲ့သို့ လူတစ်ယောက်သည် မည်သည်ကြောင့် အောက်ဘုံသို့ နှင်ထုတ်ခံရသနည်းဆိုသည်ကို သူမ အမှန်တကယ် နားမလည်နိုင်ခဲ့ချေ။
သေချာသည်မှာ ဤမေးခွန်းကို သူမဘာသာ သိမ်းထားမည်ဖြစ်ပြီး သူ နာကျင်သွားနိုင်ချေရှိသော အချက်များကို အနည်းငယ်မျှ ထိတွေ့မည် မဟုတ်ချေ။
"ကံကောင်းရုံလေးပါ..."
စူးချန်ကဲက အပြုံးနှင့် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။
သူ၏ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းမှ မြှင့်တင်မှုဖြင့် သူ၏ ဘိုးဘေးနဂါး မဖျက်ဆီးနိုင်သောကျင့်စဉ်က နောက်ထပ်အဆင့်တစ်ခုသို့ မြင့်တက်သွားခဲ့သည်။ မွေးရာပါ ဖရိုဖရဲနှလုံးသား၏ ပေါင်းစပ်မှုနှင့် သူတော်စင်နယ်ပယ်ကျွမ်းကျင်သူ သုံးယောက်နှင့်သူ၏ မကြာသေးမီက တိုက်ပွဲမှ တုံ့ပြန်မှုတို့ ပေါင်းစပ်ကာ ထိုအရာများ အားလုံးက ဤအခိုက်အတန့်တွင် သူ့ထံသို့ စုစည်းသွားခဲ့သည်။
ဤအချိန်တိုလေးအတွင်း၌ သူသည် နတ်ဘုရားမီးတောက်နယ်ပယ် နောက်ဆုံးအဆင့်သို့ပင် ချိုးဖျက်ဝင်ရောက်သွားခဲ့သည်။
ဤကျင့်ကြံခြင်းအမြန်နှုန်းမှာ အဓိပ္ပာယ်မရှိလောက်အောင် လွန်ကဲလှပေ၏။
သို့ရာတွင် ကံကောင်းခြင်းအကြောင်း ဤပေါ့ပေါ့ပါးပါး မှတ်ချက်က လျှိုရူယန်ကို ရုတ်တရက် အေးခဲတောင့်တင်းသွားစေခဲ့သည်။
"ငါက ခုဏလေးတင် ပြောလိုက်ပေမဲ့ နင့်ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းက တကယ်ကို မွန်းစတားဆန်လွန်းတယ်..."
လျှိုရူယန်က မျက်စောင်းထိုးလိုက်ရာ လှပသော မြင်ကွင်းတစ်ခုဖြစ်လာပြီး သူမ၏စိတ်နှလုံးသားထဲတွင် တီးတိုးရေရွတ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် သူမသည် တွေးတောနေသော အမူအရာကို ပြသလိုက်ပြီး တီးတိုးရေရွတ်လိုက်၏။
"ကံကောင်းတယ်... ဒီစကားစုကို တစ်နေရာရာမှာ... ငါ ကြားဖူးသလိုပဲ..."
ဤစကားကို ကြားသောအခါ စူးချန်ကဲသည် မျက်ခုံးပင့်လိုက်ပြီး လွှတ်ခနဲ ပြောလိုက်မိသည်။
"ယဲ့ရွှမ်ဆီကလား..."
ဤသည်မှာ ကံကြမ္မာသားတော်တစ်ဦး၏ ဂန္ထဝင် စံသတ်မှတ်ချက် စကားလုံးများထဲမှ တစ်ခု ပင်။
သူ့အပြင် စူးချန်ကဲသည် တခြားသူကို မတွေးနိုင်ခဲ့ချေ။
ထိုအကြောင်း ပြောရလျှင် တစ်ဖက်လူနှင့် သူ၏ တိုက်ပွဲကလည်း နီးကပ်လာလေပြီ။ ဖြစ်နိုင်သည်မှာ နောက်နှစ်ရက်အတွင်းမှာပင်။
"ယဲ့ရွှမ်..."
လျှိုရူယန်သည် ထိုအမည်ကို ပြန်လည်၍ ရေရွတ်လိုက်ကာ သူမ၏ လှပသောမျက်လုံးများတွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်တစ်ခု လင်းလက်သွားပြီး နောက်ဆုံးတွင် သူမ မှတ်မိသွားသည်။
သူမက စူးချန်ကဲကို အံ့အားသင့်စွာ ကြည့်ပြီး ပြောဆိုလိုက်သည်။
"စီနီယာအစ်ကို... သူ့ကို နင် ဘယ်လို သိတာလဲ... အဲ့ဒီတုန်းက ငါ့ကို နင် တိတ်တိတ်လေး စောင့်ကြည့်နေခဲ့တာလား..."
ထိုအချိန်သည် လွန်ခဲ့သောနှစ်နှစ်ခန့်ကဖြစ်ပြီး သူမ၏ အတိတ်ဘဝ မှတ်ဉာဏ်များ အပြည့်အဝ မနိုးထသေးဘဲ သူမ၏ကိုယ်ရည်ကိုယ်သွေးမှာ ယခုနှင့်နှိုင်းယှဥ်လျှင် ရိုးရှင်းနေစဥ်က ဖြစ်သည်။ သူမသည် ဂိုဏ်းမှ တာဝန်တစ်ခုကို ထမ်းဆောင်နေစဉ် ရှေးဟောင်းအပျက်အစီး နယ်မြေတစ်ခုထဲသို့ မတော်တဆ ဝင်ရောက်သွားချိန်တွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပေ၏။
"အာ..."
စူးချန်ကဲ အချိန်တခဏကြာမျှ စကားမပြောနိုင်ဖြစ်သွားခဲ့သည်။ သူ ဇာတ်ကွက် အကျဉ်းချုပ်ကို ဖတ်ခဲ့သည်ဟု သူ ထုတ်ပြော၍ မရနိုင်ပေ။
သူ တခဏမျှ စဉ်းစားလိုက်ပြီးနောက် အကြောင်းအရာကို ပြောင်းလိုက်သည်။
"အဲ့ဒါက အရေးမကြီးပါဘူး... မင်းရဲ့လေသံအရ အရင်တုန်းက မင်း သူနဲ့ အရမ်းရင်းနှီးခဲ့တာလား..."
"မရင်းနှီးပါဘူး..."
လျှိုရူယန်က ပြတ်သားစွာ ခေါင်းခါယမ်းလိုက်ပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။
"အများဆုံးတော့ ငါတို့က ခဏတာ သိကျွမ်းသူတွေ ခေါင်းညိတ်ပြရုံ သိတဲ့လူတွေပါ... အဲ့ဒီအချိန်တုန်းက ငါ့ရဲ့မှတ်ဉာဏ်တွေ မနိုးထသေးဘူး.. ပြီးတော့ ငါ့ရဲ့ သဘောသဘာဝကလည်း ရိုးရှင်းတယ်... လူတွေကို ငါ သတိမထားခဲ့ဘူး... သူက ဂုဏ်သိက္ခာရှိရှိ ပြုမူတယ်လို့ပဲ ငါ ခံစားခဲ့ရတယ်...ဒါကြောင့် ငါ သူနဲ့ စကားနည်းနည်း ထပ်ပြောဖြစ်ပြီးတော့ အပျက်အစီးနယ်မြေထဲမှာ ခဏလောက် အတူတူ စူးစမ်းရှာဖွေခဲ့ကြတယ်..."
သူမသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ သူ့ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် လျှိုရူယန် သည် စူးချန်ကဲ အတွေးလွန်သွားမည်ကို စိုးရိမ်သဖြင့် ထပ်ဖြည့်ပြောလိုက်၏။
"တကယ်လို့ အဲ့ဒါက မှတ်ဥာဏ်နိုးထပြီးသား ငါသာဆိုရင် သူနဲ့ ဘာအပြန်အလှန် ဆက်ဆံမှုမှ သေချာပေါက် ရှိမှာ မဟုတ်ဘူး..."
"အင်း... ငါ သိပါတယ်..."
စူးချန်ကဲက လိုက်လျောညီထွေစကားဖြင့် ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ စီနီယာအစ်ကိုက သူ့အကြောင်းကို ပြောပြတော့ ငါ တစ်ခုခုကို သတိရသွားတယ်..."
လျှိုရူယန်၏ အမူအရာ ရုတ်တရက် အနည်းငယ် တည်ကြည်လေးနက်သွားသည်။
သူမ၏အမူအရာကို မြင်သောအခါ စူးချန်ကဲက သိချင်စိတ်ဖြင့် မေးလိုက်၏။
"ဘာလဲ..."
"စီနီယာအစ်ကိုက အင်မော်တယ် ရှေးဟောင်း ကောင်းကင်တက်လှမ်းခြင်းလှေကား အကြောင်း သိတယ်မဟုတ်လား..."
"အင်း..."
စူးချန်ကဲက ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ မှတ်ဉာဏ်များထဲမှ သက်ဆိုင်ရာ အချက်အလက်များကို ဖြည်းညှင်းစွာ ထုတ်ယူကာ ပြောလိုက်သည်။
"အင်မော်တယ် ရှေးဟောင်းခေတ်က အမြင့်မြတ်ဆုံး အင်မော်တယ် ဘုရင်တစ်ပါး ချန်ထားခဲ့တယ်လို့ ကောလာဟလ ထွက်နေတဲ့ နေရာပဲ...ဒါက ကမ္ဘာအသင်္ချေရဲ့ နာမည်ကျော်ကြားပြီး နှစ်တစ်သောင်းသက်တမ်းရှိတဲ့ အင်မော်တယ်အမွေအနှစ်ပဲ...အဲ့ဒီအရာ ထွက်ပေါ်လာတဲ့ အချိန်တိုင်း တည်နေရာကို ခန့်မှန်းလို့ မရဘူး....ပြီးတော့ ထိပ်ဆုံးကို ရောက်တဲ့သူတွေက ကောင်းကင်ဆန့်ကျင်ကံကြမ္မာကို ရနိုင်တယ်...ဒါက လူတစ်ယောက်ရဲ့ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ ကြီးမားတဲ့ အခွင့်အရေးတစ်ခုလို့ သတ်မှတ်ခံရတယ်..."
သူ၏ဧကရာဇ်ဖခင်သည် သမိုင်းတွင် ထိပ်ဆုံးသို့ ရောက်ရှိခဲ့သော ပထမဆုံးသူဖြစ်ပြီး ထိုနေရာမှ ထွက်ပေါ်လာပြီးနောက် စူးချုံး၏ ကောင်းကင် အာဏာရှင် ရုပ်ခန္ဓာကိုယ်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သဖြင့် သူ များစွာသိထားသည်မှာ သဘာဝကျသည်။
ဤနေရာတွင် စူးချန်ကဲသည် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ထပ်ဖြည့်ပြောလိုက်၏။
"မင်း အဲ့ဒီနေရာမှာ အဲ့ဒါကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့တာတော့ မဟုတ်ဘူးမလား..."
ထိုအရာ ထွက်ပေါ်လာသည့် အကြိမ်တိုင်း ကောင်းကင်ဘုံများတလျှောက် တုန်လှုပ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး နယ်မြေအားလုံးမှ ပါရမီရှင် များ စုရုံးကာ သေသည်အထိ တိုက်ပွဲဝင်ခဲ့ကြသည်။
သို့ရာတွင် ထိုအရာသည် စိတ်ဝိညာဉ်နယ်မြေ သို့မဟုတ် ပို၍မြင့်မားသော အထက်ဘုံသုံးခု တွင်သာ အမြဲတစေ ထွက်ပေါ်လာခဲ့သည်။ အောက်ဘုံတွင် ထွက်ပေါ်လာသည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးချေ။
အကယ်၍ အပြစ်ကင်းသော အခြေအနေတွင် ရှိနေသေးသော လျှိုရူယန်နှင့်ယဲ့ရွှမ်တို့ အမှန်တကယ်ပင် ထိုအရာကို မတော်တဆ တွေ့ရှိခဲ့ပါက ဤကံကောင်းမှုမှာ အနည်းငယ် လွန်ကဲလွန်းပေလိမ့်မည်။
သို့ရာတွင် ဒုတိယအကြိမ် တွေးကြည့်ပါက သူတို့ ထိုအရာကို တွေ့ခဲ့လျှင်တောင်မှ ထိုအချိန်က သူတို့၏ကျင့်ကြံခြင်းဖြင့် ကြောင်အမ်းအမ်းသာ ကြည့်နေနိုင်ပေလိမ့်မည်။ ထို့ပြင် ထိုအရာသာ အမှန်တကယ် ပွင့်လာပါက ဤနေရာသည် ကမ္ဘာအသင်္ချေအတွက် စစ်မြေပြင်တစ်ခု ဖြစ်လာသည်မှာ အချိန်အတော် ကြာမြင့်နေလောက်လေပြီ။
"မဟုတ်ဘူး... အဲ့ဒါ မဟုတ်ဘူး..."
လျှိုရူယန် သည် ခေါင်းယမ်းလိုက်သော်လည်း သူမ၏မျက်မှောင်ကြုတ်ထားမှု ပို၍တင်းကြပ်လာပြီး ပြောလိုက်သည်။
"ဒါပေမဲ့ အဲ့ဒီ အပျက်အစီးတွေရဲ့အနက်ရှိုင်းဆုံး အပိုင်းမှာ အရမ်းရှေးဟောင်းဆန်ပြီး ယိုယွင်းနေတဲ့ ယဇ်ပလ္လင်တစ်ခုကို ငါ တစ်ချိန်က အသက်သွင်းခဲ့ဖူးတယ်... အဲ့ဒီ ယဇ်ပလ္လင်ရဲ့အလယ်ဗဟိုမှာ မှုန်ဝါးပြီး အချိန်ကို ဖြတ်ကျော်နေပုံရတဲ့ လှေကားပုံရိပ်ယောင်တစ်ခု လင်းလက်သွားခဲ့တယ်... အဲ့ဒီအချိန်တုန်းက အဲ့ဒါက လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးဟောင်းဆန်တယ်လို့ပဲ ငါ ခံစားခဲ့ရတယ်... ပြီးတော့ အပျက်အစီးနယ်မြေထဲကနေ ထွက်လာပြီးတဲ့နောက်မှာ အဲ့ဒီမှတ်ဉာဏ်က ပျောက်ကွယ်သွားပုံရတယ်...တကယ်လို့ အခု ငါ အဲ့ဒါကို ပြန်မတွေးမိဘူးဆိုရင် ဒီအကြောင်းကို ငါ လုံးဝမှတ်မိမှာ မဟုတ်ဘူး..."
သူမ စကားပြောနေစဉ် သူမ၏အမူအရာသည် ပို၍ပို၍ တည်ကြည်လေးနက်လာပေ၏။ ဤမျှ အရေးကြီးသော မထင်မှတ်ထားသော တွေ့ဆုံမှု တစ်ခုကို သူမ မည်သို့ အလွယ်တကူ မေ့ပျောက်နိုင်မည်နည်း။
ထိုသို့ဆိုလျှင် ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိလေသည်။
မမြင်နိုင်သော စွမ်းအားတစ်ခုသည် ဤမှတ်ဉာဏ်ကို သူမထံမှ ဖျက်ဆီးပစ်နေခြင်းပင်။
"အဲ့ဒါဆိုရင် မင်း မြင်ခဲ့တာက ကောင်းကင်တက်လှမ်းခြင်းလှေကားလို့ မင်း သံသယရှိနေတာလား..."
စူးချန်ကဲက ပြောဆိုသည်။
လျှိုရူယန်က ခေါင်းညိတ်လိုက်ပြီးနောက် တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
"ဟုတ်တယ်... အဲ့ဒီလို မဟုတ်ရင်တောင် အဲ့ဒါက ကောင်းကင်တက်လှမ်းခြင်းလှေကားနဲ့ သေချာပေါက် ဆက်စပ်နေတယ်... ကောင်းကင်တက်လှမ်းခြင်းလှေကား ပွင့်လာမယ့် နောက် ထပ်တည်နေရာက အဲ့ဒီနေရာ ဖြစ်နိုင်ချေများတယ်လို့တောင် ငါ သံသယရှိတယ်... ဒီအောက်ဘုံရဲ့ ယွမ်ယန်နယ်မြေထဲမှာပဲ..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် စူးချန်ကဲ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။
ကောင်းပြီ...
ထပ်ပြီး သံသယဖြစ်စရာ မလိုတော့ဘူး...
မင်း ဒီလို ပြောပြီးမှတော့ ဒါက အခြေခံအားဖြင့် သေချာတဲ့ ကိစ္စတစ်ခုပဲ...
ဒီ ယွမ်ယန် ကမ္ဘာငယ်လေးက ကြီးမားတဲ့ ကံကြမ္မာတွေရှိတဲ့ ကံကြမ္မာသမီးတော်တွေ တစ်ယောက်ထက်မက စုစည်းထားတယ်ဆိုတော့ ကောင်းကင်တက်လှမ်းခြင်းလှေကားက ဒီနေရာမှာ ထွက်ပေါ်လာတာ ယုတ္တိရှိပါတယ်။
သို့ရာတွင် ကောင်းကင် တက်လှမ်းခြင်း လှေကား ထွက်ပေါ်လာမှုသည် ကောင်းကင်ဘုံများကို မလွဲမသွေ လှုပ်ခတ်စေမည်ဖြစ်ပြီး နယ်မြေအားလုံးမှ ပါရမီရှင်များကို စုရုံးစေပေလိမ့်မည်။
ဤယွမ်ယန်နယ်မြေသည် မုန်တိုင်း၏ ဗဟိုချက် ဖြစ်လာရန် အလားအလာ ရှိပေ၏။
ငါ့ရဲ့ ညီအစ်ကိုကောင်းက အဲ့ဒီအချိန်ကျရင် သေချာပေါက် ပေါ်လာလိမ့်မယ်... ဒါပေမဲ့ အဲ့ဒါက အရေးမကြီးဘူး...
ငါ့ရဲ့ခွန်အား လုံလောက်နေသရွေ့ တစ်ဖက်လူ ဘယ်သူပဲဖြစ်ဖြစ် ဘယ်နှစ်ယောက်ပဲ လာလာ သူတို့ အားလုံးကို ဖိနှိပ်ပစ်မယ်...
ကိစ္စတွေက ဒီအထိ ရောက်လာမှတော့ အရင် ကျင့်ကြံတာ ပိုကောင်းတယ်...
ငါ အခုမှ အဆင့်ချိုးဖျက်ဝင်ရောက်လာတာဆိုတော့ ငါ့ရဲကျင့်ကြံခြင်းကို ခိုင်မာအောင် လုပ်ဖို့ လိုတယ်...
စူးချန်ကဲက လှည့်လိုက်လိုက်ရာ သူမ၏ အလေးအနက် စဉ်းစားနေမှုကြောင့် ပို၍ဆွဲဆောင်မှုရှိနေသော အမျိုးသမီး၏လှပသော မျက်နှာလေးနှင့် သက်ပြင်းချနေသော သူမ၏ခပ်ဟဟဖြစ်နေသည့် ချယ်ရီသီးအလား နှုတ်ခမ်းများကို ကြည့်လိုက်သည်။ ယခုလေးတင် ငြိမ်သက်သွားသော သူ၏ခန္ဓာကိုယ်အပူရှိန်သည် နောက်တစ်ကြိမ် စတင်၍ လှုပ်ရှားလာခဲ့ပေ၏။
"ဟင်... ဘာ....အွန်း... အွန်း..."
လျှိုရူယန်က သူမ၏ခွဲခြမ်းစိတ်ဖြာမှုကို ဆက်ပြောရန် ဟန်ပြင်လိုက်ချိန်မှာပင် သူမ၏ နူးညံ့သော ပန်းရောင်နှုတ်ခမ်းများသည် တစ်စုံတစ်ယောက်၏အနမ်းဖြင့် ချိတ်ပိတ်ခံလိုက်ရသည်။ သူမ၏ မပြီးဆုံးသေးသော စကားများအားလုံးသည် ကျိုးတိုးကျဲတဲနှင့် ချိုမြိန်သော နှာသံများအဖြစ် ပျော်ဝင်သွားသည်။ နောက်ဆုံးတွင် ထိုအသံများ ပို၍ပို၍တိုးညှင်းလာကာ ပြန်လည် လောင်ကျွမ်းလာသော ရောထွေးနေသည့် လေထုနှင့် ပို၍မြန်ဆန်လာသော အသက်ရှူသံများထဲတွင် နစ်မြုပ်သွားခဲ့သည်။
ညအချိန် တတိယတောင်ထိပ်၌...
လီချင်းဖုန်းသည် ခန်းမဆောင်ထဲတွင် ထိုင်နေပြီး သူ့ရှေ့ရှိ ယခုမှ ဖျော်ထားသော လက်ဖက်ရည်ကို စိတ်ကျေနပ်စွာကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
"ငါက သခင်စူးနဲ့အတူ ရက်နည်းနည်းလောက်ပဲ လေ့လာရသေးတယ်...ပြီးတော့ ငါ ဒီလို တိုးတက်မှုမျိုး ရနေပြီ... သခင်စူးက တကယ့်ကို ထူးခြားတာပဲ..."
"ဒီလို အသက်အရွယ်မှာ ဒီလိုမွန်းစတားဆန်တဲ့ ပါရမီနဲ့ နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံသူတစ်ယောက်က သူတော်စင်နယ်ပယ် ကျွမ်းကျင်သူကို သတ်ဖြတ်တာ... ပြီးတော့ စိတ်ဝိညာဉ်နယ်မြေက အဲ့ဒီလူငယ်လေးရဲ့ လုပ်ရပ်တွေနဲ့ ပေါင်းစပ်လိုက်ရင် သခင်စူးရဲ့အထောက်အထားက ရိုးရှင်းမှာ မဟုတ်ဘူး..."
"မဟုတ်ဘူး... အဲ့ဒါက မမှန်ဘူး... နဝမတောင်ထိပ်ပေါ်က လူတိုင်းက ရိုးရှင်းမှာ မဟုတ်ဘူးလို့ ဖြစ်သင့်တယ်..."
ထိုအချိန်မှာပင် လီချင်းဖုန်းသည် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
"မင်း ဘယ်သွားမလို့လဲ..."
"သေးသွားပေါက်မလို့..."
ရွှီချီက လက်နှစ်ဖက်ကို နောက်ပစ်ကာ အပြုံးနှင့် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။
"..."
လီချင်းဖုန်း၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။ ရွှီချီ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် သူ၏အမူအရာသည် စိုးရိမ်ပူပန်မှုသို့ ပြောင်းလဲသွားပြီး သက်ပြင်းချလိုက်သည်။
"ဟူး..."
"မင်းနဲ့ သူ့ကြားက ကွာဟချက်က ပိုကြီးလာရင်တောင် အဲ့ဒါက မင်းတို့ရဲ့ ခင်မင်မှုကို မထိခိုက်သင့်ဘူးမလား..."
"မင်း သူ့ကို သွားမတွေ့တာ အတော်ကြာပြီပဲ..."
"မင်းက မျက်နှာကို ဂရုစိုက်လွန်းတဲ့ ခေါင်းမာတဲ့ အရူးတစ်ယောက်ပဲ..."
သို့ရာတွင် တိတ်ဆိတ်နေသော သစ်တောထဲတွင် ရွှီချီသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လေချွန်၍ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။ သို့ရာတွင် သူ၏နောက်ခြေတစ်လှမ်းဖြင့် သူသည် ယွမ်ယန်နယ်မြေမှ ထွက်ခွာသွားပြီး နောက်ထပ်ခြေတစ်လှမ်းဖြင့် သူသည် အကန့်အသတ်မဲ့ စကြဝဠာထဲသို့ ဝင်ရောက်သွားခဲ့လေ၏။