အခန်း (၁၅၇-၁၅၈)
Vol. 16 Ch. 157-158
အခန်း ၁၅၇:လူဆိုတာ နှိမ့်ချသင့်တယ်...
ရွှီချီသည် သူ့အပေါ် ဆက်ဆံရေး အလွန်ကောင်းမွန်သည်။ သူသည် ထိုက်ချင်ဂိုဏ်းတွင်သာမက စိတ်ဝိညာဉ်နယ်မြေတွင် သူ ခင်မင်ခဲ့သော သူငယ်ချင်းအနည်းငယ်အနက်မှ တစ်ယောက်ပင်။
စူးချန်ကဲသည် ဤမျှ သေးငယ်သော တောင်းဆိုချက်ကို သဘာဝကျကျ ဖြည့်ဆည်းပေးပေမည်။
သူငယ်ချင်းများနှင့် ပတ်သက်လာလျှင် သူ ကပ်စေးမနှဲချေ။
ဤအရာမှာ ယခင်က ရွှီချီ ပြောဆိုခဲ့သော နောက်ပြောင်မှုတစ်ခုမျှသာ ဖြစ်ကြောင်း သူ ရှင်းလင်းစွာ သိနေသည့်တိုင် ဖြည့်ဆည်းပေးလိုဆဲပင်။
သူသည် ယခင်က စူးချန်ကဲသာဖြစ်ပြီး မပြောင်းလဲသေးကြောင်းကို ရွှီချီအား သွယ်ဝိုက်၍ ပြောပြရန် သူ ဤစကားများကို ပြောဆိုခဲ့ခြင်းဖြစ်သည်။ ရွှီချီ သူ့ကို လာမရှာသည်မှာ အတော်ကြာပြီဖြစ်ပြီး အဘယ်ကြောင့်ဆိုသည်ကို စူးချန်ကဲ ခန့်မှန်းမိခဲ့သည်။ ရွှီချီကိုယ်တိုင် လာရှာလျှင် သူ့အပေါ် ဖိအားများ ပိုများသွားမည်ကို စိုးရိမ်သောကြောင့်ပင်။
ထို့ကြောင့် ရွှီချီသည် သူ့ထံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်သည်ကို မြင်သောအခါ စူးချန်ကဲ အလွန်ပျော်ရွှင်သွားသည်။
ဤစကားကို ကြားသောအခါ ရွှီချီက နောက်လှည့်ကာ စူးချန်ကဲကို စိတ်ထိမိသွားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ကောင်းလိုက်တဲ့ ကောင်လေး.....မင်း ဒါကိုတောင် မမေ့ဘူးပဲ... ငါ ရွှီချီရဲ့ ညီအစ်ကိုကောင်းဖြစ်ဖို့ မင်းက တကယ်ကြီး ထိုက်တန်တယ်..."
"ခြေထောက်နှိပ်နယ်တာကို ခဏဘေးဖယ်ထားလိုက်ရအောင်... မင်းရဲ့ခြံဝင်းထဲမှာ ငါတို့ အရက်သွားသောက်ကြမလား..."
စူးချန်ကဲက အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။
ဝူယာခြံဝင်းထဲတွင် လရောင်မှာ ကြည်လင်ပြီး တိတ်ဆိတ်နေသည်။
ကျောက်တုံးခုံများပေါ်တွင် ကျောက်စိမ်းအိုး အနည်းငယ်ဖြင့် ပြည့်နေပြီး ထိုအရာများ အားလုံးမှာ မူးယစ်နတ်မိမယ်ကိုယ်တိုင် ချက်လုပ်ထားသော အဖိုးတန်စိတ်ဝိညာဉ် အရက် များပင်။ ထိုအရာများကို မဖွင့်ရသေးမီမှာပင် စိတ်ဝိညာဉ်ချီများကို အနည်းငယ် လှိုင်းထသွားစေသည်။
"ကျွတ်... အရက် သက်သက်နဲ့တော့ အဆင်မပြေဘူးမလား... အရမ်းပေါ့ပေါ့ပါးပါး ဖြစ်နေတယ်..."
ရွှီချီက စူးချန်ကဲ၏ရှေ့တွင် ပလ္လင်ခွေထိုင်ကာ နှုတ်ခမ်းကိုသပ်ပြီး အနည်းငယ် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
စူးချန်ကဲ၏ အရက်အိုးကို ကိုင်ထားသော လက် ရပ်တန့်သွားပြီး သူသည် ရွှီချီအား မော့ကြည့်ကာ စိတ်ထဲရှိအရာကို ပြောရန် အချက်ပြလိုက်၏။
ဤအရာကို မြင်တွေ့ချိန်၌ ရွှီချီသည် ချက်ချင်းဆိုသလိုပင် သူ၏အနီးသို့ကပ်လာပြီး သူ၏မျက်နှာပေါ်တွင် မသမာသော အပြုံးတစ်ခု ထွက်ပေါ်လာကာ မျက်လုံးတစ်ဖက်မှိတ်၍ ပြောလိုက်သည်။
"ငါတို့ အရင်စည်းမျဉ်းတွေအတိုင်း လုပ်ကြမလား... ဒီနေရာကို ပိုပြီး တက်ကြွလာအောင် အလှလေးနှစ်ယောက်လောက် ငါ သွားခေါ်လာခဲ့မယ်လေ..."
သူသည် လက်နှစ်ဖက်ကို ပွတ်သပ်ကာ အသံကို နှိမ့်ပြီး ထပ်ဖြည့်ပြောဆိုသည်။
"ငါ အရင်က မင်းကို ပြောပြခဲ့တဲ့ တောင်ပိုင်း ကန္တာရက အမျိုးသမီးတွေကို မှတ်မိလား... ဟဲ ဟဲ... သူတို့က တကယ်ကို...တက်ကြွစရာပဲ... ငါ အာမခံတယ်..."
"ဒီအရာက သိပ်ပြီး..."
ထိုအရာက သိပ်မသင့်တော်ဟု စူးချန်ကဲ ပြောတော့မည့် အချိန်လေးမှာပင် ရွှီချီသည် သူ၏ ရင်ဘတ်ထဲမှ ဆက်သွယ်ရေး ကျောက်စိမ်း အဆောင်လက်ဖွဲ့တစ်ခုကို လျှင်မြန်စွာ ထုတ်ယူထားပြီးဖြစ်သည်ကို သူ မြင်လိုက်ရသည်။ သူ၏ လက်ချောင်းများသည် ထိုအဆောင်လက်ဖွဲ့အပေါ်တွင် လျင်မြန်စွာ လှုပ်ရှားနေပြီး သူက တီးတိုးရေရွတ်လိုက်သည်။
"အဲ့ဒါက အရမ်းသင့်တော်တယ်....အရမ်း သင့်တော်တယ်..."
ထိုလှုပ်ရှားမှုသည် အလွန်လျှင်မြန်လွန်းသဖြင့် စူးချန်ကဲ ငြင်းပယ်ရန်ပင် အချိန်မရလိုက်ချေ။
အချိန်သိပ်မကြာခင်မှာပင် လေထုကိုထိုးခွဲလာသော ခပ်အုပ်အုပ်အသံတစ်သံက ခြံဝင်း၏အပြင်ဘက်မှ ထွက်ပေါ်လာသည်။
ပုံရိပ်နှစ်ခုသည် ခြံဝင်းထဲသို့ လှပတင့်တယ်စွာ လျှောက်လှမ်းဝင်လာပြီး လရောင်အောက်တွင် ထွက်ပေါ်လာသည်။
ထိုအမျိုးသမီးနှစ်ဦးလုံးသည် အလွန်ဆွဲဆောင်မှုရှိပြီး ပါးလွှာသော ပိတ်ပါးဝတ်စုံရှည်များကို ဝတ်ဆင်ထားသည်။ သူမတို့၏ခန္ဓာကိုယ်များသည် ပြေပြစ်ပြီး အချိုးကျကာ သူမတို့၏ မျက်လုံးများတွင် ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေပြီး ဤနယ်ပယ်တွင် ကျွမ်းကျင်သူများဖြစ်ကြောင်း ရှင်းလင်းစွာ သိနိုင်သည်။
"ဒီလောက် မြန်တာလား..."
ဤလုပ်ဆောင်နိုင်စွမ်းကြောင့် စူးချန်ကဲ အနည်းငယ် အံ့အားသင့်သွားပြီး မျက်ခုံးပင့်လိုက်၏။
ဤအရာကို မြင်သောအခါ ရွှီချီက ရယ်မောပြီး ရှင်းပြလိုက်သည်။
"ဒါက ယွမ်ယန်ကုန်သည်ကြီးများအသင်း ရဲ့ အထူးဝန်ဆောင်မှုလေ... လျှို့ဝှက်ပြီး ဘေးကင်းတယ်...ပြီးတော့ အရည်အသွေးလည်း မြင့်တယ်... ဟဲ ဟဲ... မင်း မမျှော်လင့်ထားဘူး မလား... သူတို့ရဲ့ စီးပွားရေးတွေက အရမ်းကျယ်ပြန့်တာပဲ..."
"အာ..."
စူးချန်ကဲ ဆွံ့အသွားသည်။
ဤအခိုက်အတန့်တွင် အမျိုးသမီးနှစ်ဦး၏ အကြည့်များသည် စူးချန်ကဲအပေါ်သို့ စူးစိုက်၍ ကျရောက်နေလေပြီ။
သူတို့သည် အမျိုးသားများကို မရေမတွက်နိုင်အောင် မြင်ဖူးသော်လည်း ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော အင်မော်တယ်တစ်ပါးအလား လောကီရေးရာနှင့် ကင်းကွာသည့် အရှိန်အဝါနှင့် ချောမောသော အသွင်အပြင်ရှိသည့် ဤကဲ့သို့ အမျိုးသားတစ်ဦးကို မည်သည့်အချိန်မျှ မမြင်ဖူးချေ။ အချိန်တခဏကြာမျှ သူမတို့ ကြောင်အမ်းသွားကြပြီး သူမတို့၏ ပါးပြင်များ အနည်းငယ် နီရဲသွားကာ သူမတို့၏ မျက်လုံးများတွင် ပူပြင်းသော အရိပ်အယောင်တစ်ခုပင် ရှိနေခဲ့သည်။
"မင်းတို့က အရူးတွေလို ဘာရပ်လုပ်နေကြတာလဲ..."
ရွှီချီက ကျောက်တုံးစားပွဲခုံကို မကျေမနပ်ဖြင့် ခေါက်လိုက်သည်။
"မင်းတို့ကို သစ်သားတိုင်တွေအဖြစ် ငှားဖို့ ငါက ပိုက်ဆံ သုံးခဲ့တာလား... ငါ့ကို ဝန်ဆောင်မှု ပေးစမ်း..."
အမျိုးသမီးနှစ်ဦးလုံး ချက်ချင်းသတိပြန်ဝင်လာပြီး စူးချန်ကဲ၏နံဘေးရှိ နေရာတွင် ဝင်ထိုင်ရန် အလုအယက် ကြိုးစားကြ၏။
"သောက်ကျိုးနည်း..."
ရွှီချီက ချက်ချင်းကျိန်ဆဲလိုက်သည်။
သို့ရာတွင် ဤအချိန်အခိုက်အတန့်မှာပင် ရိုးရှင်းသော အဖြူရောင်ဝတ်စုံဝတ် အေးစက်စက် ပုံရိပ်တစ်ခုသည် သတိပေးချက်မရှိဘဲ သူမတို့ကို ပိတ်ဆို့ဟန့်တားလိုက်သည်။
လျှိုရူယန် တိတ်ဆိတ်စွာ ထွက်ပေါ်လာပြီး အမျိုးသမီးနှစ်ဦးကို ဂရုမစိုက်သော အမူအရာတစ်ချက်ကြည့်လိုက်၏။
ထိုအကြည့်တွင် ဒေါသမပါသော်လည်း အရိုးထဲထိ စိမ့်ဝင်သွားအောင် အေးစက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် အမျိုးသမီးနှစ်ဦး၏ စိတ်နှလုံးသားထဲတွင် ချက်ချင်းပေါက်ကွဲသွားသည်။
အမျိုးသမီးနှစ်ဦးသည် ရေခဲလှိုဏ်ဂူအတွင်းသို့ ကျသွားသည့်အလား ပြင်းထန်စွာ တုန်ရီသွားသည်။ သူတို့၏မျက်နှာပေါ်မှ သွေးရောင်များ ပျောက်ကွယ်သွားပြီး သူတို့၏မြှောက်ထားသော ခြေထောက်များ လေထဲတွင် အေးခဲတောင့်တင်းသွားကာ သူတို့ အသက်ပင် အောင့်ထားပြီး နောက်တစ်လက်မမျှပင် မလှုပ်ရှားရဲတော့ချေ။
ထို့နောက် လျှိုရူယန်သည် ဖြည်းညှင်းစွာ နောက်လှည့်ကာ စူးချန်ကဲ၏နံဘေးရှိ လွတ်နေသော ခုံတွင် တင့်တယ်လှပစွာ ထိုင်လိုက်သည်။ ထို့နောက် သူမ၏နူးညံ့သောလက်ဖြင့် မဖွင့်ရသေးသော စိတ်ဝိညာဉ်အရက်အိုးတစ်လုံးကို ကောက်ကိုင်လိုက်၏။ သူမသည် မော့ကြည့်လိုက်ကာ သူမ၏မျက်လုံးများ တည်ငြိမ်နေပြီး ပြောဆိုသည်။
"အရက်သောက်မလို့မလား..."
"ငါ နင်နဲ့အတူ သောက်မယ်..."
ရွှီချီ တခဏမျှ ကြောင်အမ်းသွားပြီး စူးချန်ကဲကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။
စူးချန်ကဲက အနည်းငယ် ကူကယ်ရာမဲ့သော အမူအရာကို ပြသကာ နေရခက်စွာ ပြုံးရုံသာ ပြုံးလိုက်သည်။
ရွှီချီသည် ချက်ချင်းနားလည်သွားပြီး 'ငါ နားလည်တယ်...ငါ နားလည်တယ်' ဆိုသည့် အကြည့်တစ်ခုကို ပြန်ပေးကာ ရယ်မောလိုက်၏။
"ဟား ဟား ဟား... ဂျူနီယာညီမလေး မင်း အထင်လွဲနေပြီ... ဒီနှစ်ယောက်လုံးကို ငါ ခေါ်လိုက်တာပါ... စူးလေးက ဒီလောက် စံနှုန်းမြင့်တာကို သူက ဒီလိုမျိုးတွေ ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ..."
လျှိုရူယန်သည် စကားမပြောဘဲ အပြုံးနှင့် မတူသော အပြုံးတစ်ခုကို ပြသကာ သူမ၏နံဘေးရှိ စူးချန်ကဲကို တစ်ချက်ကြည့်လိုက်သည်။
သူမ အခန်းထဲတွင် ကျင့်ကြံနေခဲ့ပြီး အပြင်ဘက်မှ ဆူညံသံများကို သူမ အစောကြီးကတည်းက သတိထားမိခဲ့သည်။
မူလက သူမ အပြင်ထွက်လာရန် မရည်ရွယ်ခဲ့သော်လည်း ထိုအမျိုးသမီးနှစ်ဦးကို မြင်ပြီးနောက် သူမ လုံးဝစိတ်မထိန်းနိုင်တော့ချေ။
ရယ်စရာပဲ... ငါ့ရဲ့အမျိုးသားက ဒီယုတ်ညံ့တဲ့ အမျိုးသမီးတွေ ထိလို့ရတဲ့သူလား...
ရွှီချီ... နင့်အတွက် ကောင်းပါတယ်... ဒီဧကရီက နင့်ကို မှတ်ထားပြီ...
"ဂျူနီယာညီမလေးလား... အဲ့ဒါက ဘယ်လို အခေါ်အဝေါ်လဲ..."
စူးချန်ကဲက ထူးဆန်းသော အရိပ်အယောင်တစ်ခုကို ပြသလိုက်သည်။
ရွှီချီက ခပ်ဖွဖွ ချောင်းဟန့်ပြီး အမျိုးသမီး နှစ်ဦးကို ကြည့်လိုက်၏။
"အဟွတ်... ငါ့ရဲ့ ဂျူနီယာညီမလေးက ဒီနေရာမှာ ရှိနေမှတော့ မင်းတို့ သွားသင့်ပြီ... မင်းတို့ရဲ့ ခရီးစရိတ်ကို နောက်မှ ငါ့ရဲ့ကတ်ထဲကနေ ဖြတ်လိုက်မယ်..."
အမျိုးသမီးနှစ်ဦးသည် လျှိုရူယန်ကြောင့် ကြောက်လန့်ပြီး အသိလွတ်နေသည်မှာ ကြာမြင့်နေလေပြီ။ ဤစကားကို ကြားချိန်၌ သူမတို့ ချက်ချင်းထွက်ပြေးသွားသည်။ သူမတို့သည် ထွက်ပြေးနေစဉ် လျှိုရူယန်ကို နောက်တစ်ကြိမ် လှည့်မကြည့်ဘဲ မနေနိုင်ကြချေ။ သူတို့၏ မျက်လုံးများတွင် မကျေနပ်မှု အရိပ်အယောင်တစ်ခုကို ပြသကာ နောက်ဆုံးတွင် ညအမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
"လာ... သောက်ရအောင်..."
ရွှီချီက အပြုံးနှင့် ပြောဆိုသည်။
တဖြည်းဖြည်းနှင့် အရက်သုံးခွက်ခန့်သောက်ပြီးနောက် သူတို့သုံးဦးလုံး သူတို့၏ကျင့်ကြံခြင်း ကို ချိတ်ပိတ်ထားကာ မူးယစ်သော ခံစားချက်တစ်ခု ရရှိလာခဲ့သည်။
"စူးလေး... ညီအစ်ကိုကောင်း... ငါက မင်း ကြီးပွားလာလို့ မင်းဆီကနေ အလကား လာစားတဲ့လူမျိုး မဟုတ်ဘူး... ငါ ကြွားနေတာ မဟုတ်ဘူး... ငါက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် အဆင့်ခုနစ်မှာပဲ ရှိတယ်ဆိုပေမဲ့ ငါ တကယ်တိုက်ခိုက်ရင် တာအိုဖြတ်တောက်ခြင်းနယ်ပယ် ကျွမ်းကျင်သူ သုံးယောက် ဒါမှမဟုတ် ငါးယောက်က ငါ့အတွက် ဘာမှ မဟုတ်ဘူး..."
ရွှီချီသည် အရက်တစ်ခွက်ကို သောက်လိုက်ပြီးနောက် အလွန်ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောဆိုသည်။
သူ၏ရှေ့တွင် သိုလှောင်လက်စွပ်တစ်ကွင်းရှိပြီး ထိုလက်စွပ်ထဲတွင် စိတ်ဝိညာဉ်ဆေးလုံးများနှင့် စိတ်ဝိညာဉ်ကျောက်တုံများ အမြောက်အများ ပါဝင်သည်။ ယခုချိန်တွင် စူးချန်ကဲအတွက် ဤအရာများကို လုံးဝမလိုအပ်တော့ချေ။ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေရှိ အင်အားစုများအားလုံးမှ သူ့ကို ပေးအပ်သော အရာများပင်လျှင် မရေမတွက်နိုင်အောင် များပြားလှသည်။
သို့ရာတွင် ရွှီချီအတွက်မူ ကွဲပြားလေ၏။
"ခစ်..."
လျှိုရူယန် အသံထွက်မရယ်မိအောင် မနည်းထိန်းထားနိုင်ခဲ့ရသည်။
ဒီကြွားလုံးက တကယ့်ကို ကြီးလွန်းတယ်...
ဒီဧကရီတောင်မှ အရင်တုန်းက အဲ့ဒီလို မပြောရဲခဲ့ဘူး...
စူးချန်ကဲသည် ထိုအရာကို ကျင့်သားရနေပုံ ရလေ၏။ သူက ရွှီချီကို အံ့အားသင့်စွာ ကြည့်ပြီး ပြောဆိုသည်။
"အော်... မင်းက အရမ်းအစွမ်းထက်နေမှတော့ မင်းရဲ့ဆရာက မသိဘူးလား... သူ မင်းကို ထိန်းချုပ်နိုင်သေးလား..."
"ဟူး... လူတစ်ယောက် ဖြစ်လာတဲ့အခါ နှိမ့်ချရမယ်..."
ရွှီချီက အပြုံးနှင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး စားပွဲပေါ်ရှိ သိုလှောင်လက်စွပ်ကို သူ၏ လက်၌ အလွန် သဘာဝကျကျ စွပ်လိုက်ကာ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
"အင်း... တော်တော်လေး ကွက်တိကျတာပဲ... အဲ့ဒီအကြောင်း စဉ်းစားကြည့်တော့ ဒါက ညီအစ်ကို တစ်ယောက်ဆီက လက်ဆောင်ပဲ... ငါ လက်မခံရင် မကောင်းဘူး... စူးလေး... မင်း ငါ့ကို နားလည်ပါတယ်..."
"ယူသွားလိုက်ပါ..."
စူးချန်ကဲက ရယ်မောလိုက်ပြီး အရက်ကို နောက်တစ်ငုံ သောက်လိုက်ရာ သူ၏ မျက်နှာ အနည်းငယ် နီရဲနေသည်။
ဤသည်မှာ သူ ကူးပြောင်းလာပြီးကတည်းက ပထမဆုံးအကြိမ် မူးယစ်ခြင်းဖြစ်ပြီး သူ အမှန်တကယ်ကို အလွန်ကောင်းမွန်သော စိတ်ခံစားချက်တွင် ရှိနေခဲ့သည်။
ယုတ္တိတန်စွာ ပြောရလျှင် မူလပိုင်ရှင်သည် ရွှီချီ နှင့် ခင်မင်မှု ရှိခဲ့လျှင်ပင် သူ အလွန်အမင်း မခံစားရသင့်ချေ။ သို့သော် ရှင်းပြ၍မရအောင်ပင် သူသည် နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသော ညီအစ်ကိုများအလား ရွှီချီအပေါ် အလွန်အမင်း ရင်းနှီးသော ခံစားချက်တစ်ခုကို ရရှိနေခဲ့ခြင်းမှာ ထူးဆန်းနေသည်။
လျှိုရူယန်သည် နံဘေးတွင် စကားမပြောဘဲ ထိုင်နေပြီး ရွှီချီကို သိချင်စိတ်ဖြင့် စစ်ဆေးကြည့်ရှုနေသည်။
ရိုးရိုးသားသား ပြောရလျှင် ဤမျှကာလကြာရှည်စွာ အတောအတွင်းတွင် စူးချန်ကဲ ဤမျှထိ အကြိမ်ကြိမ် ပြုံးရယ်နေသည်ကို သူမ မြင်တွေ့ရခြင်းက ဤသည်မှာ ပထမဆုံးအကြိမ်ပင်။
ဤရွှီချီအကြောင်းကိုလည်း သူမ သိထားသည်။ သူသည် တတိယတောင်ထိပ်၏ခေါင်းဆောင်ဖြစ်ပြီး ထိုက်ချင်ဂိုဏ်းတွင် ဂိုဏ်းစည်းမျဉ်းများကို အများဆုံးဖောက်ဖျက်ခဲ့သော တပည့် လည်းဖြစ်ပြီး စူးချန်ကဲနှင့် ယခင်ကတည်းက ခင်မင်မှုရှိသူပင်။
စူးချန်ကဲသည် ရှေးဟောင်းစူးမိသားစုမှ လာသော်လည်း ရွှီချီကို ညီအစ်ကိုကောင်းတစ်ယောက်အနေဖြင့် အမှန်တကယ် သဘောထားပြီး ဟန်ဆောင်မှု မဟုတ်ခြင်းပင်။
သူတို့နှစ်ယောက် အရက်ခွက်အနည်းငယ် ထပ်သောက်ပြီးနောက်..
ရွှီချီက မူးယစ်နေသော လေသံဖြင့် ရုတ်တရက် မေးလိုက်သည်။
"စူးလေး... မင်းမှာ နောက်ထပ် ဘာအစီအစဉ် ရှိလဲ..."
အခန်း ၁၅၈: နင် ပြန်လာတဲ့အချိန်ကျရင်... ငါ နဂါးဝတ်ရုံ ဝတ်ရမလား...
ဤစကားကို ကြားသောအခါ စူးချန်ကဲက ပြန်ဖြေလိုက်သည်။
"ငါ နောက်ရက်အနည်းငယ် အတွင်းမှာ မြောက်ပိုင်းဒေသကို သွားဖို့ စီစဉ်ထားတယ်..."
"အဲ့ဒါဆိုရင် ငါ မင်းနဲ့ လိုက်ခဲ့မယ်..."
ရွှီချီက ပြတ်သားသော အမူအရာဖြင့် ပြောဆိုလိုက်၏။
"မင်း..."
"မင်း အဲ့ဒီကို ဘာသွားလုပ်မလို့လဲ... အခု မင်းမှာ အရင်းအမြစ်တွေနဲ့ အခွင့်အရေးတွေ ရှိနေပြီဆိုတော့ ဂိုဏ်းမှာနေပြီး ကျင့်ကြံတာက ပိုမကောင်းဘူးလား..."
စူးချန်ကဲက အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည်။
ရွှီချီသည် ဒုတိယအကြိမ် တွေးတောခြင်းမရှိဘဲ ပြန်ဖြေသည်။
"ငါ မင်းကို ကာကွယ်မလို့... ဒါပေမဲ့ မင်း နောက်နှစ်ရက်အတွင်း သွားမယ်ဆိုရင် ငါ ရက်နည်းနည်းလောက် နောက်ကျလိမ့်မယ်... ငါ ဖြေရှင်းစရာကိစ္စ အသေးစားလေးတွေ ရှိသေးတယ်..."
"..."
စူးချန်ကဲ ဆွံ့အသွားသည်။
လျှိုရူယန်ကလည်း ရွှီချီအား ကူကယ်ရာမဲ့စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။
"ကောင်းပြီလေ...မင်း သွားချင်တယ်ဆိုရင်လည်း သွားပေါ့... ငါတို့ အတူတူ ခရီးမသွားဖြစ်ရင်တောင် မြောက်ပိုင်းဒေသကို မင်း ရောက်တဲ့အချိန်ကျရင် ငါ့ကို လာရှာလှည့်ပါ..."
စူးချန်ကဲက စဉ်းစားတွေးတောပြီး သဘောတူလိုက်၏။ မြောက်ပိုင်းဒေသသို့ ဤခရီးစဉ်တွင် အစစ်အမှန် အန္တရာယ်မရှိချေ။ ကောင်းကင် တက်လှမ်းခြင်းလမ်းကြောင်း ပွင့်လာလျှင်တောင်မှ ရွှီချီသည် ထိုလမ်းကြောင်းထဲသို့ မဝင်ရောက်ရန် ရွေးချယ်နိုင်သည်။
ထို့နောက် စူးချန်ကဲ လုံးဝမူးယစ်သွားသည်အထိ သူတို့နှစ်ဦးသား ဆက်လက်၍ အပြင်းအထန် သောက်ကြသည်။ ထိုအချိန်မှသာ ရွှီချီသည် ယိမ်းယိုင်စွာ မတ်တတ်ရပ်ပြီး ဝူယာခြံဝင်းမှ ထွက်သွားကာ လျှိုရူယန်ကို လှည့်ကြည့်ပြီး ချီးကျူးစကား အနည်းငယ်ပြောရန် မမေ့ခဲ့ချေ။
"မဆိုးဘူး... မဆိုးပါဘူး... မင်းကို ငါ့ရဲ့ဂျူနီယာညီမလေးအဖြစ် ငါ အသိအမှတ်ပြုတယ်... ဒါပေမဲ့ မင်းရဲ့အမြင်က နည်းနည်းကျဉ်းနေတယ်... မင်း အဲ့ဒါကို နည်းနည်းဖွင့်ဖို့ လိုတယ်... ဟား ဟား ဟား..."
သူမသည် အနည်းငယ် မူးယစ်လာပြီးနောက် အရက်သောက်ခြင်းကို ရပ်လိုက်ပြီး ယခုအချိန်၌ သူမက ရွှီချီ ထွက်သွားသည်ကို ဟန်လုပ်ပြုံးထားသော အပြုံးတစ်ခုဖြင့် ကြည့်နေသည်။
နဝမတောင်ထိပ်၏အောက်ခြေတွင်....
လီချင်းဖုန်းနှင့်ရှန်းဝမ်တို့သည် နေရာတွင် မတ်တတ်ရပ်နေပြီး ရွှီချီ မူးယစ်စွာ ထွက်လာသည်ကို ကြည့်နေကြသည်။
"မင်းတို့ နှစ်ယောက်က ဘယ်က သောက်ရေးမပါတဲ့ကောင်တွေလဲ..."
ရွှီချီသည် မျက်ခွံများကို မကျေမနပ်ဖြင့်ပင့်ကာ သူတို့ကို ကြည့်လိုက်ပြီးနောက် ပြောဆိုသည်။
"အို... ဆရာကိုး..."
လီချင်းဖုန်း၏မျက်နှာ ချက်ချင်းသုန်မှုန်သွားသည်။
"သူက အခု စကားပြောတဲ့အချိန်မှာ ဒီလောက်ထိ မောက်မာသွားပြီလား..."
ရှန်းဝမ်က လီချင်းဖုန်းကို ကြည့်ကာ ရွှီချီကို လက်ညှိုးထိုးလိုက်သော်လည်း နောက်တစ်စက္ကန့်တွင် သူက အားကျသော အမူအရာကို ပြသပြီး ပြောဆိုသည်။
"ဒီကောင်လေးက ကံကောင်းသွားတာပဲ... သခင် စူးနဲ့ ဒီလို ဆက်ဆံရေးမျိုး ရှိတာကြောင့် သူက အနာဂတ်မှာ ယွမ်ယန်နယ်မြေ တစ်လျှောက် ထင်ရာစိုင်းလျှောက်သွားလို့ ရလိမ့်မယ်..."
လီချင်းဖုန်းသည် စကားမပြောဆိုဘဲ ရှေ့သို့တိုးကာ မူးယစ်နေသော ရွှီချီကို သူ၏ကျောပေါ် တင်ပြီး တတိယတောင်ထိပ်သို့ ပြန်သွားသည်။
ရှန်းဝမ်သည် မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ နဝမတောင်ထိပ်ကို စက္ကန့်အနည်းငယ်ကြာမျှ ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေပြီးနောက် ညအမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင်...
လျှိုရူယန်သည် စူးချန်ကဲ၏ခန္ဓာကိုယ် အနည်းငယ် ယိမ်းယိုင်သွားသည်ကို မြင်သောအခါ သူ့ကို ထိန်းပေးရန် အလိုအလျောက် ရှေ့သို့လျှောက်လှမ်းသွားချင်ခဲ့သည်။
သို့ရာတွင် သူမ၏လက်ချောင်းထိပ်များ သူ၏ အင်္ကျီလက်ကို မထိမီမှာပင် သူမ၏ခါး ရုတ်တရက် တင်းကြပ်သွားသည်ကို သူမ ခံစားလိုက်ရသည်။ မေးခွန်းထုတ်စရာ မလိုဘဲ လက်တစ်ဖက်သည် သူမကို ရစ်ပတ်သွားပြီး သူမကို သူ၏ရင်ခွင်ထဲသို့ တိုက်ရိုက် ဆွဲသွင်းလိုက်ကာ အရိုးအဆစ်များ ထင်ရှားသော သူ၏လက်ဝါးသည် သူမ၏သွယ်လျသော ခါးတစ်လျှောက် စတင်ရွေ့လျားသွားခဲ့သည်။
"အွန့်..."
လျှိုရူယန်သည် မမျှော်လင့်ဘဲ ပွေ့ဖက်ခံလိုက်ရပြီး တိုးညှင်းသော ညည်းတွားသံတစ်သံကို ထုတ်လွှတ်ကာ သူမ၏ နှင်းအလား ဖြူဖွေးသော ပါးပြင်များဆီသို့ နီမြန်းမှုတစ်ခု ချက်ချင်းမြင့်တက်လာခဲ့သည်။
သူမသည် အောက်နှုတ်ခမ်းကို ကိုက်လိုက်ရာ သူမ၏မျက်လုံးများသည် အစိုဓာတ်ဖြင့် တောက်ပနေပြီး အနည်းငယ် ရှက်ရွံ့သည့် ဒေါသနှင့် ကူကယ်ရာမဲ့မှုတို့ကို သယ်ဆောင်ကာ တီးတိုးပြောလိုက်သည်။
"ခဏစောင့်အုံး... မလုပ်နဲ့... အရမ်းမလောနဲ့လေ..."
ထိုစကားများသည် ပူလောင်ပြင်းပြသော အနမ်းတစ်ခုဖြင့် ချိတ်ပိတ်ခြင်းခံလိုက်ရသည်။
...
ထို့နောက် အသံတစ်သံသည် လျှိုရူယန် ၏ အခန်းထဲမှ ထွက်ပေါ်လာခဲ့ပေ၏။
သူတို့နှစ်ဦး၏နံဘေးပတ်လည်မှ မြူခိုးများအလား စိတ်ဝိညာဉ်အလင်းရောင်တစ်ခု မြင့်တက်လာသည်။ တောက်ပသော ရွှေရောင်နဂါးပုံရိပ်ယောင်နှင့် ကြည်လင်စွာ ငိုကြွေးနေသော နတ်ဘုရားဖီးနစ် ပုံရိပ်ယောင်တို့သည် ရောယှက်ကာ လှည့်ပတ်နေကြပြီး ယခင်ကထက် ပို၍ပင် ကျစ်လစ်သိပ်သည်းလာသည်။
တစ်နာရီအကြာတွင်....
အခန်းထဲရှိ လှုပ်ရှားမှုများ တဖြည်းဖြည်း ငြိမ်သက်သွားပြီး နှလုံးခုန်မြန်စေသော နဂါးနှင့်ဖီးနစ် သဘာဝလွန်ဖြစ်စဉ်မှာ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။ ထိုအရာများသည် သူတို့၏ခန္ဓာကိုယ်များထဲသို့ ပေါင်းစပ်သွားသော ရွှေရောင်နှင့်အနီရောင် ရောနှောနေသည့် အလင်းမှုန့် အစက်အပြောက်များအဖြစ် ပြောင်းလဲသွားသည်။
ခြင်ထောင်များသည် တစ်ဝက်တစ်ပျက် တွဲလောင်းကျနေပေ၏။
လျှိုရူယန်၏ခန္ဓာကိုယ်က မွှေးကြိုင်သော ချွေးများဖြင့် တောက်ပနေသည်။
သူမသည် မျက်လုံးများကိုပိတ်ကာ ညင်သာစွာ မောဟိုက်နေပြီး အလွန်ပျော့ခွေနေသဖြင့် သူမ၏လက်ချောင်းထိပ်များကိုပင် လှုပ်ရှားရန် စိတ်မဝင်စားတော့ချေ။
စူးချန်ကဲသည် ငုတ်တုတ်ထိုင်နေပြီဖြစ်ပြီး အရက်မှကျန်ရှိနေသော မူးယစ်မှုမှာ သူတို့ ကျင့်ကြံနေချိန်အတွင်း၌ လုံးဝပျောက်ကွယ်သွားသည်။
သူ၏မျက်လုံးများသည် ယခုအချိန်၌ ကြယ်များအလား ကြည်လင်နေပြီး သူ၏ကျင့်ကြံခြင်း မှာ အနည်းငယ်ပို၍ တိုးတက်လာသည်။
သူသည် သူတော်စင်နယ်ပယ်နှင့် သိပ်မဝေးတော့ကြောင်း ယခု သူ အာရုံခံနိုင်သည်။
သို့ရာတွင် သူတော်စင်နယ်ပယ်သို့ တစ်ကြိမ်တည်း တွန်းအားပေး ဝင်ရောက်ရန်အတွက် သူ၏ ကျင့်ကြံခြင်းအတွေ့အကြုံကို အသုံးပြုရန် သူ မလောခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ခုခု လိုအပ်နေသည်ဟု သူ အမြဲတစေ ခံစားနေရသောကြောင့်ပင် ဖြစ်လေသည်။ နတ်ဘုရားမီးတောက်နယ်ပယ်မှ သူတော်စင်နယ်ပယ်သို့ တက်လှမ်းခြင်းသည် အမှန်အားဖြင့် မခက်ခဲချေ။ အခက်အခဲမှာ သူတော်စင်နယ်ပယ်တွင် ရှိနေစဉ် အမြင့်မြတ်ဆုံး တာအိုအခြေခံအုတ်မြစ် တစ်ခုကို မည်သို့ဖန်တီးရမည်နည်း ဆိုသည့်အချက်ပင်။
ကောင်းကင်ဘုံများနှင့် ကမ္ဘာအသင်္ချေတလျှောက်ရှိ သူတော်စင်နယ်ပယ် ကျင့်ကြံသူအများစုမှာ အမှန်အားဖြင့် အတုအယောင် သူတော်စင်များ သို့မဟုတ် အလွန်ရှေးဟောင်း ဆန်သော ခေါင်းစဉ်တစ်ခုဖြင့် ခေါ်ဆိုနိုင်သော ကောင်းကင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြောင်း ငယ်စဉ်ကတည်းက စူးချန်ကဲ သိထားခဲ့သည်။
ကျင့်ကြံသူအများစုသည် နတ်ဘုရားမီးတောက်နယ်ပယ်မှ အတုအယောင် သူတော်စင်နယ်ပယ် သို့ တိုက်ရိုက်တက်လှမ်းရန် ရွေးချယ်ကြပေလိမ့်မည်။ လူတစ်ယောက်၏ အခြေခံအုတ်မြစ် လုံလောက်ပါက ဤလုပ်ငန်းစဉ်တွင် မည်သည့် အန္တရာယ်မျှ မရှိချေ။ ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများ အားနည်းသော ဤအောက်ဘုံ တွင် မဟုတ်သရွေ့ ထိုအရာမှာ ခက်ခဲလိမ့်မည် မဟုတ်ချေ။ အမှန်တကယ် ခက်ခဲသောအရာမှာ အစစ်အမှန် သူတော်စင် နယ်ပယ်ပင်။
ထိုအရာမှာ စစ်မှန်သော ပါရမီရှင်များ၏ လမ်းကြောင်း ဖြစ်ပြီး သာမန်လူများ၏သင်္ချိုင်း ပင်။
ဤသို့ဖြစ်ရသည့် အကြောင်းအရင်းမှာ အမည်မသိအရာမှ စွမ်းအားကို ဖလှယ်ရန် ကိုယ့်ကိုယ်ကိုယ် စတေးရန် လိုအပ်သောကြောင့်ပင်။
ကျင့်ကြံသူများသည် အမြင့်မြတ်ဆုံးတာအို အခြေခံအုတ်မြစ်တစ်ခုကို စုစည်းရန်အတွက် မယုံနိုင်လောက်အောင် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု ချမှတ်ရန်ပင်။ သူတို့သည် ပုံမှန်ထက်ကျော်လွန်သော အသွင်ပြောင်းမှုတစ်ခု ရရှိရန် မျှော်လင့်ချက်ဖြင့် သူတို့၏ ကိုယ်ပိုင်နတ်ဘုရားစွမ်းအား ၊ အသက်စွမ်းအား၊ တာအို အောင်မြင်မှုနှင့် သူတို့၏အသက် မူလအစမှ အစိတ်အပိုင်းတစ်ခုကိုပင် ယဇ်ပူဇော်မှုတစ်ခုအဖြစ် အသုံးပြုကာ ကြီးမားသော အလောင်းအစားတစ်ခုကို ပြုလုပ်ရပေမည်။
သို့ရာတွင် ဤအန္တရာယ်မှာ ကြီးမားလှပေ၏။
အချိန်တခဏတွင် သူတို့သည် အတုအယောင် သူတော်စင်များထက် သာလွန်ထူးကဲသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်သော်လည်း နောက်တခဏတွင် နတ်ဘုရားမီးတောက် သို့မဟုတ် မြင့်မြတ်အရှင်နယ်ပယ်သို့ပင် ပြန်လည်ကျဆင်းသွားကာ ဤတစ်သက်တွင် ထိုအရာကို နောက်တစ်ကြိမ် မကြိုးစားနိုင်တော့ချေ။
ထိုသို့ဆိုသည့်တိုင် သွေးဆောင်နိုင်မှုမှာလည်း ထပ်တူထပ်မျှ ကြီးမားလှသည်။ အစစ်အမှန် သူတော်စင်နယ်ပယ်သို့ အောင်မြင်စွာ ရောက်ရှိသည်နှင့် တပြိုင်နက် လူတစ်ယောက်သည် သူတော်စင်နယ်ပယ်အတွင်း ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခု ဖြစ်လာမည်ဖြစ်ပြီး တားမြစ်ထားသော နယ်ပယ်များကိုပင် ထိတွေ့နိုင်ပေလိမ့်မည်။ ထို့ကြောင့် နှစ်များစွာကြာအောင် ပါရမီရှင်များစွာသည် ဤလမ်းကြောင်းကို ရွေးချယ်ခဲ့ကြသော်လည်း ဆယ်ယောက်တွင် တစ်ယောက်ပင် အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ခြင်း မရှိချေ။
ဤအချိန်အခိုက်အတန့်မှာပင်...
လျှိုရူယန်က ရုတ်တရက် စကားပြောဆိုလိုက်သည်။ သူမ၏နီမြန်းနေသော မျက်နှာသည် အကြွင်းမဲ့ လှပနေသော်လည်း သူမ၏မျက်လုံးများတွင် တည်ကြည်လေးနက်မှု အသွင်အပြင်တစ်ခု ရှိနေခဲ့သည်။
ရွှီချီ ကြောင့်သာ မဟုတ်လျှင် ဤကိစ္စကို သူမ စောစီးစွာ ဖွင့်ပြောမိပေလိမ့်မည်။
"အဲ့ဒါက အရမ်း မြန်မြန် ရောက်လာတာပဲ..."
ကောင်းကင် တက်လှမ်းခြင်း တံတား ဤမျှထိ စောစီးစွာ ထွက်ပေါ်လာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။
စူးချန်ကဲက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
"ဟုတ်တယ်... ငါနဲ့အတူ လိုက်ခဲ့ချင်လား..."
လျှိုရူယန်သည် တခဏကြာမျှ စဉ်းစားပြီး ခေါင်းယမ်းလိုက်၏။
"ဟင့်အင်း... လောလောဆယ် ငါ့မှာ အရင်းအမြစ်တွေ မလိုအပ်ဘူး...အချိန်ပဲ လိုတယ်... ငါ့ရဲ့စွမ်းအားကို တတ်နိုင်သလောက် မြှင့်တင်ဖို့ ထိုက်ချင်ဂိုဏ်းမှာ အချိန်အတော်ကြာ တံခါးပိတ်ကျင့်ကြံဖို့ ငါ စီစဉ်ထားတယ်..."
ဤသည်မှာ သူမ သေသေချာချာ စဉ်းစားထားသော အကြံအစည်တစ်ခုပင်။
စူးချန်ကဲ၏နောက်သို့ သူမ လိုက်သွားလျှင်ပင် သူ့ကို နောက်ဆွဲထားခြင်းမှလွဲ၍ ယခုလောလောဆယ်တွင် သူမသည် အနည်းငယ်မျှ အသုံးဝင်မည် မဟုတ်ချေ။ သူမ၏စွမ်းအားကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ရယူခြင်းက ပိုကောင်းပေလိမ့်မည်။ ပုံမှန်စီးဆင်းနေသော အရင်းအမြစ်များဖြင့် သူမ၏ကျင့်ကြံခြင်းမှာ လျင်မြန်စွာ တိုးတက်နေပြီး ယခုအချိန်၌ သူမသည် မှော်အက္ခရာပုံစံရေးထိုးခြင်း နယ်ပယ်သို့ ချဉ်းကပ်နေလေပြီ။
သို့ရာတွင် ဤစွမ်းအားအဆင့်မှာ လုံလောက်ရန် အလွန့်အလွန် ဝေးကွာနေဆဲပင်။
စူးချန်ကဲက တခဏကြာမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
ကောင်းကင်တက်လှမ်းခြင်းတံတား ပွင့်လာရန် အချိန်သိပ်မလိုတော့သော်လည်း လျှိုရူယန်၏ စွမ်းရည်နှင့် သူမ၏ကံကြမ္မာစွမ်းအားမှ ယုတ္တိမတန်သော ကံကောင်းမှုများဖြင့် သူမ၏ တိုးတက်မှုသည် သိသာထင်ရှားပေလိမ့်မည်။ လူတစ်ယောက်သည် ပို၍အစွမ်းထက်လေလေ ကောင်းကင်တက်လှမ်းခြင်း လမ်းကြောင်းသို့ ဝင်ရောက်ပြီးနောက် တိုးတက်မှု ပို၍ကြီးမားလေလေပင်။
ထိုစကားများသည် သူ့ကို နောက်တစ်ကြိမ် သတိပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းပြားကို ရရှိထားသူများမှာ ယခုအချိန်၌ ယွမ်ယန်နယ်မြေဆီသို့ အလုအယက် လာနေလောက်ပြီ မဟုတ်လော...
နောက်တစ်စက္ကန့်တွင်...
လျှိုရူယန်၏လက် ရုတ်တရက် ဆန့်တန်းလာခဲ့သည်။
စူးချန်ကဲသည် တခဏကြာမျှ ကြောင်အမ်းသွားခဲ့လေ၏။
လျှိုရူယန်က အလွန်တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
"နင်က မကြာခင်မှာ မြောက်ပိုင်းဒေသကို သွားတော့မယ်လေ..."
ဆိုလိုရင်းမှာ နားလည်သူများအတွက် ရှင်းလင်းလှသည်။
( FA တွေမပါ…ဟဲဟဲ )
စူးချန်ကဲလည်း အားနာမနေဘဲ ထပ်တူထပ်မျှ တုံ့ပြန်လိုက်သည်။
နောက်တစ်နေ့ နံနက်စောစော၌..
စူးချန်ကဲသည် ငြိမ်းချမ်းစွာ ကျင့်ကြံနေသော လျှိုရူယန်နှင့် သူမ၏ ချိုမြိန်သော အိပ်မက်များထဲတွင် ရှိနေဆဲဖြစ်သော ထုယိုယိုကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရွှီချီထံသို့ သတင်းစကားတစ်စောင် ပေးပို့လိုက်၏။
သူ ထွက်ခွာတော့မည့် အချိန်လေးမှာပင်...
လျှိုရူယန်သည် သူမ၏ ဖီးနစ်မျက်လုံးများကို ရုတ်တရက် ဖွင့်ကာ တီးတိုးပြောလိုက်သည်။
စူးချန်ကဲ၏ခြေလှမ်းများ ရပ်တန့်သွားသည်။
ဟင်...
နဂါးဝတ်ရုံ...
သူက ဘယ်လို ကစားရမလဲဆိုတာကို သိတယ်ပေါ့...
အဲ့ဒါက ကော့စ်ပလေးပဲ...
နေအုံး...အဲ့ဒါက သိပ်မမှန်ဘူး ထင်တယ်...သူက အစကတည်းက ဧကရီ တစ်ပါး ဖြစ်ပုံပဲ...
စူးချန်ကဲကို စိတ်ရှုပ်ထွေးစေသော တစ်ခုတည်းသောအရာမှာ သူမ မည်သည်ကြောင့် ထိုစကားကို ရုတ်တရက် ပြောလိုက်သနည်း ဆိုသည့်အချက်ပင်။ သို့ရာတွင် လျှိုရူယန်၏ နောက်ထပ် စကားများမှနေ၍ သူ ချက်ချင်းနားလည်သွားသည်။
"ငါ ပြောချင်တာက တခြားအမျိုးသမီးတွေနဲ့ကစားခွင့် နင့်မှာ မရှိဘူးနော်.... နားလည်လား..."
တစ်ချိန်တည်းမှာပင်....
သွယ်လျသော ပုံရိပ်တစ်ခုသည် ဂိုဏ်းမှ တိတ်တဆိတ် ထွက်လာခဲ့ပြီး အလွန့်အလွန် ဝေးကွာသောနေရာသို့ ရောက်ရှိနေလေပြီ။
သူမသည် တစ်ခုခုကို အနှောင့်အယှက် ပေးမိမည်အား စိုးရိမ်သည့်အလား တိတ်ဆိတ်စွာ ခရီးသွားနေခဲ့သည်။
သူမ နာရီပေါင်းများစွာ တိတ်ဆိတ်စွာ ခရီးသွားခဲ့ပြီး နောက်ဆုံးတွင် ထိုက်ချင်နယ်မြေရှိ နယ်စပ် မြို့ကြီးတစ်မြို့သို့ ရောက်ရှိလာသည်။
နင်ဖူယောင်သည် မြို့တံခါးဝတွင်ရပ်ကာ ထိုက်ချင်ဂိုဏ်းရှိရာ ဦးတည်ချက်သို့ ပြန်ကြည့်လိုက်ပြီး လွမ်းဆွတ်မှု အရိပ်အယောင်တစ်ခုကို ပြသနေသည်။ သူမသည် သူမ၏စိတ်နှလုံးသားထဲတွင် တွေးတောလိုက်သည်။
"စီနီယာအစ်ကို...ဒုတိယ စီနီယာအစ်မ ဂျူနီယာညီမလေး ...တကယ်လို့ ငါ ပြန်လာနိုင်ရင်... နှုတ်မဆက်ဘဲ ထွက်လာခဲ့တဲ့အတွက် နင်တို့ အားလုံးကို ငါ တောင်းပန်ပါ့မယ်..."
နောက်တစ်စက္ကန့်တွင်....
သူမသည် သူမ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ပြတ်သားသော အမူအရာဖြင့် ရှေ့သို့ ကြည့်လိုက်ကာ သူမ၏လက်များကို တင်းကြပ်စွာ ဆုပ်ထားခဲ့သည်။ ဤတစ်ကြိမ်တွင် သူမသည် ဤအရာများအားလုံးကို သူမတစ်ယောက်တည်း ရင်ဆိုင်ရမည်ဖြစ်ကြောင်း သူမ သိထားသည်။
သို့ရာတွင် သူမထံ၌ အကြောက်တရား အနည်းငယ်မျှ မရှိခဲ့ချေ။
"ဦးလေးလင်း ... ကျွန်မကို စောင့်နေပါ..."
ထိုပုံရိပ်သည် မြို့ထဲသို့ တိတ်ဆိတ်စွာ လျှောက်လှမ်းဝင်သွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။