← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း ၂၃ :ဟဲဟဲ... ဒီကောင်မလေးက မတုံးဘူးပဲ... ဟဲဟဲ...

ဤလက်ဖက်ရည်ခွက်တွင် သဘာဝအတိုင်း ဖြစ်ပေါ်လာသည့်အလား တာအိုစည်းချက် ပါဝင်နေပြီး အောင်မြင်မှု အဆင့်အတန်း မြင့်မားကြောင်းကို ရှင်းလင်းစွာ ညွှန်ပြနေကာ သူမ၏ အတိတ်ဘဝက သောက်ခဲ့ဖူးသည့်အရာများနှင့် များစွာ ကွာခြားမှု မရှိချေ။

"ဒါကို စူးချန်ကဲက ဖျော်ခဲ့တယ်လို့ နင် ပြောတာလား..."

သူ့တွင် ထိုကဲ့သို့သော နားလည်သဘောပေါက်နိုင်စွမ်း လုံးဝမရှိကြောင်းကို လျှိုရူယန် သေချာပေါက် သိထားသည်ကိုတော့ ပြောနေရန်ပင် မလိုတော့ချေ။

အကယ်၍ ရှိခဲ့လျှင်ပင် စူးချန်ကဲ၏ စရိုက်အပေါ် သူမ၏ နားလည်မှုအရ လက်ဖက်ရည်တာအိုအတွက် အချိန်ဖြုန်းရန်မှာ သူ့အတွက် လုံးဝမဖြစ်နိုင်ပေ။

ထိုသို့ဆိုလျှင် အဓိပ္ပာယ်က တစ်ခုတည်းသာ ရှိပေသည်။ ဤသည်မှာ တခြား တစ်ယောက်ယောက်က ဤလက်ဖက်ရည်ကို ဖျော်ခဲ့ခြင်းပင်။

"ဘယ်သူလဲ..."

"စစ်တုရင်သူတော်စင် လီချင်းဖုန်းလား..."

လျှိုရူယန်သည် တတိယတောင်ထိပ်သခင်ကို ချက်ချင်းတွေးမိလိုက်၏။ အကယ်၍ သူမ အမှန်တကယ်ကို လူတစ်ဦးအား စဉ်းစားရမည်ဆိုပါက လီချင်းဖုန်း တစ်ဦးတည်းသာ ဖြစ်နိုင်ဆုံးသူဖြစ်ကြောင်း ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် သူမ၏ နှလုံးသားထဲ၌ သံသယဝချို့ စတင်၍ဖြစ်ပေါ်လာခဲ့သည်။

လီချင်းဖုန်းနှင့် စူးချန်ကဲတို့ ယခင်က အပြန်အလှန် ပတ်သက်မှု မရှိခဲ့ပုံရသည်။ သူက စူးချန်ကဲအတွက် အဘယ်ကြောင့် သူကိုယ်တိုင် လက်ဖက်ရည်ဖျော်ပေးရမည်နည်း။

ထို့ပြင် ဤလက်ဖက်ရည်က စူးချန်ကဲအတွက် ကြီးမားသော အကျိုးကျေးဇူးများ ရှိပေမည်။ ထိုအရာကို နင်ဖူယောင်နှင့် သူမအား သူ အဘယ်ကြောင့် မျှဝေပေးချင်သနည်း။

ထိုအရာက ရုတ်တရက် ကြင်နာမှု ပေါက်ကွဲလာခြင်းလော သို့မဟုတ် သူ့တွင် အခြား ရည်ရွယ်ချက်များ ရှိနေသလော။

"ထားလိုက်ပါတော့... အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ အခု ငါ သူ့ဆီက အကူအညီ ရထားတာပဲ... ကိစ္စတစ်ခုက တစ်ခုပဲလေ..."

ဤသို့တွေးရင်း လျှိုရူယန်က လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တွင် ညင်သာစွာ ချလိုက်ပြီးနောက် စူးချန်ကဲကို ကြည့်ကာ လက်ပူးဆုပ်၍ ပြောဆိုလိုက်၏။

"ကျေးဇူးအများကြီးတင်ပါတယ်... သခင်စူး... လက်ဖက်ရည်အတွက်ပါ..."

【ဒင်... ဂျူနီယာညီမလေး လျှိုရူယန်ကို စိတ်ဝိညာဉ် လက်ဖက်ရည် တိုက်ကျွေးခဲ့ပြီး သူ့ရဲ့ သွေးလှုပ်ရှားမှု အခြေခံကို ခိုင်မာသွားစေကာ အတွင်းဒဏ်ရာများကို သက်သာပျောက်ကင်းစေခဲ့တဲ့အတွက် သူက လက်ခံသူအပေါ် ကျေးဇူးတင်တဲ့ စိတ်လေးတစ်စ ဖြစ်ပေါ်စေခဲ့ပါတယ်... ဆုလာဘ် - တစ်လစာ ကျင့်ကြံခြင်း...】

【အခုပဲ ရယူချင်ပါသလား...】

【လက်ရှိ စုစုပေါင်း - နှစ်လစာ ကျင့်ကြံခြင်း】

စနစ်၏အသံ ပြီးဆုံးသွားပြီးနောက် စူးချန်ကဲ ပြုံးလိုက်ပြီး လျှိုရူယန်ကိုကြည့်ကာ ပြောလိုက်သည်။

"မင်း ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ..."

သူ စကားပြောပြီးသည်နှင့် ဇာတ်ကွက်တစ်ခုမှ စကားပြောဆိုမှုတစ်ခုကို ရုတ်တရက် အမှတ်ရသွားပြီး သူ၏အမူအရာမှာ အနည်းငယ် ထူးဆန်းသွားခဲ့၏။

"မင်း ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ..."

"အရင်တုန်းက ငါ မင်းကို အပြစ်မရှာခဲ့ဘူးဆိုရင်..."

"အဖေ..."

"ဟဲဟဲ... ဒီကောင်မလေးက မတုံးဘူးပဲ... ဟဲဟဲ..."

မဖြစ်နိုင်ချေ... အကယ်၍ စကားပြောဆိုမှုက တကယ်ပင် ဤသို့ ဖြစ်သွားပါက သူ မျက်နှာတည်တည်ထားဖို့ အနည်းငယ် ခက်ခဲပေလိမ့်မည်။

သူတို့၏ဘေးတွင် နင်ဖူယောင်က လျှိုရူယန်ကို ချက်ချင်း မျက်စိမှိတ်ပြကာ မျက်နှာအမူအရာများ လုပ်ပြနေလေ၏။

"......"

လျှိုရူယန်သည်လည်း တခဏမျှ ကြောင်အမ်းသွားပြီး မနေ့က တစ်နေ့လုံး သူမကို နွေးထွေးသွားစေခဲ့သော စကားများကို ရုတ်တရက် အမှတ်ရသွားခဲ့သည်။

သို့ရာတွင် တည်ငြိမ်သွားပြီးနောက် ထိုကိစ္စကို သူမ အလေးအနက် မထားခဲ့ချေ။

မနေ့က စူးချန်ကဲ၏ စကားတစ်ခွန်းတည်းကြောင့် သူ့ကို ခေါ်ဝေါ်ပုံ ပြောင်းလဲသွားခြင်းတော့ မဟုတ်ပေ။ သူတို့ အတူရှိခဲ့သော သုံးနှစ်တာကာလအတွင်း စူးချန်ကဲမှာ စိတ်ပြောင်းလွယ်သူဖြစ်ကြောင်း သူမ သိခဲ့လေ၏။ သူ၏ သဘောထားက မနေ့က ကောင်းမွန်ခဲ့သော်လည်း နောက်နေ့တွင် လုံးလုံးလျားလျား ပြောင်းလဲသွားနိုင်သည်။

သို့ရာတွင် ယခု စူးချန်ကဲက ဤသို့ပြောလာသောကြောင့် သူမကို တကယ်ပဲ အဲ့ဒီလို ခေါ်စေချင်နေတာလား။

ထပ်ခါတလဲလဲ တွန့်ဆုတ်ပြီးနောက် နောက်ဆုံးတွင် လျှိုရူယန်က ညင်သာစွာ ပြောလိုက်၏။

"ကျေးဇူးအများကြီးတင်ပါတယ်... စီနီယာအစ်ကို..."

ဤသို့ပြောပြီးနောက် သူမ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှု ခံစားချက်တစ်ခု လှိုင်းထလာခဲ့သည်။

သောက်ကျိုးနည်း... ဒီခံစားချက်ကြီး ထပ်ပေါ်လာပြန်ပြီ...

ထိုအခေါ်အဝေါ်ကို ကြားလိုက်ရချိန်တွင် စူးချန်ကဲသည် တိတ်ဆိတ်စွာ သက်ပြင်းချလိုက်မိလေ၏။

ကံကောင်းတာက ငါ စိတ်ကူးထားတဲ့ စကားပြောအတိုင်း ဖြစ်မလာလို့...

"ကျေးဇူးတင်စရာ မလိုပါဘူး... ဒါက သိပ်ကောင်းတဲ့အရာလည်း မဟုတ်ပါဘူးလေ..."

စူးချန်ကဲက ညင်သာစွာ ပြောလိုက်ပြီး ရေနွေးအိုးလက်ကိုင်ကို ပေါ့ပေါ့ပါးပါး ကိုင်လိုက်သည်။ လှုပ်ကြည့်ပြီး ဗလာဖြစ်နေကြောင်း တွေ့ရှိရပြီးနောက် သူသည် ယခင်ကကဲ့သို့ပင် ချောမွေ့ကာ သဘာဝကျကျ လှုပ်ရှားခြင်းကို မစတင်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ လက်ဖက်ရည်ဖျော်ရန် အချိန်သိပ်မကြာသလို အရသာကလည်း အတော်လေး ကောင်းမွန်သဖြင့် သူ အနည်းငယ် ထပ်သောက်ချင်ခဲ့သည်။

【လက်ဖက်ရည်တာအို ထိုးထွင်းသိမြင်မှု + 1】

【လက်ဖက်ရည်တာအို ထိုးထွင်းသိမြင်မှု +1】

【ကောင်းကင်ကိုဆန့်ကျင်သော နားလည်သဘောပေါက်နိုင်စွမ်း... ဒုတိယအကြိမ် လက်ဖက်ရည်ဖျော်ခြင်း... သင်၏ အထွတ်အထိပ် အဆောင်လက်ဖွဲ့တာအိုအပေါ် အခြေခံ၍ အရာခပ်သိမ်း၏ အနှစ်သာရအပေါ် သင်၏ ထိုးထွင်းသိမြင်မှုမှာ သိမ်မွေ့နေပြီဖြစ်ရာ သင်၏ လက်ဖက်ရည်တာအိုသည် ကြီးမားသော အောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားပါပြီ...】

"ဟင်..."

စူးချန်ကဲကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားမိလေ၏။

ဤမျှ မြန်ဆန်သလော...

ဤတာအိုကျင့်စဉ်က အနည်းငယ် ရိုးရှင်းလွန်းမနေသလော...

ဤသို့ကြည့်ရလျှင် လက်ဖက်ရည်တာအိုတွင် သူ ပြီးပြည့်စုံခြင်အမဆင့်ကို မကြာမီ ရောက်တော့မည်ဖြစ်ပြီး အထွတ်အထိပ်အဆင့်ကိုလည်း အချိန်သိပ်မကြာလောက်ချေ။ အချိန်ရပါက လက်ဖက်ရည်ပို၍ဖျော်ရန် လိုနေပြီဟု သူ တွေးလိုက်သည်။

"သိပ်ကောင်းတဲ့အရာ မဟုတ်ဘူး..."

ဤစကားကို ကြားသောအခါ လျှိုရူယန်က ပြန်မဖြေဘဲ သူမ၏ နှလုံးသားထဲ၌သာ လှောင်ပြောင်လိုက်၏။

ဟန်ဆောင်နေတာလား... ဟန်ဆောင်နေစမ်း

နောက်တစ်စက္ကန့်တွင်... စူးချန်ကဲက ရေနွေးအိုးလက်ကိုင်ကို ကိုင်ကာ လက်ဖက်ရည် ထပ်ဖျော်ရန် ပြင်ဆင်နေသည်ကို လျှိုရူယန် မြင်လိုက်ရချိန်တွင် ထိုပေါ့ပေါ့ပါးပါး လှုပ်ရှားမှုအပြီး၌ သူမသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ချက်ချင်းအေးခဲတောင့်တင်းသွားခဲ့သည်။

စူးချန်ကဲ၏ လှုပ်ရှားမှုများမှာ လွင့်မျောနေသော တိမ်တိုက်များနှင့် စီးဆင်းနေသော ရေများကဲ့သို့ဖြစ်ပြီး အနည်းငယ်မျှပင် နှောင့်နှေးခြင်း မရှိချေ။ အဆင့်တစ်ဆင့်ချင်းစီတိုင်းက ပတ်ဝန်းကျင်နှင့် အိုးထဲရှိ လက်ဖက်ခြောက်များ လွင့်တက်နေသော ရေနွေးငွေ့များဖြင့် ပေါင်းစပ်သွားသည့်အလား ရှိနေသည်။

သူ၏ လက်ချောင်းများမှာ သေးသွယ်ပြီး တည်ငြိမ်နေလေ၏။ ရေငဲ့ခြင်း၊ ခွက်ကို နွေးစေခြင်း၊ လက်ဖက်ခြောက်ထည့်ခြင်း၊ အမြင့်မှ ငဲ့ခြင်း၊ အမြှုပ်ဖယ်ရှားခြင်း၊ အနိမ့်မှ ငဲ့ခြင်း... လုပ်ငန်းစဉ် တစ်ခုလုံးမှာ ရိုးရှင်းပြီး ပေါ့ပေါ့ပါးပါးဟု ထင်ရသော်လည်း လျှိုရူယန်၏ အမြင်တွင် ထိုအရာ၏ ရိုးရှင်းမှုအတွင်း၌ မဟာတာအို၏ လမ်းကြောင်းကို သူမ မြင်တွေ့နေရသည့်အလားပင်။

ထိုအရာက ရိုးရှင်းသော လက်ဖက်ရည်ဖျော်သည့် လှုပ်ရှားမှု မဟုတ်ချေ။ ထိုအရာက တာအိုစည်းချက်၏ သဘာဝအတိုင်း စီးဆင်းမှုဖြစ်ကြောင်း ထင်ရှားလှသည်။

သူ၏ လက်ကောက်ဝတ် အနည်းငယ် လှည့်လိုက်ခြင်းတိုင်းက ကောင်းကင်နှင့်မြေကြီး၏ တိကျသော စည်းချက်တစ်ခုနှင့် လျှို့ဝှက်စွာ ကိုက်ညီနေလေ၏။

ဤအချိန်၌ ငြိမ်းချမ်းပြီး အာရုံစိုက်ကာ အနည်းငယ် အေးအေးဆေးဆေးဖြစ်နေသော သူ၏ စိတ်အခြေအနေကပင် လက်ဖက်ခြောက်များ၏ စိတ်ဝိညာဉ်သဘာဝနှင့် တိတ်ဆိတ်စွာ ဆက်သွယ်ကာ ပဲ့တင်ထပ်နေသော မမြင်ရသည့် အထောက်အကူပြု ပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။

လက်ဖက်ရည်တာအိုတွင် အောင်မြင်မှုတစ်ခုခု ရရှိထားသော သူမ၏ အတိတ်ဘဝမှ အစွမ်းထက်သည့် ကျွမ်းကျင်သူထံတွင်ပင် ဤကဲ့သို့ သဘာဝကျပြီး တာအိုနှင့် စည်းချက်ကိုက်ညီသော လက်ဖက်ရည်ဖျော်သည့် ကိုယ်ဟန်အနေအထားကို တစ်ခါမျှ မမြင်ခဲ့ဖူးကြောင်း သူမ အမှတ်ရသွားခဲ့သည်။

မဟုတ်ဘူး...

ယခုအချိန်၌ စူးချန်ကဲ ပြသနေသော

"တာအိုက လက်ဖက်ရည်ထဲမှာ ရှိတယ်... လက်ဖက်ရည်က တာအိုပဲ" ဟူသော စည်းချက်မှာ ထိုကျွမ်းကျင်သူထက် ပိုမိုသန့်စင်ပြီး အရင်းအမြစ်နှင့် ပိုမို နီးစပ်သည်ဟုပင် ဆိုနိုင်သည်။

ထို့ပြင် ဤသည်က အစသာ ရှိသေးသည်။ ထိုထူထပ်သိပ်သည်းကာ တောက်ပနေသော လက်ဖက်ရည် မြူခိုးများအတွင်း၌ ရှင်းလင်းပြီး အံ့ဖွယ်ကောင်းသော သဘာဝလွန်ဖြစ်စဉ်များက ပန်းချီကားတစ်ချပ်အလား ဖြည်းညင်းစွာ ပွင့်ဟလာပြီး တိုးတက်ပြောင်းလဲလာခဲ့သည်။

တိမ်တိုက်များနှင့် မြူခိုးများ ရစ်သိုင်းနေသော အင်မော်တယ် နန်းတော်များသည် အလင်းရောင် မြူခိုးများထဲတွင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေပေ၏။ ကောင်းကင်ကိုးထပ်မှ အင်မော်တယ် ကြိုးကြာငှက်များနှင့် စိတ်ဝိညာဉ် စာကလေးများ၏ ပုံရိပ်ယောင်များက ခန်းမများကြားတွင် ကျက်သရေရှိစွာ ကခုန်နေကြသည်။ တသွင်သွင် စီးဆင်းနေသော စိတ်ဝိညာဉ် စမ်းရေပေါက်များက ဟင်းလင်းပြင်မှ ပန်းထွက်လာပြီး အောက်ရှိ တက်ကြွသော ကျောက်စိမ်းသစ်ပင်များနှင့် အဖိုးတန် မှိုများရှိရာနေရာကို ရေလောင်းပေးနေသည်။

ထို့ထက်ပို၍ပင် အံ့အားသင့်စရာကောင်းသည်မှာ သဘာဝလွန်ဖြစ်စဉ်များ၏နက်ရှိုင်းသောနေရာတွင် တာအိုစည်းချက်ဖြင့် ပြည့်နှက်နေသော မှုန်ဝါးသည့် ပုံရိပ်အချို့ ရှိနေပုံရခြင်းပင်။ သူတို့သည် ထင်းရှူးပင်များအောက်တွင် စစ်တုရင် ကစားနေကြပြီး ကျလာသော စစ်တုရင်ရုပ်များက စကြဝဠာ၏ ကြယ်များကို လှုပ်ရမ်းသွားစေသည် သို့မဟုတ် စမ်းချောင်းဘေးတွင် တာအိုအကြောင်း ဆွေးနွေးနေကြသည်။ တိကျသော အသံများ ထွက်ပေါ်လာခြင်း မရှိသော်လည်း တာအိုစည်းချက် လှိုင်းများ ပျံ့နှံ့နေသည်။

"ဝိုး... စီနီယာအစ်ကိုရဲ့ လက်ဖက်ရည်ဖျော်တာက ဒီလောက်တောင် လှတာလား..."

ဘေးတွင်ရှိသော နင်ဖူယောင်မှာ ကြောင်အမ်းနေပြီဖြစ်ပြီး ဤအင်မော်တယ် နယ်ပယ်များကို လှမ်းကိုင်ကြည့်ချင်စိတ်ကိုပင် မတားဆီးနိုင်တော့ချေ။

"သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ တာအိုစည်းချက်... ဟန်ပန်တိုင်းမှာ တာအို ပါဝင်နေပြီး မဟာတာအို သဘာဝလွန်ဖြစ်စဉ်တွေအဖြစ် ပြောင်းလဲသွားတယ်... ဒါက အဆောင်လက်ဖွဲ့တာအိုမှာ ကြီးမားတဲ့ အောင်မြင်မှုကို ရရှိထားတဲ့ သူတွေဆီမှာပဲ ရှိတာ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ယခင်က မရှိဖူးသော စိတ်လှုပ်ရှားမှုမုန်တိုင်းတစ်ခုက လျှိုရူယန်၏ နှလုံးသားထဲ၌ လှိုင်းထလာပြီး သူမ၏ လှပသော မျက်လုံးများက စူးချန်ကဲ၏လက်များကို စိုက်ကြည့်နေလေ၏။

သူမ၏ ယခင် ခန့်မှန်းချက်များနှင့် ကောက်ချက်ချမှုများ အားလုံးမှာ ဤအချိန်၌ လုံးလုံးလျားလျား ပျက်စီးသွားခဲ့လေပြီ။

လီချင်းဖုန်းက သူ့ကိုယ်စား ဖျော်ပေးသည်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း...

တခြားတစ်ယောက်ယောက်ဆိုသည်က မည်သည့်အဓိပ္ပာယ်နည်း...

တာအိုစည်းချက် ပါဝင်နေသော ဤလက်ဖက်ရည်ကို သေချာပေါက် စူးချန်ကဲက ဖျော်ခဲ့ခြင်း ဖြစ်လေသည်။ သူသည် လက်ဖက်ရည်တာအိုတွင် အောင်မြင်မှုတစ်ခုခု ရရှိထားသောလူသာ ဖြစ်နေသည်။

မဟုတ်ဘူး...

သူက ကြီးမားသော အောင်မြင်မှုကို ရရှိထားသည့် လက်ဖက်ရည်တာအို၏ မဟာဆရာသခင်တစ်ဦးပင်။

ဤအချိန်၌ သူမ၏မျက်နှာ နာကျင်စွာ ပူလောင်နေကြောင်းကိုသာ ခံစားရလေ၏။ သူမ မျက်နှာဖြတ်ရိုက်ခံရသည်ကို မည်သူမျှ မသိသော်လည်း လျှိုရူယန်သည် အရိုးထဲစိမ့်လောက်အောင် ဂုဏ်ယူဝင့်ကြွားတတ်သူပင်။ ယခင်က သူမ လူတစ်ယောက်ကို ဤကဲ့သို့ အကဲဖြတ်မှု မှားယွင်းခဲ့ဖူးသည်မှာ ဘယ်တုန်းကနည်း...

သူမလည်း နားမလည်နိုင်ခဲ့ချေယ။

အသက် နှစ်ဆယ့်သုံးနှစ်အရွယ် လူငယ်လေးတစ်ယောက်က ဘယ်လိုလုပ်ပြီး လက်ဖက်ရည်တာအိုမှာ ကြီးမားတဲ့ အောင်မြင်မှုကို ရနိုင်မှာလဲ...

သူက နှစ်တစ်သောင်းမှာ တစ်ယောက်ပေါ်တဲ့ လက်ဖက်ရည်တာအို ပါရမီရှင်များလား...

ဒါပေမဲ့... လွန်ခဲ့တဲ့ သုံးနှစ်တာကာလအတွင်း ဒီဧကရီက သူ လက်ဖက်ရည်ဖျော်တာကို တကယ် မမြင်ခဲ့ဖူးဘူးလား... သူက တစ်ချိန်လုံး ဖုံးကွယ်ထားခဲ့တာများလား...

အခန်း ၂၄ : နောင်ဘဝကျရင် စီနီယာအစ်မရဲ့ ကျေးဇူးကို ကျွန်မ ပြန်ဆပ်ပါ့မယ်...

မည်သို့ပင်ဆိုစေ လျှိုရူယန်သည် ကြီးကျယ်ခမ်းနားသော မြင်ကွင်းပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးလေရာ သူမ၏ နှလုံးသားထဲရှိ အံ့အားသင့်မှုကို လျင်မြန်စွာ ဖိနှိပ်လိုက်ပြီး စတင် တွေးတောလေသည်။

"သူ ကလေးဘဝကတည်းက လက်ဖက်ရည်နဲ့ ကြီးပြင်းလာခဲ့ရင်တောင် လက်ဖက်ရည်တာအိုမှာ ကြီးမားတဲ့ အောင်မြင်မှုကို ရဖို့ဆိုတာ မဖြစ်နိုင်ဘူး..."

"သူ့အသက် ဘယ်လောက်ရှိပြီလဲ..."

"ဒီဧကရီ မှတ်မိတာ မှန်ရင် သူက ဒီနှစ်မှာ နှစ်ဆယ့်သုံးနှစ် မဟုတ်ဘူးလား..."

"အသက် နှစ်ဆယ်ကျော်လေးနဲ့ လက်ဖက်ရည်တာအိုမှာ ကြီးမားတဲ့ အောင်မြင်မှုကို ရဖို့ဆိုတာ လက်ဖက်ရည်တာအိုအတွက် ဘယ်လို ကြောက်မက်ဖွယ်ကောင်းတဲ့ နားလည်သဘောပေါက်နိုင်စွမ်းမျိုး လိုအပ်မှာလဲ..."

"သူက မွေးရာပါ လက်ဖက်ရည်တာအို သူတော်စင်ရုပ်ခန္ဓာကိုယ်များလား..."

ဤအရာကို တွေးမိချိန်တွင် လျှိုရူယန်၏ မျက်လုံးများ၌ ထူးဆန်းသော အကြည့်တစ်ခု ဖြတ်ပြေးသွားခဲ့၏။

အကယ်၍ ထိုအရာက အမှန်တကယ်သာ ဖြစ်ခဲ့ပါက အတော်လေး စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။

လက်ဖက်ရည်တာအိုသည် တာအိုတစ်သောင်းအနက်မှ တစ်ခုတွင် ပါဝင်သော်လည်း ထိုတာအို၏ အဆင့်အတန်းမှာ မမြင့်မားချေ။ ထိုတာအိုသည် သတ်ဖြတ်ရာတွင် မကျွမ်းကျင်ဘဲ အထောက်အကူပြု အမျိုးအစားတွင် ပါဝင်လေသည်။ စူးချန်ကဲကဲ့သို့ ယှဉ်ပြိုင်လိုစိတ် ပြင်းပြသူတစ်ဦးက အမှန်တကယ်ပင် မွေးရာပါ အထောက်အကူပြု တစ်ဦးဖြစ်နေလိမ့်မည်ဟု သူမ တကယ် မမျှော်လင့်ခဲ့ချေ။

ထိုအကြောင်းကြောင့် သူသည် သူ၏ လက်ဖက်ရည်တာအို ပါရမီကို မထုတ်ဖော်လိုခြင်း ဖြစ်နိုင်သလော။

သို့ရာတွင် ဤသည်ကလည်း မမှန်ပေ။ သူသည် ပိုမိုများပြားသော ကျင့်ကြံခြင်း အရင်းအမြစ်များကို လဲလှယ်ရန်အတွက် သူ၏ လက်ဖက်ရည်တာအို စွမ်းရည်ကို အမှန်တကယ် အသုံးပြုနိုင်သည်။ စိတ်ဝိညာဉ်နယ်မြေတွင်ပင် ဤအဆင့်ရှိသော လက်ဖက်ရည်တာအို အောင်မြင်မှုဖြင့် သူသည် အောင်မြင်ကြီးပွားနေနိုင်သည်။

သူမ တွေးတောနေစဉ်မှာပင်....

စူးချန်ကဲသည် နောက်ထပ် လက်ဖက်ရည်တစ်အိုး ဖျော်ပြီးသွားပြီဖြစ်သည်။ သူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ ထူးဆန်းသော သဘာဝလွန်ဖြစ်စဉ်များက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။ ဤအိုးထဲတွင် ပါဝင်သော တာအိုစည်းချက်မှာ ယခင်အိုးထက် အဆများစွာ ပိုမိုကြွယ်ဝနေသော်လည်း သူ ချက်ချင်းမသောက်ဘဲ ညင်သာစွာ ပြောလိုက်သည်။

"အရင် စားကြတာပေါ့..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြောင်အမ်းအမ်း ကြည့်နေခဲ့သော နင်ဖူယောင်က ချက်ချင်း သတိပြန်လည်လာခဲ့၏။ သူမက ပြင်ဆင်ထားသော အစားအစာများကို ကမန်းကတန်း ခင်းကျင်းလိုက်ပြီး ပန်းကန်များနှင့် တူများကို ချထားလိုက်သည်။ ထိုအချိန်မှသာ စူးချန်ကဲက ညင်သာစွာ မေးလိုက်သည်ကို ကြားလိုက်ရလေသည်။

"ဒါနဲ့ စကားမစပ်... အငယ်ဆုံးဂျူနီယာညီမလေး ဘယ်မှာလဲ... သူ ဘာလို့ မလာတာလဲ..."

အမှန်တကယ်တော့ သူ၏ ထိုဂျူနီယာညီမလေးအပေါ်တွင် သူ၌ နက်ရှိုင်းသော အထင်အမြင် မရှိချေ။ သူမသည် အချိန်အတိုဆုံး ဝင်ရောက်လာသူဖြစ်ပြီး စူးချန်ကဲထံမှ ဖိအား အနည်းဆုံးကို ခံစားခဲ့ရသူပင်။

စူးချန်ကဲသည် သူ၏ အချိန်နှင့် စွမ်းအင် အများစုကို ကျင့်ကြံခြင်းတွင် ကုန်ဆုံးခဲ့ပြီး သူ၏ ကိုယ်ပိုင် နေ့စဉ် လိုအပ်ချက်များကို လျှိုရူယန်နှင့် နင်ဖူယောင်တို့က ကိုင်တွယ်ဖြေရှင်းပေးပြီးဖြစ်သည်။ ထိုကြောင့် သူ၏ ဂျူနီယာညီမလေးကို ဂရုစိုက်ရန် အချိန်သိပ်မရှိခြင်းမှာလည်း ဖြစ်နိုင်ခြေ အလွန်များပေသည်။

"သူ..."

နင်ဖူယောင်၏ မျက်နှာမှာ အနည်းငယ် ဖြူရော်သွားခဲ့၏။ သူမက ဂျူနီယာညီမလေးကို ပြောပြပြီးဖြစ်ကြောင်း စူးချန်ကဲ သိသွားမည်ကို စိုးရိမ်သဖြင့် မည်သို့ ဖြေရမည်ကို ရုတ်တရက် မသိတော့ဘဲ အမှန်တရားကို သိပါက သူ ဒေါသထွက်မည်ကို ကြောက်ရွံ့နေသည်။

စူးချန်ကဲက တစ်ခုခုကို ခံစားသိရှိသွားပြီး လျှိုရူယန်၏နောက်ဘက်သို့ မော့ကြည့်လိုက်၏။ ဤအချိန်၌ သူသည် ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်သို့ ဝင်ရောက်နေပြီဖြစ်ပြီး သူ၏ အာရုံခံစားမှုက နဝမတောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံနိုင်ပေသည်။ လူတစ်ယောက် တောင်ပေါ်သို့ တက်လာနေကြောင်းကို သူ ချက်ချင်း ဖမ်းယူနိုင်ခဲ့ပြီး လာနေသူမှာ လူတစ်ယောက်တည်း မဟုတ်ချေ။

လျှိုရူယန်သည် မူလက စကားပြောရန်နှင့် တာဝန်အားလုံးကို ယူရန် ရည်ရွယ်ထားသော်လည်း စူးချန်ကဲ၏ အကြည့်ကို မြင်ပြီးနောက် သူမ၏ နူးညံ့သော ခန္ဓာကိုယ် ရုတ်တရက် တုန်ရီသွားခဲ့၏။ မကောင်းသော ကြိုတင်ခံစားမှုတစ်ခုက သူမ၏ နှလုံးသားထဲ၌ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

မကြာမီမှာပင် ခြေသံများ ထွက်ပေါ်လာပြီး မြန်ဆန်ခြင်းလည်းမရှိ နှေးကွေးခြင်းလည်းမရှိပေ။

မကြာမီမှာပင် မြန်ဆန်ခြင်းလည်းမရှိ နှေးကွေးခြင်းလည်းမရှိသော်လည်း မြင်ရခက်သော ဖိအားကို သယ်ဆောင်လာသည့် ခြေသံများက အဝေးမှ ချဉ်းကပ်လာခဲ့သည်။

ယောင်ရှင်းယဲ့သည် လက်များကို နောက်ပစ်ကာ နေဝင်ဆည်းဆာအောက်မှ ဖြည်းညင်းစွာ လျှောက်ထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။ သူသည် သူ၏ဘေးရှိ မိန်းမပျိုလေးကို တစ်ခါတစ်ရံ ကြည့်လိုက်ပြီး သူ၏ မျက်လုံးများတွင် ထူးဆန်းသော အကြည့်တစ်ခု ဖြတ်ပြေးသွားကာ သူက တီးတိုးမရေမရွတ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

"ဒီကောင်မလေးက တိတိကျကျ ဘာတွေ တွေးနေသနည်း..."

"ဆရာစူးရဲ့ ဂျူနီယာညီမလေးက တကယ်ပဲ အဲ့ဒီလောက် အထင်ကြီးစရာ ကောင်းနေတာလား..."

"ကောင်းကင်လှိုဏ်ဂူနယ်ပယ်ကို အခုမှ ခြေချထားပြီး ကောင်းကင်လှိုဏ်ဂူတစ်ခုမှတောင် မဖွင့်ရသေးတဲ့ လူတစ်ယောက်က အသင်္ချေကောင်းကင်ဘုံနန်းတော်ကို တကယ်ကြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရဲတယ်..."

"သူက ဖြတ်သွားတဲ့ ငါနဲ့ တိုးသွားလို့ တော်သေးတာပေါ့... တကယ်လို့ သူ့ကို စည်းမျဥ်းဥပဒေစိုးမိုးရေး အကြီးအကဲကသာ မိသွားရင် အဲ့ဒါက ပြဿနာကြီး တစ်ခု ဖြစ်သွားမှာ မဟုတ်လား..."

ထို့ပြင် သူ၏နောက်မှ တစ်လှမ်းချင်း ကပ်လျက် လိုက်ပါလာသော မိန်းမပျိုလေးက ထုယိုယို မဟုတ်လျှင် မည်သူ ဖြစ်နိုင်မည်နည်း။

ယခုအချိန်၌ သူမသည် ယခင်ကထက် ပို၍ပင် ဖရိုဖရဲ ဖြစ်နေသည်။ သူမ၏ မျက်နှာလေးပေါ်တွင် မီးခိုးများ ပိုမို ပေကျံနေရုံသာမက သူမ၏ ဆံပင်များကလည်း ရှုပ်ပွနေလေ၏။ သို့ရာတွင် ဤသို့ဆိုလျှင်ပင် သူမ၏ အလှတရားကို မဖုံးကွယ်နိုင်သေးချေ။ သူမ၏ အပြာရောင် မျက်လုံးများက အိပ်မက်တစ်ခုကဲ့သို့ဖြစ်ပြီး မိန်းမောဖွယ်ကောင်းကာ စိတ်ဝိညာဉ်ကို လှုပ်ခတ်စေသော နတ်ဆိုးဆန်သည့် ဆွဲဆောင်မှုတစ်ခုကို ထုတ်လွှတ်နေသည်။

သူမ၏ ယခင် နောက်ပြောင်တတ်မှုနှင့် နှိုင်းယှဉ်ပါက သူမ၏ မျက်နှာလေးတွင် ယခုအချိန်၌ လေးနက်မှုများဖြင့် ပြည့်နှက်နေလေပြီ။

ယခုလေးတင် သူမသည် သူမ၏ အစီအစဉ်ကို အမှန်တကယ် အကောင်အထည်ဖော်ခဲ့သည်။ မဆင်မခြင် လုပ်ရပ်ဟူသည်မှာ ထိုအရာအတွက် တစ်ခုတည်းသော စကားလုံးပင်။

ရလဒ်အနေဖြင့်ကား သူမ သေချာပေါက် လက်ပူးလက်ကျပ် မိသွားခဲ့ခြင်းပင်။

"ဟူး... ကောင်းကင်ကြီးက ငါ့ကို တကယ် ဖျက်ဆီးနေတာပဲ..."

ထုယိုယိုက သူမ၏ နှလုံးသားထဲ၌ ငိုကြွေးလိုက်ပြီး သူမ၏ မျက်နှာလေးမှာ ချက်ချင်းပင် ရှုံ့မဲ့သွားခဲ့လေ၏။

"ဘိုးဘေး... ဘိုးဘေးရဲ့ အချစ်ဆုံး မြေးမလေးကို မကြာခင် တွေ့ရတော့မှာ မဟုတ်ဘူးထင်တယ်..."

"ဒီလူ့လောကကြီးက မတန်ဘူး..."

"နတ်ဆိုးနယ်မြေက ပိုကောင်းတယ်..."

"ယိုယို ပြန်သွားလို့ မရတာ နှမြောစရာပဲ..."

"ဒီနေ့ ယိုယိုက အဲ့ဒီ ဝမ်းတွင်းမည်းစူးကို သေတဲ့အထိ တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ်... ယိုယိုက သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာ သိပေမဲ့ ချင်းချိုးရဲ့ မင်းသမီးတစ်ပါးအနေနဲ့ လူသားမျိုးနွယ်စုဝင် တစ်ယောက်ရဲ့ အနိုင်ကျင့်တာကို ဘယ်လိုလုပ် ခံနိုင်မှာလဲ..."

"နောင်ဘဝကျရင် စီနီယာအစ်မရဲ့ ကျေးဇူးကို ကျွန်မ ပြန်ဆပ်ပါ့မယ်..."

အဖိုးအိုနှင့် ထုယိုယိုတို့၏ ပုံရိပ်များ ပေါ်လာပြီးနောက် ထုယိုယိုကို မြင်သောအခါ နင်ဖူယောင်၏ အမူအရာမှာ အချိန်မီ ရောက်လာသည်ဟု ထင်မှတ်ကာ ပထမဆုံး ဝမ်းသာသွားခဲ့၏။ သို့ရာတွင် ထုယိုယို၏နံဘေးရှိ အဖိုးအိုကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်နှာ ချက်ချင်းလေးနက်သွားပြီး သူမ၏ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်လာခဲ့သည်။

"ဒီအဖိုးကြီးကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ..."

"ဒါက..."

"အသင်္ချေကောင်းကင်ဘုံနန်းတော်..."

နင်ဖူယောင် ရုတ်တရက် အမှတ်ရသွားခဲ့သည်။ ဤအဖိုးအိုသည် အသင်္ချေကောင်းကင်ဘုံနန်းတော်ကို၏ တံခါးဝတွင် အမြဲတမ်း ရှိနေတတ်သော တတိယတောင်ထိပ်သခင် မဟုတ်လော...

သူက ယိုယိုနဲ့ ဘယ်လိုလုပ် အတူတူ ရှိနေနိုင်မှာလဲ...

သူမ၏နံဘေးရှိ လျှိုရူယန်မှာ ချက်ချင်း ကြောင်အမ်းသွားခဲ့ပြီး သူမ၏ နှလုံးသားထဲရှိ မကောင်းသောနိမိတ်က ပို၍ပို၍အားကောင်းလာခဲ့လေ၏။

"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ပါဘူး..."

"ဒီကောင်မလေးက အသင်္ချေကောင်းကင်ဘုံနန်းတော်ကို တကယ်ကြီး သွားခိုးတာလား..."

"ဟင်"

"သူ့မှာ ဦးနှောက်ဆိုတာကော ရှိသေးရဲ့လား..."

လျှိုရူယန်က သူမ၏ နဖူးကို လက်ဖြင့် ကိုင်လိုက်ပြီး ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။

မျှော်လင့်ထားသည့်အတိုင်းပင်... လူတစ်ယောက် ကြောက်နေတဲ့အရာက အတိအကျ ရောက်လာတာပဲ...

ယောင်ရှင်းယဲ့ကို မြင်သောအခါ စူးချန်ကဲ အနည်းငယ် အံ့အားသင့်သွားပြီး သူ၏ နောက်ရှိ ထုယိုယိုအပေါ် သူ၏ အကြည့် ကျရောက်သွားချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခု ချက်ချင်း တောက်ပလာခဲ့၏။

"ငါ ခန့်မှန်းမိသားပဲ... သူကလည်း ကံကြမ္မာသမီးတော်ပဲ မဟုတ်လား..."

"ကိစ္စမရှိပါဘူး... ငါ အသားကျနေပါပြီ..."

"စနစ်ဇယားကို ဖွင့်ပြီး ကြည့်ရအောင်..."

【အမည် - ထုယိုယို】

【အသက် - ဆယ့်ငါးနှစ်】

【စရိုက်လက္ခဏာ - ရင်သားကြီးပြီး ဦးနှောက်မရှိမှု၊ စိတ်လိုက်မာန်ပါဖြစ်မှု၊ နွေးထွေးကြင်နာတတ်မှု】

【နယ်ပယ် - ကောင်းကင်လှိုဏ်ဂူနယ်ပယ် အစောပိုင်းအဆင့် (ကောင်းကင်လှိုဏ်ဂူ မဖွင့်ရသေးပါ)】

【ကံကြမ္မာ - နတ်ဆိုးတစ်သောင်း၏အထွတ်အထိပ် (ရွှေရောင်)၊ နယ်မြေသုံးခု၏ ပြိုင်ဘက်ကင်း အလှပိုင်ရှင် (ရွှေရောင်)၊ နတ်ဆိုးဧကရာဇ် ပါရမီ (ရွှေရောင်)】

【ကံတရား - ကံကြမ္မာသမီးတော် (ရွှေရောင်)၊ အင်မော်တယ်စာရင်းဝင် (ရွှေရောင်)】

【ကျင့်စဉ် - အမြှီးကိုးချောင်း ကောင်းကင်မြေခွေးကျင့်စဉ် ...အမွေဆက်ခံသည့် ကျင့်စဉ် (ကောင်းကင်အဆင့်....စတင်ခြင်း)】

【ကျင့်ကြံခြင်း နတ်ဘုရားစွမ်းရည် - အိပ်မက်တစ်ခုကဲ့သို့ လွင့်မျောနေသော ဘဝ (မြေကမ္ဘာအဆင့် ....စတင်ခြင်း)၊ အသွင်အပြင်တစ်သောင်းနှင့်မျက်နှာတစ်ထောင် (မြေကမ္ဘာအဆင့် ...စတင်ခြင်း)】

【ထူးခြားသော ရုပ်ခန္ဓာ - ကောင်းကင်ညှို့ဓာတ်ရုပ်ခန္ဓာကိုယ်၊ အမြှီးကိုးချောင်း ကောင်းကင်မြေခွေး သွေးမျိုးဆက် ဘိုးဘေးဗီဇပြန်ပေါ်ခြင်း】

【ကံကြမ္မာ လှည့်စားမှု - မနိုးထသေးပါ】

【ဘဝဇာတ်ကြောင်း - တောင်ပိုင်းကန္တာရ နတ်ဆိုးနယ်မြေရှိ ချင်းချိုးမျိုးနွယ်စု၏ မင်းသမီး။ ချင်းချိုး၏ဘိုးဘေးက နတ်ဆိုးနယ်မြေတွင် ကြီးမားသော ပရမ်းပတာဖြစ်မှုနှင့် ချင်းချိုးမျိုးနွယ်စု၏ သေဆုံးခြင်း ဘေးဒုက္ခတို့ကို တွက်ချက်ရရှိပြီးနောက် အသက်ရှင်သန်ရန် အခွင့်အရေးတစ်ခု ရှာဖွေရန်အတွက် သူမအား နတ်ဆိုးနယ်မြေနှင့် ဝေးရာတွင် နေထိုင်စေရန် တမင်တကာ ခွင့်ပြုခဲ့သည်။ နောက်ပိုင်းတွင် သူမသည် ခရီးသွားနေသော ချောက်ကမ်းပါးမဲ့ အဘိုးအို၏ ကယ်တင်ခြင်းကို ခံခဲ့ရပြီး နဝမတောင်ထိပ်သို့ ခေါ်လာခြင်း ခံခဲ့ရသည်။ သုံးနှစ်အကြာတွင် ထုယိုယိုသည် နတ်ဆိုးနယ်မြေသို့ ပြန်သွားခဲ့ပြီး သူမ၏ မျိုးနွယ်ဝင် အများစုမှာ သုတ်သင်ခံခဲ့ရကာ ဘိုးဘေးမှာ အကျဉ်းသားတစ်ဦး ဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။ အန္တရာယ် အမျိုးမျိုးကို ဖြတ်သန်းပြီးနောက် သူမသည် အသွင်ပြောင်းခြင်း လမ်းကြောင်းတစ်ခုပေါ်သို့ လျှောက်လှမ်းခဲ့ပြီး နောက်ဆုံးတွင် သူမ၏ ပြိုင်ဘက်များကို သုတ်သင်ကာ အနာဂတ်တွင် နတ်ဆိုးတစ်သောင်း၏ ဧကရီဖြစ်လာပြီး ခေတ်အဆက်ဆက် အစွမ်းထက်ဆုံး အမျိုးသမီး ကျင့်ကြံသူများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။】

"ခေတ်အဆက်ဆက် အစွမ်းအထက်ဆုံးသူတွေထဲက တစ်ယောက် ထပ်ဖြစ်ပြန်ပြီ မဟုတ်လား... ပြီးတော့ သူတို့ အားလုံးက ငါ့ရဲ့ နဝမတောင်ထိပ်မှာ စုနေကြတာလား..."

စူးချန်ကဲ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီး တခဏမျှ မူလခန္ဓာကိုယ်ပိုင်ရှင်မှာ အတော်လေး သနားစရာကောင်းသည်ဟု သူ ခံစားလိုက်ရလေ၏။

ကံကြမ္မာသမီးတော် သုံးယောက်ကို တစ်ပြိုင်နက်တည်း စော်ကားမိတာ... ဘယ်ဗီလိန်က ဒါကို ခံနိုင်ရည်ရှိမှာလဲ...

ပြီးတော့...

ငါ့ရဲ့ ဆရာမှာလည်း လှည့်စားမှုတစ်ခု ရှိနေတာလား... လူတွေကို ဒီလောက်တိကျအောင် မြင်နိုင်တာလား....

ဘာလို့ ဗီလိန်ဖြစ်တဲ့ ငါ့ကို သူက ခေါင်းဆောင်တပည့် ဖြစ်အောင် အတင်း ပြုလုပ်ခဲ့တာလဲ..

တစ်ချိန်တည်းမှာပင်...

ယောင်ရှင်းယဲ့က ထုယိုယိုကို ခြံဝင်းထဲသို့ ခေါ်လာခဲ့ပြီးဖြစ်သည်။ သူ၏ အကြည့်က ကျောက်စားပွဲပေါ်ရှိ အစားအစာများနှင့် ထိုလက်ဖက်ရည်အိုးပေါ်သို့ ဦးစွာဝေ့ဝဲသွားပြီး တခဏမျှ ကြောင်အမ်းသွားခြင်းကို မထိန်းနိုင်ခဲ့သော်လည်း ထူးခြားသည့်အရာ တစ်စုံတစ်ရာကို မတွေ့ခဲ့ချေ။

ချက်ချင်းပင် သူသည် ဘေးရှိ လျှိုရူယန်နှင့် နင်ဖူယောင်တို့ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ၏ အမူအရာက စူးချန်ကဲအပေါ်၌ ရပ်တန့်သွားကာ ဟန်ဆောင်ထားသော ကြီးကျယ်ခမ်းနားမှုဖြင့် ပြောလိုက်၏။

"ဂျူနီယာတူလေးစူး..."

All Chapters