← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း ၁၈၇: စီနီယာအစ်ကို ရွှီချီ... ကျွန်မကို ပြောပြပါ... ကျွန်မတို့ မြောက်ပိုင်းဒေသ ကို ရောက်ပြီလား... မရောက်သေးဘူးလား...

အနက်ရောင်ဝတ်ရုံဝတ် အကြီးအကဲသည် ချက်ချင်းထိတ်လန့်တုန်လှုပ်သွားပြီး စောဒကတက်ရန် အနည်းငယ်မျှပင် မတွေးရဲတော့ပေ။ သူသည် အလျင်အမြန် ပြောလိုက်၏။

"သူ့ရဲ့နာမည်က မင်ကျိုးယိုလို့ ခေါ်တယ်... သူက မြေအောက်ကမ္ဘာကိုးထပ် ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပါ... မြေအောက်ကမ္ဘာရဲ့ မြေအောက်ကမ္ဘာ သားတော်တစ်ပါးဖြစ်ပြီးတော့ ကျင့်ကြံဆင့်ကလည်း မှန်းဆလို့မရနိုင်ဘူး... သူက မြေအောက်ကမ္ဘာ သမိုင်းတစ်လျှောက်က သားတော်တွေအားလုံးထဲမှာ ထိပ်ဆုံးသုံးယောက်စာရင်းဝင်ပြီးတော့ မြေအောက်ကမ္ဘာ ဥပဒေသတွေရဲ့ အစိတ်အပိုင်းတစ်ခုကိုတောင် ကိုင်တွယ်အသုံးပြုနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတယ်... လွန်ခဲ့တဲ့ ဆယ်ရက်က ယွမ်ယန်နယ်မြေ မြောက်ပိုင်းဒေသကို သူ ဆင်းသက်လာခဲ့ပြီးတော့ အရမ်းကို အာဏာပြပြီး လွှမ်းမိုးချုပ်ကိုင်နေတာပါ... ဒေသခံ အင်အားစုတွေနဲ့ တခြားနယ်မြေက အားနည်းတဲ့ ပါရမီရှင်တော်တော်များများလည်း သူ့ရဲ့ နှိမ်နင်းဖိနှိပ်တာကို ခံခဲ့ရပါတယ်... ကျွန်တော့်ရဲ့သူတော်စင်... အာ... မဟုတ်ဘူး... အဲ့ဒီလျှူယွမ်က မြောက်ပိုင်းဒေသက ရှေးဟောင်း အပျက်အစီးနယ်မြေတစ်ခုရဲ့ ကျန်ရစ်နေတဲ့ မြေပုံတစ်ခုကို ဆက်သလိုက်လို့ မြေအောက်ကမ္ဘာသားတော်ရဲ့ မျက်နှာသာပေးတာကို ရရှိသွားပြီးတော့ သူ့ရဲ့ နောက်လိုက်တစ်ဦး ဖြစ်သွားခဲ့တာပါ..."

"သူ ဒီမိတ်ဆွေလေးကို ညှဉ်းပန်းနှိပ်စက်ခဲ့တာက..."

အနက်ရောင်ဝတ်ရုံဝတ် အကြီးအကဲသည် နင်ဟောင်ကို လက်ညှိုးညွှန်ပြကာ စူးချန်ကဲ၏ အမူအရာ ပြောင်းလဲမှုများကို စောင့်ကြည့်ရင်း သတိထား၍ ပြောလိုက်သည်။

"တစ်ဖက်ကကြည့်ရင် အဲ့ဒီနေ့က မိတ်ဆွေလေးနင်က မြေအောက်ကမ္ဘာသားတော်ကို စော်ကားမိသွားလို့ပါ... အဲ့ဒီကိစ္စက သိပ်ပြီးကြီးကြီးမားမား သက်ရောက်မှု မရှိခဲ့ပေမဲ့ မြေအောက်ကမ္ဘာသားတော်ရဲ့ ဂုဏ်သတင်းကိုတော့ ထိခိုက်စေခဲ့တယ်... နောက်တစ်ဖက်ကကျတော့ လျှူယွမ်က ဒါကို အခွင့်ကောင်းယူပြီး မြေအောက်ကမ္ဘာသားတော်အပေါ် သူ့ရဲ့ သစ္စာရှိမှုကို ပြချင်နေတာပါ... ဒါမှလည်း လာမယ့် ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေမှာ အစွမ်းထက်တဲ့ မဟာမိတ်တစ်ဦး ရလာဖို့ သူလမ်းခင်းနိုင်မှာလေ..."

"မြေအောက်ကမ္ဘာ... မြေအောက်ကမ္ဘာသားတော်..."

နင်ဖူယောင်သည် ထိုခေါင်းစဉ်ကို ထပ်ခါတလဲလဲ ရေရွတ်လိုက်ကာ သူမ၏မျက်နှာထား သုန်မှုန်သွားလေ၏။ ထိုအရာက မည်သည့်အရာကို ကိုယ်စားပြုကြောင်း သူမ မသိသော်လည်း ဤလူသည် အလွန်အစွမ်းထက်ကြောင်း အကြီးအကဲ၏ လေသံမှတဆင့် သူမ အာရုံခံနိုင်သည်။

ထျန်းကန်းဂိုဏ်း၏သူတော်စင်ပင်လျှင် သူ၏ နောက်လိုက်သက်သက်သာဖြစ်သည်။ တစ်ဖက်လူ၏အထောက်အထားကို သိပြီးနောက် နင်ဟောင်သည် တိတ်ဆိတ်နေခဲ့လေ၏။

စူးချန်ကဲက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

"သူတို့က ဘာလို့ ဒေသခံ အင်အားစုတွေကို တိုက်ခိုက်နေကြတာလဲ..."

သူ နားမလည်သော အရာတစ်ခု ရှိနေသည်။

ကောင်းကင်ဘုံနှင့်အသင်္ချေနယ်မြေများမှ ပါရမီရှင်များသည် မည်သည်ကြောင့် ဒေသခံ အင်အားစုများကို ဤမျှထိ ဂရုစိုက်နေကြသနည်း။ သူတို့၏ပန်းတိုင်မှာ ကောင်းကင်တက်လှမ်းခြင်းတံတား မဟုတ်လော။

"တကယ်လို့... တကယ်လို့ ကျွန်တော် ပြောပြရင် ကျွန်တော့်ရဲ့အသက်ကို ချမ်းသာပေးလို့ရမလား..."

အနက်ရောင်ဝတ်ရုံဝတ် အကြီးအကဲသည် သတ္တိမွေး၍ နောက်တစ်ကြိမ် မေးမြန်းလိုက်သည်။ သို့ရာတွင် ထိုစကားလုံးများ သူ၏ပါးစပ်မှ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူသည် မြေပြင်ပေါ်တွင် အလျင်အမြန် ဝပ်တွားကာ ပြောလိုက်၏။

"ဘာလို့လဲဆိုတော့ ကောင်းကင်တက်လှမ်းခြင်း တံတားက ဒီလောကကြီးကို ပြောင်းလဲသွားစေလို့ပဲ...အခွင့်အရေးတွေက မရေမတွက်နိုင်အောင် များပြားပြီးတော့ တချို့က လူငယ် အမြင့်မြတ်ဆုံးပုဂ္ဂိုလ်တွေကိုတောင် သွေးဆောင်နိုင်လောက်အောင် ဆွဲဆောင်မှုရှိတယ်... ဒါပေမဲ့ သူတို့အားလုံးက ကောင်းကင်တက်လှမ်းခြင်းတံတားကို စောင့်ကြည့်ဖို့ လိုအပ်နေပြီးတော့ အချိန် လုံးဝမရှိတာကြောင့် သူတို့အတွက် ရတနာတွေကို ရှာဖွေပေးဖို့ အောက်ဘုံရဲ့ အင်အားစုတွေကို ကျွန်ပြုချင်ကြတာပါ... မြေအောက်ကမ္ဘာသားတော်က လောလောဆယ် မြောက်ပိုင်းဒေသ နင်မိသားစုမှာ ရှိနေတယ်..."

ဤစကားများကို ပြောဆိုလိုက်သည်နှင့် တပြိုင်နက်...

နင်ဖူယောင်၏မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားပြီး သူမက အော်ဟစ်လိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ..."

နင်ဟောင်သည်လည်း အနက်ရောင်ဝတ်ရုံဝတ်အကြီးအကဲကို သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ကြည့်လိုက်သည်။

အနက်ရောင်ဝတ်ရုံဝတ် အကြီးအကဲသည် ထိတ်လန့်ကြောက်ရွံမှုဖြင့် တုန်ယင်သွားပြီး အလျင်အမြန် ဆက်ပြောလေသည်။

"သခင်... ကျေးဇူးပြုပြီး ရှင်းရှင်းလင်းလင်း ကြည့်ပေးပါ... ကျွန်တော်က တာအို အစောင့်အရှောက်တစ်ယောက် သက်သက်ပါ... ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှ မဆိုင်ပါဘူး..."

"မင်း ပြောလို့ ပြီးပြီလား..."

စူးချန်ကဲသည် အနက်ရောင်ဝတ်ရုံဝတ် အကြီးအကဲကို တစ်ချက်ကြည့်ပြီး ဂရုမစိုက်သောလေသံဖြင့် ပြောလိုက်၏။

တစ်ချိန်တည်းမှာပင် ဤပါရမီရှင်များသည် အောက်ဘုံ၏ အင်အားစုများကို မည်သည်ကြောင့် တိုက်ခိုက်နေကြသည်အား သူ နားလည်သွားသည်။ ဤသည်မှာ ကျိုးကြောင်းဆီလျော်လှသည်။

အနက်ရောင်ဝတ်ရုံဝတ် အကြီးအကဲက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်သည်။

နောက်တစ်စက္ကန့်တွင်...

သူ၏မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျဥ်းမြောင်းသွားပြီး သူ၏အမြင်အာရုံတွင် လောကကြီး ကျွမ်းထိုးမှောက်ခုံဖြစ်သွားသည့် မြင်ကွင်းကို သူ မြင်တွေ့လိုက်ရပုံရသည်။

ထို့နောက် သူ၏ပုံရိပ် ပြိုကွဲသွားသည်။

အနက်ရောင်ဝတ်ရုံဝတ် အကြီးအကဲ သေဆုံးသွားလေပြီ။

စူးချန်ကဲသည် သူ၏ လက်ချောင်းကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်ပြီး အနက်ရောင် ဝတ်ရုံဝတ်အကြီးအကဲ၏ အလောင်းကို တစ်ချက်မျှပင် မကြည့်ခဲ့ချေ။

"ကျေးဇူးတင်ပါတယ်... သခင် စူး... ကျွန်တော့်ရဲ့အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

နင်ဟောင်၏ဒဏ်ရာများသည် ဆေးလုံး၏ အာနိသင်ကြောင့် အများစုမှာ သက်သာသွားခဲ့သည်။ သူသည် ခက်ခက်ခဲခဲ အားယူ၍ မတ်တတ်ထရပ်ကာ စူးချန်ကဲကို တည်ကြည်လေးနက်စွာ ဦးညွှတ်လိုက်ပြီး သူ၏လေသံတွင် ကျေးဇူးတင်မှုများ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

"ရပါတယ်..."

စူးချန်ကဲက ခေါင်းညိတ်ပြပြီး စိုးရိမ်တကြီး ဖြစ်နေသော နင်ဖူယောင်ဆီသို့ သူ၏အကြည့်ကို ရွှေ့ပြောင်းကာ ပြောလိုက်သည်။

"မင်းရဲ့မိသားစုဆီကို အရင်သွားကြမယ်..."

နင်ဖူယောင်က အလျှင်အမြန် ခေါင်းညိတ်လိုက်၏။ သူမသည်လည်း သူမမိသားစု၏ လက်ရှိအခြေအနေအပေါ် သိလိုစိတ် ပြင်းပြနေသည်။

သူမ၏စီနီယာအစ်ကို ဤနေရာတွင် ရှိနေသော်လည်း မြောက်ပိုင်းဒေသသည် ဤမျှထိဖရိုဖရဲ ဖြစ်နေပြီး မြေအောက်ကမ္ဘာမှ မြေအောက်ကမ္ဘာသားတော်တစ်ပါးသည် သူမ၏ အိမ်တွင် ရှိနေကြောင်း ကြားသိရသောအခါ သူမထံ၌ မည်သို့ စိုးရိမ်ပူပန်မှုမရှိဘဲ နေမည်နည်း။

"ကျွန်တော်လည်း လိုက်ခဲ့မယ်..."

နင်ဟောင်က တည်ကြည်လေးနက်သော အသံဖြင့် ပြောလိုက်သည်။

နင်ဖူယောင်သည် သူ့ကို တားမြစ်ချင်ခဲ့သော်လည်း နင်ဟောင်၏ ပြတ်သားသော အမူအရာကို မြင်သောအခါ နောက်ဆုံးတွင် သူမ၏ပါးစပ်ကို ဖွင့်ဟပြီး သူမ၏စိတ်ကို ပြောင်းလိုက်၏။

"ကောင်းပြီလေ..."

"ဒီနေရာကနေ နင်အိမ်တော်ကိုရောက်ဖို့ အကွာအဝေး တော်တော်ဝေးသေးတယ်... လီမိသားစုမှာ နယ်မြေဖြတ်ကျော်သင်္ဘောတစ်စင်း ရှိနေတယ်... ငါတို့... ဟင်..."

နင်းဟောင်သည် သူ၏စကားမဆုံးမီ ကြောင်အမ်းသွားသည်။

ညင်သာသော ဖရိုဖရဲချီစီးကြောင်း တစ်ခုသည် သူနှင့်နင်ဖူယောင်ကို ရစ်ပတ်သွားပေ၏။

"ဒါက..."

နင်ဟောင်သည် သူ၏ရှေ့ရှိ အစိမ်းရောင်ဝတ်ရုံဝတ်ပုံရိပ်ကို ကြည့်လိုက်ပြီး သူ အနည်းငယ် ကြောင်အမ်းနေခဲ့သည်။

နောက်တခဏတွင် စူးချန်ကဲက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်ကို သူ မြင်တွေ့လိုက်ရသည်။

ခြေတစ်လှမ်းအကွာမှာပဲ ရှိနေပေမဲ့ ကောင်းကင်ရဲ့ အဆုံးသတ်အလား ဝေးကွာခြင်း....

ဤတစ်ကြိမ်တွင် စူးချန်ကဲသည် သူ၏စွမ်းအားပြည့်ကို အသုံးမပြုခဲ့သော်လည်း သူ၏အရှိန်နှုန်းမှာ စိတ်ကူးယဉ်၍ မရနိုင်လောက်အောင် မြန်ဆန်နေဆဲပင်။

နင်ဖူယောင်နှင့်နင်ဟောင်တို့သည် သူတို့၏ မျက်စိရှေ့တွင် အလင်းနှင့်အရိပ်များ စီးဆင်းနေပြီး တောင်များနှင့်မြစ်များက သူတို့၏ ခြေထောက်အောက်တွင် လျှင်မြန်စွာ ဆုတ်ခွာသွားသည်ကိုသာ ခံစားလိုက်ရသည်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူတို့၏ အောက်ဘက်ရှိ မြင်ကွင်းမှာ လုံးဝပြောင်းလဲသွားခဲ့သည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌....

သူတို့သည် မြောက်ပိုင်းဒေသ၏ အလယ်ဗဟိုသို့ နီးကပ်လာခဲ့လေပြီ။

"ဘာတွေ ဖြစ်နေတာလဲ..."

နင်ဟောင်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏စိတ်နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေလေပြီ။

ဤသည်မှာ မည်ကဲ့သို့ စွမ်းအားမျိုး ဖြစ်သနည်း....

တစ်ချိန်တည်းမှာပင် မြောက်ပိုင်းဒေသ၏ အလယ်ဗဟိုသို့ နီးကပ်လာလေလေ လောကီရေးရာ သဘာဝလွန်ဖြစ်စဉ်များက ပို၍အံ့အားသင့်ဖွယ်ကောင်းလာလေလေဖြစ်ကြောင်းကို နင်ဖူယောင် ​တွေ့ရှိလိုက်ရသဖြင့် ကြောင်အမ်းသွားသည်။

ကောင်းကင်တက်လှမ်းခြင်းတံတား၏ ပုံရိပ်ယောင်သည် ပို၍သိပ်သည်းပြီး ကြီးကျယ်ခမ်းနားလာကာ မြေကြီးနှင့် ဆက်သွယ်ရန် အမှန်တကယ်ကို ကျရောက်လာတော့မည့်အလားပင်။

တံတား၏ ရွှေရောင်ကိုယ်ထည်ပေါ်တွင် မှုန်ဝါးဝါး ပုံရိပ်များ ခက်ခက်ခဲခဲ တက်လှမ်းနေသည်ကို ဝေဝါးစွာ မြင်တွေ့နိုင်သည်။ ထိုလူများသည် နောက်ထပ် မအောင့်အည်းနိုင်တော့ဘဲ တံတားပေါ်သို့ စောစီးစွာ တက်လှမ်းရန် ကြိုးစားခဲ့ကြသော မျိုးနွယ်စုအသီးသီးမှ ပါရမီရှင်များပင်။ သို့ရာတွင် သူတို့အနက်မှ အများစုမှာ အဆင့်တစ်ရာအတွင်းတွင် ရပ်တန့်သွားကြပြီး မြင်နိုင်စွမ်းမရှိသော ဖိအားများကြောင့် လွင့်စင်သွားခြင်း သို့မဟုတ် သူတို့ တောင့်မခံနိုင်သော တာအို စည်းချက်၏သန့်စင်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားခြင်းတို့ ဖြစ်ခဲ့ကြသည်။

မိုးကောင်းကင်ယံတွင် အမျိုးမျိုးသော ပျံသန်းရေး မှော်ရတနာများ၊ ရှားပါးငှက်များနှင့် ထူးဆန်းသောသားရဲများ ရှိနေသည်။ လေထဲတွင် ပျံသန်းနေသော ပုံရိပ်များသည် အဆုံးမရှိဖြစ်နေပြီး ကောင်းကင်ကို ဖြတ်တောက်ကာ တောက်ပသော လမ်းကြောင်းများကို ချန်ထားရစ်ခဲ့သည်။

သူတို့၏အရှိန်အဝါများသည် ကွဲပြားသော်လည်း အားအနည်းဆုံးသူများပင် နတ်ဘုရားမီးတောက်နယ်ပယ်တွင် ရှိနေကြပြီး သူတော်စင်နယ်ပယ် အရှိန်အဝါများပင် ဝေဝါးစွာ ထွက်ပေါ်နေသည်။ ထို့ပြင် သူတို့အနက်မှ အများစုမှာ အလွန်ငယ်ရွယ်ကြပြီး ကောင်းကင်ဘုံနှင့်အသင်္ချေနယ်မြေများမှ ပါရမီရှင်များဖြစ်ကြောင်း သိသာရှင်းလင်းလှသည်။

မြေပြင်ပေါ်တွင် မူလကတည်ရှိသော မြို့များနှင့် တောင်များမြစ်များသည် အလွန်သိသာထင်ရှားသော အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရလေ၏။

နေရာတချို့သည် အစွမ်းထက်သော ဝင်္ကပါများဖြင့် ဖုံးလွှမ်းနေပြီး အလံများ လူးလွန့်ကာ ထူးဆန်းသော သားရဲများ ဟိန်းဟောက်နေသည့် ယာယီအခြေစိုက်စခန်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။ နေရာတချို့မှာ လုံးဝပြိုကျသွားပြီး မတူညီသော ပုံစံများရှိသည့် ခမ်းနားသော နန်းတော်များကို ထိုအရာများပေါ်တွင် တည်ဆောက်ထားကာ ချိုးဖောက်၍မရနိုင်သော ကြီးကျယ်ခမ်းနားမှုများ ဖြာထွက်နေသည်။ တချို့နေရာများတွင် ဟင်းလင်းပြင်မှာ ပုံပျက်နေပြီး ယွမ်ယန်နယ်မြေနှင့် မသက်ဆိုင်သော လျှို့ဝှက်နယ်မြေ ပုံရိပ်ယောင်များကို ဖော်ပြနေပေ၏။ ဤသည်မှာ အဓိက အင်အားစုတချို့က သူတို့၏ဂိုဏ်းမှ ပါရမီရှင်များကို ဤနေရာသို့ တိုက်ရိုက်ပို့ဆောင်ရန် ဟင်းလင်းပြင် အထွတ်အထိပ်ရတနာများကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။

ဤနေရာတွင် စိတ်ဝိညာဉ်ချီ၏ သိပ်သည်းဆမှာ မယုံနိုင်လောက်သော အဆင့်သို့ ရောက်ရှိနေပြီး စိတ်ဝိညာဉ်မိုးအဖြစ်ပင် ကျဆင်းလာလုနီးပါး ဖြစ်နေခဲ့သည်။

သို့သော် ဤအကြောင်းအရင်းကြောင့် ပဋိပက္ခများ မကြာခဏ ပို၍ဖြစ်ပွားလာပေ၏။

မတူညီသော စခန်းများမှ ကျင့်ကြံသူများသည် စိတ်ဝိညာဉ်သွေးကြောတစ်ခု သို့မဟုတ် အသစ်ရင့်သန်လာသော ရတနာဆေးလုံးတစ်ခုအတွက် တိုက်ခိုက်နေကြသည်ကို မကြာခဏ မြင်တွေ့ရနိုင်သည်။ နေရာအနှံ့အပြား၌ နတ်ဘုရားစွမ်းရည်များ၏အလင်းရောင်များ လင်းလက်နေကာ ပေါက်ကွဲသံများ အဆက်မပြတ် ပဲ့တင်ထပ်နေသည်။

သွေးညှီနံ့များက သိပ်သည်းသော စိတ်ဝိညာဉ် ချီများနှင့် ရောနှောကာ ထူးဆန်းပြီး ရက်စက်သော လေထုကို ဖန်တီးထားသည်။

ဤနေရာသည် ငြိမ်းချမ်းသော ယွမ်ယန်နယ်မြေ မြောက်ပိုင်းဒေသ မဟုတ်တော့ဘဲ ကောင်းကင်ဘုံနှင့်အသင်္ချေနယ်မြေများ၏ စူးရှမှုနှင့် စိတ်ဆန္ဒများကို စုစည်းထားသော ကြမ်းတမ်းသည့် စင်မြင့်တစ်ခု ဖြစ်လာသည်။ ဤသည်မှာ လူငယ် အမြင့်မြတ်ဆုံးပုဂ္ဂိုလ်များနှင့် ပြိုင်ဘက်ကင်း ပါရမီရှင်များ၏ သတ်ဖြတ်ကွင်းတစ်ခုပင်။

စူးချန်ကဲသည် လမ်းတလျှောက်လုံး တည်ငြိမ်နေခဲ့ပြီး သူ၏အကြည့်က အောက်ဘက်ရှိ ပါရမီရှင်များ၏ ရန်လိုသော အခြေစိုက်စခန်းများအပေါ် ရံဖန်ရံခါ ဝှေ့ယမ်းကြည့်ရှုနေသော်လည်း သူ၏မျက်လုံးများတွင် စိတ်ခံစားမှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိခဲ့ချေ။

တစ်ချိန်တည်းမှာပင် မြောက်ပိုင်းဒေသ၏ အလယ်ဗဟိုရှိ ယာယီရှင်းလင်းထားသော ဧရာမ ရင်ပြင်ကြီးတစ်ခုပေါ်တွင်....

ထိုနေရာတွင် လူများဖြင့် ပြည့်နှက်နေပြီး လှုပ်ရှားသွားလာမှုများဖြင့် စည်ကားနေသည်။

လူအုပ်ထဲတွင် အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံထုံးနှစ်ဖက်ထုံးထားကာ အစိမ်းရောင် မျက်လုံးများရှိသည့် မိန်းကလေးတစ်ဦး ရှိနေပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုနေသည်။

သူမ၏နံဘေးတွင် သားရဲသားရေ အင်္ကျီကို ဝတ်ဆင်ထားပြီး သန်မာသော ကြေးညိုရောင် လက်များကို လှစ်ဟထားကာ ငှက်သိုက်အလား ရှုပ်ပွနေသည့် ဆံပင်များရှိသော အရပ်ရှည်ရှည် လူငယ်တစ်ဦး မတ်တတ်ရပ်နေသည်။

"တကယ်ပါပဲ.."

"ဒါက တကယ်ပဲ ဒီလမ်း ဟုတ်ရဲ့လား..."

"စီနီယာအစ်ကို ရွှီချီ... ကျွန်မကို ပြောပြပါ... ကျွန်မတို့ မြောက်ပိုင်းဒေသကို ရောက်ပြီလား... မရောက်သေးဘူးလား..."

အခန်း ၁၈၈ :အစ်ကိုစူး... မင်း ငါ့ကို ကျေးဇူးတင်ရမယ်...

ရင်ပြင်ပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာသော ပုံရိပ်နှစ်ခုမှာ တခြားလူများ မဟုတ်ကြချေ။

ဤသည်မှာ ရွှီချီနှင့် ထုယိုယိုတို့ပင်။

ပြောရလျှင် ထိုအရာမှာ အလွန်အမင်း ကံကြမ္မာ၏တိုက်ဆိုင်မှုပင်။ စူးချန်ကဲ ထွက်ခွာသွားပြီး မကြာမီတွင် ထုယိုယိုသည် အလွန် ရှည်လျားသော အိပ်စက်ခြင်းသို့ ဝင်ရောက်သွားခဲ့သည်။ အစပိုင်းတွင် ထိုအရာက ကျင့်ကြံဆင့် ချိုးဖျက်ရန် တံခါးပိတ်ကျင့်ကြံခြင်းသို့ မဝင်ရသေးသော လျှိုရူယန်ကို စိုးရိမ်စေခဲ့ပြီး မြင့်မြတ်အရှင်ရွှမ်ကျိနှင့်အကြီးအကဲများကို စိုးရိမ်ပူပန်မှုများဖြင့် ဒုက္ခရောက်စေခဲ့လေသည်။

ထုယိုယို တစ်ခုခု ဖြစ်သွားမည်ကို သူတို့ ကြောက်ရွံ့ခဲ့ကြပြီး စူးချန်ကဲအား မည်သို့ ရှင်းပြရမည်မသိ ဖြစ်နေခဲ့ကြသည်။

ကံကောင်းထောက်မစွာဖြင့် လွန်ခဲ့သော ဆယ်ရက်ခန့်က ထုယိုယိုသည် ရုတ်တရက် နိုးထလာခဲ့ပြီး သဘာဝလွန်ဖြစ်စဉ်တစ်ခုကို အသက်သွင်းလိုက်သည်။ သူမ၏ကျင့်ကြံခြင်းမှာလည်း ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်သို့ အံ့အားသင့်ဖွယ်ကောင်းအောင် မြင့်တက်သွားခဲ့ပြီး နတ်ဘုရားမီးတောက်နယ်ပယ်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ဤအရာက ထိုက်ချင်ဂိုဏ်းရှိ လူတိုင်းကို လုံးဝကြောင်အမ်းသွားစေခဲ့ပြီး နဝမတောင်ထိပ်တွင် ပုံမှန်လူတစ်ယောက်မှ မရှိကြောင်း ထပ်ခါတလဲလဲ ပြောဆိုခဲ့ကြသည်။

အမှန်အားဖြင့် အကြောင်းအရင်းကို ခြေရာခံကြည့်လျှင် ချင်းချိုးဘိုးဘေးကို ဖော်ပြရန် လိုအပ်သည်။ သူ ထုယိုယိုအတွက် ချန်ထားခဲ့သော မြေခွေးမျိုးနွယ်စု အမြင့်မြတ်ဆုံး ရတနာတွင် ထူးခြားသော မူရင်းဇစ်မြစ်တစ်ခု ရှိနေသည်။ ထိုအရာမှာ ချင်းချိုး၏မျိုးဆက်များတလျှောက် လက်ဆင့်ကမ်းလာခဲ့သော ဘိုးဘေး ရတနာတစ်ခုဖြစ်ပြီး ချင်းချိုး၏တည်ထောင်သူ အမြှီးကိုးချောင်း ကောင်းကင်မြေခွေး၏ နတ်ဘုရားစိတ်ဝိညာဉ် အမှတ်အသားတစ်ခု ပါဝင်သည်။ ထုယိုယိုက ထိုအရာကို ပထမဆုံး ရရှိချိန်တွင် ဤကိစ္စကို မသိခဲ့ဘဲ နောက်ပိုင်းတွင် အမြင့်မြတ်ဆုံးရတနာနှင့် ပေါင်းစပ်မှုကို တဖြည်းဖြည်း အောင်မြင်လာမှသာ ဤအကြောင်းကို သိရှိခဲ့ရသည်။

သူမ၏အိပ်စက်ခြင်းမှာ အမှန်အားဖြင့် အမြှီးကိုးချောင်း ကောင်းကင်မြေခွေးမျိုးဆက်ကို တည်ထောင်သူက ခေတ်ကာလများတလျှောက် တာအိုကို ပေးပို့ခြင်းနှင့် နည်းလမ်းများကို သင်ကြားပေးခြင်းပင်။ သူမ၏သွေးကြောသည်ဘိုးဘေးအခြေအနေသို့ သွေးမျိုးဆက် ဘိုးဘေးဗီဇပြန်ပေါ်လာခြင်းကြောင့်သာ ထုယိုယိုက ထိုအရာကို ခံနိုင်ရည်ရှိခြင်းဖြစ်သည်။ တခြားမည်သည့်မျိုးနွယ်စုဝင်ကမျှ ထိုအရာကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

ထုယိုယို၏ကျင့်ကြံခြင်းသည် ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားရုံသာမက သူမ၏ ကောင်းကင်ညှို့ဓာတ် ရုပ်ခန္ဓာကိုယ်ပင်လျှင် အောင်မြင်စွာ နိုးထလာမှုကို ကြုံတွေ့ခဲ့ရသည်။

ဤ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံမှာ ရုပ်ခန္ဓာကိုယ်သုံးထောင် အဆင့်သတ်မှတ်ချက် အတွင်းရှိ အလွန် ထူးခြားသော နတ်ဘုရား ရုပ်ခန္ဓာကိုယ်တစ်ခုပင်။ ထိုအရာ၏ တိုက်ခိုက်ရေး စွမ်းအားမှာ အမြင့်မားဆုံးစာရင်းတွင် မပါဝင်သော်လည်း ထိုအရာက လူများ၏နှလုံးသားကို ဆွဲဆောင်နိုင်သည့် ညှို့ဓာတ်ကို သဘာဝအလျောက် ပိုင်ဆိုင်ထားလေသည်။ ထိုအရာက မြေခွေးမျိုးနွယ်စုသွေးကြော နတ်ဘုရားစွမ်းရည်နှင့် အပြည့်အဝ လိုက်ဖက်ပြီး သူမ၏ ကျင့်ကြံခြင်းအရှိန်နှုန်းကို အဆမတန် တိုးတက်လာစေခဲ့သည်။ ထိုအရာကို အကြီးစား အောင်မြင်မှုအဆင့်သို့ ကျင့်ကြံပြီးသည်နှင့် တပြိုင်နက် လူအနည်းငယ်ကသာ ဤ ဆွဲဆောင်မှုညှို့ဓာတ်ကို ခုခံနိုင်စွမ်း ရှိပေမည်။ ရှေးဟောင်းခေတ်က အမြှီးကိုးချောင်း ကောင်းကင်မြေခွေးသည် နတ်ဘုရား ရုပ်ခန္ဓာကိုယ် မရှိဘဲနှင့်ပင် သူမအတွက် အသေခံရန် ဆန္ဒရှိသော ပါရမီရှင် အမြောက်အများကို စုဆောင်းနိုင်ခဲ့သည်။

ထို့ကြောင့် ထုယိုယို၏ အမူအကျင့်မှာ ဤအခိုက်အတန့်တွင် ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။ သူန၏ မျက်မှောင်ကြုတ်မှုနှင့် အပြုံးတိုင်းတွင် အမြင့်မြတ်ဆုံး ဆွဲဆောင်မှုညှို့ဓာတ်က ဖြာထွက်နေသည်။ နိမ့်ကျသော ကျင့်ကြံဆင့်နယ်ပယ်၌ ရှိသူများသည် ချက်ချင်းဆိုသလိုပင် သူတို့၏အသိစိတ်ကို ဆုံးရှုံးသွားပြီး သူမ၏ သစ္စာရှိနောက်လိုက်များ ဖြစ်လာကြလိမ့်မည်။ ထုယိုယိုသည် လမ်းတလျှောက်တွင် ရူးသွပ်နေသော ချစ်ရေးဆိုသူများကို မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ရသည်။

သူမ ဤနေရာတွင် ပေါ်လာရခြင်း၏ အကြောင်းအရင်းမှာ စူးချန်ကဲက တတိယစီနီယာအစ်မကို မြောက်ပိုင်းဒေသသို့ ပြန်ခေါ်သွားကြောင်းနှင့် လောကကြီးတွင် ကြီးမားသော အပြောင်းအလဲတစ်ခုကြောင့် စကြဝဠာကို ဖြတ်သန်းသွားသော နတ်ဘုရား တံတားတစ်စင်းသည် မြောက်ပိုင်းဒေသအထက်တွင် ထွက်ပေါ်လာကြောင်း သူမ သိလိုက်ရခြင်းကြောင့်ပင်။ ထိုကြောင့် ဂနာမငြိမ်ဖြစ်တတ်သော သူမသည် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ချေ။

ထို့ကြောင့် လျှိုရူယန် တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားပြီးနောက် သူမသည် သူမ၏ အရှိန်အဝါကို ဖုံးကွယ်ရန် အမြင့်မြတ်ဆုံး ရတနာကို အားကိုးကာ ထိုက်ချင်ဂိုဏ်းမှ တိတ်တဆိတ် ထွက်လာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လမ်းတွင် ရွှီချီနှင့် သူမ ဆုံတွေ့ခဲ့လေ၏။

အစပိုင်းတွင် သူမသည် သူ့ကို ဂရုစိုက်ရန် မရည်ရွယ်ခဲ့သော်လည်း ရွှီချီက သူမကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားသဖြင့် သူ့အား အသိအမှတ်ပြုရုံအပြင် သူမထံ၌ ရွေးချယ်စရာ မရှိတော့ချေ။ ထုယိုယို မမျှော်လင့်ထားသောအရာမှာ သူသည် သူမကို တိုင်တန်းခြင်း မရှိရုံသာမက သူ မြောက်ပိုင်းဒေသသို့ သွားမည်ဖြစ်ကြောင်း သူမကို ပြောပြပြီး အတူတကွ ခရီးသွားရန် အကြံပြုခဲ့ခြင်းပင်။

ရွှီချီနှင့် သူမစီနီယာအစ်ကိုတို့၏ ရင်းနှီးသော ဆက်ဆံရေးကို တွေးကာ ထုယိုယိုက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်ပြီးနောက် ရွှီချီက ဖြတ်လမ်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ ဤသည်က ဖြတ်သန်းရန် မလွယ်ကူသော လမ်းကြောင်းတစ်ခုပင်။

"အင်း... ဂျူနီယာညီမလေး... ငါတို့ မြောက်ပိုင်းဒေသကိုရောက်ပြီ..."

ရွှီချီက အပြုံးနှင့် ပြောဆိုလိုက်သော်လည်း သူ၏စိတ်နှလုံးသားထဲတွင် တီးတိုးရေရွတ်လိုက်၏။

'အစ်ကိုစူး... မင်း ငါ့ကို ကျေးဇူးတင်ရမယ်... မဟုတ်ရင် မင်းရဲ့ဂျူနီယာညီမလေးက လမ်းမှာ အဲ့ဒီ မကောင်းဆိုးဝါးကျင့်ကြံသူတွေရဲ့ ဖမ်းဆီးတာကို ခံရလိမ့်မယ်... အာ... မေ့လိုက်ပါ... ငါတို့က ညီအစ်ကိုတွေမလို့ ငါ မင်းကို အပြစ်မတင်ပါဘူး...'

လမ်းတလျှောက်တွင် ထုယိုယိုအပေါ် ရည်ရွယ်ချက်များ ရှိခဲ့သော ရန်သူအများအပြားကို သူ ဖယ်ရှားခဲ့ရာ လက်နှစ်ဖက်ဖြင့်ပင် ရေတွက်၍ မရနိုင်ချေ။

သေချာသည်မှာ ထုယိုယိုက ဤအရာများ အားလုံးကို လုံးဝမသိခဲ့ချေ။

"အဲ့ဒါက အမှန်ပဲပေါ့..."

ထုယိုယိုက ပြုံးလိုက်ပြီး သူမ၏ စိတ်ထဲတွင် လောကီရေးရာနှင့် ကင်းကွာသော အမျိုးသမီး အသံတစ်သံ ပဲ့တင်ထပ်သွားသည်။

"ကောင်းကင်တက်လှမ်းခြင်း လမ်းကြောင်းက စမ်းသပ်မှုတွေနဲ့ ပြည့်နှက်နေတယ်... ယိုယို...နင်က ကောင်းကင်ညှို့ဓာတ် ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီးတော့ နင့်ရဲ့သွေး​မျိုးဆက်က ဘိုးဘေးအခြေအနေကို ပြန်ရောက်သွားပြီ... ငါတို့ မြေခွေးမျိုးနွယ်စုအတွက် ကောင်းကင်ဘုံကပေးတဲ့ အခွင့်အရေးကို နင် ကြိုးစားရမယ်..."

ထုယိုယိုက သူမ၏စိတ်နှလုံးသားထဲတွင် ချက်ချင်းပြန်ဖြေလိုက်သည်။

"ကောင်းပါပြီ... အမြှီးကိုးချောင်း ဘိုးဘေး သခင်... ကျွန်မရဲ့ စီနီယာအစ်ကိုကို အရင်ရှာတွေ့ဖို့ ကျေးဇူးပြုပြီး စောင့်ပါအုံး... ကျွန်မက သူနဲ့အတူ တက်သွားမယ်..."

သူမ၏ခန္ဓာကိုယ်ထဲရှိ မြေခွေးမျိုးနွယ်စု အမြင့်မြတ်ဆုံး ရတနာ၏ အထက်တွင် စုစည်းနေသော အလွန်လှပသည့် ပုံရိပ်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

"နင့်စီနီယာအစ်ကိုရဲ့ပါရမီက ကောင်းတယ်လို့ နင် ပြောတာကို ငါ ကြားပေမဲ့ ဒီကောင်းကင်တက်လှမ်းခြင်း လမ်းကြောင်းက အရင်ကနဲ့ မတူဘူး... ဒါက ဒီအောက်ဘုံရဲ့ သက်ရှိတွေအတွက် ရုန်းကန်မှုတစ်ခု မဟုတ်ဘူး... ဒါက အထွတ်အထိပ် အရာတစ်ခုပဲ... နင်တစ်ယောက်တည်း သွားတာ အကောင်းဆုံးပဲ... မဟုတ်ရင် တခြားဘယ်သူ့ကိုမှ ငါ မကာကွယ်နိုင်ဘူး..."

သူမ၏ စကားပြောဆိုမှုတွင် ရှေးဟောင်းဆန်ပြီး ဂရုမစိုက်သော အရိပ်အယောင်တစ်ခု သဘာဝကျကျ ပါဝင်နေသည်။ ဤသည်မှာ သူမ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းမဟုတ်ဘဲ မွေးရာပါပင်။

"အိုး... အမြှီးကိုးချောင်း မြေခွေးသခင်... စိတ်ချပါ... ကျွန်မရဲ့စီနီယာအစ်ကိုက လူတိုင်းကို သူ တစ်ယောက်တည်းနဲ့ တိုက်ခိုက်နိုင်တယ်... ရှင် ဝင်ပြီးစွက်ဖက်စရာ မလိုပါဘူး..."

ထုယိုယိုက သူမ၏စိတ်နှလုံးသားထဲတွင် ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

"..."

အမြှီးကိုးချောင်း ကောင်းကင်မြေခွေးသည် တိတ်ဆိတ်သွားပြီးနောက် တီးတိုးရေရွတ်လိုက်၏။

"အဓိပ္ပါယ်မရှိတာ..."

ထိုအချိန်မှာပင်....

ရင်ပြင်၏အလယ်ဗဟိုတွင် ချောမောခန့်ပြီး ခရမ်းရောင်ဆံပင်ရှိသော ငွေရောင်ဝတ်ရုံဝတ်လူငယ်တစ်ဦး မတ်တတ်ရပ်နေသည်။ သူ့ထံမှနေ၍ နတ်ဘုရားအလင်းတန်းများနှင့် ထူးဆန်းသော သဘာဝလွန်ဖြစ်စဉ်များ ဖြာထွက်နေပြီး နတ်ဘုရားမီးတောက်နယ်ပယ် အထွတ်အထိပ်ရှိ လူငယ်ကျင့်ကြံသူ အနည်းငယ်၏ ဝန်းရံခြင်းကို ခံထားရသည်။

သူ၏အသံက ပတ်ဝန်းကျင်နေရာတဝိုက်သို့ ရှင်းလင်းစွာ ပျံ့နှံ့သွားသည်။

"ငါ့ကို မေးရင် ဒီ ယွမ်ယန်နယ်မြေက တကယ်ကို အားနည်းပြီး သည်းခံနိုင်စရာ မရှိဘူး... ဒေသခံ အုပ်စုတွေက အောက်ခြေလူတန်းစားတွေပဲ... ငါ ဒီကို ဆင်းသက်လာတာ လဝက်ရှိပြီ... ငါ မြင်ခဲ့ရတဲ့ သူတော်စင်တွေနဲ့ သူတော်စင်မိန်းမပျိုတွေ အားလုံးက ရွှံ့ကြက်တွေနဲ့ ကြွေခွေးတွေ သက်သက်ပဲ... လွန်ခဲ့တဲ့အချိန်အနည်းငယ်က အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေမှာ နတ်ဘုရားမီးတောက်နယ်ပယ်မှာ ရှိနေပြီးတော့ သူတော်စင် တွေကို သတ်ခဲ့တယ်လို့ဆိုတဲ့ စူးချန်ကဲဆိုတဲ့ လူတစ်ယောက် ထွက်ပေါ်လာတယ်လို့ ငါ ကြားတယ်... ဟဲ ဟဲ... ငါ့ရဲ့အမြင်အရတော့ သူက ရှေးကျပြီး သက်စောင့်စွမ်းအား ညှိုးနွမ်းနေတဲ့ အတုအယောင်သူတော်စင်နှစ်ပါးကို သတ်ခဲ့တာကို ကောင်းကင် ရောက်တဲ့အထိ ချီးကျူးခံနေရတာပဲ... ရေတွင်းအောက်ခြေကနေ ကောင်းကင်ကို မော့ကြည့်နေတဲ့ ဖားသူငယ်တစ်ကောင်ပဲ...ဒါက တကယ့်ကို ရယ်စရာ ကောင်းတယ်... အကယ်၍ ဒီသခင်သာ သူ့ကို တွေ့ရင် တိုက်ကွက်သုံးကွက်အတွင်းမှာ ငါ သူ့ကို ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်အောင် သေချာပေါက် လုပ်ပြမယ်..."

ငွေရောင်ဝတ်ရုံဝတ်လူငယ်၏ အရှိန်အဝါမှာ ပြင်းထန်ပြီး မီးတောက် ပုံစံများက သူ၏ နံဘေးပတ်လည်တွင် ဝိုးတဝါး လှည့်ပတ်နေသည်။ သူသည် မီးစွမ်းအင် တာအိုမျိုးဆက်မှ ဆင်းသက်လာကြောင်း သိသာရှင်းလင်းလှပြီး သူ၏ ကျင့်ကြံခြင်းမှာ သူတော်စင်နယ်ပယ်သို့ ရောက်ရှိနေလေပြီ။ သူသည် အတုအယောင်သူတော်စင်တစ်ပါးသာ ဖြစ်သော်လည်း သူ၏ အခြေခံအုတ်မြစ်မှာ ခိုင်မာပြီး သူ၏အရှိန်အဝါမှာ တူညီသော အဆင့်ရှိ တခြားသူများထက် သိသိသာသာ ပို၍အစွမ်းထက်လေသည်။

သူသည် လီဟော့မဟာနယ်မြေရှိ အစွမ်းထက်သော ဂိုဏ်းတစ်ဂိုဏ်းမှလာကာ သူ့ကိုယ်သူ အထင်ကြီးနေသော်လည်း ယွမ်ယန်နယ်မြေသို့ ဆင်းသက်လာပြီးနောက် အပြင်ဘက်တွင် ပို၍ကြီးမားသော အစွမ်းထက်သူများ ရှိနေကြောင်း သူ သိရှိခဲ့ရလေ၏။ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင် အနည်းငယ်နှင့် တွေ့ဆုံခြင်းက သူ့အတွက် ကြီးမားသော ထိုးနှက်ချက် တစ်ခု ဖြစ်ခဲ့သည်။ အထူးသဖြင့် သူသည် ကောင်းကင်တက်လှမ်းခြင်း လှေကားကို စမ်းသပ်ပြီး အဆင့်သုံးရာကို ကျော်လွန်အောင် တောင့်မခံနိုင်ခဲ့သော အချိန်၌ပင်။ ဤသည်မှာ ကောင်းကင်တက်လှမ်းခြင်းတံတား၏ ပုံရိပ်ယောင်သက်သက်သာ ဖြစ်ပြီး စစ်မှန်သော ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေ မပွင့်သေးကြောင်း သိထားရပေမည်။ အကယ်၍ ထိုအရာသာ စစ်မှန်သော ကောင်းကင်တက်လှမ်းခြင်းတံတား ဖြစ်ပါက သူသည် အဆင့် တစ်ရာကိုပင် ကျော်ဖြတ်နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် သူသည် သူ၏ကိုယ်ပိုင် တည်ရှိမှုကို ပြန်လည်အတည်ပြုရန် သူ၏စိတ်နှလုံးသားထဲရှိ မကျေနပ်မှုနှင့် နာကြည်းမှုများကို အောက်ဘုံအပေါ်သို့ ပုံချခဲ့သည်။

ဤနည်းဖြင့်သာ သူသည် မောက်မာထောင်လွှားသော သူတော်စင်နယ်ပယ် ကျင့်ကြံသူအဖြစ် ဆက်ရှိနေသေးကြောင်း ခံစားနိုင်ပေမည်။

အဓိကအားဖြင့် ကောင်းကင်တက်လှမ်းခြင်း လှေကားအတွက် ရောက်ရှိလာသော ပါရမီရှင်များသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။ ထိုအရာ မပွင့်မီမှာပင် တိမ်တိုက်များအလား ပေါများသော ပါရမီရှင်များ ရှိနေသဖြင့် သူ၏တာအိုနှလုံးသားမှာ အမှန်တကယ်ကို ပြိုလဲကျလုနီးပါး ဖြစ်နေလေပြီ။ သူ၏စကားများက ချက်ချင်းဆိုသလိုပင် လူအများ၏အကြည့်များစွာကို ဆွဲဆောင်သွားခဲ့သည်။

တခြားနယ်မြေများမှ ကျင့်ကြံသူတချို့က ရယ်ပြုံးကာ တုံ့ပြန်ခြင်း မရှိကြချေ။ ယွမ်ယန်နယ်မြေ၏ ဒေသခံကျင့်ကြံသူများကမူ ဒေါသထွက်နေကြသော်လည်း ထုတ်မပြောရဲကြပေ။

မည်သို့ပင်ဆိုသေကာမူ ဤငွေရောင်ဝတ်ရုံဝတ် လူငယ်၏စွမ်းအားမှာ သူတို့အတွက် လက်လှမ်းမမီနိုင်ချေ။

ထုယိုယိုက ဤစကားများကို ကြားလိုက်ရပြီး သူမ၏မျက်နှာလေး ချက်ချင်အေးစက်သွားသည်။ သူမ၏မီးခိုးပြာရောင် မျက်လုံးများ အနည်းငယ် မှေးစင်းသွားပြီး သူမက ငွေရောင် ဝတ်ရုံဝတ်လူငယ်ကို ချက်ချင်းလှည့်ကြည့်ကာ ပြောလိုက်သည်။

"ဟေ့... နင် အဲ့ဒီမှာ ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ... ငါ့ရဲ့စီနီယာအစ်ကိုကို ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့အတွက် တောင်းပန်အောင်လုပ်ဖို့ နင့်မှာ ဘာအရည်အချင်း ရှိလို့လဲ...တကယ်လို့ နင်သာ ငါ့ရဲ့ စီနီယာအစ်ကိုနဲ့ တွေ့ရင် နင် လေလည်ရဲမှာတောင် မဟုတ်ဘူးလို့ ငါ လောင်းရဲတယ်..."

ဆူညံနေသော ရင်ပြင်တွင် မိန်းကလေး၏အသံမှာ ရှင်းလင်းပြီး ထူးခြားစွာ သိသာထင်ရှားနေသည်။

ရုတ်ချည်းဆိုသလိုပင် လူအများ၏အကြည့်များစွာက ထုယိုယိုအပေါ် ကျရောက်သွားသည်။ လူတချို့သည် ပြပွဲတစ်ခုကို ကြည့်နေသည့် သဘောထားမျိုးရှိပြီး လူတချို့က ပေါ့ပေါ့ပါးပါး ကြည့်ရုံသာ ကြည့်ကြကာ တခြားသူများကမူ ထုယိုယို၏အလှအပကြောင့် ဆွဲဆောင်ခြင်းခံလိုက်ရသည်။

All Chapters