အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အခန်း ၁၉ - တော်ဝင်ဦးလေး... ဦးလေးက ကျွန်မကို အော်နေတာလား...
မြင့်မြတ်အရှင်ရွှမ်ကျိက လီချင်းဖုန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောဆိုလိုက်၏။
"တော်လောက်ပြီ... အများကြီး တွေးမနေနဲ့တော့... ဒီကမ္ဘာပေါ်မှာ ရေတွက်လို့မရနိုင်တဲ့ နက်နဲမှုတွေ ရှိတယ်... ဖြစ်နိုင်တာက သူက ကောင်းကင်ကိုဆန့်ကျင်တဲ့ အခွင့်အရေးကို ရခဲ့တာ ဒါမှမဟုတ် ရုတ်တရက် တာအိုကို ရရှိသွားတာလည်း ဖြစ်နိုင်တယ်လေ..."
"ဒါပေမဲ့ အတိုချုပ်ပြောရရင် သူက ငါတို့ထိုက်ချင်ဂိုဏ်း နဝမတောင်ထိပ်ရဲ့ ခေါင်းဆောင်တပည့်ပဲ...ဒါက ငါတို့ထိုက်ချင်ဂိုဏ်းအတွက် ဒါက အရမ်းကောင်းတဲ့ ကိစ္စပဲ... သူ့ကို ကာကွယ်ပေးဖို့နဲ့ သင်ကြားပေးဖို့ ငါတို့ရဲ့ တာဝန်တွေကို ကျေပွန်အောင် လုပ်ဖို့ပဲ လိုတယ်..."
သူ၏အသံ ထွက်ပေါ်လာချိန်တွင် လီချင်းဖုန်းက မြင့်မြတ်အရှင်ရွှမ်ကျိကို ထူးဆန်းစွာ ကြည့်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"စီနီယာအစ်ကို... ခင်ဗျားက ချောက်ကမ်းပါးမဲ့ အဘိုးအိုနဲ့ အမြဲတမ်း အဆင်မပြေဖြစ်နေခဲ့တာ မဟုတ်ဘူးလား... ဘာလို့ ဒီနေ့ကျမှ သူ့ရဲ့ တပည့်ကို ဒီလို ကာကွယ်ပေးနေရတာလဲ..."
ဤသည်မှာ ဇာတ်လမ်းရှည်ကြီးတစ်ခု ဖြစ်သည်။ ထိုအချိန်က ထိုက်ချင်ဂိုဏ်းတွင် တောင်ထိပ်ရှစ်ခုသာ ရှိခဲ့ပြီး နဝမတောင်ထိပ်ဟူ၍ မရှိခဲ့ချေ။ လွန်ခဲ့သော ဆယ်နှစ်ခန့်ကမှ ဂိုဏ်းချုပ် ပြန်လည်ရောက်ရှိလာချိန်တွင် အမြဲတမ်း မျက်နှာပြောင်တိုက်သော အပြုံးတစ်ခုကို ဆင်မြန်းထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို လက်မောင်းချင်း ချိတ်လျက် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်လေသည်။ ဂိုဏ်းချုပ်က ယွမ်ယန်နယ်မြေရှိ တားမြစ်နယ်မြေတစ်ခုအတွင်း ခရီးသွားနေစဉ် သူ့ကိုယ်သူ ချောက်ကမ်းပါးမဲ့ အဘိုးအိုဟု ခေါ်ဆိုသော ဤအမျိုးသားနှင့် တွေ့ဆုံခဲ့ကြောင်း ပြောပြခဲ့သည်။ သူတို့သည် စကားကောင်းကောင်း ပြောဆိုဖြစ်ခဲ့ပြီး အပြန်အလှန် အသိအမှတ်ပြုမှုများ ရှိခဲ့ကြောင်း သူက ပြောဆိုလေသည်။ ထို့နောက် သူက အဘိုးအိုကို ခေါ်လာခဲ့ပြီး တောင်ထိပ်တစ်ခုကို ဖွင့်လှစ်ပေးကာ နဝမတောင်ထိပ်သခင်အဖြစ် တာဝန်ယူစေခဲ့သည်။ ထိုမျှမက သူသည် တချို့သော အထူးအခွင့်အရေးများကို ရရှိခဲ့ပြီး ဂိုဏ်း၏ စည်းမျဉ်းများကို လိုက်နာရန် မလိုအပ်ခဲ့ချေ။
ဤသည်က သဘာဝကျကျပင် မြင့်မြတ်အရှင်ရွှမ်ကျိကို အနည်းငယ် မပျော်မရွှင် ဖြစ်စေခဲ့သည်။ သူသည် ဂိုဏ်း၏ စည်းမျဉ်းများနှင့် အပြစ်ပေးမှုများကို တာဝန်ယူရသူဖြစ်သော်လည်း စည်းမျဉ်းများဖြင့် ကန့်သတ်မထားသော ချောက်ကမ်းပါးမဲ့ အဘိုးအိုနှင့် တိုက်ဆိုင်စွာ တွေ့ဆုံခဲ့ရလေရာ သဘာဝကျကျပင် သူတို့နှစ်ဦး အဆင်မပြေခဲ့ကြချေ။
အထူးသဖြင့် နောက်ပိုင်းတွင် ချောက်ကမ်းပါးမဲ့ အဘိုးအိုက စူးချန်ကဲကို ပြန်ခေါ်လာပြီး သူက နဝမတောင်ထိပ်၏ ခေါင်းဆောင်တပည့်ဖြစ်ကြောင်း ပြောဆိုလိုက်သောအခါ မြင့်မြတ်အရှင်ရွှမ်ကျိမှာ ပို၍ပင် မကျေမနပ် ဖြစ်သွားခဲ့သည်။ သူက 'ဒီကလေးရဲ့ စရိုက်က အေးစက်ပြီး တစ်ကိုယ်ကောင်းဆန်တယ်... ပြီးတော့ သူက ကြီးမားတဲ့ တာဝန်တွေအတွက် မသင့်တော်ဘူး' ဟုပင် ပြောဆိုခဲ့ဖူးသည်။ တပည့်များက ဤအကြောင်းကို မသိကြသော်လည်း တောင်ထိပ်သခင်များအကြားတွင်မူ လျှို့ဝှက်ချက်တစ်ခုမဟုတ်ချေ။
မြင့်မြတ်အရှင်ရွှမ်ကျိက စိတ်ခံစားချက်ကင်းမဲ့သောအသံဖြင့် ပြောလိုက်၏။
"ကိစ္စတစ်ခုက တစ်ခုပဲလေ... ချောက်ကမ်းပါးမဲ့ အဘိုးအိုနဲ့ ငါ ဘယ်လောက်ပဲ သဘောထားကွဲလွဲနေပါစေ အဲ့ဒါက ငါတို့ထိုက်ချင်ဂိုဏ်းရဲ့ အတွင်းရေး ကိစ္စသက်သက်ပါပဲ..."
"အဲ့ဒီလို ဖြစ်သင့်တာပေါ့..."
လီချင်းဖုန်းက ချက်ချင်း သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
သူ၏ ကုလားထိုင်ပေါ်တွင် စောင်းငဲ့ မှီနေသော စတုတ္ထတောင်ထိပ်သခင် ဟင်္သာပြဒါးနေမင်းသခင်သည် တစ်နေရာရာမှ မြေကြီးလက်တစ်ဆုပ်စာတစ်ခုကို ထုတ်ယူလိုက်၏။ သူက ဦးစွာ ထိုမြေကြီးကို နမ်းကြည့်လိုက်ပြီးနောက် သူ၏ ပါးစပ်ထဲသို့ ထည့်ကာ ဝါးလိုက်လေသည်။ ထို့နောက်မှ သူက ဖြည်းညင်းစွာ ပြောလိုက်သည်။
"အင်း... ဆေးလုံး အရသာ မရဘူး... အဲ့ဒါက ဆေးဝါးတွေကြောင့် အတင်းအကျပ် ထွက်လာတာ မဟုတ်ဘူး... သူ့ရဲ့ ကိုယ်ပိုင် ခွန်အားပဲ..."
"ခင်ဗျား ဘာတွေ ဝါးနေတာလဲ..."
ယောင်ရှင်းယဲ့က မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
မြင့်မြတ်အရှင်ရွှမ်ကျိနှင့် လီချင်းဖုန်းတို့သည်လည်း ဟင်္သာပြဒါးနေမင်းသခင်ကို ကြည့်လိုက်ကြပြီး ဤအရာနှင့် ပတ်သက်၍ ပိုမို သိချင်နေပုံရပေသည်။
"ဖုန်နဲ့ မြေကြီးတွေလေ..."
"အို... ဒါက အဲ့ဒီအချိန်က မြင်ကွင်းမှာရှိတဲ့ ဖုန်တွေပါ... ငါ အစည်းအဝေးကို မလာခင် လုပ်စရာမရှိတာနဲ့ လက်ဆုပ်စာတစ်ခု ယူလာပြီး အခုလို သန့်စင်လိုက်တာလေ..."
ဟင်္သာပြဒါးနေမင်းသခင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။
လူတိုင်းက သူ့ကို အထင်အမြင်သေးမှုနှင့် ရွံရှာမှု အရိပ်အယောင်တစ်ခုဖြင့် ချက်ချင်းကြည့်လိုက်ကြသည်။
ဤအချိန်၌ ပဉ္စမတောင်ထိပ်မှ မူးယစ်နတ်မိမယ်က အရက်လေချဉ်တစ်ချက် တက်လိုက်ရာ အတော်လေး အမူးပြေသွားပုံရပေသည်။ သူမက မတ်တတ်ရပ်ကာ ပြောဆိုလိုက်၏။
"ငါ ပြောမယ်... ငါတို့က ဘာလို့ ဒီလောက်တောင် စိတ်ပူနေကြတာလဲ... ဘာပဲဖြစ်ဖြစ် ဒီကောင်လေးက ငါတို့ထိုက်ချင်ဂိုဏ်းရဲ့ တပည့်ပဲလေ... သူ ပိုအစွမ်းထက်လေလေ ပိုကောင်းလေလေ မဟုတ်ဘူးလား... သူ ဘယ်လို ပိုအစွမ်းထက်လာလဲဆိုတာကို နင်တို့က ဘာလို့ ဂရုစိုက်နေတာလဲ... ငါ့ကိုမေးရင် ငါတို့က မသိချင်ယောင်ပဲ ဆောင်နေသင့်တယ်... လူတိုင်း ကိုယ့်အလုပ်ကိုယ် လုပ်ကြပြီး ငါတို့က တိတ်တဆိတ် အရင်းအမြစ်တွေနဲ့ အထောက်အပံ့တွေ ပိုပေးရုံပဲလေ..."
"ပဉ္စမညီမလေး ပြောတာ အဓိပ္ပာယ်ရှိတယ်..." ယောင်ရှင်းယဲ့က သဘောတူလိုက်သည်။
သူတစ်ယောက်တည်း မဟုတ်ဘဲ အခြားသူများကလည်း ထိုသို့ ထင်မြင်ကြသည်။
ကျင့်ကြံခြင်းကမ္ဘာတွင် ရေတွက်၍မရနိုင်သော ကံကောင်းသည့် တွေ့ဆုံမှုများ ရှိလေသည်။ လျှို့ဝှက်ချက် အနည်းငယ် မရှိသည့် မည်သည့် ပါရမီရှင်များ ရှိသနည်း။
အဆုံးအထိ စုံစမ်းခြင်းမှာ အမှန်တကယ်ပင် ပညာမဲ့သော လုပ်ရပ်တစ်ခုပင်။
စူးချန်ကဲ၏ နှလုံးသားက ထိုက်ချင်ဂိုဏ်းနှင့်အတူ ရှိနေသရွေ့ ထိုအရာသည် ဂိုဏ်း၏ ကံကောင်းခြင်းပင်။
"ဒါဆိုရင် စူးချန်ကဲရဲ့ ရုတ်တရက် ခွန်အား မြင့်တက်လာမှုနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်က ဒီမှာတင် ပြီးပြီ... လုပ်စရာရှိတာကို ပြန်သွားရမယ်ဆိုရင် ထျန်းရွှမ်နိုင်ငံရဲ့ နိုင်ငံတော်အခမ်းအနား ရက်ချိန်းအတွက် အဖွဲ့ကို ဦးဆောင်ဖို့ ဘယ်တောင်ထိပ်ရဲ့ ခေါင်းဆောင်တပည့် သွားမလဲ..."
"ဒါနဲ့ စကားမစပ်... ဒီ ထျန်းရွှမ်နိုင်ငံရဲ့ နိုင်ငံတော်အခမ်းအနားက သွေးလှုပ်ရှားမှု၊ ကောင်းကင်လှိုဏ်ဂူနဲ့ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နယ်ပယ်တွေအတွက်ပဲ ယှဉ်ပြိုင်မှုတွေ ရှိတယ်... ဒါကြောင့် စူးချန်ကဲနဲ့ ယောင်ယွီကလွဲရင် တခြားဘယ်သူမဆို သွားလို့ရတယ်..."
"ဒါပေမဲ့ ငါတို့ တည်ငြိမ်တဲ့သူ တစ်ယောက်ကို ရွေးဖို့ လိုတယ်... ကိစ္စက အစကတည်းက ရှုပ်ထွေးနေတာ မဟုတ်ပေမဲ့ စူးချန်ကဲက သူတို့ မင်းသမီးကို ပါးရိုက်လိုက်ပြီးတဲ့နောက်မှာ ထျန်းရွှမ်နိုင်ငံက ငါတို့ ထိုက်ချင်ဂိုဏ်းကို သေချာပေါက် မျက်နှာသာပေးမှာ မဟုတ်ဘူး..."
"ဟဲ ဟဲ... ဒါ ဟွမ်ထျန်းချန်ရဲ့ အကြံအစည် ဖြစ်ရမယ်... အဲ့ဒီ ခွေးသူတောင်းစားက ဘယ်သူ့ကို အထင်သေးနေတာလဲ... တကယ်လို့ သူက မှော်အက္ခရာပုံစံ အကဲစမ်းပွဲကို ခွင့်ပြုလိုက်ရင် ငါတို့ ထိုက်ချင်ဂိုဏ်းက မသွားရဲဘူးလို့များ သူ စိုးရိမ်နေတာလား..."
ယောင်ရှင်းယဲ့က လှောင်ပြောင်ကာ ကျိန်ဆဲလိုက်ပြီးနောက် သူ့ဘာသာ တွေးတောလိုက်၏။
တကယ်လို့ ဆရာစူးရဲ့ အဆောင်လက်ဖွဲ့တာအိုသာ ပြီးပြည့်စုံခြင်းကို ရောက်ရှိသွားပြီဆိုရင် သူက အဆင့်ငယ် အနည်းငယ်လောက် အားနည်းနေရင်တောင် အဆောင်လက်ဖွဲ့ တစ်ခုတည်းနဲ့တင် တခြားလူတွေကို သင်ခန်းစာ ပေးနိုင်တယ်... ကြီးမားတဲ့ အောင်မြင်မှုလောက်ပဲ ရှိသေးတယ်ဆိုရင်တော့ ပြောရခက်တယ်... ထားလိုက်ပါတော့... ထားလိုက်ပါတော့လေ...
ဘာပဲဖြစ်ဖြစ် ဆရာစူးက သွားဖို့ အစီအစဉ် မရှိဘူး...
မြင့်မြတ်အရှင်ရွှမ်ကျိက လေးနက်သော အမူအရာကို ပြသကာ ပြောဆိုလိုက်သည်။
"တခြားသူတွေ အစွမ်းထက်တယ်ဆိုတာကို ဝန်ခံတာက သတ္တိကြောင်တာ မဟုတ်ပါဘူး...တကယ်လို့ အဲ့ဒီမှာ မှော်အက္ခရာပုံစံ အကဲစမ်းပွဲ တကယ်ရှိလာပြီး ယွမ်ရှန်းဂိုဏ်းက နတ်ဘုရားသားတော်က ပါဝင်လှုပ်ရှားလာမယ်ဆိုရင် လက်ရှိ ငါတို့ ထိုက်ချင်ဂိုဏ်းအနေနဲ့ဆိုရင် လူငယ်မျိုးဆက်တွေထဲမှာ သူ့ရဲ့ ပြိုင်ဘက် တစ်ယောက်မှ မရှိတာ အမှန်ပဲ..."
သူ တစ်ဖက်လူကို ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးလေသည်။ သူကိုယ်တိုင်ပင် ဤကောင်လေးက ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ဝန်ခံရပေမည်။
"အဲ့ဒါ အရင်တုန်းကလေ... အခု ငါတို့ဆီမှာ စူးချန်ကဲ ရှိနေပြီ မဟုတ်ဘူးလား..."
ဟင်္သာပြဒါးနေမင်းသခင်က မပြောဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
အနည်းငယ် စဉ်းစားပြီးနောက် မြင့်မြတ်အရှင်ရွှမ်ကျိက ပြောလိုက်၏။
"နယ်ပယ် ကွာဟချက်က ကြီးမားလွန်းတယ်... သူက ကောင်းကင်လှိုဏ်ဂူ ပေါင်းစည်းခြင်းနယ်ပယ်နဲ့ အရမ်းပါရမီရှိရင်တောင် လုံလောက်မှာ မဟုတ်ဘူး..."
ယွမ်ရှန်းဂိုဏ်း၏ နတ်ဘုရားသားတော်သည် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ၏ ထိပ်တန်း ပါရမီရှင်များကို ကျော်တက်သွားခဲ့လေပြီ။
အကယ်၍ စူးချန်ကဲက သူ့ကို ရင်ဆိုင်ရမည်ဆိုလျှင်ပင် သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။
"ဒါ့ပြင် ဘယ်သူမဆို သွားလို့ရပေမဲ့ သူကတော့ လုံးဝသွားလို့ မရဘူး..."
မြင့်မြတ်အရှင်ရွှမ်ကျိက တွေးတောပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။
အကယ်၍ သူ သွားခဲ့ပါက ထျန်းရွှမ်နိုင်ငံမှ လူများက သူ့ကို မြင်တွေ့သောအခါ မည်သို့ ဖြစ်လာမည်နည်း...
ထိုအရာက ပစ်မှတ်ထားခံရရုံလောက် ရိုးရှင်းမည် မဟုတ်ချေ။ စူးချန်ကဲကို အနည်းငယ်မျှပင် အန္တရာယ် မကြုံစေချင်ပေ။ မည်သို့ပင်ဆိုစေ ယောင်ယွီထံတွင် မရှိသော မျှော်လင့်ချက် အရိပ်အယောင်တစ်ခုကို သူ့ထံတွင် မြင်တွေ့ခဲ့ရလေသည်။
အရေးအကြီးဆုံးမှာ စူးချန်ကဲသည် တိတ်တဆိတ် သည်းခံတတ်သည့် အမျိုးအစား မဟုတ်ကြောင်းကိုလည်း သူ မြင်တွေ့ခဲ့ရပေသည်။ ယွမ်ရှန်းဂိုဏ်းက စည်းမျဉ်းများကို မလိုက်နာပါက မည်သို့ ဖြစ်မည်နည်း...
အရမ်း အန္တရာယ်များတယ်...
"ကောင်းပြီ... အချိန်စေ့တော့မယ်... ဒီကိစ္စအတွက် ရက်အနည်းငယ် လိုသေးတယ်... အားလုံး ပြန်ပြီး ဆွေးနွေးကြ... တခြား တောင်ထိပ် ခုနစ်ခုက ခေါင်းဆောင်တပည့်တွေထဲက ဘယ်သူက ပိုပြီးတည်ငြိမ်တဲ့ စိတ်နေသဘောထား ရှိလဲဆိုတာကို ကြည့်ကြ... သုံးရက်အတွင်း ကိုယ်စားလှယ် တစ်ယောက်ကို ငါတို့ ဆုံးဖြတ်မယ်..."
"အင်း... အစည်းအဝေး ပြီးပြီ..."
မြင့်မြတ်အရှင်ရွှမ်ကျိက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ပုံရိပ်မှာ ပလ္လင်ပေါ်မှ ပထမဆုံး မှေးမှိန်ပျောက်ကွယ်သွားလေ၏။
အခြားတောင်ထိပ်သခင်များလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြသော်လည်း အနည်းနှင့်အများဆိုသလို ဝမ်ကန်း၏ စကားများကြောင့် သူတို့အားလုံး စူးချန်ကဲအပေါ် ပြင်းထန်သော သိချင်စိတ်တစ်ခု အလိုအလျောက် ဖြစ်ပေါ်လာခဲ့ကြသည်။
ထိုအရာကို သူတို့ အကြွင်းမဲ့ မယုံကြည်ခဲ့သော်လည်း စူးချန်ကဲ၏ ခွန်အားမှာ ရုတ်တရက် မြင့်တက်လာခြင်း ကောင်းကင်လှိုဏ်ဂူ ပေါင်းစည်းခြင်းနယ်ပယ်ကို ရောက်ရှိခဲ့ခြင်းနှင့် လင်းထျန်းလန်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်ခဲ့ခြင်းတို့မှာ အမှန်တရားပင်။
တစ်ချိန်တည်းမှာပင်...
အခြားတစ်ဖက်၌....
ဂုဏ်သရေရှိ ဧည့်သည်များကို လက်ခံတွေ့ဆုံရန်အတွက် ထိုက်ချင်ဂိုဏ်း၏ သီးသန့်နေရာဖြစ်သော ရိုးရှင်းပြီး ရှေးဟောင်းဆန်သည့် နန်းတော်တစ်ခုအတွင်း နှလုံးသားကို ဆုတ်ဖြဲလုမတတ်အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"အား..."
"ငါ သူ့ကို သတ်ချင်တယ်..."
"ဒီမင်းသမီးက သူ့ကို သေချာပေါက် သတ်ရမယ်..."
မင်းသမီးဟွမ်ယဲ့သည် အိပ်ရာပေါ်တွင် ဒေါသတကြီး ဖြစ်နေလေ၏။ သူမ၏ ပါးပြင်ပေါ်ရှိ ရောင်ရမ်းမှုမှာ စိတ်ဝိညာဉ်ဆေးဝါးများကြောင့် ကျဆင်းသွားသော်လည်း လက်ချောင်းငါးချောင်းရာမှာ ထင်ရှားနေဆဲပင်။ သူမ၏ သွားများကို အပြည့်အဝ ပြန်လည်မတပ်ဆင်ရသေးသဖြင့် ယခုအချိန်၌ သူမကို အနည်းငယ် ရယ်စရာကောင်းနေစေသည်။
"ပါးစပ်ပိတ်ထားစမ်း..."
လက်ဖက်ရည် စားပွဲတွင် ထိုင်နေသော ဟွမ်တီခွန်းက မင်းသမီးဟွမ်ယဲ့ကို စူးရှစွာ ကြည့်လိုက်၏။ သူတို့က ထိုက်ချင်ဂိုဏ်းကို ထပ်မံ စော်ကားမိမည်ကို စိုးရိမ်သဖြင့် သူ၏ နတ်ဘုရားအာရုံက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ စူးစမ်းနေလေသည်။
"တော်ဝင်ဦးလေး... ဦးလေးက ကျွန်မကို အော်နေတာလား...အရင်တုန်းက ဦးလေးက ယဲ့အာကို ဘယ်တုန်းကမှ အော်ဖို့ ဆန္ဒမရှိခဲ့ဘူးလေ... ဦးလေးက ကျွန်မကို တကယ် အော်တယ်ပေါ့..."
"ဝါး..."
မင်းသမီးဟွမ်ယဲ့၏ မျက်ရည်များ စီးကျလာပြီး အသံကျယ်ကြီးဖြင့် စတင်ငိုကြွေးလေတော့သည်။
ဟွမ်တီခွန်း၏မျက်နှာမည်းမှောင်သွားပြီး ဆူပူလိုက်သည်။
"ငိုတာကို ရပ်လိုက်စမ်း... ငါတို့က အပြင်ရောက်နေတာ... နင် မျက်နှာပျက်ခဲ့ရတာ မလုံလောက်သေးဘူးလား..."
သူ ဤအကြောင်းကို တွေးမိရုံဖြင့် ဒေါသထွက်လာသည်။ အကယ်၍ သူမကြောင့်သာ မဟုတ်ပါက မြင့်မြတ်အရှင်ရွှမ်ကျိကြောင့် သူ တုန်ရီသွားပြီး ဤကဲ့သို့ ရုပ်ဆိုးသော အခြေအနေမျိုးကို မည်သို့ ပြသမိမည်နည်း။ သူ ပို၍ ပြန်လည်အမှတ်ရလေလေ ပို၍အရှက်ရလေလေပင်။
"ဝါး..."
"ငါ ဂရုမစိုက်ဘူး... တော်ဝင်ဦးလေးက ငါ့ကို သွားခိုင်းတာ မဟုတ်ဘူးလား... ဝါး..."
"ဒါက ယောင်ယွီကို အပြင်ထွက်လာအောင် ဖိအားပေးနိုင်လိမ့်မယ်လို့ ဦးလေး ပြောခဲ့တယ်လေ... ဒါမှ ငါတို့က ထိုက်ချင်ဂိုဏ်း လူငယ်မျိုးဆက်တွေရဲ့ ခွန်အားကို မြင်တွေ့နိုင်မှာပေါ့လို့... ဝါး..."
"ငါ ပြန်ရောက်ရင် ငါ့ရဲ့ ခမည်းတော် ဧကရာဇ်ကို ပြောပြမယ်... ဝါး..."
ဟွမ်တီခွန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူ၏ နှလုံးသားထဲတွင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။ ထို့နောက် သူက ရှေ့သို့ တစ်လှမ်းတိုးကာ ညင်သာစွာ ပြောလိုက်သည်။
"ယဲ့အာ... မငိုနဲ့တော့... စိတ်မပူပါနဲ့ တော်ဝင်ဦးလေးက မင်းအတွက် ဒီဒေါသကို သေချာပေါက် ဖြေဖျောက်ပေးမှာပါ... ထိုက်ချင်ဂိုဏ်းက နိုင်ငံတော်အခမ်းအနား ရက်ချိန်းကို သဘောတူပြီးပြီလေ... သူတို့လူတွေ ထျန်းရွှမ်နိုင်ငံကို ရောက်လာတာနဲ့ မင်း သဘောကျသလို သူတို့ကို အနိုင်ကျင့်လို့ ရပြီ... ဟုတ်ပြီလား..."
အခန်း ၂၀ :သူ တကယ် ဟန်ဆောင်နေတာ မဟုတ်ဘူး တော်ဝင်ဦးလေး... နားလည်ရဲ့လား...
ဟွမ်တီခွန်း ခေါင်းညိတ်လိုက်၏။
အမှန်တကယ်တော့ သူတို့ ထျန်းရွှမ်နိုင်ငံသည် ဆုံးဖြတ်ချက်ချပြီးသလောက် ဖြစ်နေလေပြီ။ ထိုကိစ္စကို ကြေညာခြင်း မရှိသေးခြင်းသာ ဖြစ်ပေ၏။ ဤနိုင်ငံတော်အခမ်းအနား ဖြစ်ပေါ်လာသည်ဖြစ်စေ မဖြစ်ပေါ်လာသည်ဖြစ်စေ ယွမ်ရှန်းဂိုဏ်း၏ဘက်သို့ ဝင်ရောက်ရန် သူတို့၏ ရွေးချယ်မှုအပေါ် သက်ရောက်မှုရှိမည် မဟုတ်ချေ။
ထိုက်ချင်ဂိုဏ်းကို ဖိတ်ကြားရသည့် အကြောင်းရင်းအမှာ ယွမ်ရှန်းဂိုဏ်းအတွက် အရှိန်အဟုန် တည်ဆောက်ပေးရန် သက်သက်သာ ဖြစ်လေ၏။
မင်းသမီးဟွမ်ယဲ့က သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီးနောက် အံ့ကြိတ်ကာ ပြောဆိုလိုက်သည်။
"အဲ့ဒီ စူးချန်ကဲကို လာအောင် လုပ်ပေးလို့ ရမလား... ငါ သူ့ကို သေချာပေါက် အရှက်ခွဲပစ်ရမယ်..."
"သူ့ကိုလား..."
ဟွမ်တီခွန်းက အထင်အမြင်သေးစွာ ပြုံးလိုက်ပြီး စားပွဲပေါ်ရှိ စိတ်ဝိညာဉ် လက်ဖက်ရည်ကို ကောက်ယူကာ တစ်ငုံ သောက်လိုက်ပြီး ပြောလိုက်၏။
"သူ လာရဲမှာ မဟုတ်လောက်ဘူး..."
"ဘာဖြစ်လို့လဲ..."
မင်းသမီးဟွမ်ယဲ့က ဇဝေဇဝါဖြစ်သွားပြီး မုန်းတီးစွာဖြင့် ပြောလိုက်သည်။
"သူက အရမ်း မောက်မာနေတာ မဟုတ်ဘူးလား... သူက ထိုက်ချင်ဂိုဏ်းရဲ့ အစွမ်းထက်ဆုံး တပည့် ဖြစ်သင့်တယ်လေ... သူ အဖွဲ့ကို ဦးဆောင်မလာရင် ဘယ်သူက ဦးဆောင်မှာလဲ..."
ဟွမ်တီခွန်းက သူ၏ လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီး ဖြည်းညှင်းစွာ ပြောဆိုသည်။
"ယွမ်ရှန်းဂိုဏ်းရဲ့ နတ်ဘုရားသားတော်က အဖွဲ့ကို ဦးဆောင်လာမယ်ဆိုတဲ့ သတင်းက မကြာခင် ပျံ့နှံ့သွားတော့မှာမို့လို့ပဲ... ယွမ်ရှန်း နတ်ဘုရားသားတော်နဲ့ ရင်ဆိုင်ရရင် ဒီစူးချန်ကဲက ဘာမှမဟုတ်ဘူး..."
ဤကိစ္စမှာ အလွန်အမင်း လျှို့ဝှက်လှသည်။ ယခုတစ်ကြိမ် ထျန်းရွှမ်နိုင်ငံတွင် ထိုက်ချင်ဂိုဏ်း၏ လူငယ်မျိုးဆက်များ ကြီးမားသော ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ရသရွေ့ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေရှိ ထိုက်ချင်ဂိုဏ်း၏ လွှမ်းမိုးမှုမှာ မလွှဲမရှောင်သာ ကျဆင်းသွားပေမည်။ ထို့နောက် ယွမ်ရှန်းဂိုဏ်းနှင့် မဟာမိတ်ဖွဲ့မည့် သူ၏ အစီအစဉ်ကို စတင်နိုင်မည်ဖြစ်ပြီး ယွမ်ရှန်းဂိုဏ်းအတွက် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေကို ပေါင်းစည်းရန် အရှိန်အဟုန် ပိုမိုတည်ဆောက်နိုင်ပေမည်။ ဤသည်မှာ တကယ့်ကို နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် အခြေအနေပင်။
သူ့ထံ၌ အလွန်ယုံကြည်မှု ရှိနေပေ၏။
အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေရှိ လူငယ်မျိုးဆက်များထဲတွင် မည်သူက ယွမ်ရှန်းဂိုဏ်းနတ်ဘုရားသားတော်၏ ပြိုင်ဘက် ဖြစ်နိုင်မည်နည်း...
အစီအစဉ်က အမှားအယွင်းမရှိစေရန်နှင့် ထိုက်ချင်ဂိုဏ်း၏ တက်ရောက်မှုကို အတည်ပြုရန်အတွက် သူ ကိုယ်တိုင် ခရီးစဉ်တစ်ခု ပြုလုပ်ရမည်ဖြစ်ပြီး လမ်းတစ်လျှောက်တွင် ထိုက်ချင်ဂိုဏ်း လူငယ်မျိုးဆက်သစ်များ၏ ခွန်အားကို စစ်ဆေးရပေမည်။
မင်းသမီးဟွမ်ယဲ့ ပြဿနာရှာခြင်းကို ရပ်တန့်စေရန်အတွက် ယခု သူ ဤသို့ ပြောနေခြင်းသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သတင်းများက မကြာမီ ထွက်ပေါ်လာတော့မည်ဖြစ်ပြီး ထိုက်ချင်ဂိုဏ်းကလည်း နိုင်ငံတော်အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားချက်ကို လက်ခံပြီးပြီ ဖြစ်လေသည်။ ယခု ပေါက်ကြားသွားလျှင်ပင် မည်သည့် သက်ရောက်မှုမျှ ရှိမည် မဟုတ်ချေ။
မျှော်လင့်ထားသည့်အတိုင်း မင်းသမီးဟွမ်ယဲ့က အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း သူမ၏ စိတ်အခြေအနေ သိသိသာသာ တိုးတက်လာခဲ့သည်။ သူမက အံ့ကြိတ်ကာ ပြောလိုက်၏။
"ဒါဆိုရင် သူရဲ့ ဂိုဏ်းတူတပည့်တွေ ဒီမင်းသမီးရဲ့ ဒေါသကို ခံယူရမယ်..."
မကြာမီ...
ဟွမ်တီခွန်းသည် မင်းသမီးဟွမ်ယဲ့၏ အခန်းမှ ထွက်ခွာလာခဲ့ပြီး သူ၏ မျက်မှောင်များ အလိုအလျောက် ကြုံ့သွားခဲ့လေ၏။ ခြံဝင်းအတော်များများကို ဖြတ်ကျော်ပြီးနောက် ကျယ်ဝန်းမှုနည်းပါးသော အခန်းတစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
"ကောင်လေးလင်း... မင်းက ဒီမင်းသားကို သေချာပေါက် စိတ်ပျက်စေခဲ့တာပဲ...ဒီမင်းသားက မင်းကို ထိုက်ချင်ဂိုဏ်းရဲ့ လူငယ်မျိုးဆက်တွေကို ဖိနှိပ်ဖို့နဲ့ ယောင်ယွီရဲ့ ဝှက်ဖဲတွေကို စုံစမ်းဖို့အတွက် ကျားကို စားဖို့ ဝက်ယောင်ဆောင်ခိုင်းတာလေ... မင်းက ဝက်စာစားဖို့အတွက် ဝက်ယောင်ဆောင်တဲ့အထိ ဖြစ်သွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး..."
ဟွမ်တီခွန်းက ဖျော့တော့တော့အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ သူသည် ခန်းမထဲတွင် ပေါ့ပေါ့ပါးပါး ထိုင်လိုက်ပြီး သူ၏ အကြည့်က ရှေ့ရှိ ကုတင်ပေါ်တွင် မလှုပ်မယှက်ဖြစ်နေသော လင်းထျန်းလန်ပေါ်သို့ တည့်တည့်ကျရောက်သွားလေသည်။
သူသည် ယွမ်ရှန်းဂိုဏ်း၏ နတ်ဘုရားသားတော်အပေါ် အလွန် ယုံကြည်မှုရှိသော်လည်း တချို့အရာများကိုမူ ရှင်းလင်းရန် လိုအပ်နေဆဲပင်။
အထူးသဖြင့် သူ၏ အချက်အလက်များနှင့် ပြင်းထန်စွာ ကွဲလွဲနေသော ခွန်အားဖြင့် ရုတ်တရက် ပေါ်လာခဲ့သည့် စူးချန်ကဲပင် ဖြစ်သည်။
"ကျွန်တော်က တကယ့် ဝက်ပါ... ဒါပေမဲ့ သူက ကျားယောင်ဆောင်နေတာ မဟုတ်ပါဘူး... သူက တကယ့် နဂါးပါ... တော်ဝင်ဦးလေး... ကျွန်တော်တို့ အစကတည်းက မှားနေခဲ့တာပါ..."
လင်းထျန်းလန်က ညင်သာစွာ ပြောဆိုလိုက်၏။ သူ၏ အသံမှာ အက်ကွဲနေပြီး သူ၏ မျက်နှာမှာ ဖြူရော်နေဆဲဖြစ်ကာ သူ၏ စိတ်ထဲတွင် ယနေ့ ရင်ဆိုင်ခဲ့ရသော အခိုက်အတန့်ကို အဆက်မပြတ် ပြန်လည်မြင်ယောင်နေသည်။
ထိုက်ချင်ဂိုဏ်းမှာ အစွမ်းအထက်ဆုံးက ဒီစူးချန်ကဲပဲ...
အဲ့ဒါက ယွမ်ရှန်းဂိုဏ်း ပြောခဲ့တာနဲ့ လုံးဝ ကွာခြားနေတယ်... ထိုက်ချင်ဂိုဏ်းရဲ့ လူငယ်မျိုးဆက်မှာ ပါရမီရှင် မရှိဘူးတဲ့လား...
ဒါကို မရှိဘူးလို့ ခေါ်တာလား...
"ဟမ့်... ဒါဆို မင်းပြောစမ်း... မင်း... လင်းထျန်းလန်ကို ဒီလောက် ဆိုးဆိုးရွားရွား အနိုင်ယူနိုင်ခဲ့တဲ့ သူ့ရဲ့ ခွန်အားက ဘာလဲ..."
ဟွမ်တီခွန်းက အေးစက်စက် နှာမှုတ်လိုက်၏။ ရန်သူ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးသော လင်းထျန်းလန်၏ မှတ်ချက်များကို သူ မကျေနပ်ကြောင်း ရှင်းလင်းလှသည်။ သို့ရာတွင် လင်းထျန်းလန်၏ ဆရာကို ထောက်ထားသောအားဖြင့် သူ လွန်လွန်ကျူးကျူး ဘာမျှ မလုပ်ခဲ့ချေ။
လင်းထျန်းလန်က မျက်နှာကျက်ကို ကြည့်ကာ အနည်းငယ် ဗလာကျင်းနေသော လေသံဖြင့် ပြောလိုက်သည်။
"ကျွန်တော် မသိဘူး..."
"မင်း မသိဘူးလား..."
ဟွမ်တီခွန်းက မျက်ခုံးပင့်လိုက်၏။
မသိဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ...
"ဒါပေမဲ့ သူ့ရဲ့ ခွန်အားက သေချာပေါက် မြင်ရသလောက် ရိုးရှင်းမနေဘူးဆိုတာ ကျွန်တော် ခံစားနိုင်တယ်..."
လင်းထျန်းလန်က ဖြည်းညှင်းစွာ ပြန်ဖြေလိုက်သည်။
ဤအရာကို ကြားသောအခါ ဟွမ်တီခွန်းမှာ မျက်မှောင်ကြုတ်သွားပြီး ထပ်မံ၍ ဖိအားပေးလိုက်၏။
"မင်း ဆိုလိုတာက သူကလည်း ဝက်ယောင်ဆောင်နေတယ်ပေါ့... မှော်အက္ခရာရေးထိုးခြင်းနယ်ပယ် အစောပိုင်းအဆင့်ရဲ့ ခွန်အား သက်သက် မဟုတ်ဘူးပေါ့... ပြီးတော့ သူ့မှာ အရမ်းအစွမ်းထက်တဲ့ ဝှက်ဖဲတွေ ရှိတယ်ပေါ့... မင်း ဘယ်လို သိတာလဲ... အဲ့ဒီ ဓားချက်ကြောင့်လား... အဲ့ဒီ ဓားချက်က ထိုက်ချင်ဓားနည်းစနစ်လို မြေကမ္ဘာအဆင့် နတ်ဘုရားစွမ်းရည် မဟုတ်ဘူးမလား... အဲ့ဒါ ကောင်းကင်အဆင့်လား..."
သူ စကားပြောဆိုနေစဉ် သူ၏ အမူအရာမှာ တဖြည်းဖြည်း တည်ကြည်လေးနက်လာခဲ့သည်။
အကယ်၍ ထိုအရာက အမှန်ဖြစ်ပါက သူ၏အစီအစဉ် နယ်ပယ်ထက် အမှန်တကယ်ပင် အနည်းငယ် ကျော်လွန်နေပေလိမ့်မည်။
သူက မှော်အက္ခရာရေးထိုးခြင်းနယ်ပယ် အလယ်အလတ်အဆင့်မှာ ရှိနေနိုင်မလား...
ဒါမှမဟုတ် နှောင်းပိုင်းအဆင့်များလား...
အကယ်၍ ထိုသို့သာ ဖြစ်ပါက စူးချန်ကဲသည် အမှန်တကယ်ပင် ယွမ်ရှန်းဂိုဏ်း၏ နတ်ဘုရားသားတော်နှင့် ယှဉ်ပြိုင်နိုင်သည့် ခွန်အား ရှိနေပေမည်။ သူ လိုချင်ခဲ့သည်မှာ အပြည့်အဝ ချေမှုန်းခြင်းဖြစ်ပြီး ထိုက်ချင်ဂိုဏ်း၏ အရှိန်အဟုန်ကို ဖျက်ဆီးပစ်ရန်ဖြစ်ကာ ပါရမီရှင်များအကြား အပြန်အလှန် တိုက်ပွဲတစ်ခု မဟုတ်ချေ။ သူတို့ အနိုင်ရလျှင်ပင် လုံလောက်မည် မဟုတ်ပေ။
လင်းထျန်းလန်က ခေါင်းခါယမ်းကာ ပြောဆိုလိုက်၏။
"နှစ်ခုလုံး မဟုတ်ဘူး... သူက ကျွန်တော်နဲ့တူတဲ့ မှော်အက္ခရာရေးထိုးခြင်းနယ်ပယ် အစောပိုင်းအဆင့်မှာ ရှိနေတယ်ဆိုတာ ကျွန်တော် သေချာတယ်..."
"ဒါဆို သူက ရိုးရှင်းမနေဘူးလို့ မင်း ပြောတာလား..."
ဟွမ်တီခွန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ကျိန်ဆဲချင်စိတ်ကို မအောင့်ထားနိုင်တော့ချေ။
"ဘာဖြစ်လို့လဲဆိုတော့ အစကနေ အဆုံးအထိ သူက အမြဲတမ်း..."
လင်းထျန်းလန် စကားပြောနေစဉ် လေးစားမှု အရိပ်အယောင်တစ်ခုပင် ပါဝင်နေသည့် စိတ်ရှုပ်ထွေးသော အမူအရာတစ်ခုက သူ၏ မျက်နှာပေါ်တွင် အလိုအလျောက် ထွက်ပေါ်လာခဲ့လေ၏။
ဤသည်က ဟွမ်တီခွန်းကိုပင် အနည်းငယ် စိုးရိမ်သွားစေပြီး ကမန်းကတန်း မေးလိုက်သည်။
"အမြဲတမ်း ဘာဖြစ်လဲ..."
"အမြဲတမ်း အရမ်း တည်ငြိမ်လွန်းနေတယ်...ဒီလောက် တည်ငြိမ်တဲ့ ပြိုင်ဘက်မျိုးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး... သူ ကျွန်တော့်ကို ကြည့်တဲ့အခါ သူ့မျက်လုံးတွေထဲမှာ မုန်းတီးမှု အရိပ်အယောင် မရှိသလို စိတ်ဝင်စားမှု နည်းနည်းလေးတောင် မရှိဘူး..."
"ကမ္ဘာကြီး ပြောင်းပြန်ဖြစ်သွားရင်တောင်မှ သူက တုန်လှုပ်မှာ မဟုတ်ဘူးဆိုတဲ့ အတိုင်းပဲ..."
"သူ တကယ် ဟန်ဆောင်နေတာ မဟုတ်ဘူး တော်ဝင်ဦးလေး... နားလည်ရဲ့လား..."
လင်းထျန်းလန်၏ စိတ်ခံစားမှုများမှာ အဆုံးပိုင်းသို့ ရောက်လာသည်နှင့်အမျှ အနည်းငယ် တက်ကြွလာခဲ့လေသည်။
သူ၏ ဘဝတလျှောက်လုံးတွင် ပါရမီရှင် အမျိုးမျိုးနှင့် တိုက်ခိုက်ခဲ့ပြီး စရိုက်အမျိုးမျိုးကို မြင်တွေ့ခဲ့ဖူးသော်လည်း စူးချန်ကဲကဲ့သို့သော သူမျိုးနှင့် တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။
လွန်ခဲ့သော နှစ်များက သူ့ကို ချက်ချင်း အနိုင်ယူခဲ့သော ယွမ်ရှန်းဂိုဏ်း၏ နတ်ဘုရားသားတော်ပင်လျှင် ဤကဲ့သို့ အရည်အချင်းမျိုးကို မပိုင်ဆိုင်ခဲ့ချေ။
ဤလူမှာ သေချာပေါက် ရိုးရှင်းမည် မဟုတ်ကြောင်း ယုံကြည်ရန် သူ့ထံတွင် အကြောင်းပြချက် ရှိပေသည်။
အချိန်တစ်ခဏမျှ သူသည် စူးချန်ကဲနောက်သို့ပင် လိုက်ချင်သလို ခံစားလိုက်ရလေ၏။
ဟွမ်တီခွန်း၏ မျက်ခွံများ လှုပ်ရှားသွားပြီး စကားပြောရန် ဆွံ့အသွားခဲ့သည်။
"တည်ငြိမ်တာလား..."
"ငါ့ဖင်ကို တည်ငြိမ်တာလား..."
ထို့နောက် သူသည် ဂရုမစိုက်စွာ မတ်တတ်ရပ်လိုက်၏။ လင်းထျန်းလန်ကို လှည့်ကြည့်ကာ သူက သူ့ဘာသာ တွေးလိုက်သည်။
"ဒီကောင်လေးက တကယ်ကို ပျက်စီးသွားပြီပဲ..."
"အင်းလေ... အစီအစဉ်က ချမှတ်ပြီးပြီဆိုတော့ အရေးမကြီးပါဘူး... သူ့ရဲ့ နယ်ပယ်က မှော်အက္ခရာရေးထိုးခြင်းနယ်ပယ် အစောပိုင်းအဆင့်မှာ ရှိနေသေးသရွေ့ အရာအားလုံးက ငါ မျှော်လင့်ထားတဲ့အတိုင်းပါပဲ..."
နေမင်းက အနောက်ဘက်တွင် ဝင်သွားလေပြီ။
နဝမတောင်ထိပ်သည် ဝင်သွားသော နေမင်း၏ နောက်ဆုံးအလင်းရောင်တွင် ပို၍ပင် အေးချမ်းကာ အေးအေးဆေးဆေး ရှိနေပုံရပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်နေသည့်အလားပင်။
လိမ္မော်နီရောင် အလင်းတန်းက တောင်ထိပ်တစ်ခုလုံးကို နွေးထွေးသော အလင်းရောင် အနားကွပ်တစ်ခုဖြင့် ဖုံးအုပ်ထားလေ၏။
တောင်ထိပ်ရှိ ဝူယာခြံဝင်း...
စူးချန်ကဲသည် ကျောက်တုံးခုံတန်းတစ်ခုပေါ်တွင် အလွန်အေးအေးဆေးဆေး ထိုင်ကာ ရှေးဟောင်းလက်ဖက်ရည် အိုးခွက်တစ်စုံဖြင့် ကစားနေသည်။ သူ၏ရှေ့ရှိ ရေနွေးအိုးမှ ရေနွေးငွေ့များ လွင့်တက်နေပြီး စိတ်ဝိညာဉ် လက်ဖက်ရည်၏ မွှေးပျံ့သော ရနံ့ကို ထုတ်လွှတ်နေသည်။
【လက်ဖက်ရည်တာအို ထိုးထွင်းသိမြင်မှု +1】
【လက်ဖက်ရည်တာအို ထိုးထွင်းသိမြင်မှု +1】
【ကောင်းကင်ကိုဆန့်ကျင်သော နားလည်သဘောပေါက်နိုင်စွမ်း ....အဆောင်လက်ဖွဲ့တာအိုတွင် သင်၏ ပြီးပြည့်စုံမှုအပေါ် အခြေခံ၍ သင်၏ လက်ဖက်ရည်တာအိုသည် အသေးစား အောင်မြင်မှုအဆင့်တွင် တာအိုသို့ ဝင်ရောက်သွားပါပြီ...】
"ငါ လက်ဖက်ရည်တာအို လမ်းစဉ်ထဲကို ဝင်ရောက်သွားပြီလား..."
"ကျွတ်... ကျွတ်... ဒီ ကောင်းကင်ကိုဆန့်ကျင်တဲ့ နားလည်သဘောပေါက်နိုင်စွမ်း ကျွမ်းကျင်မှုက တကယ်ကို အသုံးဝင်တာပဲ..."
စူးချန်ကဲက စုပ်သပ်လိုက်၏။
လက်ဖက်ရည်တာအိုသည် တာအိုတစ်သောင်းကြားတွင် တိုက်ခိုက်ရေးစွမ်းရည်တစ်ခုအဖြစ် မသတ်မှတ်ထားသော်လည်း တာအိုတစ်ခုဖြစ်ခြင်းက ထိုအရာကို အသုံးဝင်ကြောင်း ပြသနေခြင်းပင်။
လက်ဖက်ရည်ဖျော်သည့် လုပ်ငန်းစဉ်က အနှောင့်အယှက်ဖြစ်စေသော အတွေးများကို စွန့်ပစ်ပြီး တစ်စုံတစ်ယောက်၏ စရိုက်ကို ပြုစုပျိုးထောင်သည့် လုပ်ငန်းစဉ်တစ်ခုပင်။
ကောင်းကင်ဘုံနှင့်အသင်္ချေနယ်မြေများတွင် သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းသော ကျွမ်းကျင်သူများမှာ မရှားပါးလှချေ။ သူတို့သည် သတ်ဖြတ်လိုသော စိတ်ဆန္ဒနှင့် စိုးရိမ်ပူပန်မှုကဲ့သို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကြောင့် မကြာခဏ ဒုက္ခရောက်လေ့ရှိကြသည်။ ဤကဲ့သို့သော အချိန်များတွင် သူတို့သည် သူတို့၏ နှလုံးသားများကို ပြုစုပျိုးထောင်ရန် တာအိုတစ်ခုကို ရွေးချယ်ကြပြီး လက်ဖက်ရည်တာအိုမှာ ထိုအရာများထဲမှ တစ်ခုပင်။
ထို့ပြင် ဥပဒေသများအားလုံးက အရင်းအမြစ်တစ်ခုတည်းကို မျှဝေခံစားကြသည်ဖြစ်ရာ လက်ဖက်ရည်တာအိုမှတစ်ဆင့် ကောင်းကင်နှင့်မြေပြင်၏ မဟာတာအိုကိုလည်း နားလည်သဘောပေါက်နိုင်ပေသည်။ ထိုအရာသည် ကျင့်ကြံခြင်း ပုံစံတစ်မျိုးလည်း ဖြစ်လေ၏။
သို့ရာတွင် လက်ဖက်ရည်တာအိုကို သိရှိသူများမှာ အလွန်ရှားပါးလှသည်။ စူးချန်ကဲ ငယ်ရွယ်စဉ်က စိတ်ဝိညာဉ်နယ်မြေတွင် လက်ဖက်ရည်ဖျော်နေသော မဟာကျွမ်းကျင်သူ တစ်ဦးကိုသာ မြင်ဖူးခဲ့လေသည်။ ထိုသူမှာ တကယ့်ကို အင်မော်တယ်တစ်ပါးနှင့် တူညီသည်။ သူ၏အနီးတွင် ရှိနေခြင်းကပင် လူတစ်ဦး၏ စိတ်အခြေအနေကို အလိုအလျောက် ငြိမ်သက်သွားစေနိုင်သည်။ အထူးသဖြင့် သူ ဖျော်စပ်ထားသော လက်ဖက်ရည်ပင်။ သာမန် လက်ဖက်ခြောက်များကို အသုံးပြုထားလျှင်ပင် ထိုအရာကို သောက်သုံးခြင်းက နတ်ဘုရားစိတ်ဝိညာဉ်ကို ကြံ့ခိုင်စေပြီး သွေးချီများကို ဖြည့်တင်းပေးနိုင်သည်။ မကြာမီ နားလည်သဘောပေါက်မှု အလင်းတန်းတစ်ခုက စူးချန်ကဲ၏ မျက်လုံးများတွင် ဖြတ်ပြေးသွားပုံရပြီး သူ၏ လက်လှုပ်ရှားမှုများ အလိုအလျောက် မြန်ဆန်လာခဲ့လေ၏။ သူ၏ ချောမွေ့သော လှုပ်ရှားမှုများအတွင်း သဘာဝအတိုင်း ဖြစ်ပေါ်လာသော တာအိုစည်းချက်တစွန်းတစ စီးဆင်းနေသည်ကိုပင် ခံစားသိရှိနိုင်သည်။
Book 2 end.