← Chapters

နန်းဝူကျောင်းတော်၏ မဟာကပ်ဘေး

Vol. 25 Ch. 245

နန်းဝူကျောင်းတော်၏ မဟာကပ်ဘေး

Vol. 25 Ch. 245

“ကင်းခြေများဘုရင်က အတင့်ရဲလှချည်လား။ သူက နီဗားနားရှင်သန်ခြင်းအဆင့် နတ်ဆိုးဘုရင် တစ်ပါး သာသာပဲ ရှိတယ်။ နန်းဝူကျောင်းတော်မှာက ကြီးကြပ်ပေးနေတဲ့ သူတော်စင်တစ်ပိုင်းတစ်ယောက်တောင် ရှိသေးတယ်လေ “

“အတိအကျပဲ။ နန်းဝူကျောင်းတော်ဆိုတာ နတ်ဆိုးတစ်သောင်းတောင်တန်း နယ်မြေထဲမှာ ထိပ်တန်း အင်အားစုတွေထဲက တစ်ခုပဲ။ သာမန် နတ်ဆိုးဘုရင်တစ်ပါးက နန်းဝူကျောင်းတော်ကို သွားစတာ သေလမ်း ရှာနေတာနဲ့ မတူဘူးလား”

“…”

လူတိုင်း တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက် ပြောဆိုကြပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အားလုံး၏ အာရုံကို ဆွဲဆောင်သွားကြသည်။

ချူဖုန်း အနီးနားရှိ ကျင့်ကြံသူများ၏ စကားပြောဆိုမှုများကို နားထောင်ရင်း အရက်ကို သောက်နေလိုက်သည်။

စောစောက စကားပြောခဲ့သော နတ််ဆိုးကျင့်ကြံသူက ပြောလိုက်၏။” အာ ခင်ဗျားတို့ နားမလည်ပါဘူး။ နန်းဝူကျောင်းတော်ရဲ့ သူတော်စင်တစ်ပိုင်းက ပျံလွန်တော်မူသွားပြီလေ။ အခု နန်းဝူကျောင်းတော်က အဆီတစ်ဝင်းဝင်းနဲ့ အသားတုံး တစ်တုံးလို ဖြစ်နေတာ။ လူတိုင်းက တစ်ကိုက်လောက်တော့ စားချင်နေကြတာချည်းပဲ “

“ ဒါဆိုရင် ငါတို့ရော ဒီအခြေအနေကနေ အခွင့်အရေး ယူလို့ ရမလား “

လူသားကျင့်ကြံသူတစ်ဦး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

တောင်ပိုင်းတောရိုင်းနယ်မြေများတွင် ခွန်အားကသာ အရာအားလုံး ဖြစ်ပြီး အားနည်းသူများသည် အားကြီးသူများ၏ သားကောင် ဖြစ်ကြရ၏။ အသက်ရှင်သန်ရန်အတွက် ပိုမိုများပြားသော အရင်းအမြစ်များကို ရယူရန် အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ရမည် ဖြစ်သည်။

“ မှန်တယ်။ ငါ မိတ်ဆွေ တချို့ စုဆောင်းပြီး ဒီပွဲမှာ ပါဖို့ ဖျင်အန်း မြို့ ကို ရောက်လာတာ။ တကယ်လို့ ကင်းခြေများနတ်ဆိုးဘုရင်က အသားစားနေတယ် ဆိုရင် ငါတို့ တစ်ကိုယ်တော် ကျင့်ကြံသူတွေက အနည်းဆုံးတော့ အရည်လေး သောက်ရမှာပေါ့ “

နတ်‌ဆိုးကျင့်ကြံသူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

ပတ်ဝန်းကျင်ရှိ နတ်ဆိုးကျင့်ကြံသူများ စားပွဲဆီသို့ ချက်ချင်း တိုးကပ်သွားကြပြီး မည်သူက ဦးဆောင်သင့်သည်ကို စတင် ဆွေးနွေးကြတော့၏။

ထိုအချိန်တွင် ချူဖုန်း ဘာမှမဖြစ်သည့်အလား အရက်ကို ဆက်သောက်နေသည်။

စားသောက်ပြီးနောက် လူတိုင်း သူတို့အခန်းများဆီသို့ ပြန်သွားကြသောအခါ ချန်ကျင်းကျင်း ချူဖုန်း၏ လက်အင်္ကျီကို ဆွဲကာ ညင်သာစွာ ပြောလိုက်သည်။ “ဆရာ သမီးလည်း နန်းဝူကျောင်းတော်ကို သွားကြည့်ချင်တယ်”

ချူဖုန်း ရယ်မောလိုက်ပြီး သူမ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ “ မင်းရဲ့ ပဉ္စမမြောက် မောင်လေးအတွက် စိတ်ပူနေတာလား “

ချန်ကျင်းကျင်း ခေါင်းညိတ်လိုက်သည်။ “ ဟုတ်တယ်။ ဝူလေးကို အဲဒီ နတ်ဆိုးတွေရဲ့ လက်ထဲ မရောက်စေချင်ဘူး “

“ကောင်းပြီလေ။ ပွဲကြည့်ဖို့ နန်းဝူကျောင်းတော် ကို အဲဒီအုပ်စုနောက် လိုက်သွားကြတာပေါ့။ တကယ်လို့ ကင်းခြေများဘုရင် က ကျောင်းတော်ကို တကယ် သိမ်းပိုက်လိုက်ရင် ဝူလေး ကို ငါတို့ကိုယ်တိုင် ကယ်တင်ကြမယ် “

ချူဖုန်း မဆိုင်းမတွပင် သဘောတူလိုက်သည်။ သူ့အတွက် နီဗားနားရှင်သန်ခြင်းအဆင့် နတ်ဆိုး တစ်စုထံမှ ကောင်လေးတစ်ယောက်ကို ကယ်တင်ခြင်းသည် လွယ်ကူသော အလုပ်တစ်ခုသာ။ နန်းဝူကျောင်းတော် ကံကြမ္မာနှင့် ပတ်သက်၍ သိပ်ပြီး မသက်ဆိုင်လှပေ။

နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ချူဖုန်း မြင်းလှည်းကို စီးကာ တစ်ကိုယ်တော်ကျင့်ကြံသူ အုပ်စု၏ အနောက်မှ အေးအေးဆေးဆေး လိုက်ပါသွား၏။ သူတို့ မြင်းလှည်းအပြင် အခြားသော ကျင့်ကြံသူ အဖွဲ့များကလည်း အရှေ့မှ ပြန့်ကျဲနေသော ကျင့်ကြံသူများ၏ အနောက်သို့ လိုက်ပါလာကြသည်။

သဘာဝကျကျပင် အရှေ့မှ ဦးဆောင်နေသူများ သူတို့ အနောက်က အမြီးများကို သတိပြုမိကြ၏။ သို့သော် ဂရုမစိုက်ကြပေ။ သူတို့ အမြင်တွင် နောက်မှ လိုက်ပါလာသူ များလေ သူတို့ အရှိန်အဟုန်က ပို၍ အထင်ကြီးစရာ ကောင်းလေဟု ထင်ကြသည်။

ခုနစ်ရက် ကြာပြီးနောက် ချူဖုန်း မြင်းလှည်းသည် နန်းဝူကျောင်းတော် နှင့် လီအနည်းငယ် ကွာဝေးသော တောင်ပေါ် ရွာငယ်လေး တစ်ရွာသို့ ရောက်ရှိလာ၏။

ဤနေရာမှနေ၍ တောင်ထွတ်ပေါ်တွင် တည်ရှိနေသော နန်းဝူကျောင်းတော် ကို မြင်တွေ့နိုင်သည်။

တစ်ချိန်က ဆူညံသံများဖြင့် စည်ကားနေခဲ့သော ရွာသည် ယခုအခါ လုံးဝ လူသူကင်းမဲ့နေပြီး တစ္ဆေ တစ်ကောင်မျှပင် မမြင်ဈရချေ။

ချူဖုန်း သူတို့ နေထိုင်ရန် ခြံဝင်းတစ်ခုကို ရှာတွေ့သွားကြသည်။ သူတို့ ထိုင်လိုက်သည်နှင့် နတ်ဆိုးကျင့်ကြံသူ များစွာ ရွာသို့ ရောက်ရှိလာကြ၏။

အနှောင့်အယှက် မခံလိုသဖြင့် ရွှေတောင်ပံလင်းယုန်ဘုရင် ခြံဝင်း၏ အပေါက်ဝတွင် အမွေးအတောင် တစ်ခုကို ချထားလိုက်၏။

ဖြတ်သန်းသွားသော မည်သည့် နတ်ဆိုးကျင့်ကြံသူမဆို ထိုအမွေးအတောင်ကို မြင်သောအခါ ဤနေရာကို အလိုအလျောက် ရှောင်ရှားသွားကြသည်။

နန်းဝူကျောင်းတော်နယ်နိမိတ်သို့ ကျင့်ကြံသူများ ပိုမို ရောက်ရှိလာသည်နှင့်အမျှ တစ်ချိန်က လွတ်ဟာနေခဲ့သော ရွာသည် ပိုမို စည်ကားလာ၏။

ရွာထဲတွင် နေ့စဉ် ပဋိပက္ခများ ဖြစ်လာလေ့ ရှိသည်။ အရည် သောက်ရမည်ဟု မျှော်လင့်ကာ ရောက်လာကြသော ကံမကောင်းသူအချို့မှာ ဟင်းရည်ကိုပင် မမြင်လိုက်ရဘဲ အလောင်းများ ဖြစ်သွားကြ၏။

ချူဖုန်း ပုံမှန်အတိုင်းပင် နေ့စဉ် ချန်ကျင်းကျင်း ၏ ကျင့်ကြံခြင်းကို လမ်းညွှန်ပေးနေခဲ့သည်။

သို့သော် ဤရက်အနည်းငယ်အတွင်းတွင် ချန်ကျင်းကျင်း အာရုံလွင့်နေပုံ ရသည်။ စစ်တုရင် ကစားခြင်းနှင့် ပန်းချီဆွဲခြင်း များတွင်ပင် အကြိမ်များစွာ ငေးမောနေတတ်သည်။

၎င်းကို မြင်သောအခါ ချူဖုန်း သူမကို ဆက်လက် သင်ယူရန် ဖိအားမပေး‌တော့ချေ။ “ ဒီရက်တွေအတွင်းမှာ သင်စရာ မလိုဘူး”

၎င်းကို ကြားသောအခါ ချန်ကျင်းကျင်း အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူမ အမှားကို အလျင်အမြန် ဝန်ခံလိုက်သည်။ “ ဆရာ... သမီး မှားသွားပါတယ်။ စာသင်ရင် အာရုံလွင့် မနေသင့်ပါဘူး “

ချူဖုန်း ပြုံးလိုက်ပြီး ပြောသည်။” မိသားစုအတွက် စိတ်ပူတာက လူ့သဘာဝပါ။ မင်းကို ငါ ဘယ်လိုလုပ် အပြစ်တင်ရက်မှာလဲ “

ချန်ကျင်းကျင်း မေးလိုက်သည်။” ဆရာ... ကျွန်မတို့ ဝူလေး ကို ကြိုပြီး သွားကယ်လို့ မရဘူးလား “

ချူဖုန်း သူမ ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်သည်။ “ တစ်အချက် နန်းဝူကျောင်းတော်က မျှော်လင့်ချက်မဲ့တဲ့ အခြေအနေကို မရောက်သေးတာ ဖြစ်နိုင်တယ်။ ရောက်နေရင်တောင်မှ ငါတို့က ဖိတ်ခေါ်မထားဘဲ ရောက်သွားရင် သူတို့က ငါတို့ကို အပြုံးနဲ့ ကြိုဆိုချင်မှ ကြိုဆိုမှာ။ ပြဿနာတွေတောင် တက်နိုင်တယ် “

“ ပြီးတော့ မင်းရဲ့ ဆရာအကြောင်း မင်း သိပါတယ်။ ငါက ပြဿနာတွေကို အမုန်းဆုံးပဲ။ နည်းနည်းလောက် ထပ်စောင့်ကြည့်ကြသေးတာပေါ့ “

“ ဟုတ်ကဲ့ပါ “

ချန်ကျင်းကျင်း ခေါင်းအသာ ညိတ်လိုက်ပြီး နောက်ထပ် စကားမပြောတော့သော်လည်း ဝူလေး ဘေးကင်းမှုအတွက် သူမ စိုးရိမ်ပူပန်မှုများက ပိုများလာသည်။

ခုနစ်ရက် ကြာပြီးနောက် နေမဝင်မီ အချိန်လေးတွင်

ချူဖုန်း ခြံဝင်းထဲတွင် ပင်းယန် နှင့်အတူ စစ်တုရင် ကစားနေစဉ် ရုတ်တရက် တောင်ပေါ်ရွာလေး တစ်လျှောက် ကျယ်လောင်သော အသံတစ်ခု ထွက်လာသည်။

“ ကင်းခြေများနတ်ဆိုးဘုရင် ဦးဆောင်တဲ့ စစ်တပ်ကြီး ရောက်လာပြီ “

ထိုစကားလုံးများနှင့်အတူ ရွာတစ်ရွာလုံး ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

ချန်ကျင်းကျင်း ချူဖုန်းထံသို့ ချက်ချင်း လှည့်ကြည့်လိုက်၏။

ချူဖုန်းက ကြေညာသံကို လုံးဝ မကြားလိုက်ရသည့်အလား အလျင်မလိုဘဲ သူ့အလှည့်ကို ဆက်ကစားနေသည်။

ချန်ကျင်းကျင်း သူမ ဆရာကို တုံ့ဆိုင်းသွားဟန်ဖြင့် ကြည့်လိုက်ပြီး စကားပြောချင်သော်လည်း ဘယ်လို ပြောရမှန်း မသိပေ။

ရွှေတောင်ပံလင်းယုန်ဘုရင် ၎င်းကို မြင်သောအခါ ရယ်မောလိုက်ပြီး ချန်ကျင်းကျင်း၏ ခေါင်းကို ပုတ်ပေးလိုက်သည်။ “ ကောင်မလေး စိတ်မပူပါနဲ့။ မင်းရဲ့ ဆရာ ဒီမှာ ရှိနေမှတော့ အရာအားလုံးက ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်။ သူတော်စင် တစ်ပါး ပေါ်လာရင်တောင်မှ အဲ့ကောင်လေးကို ဘေးကင်းကင်းနဲ့ ခေါ်ထုတ်သွားနိုင်ပါတယ် “

ချူဖုန်း ပြုံးလိုက်ပြီး ပြောသည်။ “ ညီကိုလင်းယုန် ခင်ဗျားက ကျုပ်ကို အမွှမ်းတင်လွန်းနေပြီ။ တကယ်လို့ ကျုပ် အခုချက်ချင်း သူတော်စင် တစ်ပါးနဲ့ ပြိုင်ရမယ်ဆိုရင် ဘာအကျိုးအမြတ်မှ ရမှာ မဟုတ်ဘူး “

ရွှေတောင်ပံလင်းယုန်ဘုရင် ပြောလိုက်သည်။ “ ညီကို နှိမ့်ချနေစရာ မလိုပါဘူး။ တခြားသူတွေက ညီကို့ ခွန်အားကို မသိနိုင်ပေမဲ့၊ ကျုပ်က အပြည့်အဝ သိပါတယ်။ အဲဒီ ကင်းခြေများဘုရင် လား။ ညီကို့ လက်ချောင်း တစ်ချောင်းတည်းနဲ့တောင် ချေမှုန်းနိုင်တယ်။ ကျုပ်ကို မေးရင် နန်းဝူကျောင်းတော်က အဲဒီ ကောင်လေးကို ခေါ်ဖို့ လှုပ်ရှားစရာတောင် မလိုပါဘူး။ ကျုပ် တစ်ယောက်တည်းနဲ့ ရပါတယ် “

“ ကောင်းပြီလေ၊ ခင်ဗျား လုပ်နိုင်တယ် ထင်ရင် သွားလုပ်လိုက် “

ချူဖုန်းက မဆိုင်းမတွ ပြန်ဖြေလိုက်၏။

ရွှေတောင်ပံလင်းယုန်ဘုရင် ချက်ချင်း သဘောတူလိုက်သည်။ “ ပြဿနာ မရှိဘူး။ ဘာပဲဖြစ်ဖြစ် အခု ကျုပ် ဘယ်လောက် အစွမ်းထက်နေပြီလဲ ဆိုတာ သိချင်နေတာ “

နာရီဝက် ကြာပြီးနောက် ကစားပွဲ နောက်ဆုံးတွင် ပြီးဆုံးသွားသည်။

ချူဖုန်း မတ်တပ်ရပ်လိုက်ပြီး ချန်ကျင်းကျင်းကို ပြောလိုက်သည်။” သွားကြစို့။ ပွဲကြည့်ရမဲ့ အချိန်ရောက်ပြီ “

“ ဟုတ်ကဲ့ပါ “

ချန်ကျင်းကျင်း ပွေ့ချီခံချင်သဖြင့် လက်လှမ်းလိုက်သည်။

ချူဖုန်း ကောင်မလေးကို မဆိုင်းမတွပင် ပွေ့ချီလိုက်ပြီး လေထဲသို့ တက်လှမ်းသွား၏။ ရွှေတောင်ပံလင်းယုန်ဘုရင်နှင့် ပင်းယန်တို့ အလျင်အမြန် လိုက်ပါလာကြသည်။

အဖွဲ့သည် ကောင်းကင်ယံတွင် ဝဲပျံနေပြီး အောက်ဘက် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အမည်းစက်လေးများကို ငုံ့ကြည့်နေကြသည်။

ဤအမည်းစက်များတွင် လူသားနှင့် နတ်ဆိုးကျင့်ကြံသူ နှစ်မျိုးစလုံး ပါဝင်ပြီး မတူညီသော အင်အားစု ခြောက်ခု အဖြစ် ခွဲခြားထားသည်။

ဤမြင်ကွင်းကို ကြည့်ရင်း ပင်းယန် တီးတိုး ရေရွတ်လိုက်၏။ “ ကင်းခြေများဘုရင် ရဲ့ စစ်တပ်ထဲမှာ လူသား ကျင့်ကြံသူတွေ ဘာလို့ ရှိနေရတာလဲ “

ချူဖုန်း ရှင်းပြလိုက်သည်။” ဒါက နတ်ဆိုးတွေ ကြီးစိုးတဲ့ တောင်ပိုင်းတောရိုင်းနယ်မြေလေ။ လူသား ကျင့်ကြံသူတွေ အသက်ရှင်သန်ဖို့အတွက် အစွမ်းထက်တဲ့ နတ်ဆိုးဘုရင်တွေ အပေါ် မှီခိုရတယ်၊ သူတို့ကို နတ်ဘုရားတွေလို ကိုးကွယ်တဲ့အထိတောင် လုပ်ရတယ် “

ပင်းယန် သက်ပြင်းချလိုက်သည်။ “ တောင်ပိုင်းနယ်မြေတွေက လူသား ကျင့်ကြံသူတွေရဲ့ အခြေအနေက ဒီလောက်တောင် ဆိုးရွားနေလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားခဲ့ဘူး “

ချူဖုန်း ဆက်လက်၍ မပြောတော့ပေ။ သူ စစ်တပ် ခြောက်ခုကိုသာ တိတ်ဆိတ်စွာ ဆက်လက် စောင့်ကြည့်နေခဲ့သည်။

မကြာမီ စစ်တပ်ခြောက်ခုသည် နန်းဝူကျောင်းတော် တည်ရှိရာ တာ့မင်တောင်ကို လုံးဝ ဝန်းရံသွားကြပြီး အရပ်မျက်နှာ အားလုံးမှ ပိတ်ဆို့ထားလိုက်ကြသည်။

တစ်ခုခု ရမည်ဟု မျှော်လင့်ကာ ရောက်လာကြသော တစ်ကိုယ်တော်ကျင့်ကြံသူများမှာ အကြောက်တရားဖြင့် နောက်ဆုတ်သွားကြပြီး အနီးသို့ မကပ်ရဲကြချေ။

စစ်တပ်များ ရပ်တန့်သွားသည်နှင့် တပ်ဖွဲ့များ အတွင်းမှ အစွမ်းထက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“ မဟာဆရာတော် ရောက်လာပြီ “

မိုးခြိမ်းသံကဲ့သို့သော အော်ဟစ်သံ ပဲ့တင်ထပ်သွားပြီး ဗုဒ္ဓကျမ်းစာ ရွတ်ဖတ်သံက ထိုအသံနောက်မှ ထွက်ပေါ်လာသည်။ ထမ်းစင်တစ်ခုကို သယ်ဆောင်လာသော ဘုန်းကြီး တစ်စု လူတိုင်း၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။

ထမ်းစင်ကို မြင်သောအခါ သောင်းနှင့်ချီသော စစ်သားများ ချက်ချင်း ဒူးထောက်ချလိုက်ကြသည်။

“ မဟာဆရာတော်ကို အရိုအသေပေးပါတယ် “

All Chapters