← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း ၂၁: နင် ငါ့ကို ဆေးခတ်ချင်နေတာလား..

ဤသည်မှာ စူးချန်ကဲသည် လက်ဖက်ရည်ဖျော်နေသည်မဟုတ်ဘဲ နတ်ဘုရားစာတမ်းတစ်ခုကို ပုံဖော်နေသည့်အလားပင်။

စိတ်အခြေအနေ အလွန်ကောင်းနေပြီဖြစ်သော စူးချန်ကဲသည် ယခုလေးတင် ဖျော်ထားသော စိတ်ဝိညာဉ် လက်ဖက်ရည်ကိုယူကာ တစ်ငုံ သောက်လိုက်၏။ နွေးထွေးပြီး ချောမွေ့သော ရေစီးကြောင်းတစ်ခုက သူ၏ လည်ချောင်းထဲသို့ စီးဆင်းသွားသည်ကို ခံစားလိုက်ရပြီး ချက်ချင်းပင် သူ့ကို လန်းဆန်းသွားစေသည်။

"အရသာက မဆိုးပါဘူး... ဒါပေမဲ့ နည်းနည်းတော့ လိုနေသေးတယ်..."

"အရင်တုန်းက ငါ ဖြစ်သလိုဖျော်ခဲ့တဲ့ အမှိုက်တွေထက်တော့ အများကြီး ပိုကောင်းပါတယ်..."

"ဒါပေမဲ့ ငါ့ရဲ့ စတင်ခြင်းအဆင့် လက်ဖက်ရည်တာအို ကျွမ်းကျင်မှုနဲ့ ဒီအကောင်းစား နွေဦးလေပြေ လက်ဖက်ရည်တို့ ပေါင်းစပ်လိုက်တဲ့အချိန်မှာ စိတ်ဝိညာဉ်ကို ကုသပေးနိုင်တဲ့ စွမ်းရည်ကို ရရှိလာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး..."

စူးချန်ကဲက သူ၏ လက်ဖက်ရည်ခွက်ကို ငုံ့ကြည့်ရင်း တီးတိုးရေရွတ်လိုက်၏။

နွေဦးလေပြေ လက်ဖက်ရည်ဟု ခေါ်သော လက်ဖက်ရည်ကို စစ်တုရင်သူတော်စင်အဖြစ် လူသိများသော တတိယတောင်ထိပ်သခင် လီချင်းဖုန်းကိုယ်တိုင် စိုက်ပျိုးခဲ့ခြင်းပင်။ ဤစစ်တုရင်သူတော်စင်၏ ကိုယ်ပိုင်အကြိုက်တချို့အကြောင်းကို စူးချန်ကဲပင် ကြားဖူးခဲ့ပြီး ထိုအရာများအနက် လက်ဖက်ရည်ဖျော်ခြင်းမှာ သူ၏အနှစ်သက်ဆုံးဖြစ်ကာ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေတွင် ထိပ်တန်း လက်ဖက်ရည်ပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။

ထို့ပြင် မဟာဆရာသခင်များတွင် သေချာပေါက် တချို့သော ရည်မှန်းချက်များ ရှိကြပေသည်။ အကယ်၍ သူတို့က လက်ဖက်ရည်ကောင်းကောင်းကို ရှာမတွေ့ပါက သူတို့ကိုယ်တိုင် စတင်စိုက်ပျိုးကြလေ၏။

စူးချန်ကဲထံတွင် ထိုလက်ဖက်ရည်မျိုးမည်သို့ရှိနေသနည်းဆိုရလျှင် စိန်ခေါ်မှုတစ်ခု ကျရှုံးပြီးနောက် သူ၏စိတ်အခြေအနေကို တည်ငြိမ်စေရန်အတွက် သူ လဲလှယ်ခဲ့သော အရာတစ်ခုပင်။

ဤနွေဦးလေပြေ လက်ဖက်ရည်သည် အရသာ အလွန်ကောင်းရုံသာမက စိတ်ကိုတည်ငြိမ်စေပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေသည့် စွမ်းရည်အနည်းငယ်လည်း ရှိနေသည်။ ထိုလက်ဖက်ရည်၏ သိပ်မကြီးမားလှသော ဈေးနှုန်းနှင့် ပေါင်းစပ်လိုက်သောအခါ ထိုအရာသည် ထိုက်ချင်ဂိုဏ်းတွင် အလွန်ဝယ်လိုအားများသော ပစ္စည်းတစ်ခု ဖြစ်လာသည်။

"လက်ဖက်ရည်တာအို မဟာဆရာသခင်လား..."

"သူက တာအိုလမ်းစဉ်ထဲကို ဝင်ရောက်သွားပြီလား မသိဘူး..."

စူးချန်ကဲက ပေါ့ပေါ့ပါးပါး တွေးလိုက်သော်လည်း ဤအရာက အရေးကြီးသော အတွေးတစ်ခု မဟုတ်သဖြင့် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။

နောက်ထပ်တစ်ခွက် သောက်ပြီးနောက် စူးချန်ကဲသည် သစ်သားကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ နောက်မှီချလိုက်ကာ ကောင်းကင်ရှိ နီရဲသော နေဝင်ချိန်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။

"ငါက နှစ်ရက်တောင် မပြည့်ခင်မှာ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်လာခဲ့တယ်... ငါ ထင်ထားတာထက် အများကြီး ပိုမြန်တာပဲ... ဒီနဝမတောင်ထိပ်မှာ နွေးထွေးကြင်နာတတ်တဲ့ စီနီယာအစ်ကို တစ်ယောက်ဖြစ်ရတာ နေ့တိုင်း လက်ဖက်ရည်သောက်ပြီး ငါးမျှားရတာ ပြီးတော့ ဂျူနီယာညီမလေးတွေကို လမ်းညွှန်ပေးရတာက အတော်လေး သက်တောင့်သက်သာ ရှိပုံရတယ်..."

"တိုက်ခိုက်သတ်ဖြတ်နေရတာတွေ အားလုံးထက်တော့ ပိုကောင်းပါတယ်..."

ဤအချိန်၌ သူ၏အရှိန်အဝါသည် နက်ရှိုင်းသော တွင်းနက်ကြီးတစ်ခုအလား လုံးလုံးလျားလျား ဖုံးကွယ်နေသည်။ အကယ်၍ လူတစ်ယောက်က သူ့ကို ကိုယ်တိုင် မမြင်တွေ့ခဲ့ပါက သူ၏ တည်ရှိမှုကိုပင် သတိပြုမိမည် မဟုတ်ချေ။

သို့ရာတွင် အကယ်၍ လူတစ်ယောက်က သူ၏ မျက်လုံးများမှ နက်ရှိုင်းသောနေရာကို စူးစမ်းကြည့်နိုင်ပါက တစ်ခါတစ်ရံ ထိုနေရာတွင် ကြယ်မြစ်များ စီးဆင်းနေသကဲ့သို့ ဖြစ်နေပြီး ရှေးဟောင်း ရွှေရောင်နတ်ဘုရားပုံရိပ်ယောင်များက စုစည်းလာကာ ပျောက်ကွယ်သွားကြပြီး စက်ဝိုင်းပုံစံဖြင့် ပုံရိပ်ယောင်များကဲ့သို့ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်ကို တွေ့ရှိရပေမည်။

အနက်နဲဆုံးအရာမှာ သူ၏ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုပင်။

အမြင့်ဆုံးအဆင့် အထွတ်အထိပ်အရိုးနှင့် ပေါင်းစပ်ပြီးနောက် သူ၏ခန္ဓာကိုယ်ရှိ အရိုးနှစ်ရာ့ခြောက်ချောင်းလုံးသည် ယခုအချိန်၌ ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။ ဤရွှေရောင်သည် မျက်စိကျိန်းလောက်အောင် တောက်ပနေခြင်း မဟုတ်ဘဲ ရှေးဟောင်းနှင့် နက်နဲသိမ်မွေ့သော အရှိန်အဝါတစ်ခုကိုသာ ထုတ်လွှတ်နေသည်။

အရိုးတစ်ချောင်းစီတိုင်းတွင် မူလ အထွတ်အထိပ် ရတနာနည်းစနစ် မှော်အက္ခများသည် လုံးဝပျောက်ကွယ်သွားခဲ့ပေ၏။ ထိုအရာများအစား မဟာတာအိုအပေါ် သူ၏ ကိုယ်ပိုင် နားလည်သဘောပေါက်မှုမှ မွေးဖွားလာကာ သူ၏ ပြီးပြည့်စုံသော အဆောင်လက်ဖွဲ့တာအို ကျင့်ကြံခြင်းဖြင့် သေသေချာချာ ပုံဖော်ထားသော ထူထပ်လှသည့် မဟာတာအို မှော်အက္ခရာအသစ်များဖြင့် အစားထိုးခံလိုက်ရသည်။

ထိုအရာများတွင် စိတ်ကူး၍မရနိုင်လောက်အောင် ကြီးမားသော ခွန်အားများ ပါဝင်နေပေ၏။ အထူးသဖြင့် ယခုအချိန်တွင် အရိုးတိုင်းက တောက်ပသော ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားကာ မဟာတာအို၏ အရင်းအမြစ်သို့ တိုက်ရိုက်ညွှန်ပြနေသော လည်ပတ်နေသည့် မှော်အက္ခရာများ သူ၏ ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပေါ်လာသည်။

ယခုလေးတင် သူသည် စနစ်၏ 'အမြင့်ဆုံးအဆင့် အထွတ်အထိပ်အရိုး' ဆုလာဘ်နှင့် ပေါင်းစပ်ခြင်းကို ပြီးစီးခဲ့ပြီး အပိုတစ်နှစ်နှင့် တစ်လစာ ကျင့်ကြံခြင်းအားလုံးကို စုပ်ယူခဲ့ပြီးဖြစ်သည်။

သို့ရာတွင် ဤတိုးတက်မှုက ဤမျှ ကြီးမားလိမ့်မည်ဟု စူးချန်ကဲ မမျှော်လင့်ခဲ့သဖြင့် သူ၏ ခန္ဓာကိုယ် တဖြည်းဖြည်း အသားကျလာစေရန်အတွက် ဤတိတ်ဆိတ်ငြိမ်သက်သည့် အချိန်အခိုက်အတန့် လိုအပ်နေခဲ့ခြင်းပင်။

နောက်တစ်စက္ကန့်တွင်....

သူသည် သူ၏စနစ်ဇယားကို တစ်ချက်ကြည့်လိုက်၏။

【အမည် - စူးချန်ကဲ】

【အသက် - နှစ်ဆယ့်သုံးနှစ်】

【နယ်ပယ် - ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် အစောပိုင်းအဆင့်】

【ကျင့်စဉ် - ထိုက်ချင်နက်နဲသိမ်မွေ့ကျင့်စဉ် (မြေကမ္ဘာအဆင့်....အထွတ်အထိပ်)၊ ဟန်ယွီ မသေနိုင်သော ကျမ်းစာ (မဟာဧကရာဇ်အဆင့်...စတင်ခြင်း မရှိသေးပါ)】

【နတ်ဘုရားစွမ်းရည်များ - ထိုက်ချင်ဓားနည်းစနစ် (မြေကမ္ဘာအဆင့်..အထွတ်အထိပ်)၊ ကောင်းကင်ကွပ်မျက် ဓားဆွဲထုတ်ခြင်းနည်းစနစ် (သူတော်စင်အဆင့်...စတင်ခြင်း {နားလည်သဘောပေါက်ခြင်း +1 +1})】

【ကောင်းကင်နှင့်မြေပြင်၏ တာအိုတစ်သောင်း - တာအိုတစ်သောင်း .အဆောင်လက်ဖွဲ့တာအို (အထွတ်အထိပ်)၊ တာအိုတစ်သောင်း...လက်ဖက်ရည်တာအို (အသေးစား အောင်မြင်မှု)】

【အထူးစွမ်းရည်များ - ကောင်းကင်လှိုဏ်ဂူ မူလဘူတဘိုးဘေးနဂါး စိတ်ဝိညာဉ်ရုပ်ခန္ဓာကိုယ် ကောင်းချီး၊ ထိုအရာ၏ သွေးထဲတွင် ဘိုးဘေးနဂါးစွမ်းအား အငွေ့အသက်တစ်စ ပါဝင်သည်၊ အထွတ်အထိပ် နတ်ဘုရားနည်းစနစ် (ပြိုင်ဘက်များကို ဖိနှိပ်ရန် အထွတ်အထိပ် ထူးခြားဖြစ်စဉ်များကို အချိန်တိုအတွင်း ဖန်တီးနိုင်သည်)】

【ထူးခြားသော ရုပ်ခန္ဓာကိုယ်... အထွတ်အထိပ်အရိုး (အမြင့်ဆုံးအဆင့်)】

【မှော်ရတနာများ - လမင်းဖြတ်တောက်ခြင်းဓား (မြေကမ္ဘာအဆင့်မြင့်)၊ စိတ်ဝိညာဉ်လမင်း နတ်ဘုရားစေတီ (သူတော်စင်အဆင့်နိမ့်)】

【တခြား - ကောင်းကင်ကိုဆန့်ကျင်သော နားလည်သဘောပေါက်နိုင်စွမ်း】

တစ်နှစ်စာ ပြင်းထန်သော ကျင့်ကြံခြင်းနှင့် အထွတ်အထိပ်အရိုး ပေါင်းစပ်ခြင်းတို့ဖြင့် စူးချန်ကဲသည် သူ ဖန်တီးထားသော မှော်အက္ခရာများကို အလွန်တိုတောင်းသော အချိန်အတွင်း ပြီးစီးခဲ့ပြီး ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်သို့ တစ်ဟုန်ထိုး ခြေချနိုင်ခဲ့လေပြီ။

သူ၏ အထင်အမြင်အရ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်ရှိ ကျွမ်းကျင်သူတစ်ဦးသည် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ တစ်ခုလုံးတွင် ထိပ်တန်း အစွမ်းထက်သူအဖြစ် သတ်မှတ်ခံရပြီး ထိုက်ချင်ဂိုဏ်းရှိ ပထမအဆင့် အကြီးအကဲတစ်ဦးနှင့် တန်းတူဖြစ်လေသည်။

သို့ရာတွင် စူးချန်ကဲ၏ ဝင်္ကပါဖွဲ့စည်းခြင်းမှာ ကွဲပြားလေသည်။ သူသည် ကောင်းကင်လှိုဏ်ဂူ ပေါင်းစည်းခြင်းနှင့် သူကိုယ်တိုင်ဖန်တီးထားသော မှော်အက္ခရာများ၏ လမ်းစဉ်ကို လိုက်နာခဲ့သည်။

အတိုချုပ်ဆိုရလျှင်...

သူသည် ယခုချိန်၌ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေလေပြီ။

"နောက်သုံးလနေရင် အဲ့ဒီယဲ့ရွှမ်က အဆင့်ငယ်တွေကို ကျော်လွန်ပြီး ငါ့ကို သတ်မယ်လို့ ငါ မှတ်မိသေးတယ်.. ငါ ပိုပြီးသန်မာလာတာနဲ့အမျှ သူလည်း အဆက်မပြတ် ကံကောင်းတဲ့ တွေ့ဆုံမှုတွေကို ကြုံတွေ့ရမယ့် လိပ်ပြာသက်ရောက်မှုတစ်ခုခုများ ဖြစ်လာမလား..."

စူးချန်ကဲက အိပ်ချင်မူးတူးဖြစ်နေဆဲဖြစ်ကာ သူ၏ စိတ်ထဲတွင် ရုတ်တရက် မေးခွန်းထုတ်လိုက်၏။

အကယ်၍ ထိုသို့သာ ဖြစ်လာပါက ထိုအရာက လုံးလုံးလျားလျား ဦးနှောက်မဲ့ရာ ကျပေလိမ့်မည်။

ဒါဆို ငါက ဘာအတွက် ကစားနေရဦးမှာလဲ...

ငါက ယဲ့ရွှမ်ရဲ့ အရှိန်မြှင့်တင်ပေးတဲ့ အထုပ်လေး ဖြစ်သွားမှာ မဟုတ်ဘူးလား...

【မဟုတ်ပါဘူး လက်ခံသူ... ကံကြမ္မာသားတော်ကို ဒီကမ္ဘာရဲ့ ကောင်းကင်တာအိုက ကာကွယ်ပေးထားပေမဲ့ သူက တာအိုအတွင်းမှာပဲ ရှိနေပြီးတော့ စည်းမျဉ်းတွေအတွင်းမှာပဲ ရှိနေတုန်းပါပဲ...】

"ဒါဆို တော်သေးတာပေါ့..."

စနစ်၏ အဖြေကို ကြားပြီးနောက် စူးချန်ကဲသည် လုံးဝစိတ်အေးသွားကာ လှဲလျောင်းလိုက်ပြီး ဖြည်းညှင်းစွာ အိပ်ပျော်သွားတော့သည်။

ဤအိပ်စက်ခြင်းမှာ အလွန်သက်တောင့်သက်သာ ရှိလှ၏။

အထွတ်အထိပ်အရိုးနှင့် နယ်ပယ်ချိုးဖျက်မှုတို့မှာ ဤတိတ်ဆိတ်ငြိမ်သက်မှုထဲတွင် လုံးလုံးလျားလျားနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့သည်။

မကြာမီတွင် မှေးမှိန်သော အသက်ရှူသံတစ်ခုနှင့် မွှေးပျံ့သော အစားအစာ ရနံ့တစ်ခုကြောင့် သူ နိုးလာခဲ့သည်။

သူ၏ရှေ့ မလှမ်းမကမ်းတွင်။

နင်ဖူယောင်က လှပသော သစ်သားသေတ္တာနှစ်ခုကို ကိုင်ကာ အသံမထွက်ဝံ့ဘဲ တိတ်ဆိတ်စွာ ရပ်နေသည်။ အကြောင်းအရင်းမှာ လွန်ခဲ့သော လအနည်းငယ်က သူမသည် စူးချန်ကဲ၏ အနားယူခြင်းကို အနှောင့်အယှက် ပေးခဲ့ဖူးပြီး အစာမစားဘဲ သုံးရက်နေရန် အပြစ်ပေးခံခဲ့ရကာ သူမကို အလွန်တရာ ဆင်းရဲဒုက္ခ ရောက်စေခဲ့သောကြောင့်ပင်။

နင်ဖူယောင်၏နောက်တွင် အပေါ်ယံအားဖြင့် တည်ငြိမ်နေပုံရသော လျှိုရူယန် ရှိနေသည်။ ယခုအချိန်တွင် သူမသည် ထုယိုယိုထံမှ စူးချန်ကဲ၏ ညစာစားရန် ဖိတ်ကြားချက်ကို သိရှိထားပြီးဖြစ်ကာ ယနေ့ ဝမ်းတွင်းမည်းစူးနှင့် တွေ့ဆုံရခြင်းမှာ အဆုံးသတ်ကောင်းမည် မဟုတ်ကြောင်း ခန့်မှန်းထားသည်။

ထုယိုယိုမှာ လာရန် မဝံ့ရဲခဲ့ချေ။

သို့ရာတွင် သူမ မကြောက်ချေ။

ဒီကိစ္စကို ရှင်းကြတာပေါ့... စူးချန်ကဲ...

စူးချန်ကဲက သက်တောင့်သက်သာ အကြောဆန့်လိုက်ပြီးနောက် သူ၏ရှေ့ မလှမ်းမကမ်းတွင် တိတ်ဆိတ်စွာ ရပ်နေသော မိန်းကလေးနှစ်ဦးကို ကြည့်ကာ ပြုံးလိုက်၏။

"မင်းတို့က ဘာလို့ ရပ်နေတာလဲ...လာခဲ့ကြလေ..."

"ဟမ့်... ပြုံးနေတဲ့ ကျားပဲ..."

လျှိုရူယန်က သူမ၏ နှလုံးသားထဲ၌ အေးစက်စက် လှောင်ပြောင်ရင်း ရှေ့သို့ လျှောက်သွားလိုက်သည်။

ထိုအပြုံးကို သူမ မှတ်မိနေသည်။

ထိုအရာက စူးချန်ကဲ ဒေါသထွက်ဆုံး အချိန်တွင် ပြသလေ့ရှိသော သူ၏ ဝိသေသလက္ခဏာပင်။

ထိုအချိန်က သူမသည် မှောင်မိုက်ပြီး နေရောင်မရသော စိတ်ဝိညာဉ်သတ္တုကြောထဲတွင် သုံးလတိတိ စိတ်ဝိညာဉ်သတ္တုရိုင်းများ တူးဖော်ရန် အပြစ်ပေးခံခဲ့ရသည်။

နင် ဆက်ပြီးတော့ ဘာပဲပြောပြော ဒီဧကရီမှာ အဖြေတစ်ခုတည်းပဲ ရှိမယ် ...သွားတော့မယ်...

သို့ရာတွင် နင်ဖူယောင်ကမူ ကွဲပြားလေသည်။ စူးချန်ကဲ၏ ညင်သာသော အပြုံးကို မြင်သောအခါ သူမသည် ယနေ့ သူမကို ကာကွယ်ပေးခဲ့သော စီနီယာအစ်ကိုကို မြင်ယောင်လာသကဲ့သို့ ဖြစ်သွားပြီး သူမ၏အမူအရာ သိသိသာသာ နူးညံ့သွားခဲ့ပေသည်။ ထို့နောက် သူမက ရှေ့သို့ တိုးလာပြီး သစ်သားသေတ္တာများကို စားပွဲပေါ်တွင် တင်လိုက်၏။

"စ... စ... စီနီယာအစ်ကို... ညစာ ရပါပြီ... ဒါပေမဲ့ ပင်လယ်ငါးတွေ အကုန်ကုန်သွားလို့ အစ်ကို အကြိုက်ဆုံး ကျောက်စိမ်းကြက်သားချဉ်စပ်ကို လုပ်ပေးထားပါတယ်..."

"အဲ့ဒါ... ဒီနေ့ အတူတူ စားမယ်လို့ အစ်ကို ပြောခဲ့တယ်လေ... ပြီးတော့ ကျွန်မက အစားအသောက် အရမ်းကြီးတယ်... ဒီလက်ဖက်ရည်ခွက်တွေကို ဖယ်လိုက်ရမလား..."

နင်ဖူယောင်က အနည်းငယ် အနေရခက်စွာဖြင့် ပြောလိုက်သည်။ သူမ၏ ဖြူဝင်းသော ကျောက်စိမ်းလက်နှစ်ဖက်က သေတ္တာအဖုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အနည်းငယ် ပျာယာခတ်နေပုံရလေ၏။

သို့ရာတွင် လျှိုရူယန်မှာ အနည်းငယ် ကြောင်အမ်းသွားပြီး နင်ဖူယောင်ကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်သည်။

တတိယ ဂျူနီယာညီမလေးက သူ့ကို ဘယ်လို ခေါ်လိုက်တာလဲ...

စီနီယာအစ်ကိုတဲ့လား...

ဘာတွေ ဖြစ်နေတာလဲ...

သို့ရာတွင် စူးချန်ကဲက လျှိုရူယန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ အသေးစား ဒဏ်ရာများနှင့် သွေးချီခမ်းခြောက်နေမှုတို့ကို ချက်ချင်း သိမြင်သွားခဲ့သည်။ ထို့နောက် သူက တစ်ခုခုကို တွေးမိသွားပြီး နင်ဖူယောင်ကို ပြောလိုက်၏။

"လောစရာ မလိုပါဘူး... ဒါက ငါ အခုလေးတင် ဖျော်ထားတဲ့ လက်ဖက်ရည်ပဲ... နည်းနည်းပိုနေသေးတော့ မင်းတို့ နှစ်ယောက် တစ်ယောက် တစ်ခွက်လောက် သောက်ကြပါ..."

"တကယ်လား..."

နင်ဖူယောင် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ အမှန်တကယ်တော့ သူမ ထိုအရာကို မြည်းစမ်းကြည့်ချင်နေခဲ့သည်မှာ ကြာပြီ ဖြစ်ပေသည်။ စူးချန်ကဲသည် ထိုက်ချင်ဂိုဏ်း၏ အလွန်နာမည်ကြီးသော နွေဦးလေပြေ လက်ဖက်ခြောက်ကို အသုံးပြုကြောင်း သူမ သိထားသည်။

ပုံမှန်အားဖြင့် သူမက တခြား ဂျူနီယာမောင်နှမများထံမှသာ ထိုအကြောင်းကို ကြားရလေ့ရှိသည်။

သို့ရာတွင် လျှိုရူယန်က သူမ၏ လှပသော မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ဝမ်းတွင်းမည်းစူး မည်သည့် လှည့်ကွက်များ သုံးရန် ကြိုးစားနေသနည်းဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေလေ၏။

"သူက ဒီဧကရီကို ဆေးခတ်ချင်နေတာများလား..."

"မဟုတ်ဘူး... သူက မိန်းမနဲ့ ယောကျာ်း ကိစ္စတွေကို စိတ်ဝင်စားပုံ မရဘူး... အဲ့ဒီလိုမဟုတ်ရင် ငါ့ရဲ့ မှတ်ဉာဏ်တွေ မနိုးထခင်တုန်းက ငါနဲ့ ငါ့ရဲ့ ဂျူနီယာညီမလေး နှစ်ယောက်လုံး သူ့ရဲ့ လက်ထဲ ရောက်သွားလောက်ပြီလေ..."

"ဒါပေမဲ့ ငါ သေချာပေါက် မပြောနိုင်ဘူး...တကယ်လို့ အရင်တုန်းက ငါတို့ အရမ်း ငယ်သေးတယ်လို့ သူ ထင်ခဲ့ပြီး အခုတော့ အသီးတွေ မှည့်နေပြီဆိုတော့ သူက ခူးချင်နေတာများလား..."

အခန်း ၂၂ :ငါ သက်သက် အများကြီး တွေးနေမိတာလား...

လူတစ်ယောက်ထံတွင် အတွေးတချို့ ပေါ်လာသည်နှင့် တပြိုင်နက် ထိုအတွေးများကို ဖိနှိပ်ရန် အလွန်ခက်ခဲလှသည်။

လျှိုရူယန်သည် သူမ ပို၍တွေးလေလေ ပို၍ မှားယွင်းနေသည်ဟု ခံစားရလေလေဖြစ်ပြီး ဤလက်ဖက်ရည်ကို လုံးဝမသောက်သင့်ကြောင်း ပို၍ပို၍ ခံစားလာရလေ၏။

စူးချန်ကဲက ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလောက် ကြင်နာလာနိုင်မှာလဲ...

ဒီနေ့က ငါနဲ့ ဂျူနီယာညီမလေးအတွက် ထောင်ထားတဲ့ ထောင်ချောက်တစ်ခု မဟုတ်ဘူးလား...

ငါ စိတ်ကူးထားတဲ့ ဆေးမျိုး မဟုတ်ရင်တောင်မှ အဲ့ဒါက ကောင်းတဲ့အရာ ဖြစ်မလာနိုင်ဘူး...

ဤအချိန်၌...

လျှိုရူယန်၏ အမူအရာ ရုတ်တရက် တင်းမာသွား၏။ သူမက နင်ဖူယောင်ကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် ပခုံးကို ပုတ်ရန် လက်လှမ်းလိုက်သော်လည်း သူမ၏ လှုပ်ရှားမှုက ခြေလှမ်းတစ်ဝက်ခန့် နောက်ကျနေဆဲပင်။

"ဂျူနီယာညီမလေး... နင်..."

လျှိုရူယန်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

နင်က ဘာလို့ ဒီလောက် မြန်မြန် လှုပ်ရှားနေရတာလဲ... အဲ့ဒီလောက်တောင် အစားငမ်းတာလား...

ဒီကောင်မလေးက ပုံမှန်ဆို အကြောက်တတ်ဆုံးနဲ့ စူးချန်ကဲကို အကြောက်ဆုံး မဟုတ်ဘူးလား...

သူ ပေးတဲ့ လက်ဖက်ရည်ကိုတောင် သောက်ရဲတယ်ပေါ့လေ...

ထိုမျက်တောင်တစ်ခတ်အတွင်းမှာပင် နင်ဖူယောင်သည် လက်ဖက်ရည်ခွက်ကို မော့ကာ တစ်ကျိုက်တည်း သောက်လိုက်ပြီး ဖြစ်လေသည်။ ထို့နောက် သူမက မျက်မှောင်ကြုတ်သွားပြီး တစ်ခုခုကို အောင့်အည်းထားရကာ အလွန် နေမထိထိုင်မသာ ဖြစ်နေသည့်အလား ဖော်ပြ၍မရနိုင်သော အမူအရာဖြင့် လျှိုရူယန်ကို လှည့်ကြည့်လိုက်၏။

"..."

နင်ဖူယောင်...

လျှိုရူယန် တခဏမျှ ကြောင်အမ်းသွားပြီး အခြေအနေ မကောင်းတော့ဘူးဟု သူမဘာသာ တွေးတောကာ စိုးရိမ်တကြီး ပြောလိုက်သည်။

"ဂျူနီယာ..."

သို့ရာတွင် သူမ၏စကားမဆုံးမီမှာပင်...

ဝုန်း...

မြင်နိုင်လောက်အောင် သိသာထင်ရှားသော စိတ်ဝိညာဉ်စွမ်းအား တဟုန်ထိုး ပေါက်ကွဲမှုတစ်ခုက နင်ဖူယောင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။

"ဒါက... အဆင့်ချိုးဖျက်ဝင်ရောက်တာလား..."

"သူက ကောင်းကင်လှိုဏ်ဂူနယ်ပယ် နောက်ဆုံးအဆင့်လေ... သူက ဆဋ္ဌမမြောက် ကောင်းကင်လှိုဏ်ဂူကို ဖွင့်လိုက်တာလား..."

လျှိုရူယန် တခဏမျှ ကြောင်အမ်းသွားခဲ့သည်။

ထို့နောက် နင်ဖူယောင်၏ ပါးစပ်မှ ညင်သာသော ညည်းသံလေး ထွက်ပေါ်လာခဲ့ပေ၏။

"အာ... အရမ်း ကောင်းတာပဲ..."

နင်ဖူယောင်က စိတ်ကျေနပ်စွာ ပြောလိုက်ပြီးနောက် သစ်သားကုလားထိုင်ပေါ်တွင် ညင်သာသော အမူအရာဖြင့် ထိုင်နေသည့် စူးချန်ကဲကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။

"စီနီယာ... စီနီယာအစ်ကို... ဒီလက်ဖက်ရည်က အရမ်း အဖိုးတန်မှာပဲ..."

အချိန်တခဏမျှ ထိုခံစားချက်ကို မည်သို့ ဖော်ပြရမည်မှန်း သူမ မသိခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ သူမ အဆင့်ချိုးဖျက်နိုင်ခဲ့ရသည့် အကြောင်းအရင်းမှာ ဤလက်ဖက်ရည် တစ်ခွက်ကြောင့် ဖြစ်ကြောင်းကို သူမ သေချာပေါက် သိရှိနေသည်။

ဤအချိန်၌ လျှိုရူယန်မှာ တိတ်ဆိတ်သွားခဲ့ပြီး အဆိပ်မတက်မီ လူတစ်ယောက်ကို အရင်ဆုံး အဆင့်ချိုးဖျက်သွားစေနိုင်သည်က မည်သည့် အဆိပ်မျိုး ဖြစ်နိုင်သနည်းဟု တွေးတောနေပုံရလေ၏။ သို့ရာတွင် "စီနီယာ... စီနီယာအစ်ကို" ဟူသော စကားလုံးက ထပ်မံ ထွက်ပေါ်လာချိန်တွင် ထိုအသံက သူမ၏ အသိစိတ်ကို ပြန်လည် ဆွဲခေါ်သွားခဲ့သည်။

စူးချန်ကဲကို သူမ တစ်ချက်မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။ တစ်ဖက်လူက အတိတ်ကကဲ့သို့ နင်ဖူယောင်အား အရှက်ခွဲခြင်း သို့မဟုတ် ဆူပူခြင်း မပြုလုပ်ခဲ့ဘဲ သူမက သူ၏ ဂျူနီယာညီမလေး ဖြစ်ရန် မထိုက်တန်ကြောင်း သို့မဟုတ် သူ့ကို စီနီယာအစ်ကိုဟု ခေါ်ဆိုရန် မထိုက်တန်ကြောင်းကဲ့သို့သော စကားများကို မပြောခဲ့ချေ။ ထိုအစား သူက ညင်သာစွာ ပြုံးလိုက်သည်။

ဤသည်က သူမ၏ ယခင်ဘဝတွင် တစ်ခါမျှ မခံစားခဲ့ဖူးသော ခံစားချက်ကို သူမ၏ နှလုံးသား နက်ရှိုင်းသောနေရာမှ အလိုအလျောက် ပေါ်ထွက်လာစေခဲ့သည်။

မနာလိုမှုလား...

ယခုအချိန်၌ သူမသည် နင်ဖူယောင်ကို အမှန်တကယ်ပင် အနည်းငယ် မနာလို ဖြစ်နေမိသည်။

ဤခံစားချက် လှိုင်းထလာပြီးနောက် လျှိုရူယန်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီး သူမကိုယ်သူမ အမှန်တကယ် ပါးရိုက်ချင်စိတ် ပေါက်သွားခဲ့သည်။

ဟမ့်... ဒီဧကရီက တာအိုဖြတ်တောက်ခြင်းနှင့် လမ်းစဉ်ထွန်းလင်းခြင်းနယ်ပယ်ကို ခြေချထားပြီးပြီလေ...

ဂျူနီယာညီမလေးကက သူ့ကို စီနီယာအစ်ကိုလို့ ခေါ်နေတာကို ငါက ဘယ်လိုလုပ်ပြီး မနာလို ဖြစ်နေရတာလဲ...

အာ... ဒီသုံးနှစ်အတွင်း ငါ့ရဲ့ စိတ်စွမ်းအားက ဘယ်လိုလုပ် ဒီလောက်တောင် ပုံပျက်ပန်းပျက် ဖြစ်သွားရတာလဲ...

မဟုတ်ဘူး... မဟုတ်ဘူး... ငါ ပြင်မှ ရမယ်...

ဤအချိန်၌ နင်ဖူယောင်၏ စကားများကို တုံ့ပြန်သည့်အနေဖြင့် စူးချန်ကဲ၏အသံ ထွက်ပေါ်လာခဲ့သည်။

"သိပ်ပြီး အဖိုးမတန်ပါဘူး... ငါကိုယ်တိုင်ဖျော်ထားတဲ့ နွေဦးလေပြေ လက်ဖက်ရည် နည်းနည်းပါပဲ..."

စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးပြီး ပြောလိုက်ရာ စနစ်ထံမှ အသံတစ်သံကလည်း သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့၏။

【ဒင်... ဂျူနီယာညီမလေး နင်ဖူယောင်ကို စိတ်ဝိညာဉ် လက်ဖက်ရည် တိုက်ကျွေးခဲ့ပြီး သူ့ရဲ့ နယ်ပယ်ကို ချိုးဖောက်သွားစေခဲ့တာ​ကြောင့် လက်ခံသူအပေါ် ကျေးဇူးတင်တဲ့စိတ် ဖြစ်ပေါ်စေခဲ့ပါတယ်... ဆုလာဘ် ...တစ်လစာ ကျင့်ကြံခြင်း...】

【အခုပဲ ရယူချင်ပါသလား...】

"ဒါက တကယ်ကြီး နွေဦးလေပြေ လက်ဖက်ရည်ပဲ..."

နင်ဖူယောင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူမက ခွက်ကို ကောက်ကိုင်ကာ မျက်လုံးရှေ့တွင် ထားလိုက်ပြီး ဘယ်ဘက်မျက်လုံးကို မှိတ်ကာ ညာဘက်မျက်လုံးကို မှေး၍ အောက်ခြေရှိ လက်ဖက်ခြောက်များကို အကဲခတ်လိုက်၏။

အစကတော့ သူမက နွေဦးလေပြေ လက်ဖက်ရည်သက်သက်ဟုသာ တွေးထင်ခဲ့သည်။ သို့ရာတွင် နွေဦးလေပြေ လက်ဖက်ရည် သောက်ရုံဖြင့် သူတို့၏ နယ်ပယ်ကို ချိုးဖောက်နိုင်ခဲ့သော မည်သူ့ကိုမျှ သူမ တစ်ခါမှ မကြားဖူးခဲ့ချေ။

ပြီးတော့ အရေးအကြီးဆုံးက ဒီလက်ဖက်ရည်က အရမ်းအရသာရှိလွန်းတယ်...

စူးချန်ကဲက နင်ဖူယောင်ကို တစ်ချက်ကြည့်ပြီး ညင်သာစွာ ပြုံးလိုက်သည်။

"လက်ဖက်ခြောက်တွေက ရေနွေးအိုးထဲမှာလေ... ဘယ်လိုလုပ် လက်ဖက်ရည်ခွက်ထဲ ရောက်သွားမှာလဲ..."

စနစ်... ဒါက အပြစ်ကင်းစင်တဲ့ နှလုံးသားဆိုတာ မင်း သေချာလို့လား... ဉာဏ်ရည် ချို့တဲ့နေတာ မဟုတ်ဘူးလား...

"အို..."

နင်ဖူယောင် အနည်းငယ် နေရခက်သွားပြီး သူမ၏ လှပသော မျက်နှာလေး အနည်းငယ် နီမြန်းသွားခဲ့သည်။ ထို့နောက် သူမက သိချင်စိတ်ဖြင့် မေးလိုက်၏။

"စီနီယာအစ်ကို... ဒါက အစ်ကိုကိုယ်တိုင် ဖျော်ထားတာလား..."

သူမကိုယ်သူမ မသိလိုက်ဘဲ သူမ၏ သတ္တိများ တဖြည်းဖြည်း တိုးလာပုံရပြီး တစ်ခါတစ်ရံတွင် သူမ စကားမထစ်တော့ချေ။ အကယ်၍ ယခင်ကဆိုလျှင် သူမ မေးဝံ့မည် မဟုတ်ပေ။

"အင်း..."

စူးချန်ကဲက ညင်သာစွာ ပြန်ဖြေလိုက်ပြီး သူ၏ အကြည့်က အတွေးနက်နေသော လျှိုရူယန်ဆီသို့ ရွှေ့ပြောင်းသွားလေ၏။

ကြည့်ရတာ ဒီဧကရီက ငါ့ကို အရမ်း သတိထားနေပုံရတယ်...

အင်း... ဒါက ပုံမှန်ပါပဲလေ... ဘဝသစ်တစ်ခုကို ပြန်လည်ရှင်သန်ခွင့် ရတယ်ဆိုရင် ဘယ်သူမဆို ပိုပြီး သတိထားတတ်လာမှာပဲ... သူက အရင်ဘဝက ဧကရီတစ်ပါး ဖြစ်ခဲ့တယ်ဆိုတာကိုတော့ ပြောနေဖို့တောင် မလိုတော့ဘူးပေါ့...

ဤသည်ကို မြင်သောအခါ နင်ဖူယောင်က လက်ဖက်ရည်ခွက် အသစ်တစ်ခုကို ချက်ချင်း ယူကာ အပြည့်ငဲ့ပြီး သူမ၏ဘေးရှိ လျှိုရူယန်ထံသို့ ကမ်းပေးလိုက်၏။

"ဒုတိယ စီနီယာအစ်မ... မြန်မြန်သောက်ကြည့်... ဒါက တကယ်ကို အရသာရှိတယ်..."

လျှိုရူယန်က အပေါ်ယံအားဖြင့် တည်ငြိမ်သော အမူအရာဖြင့် လက်ဖက်ရည်ခွက်ကို ယူလိုက်သည်။ သူမ၏ လှုပ်ရှားမှုများက ပေါ့ပေါ့ပါးပါးဟု ထင်ရသော်လည်း အမှန်တကယ်တွင် သူမသည် ခွက်ထဲရှိ လက်ဖက်ရည်ကို စစ်ဆေးရန် သူမ တတ်နိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုခဲ့ပြီး ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူမ၏နယ်ပယ်က မမြင့်မားသေးချေ။ အကယ်၍ စူးချန်ကဲ အသုံးပြုသော အဆိပ်မှာ အဆင့်မြင့်လွန်းပါက ဤစစ်ဆေးမှု နည်းလမ်းများမှာ အလုပ်ဖြစ်မည် မဟုတ်ပေ။

သို့ရာတွင် သူမ၏ နှလုံးသားထဲ၌ အလွန်တရာ အကျပ်ရိုက်နေချိန်တွင် စူးချန်ကဲက ရေနွေးအိုးကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်ကာ သူ့အတွက်သူ တစ်ခွက် ငဲ့ပြီး ဖြည်းညင်းစွာ သောက်လိုက်သည်ကို သူမ၏မျက်လုံးထောင့်မှ မြင်လိုက်ရလေ၏။

"ဟင်...သူကိုယ်တိုင်လည်း သောက်တယ်ပေါ့...ငါ တကယ်ပဲ အများကြီး တွေးနေမိတာလား..."

အနီးအနားရှိ နင်ဖူယောင်သည် လျှိုရူယန်၏ ပုံမှန်မဟုတ်မှု တစ်စုံတစ်ရာကို သတိမထားမိခဲ့ချေ။ သူမက ဒုတိယ စီနီယာအစ်မသည် စီနီယာအစ်ကိုကို ကြောက်နေဆဲဖြစ်မည်ဟုသာ ခန့်မှန်းလိုက်ပြီး လျှိုရူယန်၏ နားအနီးသို့ ချက်ချင်း တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်၏။

"ကိစ္စမရှိပါဘူး... သောက်လိုက်ပါ ဒုတိယ စီနီယာအစ်မ..."

တခဏမျှ တွန့်ဆုတ်ပြီးနောက် လျှိုရူယန်သည် တစ်ကျိုက်သောက်လိုက်၏။

သို့ရာတွင်... လက်ဖက်ရည်က သူမ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်တွင် သဘာဝအလျောက် အေးစက်မှုကို ဆောင်နေသော လျှိုရူယန်၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။

"မဟုတ်သေးဘူး..ဒီလက်ဖက်ရည်က စိတ်ဝိညာဉ်စွမ်းအား ဂုဏ်သတ္တိတွေ ပါဝင်ရုံလောက် ရိုးရှင်းမနေဘူး...ဒီလက်ဖက်ရည်ထဲမှာ... တကယ်ကြီး တာအိုစည်းချက် တစွန်းတစ ပါဝင်နေတယ်..."

တာအိုစည်းချက်... တာအိုစည်းချက်နှင့် ပတ်သက်၍ သူမ စိမ်းသက်နေခြင်း မဟုတ်ချေ။ သူမ၏ ယခင်ဘဝတွင် သူမသည် တာအိုတစ်ခုကို ပြီးပြည့်စုံခြင်းအဆင့်အထိပင် ကျင့်ကြံခဲ့ဖူးသဖြင့် တာအိုစည်းချက်အပေါ် သူမ၏ နားလည်မှုမှာ အလွန်နက်ရှိုင်းလှသည်။ ယခုချိန်၌ သူမ၏ ကျင့်ကြံခြင်း မမြင့်မားသေးလျှင်ပင် ထိုအရာကို ထပ်မံ၍ အာရုံခံမိချိန်တွင် သူမ ချက်ချင်းသိမြင်နိုင်ပေသည်။

ယခုအချိန်၌ လက်ဖက်ရည်က သူမ၏ လည်ချောင်းထဲသို့ စီးဆင်းသွားသည်နှင့်အမျှ ထိုလက်ဖက်ရည်သည် သူမ၏ ခြေလက်အင်္ဂါများနှင့် အရိုးများထဲသို့ တိတ်တဆိတ် စိမ့်ဝင်သွားလေ၏။ ယနေ့ သူမ အတင်းအကြပ် အသုံးပြုခဲ့သော နတ်ဘုရားစွမ်းရည် လျှို့ဝှက်နည်းစနစ်တစ်ခုကြောင့် သူမ၏ စိတ်ဝိညာဉ်နှင့် သွေးချီတို့တွင် ရရှိခဲ့သော ဒဏ်ရာအချို့ကို အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် အမှန်တကယ် ပြန်လည်ပြုပြင်ကာ ကုသပေးနေပေသည်။

ထို့ထက်ပို၍ အရေးကြီးသည်မှာ သွေးလှုပ်ရှားမှုနယ်ပယ်တွင် အခြေခံ မလုံလောက်မှုအတွက် သူမ၏စိုးရိမ်ပူပန်မှုကလည်း ဤအချိန်၌ အနည်းငယ် ဖြေရှင်းသွားခဲ့ပြီးဖြစ်သည်။

ဒီလက်ဖက်ရည်က ငါ့ရဲ့ခန္ဓာကိုယ်ထဲက သွေးချီတွေကို တကယ်ကြီး သန်မာစေနေတာပဲ...

"လက်ဖက်ရည်ကို လမ်းညွှန်အဖြစ် အသုံးပြုပြီး ဖန်တီးခြင်းအလုပ်ကို လုပ်ဆောင်တယ်... ဒါက လက်ဖက်ရည်တာအိုမှာ အောင်မြင်မှုတစ်ခုခု ရရှိထားတဲ့ သူတွေသာ ပိုင်ဆိုင်နိုင်တဲ့ စွမ်းရည်ပဲ..."

ဤအချိန်၌ လျှိုရူယန် အနည်းငယ် အံ့အားသင့်နေမိလေ၏။

သူမကို အံ့အားသင့်စေခဲ့သည်မှာ လက်ဖက်ရည်ထဲရှိ တာအိုစည်းချက် မဟုတ်ဘဲ စူးချန်ကဲက ထိုလက်ဖက်ရည်ကို ကိုယ်တိုင် ဖျော်ခဲ့သည်ဟု ယခုလေးတင် ပြောခဲ့ခြင်းပင်။

တာအိုလမ်းစဉ်ထဲသို့ ဝင်ရောက်ရန် အလွန်အမင်း ခက်ခဲကြောင်း သိထားရမည်ဖြစ်ပြီး စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်တွင် တာအိုလမ်းစဉ်ထဲသို့ ဝင်ရောက်နိုင်သူများမှာ ပို၍ပင် ရှားပါးလှသည်။ တာအိုလမ်းစဉ်ထဲသို့ ဝင်ရောက်နိုင်မည့် ဖြစ်နိုင်ခြေရှိရန်မှာ လူတစ်ဦးသည် အမှန်တကယ် ပါရမီရှိရမည်ဖြစ်ပြီး ဤတာအိုအပေါ် အလွန်နက်ရှိုင်းသော နားလည်မှု ရှိရပေမည်။ သို့ရာတွင် ထိုတာအိုအပေါ်တွင် တာအိုစည်းချက်ကို စုစည်းလိုပါက ထိုအရာသည် အနည်းဆုံး တာအိုတစ်ခုတွင် အသေးစား အောင်မြင်မှု ရှိထားခြင်းပင်။

လက်ဖက်ရည်ခွက်ကို ကိုင်ထားသော လျှိုရူယန်၏လက်မှာ မသိမသာ တုန်ရီသွားခဲ့၏။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဒဏ်ရာများ လုံးဝ ပျောက်ကင်းသွားခဲ့ပြီဖြစ်သော်လည်း သူမက စူးချန်ကဲကို တမင်တကာ တစ်ချက်ကြည့်လိုက်သည်။

"သူ ဖျော်ထားတာ မဖြစ်နိုင်ဘူး..."

"လက်ဖက်ရည်တာအိုမှာ အောင်မြင်မှုရှိတဲ့ သူက သေချာပေါက် သူ့အသက်အရွယ် မဟုတ်ဘူး..."

"ဘယ်ပါရမီရှင်မှ သူတို့ရဲ့ အားထုတ်မှုတွေကို လက်ဖက်ရည်တာအို ကျင့်ကြံခြင်းမှာ အာရုံစိုက်မှာ မဟုတ်ဘူး..."

မည်သည့် တာအိုမဆို အချိန်အလွန် ကုန်ဆုံးစေသဖြင့် တိုက်ခိုက်ရန်အတွက် အသုံးမပြုနိုင်သော လက်ဖက်ရည်တာအိုအပေါ် မည်သည့် ပါရမီရှင်ကမျှ သူတို့၏ အားထုတ်မှုများကို အာရုံစိုက်မည်မဟုတ်ချေ။သူမ၏ ယခင်ဘဝတွင် သူမ သိကျွမ်းခဲ့သော လက်ဖက်ရည်တာအို၌ အောင်မြင်မှုများရှိသည့် ကျွမ်းကျင်သူများအားလုံးသည် သူတို့၏ ကိုယ်ပိုင်တာအို အဆုံးသတ်သို့ ရောက်ရှိသွားပြီး ဆက်လက်၍ တိုးတက်နိုင်ခြင်း မရှိတော့သည့်အခါမှသာ သူတို့၏ အားလပ်ချိန်များကို လက်ဖက်ရည်တာအိုတွင် ကုန်ဆုံးခဲ့ကြခြင်း ဖြစ်သည်။

ထိုလူများအနက် ကျရှုံးသူများစွာလည်း ရှိခဲ့လေ၏။ တာအိုလမ်းစဉ်ထဲသို့ ဝင်ရောက်ခြင်းက နားလည်သဘောပေါက်နိုင်စွမ်း အပေါ်တွင်သာ မူတည်ပြီး အခြားမည်သည့်အရာနှင့်မျှ သက်ဆိုင်ခြင်း မရှိချေ။

All Chapters