← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း ၂၇: ညီအစ်ကိုတစ်ယောက် ဒုက္ခရောက်မှာကို စိုးရိမ်ပေမဲ့ ညီအစ်ကိုက တာအိုဘိုးဘေး ဖြစ်သွားမှာကိုလည်း ကြောက်တယ်...

စူးချန်ကဲသည် စွမ်းဆောင်ရည် အမှတ်များနှင့် ဝင်္ကပါပုံစံများအကြောင်း တွေးတောနေစဉ်မှာပင် ထုယိုယိုက သူမ၏ အစားအစာကို နောက်ဆုံးတွင် စားသောက်ပြီးစီးသွားကာ စိတ်ကျေနပ်စွာဖြင့် ပန်းကန်နှင့် တူများကို ချထားလိုက်၏။ စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးကို မြင်သောအခါ သူမက မျက်လုံးမှေးကာ အပြုံးနှင့် မေးလိုက်သည်။

"စီနီယာအစ်ကို... ကျွန်မ နည်းနည်း သောက်လို့ ရမလား..."

"အင်း..."

စူးချန်ကဲက ညင်သာစွာ ပြန်ဖြေလိုက်ပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွားကာ သူ၏မျက်လုံးများ တောက်ပသွားခဲ့သည်။

ဟုတ်သားပဲ...

ငါ့ရဲ့ လက်ဖက်ရည်တာအိုက အခု ကြီးမားတဲ့ အောင်မြင်မှုအဆင့်ကို ရောက်နေပြီလေ...

ဒီကျွမ်းကျင်မှုတစ်ခုတည်းနဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်ကတင် မိုးထိအောင် မြင့်မားတဲ့ ဈေးနှုန်းနဲ့ တန်နေပြီ...

လေ့လာဖို့ ဝင်္ကပါပုံစံတွေ မရှိတာကို ဘာလို့ စိတ်ပူနေရမှာလဲ...

ထိုက်ချင်နယ်မြေမှာ ထိုက်ချင်လက်ဖက်ရည်ပွဲဆိုတာကို မကြာခင် ကျင်းပတော့မယ်လို့ အရင်က ကြားဖူးတယ်... အဲ့ဒါက လက်ဖက်ရည်ကနေတစ်ဆင့် တာအိုမိတ်ဆွေတွေနဲ့ တွေ့ဆုံတဲ့ ပွဲတစ်ခုပဲ... လက်ဖက်ရည်တာအိုအကြောင်း ဆွေးနွေးတာအပြင် အရေးအကြီးဆုံး အပိုင်းက ယွမ်ယန်နယ်မြေက လက်ဖက်ရည်တာအို မဟာဆရာသခင်တွေရဲ့ လက်ရာတွေကို လေလံတင်ရောင်းချတာပဲ...

တခြားဒေသတွေက လက်ဖက်ရည်ကို နှစ်သက်တဲ့ မဟာဆရာသခင် တချို့လည်း လာကြတယ်လို့ ကြားတယ်... ငွေတွေကို ရေလို သုံးကြတာတဲ့... သူတို့က အရမ်း ချမ်းသာတာပဲ...

ဒီလိုတွေးကြည့်ရင်တော့...

အင်း... တောင်အောက်ဆင်းဖို့ လိုအပ်တယ်... လမ်းကြုံရင် စနစ်ရဲ့ တာဝန်ကိုပါ လုပ်နိုင်တာပေါ့... နှစ်ဦးနှစ်ဖက် အကျိုးရှိတာပဲ...

စူးချန်ကဲ ဆုံးဖြတ်ချက်ချပြီးနောက် ထုယိုယိုသည် သူမ၏ ခွက်ထဲရှိ လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်လိုက်လေ၏။ သူမ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။

"ဒီလက်ဖက်ရည်... ဒီလက်ဖက်ရည်က..."

တစ်ချိန်တည်းမှာပင်....

တတိယတောင်ထိပ်ရှိ ဝါးရွက်သံနားဆင်ရာ ဥယျာဉ်၌...

လရောင်သည် ပိုးသားကဲ့သို့ဖြစ်ပြီး တတိယတောင်ထိပ်ရှိ ဝါးရွက်သံနားဆင်ရာ ဥယျာဉ်အပေါ်သို့ တိတ်ဆိတ်စွာ ဖြာကျနေသည်။

လူကျဲပါးပြီး ဖရိုဖရဲဆန်သော နဝမတောင်ထိပ်နှင့် မတူဘဲ ဤနေရာသည် ပိုမိုလှပသေသပ်ကာ လူသူကင်းမဲ့လေ၏။

ညလေပြေ တိုက်ခတ်လာသည်နှင့်အမျှ ဝါးပင်ထောင်ပေါင်းများစွာမှာ ယိမ်းနွဲ့နေကြပြီး ချစ်သူများ တီးတိုးစကားပြောနေသည့်အလား ကောင်းကင်နှင့်မြေကြီး၏ စည်းချက်ကဲ့သို့ သစ်ရွက်လှုပ်သံများကို ထုတ်လွှတ်နေသည်။

ဝါးတောဖြင့် ဝန်းရံထားသော နေရာတွင် ကျောက်စိမ်းဖြူခန်းမဆောင်တစ်ခုက စိတ်ဝိညာဉ်စမ်းချောင်းတစ်ခု၏ နံဘေး၌ တည်ရှိနေလေ၏။ ခန်းမဆောင်အတွင်းရှိ ကျောက်စားပွဲနှင့် ကျောက်ခုံတန်းများအားလုံးကို နွေးထွေးသော စိတ်ဝိညာဉ်ကျောက်စိမ်းဖြင့် ထွင်းထုထားပြီး စိတ်ဝိညာဉ်ကို ငြိမ်သက်စေသော မှေးမှိန်သည့် အလင်းရောင်တစ်ခု ဖြာထွက်နေသည်။

ဤအချိန်၌ လီချင်းဖုန်းသည် ခန်းမဆောင်အတွင်း၌ တစ်ယောက်တည်း ထိုင်နေပြီး ရိုးရှင်းသော လက်ဖက်ရည်ဖျော်စပ်သည့် ပစ္စည်းတစ်စုံကို အာရုံစိုက်နေလေ၏။

သူသည် ခူးဆွတ်ထားခါစ နွေဦးလေပြေ လက်ဖက်ရည်အချို့ကို ဖျော်စပ်နေစဉ် သူ၏ လက်ချောင်းထိပ်များတွင် မှေးမှိန်သော စိတ်ဝိညာဉ်အလင်းတန်းများ လှည့်ပတ်နေသည်။ သူ၏အမူအရာမှာ အာရုံစိုက်နေပြီး အလွန်အမင်း သတိထားသည့် နူးညံ့မှုတစ်ခု ပါဝင်နေသည်။ လရောင်က သူ၏ အစိမ်းရောင်ဝတ်ရုံပေါ်သို့ ကျရောက်နေပြီး ဤသည်မှာ ကျောင်းတော်သားတစ်ဦး၏ ကြော့ရှင်းမှုတချို့ဖြင့် စွန်းထင်းနေသည့်အလားပင်။

သူ၏ တခြားလက်တစ်ဖက်က အနက်ရောင် စစ်တုရင်ရုပ်တစ်ခုကို ကောက်ယူကာ စစ်တုရင်ခုံပေါ်တွင် တင်လိုက်၏။

"ဆရာ... ဝမ်ကန်းက တကယ်ပဲ အဲ့ဒီလို ပြောခဲ့တာလား... အဲ့ဒီစကားတွေကို ဆရာ တကယ် ယုံတာလား..."

မျက်ခုံးထူထူနှင့် မျက်လုံးပြူးပြူး လူငယ်တစ်ဦးက လက်ဖက်ရည်ဖျော်နေရင်း သရော်တော်တော် မေးလိုက်သည်။

ဘာလို့ အဖိုးကြီးစူးက မဟာဧကရာဇ် ဖြစ်သွားပြီလို့ သူ မပြောခဲ့တာလဲ...

အဲ့ဒါက ပိုပြီး လက်တွေ့ကျသေးတယ်...

လီချင်းဖုန်းက ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ ပြောဆိုလိုက်၏။

"လူတစ်ယောက်က အလုပ်နှစ်ခုကို တစ်ပြိုင်နက်တည်း လုပ်လို့မရဘူး... လက်ဖက်ရည်ဖျော်တာကို အာရုံစိုက်စမ်းပါ..."

"ဘယ်လိုလုပ် အဲ့ဒီလို ပြောနိုင်ရတာလဲ... ဆရာလည်း အတူတူပဲ လုပ်နေတာ မဟုတ်ဘူးလား..." လူငယ်က ညည်းတွားလိုက်သည်။

"ဘာလဲ... မင်း စာတွေ ထပ်ကူးချင်သေးလို့လား..."

လီချင်းဖုန်းက ခက်ထန်တင်းမာစွာ ပြောဆိုသည်။ သူ၏အသံမှာ အမှန်တကယ်ကို အနည်းငယ် အိုမင်းနေပုံရပြီး သူ၏ အသက်အရွယ်မှာ သူ၏ အသွင်အပြင်က ညွှန်ပြထားသကဲ့သို့ ငယ်ရွယ်ခြင်းမရှိကြောင်း မြင်တွေ့နိုင်သည်။

ရွှီချီ၏နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသော်လည်း သူ နောက်ထပ် ဘာမျှမပြောဝံ့တော့ချေ။

အဓိကအချက်မှာ စာကူးခြင်းက သူ့အတွက် အမှန်တကယ့်ကို ညှဉ်းပန်းနှိပ်စက်မှုတစ်ခုပင်။ အစကတည်းက သူသည် စာဖတ်တတ်ရုံ သက်သက်သာ ရှိခဲ့ခြင်း ဖြစ်ပေ၏။

"ငါက မင်းနဲ့ ဒီတိုင်း စကားပြောနေတာပါ... ငါက ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် ယုံနိုင်မှာလဲ... ဒါနဲ့ စကားမစပ်... မင်းက စူးချန်ကဲနဲ့ အဆင်ပြေတယ် မဟုတ်ဘူးလား... သူ အစွမ်းထက်လာတာကို မင်း ပျော်နေသင့်တာ မဟုတ်လား..."

လီချင်းဖုန်းက ညင်သာစွာ ရယ်မောရင်း မေးလိုက်၏။ ရိုးရိုးသားသား ပြောရလျှင် သူ မည်သို့ ယုံကြည်နိုင်မည်နည်း။

ထိုဝမ်ကန်းက ရှင်းရှင်းလင်းလင်းကို ကြွားလုံးထုတ်နေခြင်း ဖြစ်ပေမည်။ အကယ်၍ သူသာ ထိုအရာကို ယုံကြည်ခဲ့ပါက သရဲတစ္ဆေများကိုပင် သူ မြင်တွေ့နေရပြီး ဖြစ်ပေလိမ့်မည်။

ဤအချိန်၌ ရွှီချီက လေးနက်မှု အရိပ်အယောင်တစ်ခုကို ပြသကာ ပြောဆိုသည်။

"ဆရာ... 'ညီအစ်ကိုတစ်ယောက် ဒုက္ခရောက်မှာကို စိုးရိမ်ပေမဲ့ ညီအစ်ကိုက တာအိုဘိုးဘေး ဖြစ်သွားမှာကိုလည်း ကြောက်တယ်' ဆိုတဲ့ ဆိုရိုးစကားကို ဆရာ နားလည်လား..."

သောက်ကျိုးနည်း...

မနေ့က သူ အဆင်ပြေနေသေးတာပဲ... သူ နတ်ဘုရားချဉ်းကပ်ခြင်းစေတီမှာ ကျရှုံးသွားပြီးတဲ့နောက် သူ့ကို ငါ သွားပြီး နှစ်သိမ့်ပေးချင်ခဲ့တာ... ဒီနေ့ကျတော့ သူက လင်းထျန်းလန်ကို တစ်ကွက်တည်းနဲ့ အနိုင်ယူလိုက်တယ်လို့ ဆရာက ပြောတယ်...

ပြီးတော့ သူက အရာအားလုံးကို တတ်စွမ်းနိုင်တယ်လို့ ကောလာဟလ ဖြန့်နေတဲ့ တပည့်တွေလည်း ရှိသေးတယ်...

ဒါကို ငါ ဘယ်လို သည်းခံနိုင်မှာလဲ...

ငါရဲ့ နှလုံးသားထဲမှာ စူးချန်ကဲကို အမြဲတမ်း ညီအစ်ကိုတစ်ယောက်လို သတ်မှတ်ထားခဲ့တာ...

ဒီအဖိုးကြီးစူးက တကယ်ကို အသုံးမကျတာပဲ... ငါ့ကိုတောင် သူ ဖုံးကွယ်ထားသေးတယ်...

ဘုန်း...

မမြင်ရသော အင်အားတစ်ခုမှ စုစည်းထားသည့် သစ်အယ်သီးတစ်လုံးက ရွှီချီ၏ ခေါင်းပေါ်သို့ ကျရောက်လာခဲ့လေ၏။ ထို့နောက် လီချင်းဖုန်းက ပြောဆိုသည်။

"တခြားသူတွေ ကောင်းကောင်းလုပ်နေတာကို မကြည့်နိုင်တာက လူကြီးလူကောင်း တစ်ယောက်ရဲ့ အမူအကျင့် မဟုတ်ဘူး..."

"..."

ရွှီချီက သူ၏ခေါင်းကို ပွတ်သပ်လိုက်ပြီး အလွန်နေမထိထိုင်မသာ ဖြစ်သွားခဲ့သည်။

'ကျွန်တော်က အစကတည်းက လူကြီးလူကောင်း တစ်ယောက် မဖြစ်ချင်ခဲ့ပါဘူး...'

'ကျွန်တော့်ဆီမှာ ဟောက်ရန်ချီရှိနေတယ်လို့ ဇွတ်ပြောပြီး ကျွန်တော့်ကို လက်ခံခဲ့တာ ဆရာလေ... ဟုတ်တယ်မလား...'

"စိတ်ချပါ... သူ့ရဲ့ ခွန်အားက မှော်အက္ခရာထွင်းထုခြင်းနယ်ပယ်ကို ရောက်သွားတာကလွဲရင် ကျန်တာ အကုန်လုံးက အတုတွေပါ... ဒီအရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေမှာ ဒီအသက်အရွယ်နဲ့ စစ်တုရင်တာအိုကို ကျွမ်းကျင်ဖို့ဆိုတာ ဘယ်သူမှ မဖြစ်နိုင်ဘူး... မင်း ပိုကြိုးစားပြီး စာအုပ်တွေ ပိုဖတ်ရင် သူ့ကို မီအောင် လိုက်နိုင်မှာပါ..."

လီချင်းဖုန်းက ညင်သာစွာ ရယ်မောလိုက်၏။

"စာဖတ်ရမယ်..."

"စာဖတ်တာက..." ရွှီချီက ညည်းတွားလိုက်သော်လည်း အအေးလှိုင်းတစ်ခုက သူ့အပေါ်သို့ လွှမ်းခြုံလာသောအခါ သူက ချက်ချင်းပင် လေးစာစကြည်ညိုသော အမူအရာကို ပြသကာ သူ၏ စကားများကို ပြောင်းလဲလိုက်သည်။

"ဒါက... ကျောက်စိမ်းလို လှပတာပဲ... အဟမ်း... ကျွန်တော် သွားပြီးစာဖတ်သင့်တယ်... ဆရာ... ကျွန်တော် သွားတော့မယ်..."

သူသည် ချက်ချင်းလစ်ထွက်သွားလေ၏။

ဤသည်ကို မြင်သောအခါ လီချင်းဖုန်းက ရွှီချီ၏ ကျောပြင်ကို မော့ကြည့်ကာ အမှတ်မထင် ပြုံးလိုက်သည်။ ယနေ့၌ ဝမ်ကန်း ပြောဆိုခဲ့သည့်အရာများကို သတိရလိုက်ပြီး သူ ခေါင်းခါယမ်းလိုက်သည်။

"တကယ်လို့ စစ်တုရင်တာအိုကို ကျင့်ကြံဖို့က အဲ့ဒီလောက် လွယ်ကူနေရင် ငါက ဘာလို့ ဒီအဆင့်မှာ နှစ်ပေါင်းများစွာကြာအောင် ပိတ်မိနေရမှာလဲ..."

"ကောင်လေး တစ်ယောက်ဆိုရင်တော့ ပြောနေဖို့တောင် မလိုတော့ဘူး..."

ထိုအချိန်၌ အနည်းငယ် အလောသုံးဆယ်နိုင်သော ခြေသံတစ်သံက ဝါးတောလမ်းလေးဆီမှ ထွက်ပေါ်လာပြီး ည၏ တိတ်ဆိတ်မှုကို ချိုးဖျက်သွားခဲ့သည်။

ယောင်ရှင်းယဲ့သည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့၏။ အဆောင်လက်ဖွဲ့ ပစ္စည်းများ၏ အထူးရနံ့တစ်ခု အမြဲတမ်း ပါဝင်လေ့ရှိသော သူ၏တာအိုဝတ်ရုံမှာ ​သပ်ရပ်လှပသော ဝါးတောပတ်ဝန်းကျင်နှင့် အနည်းငယ် လိုက်ဖက်မှုမရှိသကဲ့သို့ ရှိနေသည်။

"ဂျူနီယာညီလေးလီ... မင်း အလုပ်များနေလား..."

ယောင်ရှင်းယဲ့မှာ သူ၏ အသံမရောက်မီကပင် ရောက်ရှိလာခဲ့ပြီး သူ၏အသံက ကျယ်လောင်ကာ ပဲ့တင်ထပ်နေသည်။

လီချင်းဖုန်းက မော့ကြည့်ပြီး ယောင်ရှင်းယဲ့ဖြစ်ကြောင်း မြင်သောအခါ သူက အပြုံးနှင့် ပြောဆိုလိုက်သည်။

"စီနီယာအစ်ကိုယောင်... ဒီနေ့ ငါ့ရဲ့ ဝါးရွက်သံနားဆင်ရာ ဥယျာဉ်ဆီကို ဘယ်လို ​ စိတ်ဝင်စားမှုမျိုးက ခေါ်ဆောင်လာတာလဲ..."

ယောင်ရှင်းယဲ့က လီချင်းဖုန်း၏ မျက်နှာချင်းဆိုင်တွင် ဝုန်းခနဲ ထိုင်လိုက်ပြီး တောက်ပနေသော မျက်လုံးများဖြင့် ပြောဆိုလိုက်သည်။

"ဒီနေ့ မင်းဆီကနေ လက်ရေးလှနဲ့ ပတ်သက်ပြီး အကြံဉာဏ် တောင်းဖို့ ငါ လာခဲ့တာ..."

"လက်ရေးလှ ရေးတာလား..."

ဤအရာကို ကြားသောအခါ လီချင်းဖုန်း၏ နူးညံ့သော မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။

သူ၏ ဒုတိယ စီနီယာအစ်ကိုသည် အဆောင်လက်ဖွဲ့တာအိုအပေါ် စွဲလမ်းလွန်းပြီး သူ၏ စိတ်နေသဘောထားမှာ ပျာပျာသလဲနိုင်လေသည်။ ငြိမ်းချမ်းသော စိတ်နှင့် အာရုံစူးစိုက်မှု လိုအပ်သော လက်ရေးလှပညာရပ်နှင့် သူသည် အမြဲတစေ သဟဇာတ မဖြစ်ခဲ့ချေ။

"စီနီယာအစ်ကိုက ဘယ်တုန်းက စိတ်နေသဘောထား ပြောင်းသွားတာလဲ..."

ယောင်ရှင်းယဲ့က တည်ငြိမ်စွာ ထိုင်နေရင်း ပြောဆိုလိုက်၏။

"အင်း... အဆောင်လက်ဖွဲ့တာအို လမ်းစဉ်မှာ တိုးတက်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ နှလုံးသားကို တည်ငြိမ်အောင် ထားရမယ်လေ... လက်ရေးလှလေ့ကျင့်တာက ငါ့ရဲ့ စိတ်မရှည်မှုတွေကို လျော့ကျသွားစေနိုင်တယ်လို့ ငါ တွေးမိလို့ပါ..."

သူသည် စူးချန်ကဲ၏ လမ်းညွှန်မှုကြောင့်ဟု မပြောနိုင်ချေ။ ဤသည်က အလွန်တုန်လှုပ်စရာ ကောင်းပေလိမ့်မည်။

လီချင်းဖုန်းက ဘယ်လို လူမျိုးနည်း။ ယောင်ရှင်းယဲ့၏အမူအရာကို မြင်ရုံဖြင့် လျှို့ဝှက် ဇာတ်လမ်းတစ်ပုဒ် ရှိနေကြောင်း သူ သိလိုက်သော်လည်း ထိုအရာကို သူ ဖွင့်မချခဲ့ချေ။ သူ ပြုံးရုံသာ ပြုံးလိုက်ပြီး ပြောဆိုသည်။

"ဒီလိုကိုး... စီနီယာအစ်ကို သင်ယူချင်စိတ် ပြင်းပြနေတာက ကောင်းတဲ့ကိစ္စပါ... ဒါပေမဲ့..."

သူက အကြောင်းအရာကို ပြောင်းလိုက်ပြီး အနည်းငယ် အားနာသည့်ဟန်ဖြင့် ပြောဆိုလိုက်သည်။

"ဒီနှစ်ရက်အတွင်းမှာတော့ အဆင်မပြေလောက်ဘူးလို့ ငါ ထင်တယ်... ငါက ထိုက်ချင် လက်ဖက်ရည်ပွဲကိုသွားဖို့ ပြင်ဆင်နေလို့ပါ..."

"ထိုက်ချင် လက်ဖက်ရည်ပွဲလား..."

ယောင်ရှင်းယဲ့ ကြောင်အမ်းသွားပေ၏။

"အဲ့ဒါက မင်းတို့ လက်ဖက်ရည်ဂျိုးကြီးတွေ... အာ... လက်ဖက်ရည် ဝါသနာရှင်တွေအတွက် စုဝေးပွဲသက်သက် မဟုတ်ဘူးလား..."

"လွန်ခဲ့တဲ့ နှစ်နှစ်က အဲ့ဒီနေရာက လက်ဖက်ရည်တွေက အရသာ ပေါ့ပျက်ပျက်ဖြစ်ပြီး မင်းကိုယ်တိုင် စိုက်ထားတဲ့ နွေဦးလေပြေ လက်ဖက်ရည်လောက် မကောင်းဘူးလို့ မင်း ပြောခဲ့တာကို ငါ မှတ်မိပါသေးတယ်... ဒီနှစ်ကျမှ ဘာလို့ စိတ်ဝင်စားနေရတာလဲ..."

လီချင်းဖုန်းက သူ ဖျော်စပ်ထားသော ဝါးရွက် လက်ဖက်ရည်ကို ကျောက်စိမ်းအိုးထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။ မျှော်လင့်ခြင်း အရိပ်အယောင်တစ်ခုက သူ၏ မျက်လုံးများတွင် ဖြတ်ပြေးသွားပြီး သူ၏ လေသံတွင် စိတ်ခံစားမှု အနည်းငယ် ပါဝင်နေသည်။

"ခေတ်တွေက ပြောင်းသွားပြီလေ... နှစ်ပေါင်းများစွာကြာအောင် တသီးတသန့် နေထိုင်ခဲ့တဲ့ သစ်တော်သီးကျောက်စိမ်း ရသေ့ပညာရှင်က ဒီလက်ဖက်ရည်ပွဲကို တက်ရောက်မယ်လို့ ငါ ကြားတယ်... လက်ဖက်ရည်တာအိုအပေါ် ရသေ့ပညာရှင်ရဲ့ ထိုးထွင်းသိမြင်မှုတွေက ငါတို့ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေရဲ့ ခေါင်းဆောင်လို့တောင် ခေါ်လို့ရတယ်... သူကိုယ်တိုင် ဖျော်ထားတဲ့ နှင်းတောင်ထိပ် စိတ်ဝိညာဉ်မြူခိုး လက်ဖက်ရည်က တာအိုနှလုံးသားကို သန့်စင်ပေးနိုင်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို မြင်တွေ့နိုင်စေတယ်ဆိုပြီး ဒဏ္ဍာရီတွင်တယ်... ဒီလို အခွင့်အရေးမျိုးကို ငါ ဘယ်လိုလုပ်ပြီး လက်လွှတ်ခံနိုင်မှာလဲ..."

ဤအရာကို ကြားသောအခါ ယောင်ရှင်းယဲ့က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ပြီး စူးချန်ကဲက သူ့ကို ယခုလေးတင် လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်ခဲ့သည့် ကိစ္စကို မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။

ဆရာစူးကလည်း လက်ဖက်ရည်သောက်တာကို နှစ်သက်တာများလား...

ငါလည်း သွားပြီး သူ့အတွက် လက်ဖက်ခြောက်ကောင်းကောင်းတချို့ ယူလာပေးရမလား...

"ဟင်..."

"စီနီယာအစ်ကို... မင်းဆီမှာ ဘာလို့ လက်ဖက်ရည်တာအို အရှိန်အဝါ ရှိနေရတာလဲ..."

"ခုဏက မင်း ဘယ်သွားခဲ့တာလဲ..."

အမြဲတစေ ကြော့ရှင်းပြီး တည်ငြိမ်နေလေ့ရှိသော လီချင်းဖုန်းက စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်လိုက်သည်။

အခန်း ၂၈:အဲ့ဒီလို တွက်ချက်ဖို့ နင့်ကို ဘယ်သူ သင်ပေးထားတာလဲ...

"ဘာဖြစ်လို့လဲ... ဘာလက်ဖက်ရည်တာအို အရှိန်အဝါလဲ..."

ယောင်ရှင်းယဲ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး အထူးတလည် ရနံ့တစ်စုံတစ်ရာ မရရှိသဖြင့် သူ၏အင်္ကျီလက်ကို နမ်းကြည့်ရန် အလိုအလျောက် လက်မြှောက်လိုက်၏။

"စီနီယာအစ်ကိုယောင်... မင်း အဲ့ဒါကို အနံ့ခံလို့ မရဘူး...ဒါက တာအိုစည်းချက်ပဲ... တာအို အမျိုးအစားတစ်ခုလေ... ဒါပေမဲ့ လက်ဖက်ရည်တာအိုက ထူးခြားတယ်... တကယ်လို့ ငါက လက်ဖက်ရည်နဲ့ နှစ်ပေါင်းများစွာကြာအောင် အလုပ်မလုပ်ခဲ့ဘူးဆိုရင် ငါလည်း သတိထားမိမှာ မဟုတ်ဘူးထင်တယ်..."

လီချင်းဖုန်းက ဖြည်းညှင်းစွာ ရှင်းပြလိုက်ပြီးနောက် မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

"စီနီယာအစ်ကိုယောင်က ခုဏက တစ်ယောက်ယောက်နဲ့ တွေ့ခဲ့သေးလား..."

လက်ဖက်ရည်တာအို စည်းချက်ကို ထုတ်လွှတ်နိုင်ရန်အတွက် အနည်းဆုံး တာအိုလမ်းစဉ်ထဲသို့ ဝင်ရောက်ထားသော လက်ဖက်ရည် ဖြစ်ရပေမည်။ ဤကဲ့သို့ လက်ဖက်ရည်ကို ဖျော်စပ်နိုင်သူဟူ၍ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေတွင် များများစားစား ရှိကြောင်း သူ မကြားဖူးခဲ့ချေ။ ထိုလူများအနက် ဗုဒ္ဓဂိုဏ်းဝင် လူဝတ်ကြောင်ကမူ တစ်ယောက်အပါအဝင်ပင်။ ယောင်ရှင်းယဲ့က သူ၏ရှေ့တွင် ထိုအရာကို ကြုံတွေ့ခဲ့ရလောက်အောင် ကံကောင်းနေခဲ့ခြင်းများလား။

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြောင်အမ်းသွားသူမှာ ယောင်ရှင်းယဲ့ပင်။ ယခုလေးတင် သူ စူးချန်ကဲထံမှ ဖြတ်သွားခဲ့သည့် အချက်ကို သူ ရုတ်တရက် တွေးတောမိသွားခဲ့သည်။

"ဖြစ်နိုင်တာက..."

"ဆရာစူးရဲ့ လက်ဖက်ရည်အိုးထဲမှာ တာအိုညှို့ဓာတ် ပါဝင်နေတာများလား..."

"အဲ့ဒါက မဟုတ်သေးဘူး... နဝမတောင်ထိပ်မှာ လက်ဖက်ရည်တာအိုကို သိတဲ့လူ ရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး... ပြီးတော့ လီချင်းဖုန်းရဲ့ အမူအရာကို ကြည့်ရတာ အဲ့ဒါက အရမ်း အထင်ကြီးစရာ ကောင်းတဲ့ပုံပဲ..."

"ဒါက မဖြစ်နိုင်ဘူး..."

ယောင်ရှင်းယဲ့သည် ထိုကိစ္စကို ဖြစ်နိုင်ခြေတစ်ခုနှင့် ဆက်စပ်တွေးတောမိပြီးနောက် သူ၏ နှလုံးသားထဲရှိ အံ့အားသင့်မှုကို ချက်ချင်းဖိနှိပ်လိုက်လေ၏။

မဖြစ်နိုင်ဘူး...

ဒါက မဖြစ်နိုင်ဘူး...

ဆရာစူးက အသက် နှစ်ဆယ်ကျော်လေးပဲ ရှိသေးတာ... အဆောင်လက်ဖွဲ့တာအိုမှာ ကြီးမားတဲ့ အောင်မြင်မှုကို ရရှိထားတာကတင် ကောင်းကင်တာအိုရဲ့ မျက်နှာသာပေးမှုကို ခံထားရတာပဲ... သူက လက်ဖက်ရည်တာအိုမှာ ဒီလို ထူးခြားတဲ့ အောင်မြင်မှုတွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ...

အဲ့ဒါက အရမ်း ချဲ့ကားလွန်းရာ ကျသွားလိမ့်မယ်..

ဒီလို မဖြစ်သင့်ဘူး...

အဲ့ဒီ လက်ဖက်ရည်က ထူးခြားတဲ့ အရင်းအမြစ်ကနေ လာတာများလား...

အင်း... ဘာပဲဖြစ်ဖြစ် ဆရာစူးရဲ့ ကိစ္စကိုတော့ ငါ ဖွင့်ချလို့ မဖြစ်သေးဘူး...

နောက်တစ်စက္ကန့်တွင် ယောင်ရှင်းယဲ့က မသိချင်ယောင်ဆောင်ကာ ခေါင်းခါယမ်းပြီး ပြောဆိုသည်။

"ငါ တစ်နေ့လုံး ဂိုဏ်းထဲမှာပဲ ရှိနေတာပါ... သူစိမ်း တစ်ယောက်မှ မတွေ့ခဲ့ပါဘူး..."

"ဒါဆို ဂိုဏ်းထဲက တစ်ယောက်ယောက်က ကောင်းကင်ကိုဆန့်ကျင်တဲ့ အခွင့်အရေးကို ရခဲ့ပြီး လက်ဖက်ရည်ကောင်းတစ်အိုး ရခဲ့တာများလား..."

လီချင်းဖုန်းက ခန့်မှန်းလိုက်သည်။ ဤလက်ဖက်ရည်ကို ဂိုဏ်းထဲမှ တစ်စုံတစ်ယောက် ဖျော်ခဲ့သည်ဟု သူ မည်သည့်အခါမျှ တွေးတောမည် မဟုတ်ချေ။ အကြောင်းအရင်းမှာ ဤသည်က မဖြစ်နိုင်သောကြောင့်ပင်။

မကြာခဏ မျက်နှာမပြတတ်သော ဂိုဏ်းချုပ်ပင်လျှင် လက်ဖက်ရည်တာအိုတွင် မကျွမ်းကျင်ချေ။

မကြာမီ ယောင်ရှင်းယဲ့သည် လီချင်းဖုန်းထံမှ လက်ရေးလှပညာရပ်အတွက် အကြံဉာဏ်တောင်းခံရန် သဘောတူပြီးနောက် ထွက်ခွာသွားလေ၏။ လီချင်းဖုန်းသည် သူ၏ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး သူ၏ရှေ့ရှိ စစ်တုရင်ခုံကို တွေးတောနေစဉ် သူ၏လက်ထဲရှိ နွေဦးလေပြေ လက်ဖက်ခြောက်များကို ဖျော်စပ်ရင်း ရေရွတ်လိုက်သည်။

"တောင်ပိုင်းကန္တာရက နတ်ဆိုးနယ်မြေမှာ ဆူပူအုံကြွမှုတွေ ဖြစ်နေတယ်... မြောက်ပိုင်းနယ်မြေက နင်မိသားစုရဲ့နတ်ဘုရားမလေးက ပျောက်ဆုံးနေတယ်... ယွမ်ရှန်းဂိုဏ်းကလည်း သူတို့ရဲ့ ဓားတွေကို ဆွဲထုတ်ဖို့ ရည်ရွယ်ချက် ရှိနေပြီ... လက်ရှိ ငြိမ်းချမ်းရေးက ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ငါ မသိတော့ဘူး..."

...

ညဉ့်နက်လာလေပြီ။

နဝမတောင်ထိပ်ရှိ တောင်ခါးပန်းတွင်...

သစ်သားအိမ်လေးအတွင်း၌ မီးရောင်များ လင်းလက်နေသည်။

ညစာစားပြီးနောက် မိန်းကလေးသုံးဦးသည် ဝူယာခြံဝင်းမှ ထွက်ခွာလာပြီး သူတို့၏ နေအိမ်များသို့ ပြန်လာကြကာ ပုံမှန်အတိုင်း အိပ်ရာမဝင်မီ အစည်းအဝေးတစ်ခု ပြုလုပ်နေကြ၏။

"ဒီနေ့ စူးချန်ကဲက နင့်အတွက် ရှေ့ထွက်ရပ်တည်ပေးဖို့သက်သက်နဲ့ ထျန်းရွှမ်နိုင်ငံက လင်းထျန်းလန်ကို လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့ အနိုင်ယူလိုက်တယ်လို့ နင် ပြောနေတာလား..." လျှိုရူယန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ သူမ၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် အတွေးနက်နေသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့၏။

လင်းထျန်းလန်သည် ထျန်းရွှမ်နိုင်ငံရှိ လူငယ်မျိုးဆက်များထဲတွင် နံပါတ်တစ်ပါရမီရှင်ဖြစ်ပြီး အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေတွင် သူ၏ ဂုဏ်သတင်းမှာ ကြီးမားလှသည်။ သူမပင်လျှင် သူ့အကြောင်းကို သိရှိထားသည်။

လျှိုရူယန်သည် ဤလူကို အလေးအနက် မထားခဲ့ကာ အချိန်တစ်ခုပေးပါက သူမသည် သူ့ကို အလွယ်တကူ ကျော်တက်သွားနိုင်ပေသည်။ သူမကို ပဟေဠိဖြစ်စေခဲ့သောအရာမှာ စူးချန်ကဲ၏ ခွန်အားက အဘယ်ကြောင့် ရုတ်တရက် မြင့်တက်လာသနည်း ဆိုခြင်းပင်။

ထို့ပြင် မနေ့ကနှင့် ယနေ့တွင် သူ၏ အပြုအမူ အမျိုးမျိုးမှာ ပုံမှန်မဟုတ်လွန်းလှချေ။ အဖိုးကြီးမွန်းစတားတစ်ကောင်က စူးချန်ကဲကို ပူးကပ်ရန် အသုံးပြုခဲ့သလားဟုပင် သူမ သံသယဝင်မိသည်။

သို့ရာတွင် သူမ ပြန်တွေးကြည့်သောအခါ ဤသည်မှာ မမှန်ကန်ကြောင်း သူမ ခံစားရသည်။ ထိုက်ချင်ဂိုဏ်းတွင် အနည်းဆုံးအနေဖြင့် နတ်ဘုရားမီးတောက်နယ်ပယ်ရှိ လူတစ်ဦးက တာဝန်ယူထားကြောင်းကို မဆိုထားနှင့် အကယ်၍ ထိုက်ချင်ဂိုဏ်းထက် သာလွန်သော ခွန်အားရှိသည့် အကြွင်းအကျန် စိတ်ဝိညာဉ်တစ်ကောင်က စူးချန်ကဲကို ပူးကပ်ရန် အသုံးပြုခဲ့လျှင်ပင် သူတို့ကို ဤကဲ့သို့ ဆက်ဆံရန် အကြောင်းပြချက် မရှိချေ။ သူ ဘာရလိမ့်မည်နည်း။

သို့ရာတွင် ထိုသို့ဖြစ်လျှင်ပင် လျှိုရူယန် အနည်းငယ်သာ အံ့အားသင့်မိလေ၏။

"ဒုတိယ စီနီယာအစ်မ... အဲ့ဒါက မယုံနိုင်စရာကောင်းတယ်လို့ ကျွန်မလည်း ထင်တယ်... စီနီယာအစ်ကိုက ငါတို့ ထင်ထားသလောက် မဆိုးပါဘူး... အရင်တုန်းက သူ့ကို ငါတို့ အထင်လွဲနေခဲ့တာများလား..."

နင်ဖူယောင်၏ လှပသော မျက်လုံးများတွင် လေးနက်သော အမူအရာ ထင်ဟပ်လာပြီး ညင်သာစွာ ပြောလိုက်သည်။

လျှိုရူယန်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြောဆိုသည်။

"နင်က တုံးအတဲ့ ကောင်မလေးပဲ... နင်က မှတ်ဉာဏ်မကောင်းဘူးလား..."

"ငါတို့ စိတ်ဝိညာဉ် သတ္တုတွင်း တူးခဲ့ရတဲ့ နေ့ရက်တွေကို နင် မေ့သွားပြီလား..."

"နင့်ကို အမှိုက်လို့ နေ့တိုင်း စော်ကားပြီး ဓားတစ်လက်တောင် မမနိုင်ဘဲနဲ့ ဓားအင်မော်တယ် ဖြစ်ချင်နေသေးတယ်လို့ ပြောခဲ့တာ ဘယ်သူလဲ..."

"ငါတို့ကို ဂိုဏ်းကပေးတဲ့ အရင်းအမြစ်တွေကို အချိန်အကြာကြီး ယူထားတာက ဘယ်သူလဲ..."

"အဲ့ဒါတွေ အကုန်လုံးကို မေ့သွားပြီလား..."

နင်ဖူယောင်က အနည်းငယ် အနေရခက်စွာ ခေါင်းငုံ့လိုက်ပြီး ပြောဆိုလိုက်၏။

"ကျွန်မ... မမေ့ပါဘူး... စီနီယာအစ်ကိုက ရုတ်တရက် ပြောင်းလဲသွားတော့ သူ့ကို သိပ်မမုန်းတော့ဘူးလို့ ခံစားရလို့ပါ..."

ဤအချိန်၌ စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ထိုက်ချင်နယ်မြေ၏ မြေပုံကို ကိုင်ထားသော ထုယိုယိုက စားပွဲကို ရုတ်တရက် ရိုက်ပုတ်လိုက်ပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်ရယ်မောလိုက်သည်။

"မနက်ဖြန် ဘယ်သွားရမလဲဆိုတာ ငါ ဆုံးဖြတ်ပြီးပြီ... ဟား ဟား ဟား ဟား..."

သူမ၏ မျိုးနွယ်ဝင်များ မကြာခဏ ပြောလေ့ရှိသော "လူ့လောကရဲ့မီးရှူးမီးပန်းတွေ" ကို သူမ မြင်တွေ့ရတော့မည်ဖြစ်သဖြင့် ယခုအချိန်၌ သူမ၏ စိတ်အခြေအနေ အလွန်အမင်း ကောင်းမွန်နေပေသည်။ ဤသည်က အလှပဆုံး ရှုခင်းဖြစ်ပြီး ပျော်စရာကောင်းကာ အရသာရှိသော အရာများစွာ ရှိကြောင်း သူမ ကြားဖူးခဲ့လေ၏။

သူတို့ ညစာစားပြီးသည်နှင့် တစ်ပြိုင်နက် စူးချန်ကဲက သူမအား မနက်ဖြန်တွင် ဂိုဏ်းပြင်ပသို့ ခေါ်သွားမည်ဖြစ်ပြီး သူ၏ အလုပ်များ ပြီးစီးသွားပါက သူမကို သင့်လျော်သော နေရာတစ်ခုတွင် ကစားခွင့်ပြုမည်ဟု ပြောခဲ့သည်။

ထိုအရာက သူမကို အလွန်အမင်း ပျော်ရွှင်စေခဲ့သည်။

ထိုက်ချင်ဂိုဏ်းတွင် ပိတ်လှောင်ခံထားရမှုကြောင့် သူမ ရူးသွပ်လုမတတ် ဖြစ်နေခဲ့လေပြီ။

"နင်က အမြဲတမ်း အလန့်တကြားနဲ့... နင့်အကြောင်းကို ပြောလို့တောင် မပြီးသေးဘူး... အသင်္ချေ ကောင်းကင်ဘုံနန်းတော်ကို သွားဖို့ နင် ဘယ်လိုလုပ် စဉ်းစားမိတာလဲ... နင့်ကို ငါ သတိမပေးထားဘူးလား..."

လျှိုရူယန်က မျက်မှောင်ကြုတ်ပြီး တင်းမာခက်ထန်စွာ ပြောလိုက်သည်။ ထုယိုယိုက အသင်္ချေ ကောင်းကင်ဘုံနန်းတော်ကို အမှန်တကယ် ပစ်မှတ်ထားရဲလိမ့်မည်ဟု သူမ တကယ် မမျှော်လင့်ခဲ့ချေ။

"ဟီး ဟီး... ဒုတိယ စီနီယာအစ်မ... အစ်မ မသိပါဘူး... ကျွန်မ သေသေချာချာ တွက်ချက်ထားတာ... ကျွန်မ အောင်မြင်ဖို့ နည်းနည်းလေးပဲ လိုတော့တာ..."

ထုယိုယိုက ရှက်ရွံ့သောအပြုံးဖြင့် ပြောဆိုသည်။

"အောင်မြင်ဖို့တဲ့လား...နင် ငါ့ကို နောက်နေတာလား..."

လျှိုရူယန်က သူမကို မျက်လုံးလှန်ကြည့်လိုက်သည်။

ထုယိုယိုက အလွန်အမင်း တည်ကြည်လေးနက်စွာဖြင့် ပြောဆိုလိုက်၏။

"တကယ်ပါ... ကျွန်မ တွက်ကြည့်ပြီးပြီ... အဝါရောင်အဆင့်မြင့် ဖျက်ဆီးခြင်းမိုးကြိုး တစ်ခုက အဝါရောင်အဆင့် ဝင်္ကပါတစ်ခုကို ဖျက်ဆီးနိုင်တယ်... ဒါကြောင့် အဲ့ဒီဆယ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းချည်လိုက်ရင် ကောင်းကင်အဆင့် ဝင်္ကပါတစ်ခုကို မဖျက်ဆီးနိုင်ဘူးလား... အသင်္ချေ ကောင်းကင်ဘုံနန်းတော်ရဲ့ မြေကမ္ဘာအဆင့် ဝင်္ကပါကို ဖြေရှင်းတာက လွယ်ကူသင့်တယ် မဟုတ်လား..."

"..."

လျှိုရူယန်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားခဲ့သည်။

"အဲ့ဒီလို တွက်ချက်ဖို့ နင့်ကို ဘယ်သူ သင်ပေးထားတာလဲ..."

ထုယိုယိုက ယုံကြည်မှုရှိသော အပြုံးတစ်ခုကို ပြသကာ ပြောလိုက်သည်။

"ကျွန်မ ကိုယ်တိုင် တွေးမိတာလေ..."

ပြောစရာစကားမဲ့သွားသဖြင့် လျှိုရူယန်က သူမ၏ မျက်ခုံးနှစ်ခုကြားရှိ နေရာကို ဖိနှိပ်ရန် သူမ၏နူးညံသေးသွယ်သောလက်ကို ဆန့်ထုတ်လိုက်သည်။

နောက်ဆုံးတွင် မနက်ဖြန် အပြင်ထွက်သည့်အခါ သတိထားရန်နှင့် ရောင်းစားခံရပြီးနောက် ငွေကူရေတွက်ပေးခြင်းမျိုး မဖြစ်စေရန် လျှိုရူယန်က ထုယိုယိုအား သတိပေးမှုအနည်းငယ် ပြုလုပ်ပြီးနောက် ဤဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့သည်။

"အဲ့ဒါက လုံးဝ မဖြစ်နိုင်ပါဘူး... ဒီနေ့ ဝမ်းတွင်းမည်းစူးကို ငါ ဘယ်လောက်တောင် သေသေချာချာ ကိုင်တွယ်နိုင်ခဲ့လဲဆိုတာ အစ်မ မမြင်ဘူးလား..."

ထုယိုယိုက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီးနောက် သူမ၏လက်များကို နောက်ပစ်ကာ ပျော်ရွှင်စွာဖြင့် လျှောက်လှမ်းထွက်သွားလေ၏။

နင်ဖူယောင်တွင်လည်း သူမထံ၌ လုပ်စရာများ ရှိနေကြောင်း သိသာထင်ရှားလှသည်။

"ကောင်းသောညပါ ဒုတိယ စီနီယာအစ်မ..." ​

သူမက နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားခဲ့သည်။

သူမတို့နှစ်ဦး ထွက်ခွာသွားပြီးနောက် အခန်းမှာ တိတ်ဆိတ်ခြင်းသို့ ပြန်လည်ရောက်ရှိသွားလေ၏။

လျှိုရူယန် တစ်ယောက်တည်း ထိုင်နေပြီး သူမ၏ အေးစက်သော ဖီးနစ်ငှက်ကဲ့သို့ မျက်လုံးများတွင် အတွေးများ လှိုင်းထနေသည်။

ယနေ့ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များက လည်ပတ်နေသော မီးအိမ်တစ်ခုအလား သူမ၏ စိတ်ထဲတွင် ပြန်လည်ထွက်ပေါ်လာခဲ့သည်။

မနေ့က စူးချန်ကဲ၏ "ဂျူနီယာညီမလေး" မှသည် ယနေ့ မမျှော်လင့်ဘဲ အပြစ်ပေးခြင်း ကင်းမဲ့မှုအထိ သူမ ပြန်တွေးမိသည်။ အပြစ်ပေးမှုအစား မမျှော်လင့်ထားသော ပြန်လည်ဆုံစည်းခြင်း ညစာစားပွဲနှင့် ညင်သာသော တာအိုညှို့ဓာတ်များ ပါဝင်နေသည့် စိတ်ဝိညာဉ် လက်ဖက်ရည် တစ်ခွက်တို့ပင်။

"ဒါက ထူးဆန်းတယ်..."

သူမက တီးတိုးရေရွတ်လိုက်ပြီး သူမ၏ မျက်ခုံးများကြားရှိ ပုံမှန် အထင်အမြင်သေးမှုမှာ အနည်းငယ် လျော့ကျသွားခဲ့၏။

"လူတစ်ယောက်က ပူးကပ်ခြင်း အသုံးပြုတဲ့အချိန်မှာ သူတို့ရဲ့ စရိုက်က မကြာခဏ သိသိသာသာ ပြောင်းလဲသွားတတ်ပေမဲ့ စိတ်ဝိညာဉ်နဲ့ ရုပ်ခန္ဓာ ပေါင်းစပ်မှုရဲ့ သိမ်မွေ့တဲ့ တုံ့ဆိုင်းမှုကို ဖုံးကွယ်ဖို့ ခက်ခဲတယ်... ပြီးတော့ မှတ်ဉာဏ်တွေကို ပေါင်းစပ်လို့ မရဘူး... ချို့ယွင်းချက် တစ်ခုမှ မပြဘဲနေဖို့ဆိုတာ မဖြစ်နိုင်ဘူး..."

"ဒါ့ပြင် ငါ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ စိတ်ဝိညာဉ်အပေါ် ငါ့ရဲ့အာရုံခံနိုင်မှုက အရမ်းအကဲဆတ်လာခဲ့တယ်... သူ့ရဲ့ ချီက သဟဇာတဖြစ်နေပြီးတော့ သူ့ရဲ့ နတ်ဘုရားစိတ်ဝိညာဉ် အရင်းအမြစ်က မပြောင်းလဲသေးဘူး... ဒါကြောင့် ဒါက အကြောင်းရင်း မဟုတ်ဘူးဆိုတာ သေချာတယ်..."

"ဖြစ်နိုင်တာက... သူက သူ့ရဲ့ အတိတ်က လုပ်ရပ်တွေရဲ့ သည်းမခံနိုင်တဲ့ သဘာဝကို နောက်ဆုံးတော့ သဘောပေါက်သွားပြီး ရုတ်တရက် နိုးကြားလာတာများလား..."

"ထားလိုက်ပါတော့... အကြောင်းအရင်းက ဘာပဲဖြစ်ဖြစ် ငါက... ဒီနေ့ ညစာနဲ့ လက်ဖက်ရည် တစ်ခွက်ရဲ့ ကျေးဇူးကို မှတ်ထားပါ့မယ်..."

"တကယ်လို့ သူက အနာဂတ်မှာ ဒီလောက်တောင် အသိဉာဏ်ရှိနိုင်မယ်ဆိုရင် ဒီဆရာတူတပည့် ဆက်ဆံရေးအတွက် ငါက လမ်းညွှန်မှုပေးဖို့ ဝန်လေးနေမှာ မဟုတ်ဘူး... ငါ့ရဲ့ အထွတ်အထိပ်ကို ပြန်ရောက်တဲ့အချိန်ကျရင် သူ့ကို စိတ်ဝိညာဉ်နယ်မြေမှာ နည်းနည်းလောက် ကာကွယ်ပေးဖို့ ငါ စိတ်ဆန္ဒ ရှိပါတယ်..."

All Chapters